id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာလေးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အနာဂါမ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် ဖဿသုံးပါးတို့နှင့်။ |
11,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပညာသုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် ဖဿနှစ်ပါးတို့နှင့်။ |
11,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ပညာနှစ်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သောတာပတ္တဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သတ္တက္ခတ္တုပရမသောတာပန် ကောလံကောလသောတာပန် ဧကဗီဇီသောတာပန် ဖြစ်သလော။ |
11,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သကဒါဂါမ်ဖြစ်သလော။ |
11,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် အနာဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် အန္တရာပရိနိဗ္ဗာယီ ဥပဟစ္စပရိနိဗ္ဗာယီ အသင်္ခါရပရိနိဗ္ဗာယီ သသင်္ခါရပရိနိဗ္ဗာယီ ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ် ဖြစ်ပါသလော။ |
11,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အနာဂါမ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သတ္တက္ခတ္တုပရမသောတာပန် ကောလံကောလသောတာပန် ဧကဗီဇီသောတာပန် ဖြစ်ပါသလော။ |
11,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သကဒါဂါမ်ဖြစ်ပါသလော။ |
11,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် သတ္တက္ခတ္တုပရမသောတာပန် ကောလံကောလသောတာပန် ဧကဗီဇီသောတာပန် ဖြစ်ပါသလော။ |
11,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၄။ သကဝါဒီ။ |
11,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသူကို သောတာပန်ဟူ၍ ဆိုသင့်ပါသလော။ |
11,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရဟန္တာသည်ပင် ထိုသောတာပန် ဖြစ်ပါသလော။ |
11,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်နှင့် ပြည့်စုံသူကို သကဒါဂါမ်ဟူ၍ ဆိုသင့်ပါသလော။ |
11,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရဟန္တာသည်ပင် ထိုသကဒါဂါမ် ဖြစ်ပါသလော။ |
11,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်နှင့် ပြည့်စုံသူကို အနာဂါမ်ဟူ၍ ဆိုသင့်ပါသလော။ |
11,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည်ပင် အနာဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုရဟန္တာသည် ထိုအနာဂါမ် ဖြစ်ပါသလော။ |
11,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအနာဂါမ်သည်ပင် ထိုသောတာပန် ဖြစ်ပါသလော။ |
11,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအနာဂါမ်သည်ပင် ထိုသကဒါဂါမ် ဖြစ်ပါသလော။ |
11,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသူကို သောတာပန်ဟူ၍ ဆိုသင့်ပါသလော။ |
11,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုသကဒါဂါမ်သည်ပင် ထိုသောတာပန် ဖြစ်ပါသလော။ |
11,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၅။ သကဝါဒီ။ |
11,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရဟန္တာသည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရဟန္တာသည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူ ရဟန္တာ သည်သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သောတာပတ္တိမဂ်ကို ကျော်လွန်သည် ဖြစ်ရကား သက္ကာယဒိဋ္ဌိ,ဝိစိကိစ္ဆာ,သီလဗ္ဗတပရာမာသကိုလည်းကောင်း၊ အပါယ်လားကြောင်း ရာဂကိုလည်းကောင်း၊ အပါယ်လား ကြောင်းဒေါသကိုလည်းကောင်း၊ အပါယ်လားကြောင်း မောဟကိုလည်းကောင်း၊ ကျော်လွန်သည်ဖြစ်၍သောတာပတ္တိမဂ်နှင့် ပြည့်စုံပါသလော။ |
11,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သကဒါဂါမိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရဟန္တာသည် သကဒါဂါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူ ရဟန္တာသည်သကဒါဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သကဒါဂါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုသကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သကဒါဂါမိမဂ်ကို ကျော်လွန်ပြီးဖြစ်ရကား ကြမ်းတမ်းသော ကာမရာဂကို ကြမ်းတမ်းသော ဗျာပါဒကို ကျော်လွန်ပြီးဖြစ်၍ ထိုသကဒါဂါမိမဂ်နှင့် ပြည့်စုံပါသလော။ |
11,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် အနာဂါမိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရဟန္တာသည် အနာဂါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူ ရဟန္တာသည်အနာဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် အနာဂါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုအနာဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် အနာဂါမိမဂ်ကို ကျော်လွန်ပြီးဖြစ်ရကား သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို ကျော်လွန်ပြီးဖြစ်၍ ထိုအနာဂါမိမဂ်နှင့် ပြည့်စုံပါသလော။ |
11,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အနာဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူ အနာဂါမ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဩော် ပြည့်စုံပါ၏။ |
11,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သောတာပတ္တိမဂ်ကို ကျော်လွန်ပြီးဖြစ်ရကား သက္ကာယဒိဋ္ဌိကို။ |
11,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အပါယ်လားကြောင်း မောဟကို ကျော်လွန်ပြီးဖြစ်၍ ထိုသောတာပတ္တိမဂ်နှင့် ပြည့်စုံပါသလော။ |
11,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သကဒါဂါမိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အနာဂါမ်သည် သကဒါဂါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူ အနာဂါမ်သည်သကဒါဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သကဒါမိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုသကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် သကဒါဂါမိမဂ်ကို ကျော်လွန်ပြီးဖြစ်ရကား ကြမ်းတမ်းသော ကာမရာဂကိုကြမ်းတမ်းသော ဗျာပါဒကို ကျော်လွန်ပြီးဖြစ်၍ ထိုသကဒါဂါမိမဂ်နှင့် ပြည့်စုံပါသလော။ |
11,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီး မဟုတ်ပါလော။ |
11,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သကဒါဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်ခဲ့ပါမူသကဒါဂါမ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် သောတာပတ္တိဖိုလ်ကို ကျော်လွန်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် သောတာပတ္တိမဂ်ကို ကျော်လွန်ပြီးဖြစ်ရကား သက္ကာယဒိဋ္ဌိကို။ |
11,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၆။ ပရဝါဒီ။ |
11,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရဟန္တာသည် ဖိုလ်လေးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် ဖိုလ်လေးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်လေးပါးတို့မှလည်းမဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရဟန္တာသည် ဖိုလ်လေးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်လေးပါးတို့မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ရဟန္တာသည် ဖိုလ်လေးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ ဆိုသင့်၏။ |
11,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်းမဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အနာဂါမ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အနာဂါမ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ဆိုသင့်၏။ |
11,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်နှစ်ပါးတို့မှလည်းမဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံ၏ဟူ၍ဆိုသင့်၏။ |
11,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် ဖိုလ်လေးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်လေးပါးတို့မှလည်းမဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ ရဟန္တာသည် ဖိုလ်လေးပါးတို့နှင့် ပြည့်စုံသလော။ |
11,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် မဂ်လေးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်လေးပါးတို့မှလည်းမဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ ရဟန္တာသည် မဂ်လေးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်းမဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ အနာဂါမ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမ်သည် မဂ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်သုံးပါးတို့မှလည်းမဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ အနာဂါမ်သည် မဂ်သုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်နှစ်ပါးတို့မှလည်းမဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ သကဒါဂါမ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သကဒါဂါမ်သည် မဂ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်၊ ဤသို့ နှလုံးပြု၍ သကဒါဂါမ်သည် မဂ်နှစ်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမန္နာဂတကထာ ပြီး၏။ |
11,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ပြည့်စုံခြင်း ‘သမန္နာဂတ'သည် ပစ္စုပ္ပန်ခဏ၌ တစ်ပေါင်းတည်း ဖြစ်သည်၏အဖြစ်ဟူသော သမင်္ဂီဘာဝ သမန္နာဂတ၊ ရူပါဝစရ စသော ဘုံတို့တွင် တစ်ပါးပါးသော ဘုံသို့ ရောက်ခြင်းကြောင့် ရခြင်းတည်းဟူသော ပဋိလာဘသမန္နာဂတဟူ၍ နှစ်မျိုးနှစ်စား ရှိ၏။ |
11,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုတွင် ပဋိလာဘ သမန္နာဂတသည် ရအပ်ပြီးသော တရားထူးတို့ မဆုတ်ယုတ်သေးသမျှ ကာလပတ်လုံးသာလျှင် ရအပ်သည် မည်၏၊ ထိုသမန္နာဂတနှစ်မျိုးတို့မှ တစ်ပါး ဥပပတ္တိဓမ္မ၏ အစွမ်းအားဖြင့် တစ်ခုသော သမန္နာဂတမည်သည် ရှိသေး၏ဟု အယူရှိကုန်သော ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီတို့အား ‘ပတ္တိဓမ္မမည်သည် တစ်စုံတစ်ခုမျှ မရှိ’ဟု သိစေလို၍ ဤသမန္နာဂတကထာကို ဟောသည်။ |
11,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ရဟန္တာပုဂ္ဂိုလ်သည် ခန္ဓာလေးပါးတို့ကဲ့သို့ ဖိုလ်လေးပါးတို့ ရှိခဲ့ပါမူ ဖိုလ်လေးပါးတို့၌ ရှိသော ဖဿလေးပါးတို့နှင့် ပြည့်စုံသည်၏ အဖြစ်သို့ ရောက်၏ဟု စောဒနာလို၍ ဤပုစ္ဆာကို မေးရသည်။ |
11,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ တစ်ခုတည်းသော ခဏ၌ ဖဿလေးပါးတို့ မရှိသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ဒုတိယဈာန်ကို ရသူသည် ပဌမဈာန်ကို ကျော်လွန်သကဲ့သို့ ကျော်လွန်သည် မဟုတ်၊ စင်စစ်သော်ကား တစ်ဖန် မဖြစ်သောအားဖြင့် ကျော်လွန်သလောဟု မေးလိုရင်းတည်း။ |
11,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ အကြင်တရားကို ကျော်လွန်၏၊ ထိုတရားနှင့် တစ်ဖန် မပြည့်စုံသည်၏အဖြစ်ကို ပြလိုသောကြောင့် သကဝါဒီက ဤပုစ္ဆာကို မေးသည်။ |
11,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ ဆန့်ကျင်ဘက်တရားတို့၏ ဖြစ်ပေါ်လာမှုကြောင့် လောကီဈာန်တရားတို့ ဆုတ်ယုတ်ကုန်သကဲ့သို့ လောကုတ္တရာတရားတို့ကား ဤသို့ မဟုတ်ကုန်။ |
11,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မှန်၏၊ မဂ်ဖြင့် အကြင်ကိလေသာတို့ကို ပယ်ကုန်၏၊ ဖိုလ်ဖြင့်လည်း တစ်ဖန် ငြိမ်းစေပြန်ကုန်၏၊ ထိုကိလေသာတို့သည် ထိုသို့ ပယ်အပ်ပြီးတိုင်းသာလျှင် ငြိမ်းစေပြီးတိုင်းသာလျှင် ဖြစ်ကုန်၏၊ ထို့ကြောင့် သကဝါဒီက ဝန်ခံသည်။ |
11,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၃၇) ၅-ဥပေက္ခာသမန္နာဂတကထာ |
11,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၇။ သကဝါဒီ။ |
11,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရဟန္တာသည် ဥပေက္ခာခြောက်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ရဟန္တာသည် ဖဿခြောက်ပါး။ |
11,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာခြောက်ပါး။ |
11,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာခြောက်ပါး။ |
11,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပညာခြောက်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် ဥပေက္ခာခြောက်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် မျက်စိဖြင့် အဆင်းကို မြင်လတ်သော် နားဖြင့် အသံကို ကြားသလော၊ နှာခေါင်းဖြင့် အနံ့ကို နမ်းရှူသလော၊ လျှာဖြင့် အရသာကို လျက်သလော၊ ကိုယ်ဖြင့် အတွေ့အထိကိုတွေ့ထိသလော၊ စိတ်ဖြင့် သဘောတရားကို သိသလော။ |
11,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ စိတ်ဖြင့် သဘောတရားကို သိလတ်သော်မျက်စိဖြင့် အဆင်းကို မြင်သလော၊ နားဖြင့် အသံကို ကြားသလော၊ နှာခေါင်းဖြင့် အနံ့ကို့နမ်းရှူသလော၊ လျှာဖြင့် အရသာကို လျက်သလော၊ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိပါသလော။ |
11,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အမြဲမပြတ် ပြည့်စုံရောပြွမ်းလျက် ဥပေက္ခာခြောက်ပါးတို့နှင့် ပြည့်စုံသလော၊ ပေါင်းဆုံမိပါသလော၊ ဥပေက္ခာခြောက်ပါးတို့သည် ရှေးရှုထင်ပါသလော။ |
11,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် ဥပေက္ခာခြောက်ပါးတို့နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံသည် မဟုတ်ပါလော။ |
11,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရဟန္တာသည် ဆဠင်္ဂုပေက္ခာနှင့် ပြည့်စုံခဲ့ပါမူ ထိုအကြောင်းကြောင့် ရဟန္တာသည် ဥပေက္ခာခြောက်ပါးတို့နှင့် ပြည့်စုံ၏ဟူ၍ ဆိုသင့်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.