id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,312,001
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အခန်း(၁၁) အလုပ်ပိတ်ခြင်းနှင့်သပိတ်မှောက်ခြင်း
1,312,002
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၃၇။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကိုလည်းကောင်း၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းနှင့် အကျုံးမဝင် သောလုပ်ငန်းကိုလည်းကောင်း၊ အလုပ်ပိတ်ခြင်းပြုလိုသော အလုပ်ရှင်သည် စတင်အလုပ်ပိတ်မည့် နေ့ရက်နှင့်ကာလကို သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်သမားများသို့ လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားအဖွဲ့အစည်းသို့ လည်းက...
1,312,003
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၃၈။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမား အဖွဲ့အစည်းသည် အဖွဲ့အစည်း ဝင်အလုပ်သမားအများစု၏ ဆန္ဒပြုချက်အရ-
1,312,004
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့် ဦးရေ၊ နည်းလမ်း နှင့် သပိတ်မှောက်မည့်အချိန်ကာလကို ဖော်ပြ၍ သတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်နှင့် သက်ဆိုင်ရာ ညှိနှိုင်းဖျန် ဖြေ ရေးအဖွဲ့သို့ သပိတ်မှောက်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်။
1,312,005
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) အလုပ်သမားများ၏ သပိတ်မှောက်ခြင်းဆိုင်ရာ အခွင့်အရေးကို မထိခိုက်စေဘဲ အများပြည်သူ၏ အခြေခံလိုအပ်ချက်များ ကို ဖြည့်ဆည်းရန် ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို အငြင်းပွားမှု မတိုင်မီညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ရမည်။
1,312,006
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ထိုသို့ ဆောင်ရွက်ရာတွင် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ အစည်းများသည် သပိတ်မှောက်ခဲ့လျှင် လုပ်ငန်းခွင်တွင် ဆက်လက် လုပ်ကိုင် နေရမည့် အလုပ်သမား အရေအတွက်နှင့် ရာထူးအမျိုးအစားအပေါ် သဘောတူညီချက် ရယူထားရမည်။
1,312,007
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ယင်းသို့ သဘောတူညီမှု မရရှိခဲ့ပါက ဝန်ဆောင်မှုပြုမည့် အနည်းဆုံးအရေအတွက်ကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် ဆုံးဖြတ် ရမည်။
1,312,008
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၃၉။ အလုပ်သမားအဖွဲ့အစည်းဝင်အများစု၏ ဆန္ဒပြုချက်အရ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများတွင် သပိတ်မှောက်ခြင်းပြုလိုသော အလုပ်သမားအဖွဲ့ အစည်းသည် သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်ဖြင့် သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းနှင့်အချိန်ကာလတို့ကိုဖော်ပြ၍ သတ်မှတ်ချက်နှ...
1,312,009
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၀။ (က) သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့သည် အလုပ်ပိတ်ခွင့်ပြုရန် အလုပ်ရှင်တစ်ဦးဦး၏ တင်ပြချက်နှင့် စပ်လျဉ်း၍ ခွင့်ပြု မပြုကို သက်ဆိုင်ရာအလုပ်ရှင်ထံ အချိန်မီအကြောင်းပြန်ကြားရမည်။
1,312,010
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်သည် အလုပ်သမားအဖွဲ့အစည်းတစ်ခုခုက သပိတ်မှောက် ခွင့်ပြုရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ခွင့်ပြုမပြုကို အလုပ်သမားအဖွဲ့အစည်းထံ အချိန်မီ အကြောင်းပြန် ကြားရမည်။
1,312,011
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၁။ အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းသည် အောက်ပါအချက် တစ်ရပ်ရပ်နှင့် ငြိစွန်းပါက ဥပဒေနှင့်ဆန့်ကျင်သောအလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ခြင်းဖြစ် သည်-
1,312,012
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု ပြတ်တောက်ရပ်ဆိုင်းစေခြင်းဖြင့် အများပြည်သူအချို့၏ အသက်၊ ကျန်းမာရေးနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သော အောက်ပါ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများ ဖြစ်ခြင်း-
1,312,013
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၁) ရေပေးဝေရေးလုပ်ငန်း၊
1,312,014
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၂) လျှပ်စစ်ဓာတ်အားလုပ်ငန်း၊
1,312,015
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၃) မီးသတ်လုပ်ငန်း၊
1,312,016
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၄) ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊
1,312,017
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(၅) တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်း၊
1,312,018
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
။ အချိန်ကာလတစ်ရပ်ကို ကျော်လွန်၍ သပိတ်မှောက်ခြင်းကြောင့် အငြင်းပွားမှုတွင် ပါဝင်သူများ၏ အလုပ် ခွင်အကျိုးစီးပွားကို ပြန်လည်အစားထိုး၍မရနိုင်အောင် ထိခိုက်လျှင်ဖြစ်စေ၊ အလွန်အမင်း ထိခိုက်စေလျှင်ဖြစ်စေ မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုမဟုတ်သည့် လုပ်ငန်းတစ်ခု သည် မရှိမဖြစ် လိုအပ်သော ဝန်ဆောင်မှုတစ်ခုအဖြစ် ပြောင်းလဲလာ နိုင်သည်။
1,312,019
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) အလုပ်သမားအဖွဲ့အစည်းများသည် သက်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၏ ခွင့်ပြုချက်မရှိဘဲ သပိတ်မှောက်ခြင်း၊
1,312,020
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဂ) အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ကြိုတင်အကြောင်း ကြားရန် ပျက်ကွက်ခြင်း၊
1,312,021
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဃ) လုပ်ခ၊ လစာ၊ သက်သာချောင်ချိရေး၊ အလုပ်ချိန်နာရီ သို့မဟုတ် အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ အကျိုးစီးပွား နှင့် သက်ဆိုင်သည့် အခြားကိစ္စများကဲ့သို့သော အလုပ်သမားရေးရာ ကိစ္စများနှင့် သက်ဆိုင်မှုမရှိခြင်း၊
1,312,022
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(င) သပိတ်မှောက်ခြင်းသည် ကြိုတင်ခွင့်ပြုချက်ရယူထားသည့် နေ့ရက်၊ နေရာ၊ အချိန်ကာလ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်းတို့ နှင့် ကိုက်ညီမှုမရှိခြင်း။
1,312,023
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၂။ ဥပဒေနှင့်ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သော သပိတ်မှောက်ခြင်း ဖြစ်ပါက တည်ဆဲဥပဒေ နှင့်အညီ တားဆီးနိုင်သည်။
1,312,024
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အခန်း(၁၂) တားမြစ်ချက်များ
1,312,025
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၃။ မည်သည့်အလုပ်ရှင်မျှ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ အများပြည်သူ ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းတွင်လည်းကောင်း၊ အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံး မဝင်သော လုပ်ငန်းတွင်လည်းကောင်း အလုပ်ပိတ်ခြင်းမပြုရ။
1,312,026
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၄။ မည်သည့်အလုပ်ရှင်မျှ-
1,312,027
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) အငြင်းပွားမှုတစ်ရပ်ရပ်အတွက် ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဉ်အတွင်း ယင်းအငြင်းပွားမှုကို အကြောင်းပြု၍ အလုပ် ပိတ်ခြင်းမပြုရ။
1,312,028
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) ပုဒ်မ ၄၁၊ ပုဒ်မခွဲ(က) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း မပြုရ။
1,312,029
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဂ) ပုဒ်မ ၄၁၊ ပုဒ်မခွဲ(က) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သည့် ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို ငြင်းဆန်သည့် အလုပ်သမားအား အလုပ်မှထုတ်ပစ်ခြင်းမပြုရ။
1,312,030
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ဃ) ဤဥပဒေနှင့်အညီအလုပ်သမားအဖွဲ့အစည်းတစ်ရပ်၏ လှုပ်ရှားမှုများကို ဆောင်ရွက်ရန် အလုပ်သမားအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း သို့မဟုတ် သပိတ်မှောက်ရာတွင် ပါဝင် ဆောင်ရွက်ခြင်းကြောင့် အလုပ်သမားတစ်ဦးအား အလုပ်မှထုတ်ပစ်ခြင်းမပြုရ။
1,312,031
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၅။ မည်သည့်အလုပ်သမားမျှ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွင် သပိတ်မှောက်ခြင်းပြု မည့်အကြောင်း ပုဒ်မ ၃၈ ပါသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာအလုပ်ရှင်သို့လည်းကောင်း၊ သက်ဆိုင် ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ လည်းကောင်း ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ သပိတ်မှောက်ခြင်း မပြုရ။
1,312,032
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၆။ မည်သည့်အလုပ်သမားမျှ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် အကျုံးမဝင်သော လုပ်ငန်းများတွင် သပိတ်မှောက်ခြင်းပြုမည့်အကြောင်း ပုဒ်မ ၃၉ ပါသတ်မှတ်ချက်နှင့်အညီ သက်ဆိုင်ရာ အလုပ်ရှင်သို့လည်းကောင်း၊ သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့လည်းကောင်း ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ သပိတ်မှောက်ခြင်းမပြုရ။
1,312,033
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၇။ မည်သည့်အလုပ်သမားမျှ-
1,312,034
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) အငြင်းပွားမှုတစ်ရပ်ရပ်အတွက် ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းနေစဉ်အတွင်း ယင်းအငြင်းပွားမှုကို အကြောင်းပြု၍ သပိတ် မှောက်ခြင်းမပြုရ၊
1,312,035
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) ပုဒ်မ ၄၁ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သော ဥပဒေနှင့်ဆန့်ကျင်၍ သပိတ်မှောက်ခြင်း မပြုရ။
1,312,036
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၈။ အလုပ်သမားအဖွဲ့အစည်းများ၏ ရန်ပုံငွေကို ယင်းတို့၏ ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြ ထားသော လူမှုသက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းစသည့် ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူ ကျင်းပသော အဆိုပါ အလုပ်သမားအဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အများ...
1,312,037
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၄၉။ မည်သူမျှ အလုပ်သမားတစ်ဦးဦးအား အလုပ်သမားအဖွဲ့အစည်းတွင် ပါဝင်စေရန် သို့မဟုတ် မပါဝင်စေရန် အတင်းအကျပ်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် မသမာသော နည်းဖြင့်သွေးဆောင်ဖြားယောင်းခြင်း မပြုရ။
1,312,038
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၀။ မည်သူမျှ-
1,312,039
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(က) အလုပ်အမှုဆောင်အဖွဲ့များက ဤဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ဟန့်တားနှောင့်ယှက်ခြင်းမပြုရ။
1,312,040
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
(ခ) အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ လေဆိပ်၊ ဘူတာရုံ၊ ခရီးသည်တင်ယာဉ်ရပ်နားစခန်း၊ ဆိပ်ကမ်း သို့မဟုတ် သံတမန် အဖွဲ့အစည်းများ၊ တပ်မတော် သို့မဟုတ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆောက်အအုံတစ်ခုခုမှ ကိုက် ၅၀၀ အတွင်းတွင် ဆန္ဒပြခြင်းမပြုရ။
1,312,041
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အခန်း(၁၃) ပြစ်ဒဏ်များ
1,312,042
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၁။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၄၃၊ ပုဒ်မ ၄၄ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,312,043
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၂။ မည်သည့်အလုပ်သမားမဆို ပုဒ်မ ၄၅၊ ၄၆ နှင့် ၄၇ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ် ချမှတ်ရမည်။
1,312,044
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၃။ မည်သူမဆို ပုဒ်မ ၄၈ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
1,312,045
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၄။ မည်သူမဆို ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀၊ ပုဒ်မခွဲ (က)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
1,312,046
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၅။ ပုဒ်မ ၅၀၊ ပုဒ်မခွဲ (ခ) ပါတားမြစ်ချက်အား ကျူးလွန်ရာ၌ လူပုဂ္ဂိုလ်ကို အကြမ်းဖက်ခြင်း၊ ပစ္စည်း အား ထိခိုက်ပျက်စီး စေခြင်း သို့မဟုတ် အခြားသော အခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်ခြင်း ကိစ္စများတွင် သက်ဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်။
1,312,047
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အခန်း(၁၄) အထွေထွေ
1,312,048
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၆။ ပြည်ထောင်စုအစိုးရသည် အလုပ်သမားအဖွဲ့အစည်းအား သင့်လျော်သလို အကူအညီပေးနိုင် သည်။
1,312,049
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
အလုပ်သမားအဖွဲ့အစည်း၏ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ကိုလည်း အလေး ထားစဉ်းစားရမည်။
1,312,050
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ပြည်ထောင်စုလွှတ်တော်၏ ဥပဒေများ, မြန်မာနိုင်ငံ လူမှုရေး ဥပဒေများ
အလုပ်သမားအဖွဲ့အစည်းဥပဒေ
၅၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလုပ်သမားဝန်ကြီး ဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လည်းကောင်း ထုတ်ပြန်နိုင်သည်။
1,312,051
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
1,312,052
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤဟတ္ထိပါလဇာတ်တော်တွင် အလောင်းတော်ကြီး အသီးအသီးတို့သည် မိမိ မိမိတို့၏ ရှုထောင့် အသီးအသီးမှ ကာမဂုဏ်တို့၏ အပြစ်များကို ရှုမြင်ကာ ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်သည့် အကျင့်ကောင်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရန် ရည်သန်တောင့်တတော်မူကာ ဟိမဝန္တာသို့ ရှေးရှူလျက် တောထွက်ခြင်းအမှုကို ပြုတော်မူခဲ့ကြပေသည်။
1,312,053
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်တို့၌ သာယာဖွယ် မက်မောဖွယ်ရှိသကဲ့သို့ ကာမဂုဏ်တို့၏ အပြစ်တွေကလည်း များလှပေသည်။
1,312,054
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သံသရာဝဋ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေသူတစ်ဦးအနေဖြင့် ကာမဂုဏ်တို့၏ သာယာဖွယ် မက်မောဖွယ် အချက်အလက်များက ထိုကာမဂုဏ်မှ ကာမဂုဏ်ပိုင်ရှင် ရုန်းကန်၍ ထွက်ခွာ မသွားနိုင်အောင် စွဲဆောင်ထားနိုင်သော စွမ်းအားရှိရကား သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်လိုသူ သူတော်ကောင်းတစ်ဦးအနေဖြင့်လည်း ထိုကာမဂုဏ်တွေကို စွန့်လွှတ်နိုင်အောင်, ထိုကာမ...
1,312,055
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုကာမဂုဏ်တို့၏ အပြစ်အာဒီနဝတို့ကိုလည်း ဘုရားရှင်သည် သုတ္တန်တော်တော် ခပ်များများတွင် အခါအခွင့်သင့်သလို ဟောကြားပြသ ဆိုဆုံးမတော်မူခဲ့၏။
1,312,056
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အောက်တွင် တင်ပြလတ္တံ့သော ပေါတလိယသုတ္တန် (မ၊၂၊၂၂-၃၁။
1,312,057
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
)မှ ကောက် နုတ်ချက်သည် ထိုဒေသနာတော်တို့တွင် တစ်ခု အပါအဝင် ဖြစ်ပေသည်။
1,312,058
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားရှင်နှင့် ပေါတလိယသူကြွယ်
1,312,059
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပေါတလိယသူကြွယ်ကား အင်္ဂတိုင်း အာပဏနိဂုံး၌ နေထိုင်သီတင်းသုံးသူတစ်ဦး ဖြစ်၏။
1,312,060
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လူမှုကိစ္စအဝဝကို ပယ်ထားပြီးသူလည်း ဖြစ်၏။
1,312,061
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူ့ကို လူဟု ခေါ်ဝေါ်သုံးစွဲလျှင်, သူကြွယ်ဟု ခေါ်ဝါ်သုံးစွဲလျှင် မနှစ်ခြိုက်သူတစ်ဦးလည်း ဖြစ်ပေသည်။
1,312,062
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော် သူ၏ အယူအဆနှင့် ဘုရားရှင်၏ အဆုံးအမ သာသနာတော်၏ အယူအဆတို့ကား ကွဲပြားလျက်ပင် ရှိကြ၏။
1,312,063
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ကား လူဟု ခေါ်ဝေါ်သုံးစွဲမှု အသုံးအနှုန်းကို ဖြတ်ဖို့ရန် တရား (၈)မျိုး ရှိပေသည်။
1,312,064
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယင်းတရား (၈)မျိုးတို့၏ အတိုချုပ်မှာ ဤသို့ဖြစ်၏ ---
1,312,065
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၁။ အသက်မသတ်ခြင်းကို မှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်။
1,312,066
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၂။ ပေးသော ဥစ္စာကို ယူခြင်းကို မှီ၍ မပေးသော ဥစ္စာကို ယူခြင်းကို ပယ်ရမည်။
1,312,067
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၃။ မှန်ကန်သော စကားကို မှီ၍ မမှန်သော စကားကို ပယ်ရမည်။
1,312,068
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၄။ ကုန်းမတိုက်သော စကားကို မှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်။
1,312,069
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၅။ မတပ်မက် မလိုချင်မှုကို မှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်။
1,312,070
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၆။ မကဲ့ရဲ့ မချုပ်ချယ်ခြင်းကို မှီ၍ ကဲ့ရဲ့ ချုပ်ချယ်ခြင်းကို ပယ်ရမည်။
1,312,071
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၇။ အမျက်မထွက်ခြင်း စိတ်မပင်ပန်းခြင်းကို မှီ၍ အမျက်ထွက်ခြင်း စိတ်ပင်ပန်းခြင်းကို ပယ်ရမည်။
1,312,072
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၈။ လွန်စွာ မာန်မမူခြင်း = လွန်စွာ မာန်မာနမကြီးခြင်းကို မှီ၍ လွန်စွာ မာန်မူခြင်းကို = လွန်စွာ မာန်မာနကြီးခြင်းကို ပယ်ရမည်။
1,312,073
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤ (၈)မျိုးတို့ကို လိုက်နာပြုကျင့်နေသော သူကိုသာ ဘုရားရှင်၏ အဆုံးအမသာသနာတော်၌ လူဟု, သူကြွယ် (ဂဟပတိ = အိမ်ရှင်)ဟု အခေါ် ခံရမှု လူ့အသုံးအနှုန်း ပြတ်ခြင်းငှာ ဖြစ်၏။
1,312,074
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(အကျယ်ကို မဇ္ဈိမပဏ္ဏာသပါဠိတော် ပေါတလိယသုတ်တွင် ကြည့်ရှုပါ။
1,312,075
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူ့အသက်ကို သတ်ခြင်း,
1,312,076
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၂။ မပေးသော ဥစ္စာကို ယူခြင်း,
1,312,077
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၃။ မမှန်သော စကားကို ပြောဆိုခြင်း,
1,312,078
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၄။ ကုန်းတိုက်သော စကားကို ပြောဆိုခြင်း,
1,312,079
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၅။ တပ်မက်လိုချင်မှုများခြင်း,
1,312,080
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၆။ ကဲ့ရဲ့ ချုပ်ချယ်ခြင်း,
1,312,081
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၇။ အမျက်ထွက်ခြင်း, စိတ်ပင်ပန်းခြင်း,
1,312,082
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၈။ လွန်စွာ မာန်မာနကြီးခြင်း ---
1,312,083
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဤတရား (၈)မျိုးတို့ကား သံသရာမှ မလွတ်အောင် နှောင်ဖွဲ့ထားတတ်သည့် သံယောဇဉ် အနှောင်အဖွဲ့တို့လည်း ဖြစ်ကြ၏။
1,312,084
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာန်မဂ်ဖိုလ်ကို မရအောင် တားမြစ်တတ်သည့် နီဝရဏ အပိတ်အပင်တို့လည်း ဖြစ်ကြ၏။
1,312,085
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယင်း တရားတို့ကို ပြုကျင့်သူတို့ကို ပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့ကြ၏။
1,312,086
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယင်းသို့ ပြုကျင့်လေ့ရှိသူတို့သည် သေသည်၏ အခြားမဲ့၌ အပါယ်လေးဘုံ တည်းဟူသော မကောင်းသော လားရာဂတိရှိသည်သာ ဧကန် ဖြစ်ပေသည်။
1,312,087
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုကြောင့် ယင်းတရားတို့ကို ပယ်ရှားရန် ဘုရားရှင်က ဆိုဆုံးမတော်မူခြင်း ဖြစ်ပေသည်။
1,312,088
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော် ထိုတရား (၈)မျိုးမျှလောက်ကို လိုက်နာပြုကျင့်နေရရုံမျှဖြင့် အခါခပ်သိမ်း လုံးဝဥဿုံ လူဟု ခေါ်ဝေါ်သုံးစွဲခံရခြင်း လူ့အသုံးအနှုန်း ပြတ်သည်ကား မဟုတ်သေးသည်သာဟု ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပေသည်။
1,312,089
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအခါ ပေါတလိယသူကြွယ်က --- မြတ်စွာဘုရား ... အဘယ်သို့သော အခြင်းအရာအားဖြင့် မြတ်စွာဘုရား၏ အဆုံးအမသာသနာတော်၌ အခါခပ်သိမ်း လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်ဝေါ်သုံးနှုန်းသည့် အသုံးအနှုန်း၏ ပြတ်ခြင်းသည် ဖြစ်ပါသနည်း? မြတ်စွာဘုရား ... တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် မိမိ၏ အဆုံးအမသာသနာတော်၌ အခါခပ်သိမ်း လုံးဝဥဿုံ လူဟု, သူကြွယ်ဟု ခေါ်...
1,312,090
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထိုအခါမှာ ဘုရားရှင်က ကာမဂုဏ်တို့၏ အပြစ်ကို ပြဆိုရာ တရားစကားတော်ကိုလည်းကောင်း, ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ကျင့်စဉ်ကို လည်းကောင်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည် ---
1,312,091
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဂုဏ်တို့၏ အပြစ်များ
1,312,092
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
၁။ အရိုးစုနှင့် ပမာတူ
1,312,093
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... နှိုင်းခိုင်းဖွယ်ရာ လောကဥပမာတစ်ခုကို ငါဘုရား ပြောပြဦးမယ် --- မွတ်သိပ်ဆာလောင်သဖြင့် အားနည်းနေတဲ့ ခွေးဟာ နွားတွေကို သတ်ဖြတ်တဲ့နေရာမှာ ရှိနေတဲ့ စဉ်းတီတုံး အနီးမှာ ရှေးရှူတည်နေတယ်ဆိုကြစို့ ... ကျွမ်းကျင်တဲ့ နွားသတ်သမားကဖြစ်စေ, နွားသတ်သမားရဲ့ တပည့်ကပဲဖြစ်စေ အရိုးမှာကပ်နေတဲ့ အသားတွေကို ကောင်းစွာ ခြစ်ယူခြင်း...
1,312,094
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ထိုငါပြောမယ့်စကားကို သင် ဘယ်လိုထင်မြင် ယူဆသလဲ? ထိုခွေးဟာ အရိုးမှာ ကပ်နေတဲ့, အသားမရှိအောင် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားပြီးတဲ့, အသားမရှိတော့တဲ့, သွေးသာ လိမ်းကျံနေတဲ့ ဤအရိုးကို လျက်သော် မွတ်သိပ်ဆာလောင်တဲ့အတွက် အားနည်းနေခြင်းကို ပယ်ဖျောက်နိုင်ပါ့မလား?ဟု မေးတော်မူလိုက်၏။
1,312,095
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မြတ်စွာဘုရား ... မပယ်ဖျောက်နိုင်ပါ။
1,312,096
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘယ်ကြောင့်နည်းဆိုလျှင် မြတ်စွာဘုရား ဤအရိုးဟာ အသားမရှိအောင် ကောင်းစွာ ခြစ်ယူခြင်းဖြင့် ခြစ်ယူထားတဲ့အတွက် အသားမရှိ သွေးသာ လိမ်းကျံနေသောကြောင့် ဖြစ်ပါတယ် မြတ်စွာဘုရား ...။
1,312,097
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အမှန်ကိုဆိုရမူ ထိုခွေးဟာ ပင်ပန်းရုံ နွမ်းနယ်ရုံမျှသာ ဖြစ်ရာပါတယ် မြတ်စွာဘုရား ...ဟု လျှောက်ထားလေသည်။
1,312,098
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာ သူကြွယ် ... ဤဥပမာအတူသာလျှင် မြတ်စွာဘုရား၏ တပည့်သာဝကတစ်ဦးဟာ ဤသို့ ဆင်ခြင်တယ် --- ဤကာမဂုဏ်တို့သည် အသားမကပ်သည့်အရိုးနှင့် တူကုန်၏။
1,312,099
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော ဆင်းရဲခြင်းတို့ဖြင့် များစွာ ဆင်းရဲခြင်း ရှိကုန်၏။
1,312,100
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
များစွာ ပူပန်ခြင်း, ပင်ပန်းခြင်း ရှိကုန်၏။