id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
11,501 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကို လွန်မြောက်ပြီးမဟုတ်ပါလော။ |
11,502 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ခဲ့ပါမူ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,503 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကိုလွန်မြောက်ပြီးဖြစ်ပါလျက် ထိုအနာဂါမိဖိုလ်နှင့် ပြည့်စုံပါသေးသလော။ |
11,504 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် အနာဂါမိမဂ်ကိုလွန်မြောက်ပြီးဖြစ်ပါလျက် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုအနာဂါမိမဂ် သိမ်မွေ့သော ကာမရာဂစသည်နှင့် ပြည့်စုံပါသေးသလော။ |
11,505 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၀၉။ သကဝါဒီ။ |
11,506 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,507 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီး မဟုတ်ပါလော။ |
11,508 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ခဲ့ပါမူ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,509 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသေးသလော။ |
11,510 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် သက္ကာယဒိဋ္ဌိကို။ |
11,511 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အပါယ်လားကြောင်း မောဟကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသောတာပတ္တိမဂ် သက္ကာယဒိဋ္ဌိစသည်နှင့် ပြည့်စုံပါသေးသလော။ |
11,512 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို လွန်မြောက်ပြီး မဟုတ်ပါလော။ |
11,513 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ခဲ့ပါမူ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,514 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသကဒါဂါမိဖိုလ်နှင့် ပြည့်စုံပါသေးသလော။ |
11,515 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သကဒါဂါမိမဂ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ရုန့်ရင်းသော ကာမရာဂကို ရုန့်ရင်းသော ဗျာပါဒကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသကဒါဂါမိမဂ် ရုန့်ရင်းသော ကာမရာဂစသည်နှင့် ပြည့်စုံပါသေးသလော။ |
11,516 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၀။ သကဝါဒီ။ |
11,517 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,518 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တဖိုလ်ကို လွန်မြောက်ပြီး မဟုတ်ပါလော။ |
11,519 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ခဲ့ပါမူ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်။ |
11,520 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် ထိုသောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသေးသလော။ |
11,521 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ကို လွန်မြောက်ပြီးဖြစ်ပါလျက် သက္ကာယဒိဋ္ဌိကို။ |
11,522 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အပါယ်လားကြောင်း မောဟကို လွန်မြောက်ပြီးဖြစ်ပါလျက်ထိုသောတာပတ္တိမဂ် သက္ကာယဒိဋ္ဌိစသည်နှင့် ပြည့်စုံပါသေးသလော။ |
11,523 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၁။ ပရဝါဒီ။ |
11,524 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,525 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်း မဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,526 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့်အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ ဆိုသင့်၏။ |
11,527 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံ၏ဟူ၍မဆိုသင့်ပါသလော။ |
11,528 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,529 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံ၏ဟူ၍ ဆိုသင့်၏။ |
11,530 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည်သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ မဆိုသင့်ပါသလော။ |
11,531 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်မှလည်း မဆုတ်ယုတ်သည် မဟုတ်ပါလော။ |
11,532 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ရအပ်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်မှလည်း မဆုတ်ယုတ်ခဲ့ပါမူ ထိုအကြောင်းကြောင့် သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံ၏ဟူ၍ ဆိုသင့်၏။ |
11,533 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၂။ သကဝါဒီ။ |
11,534 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုဖိုလ်သုံးပါးတို့မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) အရဟတ္တဖိုလ်ကိုမျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,535 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်လေးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်လေးပါးတို့မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်လေးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,536 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ပုဂ္ဂိုလ်သည် ဖိုလ်နှစ်ပါးတို့နှင့် ပြည့်စုံပါသလော။ |
11,537 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်သုံးပါးတို့ကို ရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်သုံးပါးတို့မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်သုံးပါးတို့နှင့် ပြည့်စုံပါသလော။ |
11,538 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကိုရအပ်ပြီးဖြစ်၍ ထိုသောတာပတ္တိဖိုလ်မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်နှင့် ပြည့်စုံပါသလော။ |
11,539 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်နှစ်ပါးတို့ကိုရအပ်ကုန်ပြီးဖြစ်၍ ထိုမဂ်နှစ်ပါးတို့မှလည်း မဆုတ်ယုတ်ဟု (နှလုံးပြု၍) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်သည် မဂ်နှစ်ပါးနှင့် ပြည့်စုံပါသလော။ |
11,540 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အပရာပိ သမန္နာဂတကထာ ပြီး၏။ |
11,541 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် မိမိရောက်ခဲ့သော ဓမ္မ၏ အစွမ်းအားဖြင့် အောက်ဖိုလ်သုံးပါးတို့နှင့် ပြည့်စုံသူဖြစ်၏ဟု အယူရှိသူ အန္ဓကဂိုဏ်းဝင် ပရဝါဒီဆရာတို့၏ အယူကို တားမြစ်တော်မူရန် ဤအပရာပိ သမန္နာဂတကထာကို ဟောတော်မူသည်။ |
11,542 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၄၂) ၁၀-သဗ္ဗသံယောဇနပ္ပဟာနကထာ၁ |
11,543 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၃။ သကဝါဒီ။ |
11,544 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်ခြင်းသည် အရဟတ္တဖိုလ်လော။ |
11,545 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်သလော။ |
11,546 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ပယ်စွန့်အပ်ပါကုန်၏။ |
11,547 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တမဂ်ဖြင့် သက္ကာယဒိဋ္ဌိ,ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသကို ပယ်စွန့်အပ်ပါသလော။ |
11,548 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တမဂ်ဖြင့် သက္ကာယဒိဋ္ဌိ,ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသကို ပယ်စွန့်အပ်ပါသလော။ |
11,549 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သံယောဇဉ်သုံးပါးတို့ကို ပယ်ရှားခြင်းသည် သောတာပတ္တိဖိုလ်တည်းဟု မြတ်စွာဘုရားဟောအပ်သည် မဟုတ်ပါလော။ |
11,550 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သံယောဇဉ်သုံးပါးတို့ကို ပယ်စွန့်ခြင်းသည် သောတာပတ္တိဖိုလ်တည်းဟုမြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်၏ဟူ၍မဆိုသင့်။ |
11,551 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၄။ သကဝါဒီ။ |
11,552 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်သလော။ |
11,553 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တမဂ်ဖြင့် ရုန့်ရင်းသော ကာမရာဂကို ရုန့်ရင်းသော ဗျာပါဒကို ပယ်စွန့်ပါသလော။ |
11,554 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၅။ သကဝါဒီ။ |
11,555 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တမဂ်ဖြင့် ရုန့်ရင်းသော ကာမရာဂကို ရုန့်ရင်းသော ဗျာပါဒကိုပယ်စွန့်ပါသလော။ |
11,556 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမရာဂ ဗျာပါဒတို့၏ ခေါင်းပါးသည်၏ အဖြစ်သည် သကဒါဂါမိဖိုလ်တည်းဟုမြတ်စွာဘုရားသည် ဟောအပ်သည် မဟုတ်ပါလော။ |
11,557 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရှင်ပရဝါဒီ ကာမရာဂ ဗျာပါဒတို့၏ ခေါင်းပါးသည်၏ အဖြစ်သည် သကဒါဂါမိဖိုလ်တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်၏ဟူ၍ မဆိုသင့်။ |
11,558 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကို ပယ်စွန့်ပါသလော။ |
11,559 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၆။ သကဝါဒီ။ |
11,560 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အရဟတ္တမဂ်ဖြင့် သိမ်မွေ့သော ကာမရာဂကို သိမ်မွေ့သော ဗျာပါဒကိုပယ်စွန့်ပါသလော။ |
11,561 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်းသည် အနာဂါမိဖိုလ်တည်းဟူ၍မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။ |
11,562 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ကာမရာဂနှင့် ဗျာပါဒတို့ကို အကြွင်းမဲ့ ပယ်စွန့်ခြင်းသည် အနာဂါမိဖိုလ်တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်၏ဟူ၍ မဆိုသင့်။ |
11,563 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာကို အကြွင်းမဲ့ ပယ်စွန့်ခြင်းသည့်အရဟတ္တဖိုလ်တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်သည် မဟုတ်ပါလော။ |
11,564 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာကို အကြွင်းမဲ့ပယ်စွန့်ခြင်းသည် အရဟတ္တဖိုလ်တည်းဟူ၍ မြတ်စွာဘုရား ဟောအပ်ခဲ့ပါမူ အရဟတ္တမဂ်ဖြင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်၏ဟူ၍ မဆိုသင့်။ |
11,565 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၇။ ပရဝါဒီ။ |
11,566 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်ခြင်းသည် အရဟတ္တဖိုလ်တည်းဟူ၍ မဆိုသင့်ပါသလော။ |
11,567 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာသည် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်ပြီးသည် မဟုတ်ပါလော။ |
11,568 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဟုတ်ပါ၏။ |
11,569 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရဟန္တာသည် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်အပ်ကုန်ပြီးဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် သံယောဇဉ်အားလုံးတို့ကို ပယ်စွန့်ခြင်းသည် အရဟတ္တဖိုလ်တည်းဟူ၍ ဆိုသင့်၏။ |
11,570 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သဗ္ဗသံယောဇနပ္ပဟာနကထာ ပြီး၏။ |
11,571 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မုချအားဖြင့်သာလျှင် သံယောဇဉ်အားလုံးတို့ကို ပယ်ခြင်းသည် အရဟတ္တဖိုလ် မည်၏ဟု အယူရှိသော အန္ဓကဂိုဏ်းဝင် ပရဝါဒီ ဆရာတို့၏အယူကို တားမြစ်တော်မူလို၍ ဤသဗ္ဗသံယောဇနကထာကို ဟောတော်မူသည်။ |
11,572 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ အောက်၌ ဆိုအပ်ခဲ့ပြီးသော မဂ်သုံးပါးအပေါင်းဖြင့် ပယ်အပ်သည်တို့ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,573 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၃။ တစ်ဖန် နောက်ထပ် မေးမြန်းလတ်သော် ထိုအရဟတ္တမဂ်ဖြင့် မပယ်အပ်သော သံယောဇဉ်မရှိခြင်းကြောင့် ပရဝါဒီက ဝန်ခံပြန်သည်။ |
11,574 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄။ သောတာပတ္တိမဂ်ဖြင့် ပယ်အပ်သည်၏ အဖြစ်ကို ရည်ရွယ်၍ ပရဝါဒီက ပဋိက္ခေပပြု၍ ဖြေသည်။ |
11,575 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၅။ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ခြင်းကို ရည်ရွယ်၍ ပရဝါဒီက ဝန်ခံပြန်သည်။ |
11,576 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (၄၃) ၁-ဝိမုတ္တိကထာ၁ |
11,577 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၈။ သကဝါဒီ။ |
11,578 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်သလော။ |
11,579 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဝိမုတ္တမည်ပါ၏။ |
11,580 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိမုတ္တိဉာဏ်အားလုံးသည် ဝိမုတ္တမည်သလော။ |
11,581 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်သလော။ |
11,582 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပစ္စဝေက္ခဏာဉာဏ်သည် ဝိမုတ္တမည်သလော။ |
11,583 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဂေါတြဘူပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်သလော။ |
11,584 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်သလော။ |
11,585 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် ဟုတ်ပါ၏၃။ |
11,586 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတာပန်၏ ဉာဏ်သည် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသူ၊ ရပြီးသူ၊ သိပြီးသူ၊ မျက်မှောက်ပြုပြီးသူ၏ ဉာဏ်ဖြစ်သလော၄။ |
11,587 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တ မည်သလော။ |
11,588 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမ်၏ ဉာဏ်သည် သကဒါဂါမိဖိုလ်သို့ ရောက်ပြီးသူ ရပြီးသူ သိပြီးသူ မျက်မှောက်ပြုပြီးသူ၏ ဉာဏ်ဖြစ်သလော။ |
11,589 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဉာဏ်သည် ဝိမုတ္တ မည်သလော။ |
11,590 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သကဒါဂါမ်၏ ဉာဏ်သည် အနာဂါမိဖိုလ်သို့ ရောက်ပြီးသူ ရပြီးသူ သိပြီးသူ မျက်မှောက်ပြုအပ်ပြီးသူ၏ ဉာဏ်ဖြစ်ပါသလော။ |
11,591 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တ မည်ပါသလော။ |
11,592 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရဟန္တာ၏ ဉာဏ်သည် အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ သိပြီးသူ မျက်မှောက်ပြုပြီး သူ၏ ဉာဏ်ဖြစ်ပါသလော။ |
11,593 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၁၉။ သကဝါဒီ။ |
11,594 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သောတာပတ္တိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်ပါသလော။ |
11,595 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်ပါသလော။ |
11,596 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်ပါသလော။ |
11,597 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တ မည်ပါသလော။ |
11,598 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်ပါသလော။ |
11,599 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တ မည်ပါသလော။ |
11,600 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရဟတ္တဖိုလ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏ ဝိမုတ္တိဉာဏ်သည် ဝိမုတ္တမည်ပါသလော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.