id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,501 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝေယျာဝစ္စသမားတွေသာ ဖြစ်ပြီးတော့ တရားအားမထုတ်တဲ့အတွက် သူတို့က အဆင့်နိမ့်သွားတယ်။ |
1,314,502 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဆင့်နိမ့်တဲ့အတွက် လူ့ပြည် လူ့လောကမှာရှိတဲ့ သူဌေးသူကြွယ်မျိုးတွေမှာပဲ လာပြီး လူဖြစ်ကြတယ်။ |
1,314,503 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီဇာတ်တော်က ဒီလောက်နဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ |
1,314,504 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုန်းကြီး ဟောချင်တဲ့ နောက်ဆုံး ဂါထာကလေးတစ်ခု ကျန်နေပါသေးတယ်။ |
1,314,505 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျန်နေ တာက ဘာလဲဆိုတော့ -- ဗာရာဏသီပြည်မှာ ဧသုကာရီဘုရင်မင်းကြီးနဲ့တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်သွားကြတဲ့အခါမှာ အကုန်လုံး ကုန်သွားသလားဆိုတော့ မကုန်ဘူး။ |
1,314,506 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘယ်သူတွေ ကျန်နေသေးသလဲ? အခါး သမားတွေ ငမူးသမားတွေ ကျန်နေရစ်တယ်။ |
1,314,507 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အခါးသမားတွေက ဗာရာဏသီပြည်ကြီးမှာ ကျန်နေရစ်တဲ့ အချိန်အခါကျတော့ တခြားတခြား တိုင်းပြည်တွေက ရောက်လာကြတဲ့ တခြား ဘုရင်တွေက အဲဒီ အခါးသမား တွေကို အကျိုးအကြောင်း မေးကြည့်ကြတယ်။ |
1,314,508 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တခြား တိုင်းပြည်က ရှင်ဘုရင်တွေကလည်း ဗာရာဏသီမှာ ရှင်ဘုရင် မရှိတော့ဘူးဆိုတဲ့သတင်းကို ကြားလို့ ဆိုက်ရောက်လာကြခြင်း ဖြစ်ကြတယ်။ |
1,314,509 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလောက် တန်ဆာဆင်ထားတဲ့ မြို့ကြီးနှင့်တကွ အမျိုးမျိုးသော ရတနာ အစုအပုံတွေကို စွန့်လွှတ်ပြီး တောထွက်သွားခြင်း ရသေ့ရဟန်း ပြုခြင်းဟာ မွန်မြတ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပေလိမ့်မယ်လို့ သဘောပိုက်ကြတယ်။ |
1,314,510 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သဘောပိုက်ပြီးတော့ ဒီအခါးသမားတွေကို တောထွက်သွားတဲ့ လမ်းတွေကို မေးကြတယ်။ |
1,314,511 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မေးပြီးတော့ သူတို့ ညွှန်ပြတဲ့ လမ်းအတိုင်း (၆)ပြည်ထောင်မှာ ရှိနေတဲ့ ဘုရင်နှင့်တကွ တိုင်းသူပြည်သားတွေပါ တောထွက်သွားကြတယ်။ |
1,314,512 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ကျနေသူများ |
1,314,513 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (၇)ပြည်ထောင်မှာ ရှိနေတဲ့ ရှင်ဘုရင်တွေနှင့်တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်သွားတဲ့အချိန်မှာ တိုင်းပြည်မှာ ကျန်ရစ်နေတဲ့ အခါးသမားတွေက ဘာစိတ်ကူးရသလဲ? သူတို့ချည်း နေရတာ ကြာတော့လည်း ပျင်းလာကြတယ်။ |
1,314,514 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပျင်းလာတာနဲ့ သူတို့က ဘာလုပ်ကြသလဲ? တို့လည်း မထူးတော့ပါဘူးကွာ၊ တောထွက်ကြစို့လို့ တိုင်ပင်ပြီးတော့ သူတို့လည်း တောထွက်လိုက်သွားကြတယ်။ |
1,314,515 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်မကျဘူးလား? နောက်ကျသွားတယ်။ |
1,314,516 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ကျသွားတဲ့အတွက်ကြောင့် အဲဒီပုဂ္ဂိုလ်တွေ ဘာဖြစ်သလဲ? နောက်ဆုံးမှ တောထွက်တဲ့အတွက် သူတို့က ဘုရားရှင် နိဗ္ဗာန်သို့ ဝင်စံတော်မူတဲ့ အချိန်မှာ တစ်ပါတည်း ပါမသွားကြဘူး။ |
1,314,517 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘုရားအလောင်းတော်တို့ တောထွက်တော်မူတဲ့အချိန်မှာ အတူတကွ တောထွက်လိုက်သွားကြတဲ့ ပရိသတ်တွေကတော့ ဘုရားရှင် ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ ပရိသတ်တွေဖြစ်ပြီး ဘုရားရှင်နှင့် အတူတကွ နိဗ္ဗာန်ကို ဝင်စံသွားတော်မူကြပါတယ်။ |
1,314,518 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အခါးသမားဖြစ်တဲ့ အုပ်စုတွေကတော့ ဘုရားရှင်နဲ့ တစ်ပါတည်း ပါမသွားကြဘဲ ကျန်ရစ်နေခဲ့ကြတယ်။ |
1,314,519 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သို့သော်လည်း သူတို့က တောထွက်တဲ့အထဲမှာ ပါသွားတဲ့အတွက် နောက်ကျ သော်လည်း သီဟိုဠ်ခေတ်သာသနာလောက် ရောက်လာတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? သူတို့က သာသနာတော်မှာ ထင်ရှားတဲ့ မထေရ်ကြီးတွေ ဖြစ်လာကြတယ်။ |
1,314,520 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၁) မထေရ်ကြီးကတော့ မဟာပထဝီမြေကြီးကို တုန်လှုပ်သွားစေ နိုင်တဲ့ စွမ်းအား ရှိတယ်။ |
1,314,521 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တန်ခိုးအာနိသင် ကြီးမားတဲ့ ဓမ္မဂုတ္တ မထေရ် ဖြစ်ပါတယ်။ |
1,314,522 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၂) မထေရ်ကြီးကတော့ ဖုဿဒေဝမထေရ် ဖြစ်ပါတယ်။ |
1,314,523 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၃) မထေရ်ကြီးကတော့ မဟာသံဃရက္ခိတမထေရ် ဖြစ်ပါတယ်။ |
1,314,524 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၄) မထေရ်ကြီးကတော့ မလယအရပ်မှာ နေထိုင်တဲ့ မဟာဒေဝ မထေရ် ဖြစ်ပါတယ်။ |
1,314,525 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၅) မထေရ်ကြီးကတော့ အဘယဂီရိအရပ်မှာ နေထိုင်တော်မူတဲ့ မဟာဒေဝမထေရ် ဖြစ်ပါတယ်။ |
1,314,526 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၆) မထေရ်ကြီးကတော့ ရွာနီးကျောင်းလိုဏ်မှာ သီတင်းသုံးတော်မူတဲ့ မဟာသီဝမထေရ် ဖြစ်ပါတယ်။ |
1,314,527 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံပါတ် (၇) မထေရ်ကြီးကတော့ ကာဠဝလ္လိခေါ်တဲ့ နွယ်မဲမဏ္ဍပ်ကျောင်းမှာ သီတင်းသုံးတော်မူတဲ့ မဟာနာဂမထေရ်ကြီး ဖြစ်ပါတယ်။ |
1,314,528 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ မထေရ်မြတ်ကြီးတွေ အားလုံး နောက်ပိုင်းကျမှ ရဟန္တာဖြစ်ပြီးတော့ ကျွတ်တမ်းဝင်ကြရတယ်။ |
1,314,529 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဘာကြောင့် နောက်ပိုင်းကျမှ ကျွတ်တမ်း ဝင်ကြရသလဲလို့ မေးလျှင်တော့ ကောင်းမှုကုသိုလ်ပြုစဉ် အချိန်အခါတုန်းက နောက်ကျပြီး ပြုတဲ့အတွက်ကြောင့် ကျွတ်တမ်းဝင်တဲ့ အချိန်အခါမှာလည်း ဘာဖြစ်သလဲ? နောက်ကျပြီးတော့မှ ကျွတ်တမ်းဝင်ကြရတယ်။ |
1,314,530 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် မြတ်စွာဘုရားက --- |
1,314,531 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒန္ဓဥှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတေ မနော။ |
1,314,532 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ကလျာဏေ = ကောင်းမှုကုသိုလ်တို့ကို။ |
1,314,533 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဘိတ္ထရေထ = လျင်မြန်စွာ ပြုလုပ်လေရာ၏။ |
1,314,534 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါပါ = မကောင်းမှုမှ။ |
1,314,535 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ္တံ = မိမိရဲ့စိတ်ကို။ |
1,314,536 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နိဝါရယေ = တားမြစ်လေရာ၏။ |
1,314,537 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုညံ = ကောင်းမှုကုသိုလ်ကို။ |
1,314,538 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒန္ဓံ = နှေးနှေးကွေးကွေး။ |
1,314,539 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကရောတော = ပြုလုပ်၍နေသော ပုဂ္ဂိုလ်၏။ |
1,314,540 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနော = စိတ်အစဉ်သည်။ |
1,314,541 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပါပသ္မိံ = မကောင်းမှု၌။ |
1,314,542 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရမတေ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေတတ်ပါပေ၏။ |
1,314,543 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှုကုသိုလ်ကို ခပ်မြန်မြန် လုပ်ရမလား, ခပ်နှေးနှေး လုပ်ရမလား? ခပ်မြန်မြန် လုပ်ရမယ်တဲ့။ |
1,314,544 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရားအားထုတ်တာကို ခပ်မြန်မြန် အားထုတ်ရမလား, ခပ်နှေးနှေး အားထုတ်ရမလား? ခပ်မြန်မြန် အားထုတ် ရမယ်တဲ့။ |
1,314,545 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရားအားထုတ်ဖို့ တပည့်တော်တို့ သင်္ကြန်လွန်လောက် လာခဲ့မယ်ဘုရား ဒီရက်ကလေး တပည့်တော် နည်းနည်း ရွှေ့ထားတယ် ဘုရား၊ ကျောင်းပိတ်လျှင် လာခဲ့မယ်ဘုရား၊ ရှေ့နှစ်ကျတော့ တပည့်တော် လာခဲ့မယ် ဘုရား။ |
1,314,546 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဟိုရွှေ့ ဒီရွှေ့ ရွှေ့သင့်သလား? မရွှေ့သင့်ဘူး။ |
1,314,547 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှု ကုသိုလ်ဆိုတာ ခပ်မြန်မြန် ကြိုးစားရတယ်။ |
1,314,548 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခပ်မြန်မြန် ကြိုးစားမှသာလျှင် ခပ်မြန်မြန် နိဗ္ဗာန်ရမယ်။ |
1,314,549 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခပ်ဖြည်းဖြည်း ခပ်နှေးနှေး နောက်ကျမှ ကြိုးစားလျှင် နောက်ကျမှ နိဗ္ဗာန်ရမယ်။ |
1,314,550 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှုကုသိုလ်ကို ခပ်မြန်မြန် မပြုဘဲ နှေးနှေးကွေးကွေး ပြုနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ မကောင်းမှုမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားတွေ ပေါ်လာတတ်ပါတယ်တဲ့။ |
1,314,551 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါယကာကြီးတွေ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်တယ်။ |
1,314,552 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကောင်းမှုကုသိုလ်မှာ ခပ်မြန်မြန် မပြုတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ထားသည် မကောင်းမှုမှာ မွေ့လျော်တဲ့ စိတ်ထားတွေ ရောက်သွားတတ်တယ်။ |
1,314,553 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် သတိကြီးစွာနဲ့ စဉ်းစားဆင်ခြင်ဖို့လိုပါတယ်။ |
1,314,554 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယခု အဲဒီ မထေရ်မြတ်ကြီးတွေထဲက ဘုန်းကြီး မထေရ်မြတ်ကြီး (၃)ပါး အကြောင်းကို အတုယူဖွယ်ကောင်းတဲ့အတွက် ဘုန်းကြီး ဗဟုဿုတအဖြစ် ဟောပေးဖို့ ရည်ရွယ်ထားပါတယ်။ |
1,314,555 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမ္ပဇဉ်ပိုင်း |
1,314,556 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမ္ပဇဉ်ပိုင်း ရှုကွက် |
1,314,557 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီမထေရ်မြတ်ကြီး (၃)ပါးအကြောင်းကို ဟောမယ်ဆိုလျှင်တော့ ဝိပဿနာပိုင်းနဲ့ဆိုင်တဲ့ ရှုကွက်ကလေးတွေ ရှေးဦးစွာ နားလည်ထားမှ ပိုပြီး သဘောပေါက်မှာ ဖြစ်ပါတယ်။ |
1,314,558 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ဘုန်းကြီး အဲဒီ ဝိပဿနာပိုင်းနဲ့ ဆိုင်တဲ့ ရှုကွက်တွေထဲက သမ္ပဇဉ်ပိုင်း ရှုကွက်ကလေးကို အတိုချုပ်ပြီး နည်းနည်း ပြောပြပါမယ်။ |
1,314,559 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြတ်စွာဘုရား မဟာသတိပဋ္ဌာနသုတ္တန်ကို ဟောကြားတော်မူစဉ် အချိန်တုန်းက သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ သမ္ပဇဉ်ပိုင်း ရှုကွက် တစ်ခုကို ဟောကြားထားတော်မူခဲ့ပါတယ်။ |
1,314,560 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ (ဒီ၊၂၊၂၃၃။ |
1,314,561 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဘိက္ကန္တေ = ရှေ့သို့တက်ရာ၌။ |
1,314,562 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဋိက္ကန္တေ = နောက်သို့ဆုတ်ရာ၌။ |
1,314,563 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိသည်။ |
1,314,564 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှေ့သို့တက်လျှင် သမ္ပဇဉ်ဉာဏ်ကလေးနဲ့ ပြုပါ၊ နောက်သို့ ဆုတ်လျှင်လည်း သမ္ပဇဉ်ဉာဏ်ကလေးနဲ့ ပြုပါတဲ့။ |
1,314,565 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမ္ပဇာန = သံ (ကောင်းမွန် မှန်ကန်စွာ) + ပ (ကွဲကွဲပြားပြား) + ဉာ (သိတယ်) = ကောင်းမွန် မှန်ကန်စွာ ကွဲကွဲပြားပြားသိတဲ့ ဉာဏ်နဲ့ ရှေ့သို့တက်ရာ, နောက်သို့ဆုတ်ရာတွေမှာ ပြုလုပ် ပါတဲ့။ |
1,314,566 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရှေ့သို့တက်လျှင်, နောက်သို့ဆုတ်လျှင်ဆိုတဲ့ ဒီစကားကလေးကို ကျကျနန နားလည်ရေးအတွက် ဣရိယာပထပိုင်းနဲ့ နည်းနည်း ယှဉ်တွဲပြီးပြောမှ သဘောပေါက်ပါလိမ့်မယ်။ |
1,314,567 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဣရိယာပထပိုင်းမှာ ဘုရားရှင်က --- |
1,314,568 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ၊ (ဒီ၊၂၊၂၃၂။ |
1,314,569 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) သွားလျှင် သွားတယ်လို့ သိပါ၊ ရပ်လျှင် ရပ်တယ်လို့ သိပါ၊ ထိုင်လျှင် ထိုင်တယ်လို့ သိပါ၊ အိပ်လျှင် အိပ်တယ်လို့ သိပါ။ |
1,314,570 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလို ဘုရားရှင်က ညွှန်ကြားထားတော်မူတယ်။ |
1,314,571 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီးတော့ သွားလျှင် သွားတယ်လို့ သိတယ်ဆိုတာက ဘယ်လို သိနည်းမျိုးဆိုတာကို အဋ္ဌကထာက ဖွင့်ပြထားပါတယ်။ |
1,314,572 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ |
1,314,573 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဂစ္ဆာမီတိ စိတ္တံ = သွားအံ့ဟူသော စိတ်သည်။ |
1,314,574 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဝါ) သွားအံ့ဟူသော စိတ်စေတသိက် တရားစုသည်။ |
1,314,575 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍ လာ၏။ |
1,314,576 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တံ = ထိုသွားလိုတဲ့ စိတ်သည်။ |
1,314,577 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယံ = ဝါယောဓာတ်ကို။ |
1,314,578 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇနေတိ = ဖြစ်စေ၏။ |
1,314,579 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သွားမယ်ဆိုတဲ့ စိတ်ကလေးတစ်ခု ဖြစ်ပေါ်လာပြီဆိုကြစို့၊ စိတ်တို့မည်သည် စေတသိက်နဲ့ ကင်းပြီး ဘယ်တော့မှ ဖြစ်ရိုးဓမ္မတာ မရှိဘူး။ |
1,314,580 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စိတ်နဲ့ စေတသိက်သည် အမြဲတမ်း ယှဉ်တွဲပြီး ဖြစ်နေကြပါတယ်။ |
1,314,581 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် စိတ် ဖြစ်တယ်ဆိုတာနဲ့ စေတသိက်လည်း တစ်ချိန်တည်း ဖြစ်ကြတယ်။ |
1,314,582 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ သွားချင်တဲ့စိတ် သို့မဟုတ် သွားချင်တဲ့ စိတ်စေတသိက် တရားစုက ဝါယောဓာတ်ကို ဖြစ်စေတယ်တဲ့။ |
1,314,583 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယောဓာတ်ကို ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဋီကာဆရာတော်က ဘယ်လို ဖွင့်ပြထားသလဲ? |
1,314,584 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ၊ (ဒီ၊ဋီ၊၂၊၃၀၄။ |
1,314,585 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဝါယံ ဇနေတီတိ = ဝါယောဓာတ်ကို ဖြစ်စေ၏ဟူသည်ကား။ |
1,314,586 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယောဓာတုအဓိကံ = ဝါယောဓာတ် လွန်ကဲ၍နေတဲ့။ |
1,314,587 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရူပကလာပံ = ရုပ်တရားအပေါင်းကို (ဝါ) ရုပ်ကလာပ်အပေါင်းကို။ |
1,314,588 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဥပ္ပါဒေတိ = ဖြစ်စေ၏။ |
1,314,589 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယောဓာတ်ကို ဖြစ်စေတယ်ဆိုတာ ဝါယောဓာတ် တစ်ခုတည်းကို ဖြစ်စေတာ မဟုတ်ဘူး။ |
1,314,590 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်တွေကို ဖြစ်စေတာတဲ့။ |
1,314,591 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒီလိုဆိုလျှင် သွားမယ်ဆိုတဲ့ စိတ်ကြောင့် ရုပ်ကလာပ်တွေဖြစ်တာကို မြင်အောင် ရှုရမလား, မရှုရဘူးလား? ရှုရတော့မယ်။ |
1,314,592 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကဲ - ဘယ်လို ရှုကြမလဲ? ရှုကွက်ကလေးကို နည်းနည်း အတိုချုပ်ပြီးတော့ ပြောကြရအောင် --- |
1,314,593 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကမ္မဋ္ဌာန်းမှာ ဘုန်းကြီးတို့ သမထပိုင်း, ဝိပဿနာပိုင်းဆိုပြီး ကမ္မဋ္ဌာန်း (၂)မျိုး ရှိပါတယ်။ |
1,314,594 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းလို့ ခေါ်ပါတယ်။ |
1,314,595 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သမထကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ကမ္မဋ္ဌာန်း (၄၀) ဟောထားတော်မူပါတယ်။ |
1,314,596 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါက သမာဓိစခန်း ဖြစ်ပါတယ်။ |
1,314,597 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝိပဿနာပိုင်း ရောက်လာပြီဆိုလျှင်တော့ ဝိပဿနာကမ္မဋ္ဌာန်းပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီး ကမ္မဋ္ဌာန်း (၂)မျိုးပဲ မြတ်စွာဘုရားက ဟောကြားတော်မူပါတယ်။ |
1,314,598 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောတော်မူတဲ့အခါ ဘယ်လို ဟောကြားတော်မူသလဲ? |
1,314,599 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) တတ္ထ = ထိုရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ |
1,314,600 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကထေန္တော = ဟောကြားပြသ ဆိုဆုံးမသည်ရှိသော်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.