id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
12,201 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုကိုလည်းကောင်း၊ စက္ခုန္ဒြေကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
12,202 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဤ်သို့ကား မဆိုသင့်ပါ။ |
12,203 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ စက္ခုန္ဒြေကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိပါသလော။ |
12,204 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ စက္ခုန္ဒြေကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,205 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စက္ခုကိုလည်းကောင်း၊ ရူပါရုံတို့ကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူသော သုတ္တန် (ပါဠိ) သည် ရှိခဲ့ပါမူ စက္ခုကိုလည်းကောင်း၊ စက္ခုန္ဒြေကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူ၍ မဆိုသင့်။ |
12,206 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၈။ ပရဝါဒီ။ |
12,207 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ဣန္ဒြေငါးပါးတို့သည် မြင်အပ်သော သဘောရှိကုန်၏ဟူ၍ မဆိုသင့်ပါသလော။ |
12,208 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုကို သောတကို ဃာနကို ဇိဝှါကို ကာယကို မြင်နိုင်သည် မဟုတ်ပါလော။ |
12,209 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဩော် မြင်နိုင်ပါ၏။ |
12,210 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ အကယ်၍ စက္ခုကို သောတကို ဃာနကို ဇိဝှါကို ကာယကို မြင်နိုင်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဣန္ဒြေငါးပါးတို့သည် မြင်အပ်သော သဘောရှိကုန်၏ဟူ၍ ဆိုသင့်ပါ၏။ |
12,211 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုန္ဒြိယံ သနိဒဿနန္တိအာဒိကထာ ပြီး၏။ |
12,212 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | (၆၂) ၁၀-ကာယကမ္မံ သနိဒဿနန္တိကထာ |
12,213 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၆၉။ သကဝါဒီ။ |
12,214 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ကာယကံသည် မြင်အပ်သော သဘောရှိပါသလော။ |
12,215 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာယကံသည် ရူပါရုံလော၊ ရူပါယတနလော၊ ရူပဓာတ်လော၊ အညိုလော၊ အရွှေလော၊ အနီလော၊ အဖြူလော၊ စက္ခုဖြင့် မြင်အပ်ပါသလော၊ စက္ခု၌ ထိခိုက်ပါသလော၊ စက္ခုအား ထင်ခြင်းသို့ ရောက်ပါသလော။ |
12,216 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာယကံသည် မြင်အပ်သော သဘောရှိပါသလော။ |
12,217 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုကိုလည်းကောင်း၊ ကာယကံကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်ပါသလော။ |
12,218 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ ကာယကံကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူ၍ သုတ္တန် (ပါဠိ) ရှိပါသလော။ |
12,219 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | “စက္ခုကိုလည်းကောင်း၊ ရူပါရုံကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏”ဟူသော သုတ္တန် (ပါဠိ) ရှိသည်သာ မဟုတ်ပါလော။ |
12,220 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စက္ခုကိုလည်းကောင်း၊ ရူပါရုံကိုလည်းကောင်း စွဲ၍ စက္ခုဝိညာဏ်သည် ဖြစ်၏ဟူသော သုတ္တန် (ပါဠိ) ရှိခဲ့ပါမူ စက္ခုကိုလည်းကောင်း၊ ကာယကံကိုလည်းကောင်း စွဲ၍ စက္ခု ဝိညာဏ်သည် ဖြစ်၏ဟူ၍ မဆိုသင့်။ |
12,221 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၀။ ပရဝါဒီ။ |
12,222 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ ကာယကံသည် မြင်အပ်သော သဘောရှိ၏ဟူ၍ မဆိုသင့်ပါသလော။ |
12,223 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရှေ့သို့ တက်သည်ကို နောက်သို့ ဆုတ်သည်ကို တူရူ ကြည့်ရှုသည်ကို တစောင်း ကြည့်ရှုသည်ကို ကွေးသည်ကို ဆန့်သည်ကို မြင်ရသည် မဟုတ်ပါလော။ |
12,224 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်သကဝါဒီ ရှေ့သို့ တက်သည်ကို နောက်သို့ ဆုတ်သည်ကို တူရူ ကြည့်ရှုသည်ကို တစောင်းကြည့်သည်ကို ကွေးသည်ကို ဆန့်သည်ကို မြင်ရခဲ့ပါမူ ထိုအကြောင်းကြောင့် ကာယကံသည် မြင်အပ်သော သဘော ရှိ၏ဟူ၍ ဆိုသင့်၏။ |
12,225 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ကာယကမ္မံ သနိဒဿနန္တိကထာ ပြီး၏။ |
12,226 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၇-သတ္တမဝဂ် (၆၃) |
12,227 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁-သင်္ဂဟိတကထာ၁ |
12,228 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၁။ ပရဝါဒီ။ |
12,229 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အချို့သောတရားတို့ဖြင့် ရေတွက်အပ်ကုန်သော အချို့သော တရားတို့သည် မရှိပါကုန်သလော။ |
12,230 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အချို့သောတရားတို့ဖြင့် ရေတွက်ခြင်းသို့ ရောက်ကုန် အကျဉ်းပြဆိုခြင်းသို့ ရောက် ကုန် (အချို့သော တရားတို့၌) အကျုံးဝင်ကုန်သော အချို့သောတရားတို့ ရှိကုန်သည် မဟုတ်ပါလော။ |
12,231 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အချို့သောတရားတို့ဖြင့် ရေတွက်ခြင်းသို့ ရောက်ကုန် အကျဉ်းပြဆိုခြင်းသို့ ရောက်ကုန် (အချို့သော တရားတို့၌) အကျုံးဝင်ကုန်သော အချို့သောတရားတို့သည် ရှိခဲ့ပါ ကုန်မူ အချို့သော တရားတို့ဖြင့် ရေတွက်အပ်သော အချို့သော တရားတို့သည် မရှိကုန်ဟူ၍ မဆိုသင့်။ |
12,232 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခာယတနသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,233 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,234 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စက္ခာယတနသည် ရူပက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် စက္ခာယတနကို ရူပက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,235 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဃာနာယတနသည်။ |
12,236 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဇိဝှါယတနသည်။ |
12,237 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ကာယာ ယတနသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်။ |
12,238 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ရူပက္ခခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,239 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ကာယာယတနသည် ရူပက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် ကာယာယတနကို ရူပက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,240 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ သဒ္ဒါယတနသည်။ |
12,241 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဂန္ဓာယတနသည်။ |
12,242 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ရသာယတနသည်။ |
12,243 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ ဖောဋ္ဌဗ္ဗာယတနသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်။ |
12,244 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဖောဋ္ဌဗ္ဗာယတနသည် ရူပက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဖောဋ္ဌဗ္ဗာယတနကို ရူပက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,245 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သုခဝေဒနာသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,246 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသည်။ |
12,247 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ သုခဝေဒနာသည် ဝေဒနာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် သုခဝေဒနာကို ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,248 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဒုက္ခဝေဒနာသည်။ |
12,249 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ အဒုက္ခမသုခဝေဒနာသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,250 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,251 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အဒုက္ခမသုခဝေဒနာသည် ဝေဒနာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ ပါမူ ထိုအကြောင်းကြောင့် အဒုက္ခမသုခဝေဒနာကို ဝေဒနာက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,252 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,253 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ သညာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,254 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာသည် သညာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် စက္ခုသမ္ဖဿကြောင့် ဖြစ်သော သညာကို သညာ က္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,255 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သောတသမ္ဖဿကြောင့် ဖြစ်သော သညာသည်။ |
12,256 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မနောသမ္ဖဿကြောင့် ဖြစ်သော သညာသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,257 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,258 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မနောသမ္ဖဿကြောင့် ဖြစ်သော သညာသည် သညာက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် မနောသမ္ဖဿကြောင့် ဖြစ်သော သညာကို သညာက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟု ဆိုသင့်၏။ |
12,259 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စက္ခုသမ္ဖဿကြောင့် ဖြစ်သော စေတနာသည်။ |
12,260 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မနောသမ္ဖဿကြောင့် ဖြစ်သော စေတနာသည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,261 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,262 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မနောသမ္ဖဿကြောင့် ဖြစ်သော စေတနာသည် သင်္ခါရက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် မနောသမ္ဖဿကြောင့် ဖြစ်သော စေတနာကို သင်္ခါရ က္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,263 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ပ။ မနောဝိညာဏ်သည် အဘယ်ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါသနည်း။ |
12,264 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိညာဏက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ပါ၏။ |
12,265 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ မနောဝိညာဏ်သည် ဝိညာဏက္ခန္ဓာဖြင့် ရေတွက်ခြင်းသို့ ရောက်ခဲ့ပါမူ ထိုအကြောင်းကြောင့် မနောဝိညာဏ်ကို ဝိညာဏက္ခန္ဓာဖြင့် ရေတွက်အပ်၏ဟူ၍ ဆိုသင့်၏။ |
12,266 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၂။ ပရဝါဒီ။ |
12,267 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နွားလားနှစ်ကောင်တို့ကို ကြိုးဖြင့်သော်လည်းကောင်း၊ သားရေလွန်ဖြင့်သော် လည်းကောင်း၊ ပေါင်းရုံးချည်ထားအပ်ကုန်သကဲ့သို့သော်လည်းကောင်း၊ ဆွမ်းအုပ်ကို ဆိုင်းဖြင့် သိမ်းယူ (ထည့်ထား) အပ်သကဲ့သို့သော်လည်းကောင်း၊ ခွေးကို တောက် (ခွေးချည်ကြိုး) ဖြင့် သိမ်းယူ (ချည်ထား) အပ်သကဲ့သို့သော်လည်းကောင်း၊ ဤအတူပင် ထိုတရားတို့ကို ထိုတရားတို့ဖြင့... |
12,268 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ကြိုးဖြင့်သော်လည်းကောင်း၊ သားရေလွန်ဖြင့်သော်လည်းကောင်း နွားနှစ်ကောင်တို့ကို ပေါင်းရုံး (ချည်ထား) အပ်ခဲ့ကုန်မူ ဆိုင်းအုပ်ဖြင့် ဆွမ်းကို သိမ်းယူ (ထည့်ထား) အပ်ခဲ့ပါမူ ခွေးကို တောက်ဖြင့် ပေါင်းရုံး (ချည်ထား) အပ်ခဲ့ပါမူ ထိုအကြောင်းကြောင့် အချို့သော တရားတို့ဖြင့် ပေါင်းရုံး (ရေတွက်) အပ်ကုန်သော အချို့သော တရားတို့သ... |
12,269 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ဂဟိတကထာ ပြီး၏။ |
12,270 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၁။ ကြိုးအစရှိသည်တို့ဖြင့် နွားအစရှိသည်တို့ကို ချည်ကုန်သကဲ့သို့ အချို့သော တရားတို့ဖြင့် အချို့သောတရားတို့ကို ရေတွက် ပေါင်းရုံးအပ်ကုန်သော မည်သည် မရှိကုန်၊ ထို့ကြောင့် အချို့သောတရားတို့ဖြင့် ရေတွက်အပ်ကုန်သော အချို့သော တရားတို့ မရှိနိုင်ကုန်၊ ယင်းသို့ဖြစ်သော် ဧကဝိဓေန ရူပသင်္ဂဟော အစရှိသော စကားသည် အကျိုးမရှိဟု အယူရှိသူ ရာဇဂိ... |
12,271 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ သကဝါဒီဆရာသည် ပရဝါဒီ ဆောင်ပြသော ဥပမာကို မနှစ်သက် မတားမြစ်မူ၍ ထိုပရဝါဒီဆရာ၏အယူကိုသာ ပယ်ဖျက်ရန် ဤစကားကို အားထုတ်တော်မူသည်။ |
12,272 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၄) ၂-သမ္ပယုတ္တကထာ၁ |
12,273 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၃။ သကဝါဒီ။ |
12,274 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ အချို့သောတရားတို့နှင့် ယှဉ်ကုန်သော အချို့သောတရားတို့သည် မရှိပါကုန်သလော။ |
12,275 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အချို့သောတရားတို့နှင့် အတူဖြစ်ကုန် တကွဖြစ်ကုန် ရောနှောကုန်တူသော ဖြစ်ခြင်း ရှိကုန်တူသော ချုပ်ခြင်းရှိကုန် တူသော တည်ရာရှိကုန် တူသော အာရုံရှိကုန်သော အချို့သော တရားတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
12,276 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ အချို့သောတရားတို့နှင့် အတူဖြစ်ကုန် တကွဖြစ်ကုန် ရောနှောကုန် တူသော ဖြစ်ခြင်းရှိကုန် တူသော ချုပ်ခြင်းရှိကုန် တူသော တည်ရာရှိကုန် တူသော အာရုံရှိကုန်သော အချို့သောတရားတို့သည် ရှိခဲ့ပါကုန်မူ အချို့သောတရားတို့နှင့် ယှဉ်ကုန်သော အချို့သောတရားတို့သည် မရှိကုန်ဟူ၍ မဆိုသင့်။ |
12,277 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာက္ခ္ခန္ဓာသည် သညာက္ခန္ဓာနှင့်တကွ ဖြစ်ပါသလော။ |
12,278 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဝေဒနာက္ခ္ခန္ဓာသည် သညာက္ခန္ဓာနှင့်တကွ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဝေဒနာက္ခ္ခန္ဓာသည် သညာက္ခန္ဓာနှင့် ယှဉ်၏ဟူ၍ ဆိုသင့်၏။ |
12,279 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာက္ခ္ခန္ဓာသည် သင်္ခါရက္ခန္ဓာနှင့်။ |
12,280 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝေဒနာက္ခ္ခန္ဓာသည် ဝိညာဏက္ခန္ဓာနှင့် တကွ ဖြစ်ပါသလော။ |
12,281 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဝေဒနာက္ခ္ခန္ဓာသည် ဝိညာဏက္ခန္ဓာနှင့်တကွ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဝေဒနာက္ခ္ခန္ဓာသည် ဝိညာဏက္ခန္ဓာနှင့် ယှဉ်၏ဟူ၍ ဆိုသင့်၏။ |
12,282 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာက္ခ္ခန္ဓာသည်။ |
12,283 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရက္ခန္ဓာသည်။ |
12,284 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဝိညာဏက္ခန္ဓာသည် ဝေဒနာက္ခ္ခန္ဓာနှင့်။ |
12,285 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သညာက္ခန္ဓာနှင့်။ |
12,286 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သင်္ခါရက္ခန္ဓာနှင့်တကွ ဖြစ်ပါသလော။ |
12,287 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဝိညာဏက္ခ္ခန္ဓာသည် သင်္ခါရက္ခန္ဓာနှင့်တကွ ဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဝိညာဏက္ခန္ဓာသည် သင်္ခါရက္ခန္ဓာနှင့် ယှဉ်၏ဟူ၍ ဆိုသင့်၏။ |
12,288 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၄။ ပရဝါဒီ။ |
12,289 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ နှမ်း၌ ဆီသည် သက်ရောက်သကဲ့သို့လည်းကောင်း၊ သက်ဝင်တည်နေသကဲ့သို့ လည်းကောင်း၊ ကြံ၌ ကြံရည်သည် သက်ရောက်သကဲ့သို့လည်းကောင်း၊ သက်ဝင်တည်နေသကဲ့သို့လည်းကောင်း ဤအတူ ထိုတရားတို့သည် ထိုတရားတို့နှင့် (အတူ) သက်ရောက်ပါကုန်သလော၊ သက်ဝင် တည်နေပါကုန်သလော၂။ |
12,290 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | သမ္ပယုတ္တကထာ ပြီး၏။ |
12,291 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | နှမ်း၌ ဆီသည် ပြန့်နှံ့၍ တည်သကဲ့သို့ ဝေဒနာ အစရှိသည်တို့သည် သညာ အစရှိသည်တို့၌ နှံ့၍ မတည်ကုန်၊ ထို့ကြောင့် အချို့သောတရားတို့သည် အချို့သောတရားတို့နှင့် ယှဉ်ခြင်း မရှိကုန်၊ သို့ဖြစ်သော် ဉာဏသမ္ပယုတ်စသော စကားသည် အကျိုးမရှိဟု အယူရှိသူ ရာဇဂိရိကနှင့် သိဒ္ဒတ္တိကဂိုဏ်းဝင် ပရဝါဒီဆရာတို့ကို ရည်ရွယ်၍ ဤသမ္ပယုတ္တကထာကို ဟောတော်မူသည်။ |
12,292 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၂။ ဝေဒနာသညာတို့၏ လက္ခဏာအားဖြင့် ထူးသည်၏ အဖြစ်ကို ပိုင်းခြားသကဲ့သို့ နှမ်းနှင့် ဆီတို့၏ လက္ခဏာအားဖြင့် ထူးသည်၏ အဖြစ်ကို ပိုင်းခြားမှု မရှိနိုင်။ |
12,293 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | မှန်၏၊ အလုံးစုံသော နှမ်း၏အဆန် နှမ်း၏အခွံတို့၌ နှမ်းဟု ခေါ်ဆိုခြင်းမျှသာ ဖြစ်၏၊ ထို့ကြောင့် နှမ်းကို ညှစ်ထုတ်၍ ယူအပ်သည်ရှိသော် ရှေးမူလပုံသဏ္ဌာန်အားဖြင့် နှမ်းမည်သည် မထင်ရှားနိုင်တော့ပေ၊ ထို့ကြောင့် ပရဝါဒီဆရာက ဥပမာထုတ်ဆောင်သော်လည်း ထုတ်ဆောင်သည်နှင့် မတူတော့ပေ။ |
12,294 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | -- (၆၅) ၃-စေတသိကကထာ၁ |
12,295 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ၄၇၅။ သကဝါဒီ။ |
12,296 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ။ စေတသိက်တရားသည် မရှိပါသလော။ |
12,297 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | စိတ်နှင့် အတူဖြစ်ကုန် တကွဖြစ်ကုန် ရောနှောကုန် ယှဉ်ကုန် တူသော ဖြစ်ခြင်း ရှိကုန် တူသော ချုပ်ခြင်းရှိကုန် တူသော တည်ရာရှိကုန် တူသော အာရုံရှိကုန်သော အချို့သောတရားတို့သည် ရှိကုန်သည် မဟုတ်ပါလော။ |
12,298 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ စိတ်နှင့် အတူဖြစ်ကုန် တကွဖြစ်ကုန် ရောနှောကုန် ယှဉ်ကုန် တူသော ဖြစ်ခြင်းရှိကုန် တူသော ချုပ်ခြင်းရှိကုန် တူသော တည်ရာရှိကုန် တူသော အာရုံရှိကုန်သော အချို့သော တရားတို့သည် ရှိခဲ့ပါကုန်မူ စေတသိက်တရားသည် မရှိဟူ၍ မဆိုသင့်။ |
12,299 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | ဖဿသည် စိတ်နှင့်အတူ ဖြစ်ပါသလော။ |
12,300 | Uncategorized | ကထာဝတ္ထုပါဠိတော်-ဒု | အရှင်ပရဝါဒီ ဖဿသည် စိတ်နှင့်အတူဖြစ်ခဲ့ပါမူ ထိုအကြောင်းကြောင့် ဖဿသည် စေတသိက်တည်းဟူ၍ ဆိုသင့်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.