id int64 1 1.35M | categories stringclasses 292 values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,401 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ရှင်မင်းကြီး သစ္စာပြုခြင်းကိုထား၍ အကျွန်ုပ်အား တပါးသောသက်သေမရှိ ဤသူငယ်သည် ရှင်မင်းကြီးတို့ကိုစွဲ၍ အကယ်၍ဖြစ်ငြားအံ့၊ ကောင်းကင်၌ တည်စေ၊ အကယ်၍ မဖြစ်ငြားအံ့ မြေကျ၍ သေစေဟု ဘုရားလောင်း၏ ခြေ၌ ကိုင်၍ ကောင်းကင်သို့ ပစ်၏။ |
1,402 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဘုရားလောင်းသည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေလျက် သာယာစွာသော အသံဖြင့် အဘအား တရားဟောလိုရကား- |
1,403 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ၇။ ပုတ္တော တျာဟံ မဟာရာဇ၊ တွံ မံ ပေါသ ဇနာဓိပ။ |
1,404 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | အညပိ ဒေဝေါ ပေါသေတိ၊ ကိဉ္စ ဒေဝေါ သကံ ပဇံ။ |
1,405 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ၇။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော။ |
1,406 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | မဟာရာဇ၊ မင်းကြီး။ |
1,407 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | တေ၊ အရှင်မင်းကြီး၏။ |
1,408 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ပုတ္တာ၊ သားတည်း။ |
1,409 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | တွံ၊ ရှင်မင်းကြီးသည်။ |
1,410 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ပေါသ၊ မွေးမြူပါလော့။ |
1,411 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဒေဝေါ၊ ရှင်မင်းကြီးသည်။ |
1,412 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | အညေပိ၊ တပါးကုန်သော သူတို့ကိုလည်း။ |
1,413 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ပေါသေတိ၊ မွေးမြု၏။ |
1,414 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | သကံ ပဇံ၊ မိမိသားကို။ |
1,415 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ကိဉ္စ၊ အသို့မူ၍။ |
1,416 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | န ပေါသေတိ၊ မမွေးမြူသနည်း။ |
1,417 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | * သား မည်သည်ကား အတြဇသား ခေတြဇသား, အန္တေဝါသိကသား, ဒိန္နကသား ဟူ၍ လေးပါးအပြားရှိ၏။ |
1,418 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ထိုလေးပါးတို့တွင် မိမိကိုယ်ကို စွဲ၍ ဖြစ်သောသားသည်အတြဇသားမည်၏။ |
1,419 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | အိပ်ရာအပြင် ပလ္လင် အစရှိသည်တို့၌ ဖြစ်သောသားသည် ခေတြဇသား မည်၏။ |
1,420 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | အထံ၌ အတတ်သင်သော သားသည် အန္တေဝါသိကသား မည်၏။ |
1,421 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | မွေးစားစိမ့်သောငှာ ပေးအပ်သော သားသည် ဒိန္နကသားမည်၏။ |
1,422 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ထိုလေးပါးတို့တွင် ဤအရာ၌ အတြဇ သားကို ရည်၍ ပုတ္တောဟုဆိုသတည်း။ |
1,423 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | မင်းသည် ကောင်းကင်၌နေ၍ ဤသို့တရားဟောသော ဘုရားလောင်း၏တရားစကားကို နာရ၍ ချစ်သား လာလော၊ ငါသည်လျှင်မွေးအံ့ ငါသည်လျှင် မွေးအံ့ဟုလက်ဖြန့်၏။ |
1,424 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | တပါးသောသူတို့သည်လည်း လက်တထောင်ကိုဖြန့်လင့်ကြကုန်၏။ |
1,425 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဘုရားလောင်းသည် တပါးသောသူ၏လက်၌ မသက်မူ၍ မင်း၏လက်၌သက်၍ ရင်ခွင်၌ နေ၏။ |
1,426 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | မင်းသည် ဘုရားလောင်းအား အိမ်ရှေ့မင်း၏ အဖြစ်ကိုပေး၍ အမိကို မိဖုယားကြီးအရာ၌ထား၏။ |
1,427 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဘုရားလောင်းသည် အဘလွန်သဖြင့် ကဋ္ဌဝါဟန မည်သော မင်းဖြစ်၍ တရားသဖြင့် မင်းပြု၍ ကံအားလျော်စွာလား၏။ |
1,428 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ကောသလမင်းကြီးအားဤဓမ္မဒေသနာကိုဆောင်၍ နှစ်ပါးကုန်သော ဝတ္ထုတို့ကို ပြတော်မူ၍ အနုသန္ဓေကို စပ်၍ ယခုအခါ မဟာမာယာသည် ထိုအခါ အမိဖြစ်ပြီး၊ ယခုအခါ သုဒ္ဓေါဒနမင်းကြီးသည် ထိုအခါ အဘဖြစ်ပြီး၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ ကဋ္ဌဝါဟနမင်းကြီး ဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။ |
1,429 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဋ္ဌဟာရိဇာတ် | ဇာတိယုတ်မြတ်၊ အမိလှပ်၊ ဘမြတ်ပဓာန မွေခံရ ခုနစ်ခုမြောက်သော ကဋ္ဌဟာရိဇာတ်သည် ပြီး၏။ |
1,430 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | စတုက္ကနိပါတ် - ပုစိမန္ဒဝဂ် |
1,431 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၈။ ကဏဝေရဇာတ် |
1,432 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကုလားဇလပ်ပန်း |
1,433 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံတံ ဝသန္တ သမယေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏဝေရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် မဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,434 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | (ပစ္စုပ္ပန်ဝတ္ထုသည် အဋ္ဌကနိပါတ်၊ ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့) သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကို အမှီပြု၍ သန်လျက်ဖြင့် ဦးခေါင်းကို ဖြတ်ခြင်းကို ခံရဘူးပြီဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,435 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိရွာဝယ် တဦးသော သူကြွယ်၏အိမ်၌ စောရနက္ခတ်ဖြင့်ဖွား၍ အရွယ်သို့ ရောက်လတ်သော် ခိုးသူတို့၏ အမှုကိုပြုလျက် အသက်မွေး၍ လောက၌ ထင်ရှား၏။ |
1,436 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ရဲ ရင့်၏။ ဆင်ပြောင်အားကို ဆောင်၏။ |
1,437 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | တစုံတယောက်သောသူသည် ဖမ်းအံ့သောငှါ မစွမ်းနိုင်၊ ထိုဘုရားလောင်းသည် တနေ့သ၌ တဦးသော သူဌေးအိမ်ဝယ် အစပ်ကိုဖြတ်၍ များစွာသော ဥစ္စာကို ခိုး၏။ |
1,438 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မြို့သူတို့သည် မင်းအထံသို့ ဆည်း ကပ်၍ မြတ်သောမင်းကြီး တယောက်သော ခိုးသူကြီးသည် မြို့ကိုလုယက်၏။ |
1,439 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုခိုးသူကြီးကို ဖမ်းစေလော့ဟု လျောက်ကုန်၏။ |
1,440 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုစကားကို ကြား၍ မင်းသည် ထိုခိုးသူကြီးကို ဖမ်းစိမ့်သောငှါ မြို့စောင့်ကို စေ၏။ |
1,441 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မြို့စောင့်သည် ညဉ့်အခါ ထိုထိုအရပ်၌ အစုဖွဲ့သဖြင့် လူတို့ကိုထား၍ ထိုခိုးသူကြီးကို ဥစ္စာနှင့်တကွ ဖမ်းစေ၍ မင်းအား လျောက်၏။ |
1,442 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မင်းသည် ခိုးသူကြီး၏ ဦးခေါင်းကို ဖြတ်လော့ဟု မြို့စောင့်ကို စေ၏။ |
1,443 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မြို့စောင့်သည် ခိုးသူကြီးကို မြဲစွာ လက် ပြန် နှောင်ဖွဲ့စေ၍ ခိုးသူကြီး၏လည်၌ နီစွာသော ကုလားဇလပ်ပန်းကို ဆွဲပြီးလျှင် ဦးခေါင်း၌ အုတ်မှုန့်ကိုကြဲ၍ ခရီးလေးဆုံတိုင်း ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့် ရိုက်၍ ကြမ်း သော အသံရှိသောစည်ဖြင့် သတ်ရာသုသာန်သို့ ဆောင်၏။ |
1,444 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဤမြို့၌ ခိုးတတ်သော ခိုးသူကို ဖမ်းမိပြီဟု မြို့အလုံး ချောက်ချား၏။ |
1,445 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုအခါ ဗာရာဏသီပြည်၌ တထောင်သောဥစ္စာကို ယူသော သာမာမည်သော ပြည့်တန်ဆာမသည် ရှိ၏။ |
1,446 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မင်းနှင့် အကျွမ်းဝင်၏။ |
1,447 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကျွန်မငါးရာ အခြံအရံရှိ၏။ |
1,448 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုပြည့်တန် ဆာမသည် ပြာသာဒ်အပြင်၌ လေသာပြတင်းကို ဘွင့်လှစ်၍ ရပ်လျက် ဆောင်ယူသွားသော ထိုခိုးသူကြီးကိုမြင်၏။ |
1,449 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုခိုးသူကြီးသည် အလွန်အဆင်းလှ၏။ |
1,450 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အလွန်လျှင် မြတ်သော တင့်တယ်ခြင်းသို့ရောက်၏။ |
1,451 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | နတ်၏အဆင်းကဲ့သို့ ခပ်သိမ်းသော သူတို့အား အလွန်အမြတ်အားဖြင့် ထင်၏။ |
1,452 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာသည် ထိုခိုးသူကြီးကို မြင်၍လျှင် တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ အဘယ်မည်သော ဥပါယ်အားဖြင့် ဤယောက်ျားကို ငါ၏ လင် ပြုရအံ့နည်းဟု တောင့်တအပ်သည် ရှိသော် တခုသော ဥပါယ်သည်ရှိ၏ဟု မိမိ၏ အကျိုး စီးပွားကို ဆောင်ရွက်သော တယောက်သော မိန်းမ၏လက်၌ အသပြာတထောင်ကို ပေး၍ မြို့စောင့် ဤခိုးသူသည် သာမာ၏မောင်တည်း။ |
1,453 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာကိုထား၍ ထိုခိုးသူအား တပါးသော ကိုး ကွယ်ရာသည် မရှိ၊ သင်တို့သည် ဤအသပြာတထောင်ကို ယူ၍ ထိုခိုးသူကို လွှတ်ပါကုန်လော့ဟု စေ၏။ |
1,454 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုမိန်းမသည် သွား၍ သာမာဆိုတိုင်း ပြု၏။ |
1,455 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မြို့စောင့်သည် ဤခိုးသူကား မြို့၌ ထင်ရှားသော ခိုးသူတည်း၊ ထိုခိုးသူကို လွှတ်အံ့သောငှါ မတတ်ကောင်း၊ တပါးသော လူကိုရမူကား ဤခိုးသူကို ဖုံးလွှမ်းသော ယာဉ်၌စီးစေ၍ လွှတ်ခြင်းငှါ တတ်ကောင်း ၏ဟု ဆို၏။ |
1,456 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုမိန်းမသည် သွား၍ သာမာအား ကြား၏။ |
1,457 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုအခါ တယောက်သောသူဌေးသားသည် သာမာ၌ တပ် စွန်းသောစိတ်ရှိ၍ နေ့တိုင်း တထောင်သော ဥစ္စာကိုပေး၏။ |
1,458 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုသူဌေးသားသည် ထိုနေ့၌လည်း နေဝင်သောအခါ တထောင်သော ဥစ္စာကိုယူ၍ သာမာ၏အိမ်သို့ သွား၏။ |
1,459 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာသည် အသပြာတထောင်ကို ယူ၍ ပေါင်ပေါ်၌ထား၍ ငိုလျက်နေ၏။ |
1,460 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အဘယ်အမှုနည်းဟု မေး သည်ရှိသော် အရှင်ဤခိုးသူသည် ငါ့မောင်တည်း၊ ငါသည် နိမ့်သောအမှုကို ပြု၏ဟု ငါအထံသို့ မလာ၊ မြို့စောင့်အား စေသော် တထောင်သော ဥစ္စာကိုရမှ လွှတ်အံ့ဟု မှာလိုက်၏။ |
1,461 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ယခု ဤတထောင်သော ဥစ္စာကိုယူ၍ မြို့စောင့်၏ အထံသို့ သွားမည့်သူကို မရဟုဆို၏။ |
1,462 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုသူဌေးသားသည် သာမာ၌ တပ်စွန်းသော စိတ်ရှိသည် ၏အဖြစ်ကြောင့် ငါသွားအံ့ဟု ဆို၏။ |
1,463 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုသို့တပြီးကား သင်ဆောင်ခဲ့သော ဥစ္စာကိုလျှင် ယူ၍ သွားလော့ဟု ဆို၏။ |
1,464 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သူဌေးသားသည် ထိုဥစ္စာကို ယူ၍ မြို့စောင့်၏အိမ်သို့ သွား၏။ |
1,465 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | မြို့စောင့်သည် သူဌေးသားကို ဖုံးကွယ်ရာအရပ်၌ထား၍ ခိုးသူကို ဖုံးလွှမ်းသောယာဉ်၌ စီးစေ၍ သာမာ၏အထံသို့ ပို့စေ၍ ဤခိုးသူသည် တိုင်းပြည်၌ ထင်ရှားသော ခိုးသူတည်း၊ မှောင်မိုက်စေဦး၊ မှောင်မိုက်၍ လူတို့စကားပြော ဆိတ်သောအခါမှ သတ်အံ့ဟု ယိုးမယ်ဖွဲ့ခြင်းကိုပြု၍ တခဏမျှကို လွန်စေ၍ လူတို့သည် စကားပြောဆိတ်ကုန်လတ်သော် သူဌေးသားကို များစွာသော အစောင့်အရှောက်ဖြင့် သုသာန်သို့ ဆောင်ပြီးလျှင် သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို တံကျင်ဖြင့်လျှို၍ မြို့သို့ ဝင်၏။ |
1,466 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုအခါမှစ၍ သာမာသည် သူတပါးတို့၏ လက်မှ တစုံတခုကိုမယူ၊ ထိုခိုးသူနှင့်လျှင်တကွ မွေ့လျော်လျှက် နေ၏။ |
1,467 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီးသည် ဤသာမာကား တပါးယောက်ျား၌ တပ်စွန်းပြန်သည်ရှိသော် ငါ့ကိုလည်း သတ်စေ၍ ထိုတပ်စွန်းသောသူနှင့် မွေ့လျော်ပြန်လတ္တံ့၊ ဤသာမာသည် စင် စစ် အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ |
1,468 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ငါသည် သာမာ၏အထံ၌ မနေမူ၍ လျင်မြန်စွာ ပြေးခြင်းငှါ သင့်၏။ |
1,469 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပြေးသည်ရှိသော်ကား လက်ချည်း သက်သက် မသွားမူ၍ သာမာ၌ ဆင်ယင်သော တန်ဆာကို ယူ၍သွားအံ့ဟု ကြံ၏။ |
1,470 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကြံပြီး၍ တနေ့သ၌ သာမာကို နှမ ငါသည် ဆောင်း၌ လှောင်ထားအပ်သော ကြက်ကဲ့သို့ အမြဲ အိမ်၌လျှင် နေ ရ၏။ |
1,471 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | တနေ့တရက် ဥယျာဉ်ကစားလို၏ဟု ဆို၏။ |
1,472 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာသည် ကောင်းပြီဟု ဝန်ခံ၍ ခဲဘွယ်ဘောဇဉ် အစရှိသော အလုံးစုံသော အဆောက် အဦကို စီရင်၍ ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ယင်လျက် ခိုးသူကြီးနှင့်အတူ ဖုံး လွှမ်းသောယာဉ်၌စီး၍ ဥယျာဉ်သို့သွား၏။ |
1,473 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီးသည် ဥယျာဉ်၌ သာမာနှင့်တကွ ကစားလျက် ယခု ငါ့အား ပြေးခြင်းငှာ သင့်၏ဟု သာမာနှင့်တကွ ကိလေသာနှင့် ယှဉ်သော မွေ့လျော်ခြင်းဖြင့် မွေ့လျော်လိုဘိသကဲ့သို့ တခုသော ကုလားဇလပ်သို့ ဝင်၍ သာမာကို လည်၌ဘက်သကဲ့သို့ နှိပ်၍ မိန်းမောအောင်ပြု၍ ပုတ်ခတ်၍ ခပ်သိမ်းသော တန်ဆာတို့ကို ချွတ်ယူ၍ သာမာ၏ အပေါ်ရုံအဝတ်ဖြင့် ဖွဲ့၍ အထုပ်ကို ပခုံး၌ ထမ်း၍ ဥယျာဉ်စည်းကို ခုန်လွှား၍ ပြေး၏။ |
1,474 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမာသည်လည်း သတိသညာ ရလတ်သော် ထ၍ အလုပ်အကျွေးတို့၏ အထံသို့သွား၍ အရှင့်သားကား အဘယ်မှာနည်းဟု မေး၏။ |
1,475 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အရှင်အကျွန်ုပ်တို့ မသိကုန်ဟု ဆိုကုန်၏။ |
1,476 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ငါ့ကို သေပြီဟူသော အမှတ်ဖြင့် ကြောက်၍ ပြေးသည်ဖြစ်လတ္တံ့ဟု နှလုံးမသာယာသည်ဖြစ်၍ ထိုဥယျာဉ်မှသာလျှင် အိမ်သို့သွား၍ ငါ၏ ချစ်စွာသောလင်ကို မမြင်ရသော ကာလမှစ၍လျှင် တန်ဆာဆင်အပ်သော အိပ်ရာ၌ ငါမအိပ်ဟု မြေ၌အိပ်၏။ |
1,477 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုအခါမှစ၍ နှစ်သက်ဘွယ်ရှိသောအဝတ်ကို မဝတ်၊ နှစ်သက်ဘွယ်သောထမင်းကို မစား၊ နံ့သာပန်းအစရှိသည်ကို မမှီဝဲ၊ တစုံတခုသော ဥပါယ်ဖြင့် အရှင့်သားကို ရှာ၍ခေါ်စေအံ့ဟု ကချေသည်တို့ကို ခေါ်စေ၍ တထောင်သော ဥစ္စာကိုပေး၏။ |
1,478 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ရှင်မ အသို့ပြုရကုန်အံ့နည်းဟု ဆိုသည်ရှိသော် သင်တို့အား မရောက်သော အရပ်မည်သည် မရှိ၊ သင်တို့သည် ရွာနိဂုံး မင်းနေပြည်တို့သို့ လှည့်လည်ကုန်လျက် ပွဲသဘင်ပြု၍ သဘင်အလယ်၌ ရှေးဦးစွာလျှင် ဤသီချင်းကို သီကြကုန်လော့ဟု ကချေသည်တို့ကို သင်လျက် ရှေးဦးစွာသော ဂါထာကိုဆို၍ သင်တို့သည် ဤသီချင်းကို သီသည်ရှိသော် အရှင့် သားသည် ထိုပရိသတ်အတွင်း၌ အကယ်၍ ရှိသည်ဖြစ်အံ့၊ သင်တို့နှင့်အတူ စကားပြောဆိုလတ္တံ့၊ ထိုအခါ အရှင့်သားအား ငါ၏ရောဂါကင်းသော အဖြစ်ကိုဆို၍ အရှင့်သားကိုခေါ်၍ လာကြကုန်လော့၊ အကယ်၍ မလိုက်လာအံ့၊ သတင်းစကား မှာထားလိုက်ကြကုန်လော့ဟု ဆို၍ ရိက္ခာပေး၍ ကချေသည်တို့ကို လွှတ်လိုက်၏။ |
1,479 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကချေသည်တို့သည် ဗာရာဏသီမှ ထွက်၍ ထိုထိုအရပ်၌ ပွဲသဘင်ပြုကုန်လျက် ပစ္စန္တရစ်သို့ သွားကုန်၏။ |
1,480 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီးသည်လည်း ပြေး၍ ထိုပစ္စန္တရစ်ရွာ၌ နေ၏။ |
1,481 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ထိုကချေသည်တို့သည် ထိုအရပ်၌ ပွဲသဘင်ပြုလျက်- |
1,482 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၆၉။ ယံ တံ ဝသန္တသမယေ၊ ကဏဝေရေသု ဘာဏုသု။ |
1,483 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမံ ဗာဟာယ ပီဠေသိ၊ သာ တံ အာရောဂျမဗြဝိ။ |
1,484 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဟူသော ရှေးဦးစွာသော သီချင်းကိုလျှင် သီကုန်၏။ |
1,485 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၆၉။ ယံ တံ ဝသန္တသမယေ၊ အကြင်ဝသန္တအခါ၌။ |
1,486 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဘာဏုသု၊ နီသော အဆင်းနှင့် ပြည့်စုံကုန်သော။ |
1,487 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ကဏဝေရေသု၊ ကုလားဇလပ်ပန်းတို့၌။ |
1,488 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာမံ၊ သာမာကို။ |
1,489 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ဗာဟာယ၊ မောင်းဖြင့်။ |
1,490 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပီဠေသိ၊ နှိပ်၏။ |
1,491 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | သာ၊ ထိုသာမာသည်။ |
1,492 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | တံ၊ ထိုအရှင့်သားကို။ |
1,493 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အာရောဂျံ၊ အနာကင်းသည်၏ အဖြစ်ကို။ |
1,494 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | အဗြဝိ၊ ကြား၏။ |
1,495 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ခိုးသူကြီးသည် ထိုစကားကို ကြား၍ ကချေ သည်သို့ ကပ်၍ သင်သည် သာမာကား ရှင်သေး ၏ဟု ဆို၏။ |
1,496 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ငါမယုံဟု ကချေသည်နှင့် စကား ပြောလိုရကား- |
1,497 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၀။ အမ္ဘော န ကိရ သဒ္ဓေယျံ၊ ယံ ဝါတော ပဗ္ဗတံ ဝဟေ။ |
1,498 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ပဗ္ဗတဉ္စေ ဝဟေ ဝါတော၊ သဗ္ဗမ္ပိ ပထဝိံ ဝဟေ။ |
1,499 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ယတ္ထ သာမာ ကာလကတာ၊ သာမံ အာရောဂျမဗြဝိ။ |
1,500 | ဇာတ်နိပါတ်, မြန်မာဘာသာ | ကဏဝေရဇာတ် | ၇၀။ အမ္ဘော နဋ၊ အို ကချေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.