id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
11,401
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ မြတ်စွာဘုရားသည် ကိုယ်တိုင်သိသူ ဖြစ်ခဲ့ပါမူ တစ်ဆင့် ကြားနာသဖြင့်တရားထူးကို သိသူဟူ၍ မဆိုသင့်။
11,402
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ အရိယာမဂ်ဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးသူ ဖြစ်ပါသလော။
11,403
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ရဟန်းဖြစ်ကျိုး (ဖိုလ်) သုံးပါးတို့ကိုသာ ထိုးထွင်း၍သိအပ်ပါကုန်သလော။
11,404
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ရဟန်းဖြစ်ကျိုး (ဖိုလ်) လေးပါးတို့ကိုသာ ထိုးထွင်း၍သိအပ်ပါကုန်သည် မဟုတ်ပါသလော။
11,405
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရှင်ပရဝါဒီ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ရဟန်းဖြစ်ကျိုး (ဖိုလ်) လေးပါးတို့ကိုထိုးထွင်း၍ သိအပ်ခဲ့ပါကုန်မူ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ အရိယာမဂ်ဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးသူဟူ၍ မဆိုသင့်။
11,406
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၀၄။ သကဝါဒီ။
11,407
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်ခဲ့ပါသလော။
11,408
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ပြုကျင့်ခဲ့ပါ၏။
11,409
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
(မဂ်ဉာဏ်) အမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဒုက္ကရစရိယာအကျင့်ကို ပြုကျင့်ရာသလော။
11,410
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် သူတစ်ပါး၏ ပူပန်ဆင်းရဲမှုကို ပြုလုပ်ခဲ့ပါသလော၊ ဘုရားမှ တစ်ပါးအခြားဆရာကို (ဆရာဟု) ညွှန်ပြသေးသလော။
11,411
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဩော် ညွှန်ပြပါ၏။
11,412
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ (မဂ်ဉာဏ်) အမြင်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဘုရားမှတစ်ပါး အခြားဆရာကို (ဆရာဟု) ညွှန်ပြရာသလော။
11,413
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက် ရောက်သူမြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်၍ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တပည့်သာဝကလော။
11,414
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်၍ ဘုရားလောင်းသည် ကဿပဘုရားရှင်၏ တပည့်သာဝကလော။
11,415
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠဝကသည် မြတ်စွာဘုရား၏ သာသနာတော်၌ အရိယမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဖြစ်၍ စိတ္တသူကြွယ်နှင့် ဟတ္တက အာဠဝကသည်မြတ်စွာဘုရား၏ တပည့်သာဝကလော။
11,416
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဖြစ်၍ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏တပည့်သာဝကလော။
11,417
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါလျက် ဘုရားလောင်းသည် ကဿပ မြတ်စွာဘုရား၏ တပည့်သာဝက မဟုတ်ပါလော။
11,418
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါလျက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ သာဝကမဟုတ်ပါလော။
11,419
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သောအကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါလျက် ဘုရားလောင်းသည် ကဿပ မြတ်စွာဘုရား၏သာဝက မဟုတ်ပါသလော။
11,420
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
စိတ္တသူကြွယ်နှင့် ဟတ္ထကအာဠဝကသည် မြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါလျက် ထိုသူတို့သည် မြတ်စွာဘုရား၏သာဝက မဟုတ်ပါကုန်သလော။
11,421
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါလျက် (ဘုရားလောင်းသည်) ကဿပမြတ်စွာဘုရား၏ သာဝက မဟုတ်ပါသလော။
11,422
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သာဝကသည် ဘဝကို ကျော်လွန်သည်ရှိသော် သာဝက မဟုတ်သူ ဖြစ်ပါသလော။
11,423
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၀၅။ သကဝါဒီ။
11,424
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာ မဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဟူ၍ မဆိုသင့်ပါသလော။
11,425
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“အာနန္ဒာ ငါသည် ကဿပမြတ်စွာဘုရား၏ (အထံတော်) ၌ နောင်အခါ (သစ္စာလေးပါးကို) သိဖို့ရန် မြတ်သော အကျင့်ကို ကျင့်ခဲ့၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
11,426
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဟူ၍ ဆိုသင့်၏။
11,427
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါသလော။
11,428
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ဥပက ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်သူ အလုံးစုံကို သိသူ ဖြစ်၏၊ တရားအားလုံးတို့၌ (ကိလေသာဖြင့်) မလိမ်းကျံသူ၊ အလုံးစုံကို စွန့်လွှတ်သူ၊ တဏှာကုန်ရာ နိဗ္ဗာန်၌ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏၊ ငါသည် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ အဘယ်သူကို (ဆရာဟူ၍) ညွှန်ပြရပါအံ့နည်း။
11,429
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဥပက ငါ့အား ဆရာ မရှိ၊ ငါနှင့် တူသူ မရှိ၊ နတ်နှင့် တကွသော လောက၌ ငါနှင့် ပြိုင်ဘက်ပုဂ္ဂိုလ်သည် မရှိ။
11,430
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဥပက မှန်၏၊ လောက၌ ငါသည်သာ မြတ်သော အလှူကို ခံထိုက်သော ရဟန္တာတည်း၊ ငါသည်အတုမရှိသော ဆရာတည်း၊ ငါသည် တစ်ဆူတည်းသော ဘုရားဖြစ်၏၊ ငါသည် (ကိလေသာ) မီးငြိမ်းသည် ဖြစ်၍ ငြိမ်းအေးသောသူ ဖြစ်၏။
11,431
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ဥပက ငါသည် ကာသိတိုင်း (ဗာရာဏသီ) ပြည်သို့ တရားစကြာကို လည်စေခြင်းငှါ ကြွတော်မူအံ့၊ အကန်းသဖွယ်ဖြစ်သော လောက၌ အမြိုက်စည်ကြီးကို ရိုက်တီးတော်မူအံ့”ဟူ၍လည်းကောင်း၊ ငါ့ရှင် သင်သည် အကြင်အခြင်းအရာအားဖြင့် ဝန်ခံ၏၊ (ထိုဝန်ခံသည့်အတိုင်း) အဆုံးမရှိအောင်တော်မူသော အနန္တဇိနဟူသော အမည်ရှိသူ ဖြစ်ထိုက်၏။
11,432
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ဥပက အကြင်ပုဂ္ဂိုလ်တို့သည် အာသဝေါကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ (ထိုပုဂ္ဂိုလ်တို့သည်) အမှန်စင်စစ် ငါကဲ့သို့ အောင်တော်မူသော ဘုရားရှင်တို့ ဖြစ်ကုန်၏၊ ငါသည် ယုတ်မာသောအကုသိုလ်တရားတို့ကို အောင်အပ်ကုန်ပြီ၊ ထို့ကြောင့် ငါသည် ဇိနမည်၏”ဟူ၍လည်းကောင်းမြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
11,433
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့် ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား သာသနာတော်၌ အရိယာမဂ် သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဟူ၍ မဆိုသင့်။
11,434
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယာမဂ်သို့ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူ ဖြစ်ပါသလော။
11,435
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
“ရဟန်းတို့ ‘ဤတရားသည် ဆင်းရဲအမှန်တည်း’ဟု ရှေး၌ မကြားအပ်ဖူး ကုန်သော တရားတို့၌ ငါ့အား ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ (အပြားအားဖြင့်သိမှု) ပညာသည် ထင်ရှားဖြစ်၏၊ ထိုးထွင်းသိတတ်သောဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ (ပညာ) အရောင်အလင်းသည် ထင်ရှားဖြစ်၏။
11,436
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ထိုဆင်းရဲအမှန်ကို ပိုင်းခြား၍ သိအပ်၏ဟုငါ့အား။
11,437
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ပိုင်းခြားသိအပ်ပြီဟု ငါ့အား ရှေး၌ မကြားအပ်ဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏။
11,438
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ (ပညာ) အရောင်အလင်းသည် ထင်ရှား ဖြစ်၏။
11,439
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ရဟန်းတို့ ‘ဤတရားသည် ဆင်းရဲဖြစ်ကြောင်းအမှန်တည်း’ဟု ငါ့အား။
11,440
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ထိုဆင်းရဲဖြစ်ကြောင်း အမှန်တရားကိုပယ်ရှားအပ်၏ဟု ငါ့အား။
11,441
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ပယ်ရှားအပ်ပြီဟု ငါ့အား။
11,442
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ‘ဤ တရားသည်ဆင်းရဲချုပ်ရာ အမှန်တည်း’ဟု ငါ့အား။
11,443
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ထိုဆင်းရဲချုပ်ရာ အမှန်ကို မျက်မှောက်ပြုအပ်၏ဟု ငါ့အား။
11,444
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ မျက်မှောက်ပြုအပ်ပြီဟု ငါ့အား။
11,445
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ‘ဤတရားသည် ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအမှန်တည်း’ဟု ငါ့အား။
11,446
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ထိုဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအမှန်ကိုပွါးများအပ်၏ဟု ငါ့အား။
11,447
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပ။ ရဟန်းတို့ ပွါးများအပ်ပြီဟု ငါ့အား ရှေး၌ မကြားအပ်ဖူးကုန်သော တရားတို့၌ ပညာမျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ (အပြားအားဖြင့်သိမှု) ပညာသည်ထင်ရှားဖြစ်၏၊ ထိုးထွင်းသိတတ်သောဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ (ပညာ) အလင်းရောင်သည် ထင်ရှားဖြစ်၏”ဟူ၍ မြတ်စွာဘုရား ဟောအပ်သော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။
11,448
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထို့ကြောင့်ပင် ဘုရားလောင်းသည် ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ အရိယမဂ်သို့ ဆိုက်ရောက်ခဲ့သူ မြတ်သော အကျင့်ကို ကျင့်ပြီးသူဟူ၍ မဆိုသင့်ပါ။
11,449
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
နိယာမောက္ကန္တိကထာ ပြီး၏။
11,450
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၁။ ဃဋိကာရသုတ်၌ ဇောတိပါလဘုရားလောင်း၏ ရှင်ရဟန်းအဖြစ်ကို ရည်ရွယ်၍ ‘ဘုရားအလောင်းသည် ကဿပ မြတ်စွာဘုရား၏ သာသနာတော်၌ မဂ်တည်းဟူသော နိယာမသို့ သက်ပြီးသူ, မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ဖြစ်၏’ဟု အယူရှိကုန်သော အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို ပယ်ဖျက်ရန် ဤနိယာမောက္ကန္တိ ကထာကို ဟောတော်မူသည်။
11,451
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၂။ နိယာမဟူ၍လည်းကောင်း၊ ဗြဟ္မစရိယဟူ၍လည်းကောင်း ဤအမည်သည် အရိယာမဂ်၏ အမည်တည်း။
11,452
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဘုရားလောင်းအား ပါရမီဉာဏ်ကို ကြဉ်ဖယ်ထား၍ တစ်ပါးသော မဂ်တည်းဟူသော နိယာမသို့ သက်ရောက်ခြင်းမည်သည် မရှိ၊ အကယ်၍ မဂ်တည်းဟူသော နိယာမသို့ သက်ခြင်းသည် ဖြစ်ခဲ့ပါမူ ဘုရားလောင်းသည် သောတာပန်သာဝက ဖြစ်ရာ၏၊ ဤသို့လည်း မဖြစ်ပါ၊ သက်သက်သော်ကား ဘုရားလောင်းကို ဘုရားရှင်တို့သည် မိမိ၏ ဉာဏ်၌ တည်၍ ဤသူသည် ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား ပြောကြားတော်...
11,453
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၃။ ပစ္ဆိမဘဝကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
11,454
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄။ ဇောတိပါလ ဖြစ်စဉ်ကာလကို ရည်ရွယ်၍ ဝန်ခံပြန်သည်။
11,455
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၅။ ပစ္ဆိမဘဝကို ရည်ရွယ်လျက် ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။
11,456
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၆။ အာဠာရ ရသေ့ကိုလည်းကောင်း၊ ရာမပုတ္တ(ဥဒက) ရသေ့ကိုလည်းကောင်း ရည်ရွယ်၍ ပရဝါဒီက ဝန်ခံသည်။
11,457
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၇။ မဂ်တည်းဟူသော နိယာမသို့ သက်ရောက်သော သူတို့သာလျှင် သာဝကတို့ ဖြစ်ကုန်၏၊ ထိုမှတစ်ပါးသော သူတို့သည် သာဝက မဟုတ်ကုန်ဟု ပြလို၍ ဤပုစ္ဆာစကားကို မိန့်ဆိုပါသည်။
11,458
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၈။ သောတာပန်အစရှိသည်တို့၏ သောတာပန်စသော သာဝကတို့၏ အဖြစ်ကြောင့် ပရဝါဒီက ပဋိက္ခေပပြုလျက် ဖြေသည်။
11,459
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၉။ ပါဠိတော်၌ န ဝတ္တဗ္ဗံ ရှိနေသည်။
11,460
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
-- (၄၁) ၉-အပရာပိ သမန္နာဂတကထာ၁
11,461
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၀၆။ သကဝါဒီ။
11,462
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါး တို့နှင့် ပြည့်စုံပါသလော။
11,463
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖဿလေးပါးတို့နှင့်။
11,464
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံပါသလော။
11,465
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖဿသုံးပါးတို့နှင့်။
11,466
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝေဒနာသုံးပါးတို့နှင့်။
11,467
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။
11,468
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖဿနှစ်ပါးတို့နှင့်။
11,469
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ဝေဒနာနှစ်ပါးတို့နှင့်။
11,470
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။
11,471
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမသောတာပန်လော၊ ကောလံကောလသောတာပန်လော၊ ဧကဗီဇီသောတာပန်လော။
11,472
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။
11,473
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမ်ဖြစ်သလော။
11,474
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်နှင့်ပြည့်စုံပါသလော။
11,475
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အန္တရာပရိနိဗ္ဗာယီအနာဂါမ်လော၊ ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်လော၊ အသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်လော၊ သသင်္ခါရပရိနိဗ္ဗာယီအနာဂါမ်လော၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမီအနာဂါမ်လော။
11,476
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။
11,477
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမသောတာပန်လော၊ ကောလံကောလသောတာပန်လော၊ ဧကဗီဇီသောတာပန်လော။
11,478
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။
11,479
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမ်ဖြစ်သလော။
11,480
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမသောတာပန်လော၊ ကောလံကောလသောတာပန်လော၊ ဧကဗီဇီသောတာပန်လော။
11,481
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၀၇။ သကဝါဒီ။
11,482
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့်ပြည့်စုံပါသလော။
11,483
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုသောတာပန် ဖြစ်သလော။
11,484
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုသကဒါဂါမ် ဖြစ်သလော။
11,485
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်နှင့် ပြည့်စုံပါသလော။
11,486
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုအရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုအနာဂါမ်ဖြစ်သလော။
11,487
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုအနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုသောတာပန်ဖြစ်သလော။
11,488
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ပရဝါဒီ။ ဩော် ဆိုသင့်ပါ၏။
11,489
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုအနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုသကဒါဂါမ်ဖြစ်သလော။
11,490
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
ထိုသကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်ပင် ထိုသောတာပန် ဖြစ်သလော။
11,491
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
၄၀၈။ သကဝါဒီ။
11,492
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။
11,493
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီး မဟုတ်ပါလော။
11,494
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ခဲ့ပါမူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါ။
11,495
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသေးသလော။
11,496
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် သက္ကာယဒိဋ္ဌိကို ဝိစိကိစ္ဆာကို သီလဗ္ဗတပရာမာသကို အပါယ်လားကြောင်းရာဂကို အပါယ်လားကြောင်း ဒေါသကို အပါယ်လားကြောင်း မောဟကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသောတာပတ္တိမဂ် သက္ကာယဒိဋ္ဌိ စသည်နှင့် ပြည့်စုံပါသေးသလော။
11,497
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကိုလွန်မြောက်ပြီး မဟုတ်ပါလော။
11,498
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရှင်ပရဝါဒီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို လွန်မြောက်ပြီးဖြစ်မူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။
11,499
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသေးသလော။
11,500
Uncategorized
ကထာဝတ္ထုပါဠိတော်-ဒု
အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ရုန့်ရင်းသော ကာမရာဂကို ရုန့်ရင်းသော ဗျာပါဒကို လွန်မြောက်ပြီး ဖြစ်ပါလျက် သကဒါဂါမိမဂ် ရုန့်ရင်းသော ကာမရာဂစသည်နှင့် ပြည့်စုံပါသေးသလော။