id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,301 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဥပေက္ခာသမန္နာဂတကထာ ပြီး၏။ |
11,302 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ရဟန္တာပုဂ္ဂိုလ်သည် ခြောက်ဒွါရတို့၌ ဥပေက္ခာတို့ ဖြစ်ထိုက်သည်၏ အဖြစ်ကြောင့် ထိုဥပေက္ခာတို့နှင့် ပြည့်စုံ၏ဟု ဆိုအပ်၏၊ တစ်ပြိုင်နက်သော ခဏ၌ ဥပေက္ခာခြောက်ပါးတို့ ဖြစ်သည်၏ အဖြစ်ဖြင့် ထိုဥပေက္ခာတိုနှင့် ပြည့်စုံ၏ဟု မဆိုအပ်၊ ဤဝဂ်၌ ပရဝါဒီအရ ဥတ္တရာပထကဂိုဏ်းဝင်တို့ကိုပင် ဆို၏။ |
11,303 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၃၈) ၆-ဗောဓိယာဗုဒ္ဓေါတိကထာ၁ |
11,304 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၈။ သကဝါဒီ။ |
11,305 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသော ဗောဓိဉာဏ်ကို ရခြင်းကြောင့်ဘုရားဖြစ်ရပါသလော။ |
11,306 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိဉာဏ်သည် ချုပ်လတ်သော် ကင်းလတ်သော် ငြိမ်းလတ်သော် ဘုရားမဟုတ်သည်ဖြစ်ပါသလော။ |
11,307 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ရပါသလော။ |
11,308 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ရပါသလော။ |
11,309 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ရပါသလော။ |
11,310 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုအတိတ်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,311 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအတိတ်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,312 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုအတိတ်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိပါသလော၊ သမုဒယသစ္စာကို ပယ်စွန့့်ါသလော၊ နိရောဓသစ္စာကို မျက်မှောက်ပြုပါသလော၊ မဂ္ဂသစ္စာကို ပွါးများပါသလော။ |
11,313 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ရပါသလော။ |
11,314 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,315 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့် ဉာဏ်၏ ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,316 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိပါသလော၊ သမုဒယသစ္စာကိုပယ်စွန့်ပါသလော၊ နိရောဓသစ္စာကို မျက်မှောက်ပြုပါသလော၊ မဂ္ဂသစ္စာကို ပွါးများပါသလော။ |
11,317 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,318 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုအတိတ်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,319 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြားသိပါသလော၊ သမုဒယသစ္စာကို ပယ်စွန့်ပါသလော၊ နိရောဓသစ္စာကို မျက်မှောက်ပြုပါသလော၊ မဂ္ဂသစ္စာကို ပွါးများပါသလော။ |
11,320 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုအတိတ်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကိုပိုင်းခြားသိပါသလော။ |
11,321 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မဂ္ဂသစ္စာကို ပွါးများပါသလော။ |
11,322 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့် ဗောဓိဉာဏ်၏ပြုဖွယ်ကိစ္စကို ပြုလုပ်ပါသလော။ |
11,323 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကိုပိုင်းခြားသိပါသလော။ |
11,324 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၍ ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့် ဒုက္ခသစ္စာကို့ပိုင်းခြားသိပါသလော။ |
11,325 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုအတိတ်ဗောဓိဉာဏ်ဖြင့်မူကားဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။ |
11,326 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့်မူကား ဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။ |
11,327 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုအတိတ်ဗောဓိဉာဏ်ဖြင့်မူကားဒုက္ခသစ္စာကို ပိုင်းခြား၍ မသိပါသလော။ |
11,328 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မဂ္ဂသစ္စာကို မပွါးများပါသလော။ |
11,329 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုဗောဓိဉာဏ်ဖြင့်မူကား ဒုက္ခသစ္စာကိုပိုင်းခြား၍ မသိပါသလော။ |
11,330 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့်မူကားဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။ |
11,331 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့်မူကား ဗောဓိဉာဏ်၏ ပြုဖွယ်ကိစ္စကို မပြုလုပ်ပါသလော။ |
11,332 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုအနာဂတ်ဗောဓိဉာဏ်ဖြင့်မူကားဒုက္ခသစ္စာကို ပိုင်းခြား၍ မသိပါသလော။ |
11,333 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါလျက် ထိုပစ္စုပ္ပန်ဗောဓိဉာဏ်ဖြင့်မူကားဒုက္ခသစ္စာကို ပိုင်းခြား၍ မသိပါသလော။ |
11,334 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃၉၉။ သကဝါဒီ။ |
11,335 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အတိတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါသလော၊ အနာဂတ်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါသလော၊ ပစ္စုပ္ပန်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါသလော။ |
11,336 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဗောဓိဉာဏ်သုံးပါးတို့ကြောင့် ဘုရားဖြစ်ပါသလော။ |
11,337 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိဉာဏ်သုံးပါးတို့ကြောင့် ဘုရားဖြစ်ပါသလော။ |
11,338 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အမြဲမပြတ် ပြည့်စုံရောပြွမ်းလျက် ဗောဓိဉာဏ်သုံးပါးတို့နှင့် ပြည့်စုံပါသလော၊ ပေါင်းဆုံအပ်ပါသလော၊ ဗောဓိဉာဏ်သုံးပါးတို့သည် ရှေးရှုတည်နေပါကုန်သလော။ |
11,339 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်သည်ဟု မဆိုသင့်ပါသလော။ |
11,340 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိဉာဏ်ကို ရခြင်းကြောင့် ဘုရားဖြစ်ရသည် မဟုတ်ပါလော။ |
11,341 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရှင်သကဝါဒီ ဗောဓိဉာဏ်ကို ရခြင်းကြောင့် ဘုရားဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့်ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်၏ဟု ဆိုသင့်၏။ |
11,342 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဗောဓိဉာဏ်ကို ရခြင်းကြောင့် ဘုရားဖြစ်၏ဟု နှလုံးပြု၍ ဗောဓိဉာဏ်ကြောင့် ဘုရားဖြစ်ပါသလော။ |
11,343 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၄ ပရဝါဒီ။ |
11,344 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဗောဓိဉာဏ်ကို ရခြင်းကြောင့် ဗောဓိဉာဏ်သည် ဖြစ်ပါသလော။ |
11,345 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဗောဓိယာ ဗုဒ္ဓေါတိကထာ ပြီး၏။ |
11,346 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ဖြူသော အဆင်းနှင့် ယှဉ်ခြင်းကြောင့် ဖြူသော ပုဆိုးမည်သကဲ့သို့လည်းကောင်း၊ ရွှေသော အဆင်းနှင့် ယှဉ်ခြင်းကြောင့် ရွှေသော ပုဆိုးမည်သကဲ့သို့လည်းကောင်း မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကြောင့် ဗုဒ္ဓမည်၏ဟု အယူရှိသူ ဥတ္တရာပထဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ရန် ဤဗောဓိယာ ဗုဒ္ဓကထာကို ဟောတော်မူသည်။ |
11,347 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ထိုဘုရားဖြစ်သော ခဏ၌ အတိတ်ဗောဓိဉာဏ် မရှိသောကြောင့် ပဋိက္ခေပပြု၍ ဖြေသည်။ |
11,348 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ တစ်ဖန် မေးပြန်သော် ရခြင်းကို ရည်ရွယ်၍ ဝန်ခံပြန်သည်။ |
11,349 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ကိစ္စ၏ မရှိခြင်းကြောင့် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,350 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ တစ်ဖန် ထပ်၍ မေးပြန်သော် ထိုဗောဓိဖြင့် ထိုပုဂ္ဂိုလ်သည် အကြင်ပြုဖွယ်ကိစ္စကို ပြုအပ်၏၊ ထိုပြုဖွယ်ကိစ္စ၌ တွေဝေခြင်း မရှိသည်၏အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်လေသည်။ |
11,351 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၆။ အမြွက်ထောင်ခွင့်ကို မပေးမူ၍ မေးမြန်းလတ်သော် ထိုကိစ္စ၏ မရှိခြင်းကြောင့် ပရဝါဒီက ပဋိက္ခေပပြုသည်။ |
11,352 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇။ သဗ္ဗညုတဉာဏ်ကို ရည်ရွယ်၍ သုံးပါးသော ဗောဓိဉာဏ်တို့ကြောင့် ဗုဒ္ဓဟု ဆိုအပ်သည်၏အဖြစ်ကြောင့် ပရဝါဒီက ဝန်ခံသည်။ |
11,353 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၈။ အလုံးစုံသော ဗောဓိဉာဏ်တို့၏ တစ်ခုတည်းသော ခဏ၌ မရှိသောကြောင့် ပဋိက္ခေပပြု၍ ဖြေ၏။ |
11,354 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၉။ တစ်ဖန် မေးပြန်သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော သဗ္ဗညုတဉာဏ်၏ အစွမ်းအားဖြင့် ဝန်ခံပြန်သည်။ |
11,355 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၀။ တစ်ဖန် အမြွက်ထောင်ခွင့်ကို မပေးမူ၍ မေးမြန်းပြန်သော် ပရဝါဒီက ပဋိက္ခေပပြုသည်။ |
11,356 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၁။ ဗောဓိမရှိသော ခဏ၌ ဘုရားအဖြစ်သို့ ရောက်ခြင်း မရှိသောကြောင့် သကဝါဒီက ဝန်ခံသည်။ |
11,357 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၂။ အကြင်သန္တာန်၌ ဗောဓိဟုဆိုအပ်သော မဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ထိုသန္တာန်၌ ဘုရား၏ပညတ်ခြင်း၏ ဖြစ်သင့်သောကြောင့် သကဝါဒီက ဝန်ခံသည်။ |
11,358 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၃။ သကဝါဒီ၏ အလိုကို သိသောကြောင့် မိမိဝါဒကို တည်စေရန် အားထုတ်သည်။ |
11,359 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၄။ ပရဝါဒီ၏ မမှတ်သားနိုင်မှုကို ထင်ရှားစေလို၍ သကဝါဒီက အမေးထုတ်သည်။ |
11,360 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၅။ ဗောဓိဉာဏ် ဖြစ်၍ ချုပ်ပြီးသော်လည်း သန္တာန်၌ ပေါ်ခြင်းသည်ပင် ဗောဓိဉာဏ်ကို ရခြင်းမည်၏၊ မဂ်ခဏ၌ ဉာဏ်သည် ဗောဓိမည်၏၊ ဤသို့သော ဝေဖန်ခြင်းကို မမှတ်နိုင်သည် ဖြစ်၍ တစ်ဖန် ဝန်ခံပြန်သည်။ |
11,361 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁၆။ တစ်ဖန် မေးသောအခါ၌ စကားဆိုရာ အခွင့်ကို မရသောကြောင့် ပရဝါဒီက ပဋိက္ခေပပြု၏။ |
11,362 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၃၉) ၇-လက္ခဏကထာ၁ |
11,363 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၀၀။ သကဝါဒီ။ |
11,364 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လက္ခဏာကြီးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဘုရားအလောင်းလော။ |
11,365 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်စိတ်တစ်ဒေသ လက္ခဏာကြီးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တစ်စိတ် တစ်ဒေသဘုရားလောင်းလော။ |
11,366 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လက္ခဏာကြီးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဘုရားလောင်းလော။ |
11,367 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သုံးဖို့ရှိသော လက္ခဏာကြီးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် သုံးဖို့ဘုရားလောင်း လော။ |
11,368 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထက်ဝက်သော လက္ခဏာကြီးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ထက်ဝက်ဘုရားလောင်းလော။ |
11,369 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စကြဝတေးမင်းလောင်းသည် လက္ခ္ခဏာကြီးတို့နှင့် ပြည့်စုံသည်ဖြစ်၍ စကြဝတေးမင်းလောင်းသည် ဘုရားလောင်းလော။ |
11,370 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စကြဝတေးမင်းလောင်းသည် လက္ခ္ခဏာကြီးတို့နှင့် ပြည့်စုံသည် ဖြစ်၍ စကြဝတေးမင်းလောင်းသည် ဘုရားအလောင်းလော။ |
11,371 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဘုရားလောင်း၏ ရှေး၌ အားထုတ်မှု ရှေး၌ ကျင့်မှု တရားဟောမှု တရားပြမှုသည်အကြင်သို့ သဘောရှိ၏။ |
11,372 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စကြဝတေးမင်း၏ ရှေး၌ အားထုတ်မှု ရှေး၌ ကျင့်မှု တရားဟောမှု တရားပြမှုသည်လည်း ထိုသို့သဘော ရှိပါသလော။ |
11,373 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၀၁။ သကဝါဒီ။ |
11,374 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဘုရားလောင်း ဖွားမြင်လတ်သော် နတ်တို့သည် ရှေးဦးစွာ ခံယူကုန်၍လူတို့သည် နောက်မှ ခံယူကုန်သကဲ့သို့ ဤအတူ စကြဝတေးမင်းလောင်း ဖွားမြင်လတ်သော်နတ်တို့သည် ရှေးဦးစွာ ခံယူကုန်၍ လူတို့သည် နောက်မှ ခံယူကုန်သလော။ |
11,375 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဘုရားလောင်း ဖွားမြင်လတ်သော် ထိုဘုရားလောင်းကို နတ်သားလေးယောက်တို့သည်ခံယူကုန်၍ မယ်တော်၏ ရှေ့၌ “အရှင်မိဖုရားကြီးဝမ်းမြောက်တော်မူပါလော့၊ အရှင်မိဖုရားအားဘုန်းတန်ခိုးကြီးသော သားတော်ဖြစ်ထွန်းပါပြီ”ဟု (ပြောဆိုလျက်) ချထားကုန်သကဲ့သို့ ဤအတူစကြဝတေးမင်းလောင်း ဖွားမြင်လတ်သော် ထိုစကြဝတေးမင်းလောင်းကို နတ်သားလေးဦးတို့သည်ခံယူကုန်၍ “အရှင... |
11,376 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဘုရားလောင်း ဖွားမြင်လတ်သော် ဘုရားအလောင်း၏လည်းကောင်း၊ မယ်တော်၏လည်းကောင်း ရေဆေးခြင်းကိစ္စကို ပြုလုပ်ရန် ရေအေးတစ်မျိုး ရေပူတစ်မျိုးဟူ၍ ရေအလျဉ်နှစ်မျိုးတို့သည် ကောင်းကင်မှ ထင်ရှားဖြစ်ပေါ်ကုန်သကဲ့သို့ ဤအတူ စကြဝတေးမင်းလောင်း ဖွားမြင်လတ်သော်စကြဝတေးမင်းလောင်း၏လည်းကောင်း၊ မယ်တော်၏လည်းကောင်း ရေဆေးခြင်းကိစ္စကို ပြုလုပ်ရန်ရေအေးတ... |
11,377 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ဖွားမြင်ခါစ ဘုရားလောင်းသည် ညီညွတ်သော ခြေတို့ဖြင့် ရပ်တည်၍ မြောက်အရပ်သို့ ရှေးရှု ထီးဖြူကို ဆောင်းမိုးလျက် ခုနစ်ဖဝါး လှမ်းသဖြင့် ကြွသွားသကဲ့သို့လည်းကောင်း၊ အရပ်မျက်နှာအားလုံးတို့ကိုလည်း ကြည့်ရှုသကဲ့သို့လည်းကောင်း၊ “ငါသည် လောကထက် မြတ်သူဖြစ်၏၊ ငါသည် လောကထက် ကြီးသူ ဖြစ်၏၊ ငါသည် လောကထက် ချီးကျူးအပ်သူ ဖြစ်၏၊ ဤပဋိသန္ဓေ နေရခြ... |
11,378 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဘုရားလောင်း ဖွားမြင်လတ်သော် ကြီးကျယ်သော အလင်း ကြီးကျယ်သောအရောင်ကြီးကျယ်သော မြေလှုပ်ခြင်း ထင်ရှားဖြစ်ပေါ်သကဲ့သို့ ဤအတူ စကြဝတေးမင်းလောင်း ဖွားမြင်သော် ကြီးကျယ်သော အလင်း ကြီးကျယ်သော အရောင် ကြီးကျယ်သော မြေလှုပ်ခြင်း ထင်ရှား ဖြစ်ပေါ်ပါသလော။ |
11,379 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဘုရားလောင်း၏ ပကတိကိုယ်တော် (ရောင်) သည် ထက်ဝန်းကျင် တစ်လံမျှလောက် သောအရပ်၌ ထွန်းလင်းတောက်ပသကဲ့သို့ ဤအတူ စကြဝတေးမင်းလောင်း၏ ပကတိကိုယ် (ရောင်) သည်ထက်ဝန်းကျင် တစ်လံမျှလောက်သော အရပ်၌ ထွန်းလင်းတောက်ပသလော။ |
11,380 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဘုရားလောင်းသည် မြတ်သော အိပ်မက်ကို မြင်မက်သကဲ့သို့ ဤအတူ စကြဝတေးမင်းလောင်းသည် မြတ်သော အိပ်မက်ကို မြင်မက်ပါသလော။ |
11,381 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၀၂။ ပရဝါဒီ။ |
11,382 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ လက္ခဏာကြီးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဘုရားလောင်းဟူ၍ မဆိုသင့်ပါသလော။ |
11,383 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “ရဟန်းတို့ ယောကျ်ားမြတ်၏ မဟာပုရိသလက္ခဏာတို့ကား ဤသုံးဆယ့်နှစ်ပါးတို့တည်း၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောကျ်ားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ် မရှိကုန်၊ (ဤယောကျ်ားမြတ်သည်) အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အဆုံးရှိသော မြေကို အစိုးရသော ရန်သူ... |
11,384 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အဘယ်ရတနာ ခုနစ်ပါးတို့နည်း၊ စကြာရတနာ, ဆင်ရတနာ, မြင်းရတနာ, ပတ္တမြားရတနာ, မိန်းမရတနာ,သူဌေးရတနာ, ခုနစ်ခုမြောက် သားကြီးရတနာတို့တည်း။ |
11,385 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထိုစကြဝတေးမင်းအား သားတစ်ထောင်ကျော်တို့သည် ထွန်းကားကုန်၏၊ ရဲရင့်ကုန်သော ရဲရင့်သော ကိုယ်အင်္ဂါ ရုပ်အဆင်းရှိကုန်သော သူတစ်ပါးစစ်သည်ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့ ရှိကုန်၏၊ ထိုစကြဝတေးမင်းသည်သမုဒ္ဒရာအဆုံးရှိသော ဤမြေပြင်ကို တုတ် မဆောင်ဘဲ ဓား (လက်နက်) မပါဘဲ တရားသဖြင့်အောင်နိုင်၍ အုပ်ချုပ်၏။ |
11,386 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ငြားအံ့၊ လောက၌ကိလေသာအမိုးကို ဖွင့်လှစ်နိုင်သော လူနတ်တို့၏ ပူဇော်အထူးကို ခံထိုက်သော ဘုရားဖြစ်၏”ဟူ၍မြတ်စွာဘုရားသည် ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
11,387 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ထို့ကြောင့် လက္ခဏာတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဘုရားလောင်းဖြစ်၏။ |
11,388 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | လက္ခဏကထာ ပြီး၏။ |
11,389 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ‘ယေဟိ သမန္နာဂတဿ မဟာပုရိသဿ ဒွေဝ ဂတိယော ဘဝန္တိ’ဟူသော သုတ်ကို မသင့်သောအားဖြင့် ယူ၍ သုံးဆယ့်နှစ်ပါးသော လက္ခဏာကြီးတို့နှင့် ပြည့်စုံသူသည် ဘုရားလောင်းသာ ဖြစ်သည်ဟု အယူရှိသော ဥတ္တရာပထကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်လို၍ ဤလက္ခဏာကထာကို ဟောတော်မူသည်။ |
11,390 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ စကြဝတေးမင်းလောင်းဖြစ်သောသူသည် ဘုရားလောင်းလည်း ရှိ၏၊ ဘုရားလောင်း မဟုတ်သူလည်း ရှိ၏၊ ဘုရားလောင်း မဟုတ်သူကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုသည်။ |
11,391 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ ဘုရားလောင်းဖြစ်သော စကြဝတေးမင်းလောင်းကို ရည်ရွယ်၍ ဝန်ခံသည်။ |
11,392 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ ပရဝါဒီဆရာ ဆောင်သော သုတ်သည် ဘုရားလောင်းကိုသာ ရည်ရွယ်၍ ဟောတော်မူသော သုတ်တည်း၊ ထိုဘုရားလောင်းသည် ပစ္ဆိမဘဝ၌ ဘုရားဖြစ်၍ တစ်ပါးသော ဘဝတို့၌ စကြဝတေးမင်း ဖြစ်၏၊ ထို့ကြောင့် သုတ်ကို ဆောင်သော်လည်း မဆောင်သည်နှင့် အတူတူသာ ဖြစ်၏။ |
11,393 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- ၄-စတုတ္ထဝဂ် (၄၀) ၈-နိယာမောက္ကန္တိကထာ၁ |
11,394 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၀၃။ သကဝါဒီ။ |
11,395 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ အရိယာမဂ်ဟူသော မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါသလော။ |
11,396 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ တပည့်သာဝကလော။ |
11,397 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သာဝကဖြစ်၍ ဘုရားဖြစ်ပါသလော။ |
11,398 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သာဝကဖြစ်၍ ဘုရားဖြစ်ပါသလော။ |
11,399 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | တစ်ဆင့် ကြားနာခြင်းဖြင့် တရားထူးကို သိပါသလော။ |
11,400 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မြတ်စွာဘုရားသည် ကိုယ်တိုင်သိသူ မဟုတ်ပါလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.