id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,314,301 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ ဧသုကာရီဘုရင်ကြီး ဦးဆောင်တဲ့ သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီးကိုလည်း ဟတ္ထိပါလသတို့သားက ကောင်းကင်ခရီးကနေပဲ ဆီးကြိုပြီးတော့ နေရာချထားပေးတော်မူပါတယ်။ |
1,314,302 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို ဧသုကာရီဘုရင်ကြီး ဦးဆောင်တဲ့ သုံးယူဇနာအတိုင်းအရှည်ရှိတဲ့ ပရိသတ်ကြီး တောထွက်သွားတော့ ကြွင်းကျန်နေသေးတဲ့ တိုင်းသူ ပြည်သား တွေက မိဖုရားကြီးထံ ချဉ်းကပ်ပြီးတော့ ဘာပြောကြသလဲ? |
1,314,303 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိဖုရားကြီး တောထွက်ခန်း |
1,314,304 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တိုင်းသူပြည်သားတို့က မိဖုရားကြီးအား တောင်းပန်ကြခြင်း |
1,314,305 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရာဇာ စ ပဗ္ဗဇ္ဇမရောစယိတ္ထ၊ |
1,314,306 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရဋ္ဌံ ပဟာယ နရဝီရသေဋ္ဌော။ |
1,314,307 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုဝမ္ပိ နော ဟောဟိ ယထေဝ ရာဇာ၊ |
1,314,308 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမှေဟိ ဂုတ္တာ အနုသာသ ရဇ္ဇံ။ |
1,314,309 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) နရဝီရသေဋ္ဌော = လူတကာတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူပါပေသော။ |
1,314,310 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကြီးသည်။ |
1,314,311 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောစယိတ္ထ = နှစ်သက်မြတ်နိုးခဲ့လေပြီ။ |
1,314,312 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တုဝမ္ပိ = အရှင်မိဖုရားကြီးသည်လည်းပဲ။ |
1,314,313 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယထေဝ ရာဇာ = ဧသုကာရီဘုရင်မင်းမြတ်ကဲ့သို့ပင်။ |
1,314,314 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နော = ကျွန်တော်မျိုးတို့၏။ |
1,314,315 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရာဇာ = ဘုရင်မင်းမြတ်သည်။ |
1,314,316 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟောဟိ = ဖြစ်တော်မူပါ။ |
1,314,317 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အမှေဟိ = ကျွန်တော်မျိုးတို့သည်။ |
1,314,318 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဂုတ္တာ = စောင့်ရှောက်အပ်သည်ဖြစ်၍။ |
1,314,319 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနုသာသ = ဆိုဆုံးမတော်မူပါ။ |
1,314,320 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကြွင်းကျန်နေသေးတဲ့ တိုင်းသူပြည်သားတွေက မိဖုရားကြီးထံ ချဉ်းကပ်ပြီးတော့ အရှင်မိဖုရားကြီး ... ဘုရင်မင်းမြတ်ကတော့ တိုင်းနိုင်ငံကို စွန့်ခွာပြီးတော့ တောထွက်၍ ရသေ့ရဟန်းပြုသွားပြီ ဖြစ်တယ်။ |
1,314,321 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အရှင်မိဖုရားကြီးသည် ဧသုကာရီဘုရင်မင်းမြတ်ကဲ့သို့ ကျွန်တော်မျိုးတို့၏ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ပုဂ္ဂိုလ် ဖြစ်ပါစေ။ |
1,314,322 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျွန်တော်မျိုးတို့ကလည်း အရှင်မိဖုရားကြီးအား စောင့်ရှောက်ပေးပါ့မယ်။ |
1,314,323 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကျွန်တော်မျိုးတို့က စောင့်ရှောက်ထားအပ်တဲ့ အရှင်မိဖုရားကြီးဟာ တိုင်းပြည်ကို ဆိုဆုံးမတော်မူပါ ဆိုပြီးတော့ ဝိုင်းပြီး တောင်းပန်ကြတယ်။ |
1,314,324 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို တောင်းပန်ကြတဲ့ အချိန်အခါမှာ မိဖုရားကြီးက ဘာပြန်ပြောသလဲ? |
1,314,325 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တောထွက်လိုသည့် ကုသိုလ်ဆန္ဒတော် |
1,314,326 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟမ္ပိ ဧကာ စရိဿာမိ လောကေ၊ |
1,314,327 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိတွာန ကာမာနိ မနောရမာနိ။ |
1,314,328 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ဘောန္တော နဂရဝါသိယော = အို မြို့သူမြို့သားအပေါင်းတို့။ |
1,314,329 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နရဝီရသေဋ္ဌော = လူတကာတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူပါပေသော။ |
1,314,330 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပဗ္ဗဇ္ဇံ = ရသေ့ရဟန်းအဖြစ်ကို။ |
1,314,331 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဟမ္ပိ = ငါသည်လည်း။ |
1,314,332 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနောရမာနိ = စိတ်နှလုံး၌ မွေ့လျော်ပျော်ပိုက်ဖွယ်ဖြစ်ကြကုန်သော။ |
1,314,333 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ကာမာနိ = သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို။ |
1,314,334 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိတွာန = စွန့်ပစ်ပယ်ထားခဲ့၍။ |
1,314,335 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဧကာ = အဖော်မမှီး တစ်ယောက်ထီးတည်း။ |
1,314,336 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စရိဿာမိ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပေတော့အံ့။ |
1,314,337 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အို မြို့သူမြို့သားအပေါင်းတို့ ... လူတကာတို့တွင် လုံ့လဝီရိယ အားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်ကြီးကတော့ တိုင်းပြည်ကို စွန့်ခွာပြီး ရသေ့ရဟန်းဘဝကို နှစ်သက်မြတ်နိုးတော်မူလေပြီ။ |
1,314,338 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါသည်လည်းပဲ လောကမှာ စိတ်နှလုံးကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ဖွယ်ကောင်းတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေကို စွန့်ခွာပြီးတော့ အဖော်မမှီး တစ်ယောက်ထီးတည်း လောကမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် တော့မယ်၊ ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီးတော့ ပြန်ပြောလိုက်တယ်။ |
1,314,339 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဟိတွာန ကာမာနိ ယထောဓိကာနိ။ |
1,314,340 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရောစယိတ္ထ = နှစ်သက် မြတ်နိုးခဲ့လေပြီ။ |
1,314,341 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ယထောဓိကာနိ = အကြင်သို့သော အခြင်းအရာအားဖြင့် တည်နေကြကုန်သော။ |
1,314,342 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အို မြို့သူမြို့သားအပေါင်းတို့ ... လူတို့တွင် လုံ့လဝီရိယအားဖြင့် ကြီးမြတ်တော်မူတဲ့ ဧသုကာရီဘုရင်မင်းမြတ်ကြီးကတော့ တိုင်းနိုင်ငံကို စွန့်ခွာပြီးတော့ ရသေ့ရဟန်းအဖြစ်ကို နှစ်သက် မြတ်နိုးခဲ့လေပြီ။ |
1,314,343 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ငါလည်းပဲ အကြင် အကြင် အခြင်းအရာအားဖြင့် တည်နေတဲ့ စည်းစိမ်ဥစ္စာလို့ ခေါ်ဆိုရတဲ့ ကာမဝတ္ထု မှန်သမျှကို အကုန်လုံး စွန့်ခွာထားခဲ့ပြီးတော့ အဖော် မမှီး တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်။ |
1,314,344 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီး ပြန်ပြောတယ်။ |
1,314,345 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မှန်ကန်သော အကြောင်းပြချက်များ |
1,314,346 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အစ္စေန္တိ ကာလာ တရယန္တိ ရတ္တိယော၊ |
1,314,347 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝယောဂုဏာ အနုပုဗ္ဗံ ဇဟန္တိ။ |
1,314,348 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဇာတက၊ဋ္ဌ၊၄၊၄၉၂။ |
1,314,349 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ) ကာလာ = နံနက်စသော အချိန်အခါကာလတို့သည်။ |
1,314,350 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အစ္စေန္တိ = လွန်မြောက်၍ သွားကြလေကုန်၏။ |
1,314,351 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရတ္တိယော = ညဉ့်တို့သည်လည်းပဲ။ |
1,314,352 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တရယန္တိ = အသက်ကို စား၍ သွားတတ်ကြလေကုန်၏။ |
1,314,353 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝယောဂုဏာ = ပထမအရွယ် စသော အရွယ်သုံးပါးတို့သည်ကား။ |
1,314,354 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | (ဝါ) မန္ဒဒသကစသော အရွယ်အစုတို့သည်ကား။ |
1,314,355 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အနုပုဗ္ဗံ = အစဉ်အတိုင်း။ |
1,314,356 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇဟန္တိ = စွန့်ခွာ၍ သွားကြလေကုန်၏။ |
1,314,357 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနက် (= နံနက်)ဆိုတဲ့ အချိန်အခါကာလတွေ ရှိကြတယ်။ |
1,314,358 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အချိန်အခါကာလတွေဟာ တစ်စတစ်စ လွန်လွန်ပြီးတော့ သွားတယ်။ |
1,314,359 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မနက်ကနေ မွန်းတည့်၊ မွန်းတည့်ကနေ ညနေ၊ ညနေကနေ ညဉ့်။ |
1,314,360 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို နေ့-ညဉ့် အစဉ်အားဖြင့် အချိန်ကာလတွေဟာ လွန်လွန်သွားကြတယ်။ |
1,314,361 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | လွန်သွားရုံတင် မဟုတ်ဘဲ အဲဒီ နေ့တွေ ညဉ့်တွေက ဘာလုပ်သလဲ? သတ္တဝါတို့ရဲ့ အသက်ကို တဖြည်းဖြည်း စားသွားကြတယ်။ |
1,314,362 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စားတယ်ဆိုတာက တစ်နေ့ ကုန်သွားပြီ ဆိုလျှင် တစ်နေ့ အသက် တိုမသွားဘူးလား? တိုသွားတယ်။ |
1,314,363 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်တစ်နေ့ ရောက်လာပြီဆိုလျှင် နောက်ထပ် တစ်ရက် အသက် တိုမသွားဘူးလား? တိုသွားတယ်။ |
1,314,364 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သက်တမ်းတစ်ရာ နေရမယ့်ပုဂ္ဂိုလ်အတွက် အနှစ်တစ်ရာ ပြည့်ပြီဆိုလျှင် သူ့အတွက် နောက်ထပ် နေရဖို့ ရက်သည် ရှိသေးသလား? မရှိတော့ဘူး။ |
1,314,365 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အဲဒီနေ့တွေ ညဉ့်တွေဟာ လူတို့ရဲ့ သက်တမ်းကို ကုန်အောင် စားနေတာ ဖြစ်ပါတယ်။ |
1,314,366 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေ့စဉ် ကုန်အောင် စားနေကြတယ်။ |
1,314,367 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမအရွယ်, ဒုတိယအရွယ်, တတိယအရွယ် စသည်ဖြင့် အရွယ်တွေ အဆင့်ဆင့် ရှိကြတယ်။ |
1,314,368 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အရွယ်တွေဟာလည်း အစဉ်အတိုင်း တစ်ရွယ်ပြီး တစ်ရွယ် စွန့်ခွာပြီး မသွားကြရဘူးလား? သွားကြရတယ်။ |
1,314,369 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်နှစ်ကနေ နှစ်နှစ်၊ နှစ်နှစ်ကနေ ဆယ်နှစ်၊ ဆယ်နှစ်ကနေ အနှစ် နှစ်ဆယ် စသည်ဖြင့် အဲဒီလို အရွယ်တွေဟာလည်း အစဉ်အတိုင်း တဖြည်းဖြည်း စွန့်ခွာပြီး သွားကြရတယ်။ |
1,314,370 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေ့တွေ ရက်တွေက လူတို့ရဲ့ သက်တမ်းကို စားနေတဲ့အတွက် အရွယ်တွေဟာလည်း အစဉ်အတိုင်း ကုန်ခန်းသွားကြတယ်။ |
1,314,371 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့သို့သာ အိုမြဲဆိုတဲ့အတိုင်းပဲ နောက်ပြန်ဆုတ်ပြီးတော့ ပျိုလာတယ်ဆိုတဲ့သဘော ရှိသလား? မရှိဘူး။ |
1,314,372 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တဖြည်းဖြည်း တစ်နေ့ထက် တစ်နေ့ အိုသည်ထက် အိုလာတယ်။ |
1,314,373 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီအတိုင်းပဲ အရွယ်တွေဟာ တစ်နေ့ထက် တစ်နေ့ ကုန်ခန်းပြီး စွန့်လွှတ်ပြီးတော့ သွားကြရတယ်။ |
1,314,374 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ငါဟာလည်း နှစ်ခြိုက်ဖွယ်ကောင်းတဲ့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို စွန့်ခွာထားခဲ့ပြီးတော့ ရသေ့ရဟန်း ပြုတော့မယ်။ |
1,314,375 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်ဆိုပြီးတော့ ဒီလို ပြန်ပြီး ပြောပြတယ်။ |
1,314,376 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝယောဂုဏာ = ပထမ အရွယ်စသော အရွယ်သုံးပါးတို့သည်ကား။ |
1,314,377 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဇဟန္တိ = စွန့်ခွာ၍ သွားကြ လေကုန်၏။ |
1,314,378 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | စရိဿာမိ = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ပေအံ့။ |
1,314,379 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နေ့တွေ ညဉ့်တွေဟာ တစ်နေ့ထက် တစ်နေ့ လူတို့ရဲ့ သက်တမ်းကို ကုန်ခန်းအောင် စားနေတာဖြစ်တယ်။ |
1,314,380 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရွယ်တွေဟာလည်း တစ်နေ့ထက် တစ်နေ့ တစ်ရွယ်ကနေ တစ်ရွယ်ကို စွန့်ခွာသွားကြတာ ဖြစ်တယ်။ |
1,314,381 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် အကြင် အကြင် တည်မြဲတိုင်းသော စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ထားခဲ့ပြီးတော့ ငါလည်း ရသေ့ရဟန်း ပြုတော့မယ်ဆိုပြီးတော့ ပြန်ပြောပြတယ်။ |
1,314,382 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သီတိဘူတာ သဗ္ဗမတိစ္စ သင်္ဂံ။ |
1,314,383 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဝယောဂုဏာ = ပထမအရွယ်စသော အရွယ်သုံးပါးတို့သည်ကား။ |
1,314,384 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သီတိဘူတာ = ကိလေသာကို စွန့်ခွာလျက် ငြိမ်းအေးသော စိတ်ဓာတ်ရှိသည်ဖြစ်၍။ |
1,314,385 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | သဗ္ဗံ သင်္ဂံ = အလုံးစုံသော ငြိကပ်တွယ်တာမှု မှန်သမျှကို။ |
1,314,386 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အတိစ္စ = ကျော်လွှားလွန်မြောက်၍။ |
1,314,387 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | နံနက်စတဲ့ အချိန်ကာလတွေ, ညဉ့်တွေဟာ လူတို့ရဲ့သက်တမ်းကို ကုန်ခန်းအောင် စားနေကြတာ ဖြစ်တယ်။ |
1,314,388 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ပထမအရွယ်, ဒုတိယအရွယ် စသည်ဖြင့် ဒီအရွယ်တွေဟာလည်း အရွယ်တစ်ခုကနေ အရွယ်တစ်ခုကို စွန့်လွှတ် ထွက်ခွာသွားကြတာ ဖြစ်တယ်။ |
1,314,389 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဒါကြောင့် ငါဟာ အလွန်အေးချမ်းနေတဲ့ စိတ်ဓာတ်, ကိလေသာ အပူကင်းနေတဲ့ စိတ်ထားဖြင့် ငြိကပ်တွယ်တာမှု မှန်သမျှကို ကျော်လွှားလွန်မြောက်ပြီး အဖော်မမှီး တစ်ယောက်ထီးတည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မယ်၊ ရသေ့ရဟန်း ပြုတော့မယ် ဆိုပြီးတော့ ပြန်ပြောပြတယ်။ |
1,314,390 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မိဖုရားကြီး တောထွက်ပြီ |
1,314,391 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို မိဖုရားကြီးက ပြောပြပြီးတဲ့ အချိန်အခါမှာ သူ့ရဲ့ မောင်းမမိဿံ အခြံအရံတွေ အားလုံးကို ခေါ်လိုက်ပါတယ်။ |
1,314,392 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ခေါ်ပြီးတဲ့ အချိန်အခါမှာ သင်တို့ကော ဘာလုပ်ကြမလဲလို့ တိုင်ပင်တယ်။ |
1,314,393 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အရှင်မိဖုရားကြီးကော ဘာလုပ်မလဲလို့ မေးမြန်း တိုင်ပင်လိုက်တဲ့ အချိန်အခါမှာ ငါကတော့ ရသေ့ရဟန်း ပြုတော့မယ်လို့ ဆုံးဖြတ်ချက် ချထားတဲ့အကြောင်း မိဖုရားကြီးက ပြောလိုက်တော့ မောင်းမမိဿံ အခြံအရံတွေ အားလုံးကလည်း ရသေ့ရဟန်း ပြုဖို့ရန် သဘောတူကြပါတယ်။ |
1,314,394 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီလို သဘောတူကြတဲ့ အချိန်အခါကျတော့ သူတို့ ဘာလုပ်သလဲ? နန်းတွင်းမှာရှိတဲ့ ရတနာတိုက်တွေ အကုန်လုံး ဖွင့်တယ်။ |
1,314,395 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ဖွင့်ပြီးတဲ့ အချိန်အခါကျတော့ နောက်ထပ် စာတမ်းတွေ ရေးထိုးထားကြတယ်။ |
1,314,396 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရွှေပေလွှာထက်မှာ စာတမ်းတွေ, အက္ခရာတွေ ရေးခြစ်ထားကြတယ်။ |
1,314,397 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | အဲဒီ အက္ခရာတွေက ဘယ်လို အကြောင်းကြောင့် ရေးထားသလဲ ဆိုတော့ မြှုပ်နှံထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ ညွှန်ကြားချက်တွေ သိုက်စာတွေလို့ ဆိုနိုင်ပါတယ်။ |
1,314,398 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မမြှုပ်နှံထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပတ်သက်လို့တော့ ရတနာတိုက်တွေ အားလုံး ဖွင့်ထားခဲ့တယ်။ |
1,314,399 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | မြှုပ်နှံထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်လို့ မသိမှာစိုးလို့ ဘယ်နေရာမှာဖြင့် အဖိုးတန်တဲ့ ရတနာတွေ မည်၍ မည်မျှ မြှုပ်နှံထားခဲ့တယ်ဆိုတာကို ရွှေပေလွှာထက်မှာ အက္ခရာတွေ ရေးထွင်းစေတယ်။ |
1,314,400 | မြန်မာဘာသာ | အလောင်းတော်တို့ တောထွက်တော်မူကြပြီ | ရေးထွင်းပြီးတဲ့ အချိန်အခါမှာ လူများအပေါင်း မြင်နိုင်တဲ့ နန်းရင်ပြင်မှာပဲ အဲဒီအက္ခရာစာတမ်းတွေကို ချိတ်ဆွဲထားခဲ့ပြီးတော့မှ အားလုံး တောထွက်သွားကြတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.