id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,314,601
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင်္ခေပမနသိကာရဝသေန ဝါ = အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။
1,314,602
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိတ္ထာရမနသိကာရဝသေန ဝါ = အကျယ် နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။
1,314,603
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စတုဓာတုဝဝတ္ထာနံ = စတုဓာတုဝဝတ္ထာန်ဟု ခေါ်ဆိုအပ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းကို။
1,314,604
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကထေသိ = ဟောကြားပြသ ဆိုဆုံးမတော်မူမြဲဓမ္မတာ ဖြစ်ပေ၏။
1,314,605
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ ဘုရားရှင် ဟောကြားတော်မူပြီ ဆိုလျှင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း အားဖြင့် နှစ်နည်းပဲ ဟောတော်မူပါတယ်။
1,314,606
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ရုပ်တရားကို ရှုချင်တဲ့ ပုဂ္ဂိုလ်က ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ကြိုက်လျှင်လည်း အကျဉ်းနည်းနဲ့ ရှုနိုင်ပါတယ်။
1,314,607
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း ကြိုက်လျှင်လည်း အကျယ်နည်းနဲ့ ရှုနိုင်ပါတယ်။
1,314,608
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တခြားနည်းနဲ့ ဟောကြား ထားတော်မူခဲ့တဲ့ ရှုကွက်ဆိုတာ ရှိသလား? မရှိဘူး။
1,314,609
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက ဘုန်းကြီးတို့ ဝိပဿနာလုပ်ငန်းခွင်မှာ သတ်မှတ်ပေးထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။
1,314,610
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီစည်းကမ်းကို ဖောက်ဖျက်လို့တော့ မရဘူး။
1,314,611
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိတို့က ရုပ်တရားကိုတော့ ရှုနေတယ်။
1,314,612
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒီဓာတ်ကမ္မဋ္ဌာန်းကို မရှုဘူးဆိုလျှင်တော့ ရုပ်ကမ္မဋ္ဌာန်းကို ပုံစံမှန် ရှုတယ်လို့ ပြောနိုင်ပါ့သလား? မပြောနိုင်ဘူး။
1,314,613
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်ကလာပ်လည်း မြင်နိုင်ပါ့မလား? များသောအားဖြင့်တော့ မမြင်နိုင်ပါဘူး။
1,314,614
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
များသောအားဖြင့်လို့ ပြောရတာကတော့ ပါရမီရှိတဲ့ တချို့ ယောဂီသူတော်ကောင်းများ တစ်ခါ တစ်ရံ မြင်တတ်တဲ့သဘောတော့ ရှိပါတယ်။
1,314,615
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် ဘာမှတော့ ဆက်ပြီး မလုပ်တတ်ကြပါဘူး။
1,314,616
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်ကလာပ်ကလေးတွေကို မြင်အောင် ဘယ်လို ရှုရမလဲလို့ မေးလျှင်တော့ ခုနက ဓာတ်ကမ္မဋ္ဌာန်းနဲ့ စပြီး ပြည်တည်ရပါတယ်။
1,314,617
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျဉ်းနည်း ကြိုက်လျှင် အကျဉ်းနည်းနဲ့ ပြည်တည်နိုင်တယ်။
1,314,618
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျယ်နည်း ကြိုက်လျှင်လည်း အကျယ်နည်းနဲ့ ပြည်တည်နိုင်ပါတယ်။
1,314,619
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကျဉ်းနည်း ရှုကွက်မှာတော့ ဓာတ်ကြီးလေးပါးက စပြီး ရှုရပါတယ်။
1,314,620
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဓာတ်ကြီး လေးပါးက ဘာတွေလဲ?
1,314,621
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓာတ်ကမ္မဋ္ဌာန်း ရှုကွက်
1,314,622
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပထဝီဓာတ်က မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘော။
1,314,623
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားတော့မယ့် ယောဂီပုဂ္ဂိုလ်က မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,624
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြမ်းမှု ထင်ရှားတဲ့ တစ်နေရာက စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,625
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လေးမှုထင်ရှားတဲ့ တစ်နေရာက စပြီး လေးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,626
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,627
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ချောမှုထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,628
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပေါ့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,629
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက ပထဝီဓာတ်ရဲ့ သဘောတရား (၆)မျိုး ဖြစ်ပါတယ်။
1,314,630
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပူမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,631
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,632
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက တေဇောဓာတ်ရဲ့ သဘောတရား (၂)မျိုး ဖြစ်တယ်။
1,314,633
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထောက်ကန်မှု ထင်ရှားတဲ့ တစ်နေရာကစပြီး ထောက်ကန်တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,634
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာကစပြီး တွန်းကန်တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။
1,314,635
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက ဝါယောဓာတ် (၂)မျိုး ဖြစ်တယ်။
1,314,636
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သဘောတရား (၁၀)ခုကို ကျေညက်အောင် ရှုနိုင်ပြီ၊ ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပြီဆိုလျှင်တော့ ဖွဲ့စည်းတဲ့သဘောလည်း ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ ပေါ်လာတတ်တယ်။
1,314,637
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မပေါ် ဖြစ်နေလျှင်တော့ တွန်းတဲ့သဘောနှင့် မာတဲ့သဘော နှစ်ခုကို ဦးစားပေးပြီး ရှုနေလျှင်တော့ ပေါ်လာတတ်ပါတယ်။
1,314,638
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဖွဲ့စည်းတဲ့သဘောက ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ ယိုစီးမှု ထင်ရှားတဲ့ သွားအရင်း, လျှာအရင်း, လျှာဖျားတို့လို တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင် စိုက်ရှုပါ။
1,314,639
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အသားကြား အရိုးကြား အရေကြား အကြောကြားသို့တိုင်အောင် ဉာဏ်နဲ့ စိုက်ပြီး ကြည့်ရပါတယ်။
1,314,640
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘောက အာပေါဓာတ်ရဲ့ သဘောတရား နှစ်ခု ဖြစ်ပါတယ်။
1,314,641
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပေါင်းလိုက်တော့ ဓာတ်သဘောတရား ဘယ်နှစ်ပါး ရှိသွားပြီလဲ? ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ် (၄)ပါး၊ သဘောတရား (၁၂)မျိုး ဖြစ်ပါတယ်။
1,314,642
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဓာတ် (၄)ပါး, သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်နဲ့ ခွဲခြား စိတ်ဖြာပြီးတော့ သွက်အောင် ခန္ဓာကိုယ်မှာ ရှုနိုင်ပြီဆိုလျှင်တော့ ထိုယောဂီပုဂ္ဂိုလ်က ခေါင်းကဖြစ်စေ သို့မဟုတ် လည်ကုပ်လောက်က ဖြစ်စေ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ ရှုရပါတယ်။
1,314,643
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိမိ ထိုင်နေတဲ့ အသွင်အပြင်ကို အပေါ်ကနေ စီးကြည့်တဲ့ ပုံစံနဲ့ ရှုရပါတယ်။
1,314,644
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
များသောအားဖြင့် ခေါင်းကနေ ခြုံငုံပြီး ရှုကြည့်တဲ့ ယောဂီများမှာ ခေါင်းကြီး ခဲသွားပြီး မခံနိုင် ဖြစ်တတ်လို့ ကုပ်လောက်ကနေ စပြီး ခြုံရှုဖို့ သင်ပေးရပါတယ်။
1,314,645
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါပေမယ့် တချို့ ယောဂီများကျတော့ လည်ကုပ်ကနေ စရှုလျှင်လည်း လည်ကုပ်ကြီး ခဲနေပြန်လို့ အဲဒီအခါမှာ တစ်ကိုယ်လုံးကို ခြုံငုံပြီး အတွင်းဘက်ကို စိုက်ပြီး စောင့်ကြည့်ပါဆိုပြီး သင်ပေးရပြန်တယ်။
1,314,646
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ခြုံငုံပြီး ရှုတဲ့ အချိန်အခါမှာ ခန္ဓာကိုယ်ကို အာရုံမယူဘဲ ဓာတ်ကိုသာ အာရုံယူပြီး ရှုရပါတယ်။
1,314,647
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဓာတ်သဘောတွေက ဉာဏ်ထဲမှာ ပြိုင်တူလိုလို ပေါ်လာတဲ့ အချိန်အခါမှာ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ သဘောတွေကို ကြည့်ပြီး ပထဝီဓာတ်။
1,314,648
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယိုစီး-ဖွဲ့စည်းသဘောတွေကို ကြည့်ပြီး အာပေါဓာတ်။
1,314,649
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပူ-အေးသဘောတွေကို ကြည့်ပြီး တေဇောဓာတ်။
1,314,650
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထောက်-တွန်းသဘောတွေကို ကြည့်ပြီး ဝါယောဓာတ်။
1,314,651
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဓာတ် (၄)ပါးကို အာရုံ ယူပြီးတော့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ရှုရပါတယ်။
1,314,652
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို မနှေးမမြန် ရှုရာကနေ နောက်တော့ တဖြည်းဖြည်း စိတ်က ဓာတ် (၄)ပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပါလိမ့်မယ်။
1,314,653
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဓာတ်လေးပါး အာရုံမှာ တည်လာအောင် ဘုန်းကြီး ရှေ့ပိုင်းမှာ ပြောခဲ့တဲ့အတိုင်း မိမိတို့က ကသိုဏ်းတစ်ခုခုကို အခြေခံထားတယ်၊ သို့မဟုတ် အာနာပါနစျာန် တစ်ခုခုကို အခြေခံထားတယ်ဆိုလျှင်တော့ မိမိ အခြေခံထားတဲ့စျာန်ကို ပထမ ဝင်စားပြီးတော့မှ ဓာတ် (၄)ပါးကို ရှုလျှင် ပိုပြီး လွယ်ကူပါတယ်။
1,314,654
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဓာတ် (၄)ပါးနဲ့ သမာဓိထူထောင်လိုက်တဲ့အခါ ဓာတ် (၄)ပါး အာရုံမှာ သမာဓိက တည်လာပြီဆိုလျှင်တော့ အဖြူ စပြီး ပေါ်လာပါလိမ့်မယ်။
1,314,655
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အဖြူမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းပြီးတော့ သမာဓိကို ဆက်လက် ထူထောင်လိုက်ပါက ရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်အတုံးအခဲကြီးကို တွေ့ရပါမယ်။
1,314,656
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကြည်ဓာတ်ဆိုတာ ဘာလဲ?
1,314,657
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဖော်ပြထားပါတယ်။
1,314,658
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည်ဓာတ် (၅)ခုကို မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။
1,314,659
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အကြည်ဓာတ် (၅)ခုကို ဃနမပြိုမီ အတုံးလိုက်, အခဲလိုက် မြင်တဲ့အချိန်အခါမှာ ဒီ အကြည်ဓာတ်တွေသည် အာဒါသတလံ ဝိယ = ကြေးမုံပြင်ကဲ့သို့ ကြည်နေတယ်၊ မှန်လို ကြည်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
1,314,660
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဖန်တုံး, ဖန်ခဲ, မှန်တုံး, မှန်ခဲ, ရေခဲတုံးလို ကြည်နေတဲ့ အကြည်ဓာတ်ကို တွေ့ပြီဆိုလျှင်တော့ အဲဒီ အကြည်ဓာတ်မှာလည်း ဓာတ် (၄)ပါးကို မြင်အောင် စိုက်ရှုပါ။
1,314,661
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကြည်ဓာတ်မှာ ဓာတ် (၄)ပါး စိုက်ရှုလိုက်ပြီဆိုလျှင် ပါရမီရှိတဲ့ သူတော်ကောင်းတွေကတော့ ရုပ်ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်ကူကူနဲ့ သွားတွေ့တတ်ပါတယ်။
1,314,662
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါရမီ နည်းနည်း နုံ့နေမယ် ဆိုလျှင်တော့ အဲဒီ အကြည်ပြင်ထဲမှာ အာကာသဓာတ်ခေါ်တဲ့ အကြားအပေါက် ရှိလေရဲ့ဆိုပြီး အကြားအပေါက်ကလေးတွေကို မြင်အောင် လင်းရောင်ခြည်နဲ့ ထိုးစိုက်ပြီးတော့ ရှုလိုက်မယ်ဆိုလျှင်တော့ အကြားအပေါက်ကလေးတွေကို တွေ့မြင်ရသည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်ကလေးတွေကို စပြီး တွေ့ရပါမယ်။
1,314,663
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့ပြီဆိုလျှင်လည်း အဲဒီ ရုပ်ကလာပ် အမှုန် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် စသည်ဖြင့် ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။
1,314,664
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ ဓာတ် (၄)ပါးသာ မြင်အောင် ရှုနိုင်ပြီဆိုလျှင်တော့ ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်မှာ ဘာဖြစ်လာတတ်သလဲ? ဥပါဒါရုပ်တွေဟာ တစ်စတစ်စ ထင်ရှား လာတတ်ပါတယ်။
1,314,665
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး အနည်းဆုံးအားဖြင့် ရုပ်သဘောတရား (၈)ခု ရှိပါတယ်။
1,314,666
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တချို့ ရုပ်ကလာပ်တွေမှာ ရုပ်သဘောတရား (၉)ခု (၁၀)ခု (၁၁)ခု စသည်ဖြင့် ရှိတတ်ပါတယ်။
1,314,667
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဥပါဒါရုပ်တွေ ထင်ရှားလာတဲ့ အချိန်အခါမှာ အဲဒီ ရုပ်သဘောတရားတွေကို ဆက်ပြီး သိမ်းဆည်းရပါတယ်။
1,314,668
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဉာဏ်နဲ့ ပိုင်းခြားယူရပါတယ်။
1,314,669
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့သာ တည်ရှိကြပါတယ်။
1,314,670
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်ကလာပ်အမှုန်ကလေးတွေသည် ရုပ်လောကမှာ အသေးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။
1,314,671
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယနေ့ခေတ် သိပ္ပံလောကမှာ ပြောဆိုနေကြတဲ့ အက်တမ်လို့ ခေါ်ဆိုအပ်တဲ့ အဏုမြူထက် အဆပေါင်း များစွာ သေးငယ်လိမ့်မယ်လို့ ယူဆရပါတယ်။
1,314,672
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလောက် အလွန့်အလွန် သေးငယ်တဲ့ အဲဒီရုပ်ကလာပ်အမှုန်ကလေး တစ်ခုတစ်ခုမှာ ရုပ်သဘောတရား (၈)ခု သို့မဟုတ် (၉)ခု သို့မဟုတ် (၁၀)ခု စသည် တည်ရှိကြတယ်။
1,314,673
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်သဘောတရားကလေးတွေကို မြင်တဲ့ အချိန်အခါကျမှ ရုပ်တရားလို့ ခေါ်ဆိုအပ်တဲ့ ရုပ်ပရမတ်ကို စ,သိပါတယ်။
1,314,674
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်ပရမတ်ကို သိတဲ့အပိုင်းနဲ့ ဆက်စပ်ပြီးတော့ အဋ္ဌကထာ ဆရာတော်က သွားတဲ့အချိန်အခါမှာ ရှုပုံ နည်းစနစ်ကို ညွှန်ကြားထားပါတယ်။
1,314,675
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားနေခိုက် ရုပ်တရား ရှုကွက်
1,314,676
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားနေတဲ့ အချိန်အခါမှာ တကယ် လက်တွေ့ ရှုချင်တဲ့ ယောဂီပုဂ္ဂိုလ်က မတ်တပ်ရပ်ပြီး မိမိ ရရှိထားပြီးဖြစ်တဲ့ သမာဓိကို ထူထောင်ပါ။
1,314,677
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ထူထောင်ပြီးတဲ့ အချိန်အခါမှာ ဓာတ် (၄)ပါးကို ပြန်ပြီး ရှုပွားပါ။
1,314,678
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ကိုယ်လုံးကို ခြုံငုံပြီး ဓာတ် (၄)ပါးကို ရှုလိုက်လို့ ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့မြင်တဲ့ အချိန်အခါမှာ အဲဒီ ရုပ်ကလာပ်အမှုန် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုတဲ့ ရုပ်သဘော တရားကလေးတွေကို မြင်အောင် ဆက်ရှုပါ။
1,314,679
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်သဘောတရားကလေးတွေကို မြင်အောင် ရှုလိုက်လို့ အောင်မြင်ပြီ ဆိုလျှင်တော့ ရှေ့သို့ ခြေတစ်လှမ်းလောက် ဖြည်းဖြည်းကလေး လှမ်းကြည့် လိုက်ပါ။
1,314,680
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်တရားတွေကို စနစ်တကျ ရှုတတ်ထားပြီးတဲ့ ယောဂီ ဖြစ်ခဲ့မယ် ဆိုလျှင်တော့ အဲဒီလို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဘဝင်မနောအကြည် ကို စိတ်စိုက်ပြီးတော့ သွားချင်တဲ့ စိတ်ကလေးကို မြင်အောင် ရှုကြည့်ပါ။
1,314,681
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ထပ် ခြေတစ်လှမ်းလောက် ဖြည်းဖြည်းကလေး လှမ်းကြည့်လိုက်ပါ။
1,314,682
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားချင်တဲ့ စိတ်ကလေးကို တွေ့ရပါလိမ့်မယ်။
1,314,683
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သွားချင်တဲ့စိတ်မှာ စေတသိက်တွေလည်း ယှဉ်တွဲပြီး ဖြစ်ပေါ်နေလိမ့်မယ်။
1,314,684
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိတ်တစ်ခုတည်း ဖြစ်နေတာတော့ မဟုတ်ဘူး။
1,314,685
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ စိတ်စေတသိက်တွေသည် ယေဘုယျအားဖြင့် ဟဒယဝတ္ထုကို မှီပြီး ဖြစ်ပေါ်နေကြတယ်။
1,314,686
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီစိတ်တွေကြောင့် စိတ္တဇရုပ်ကလာပ်တွေဟာ တဖွားဖွား ဖြစ်ပေါ်လာကြတယ်။
1,314,687
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တဖွားဖွား ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ တည်နေတဲ့ ရုပ်သဘောတရား (၈)ခုကို ဉာဏ်နဲ့ ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
1,314,688
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီရုပ်ကလာပ်တွေက မကြည်ကြပါဘူး။
1,314,689
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တချို့ ကြည်တယ်ဆိုတာကတော့ ကမ္မဇရုပ်ကလာပ်တွေကတော့ များသောအားဖြင့် ကြည်တတ်ပါတယ်။
1,314,690
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ခေါ်တဲ့ ဒီအကြည်ရုပ် (၅)ခုပါတဲ့ ရုပ်ကလာပ်တွေကတော့ ကြည်ကြပါတယ်။
1,314,691
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြွင်းကျန်နေတဲ့ ရုပ်ကလာပ်တွေကတော့ အားလုံး မကြည်ကြပါဘူး။
1,314,692
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေကလည်း မကြည်ကြပါဘူး။
1,314,693
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီနေရာမှာ အဋ္ဌကထာက ရှုကွက်ကလေးတစ်ခုကို ဖော်ပြထားပြန်တယ်။
1,314,694
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို ဖော်ပြထားသလဲ?
1,314,695
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ (ဒီ၊ဋ္ဌ၊၂၊၃၅၇။
1,314,696
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဥပ္ပါဒေတိ၊ (ဒီ၊ဋီ၊၂၊၃၀၄။
1,314,697
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တံ = ထိုသွားလိုတဲ့စိတ်သည်။
1,314,698
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝါယံ = ဝါယောဓာတ်ကို (ဝါ) ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်အပေါင်းကို။
1,314,699
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝါယော = ဝါယောဓာတ်သည်။
1,314,700
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိညတ္တိံ = သွားခြင်းဆိုတဲ့ ကိုယ်အမူအရာ ကာယဝိညတ်ရုပ်ကို။