id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,314,401
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မိဖုရားကြီး တောထွက်တော်မူတဲ့ အချိန်အခါမှာလည်း သုံးယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကို ခေါ်ဆောင်ပြီးတော့ တောထွက်သွားပါတယ်။
1,314,402
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အားလုံး ပေါင်းလိုက်မယ်ဆိုလျှင် ပရိသတ်ကြီးဟာ ယူဇနာ ဘယ်လောက် ရှိသွားပြီလဲ? (၁၂)ယူဇနာ ရှိသွားပြီ။
1,314,403
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ (၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားပြီဆိုတဲ့သတင်းဟာ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံးကို ချောက်ချားသွားစေတယ်။
1,314,404
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီ ပြည်သူပြည်သားတွေ တောထွက်သွားတဲ့ အချိန်အခါမှာ ပြည်သူပြည်သားတွေဘက်ကလည်း ဘာလုပ်သွားကြသလဲ? အိမ်တံခါးတွေကို ဖွင့်မြဲတိုင်း ဖွင့်ထားခဲ့ကြတယ်။
1,314,405
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရတနာတိုက်တွေလည်း ဖွင့်မြဲတိုင်း ဖွင့်ထားခဲ့ကြတယ်။
1,314,406
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျေးတွေ, အိမ်ပေါ်မှာ ခင်းကျင်းထားတဲ့ ဆိုင်တွေ ရှိကြတယ်။
1,314,407
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ စျေးတွေ, အိမ်ဆိုင်တွေကိုလည်း ခင်းကျင်းမြဲအတိုင်း ခင်းကျင်းထားခဲ့ကြတယ်။
1,314,408
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တံခါးတွေလည်း အကုန်လုံး ဖွင့်ပြီးတော့ ကလေးတွေ လက်ဆွဲပြီး အကုန်လုံး တောထွက်သွားကြတယ်။
1,314,409
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာသိတိုင်း တစ်တိုင်းလုံး တောထွက်ကြခြင်း
1,314,410
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီပြည်ကြီး တစ်ပြည်လုံး တောထွက်သွားတဲ့ အချိန်အခါကျတော့ ကာသိတိုင်း တစ်တိုင်းပြည်လုံးလည်း အင်မတန် ချောက်ချားသွားတယ်။
1,314,411
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧသုကာရီဘုရင်မင်းကြီးနှင့်တကွ သားတော်တွေ, ပုရောဟိတ်ပုဏ္ဏားကြီးတွေ, မိဖုရားကြီးတွေ အားလုံး တောထွက် သွားကြပြီဆိုတဲ့ သတင်းကို ကာသိတိုင်း တစ်တိုင်းလုံး ကြားလိုက်တဲ့ အချိန် အခါမှာ ကာသိတိုင်း တစ်တိုင်းလုံးမှာ ရှိနေတဲ့ ပရိသတ်တွေကလည်း အကုန်လုံး အတုလိုက်ပြီးတော့ တောထွက်ကြပြန်တယ်။
1,314,412
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိမဝန္တာသို့ ဝင်ခန်း
1,314,413
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟိမဝန္တာသို့
1,314,414
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ (၁၂)ယူဇနာ အတိုင်းအရှည်ရှိတဲ့ ဗာရာဏသီ ပြည်သူပြည်သား ပရိသတ်ကြီး တောထွက်သွားတဲ့အခါ ကာသိတိုင်းက ပြည်သူပြည်သားတွေ အားလုံးလည်း အတုလိုက်ပြီး တောထွက်ကြပါတယ်။
1,314,415
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလိုနည်းအားဖြင့် အတုလိုက်ပြီး တောထွက်လိုက်တာ (၇)ပြည်ထောင်သော မင်းနှင့်တကွ တိုင်းသူပြည်သားအားလုံးတို့ တောထွက်တော်မူကြတဲ့ အလွန့်အလွန် ကြီးကျယ်တဲ့ပွဲကြီး ဖြစ်သွားတယ်။
1,314,416
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပွဲကြီးမှာ ပရိသတ်ထုကြီးကို ကြည့်လိုက်မယ်ဆိုလျှင်တော့ ယူဇနာ (၃၀)အတိုင်းအရှည် ရှိပါတယ်။
1,314,417
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ယူဇနာကို (၁၀)မိုင်နှုန်းနဲ့ တွက်မယ်ဆိုလျှင်တော့ မိုင်ပေါင်း (၃၀၀)ကျော်ရှိတဲ့ အင်မတန် ကြီးကျယ်နေတဲ့ လူထုပရိသတ်ကြီး တောထွက်တော်မူတဲ့ ပွဲကြီး ဖြစ်ပါတယ်။
1,314,418
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ယူဇနာ (၃၀)အတိုင်းအရှည်ရှိနေတဲ့ လူထုပရိသတ်ကြီးကို ဟတ္ထိပါလသတို့သားက ခေါ်ဆောင်ပြီးတော့ ဟိမဝန္တာတောသို့ ရှေ့ရှုပြီး တောထွက် ကြွသွားတော်မူပြန်တယ်။
1,314,419
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို တောထွက်လိုက်တဲ့ အချိန်အခါကျတော့မှ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာက တင်းမာလာတဲ့အတွက် သိကြားမင်းကြီးက လှမ်းမျှော်ပြီး ကြည့်လိုက်တော့ ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ အင်မတန် ကြီးကျယ်တဲ့ တောထွက်ပွဲကြီး တစ်ခုတော့ ဖြစ်ပေါ်လာပြီ။
1,314,420
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သူတော်ကောင်းတွေအတွက် နေဖို့ ထိုင်ဖို့ရန် သင်္ခမ်းကျောင်းတွေတော့ လိုအပ်နေပြီ ဆိုပြီးတော့ ဝိသုကြုံနတ်သားကို ခေါ်ပြီးတော့ ဖန်ဆင်းခိုင်းလိုက်ပါတယ်။
1,314,421
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင်္ခမ်းကျောင်းများ
1,314,422
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အလျားက (၃၆)ယူဇနာ၊ အနံ (၁၅)ယူဇနာရှိတဲ့ အင်မတန် ညီညာတဲ့ မြေအပြင်ရှိတဲ့ ဂင်္ဂါမြစ်ကမ်း တစ်နေရာမှာ ရသေ့ရဟန်းတို့ တရားဘာဝနာ ပွားများအားထုတ်ဖို့ရန်အတွက် အသင့် ဖြစ်နေအောင် သင်္ခမ်းကျောင်းတွေကို ဖန်ဆင်းထားလိုက်တယ်။
1,314,423
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင်္ခမ်းကျောင်းကလေးတွေ အတွင်းမှာလည်း ပျဉ်အခင်း သစ်ရွက်အခင်းနေရာတွေ ရသေ့ရဟန်းတို့ရဲ့ ပရိက္ခရာတွေ အားလုံး အပြည့်အစုံ ဖန်ဆင်းထားပြီးတော့ ရသေ့ရဟန်း ပြုလိုတဲ့ ပုဂ္ဂိုလ် မှန်သမျှ အလိုရှိသလို ယူဆောင်ပြီး ရသေ့ရဟန်း ပြုစေသတည်းဆိုပြီးတော့ စာတမ်းကလေးတွေ ချိတ်ဆွဲထားကြတယ်။
1,314,424
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စင်္ကြံလမ်းတွေနဲ့တကွ နေ့သန့်စင်ရာနေရာတွေ ညဉ့်သန့်စင်ရာနေရာတွေ အားလုံးလည်း ဖန်ဆင်းထား လိုက်တယ်။
1,314,425
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နေ့သန့်စင်ရာနေရာဆိုတာက နေ့အခါ တရားအားထုတ်တဲ့နေရာကို ဆိုလိုပါတယ်၊ ညဉ့်သန့်စင်ရာနေရာဆိုတာကတော့ ညဉ့်အခါမှာ တရားအားထုတ်တဲ့နေရာကို ဆိုလိုပါတယ်။
1,314,426
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သင်္ခမ်းကျောင်းကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ ရောင်စုံပန်းတွေနဲ့ မွှေးကြိုင်နေတဲ့ ပန်းပင်တွေလည်း ဖန်ဆင်းထားတယ်။
1,314,427
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စင်္ကြံထိပ်ဦးတွေမှာတော့ ရေတွင်းကလေးတွေ ဖန်ဆင်းထားတယ်။
1,314,428
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရေတွင်းရဲ့ဘေးမှာလည်း သစ်ပင်တစ်ပင်စီ ဖန်ဆင်းထားတယ်။
1,314,429
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သစ်ပင်တွေမှာ အသီးမျိုးစုံ သီးနေတယ်။
1,314,430
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
လိုချင်တဲ့အသီးကို အချိန်မရွေး ဆွတ်ယူ သုံးဆောင်နိုင်တယ်။
1,314,431
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်။
1,314,432
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စားဝတ်နေရေးတွေ အားလုံး ပြေလည်သွားတယ်။
1,314,433
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို သစ်ပင်တစ်ပင်တည်းကနေ အသီးမျိုးစုံ သီးတယ်ဆိုတာ ဘယ်သူ့ရဲ့ အာနုဘော်ကြောင့် ဖြစ်သလဲ?
1,314,434
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော ဧကောဝ သဗ္ဗဖလာနိ ဖလတိ။
1,314,435
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣဒံ သဗ္ဗံ ဒေဝတာနုဘာဝေန အဟောသိ။
1,314,436
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၉၃။
1,314,437
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သစ်ပင်တစ်ပင်တည်းက အလိုရှိတဲ့ သစ်သီးကို ဆွတ်ယူ သုံးဆောင်လို့ ရအောင် အသီးမျိုးစုံ သီးနေတာနှင့်တကွ ရသေ့ရဟန်း ပြုတဲ့သူအတွက် အလုံးစုံ ပြီးစီး ပြည့်စုံအောင် ဖန်တီးထားတာကတော့ နတ်တို့ရဲ့ အာနုဘော်ကြောင့် ဖြစ်ပါတယ်တဲ့။
1,314,438
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ရဟန်း ပြုလိုတဲ့ ပုဂ္ဂိုလ်များ အလိုရှိက ဒီ ပရိက္ခရာတွေကို ယူဆောင်၍ ရသေ့ရဟန်း ပြုစေသတည်းဆိုတဲ့ စာတမ်းကလေးတွေ ချိတ်ဆွဲထားခဲ့ပြီးတော့ ဝိသုကြုံနတ်သားလည်း ပြန်သွားတယ်။
1,314,439
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မပြန်မီမှာ သူက ဘာတစ်ခု လုပ်ပေးထားခဲ့သလဲဆိုတော့ လူတွေကို အနှောင့်အယှက်ပေးမယ့် ကြောက်မက်ဖွယ်အသံရှိတဲ့ သားရဲတိရစ္ဆာန်တွေ ငှက်ဆိုးတွေ အကုန်လုံးကို ဖယ်ရှားထားလိုက်တယ်။
1,314,440
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနှောင့်အယှက်ပေးမယ့် ဘီလူး တွေ မှန်သမျှလည်း အားလုံး နှင်ထုတ်ပစ်လိုက်တယ်။
1,314,441
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကုန်လုံး အနှောင့်အယှက် မရှိအောင် ပြုပြင်ပြီးမှ သူက ပြန်သွားတယ်။
1,314,442
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နေရာချထားပုံ
1,314,443
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယူဇနာ (၃၀)အတိုင်းအရှည်ရှိတဲ့ ဟတ္ထိပါလသတို့သား ဦးဆောင်တဲ့ ပရိသတ်ကြီး အဲဒီ သင်္ခမ်းကျောင်းကလေးတွေ ဖန်ဆင်းထားရာအရပ်ကို ရောက်သွားတော့ သင်္ခမ်းကျောင်းကလေးတွေအတွင်း ဝင်လိုက်တဲ့ အချိန်အခါမှာ ကျောင်းသင်္ခမ်းအတွင်းမှာ ဝိသုကြုံနတ်သားက ဖန်ဆင်းပြီး ချိတ်ဆွဲထားတဲ့ စာတမ်းကလေးကို တွေ့လိုက်တော့ ဟတ္ထိပါလသတို့သားက ခေါင်ဆုံး စပြီးတော့ ရသ...
1,314,444
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြွင်းကျန်နေသေးတဲ့ ပရိသတ်တွေကိုလည်း အလားတူ ရသေ့ဝတ်စုံတွေ ဝတ်ရုံ ဆင်မြန်းစေတယ်။
1,314,445
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့ပရိက္ခရာတွေကို အကုန်လုံး အသုံးပြုစေတယ်။
1,314,446
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရသေ့တွေ ဖြစ်သွားကြတယ်။
1,314,447
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဟတ္ထိပါလရှင်ရသေ့က အဲဒီရသေ့ပရိသတ်တွေကို ဘာလုပ်သလဲ? ကလေးသူငယ်ရှိတဲ့ မိခင်တွေကို အလယ်ခေါင်မှာ ထားလိုက်တယ်။
1,314,448
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကလေးသူငယ်ရှိတဲ့ မိခင်တွေကို အလယ်ခေါင်မှာ ထားပြီးတော့ အဲဒီ မိခင်တွေကို ဝိုင်းရံပြီးတော့ အသက်အရွယ် ကြီးရင့်တဲ့ အဖွားအို အမျိုးသမီးကြီးတွေကို ထားတယ်။
1,314,449
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အဖွားအိုတွေရဲ့ ဘေးပတ်ဝန်းကျင်မှာတော့ အသက်အရွယ် အလယ်အလတ်ရှိနေတဲ့ အမျိုးသမီးကြီးတွေကို ထားတယ်။
1,314,450
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ အမျိုးသမီးကြီးတွေရဲ့ ပတ်ဝန်းကျင်ကျတော့မှ အမျိုးသားယောက်ျားတွေကို ထားတယ်။
1,314,451
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလိုအားဖြင့် ဟတ္ထိပါလရှင်ရသေ့က ပရိသတ်ကြီးကို နေရာချထား ပေးတယ်။
1,314,452
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နေရာချထားပြီးတော့ သူက ကမ္မဋ္ဌာန်းတရားတွေကို သင်ပြပေးတယ်။
1,314,453
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကမ္မဋ္ဌာန်းတရားတွေ သင်ပေးတဲ့အချိန်အခါမှာ ဘယ်လို သင်ပေးသလဲ?
1,314,454
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကမ္မဋ္ဌာန်းတရား သင်ပေးပုံ
1,314,455
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယော ကာမဝိတက္ကာဒီသု အညတရံ ဝိတက္ကေတိ၊ မဟာပုရိသော တဿ ဓမ္မံ ဒေသေတွာ ဗြဟ္မဝိဟာရဘာဝနဉ္စေဝ ကသိဏဘာဝနဉ္စ အာစိက္ခတိ။
1,314,456
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(ဇာတက၊ဋ္ဌ၊၄၊၄၉၄။
1,314,457
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ယော = အကြင်သူသည်။
1,314,458
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဝိတက္ကာဒီသု = ကာမဝိတက်စသည်တို့တွင်။
1,314,459
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အညတရံ = တစ်မျိုးမျိုးသော ဝိတက်ကို။
1,314,460
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိတက္ကေတိ = ကြံစည် စိတ်ကူး၍ နေပေ၏။
1,314,461
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာပုရိသော = ဘုရားအလောင်းတော် ဟတ္ထိပါလ ရှင်ရသေ့သည်။
1,314,462
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တဿ = ထိုပုဂ္ဂိုလ်အား။
1,314,463
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒေသေတွာ = ဟောကြားပြီး၍။
1,314,464
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗြဟ္မဝိဟာရဘာဝနဉ္စေဝ = ဗြဟ္မဝိဟာရဘာဝနာကို လည်းကောင်း။
1,314,465
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကသိဏဘာဝနဉ္စ = ကသိုဏ်းဘာဝနာကမ္မဋ္ဌာန်းကိုလည်းကောင်း။
1,314,466
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အာစိက္ခတိ = ဟောကြားပြသ ဆိုဆုံးမတော်မူပေ၏။
1,314,467
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကာမဝိတက်ဆိုတာက သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေနဲ့ ပတ်သက်ပြီးတော့ ယင်းတို့အပေါ်၌ လိုလားတပ်မက်နေတဲ့ ကြံစည်စိတ်ကူးမှု၊ ဗျာပါဒဝိတက်ဆိုတာက သတ္တဝါတွေကို သတ်ဖြတ်ဖို့ရန်အတွက် ကြံစည် စိတ်ကူးမှု၊ ဝိဟိံသဝိတက်ဆိုတာက သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ရန် အတွက် ကြံစည်စိတ်ကူးမှု။
1,314,468
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို အကုသလဝိတက်တွေဖြင့် ကြံစည် စိတ်ကူးနေတဲ့ပုဂ္ဂိုလ်ကို တွေ့လျှင် ဘာလုပ်သလဲ? အဲဒီလို အကုသလဝိတက်တွေ ဝင်နေတဲ့ ပုဂ္ဂိုလ်ထံသို့ ဘုရားအလောင်းတော် ဟတ္ထိပါလရှင်ရသေ့က ကောင်းကင်ခရီးဖြင့် ချက်ချင်း ကြွသွားတော်မူပါတယ်။
1,314,469
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြွသွားပြီးတော့ ဘာလုပ်သလဲ?
1,314,470
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာခေါ်တဲ့ ဗြဟ္မစိုရ်တရားတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ်ဆိုတာတွေ အကုန်လုံး ဟောပြတယ်။
1,314,471
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကသိုဏ်းဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပုံတွေကိုလည်း ဟောပြတယ်။
1,314,472
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပဿနာ အကြောင်းတော့ မပါဘူး။
1,314,473
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သာသနာပ အချိန်ကာလ ဖြစ်ခြင်းကြောင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ကိုတော့ ဒီဇာတ်တော်မှာ ဟောပြတာ မတွေ့ရဘူး။
1,314,474
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သရဘင်္ဂဇာတ်တော်မှာတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကိုပါ သင်ပြပေးတဲ့အကြောင်း လာရှိ ပါတယ်။
1,314,475
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သို့သော်လည်း ရုပ်တရား နာမ်တရားတွေကို အနိစ္စလက္ခဏာနှင့် ဒုက္ခလက္ခဏာ တင်ပြီး ရှုပွားသုံးသပ်ဖို့ရန်အတွက်သာ သင်ပြပေးနိုင်တဲ့ စွမ်းအား ရှိပါတယ်။
1,314,476
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီရုပ်တရား, နာမ်တရားတွေကို အနတ္တလက္ခဏာ တင်ပြီး ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန်အတွက် သင်ပြပေးနိုင်တဲ့ စွမ်းအားတော့ မရှိဘူးဆိုပြီး ဒီလို ဖော်ပြထားတယ်။
1,314,477
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ဒီဟတ္ထိပါလဇာတ်တော်မှာတော့ ဝိပဿနာအထိ ညွှန်ကြားပြသပေးတဲ့ အကြောင်း ဖော်ပြထားတာ မတွေ့ရဘူး။
1,314,478
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာတွေကိုသာလျှင် ညွှန်ကြားပြသ ပေးသလဲ? ကသိုဏ်းဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပုံကို ညွှန်ကြား ပြသ ပေးတယ်။
1,314,479
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာခေါ်တဲ့ ဗြဟ္မစိုရ်တရားတွေ ပွားများအားထုတ်ပုံကို ညွှန်ကြား ပြသပေးတယ်။
1,314,480
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သိပ်ကောင်းတယ်။
1,314,481
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ဟောကြား ပြသပေးလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သလဲ?
1,314,482
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပရိသတ် သုံးပုံနှစ်ပုံ ဗြဟ္မာ့ပြည်သို့ လားခြင်း
1,314,483
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တေ ယေဘုယျေန စျာနာဘိညာ နိဗ္ဗတ္တေတွာ တီသု ကောဋ္ဌာသေသု ဒွေ ကောဋ္ဌာသာ ဗြဟ္မလောကေ နိဗ္ဗတ္တိံသု။
1,314,484
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) တေ = ထိုပရိသတ်တို့သည်။
1,314,485
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ယေဘုယျေန = များသောအားဖြင့်။
1,314,486
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာနာဘိညာ = စျာန်အဘိညာဏ်တို့ကို။
1,314,487
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဗ္ဗတ္တေတွာ = ဖြစ်စေကြကုန်၍ (ဝါ) ဖြစ်စေနိုင်ကြကုန်သောကြောင့်။
1,314,488
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တီသု ကောဋ္ဌာသေသု = ပရိသတ်ရဲ့ သုံးစုတို့တွင်။
1,314,489
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒွေ ကောဋ္ဌာသာ = နှစ်စုတို့သည်။
1,314,490
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဗြဟ္မလောကေ = ဗြဟ္မာ့ပြည်၌။
1,314,491
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နိဗ္ဗတ္တိံသု = ဖြစ်ကြလေကုန်၏။
1,314,492
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တောထွက်ပြီး ရသေ့ရဟန်းပြုတဲ့ ပွဲကြီးမှာ ပရိသတ်တွေကို သုံးပုံ ပုံလိုက်မယ်ဆိုလျှင်တော့ နှစ်ပုံက အားလုံး ဗြဟ္မာ့ပြည် ရောက်ရှိသွားတယ်။
1,314,493
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာကြောင့်လဲ? အဲဒီ ပရိသတ် နှစ်ပုံသည် စျာန်အဘိညာဏ်တွေကို ဝင်စား နိုင်တဲ့စွမ်းအား ရှိကြတယ်။
1,314,494
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စျာန်အဘိညာဏ်တွေကို ရအောင် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်တဲ့အတွက် စျာန်တွေက သေခါနီးသို့တိုင်အောင် မလျောကျတဲ့အတွက်ကြောင့် သူတို့ ဘာဖြစ်ကြသလဲ? ဗြဟ္မာ့ပြည်သို့ လားရောက်ကြတယ်။
1,314,495
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်တစ်ပုံ ကျန်နေတယ်။
1,314,496
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ကျန်နေတဲ့တစ်ပုံကိုလည်း သုံးပုံ ထပ်ပြီး ပုံလိုက်တဲ့အခါမှာ တစ်ပုံက ဗြဟ္မာ့ပြည်ပဲ ရောက်ကြတယ်။
1,314,497
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ပုံကတော့ နတ်ပြည်ကို ရောက်ရှိသွားကြတယ်။
1,314,498
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တစ်ပုံကတော့ လူ့ပြည်မှာ မင်းသူဌေးသူကြွယ်, ပုဏ္ဏားသူဌေးသူကြွယ်, ဂဟပတိသူဌေးသူကြွယ်ဆိုတဲ့ သူဌေးသူကြွယ်မျိုးတွေမှာ သွားပြီး လူဖြစ်ကြတယ်။
1,314,499
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သူဌေးသူကြွယ်မျိုး တွေမှာ လူလာဖြစ်တဲ့ ပုဂ္ဂိုလ်က ဘယ်လို ပုဂ္ဂိုလ်တွေလဲလို့ မေးလျှင်တော့ သူတို့က တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြဘူး။
1,314,500
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူတို့က ဝေယျာဝစ္စဘက်က ဝိုင်းပြီးတော့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။