id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,314,801
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ခန္ဓာ (၅)ပါး တွေကို သိအောင် ရှုရမှာ ဖြစ်ပါတယ်။
1,314,802
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီသမ္ပဇဉ်ပိုင်း ရှုကွက်မှာ သွားတာက (၂)မျိုး ပါနေတယ်။
1,314,803
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားရာ စသည်၌ ရှုကွက် အမျိုးမျိုး
1,314,804
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နံပါတ် (၁)အနေနဲ့ ---
1,314,805
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊
1,314,806
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာမှာလည်း သမ္ပဇဉ်ဉာဏ်ဖြင့် ပြုပါ။
1,314,807
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရှေ့သို့ တက်လျှင် ခန္ဓာ (၅)ပါး၊ နောက်သို့ ဆုတ်လျှင် ခန္ဓာ (၅)ပါးကို သိအောင် ရှုပါလို့ ညွှန်ကြားထားတယ်။
1,314,808
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဆုံး ဟောကြားထားတော်မူတဲ့ နံပါတ် (၇)မှာလည်း ---
1,314,809
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားလျှင် ခန္ဓာ (၅)ပါး၊ ရပ်လျှင် ခန္ဓာ (၅)ပါး၊ ထိုင်လျှင် ခန္ဓာ (၅)ပါး၊ အိပ်လျှင် ခန္ဓာ (၅)ပါး စသည်ဖြင့် ခန္ဓာ (၅)ပါးကို သိအောင် ရှုဖို့ ဟောကြား ထားတော်မူပါတယ်။
1,314,810
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ သမ္ပဇဉ်ပိုင်းကို မဟောမီ ဣရိယာပထပိုင်းမှာ ဘယ်လို ဟောကြားထားတော်မူသလဲ?
1,314,811
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ...
1,314,812
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သွားလျှင် ခန္ဓာ (၅)ပါး, ရပ်လျှင် ခန္ဓာ (၅)ပါး, ထိုင်လျှင် ခန္ဓာ (၅)ပါး, အိပ်လျှင် ခန္ဓာ (၅)ပါးကို ရှုဖို့ရန် မြတ်စွာဘုရား ညွှန်ကြားထားတော်မူတယ်။
1,314,813
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် ဒီနေရာမှာ သွားတာတစ်ခုတည်းကို ကွက်ပြောမယ်ဆိုလျှင်တော့ (၃)မျိုး ဖြစ်မနေဘူးလား? ဖြစ်နေတယ်။
1,314,814
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ... စသည်ဖြင့် ဣရိယာပထပိုင်းကို ဟောတော်မူတဲ့နေရာမှာ သွားလျှင် သွားတယ်လို့ သိပါဆိုပြီး ခန္ဓာ (၅)ပါးကို သိအောင် ရှုရတဲ့နည်းက တစ်ခု။
1,314,815
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘိက္ကန္တေ ပဋိက္ကန္တေ ... စသည်ဖြင့် ဟောတော်မူတဲ့နေရာမှာလည်း ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာတွေမှာလည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုဖို့ ညွှန်ကြားထားတာက တစ်ခု။
1,314,816
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဆုံး ---
1,314,817
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂတေ ဌိတေ နိသိန္နေ ... စသည်ဖြင့် ဟောတော်မူတဲ့ နေရာမှာတော့ သွားရာ, ရပ်ရာ, ထိုင်ရာ, အိပ်ရာတွေမှာလည်း ခန္ဓာ (၅)ပါးကို သိအောင် ရှုပါဆိုပြီး ထပ်ပြီး ညွှန်ကြားထားတာက တစ်ခု။
1,314,818
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အားလုံး (၃)ခု ဖြစ်နေတယ်။
1,314,819
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ညွှန်ကြားချက် (၃)ခုနဲ့ ပတ်သက်ပြီး အဋ္ဌကထာမှာ(မ၊ဋ္ဌ၊၁၊၂၇၃။
1,314,820
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) ရှင်းလင်းထားတာကတော့ ဣရိယာပထပိုင်း သွားနည်းကတော့ အဓွန့်ရှည်တဲ့ သွားနည်းကို မြတ်စွာဘုရား ညွှန်ကြားထားတော်မူပါတယ်။
1,314,821
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဘိက္ကန္တေ ပဋိက္ကန္တေ ... စသည်ဖြင့် ဟောတော်မူတဲ့နေရာမှာ ရှေ့သို့ တက်ရာ, နောက်သို့ ဆုတ်ရာမှာ ခန္ဓာ (၅)ပါး သိအောင် ရှုဖို့ကတော့ အလယ်အလတ်ဖြစ်တဲ့ ဣရိယာပုထ်ကို ရည်ညွှန်းတော်မူပါတယ်။
1,314,822
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ဆုံး ဂတေ ဌိတေ နိသိန္နေ ... စသည်ဖြင့် ဟောတော်မူတဲ့ နေရာမှာတော့ အသေးစားဖြစ်တဲ့ ဣရိယာပုထ်ကို မြတ်စွာဘုရား ရည်ညွှန်းပြီး ဟောထားတော်မူပါတယ်တဲ့။
1,314,823
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီလို ဣရိယာပုထ် (၃)မျိုး ကွဲပြားကြောင်း ရှင်းလင်းထားပါတယ်။
1,314,824
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ကွဲပြားကြောင်း ရှင်းလင်းထားပေမယ့်လည်း မကျေနပ်သေးတဲ့အတွက် နောက်ထပ် မဟာသီဝမထေရ်မြတ်ကြီးရဲ့ အယူအဆတွေကို သာသနာတော်မှာ အဋ္ဌကထာက မှတ်တမ်းတင်ထားပါတယ်။
1,314,825
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘုန်းကြီး ပြောချင်တာကတော့ အဲဒီ မထေရ်မြတ်ကြီးရဲ့ ဆုံးဖြတ်ချက်တွေသည် ယနေ့ခေတ် သူတော်ကောင်းတွေအတွက် အလွန် တန်ဘိုးရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်ဆိုတဲ့ အချက်ပဲ။
1,314,826
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တန်ဘိုးရှိတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အတုယူဖွယ်ကောင်းတဲ့ နံပါတ် (၁) မဟာဖုဿဒေဝမထေရ်ကြီးအကြောင်းကို ဘုန်းကြီး နည်းနည်း အတိုချုပ်ပြီး ပြောပါမယ်။
1,314,827
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာဖုဿဒေဝမထေရ်မြတ်ကြီး
1,314,828
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော ကိရ ဧကူနဝီသတိဝဿာနိ ဂတပစ္စာဂတိကဝတ္တံ ပူရေန္တော ဧဝ ဝိဟာသိ။
1,314,829
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
(မ၊ဋ္ဌ၊၁၊၂၆၂။
1,314,830
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သော = ထိုမဟာဖုဿဒေဝမထေရ်မြတ်ကြီးသည်။
1,314,831
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဧကူနဝီသတိဝဿာနိ = (၁၉)နှစ်တို့ ကာလပတ်လုံး။
1,314,832
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂတပစ္စာဂတိကဝတ္တံ = ဂတပစ္စာဂတိကဝတ်ကို။
1,314,833
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပူရေန္တော ဧဝ = ဖြည့်ကျင့်တော်မူလျက်သာလျှင်။
1,314,834
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိဟာသိ = သီတင်းသုံးတော်မူခဲ့လေ၏။
1,314,835
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နှစ်ပေါင်း ဘယ်လောက် ကြာသတဲ့လဲ? (၁၉)နှစ် ကြာတယ်တဲ့။
1,314,836
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာကြီး ဒါယိကာမကြီးတွေ ကျောင်းသွားပြီး တရားအားထုတ်တယ် ပြောတယ်၊ ဘယ်နှစ်နှစ်များ ကြာကြသလဲ? မကွာဘူးလား? သိပ်ကွာတယ်၊ သိပ်ကွာတယ်။
1,314,837
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီမထေရ်မြတ်ကြီးကတော့ ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ပြီး သီတင်းသုံးတော်မူလိုက်တာ ဘယ်လောက် ကြာသွားသလဲ? (၁၉)နှစ် ကြာတယ်။
1,314,838
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဂတပစ္စာဂတိကဝတ်ဆိုတာကတော့ ဆွမ်းခံသွားတဲ့ အချိန်အခါမှာလည်း ကမ္မဋ္ဌာန်းဆောင်ပြီး သွားတယ်၊ ဆွမ်းခံရွာကနေ ကျောင်းသို့ ပြန်ကြွလာတဲ့အခါမှာလည်း ကမ္မဋ္ဌာန်းကို ဆောင်ပြီးတော့ ပြန်လာတဲ့ ကျင့်ဝတ်ကို ခေါ်ပါတယ်။
1,314,839
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပဿနာပိုင်းကို ရောက်နေတဲ့ သူတော်ကောင်းကြီးတွေဖြစ်တဲ့ အတွက်ကြောင့် ဆွမ်းခံသွားလျှင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီး ကြွသွားတော်မူပါတယ်။
1,314,840
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကို ဝိပဿနာကမ္မဋ္ဌာန်းကို ဆောင်ပြီး သွားတယ်လို့ ခေါ်တယ်။
1,314,841
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဆွမ်းခံရွာမှ ပြန်လာတဲ့ အချိန်အခါမှာလည်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးမှ ပြန်လာတယ်။
1,314,842
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကိုလည်း ဝိပဿနာကမ္မဋ္ဌာန်းကို ဆောင်တယ်လို့ ဒီလို သုံးထားတယ်။
1,314,843
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ်လို ဝိပဿနာလဲ?
1,314,844
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) အနိစ္စာဒိဝသေန = အနိစ္စစသည်တို့၏ အစွမ်းဖြင့်။
1,314,845
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိဝိဓေဟိ အာကာရေဟိ = အထူးထူးသော အခြင်းအရာတို့ဖြင့်။
1,314,846
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဓမ္မေ = ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ကို။
1,314,847
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပဿတိ = သိအောင် မြင်အောင် ရှုတတ်၏။
1,314,848
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဣတိ = တသ္မာ = ထို့ကြောင့်။
1,314,849
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပဿနာ = ဝိပဿနာမည်၏။
1,314,850
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေ ရှိကြတယ်။
1,314,851
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ခန္ဓာ (၅)ပါး ရုပ်တရား, နာမ်တရားတွေ ရှိတယ်။
1,314,852
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ ရှိတယ်။
1,314,853
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေရဲ့ ဖြစ်မှု ပျက်မှုကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။
1,314,854
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုတယ်။
1,314,855
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့ သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။
1,314,856
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရှုတဲ့အပိုင်းကိုတော့ ဘာလို့ခေါ်လဲ? ဝိပဿနာလို့ ခေါ်တယ်။
1,314,857
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါယကာကြီး ဒါယိကာမကြီးတွေ ဝိပဿနာဆိုတာ ဘာကို ခေါ်တယ် ဆိုတာကိုတော့ တိတိကျကျ သိဖို့ မလိုဘူးလား? လိုတယ်။
1,314,858
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝိပဿနာလို့တော့ ခေါ်တယ်ဆိုပြီး တိတိကျကျ မသိဘဲနဲ့ သွားပြီးတော့ တရားအားထုတ် လိုက်တယ်။
1,314,859
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တကယ့် ဝိပဿနာ မဟုတ်ခဲ့ဘူးဆိုလျှင်တော့ မိမိအတွက် အကျိုးမယုတ်နိုင်ဘူးလား? ဆုတ်ယုတ်သွားနိုင်တယ်။
1,314,860
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါကြောင့် သတိရှိဖို့ အင်မတန် လိုပါတယ်။
1,314,861
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ရှုတဲ့အပိုင်းကို ဝိပဿနာလို့ ခေါ်တယ်ဆိုတော့ ဘာတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုရမလဲ? ဒုက္ခသစ္စာ အမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရား, သမုဒယသစ္စာ အမည်ရနေတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ။
1,314,862
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုတဲ့အပိုင်းကိုသာ ဝိပဿနာလို့ ခေါ်ပါတယ်။
1,314,863
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ဝိပဿနာကမ္မဋ္ဌာန်းကို ဒီမထေရ်မြတ်ကြီးက ဖြည့်ကျင့်လိုက်တာ ဘယ်လောက်ကြာသွားသလဲ? (၁၉)နှစ် ကြာသွားတယ်။
1,314,864
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မနုဿာပိ သုဒံ အန္တရာမဂ္ဂေ ကသန္တာ စ ဝပန္တာ စ မဒ္ဒန္တာ စ ကမ္မာနိ စ ကရောန္တာ ထေရံ တထာဂစ္ဆန္တံ ဒိသွာ အယံ ထေရော ပုနပ္ပုနံ နိဝတ္တိတွာ ဂစ္ဆတိ။
1,314,865
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကိံ နု ခေါ မဂ္ဂမူဠှော ဥဒါဟု ကိဉ္စိ ပမုဋ္ဌောတိ သမုလ္လပန္တိ။
1,314,866
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) မထေရ်မြတ်ကြီးက ဒီဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တဲ့အပိုင်းမှာ သတိကလေး တစ်ချက်လောက် လွတ်ပြီးတော့ ခြေတစ်လှမ်း လှမ်းခဲ့မိမယ်ဆိုလျှင် နောက်ကြောင်း ပြန်သွားတယ်။
1,314,867
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ မေ့လျော့ပြီး လာခဲ့တဲ့ နေရာအထိ နောက်ကြောင်း ပြန်သွားတယ်။
1,314,868
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နောက်ကြောင်းပြန်ပြီးတော့မှ အဲဒီ နေရာကနေ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို တစ်ဖန် ပြန်စီးဖြန်းပြီးတော့ သတိ မလွတ်ဘဲ ဆက်ပြီး ဆွမ်းခံကြွတော်မူတယ်။
1,314,869
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အကယ်၍ နောက်ထပ် တစ်ဖန် သတိလွတ်ပြီးတော့ ခြေလှမ်းမိခဲ့လျှင်လည်း အဲဒီ သတိလွတ်မိခဲ့တဲ့ နေရာအထိ နောက်ကြောင်း ပြန်ဆုတ်ပြန်တယ်။
1,314,870
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပြန်ဆုတ်ပြီးတော့ အဲဒီ နေရာကနေ တစ်ခါ ပြန်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပြီးတော့ ဆွမ်းခံကြွတော်မူတယ်။
1,314,871
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ နည်းစနစ်ဖြင့် ဆွမ်းခံကြွနေတော့ ခေါက်တုံ့ ခေါက်ပြန် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။
1,314,872
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ့်နှယ်တုံး မုပွန်က ဒါယကာကြီး ဒါယိကာမကြီးတွေ အဲဒီလို မေ့လို့သာ နောက်ပြန်ရမယ်ဆိုလျှင်တော့ အိမ်ကို ရောက်ပါတော့မလား? မရောက်နိုင်တော့ဘူး ထင်တယ်။
1,314,873
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို မထေရ်မြတ်ကြီးက ခေါက်တုံ့ ခေါက်ပြန် လုပ်နေတော့ အဲဒီ လမ်းခရီး ပတ်ဝန်းကျင်မှာ ကောက်စိုက်နေတဲ့ပုဂ္ဂိုလ်တွေ, လယ်ထွန်နေတဲ့ပုဂ္ဂိုလ်တွေ, စပါးနယ်နေတဲ့ပုဂ္ဂိုလ်တွေ, လယ်တောမှာ အလုပ် လုပ်နေကြတဲ့ပုဂ္ဂိုလ်တွေ တော်တော် ခပ်များများက မြင်ကြတဲ့အချိန်မှာ ဒီ ကုိယ်တော်ကြီး ဘာတွေများ လုပ်နေပါလိမ့်၊ တစ်ခုခု မေ့လျော့ပြီးတော့ပဲ နောက်က...
1,314,874
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီ ပြောနေတဲ့စကားတွေကိုလည်း မထေရ်ကြီးက ဘာလုပ်သလဲ?
1,314,875
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သော တံ အနာဒိယိတွာ ကမ္မဋ္ဌာနယုတ္တစိတ္တေနေဝ သမဏဓမ္မံ ကရောန္တော ဝီသတိဝဿဗ္ဘန္တရေ အရဟတ္တံ ပါပုဏိ။
1,314,876
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
) သော = ထိုမထေရ်ကြီးသည်။
1,314,877
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
တံ = ထိုလူတို့ ပြောကြားနေတဲ့ စကားကို။
1,314,878
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အနာဒိယိတွာ = မယူမူ၍။
1,314,879
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကမ္မဋ္ဌာနယုတ္တစိတ္တေနေဝ = ကမ္မဋ္ဌာန်းနဲ့ ယှဉ်သော စိတ်ဓာတ်ဖြင့်သာလျှင်။
1,314,880
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သမဏဓမ္မံ = ရဟန်းတရားကို။
1,314,881
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ကရောန္တော = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။
1,314,882
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဝီသတိဝဿဗ္ဘန္တရေ = အနှစ် (၂၀)အတွင်း၌။
1,314,883
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ပါပုဏိ = ဆိုက်ရောက်တော်မူခဲ့လေပြီ။
1,314,884
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သူတို့ ဘာပဲပြောပြော ပြောနေတဲ့ စကားကို တစ်ချက်မှ နှလုံးမသွင်းဘူး။
1,314,885
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စိတ်ထဲမှာ တစ်ချက်မှ ယူမထားလိုက်ဘူး။
1,314,886
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလိုနည်းအားဖြင့် အားထုတ်လိုက်တာ အနှစ် (၂၀)အတွင်းမှာ အရဟတ္တဖိုလ် ဆိုက်သွားတယ်။
1,314,887
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ အတုယူဖွယ် မကောင်းဘူးလား? အတု ယူဖွယ်ကောင်းတဲ့ မထေရ်မြတ်ကြီးရဲ့ ထုံးကလေးပဲ။
1,314,888
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မထေရ်မြတ်ကြီး အရဟတ္တဖိုလ် ရောက်တော်မူတဲ့နေ့ကျတော့ ဘာဖြစ်လာသလဲ? အဲဒီ မထေရ်မြတ်ကြီး စင်္ကြံလျှောက်တော်မူလေ့ရှိတဲ့ စင်္ကြံလမ်းအစွန်မှာ စိုးအုပ်ပြီး နေထိုင်တဲ့ နတ်က မိမိရဲ့ လက်ချောင်းတွေကို မီးထွန်းပြီးတော့ လာပြီး ပူဇော်တယ်။
1,314,889
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
စာတုမဟာရာဇ်နတ်မင်းကြီး (၄)ဦးတို့ကလည်း လာပြီး ပူဇော်တယ်။
1,314,890
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နာမည်ကျော် ဒါယကာတော် သိကြားမင်းကြီးကလည်း လာပြီးတော့ ပူဇော်တယ်။
1,314,891
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သဟမ္ပတိဗြဟ္မာကြီးကလည်း လာပြီးတော့ ပူဇော်တယ်။
1,314,892
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နတ်တွေ, ဗြဟ္မာတွေရဲ့ အပူဇော်ကို ခံရတဲ့အဆင့်အထိ ရောက်ရှိသွားတယ်။
1,314,893
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို အဆင့်အထိ ရောက်ရှိအောင် ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ရင်းနဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဘယ်လောက်ကြာအောင် ကြိုးစားအားထုတ်ခဲ့သလဲ? (၁၉)နှစ် အားထုတ်ခဲ့တယ်။
1,314,894
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဘာဖြစ်လို့ (၁၉)နှစ်လောက် အချိန်ကြာအောင် အားထုတ်ရသလဲလို့ မေးလျှင်တော့ ဘယ်လို ဖြေကြမလဲ? ပါရမီကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့်ခဲ့စဉ် အချိန်အခါတုန်းက နေ့တွက် ရက်တွက် စသည်ဖြင့် နေ့တွေ, ရက်တွေ, လတွေကို မရွှေ့ခဲ့ဘူးလား? ရွှေ့ခဲ့တယ်။
1,314,895
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
အဲဒီလို ရွှေ့ခဲ့တဲ့အတွက် ရဟန်းတရားကို တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အပိုင်း ရောက်လာတော့ ကြန့်ကြာပြီး မနေဘူးလား? ကြန့်ကြာသွားတယ်။
1,314,896
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒါက ဘုန်းကြီးတို့ မဟာဖုဿဒေဝမထေရ်မြတ်ကြီးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
1,314,897
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
မဟာနာဂမထေရ်
1,314,898
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
နွယ်မဲမဏ္ဍပ်ကျောင်းမှာ သီတင်းသုံးတော်မူတဲ့ အင်မတန် ကြည်ညိုဖွယ်ရာကောင်းတဲ့ မဟာနာဂမထေရ်ကြီး ဖြစ်ပါတယ်။
1,314,899
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
ဒီမထေရ်မြတ်ကြီးက ဘာလုပ်သလဲ?
1,314,900
မြန်မာဘာသာ
အလောင်းတော်တို့ တောထွက်တော်မူကြပြီ
သောပိ ကိရ ဂတပစ္စာဂတိကဝတ္တံ ပူရေန္တော ပဌမံ တာဝ ဘဂဝတော မဟာပဓာနံ ပူဇေဿာမီတိ သတ္တ ဝဿာနိ ဌာနစင်္ကမနမေဝ အဓိဋ္ဌာသိ။