id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,315,701
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်တယ်။
1,315,702
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားတယ်။
1,315,703
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အများစုက ဘယ်သူမှမရှိဘူးဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားတယ်၊ “ဘယ်သူမှမရှိဘူး၊ ငါ တရားထိုင်မယ်” ဆိုတာ အနည်းစု၊ အင်မတန်မှနည်းတာ၊ ဒီတော့ အများစုက မကောင်းတာလုပ်ဖို့ စဉ်းစားတယ်။
1,315,704
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဘာဖြစ်လို့ မကောင်းတာလုပ်သလဲဆို သူ့စိတ်ထဲမှာ ဆိတ်ကွယ်ရာလို့သတ်မှတ်လိုက်တာ၊ “ငါလုပ်တာ ဘယ်သူမှမသိဘူး၊ ငါလုပ်ချင်တာ လုပ်လို့ရပြီ” လို့ ထင်တာကိုး၊ ထင်ပြီးတော့ အဲဒီလို လုပ်လေ့ရှိတယ်တဲ့။
1,315,705
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားရမှာက “ဘယ်သူမှ မသိပေမယ့် ငါသိတယ်” လောကမှာ မဟုတ်တာလုပ်ရင် ကျန်တဲ့လူတွေ ဘယ်သူမှမသိဘူးဆိုပေမယ့် ငါသိတယ်နော်၊ ဒီတော့ ငါသိနေရင်ကို သိတဲ့သူရှိနေပြီ၊ ဒါကြောင့်မို့ ကိုယ်သိရင်ပဲ အကုသိုလ်ဟာ မလုပ်သင့်ဘူး။
1,315,706
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါကြောင့်မို့ “နတ္ထိလောကေ ရဟော နာမ ပါပကမ္မံ ပကုဗ္ဗတော” “အကုသိုလ်အမှုပြုလုပ်တဲ့ပုဂ္ဂိုလ်မှာ ဆိတ်ကွယ်ရာဆိုတာ မရှိပါဘူး” တဲ့။
1,315,707
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဘာဖြစ်လို့ ဆိတ်ကွယ်ရာဆိုတာ မရှိတာတုန်းဆို “အတ္တာ တေ ပုရိသ ဇာနာတိ” တဲ့။
1,315,708
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်ကိုယ်ကိုပဲ သိနေတာပဲတဲ့၊ ဘယ်လိုလုပ် ဆိတ်ကွယ်မှာလဲတဲ့။
1,315,709
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“သစ္စံ ဝါ ယဒိ ဝါ မုသာ” ကိုယ်လုပ်တာ ဟုတ်တယ် မဟုတ်ဘူး ကိုယ်သိတယ်လေ၊ ကိုယ်သိနေကတည်းက ကိုယ့်ကိုယ်ကို ရှက်စရာကြီး ဖြစ်နေပြီပေါ့။
1,315,710
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါကြောင့်မို့လို့ ကိုယ်ကိုယ်ကို သိနေတဲ့ မကောင်းမှုကိုလည်း မလုပ်သင့်ဘူးတဲ့။
1,315,711
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အကောင်းဆုံးသက်သေက ကိုယ့်ကိုယ်ကိုပဲ ကိုယ်အသိဆုံးပဲ။
1,315,712
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ်လုပ်တာ ကိုယ်အသိဆုံးပဲ။
1,315,713
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီလိုပြောတာ။
1,315,714
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
နောက်တစ်ခုကျတော့ “လောကံယေဝ အဓိပတိံ ကတွာ” ကိုယ့်ပတ်ဝန်းကျင်ကို ဆင်ခြင်စဉ်းစားတာ။
1,315,715
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“လောကကြီးမှာ ငါတစ်ယောက်တည်းနေတာ မဟုတ်ဘူး၊ ငါမဟုတ်တာလုပ်ရင် ငါလုပ်တာတွေ တစ်နေ့ကျတော့ ပေါ်လိမ့်မယ်၊ သို့မဟုတ် လောကကြီးမှာ တန်ခိုးရှင်တွေရှိတယ်၊ အဲဒီတန်ခိုးရှင်တွေက သူများစိတ်ကို သိနိုင်တယ်၊ ဖုံးကွယ်တယ်လို့ထင်ပေမယ့် သူတို့က မြင်နိုင်စွမ်းရှိတယ်၊ သူတို့မြင်သွားလို့ရှိရင် ငါလုပ်တဲ့အလုပ်တွေဟာ ရှက်စရာကြီးပဲ၊ အရှက်ကွဲလိမ့်မယ်။
1,315,716
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကကို အကြီးအမှူးထားလို့၊ အလေးထားလို့ “ငါမဟုတ်တာလုပ်ရင် ငါ့အမေအရှက်ရလိမ့်မယ်၊ ငါ့အဖေအရှက်ရလိမ့်မယ်၊ ငါ့ရဲ့မိသားစု အရှက်ရလိမ့်မယ်၊ ငါ့ရဲ့ ဆွေမျိုးသားချင်းတွေ ငါ့မိတ်ဆွေတွေ အရှက်ရလိမ့်မယ်” လို့ ဆင်ခြင်စဉ်းစားရမယ်။
1,315,717
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါမျိုးတွေက တကယ်ရလည်း ရတာပဲ။
1,315,718
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မဟုတ်တာလုပ်လို့ရှိရင် အရှက်ရတယ်၊ အဲဒီတော့ ပတ်ဝန်းကျင်အရှက်ရတဲ့ အလုပ်တွေ ငါမလုပ်သင့်ဘူးလို့ လောကကို၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်ပြီး အကုသိုလ်ကို ရှောင်ရမယ်၊ ကုသိုလ်ကိုသာ လုပ်ရမယ်တဲ့၊ အဲဒီလို ဆိုလိုတယ်။
1,315,719
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ့်စိတ်ကလေးကို ကိုယ်ပြင်ဖို့ရာအတွက် ဒါလေးတွေက စိတ်ဆင်ရိုင်းကို ချွန်းအုပ်ဖို့ရာ ဆင်ခြင်စဉ်းစားရမယ်။
1,315,720
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အသိဉာဏ်နဲ့ အဲဒီလို ဆင်ခြင်စဉ်းစားပြီးတော့ အဓိကကတော့ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ဖို့ပဲ။
1,315,721
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကောင်းတာတွေကြီးပဲ လုပ်သွားကြတယ်၊ လောကကို အဓိကထားတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကို အဓိကထားတယ်၊ ကိုယ့်ကိုယ်ကို အဓိကထားတယ်။
1,315,722
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ရှေးတုန်းက ဒီလို အဓိကထားတာလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြဦးမယ်။
1,315,723
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကဆိုတာ ကိုယ့်ရဲ့ အရာဝတ္ထုတစ်ခုခု ဘာပဲဖြစ်ဖြစ်ပေါ့လေ အဓိကထားတာ၊ ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက် ပုဆိုးလေးကလဲ စုတ်ပြတ်နေတဲ့ပုဆိုး၊ ပုဆိုးကလေးကို ဝတ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက တောင်းစားတာ၊ ကလေးလေးပဲ ရှိသေးတယ်၊ သူ သူတောင်းစားဘဝ ရောက်နေတယ်၊ အဲဒီလို အဝတ်ကလည်း စုတ်ပြတ်ပြီး ခ...
1,315,724
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကလေးလေးက ဘာပြောတုန်းဆိုတော့ လူက စုတ်ပြတ်နေပေမယ့် တစ်ခါတစ်လေ အသိဉာဏ်ရှိတဲ့ ကလေးတွေရှိတယ်။
1,315,725
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“တပည့်တော်လို အခြေအနေမဲ့ကို ဘယ်သူက သင်္ကန်းဝတ်ပေးမှာလဲဘုရား၊ ဝတ်ချင်လဲ တပည့်တော်ကို ဘယ်သူမှဝတ်ပေးမှာမဟုတ်ဘူး” ဆိုပြီး ပြန်လျှောက်တယ်။
1,315,726
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
“အဲဒါဆို မင်း ငါနဲ့လိုက်ခဲ့၊ ဝတ်ချင်တယ်ဆို ငါဝတ်ပေးမယ်” လို့နော်၊ ရှင်အာနန္ဒက ကျောင်းခေါ်သွားတယ်။
1,315,727
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကျောင်းခေါ်သွားပြီးတော့ သူ့ကို သင်္ကန်းဝတ်ပေးလိုက်တယ်။
1,315,728
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီ သင်္ကန်းဝတ်ပေးတဲ့အခါမှာ သံယောဇဉ်ဆိုတာ ကောင်းမှ သံယောဇဉ်တွယ်တာ မဟုတ်ဘူးနော်။
1,315,729
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီကလေးက ခုနစ်နှစ်အရွယ်ပဲရှိသေးတယ်၊ သင်္ကန်းကျတော့ ရှင်အာနန္ဒကပေးတာဖြစ်တော့ သင်္ကန်းဝတ်လိုက်တဲ့အခါမှာ သူ့ရဲ့ အဝတ်စုတ်ရယ်၊ ခွက်စုတ်ကလေးရယ်ကို မပစ်နိုင်ဘူး။
1,315,730
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မပစ်နိုင်တော့ သစ်ပင်ခွကြားလေးတစ်ခုမှာ သွားတင်ထားတယ်။
1,315,731
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို သွားထားပြီးတော့ ရှင်အာနန္ဒဆီ သင်္ကန်းဝတ်၊ တရားဓမ္မတွေ သင်လို့ အသားအရေတွေ စိုပြေလာတယ်ပေါ့။
1,315,732
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
စိတ်ချမ်းသာ ကိုယ်ချမ်းသာ၊ စားစရာသောက်စရာကလည်း ဆွမ်းခံပြီး စားရတာဆိုတော့ ခါတိုင်းလို မဝရေစာစားရတာ မဟုတ်ဘူး။
1,315,733
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အကောင်းစားလာရတဲ့အခါဆိုတော့ အသားအရေလေး စိုပြေလာတယ်။
1,315,734
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူက အသားအရေလေး စိုပြေပြီး စိတ်ကျန်းမာလာတဲ့အခါကျတော့ အကောင်းဘက်ကို သိပ်မစဉ်းစားဘူး။
1,315,735
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူဆိုတာ ကောင်းတဲ့ဘက်ကို သိပ်မစဉ်းစားချင်ဘူး။
1,315,736
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သူ့စိတ်ထဲမှာ ဒီဘုန်းကြီးဝတ်နဲ့ နေရတာ၊ သင်္ကန်းဝတ်နဲ့ နေရတာ မလွတ်လပ်ဘူးလို့ ထင်တယ်။
1,315,737
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒီတော့ မလွတ်လပ်တော့ သူလူထွက်ချင်စိတ် ပေါက်တယ်။
1,315,738
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဘယ်လောက်ကောင်းတဲ့နေရာ ပို့ပို့ ဒီဘဝမှာ သူဆက်မနေချင်ဘူး။
1,315,739
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မနေချင်တော့ သူ့ကိုယ်သူ ဆုံးမတဲ့အနေနဲ့ သူဘယ်သွားတုန်းဆို "ကဲ ငါဒီသင်္ကန်း မဝတ်ချင်ဘူးဆိုရင် ငါဝတ်ရမှာက အစုတ်အပြဲနဲ့ ခွက်နဲ့ပဲ။
1,315,740
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ငါပိုင်တဲ့ပစ္စည်းက ဒါပဲရှိတယ်" ဆိုပြီး အဲဒီခွက်ကလေးနဲ့ အဝတ်စုတ်ကလေး သိမ်းထားတဲ့နေရာကို သူသွားလိုက်တယ်။
1,315,741
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သူ့အဝတ်စုတ်ကလေးကလဲ ဟိုနေရာကပေါက်၊ ဒီနေရာကပေါက်။
1,315,742
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုင်ပြီးတော့ ဆွဲလိုက်မယ်ဆိုလို့ရှိရင် အကုန်လုံး ရိနေတာ၊ ဘယ်နေရာမှ သုံးလို့မရတဲ့အဝတ်နော်။
1,315,743
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါလေးက မလုံ့တလုံလေး၊ သူဝတ်နေတာ။
1,315,744
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အကုန်လုံး ရိနေတဲ့အဝတ်၊ ခိုင်မာတဲ့နေရာ တစ်နေရာမှမရှိဘူး။
1,315,745
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီ အဝတ်စုတ်ကလေးရယ်၊ ခွက်စုတ်ကလေးရယ်ကို ကြည့်ပြီးတော့ သူဘာတွေးတုန်းဆို ခုနက မပျော်တဲ့စိတ်ကို သူက ဆုံးမတယ်။
1,315,746
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"မင်းက ဒီလိုချမ်းချမ်းသာသာ နေရတဲ့ဘဝကို မနေဘဲနဲ့ ဒီအဝတ်စုတ် ဝတ်ပြီးတော့ ခွက်စုတ်နဲ့လဲ တောင်းချင်သေးတာလား။
1,315,747
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ်ရထားတဲ့ ဘဝလေးတစ်ခု မင်းတန်ဖိုးရှိအောင် မလုပ်နိုင်ပါလား။
1,315,748
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သံသရာဝဋ်ကထွက်ဖို့ မင်းမကြိုးစားဘဲနဲ့ လူထွက်ဖို့ ကြိုးစားနေတယ်၊ မင်း သင့်တော်ပါ့မလား" လို့ အဲဒီအဝတ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ပြီးတော့ သူ့ကိုယ်သူ ဆုံးမတာ။
1,315,749
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဆုံးမတဲ့အခါကျတော့ စိတ်ကလေး ပြန်လည်သွားတယ်။
1,315,750
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါနဲ့ ကျောင်းပြန်သွားတယ်။
1,315,751
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါက တစ်ခါဖြစ်တာ မဟုတ်ဘူး၊ အကြိမ်ကြိမ်ဖြစ်တာ။
1,315,752
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို ဖြစ်တိုင်းဖြစ်တိုင်း သူအဲဒီကို သွားတာ။
1,315,753
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကြာတော့ "ဒီကိုရင် ဘယ်သွားတာလဲ" ဆိုပြီးတော့ ကိုယ်တော်တွေက သူ့ကို မေးကြတယ်။
1,315,754
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"မင်းဘယ်သွားတာတုန်း၊ အဲဒီဘက်ကို သွားသွားပြီးတော့" လို့ မေးကြတယ်။
1,315,755
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"အဲဒီ သစ်ပင်နားလေးကို သွားသွားပြီးတော့ နေတာ ဘာသွားလုပ်တာလဲ" ဆို မေးတော့ သူကပြောတယ်၊ "ဆရာ့ဆီ သွားတာပါ၊ အဆုံးအမ သွားခံတာ၊ ဆရာ့ဆီ သွားတာ" တဲ့။
1,315,756
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဆရာဆိုတာ ဒီအဝတ်စုတ်က သူ့ကို ပြန်တရားချတယ်ပေါ့၊ ဒါပြောတာ။
1,315,757
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လောကကို အဓိကထားတယ်၊ ဆရာဆိုတာ အဝတ်စုတ်နဲ့ခွက်စုတ်ကို သူပြောတာ။
1,315,758
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"မင်းလူ့ဘဝရောက်ရင် ဒါပဲပြန်သုံးရမယ်" ဆိုပြီးတော့ အဲဒါကို သူက "ဆရာ" ဆိုပြီးတော့ ရဟန်းတွေကို ပြောတာ။
1,315,759
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလို သွားလိုက်ပြန်လိုက် နေရင်းကနေ နောက် သူ့စိတ်တွေ တည်ငြိမ်မှုရလာတယ်။
1,315,760
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ရှင်အာနန္ဒမထေရ်မြတ် နည်းပေးတဲ့အတိုင်း တရားကျင့်လိုက်တော့ နောက်ဆုံးမှာ သူ ရဟန္တာဖြစ်သွားတယ်။
1,315,761
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သာသနာတော်မှာ လုံးဝပျော်တဲ့အပျော်၊ ထာဝရပျော်တဲ့အပျော်တစ်ခုကို သူရသွားတယ်။
1,315,762
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီလိုပျော်တဲ့အခါ အဲဒီဘက်ကို သူဘယ်တော့မှ မသွားတော့ဘူး။
1,315,763
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မသွားတော့ ကိုယ်တော်တွေက မေးတယ်၊ "မင်းဆရာ့ဆီ မသွားဘူးလား" လို့ဆိုတော့ "အရှင်ဘုရား၊ ဆရာနဲ့ အဆက်အသွယ်ရှိတုန်းကသာ သွားတာပါ၊ အခုတပည့်တော်မှာ အဆက်အသွယ်ပြတ်သွားပါပြီ" လို့ ဆိုတဲ့အခါကျတော့မှ မြတ်စွာဘုရားကို ရဟန်းတွေက "ဒီကိုယ်တော် တရားထူးရတဲ့ စကားမျိုး ပြောတယ်ပေါ့" ဆိုတော့ မြတ်စွာဘုရားက "ဟုတ်တယ်" တဲ့။
1,315,764
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"သူက အရှက်တရားနဲ့ သူ့ကိုယ်သူ ဆုံးမပြီးတော့ အဲဒီ အဝတ်စုတ်နဲ့ ခွက်စုတ်ကို ကြည့်ကြည့်ပြီးတော့ သူ့ကိုယ်သူ တရားချပြီး ကျင့်ကြံကြိုးကုတ် အားထုတ်လို့ အခု တရားထူး တရားမြတ် ရသွားပြီ" လို့ မိန့်ကြားတယ်။
1,315,765
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကြည့်လေ၊ ဘာကိုပဲဖြစ်ဖြစ် "လောကံ ယေဝ အဓိပတိံ ကတွာ" ကိုယ့်ရဲ့ပတ်ဝန်းကျင် ဘာပဲဖြစ်ဖြစ်၊ ကိုယ်သုံးတဲ့ပစ္စည်းနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဲဒါကို အလေးထားပြီးတော့ ဆရာအရာထားလို့ စဉ်းစားဆင်ခြင်ပြီးတော့ ကိုယ့်ကိုယ်ကို ပြင်သွားကြတာ။
1,315,766
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါသူတော်စင်တွေဟာ ဒီလိုပဲ လုပ်လေ့ရှိတယ်ပေါ့။
1,315,767
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
နောက်တစ်ခုကျတော့ "ဓမ္မကို အလေးထားပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ရမယ်" တဲ့။
1,315,768
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြတ်စွာဘုရားဟောတဲ့ တရားဓမ္မကို လေ့လာလိုက်စားမယ်ဆိုရင်၊ ကြည့်လိုက်မယ်ဆိုရင် ဘုရားဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလအကြောင်း ဟောတာရှိတယ်။
1,315,769
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သမာဓိအကြောင်း ဟောတာရှိတယ်၊ ပညာအကြောင်း ဟောတာရှိတယ်။
1,315,770
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ်ကျင့်သီလဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။
1,315,771
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သမာဓိတရားဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။
1,315,772
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ပညာတရားဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်။
1,315,773
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သီလကို ဘယ်လိုဖြည့်ကျင့်ရတယ်။
1,315,774
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သမာဓိကို ဘယ်လိုပွားများရတယ်။
1,315,775
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ပညာကို ဘယ်လိုထက်အောင် ပြုရတယ်ဆိုတဲ့ မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေဟာ လုပ်ရင် လုပ်တဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့ ဓမ္မရဲ့ ဂုဏ်ရည်ဂုဏ်သွေးတွေကို ဘုရားဟောတာ အမှန်အကန်ပဲ။
1,315,776
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တကယ်လုပ်ရင် လုပ်သွားတာတွေ ကိုယ်တိုင်ဖြစ်ကုန်ကြတယ်။
1,315,777
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ဒါကြောင့်မို့ တရားဂုဏ်တော် ၆-ပါးဆိုတာ အလေးအနက်ထားပြီးတော့ စဉ်းစားကြည့်- မြတ်စွာဘုရားဟောတာ ကြည့်နော်၊ သီလကို ပြည့်စုံအောင်လုပ်။
1,315,778
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သီလကို ပြည့်စုံအောင်လုပ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်စိုက်ပြီးတော့ ရုပ်နာမ်ဓမ္မသင်္ခါရတွေကို ဆင်ခြင်စဉ်းစား။
1,315,779
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သတိတွေ ခိုင်မာအောင်၊ သမာဓိတွေ ရင့်သန်လာအောင်၊ ပညာတွေ ထက်မြက်လာအောင် ကြိုးစားအားထုတ်မယ်ဆိုရင် အဲဒီသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတာ တွေ့မယ်။
1,315,780
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီနိဗ္ဗာန် တွေ့သွားလို့ရှိရင် ထာဝရငြိမ်းချမ်းတဲ့အငြိမ်းကို ရရှိနိုင်တယ်လို့ မြတ်စွာဘုရားက အဲဒီလို ဟောတယ်။
1,315,781
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မြတ်စွာဘုရားဟောတဲ့ ဒီလိုမှန်ကန်တဲ့ ဝိပဿနာကျင့်စဉ်တရားကို ကျင့်လို့ရှိရင် ရရှိလာနိုင်တဲ့ မဂ် ၄-ပါး။
1,315,782
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
မဂ် ၄-ပါး ရလာတာနဲ့တစ်ပြိုင်နက် အကျိုးအနေနဲ့ ဖြစ်ပေါ်လာမယ့် ဖိုလ် ၄-ပါး၊ ဒီသဘာဝတရားတွေဟာ တကယ်ကျင့်ရင် တကယ်ရတယ်။
1,315,783
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
တကယ်လုပ် တကယ်ဖြစ်တယ်ဆိုတာ မြတ်စွာဘုရားက ဟောထားတယ်။
1,315,784
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒါကြောင့်မို့ တရားရဲ့ဂုဏ်ရည်တွေ အာမခံချက်ပေးတဲ့အနေနဲ့ မြတ်စွာဘုရား ဟောထားတာရှိတယ်။
1,315,785
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"သွာက္ခာတော ဘဂဝတာ ဓမ္မော" မြတ်စွာဘုရားဟောတဲ့ ဓမ္မဟာ အမှန်အတိုင်း ဟောတာဖြစ်တယ်။
1,315,786
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လုပ်မဖြစ်တဲ့တရား တစ်ခုမှ မဟောဘူး။
1,315,787
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လုပ်ဖြစ်တဲ့တရားတွေချည်းပဲ။
1,315,788
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လူတိုင်းလူတိုင်း လုပ်လို့ရတယ်လေ။
1,315,789
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သီလဆိုတာ ဆောက်တည်လို့ရတယ်။
1,315,790
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
သမာဓိကျင့်စဉ် ကျင့်လို့ရတယ်။
1,315,791
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကျင့်ရင် ကိုယ့်အတိုင်းအတာအလျောက် အကျိုးတရားဆိုတာလည်း ရောက်လာမယ်။
1,315,792
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ပညာဆိုတာလည်း ကျင့်ကြံလို့ရတယ်။
1,315,793
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ရလာလို့ရှိရင် အတိုင်းအတာတစ်ခုအရ မျက်မှောက်ပြုလာနိုင်တယ်။
1,315,794
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လုပ်ရင် လုပ်တဲ့အတိုင်း ဖြစ်နိုင်လို့ "သွာက္ခာတော ဘဂဝတာ ဓမ္မော" မှန်မှန်ကန်ကန် ဟောထားတဲ့တရားတဲ့။
1,315,795
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
အဲဒီ မှန်မှန်ကန်ကန် ဟောထားတဲ့တရားဟာ ဘုရားကလွဲရင် ကျန်တဲ့ပုဂ္ဂိုလ်တွေ မသိဘူးလားလို့ဆိုရင် မဟုတ်ဘူး။
1,315,796
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
လုပ်တဲ့ပုဂ္ဂိုလ်တိုင်း သိနိုင်တယ်။
1,315,797
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"သန္ဒိဋ္ဌိကော" လုပ်သူကိုယ်တိုင် သိနိုင်တယ်၊ ဘယ်လောက် ကျေနပ်စရာကောင်းလဲ။
1,315,798
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ်လုပ်ရင် ကိုယ်သိတယ်ပေါ့။
1,315,799
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
ကိုယ်လုပ်ရင် ကိုယ်ရတယ်။
1,315,800
Uncategorized
အလေးထား၍စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်
"ငါရတယ်၊ မင်းတို့တော့ ငါပြောတဲ့အတိုင်း ယုံကြ" လို့ ဒီလိုပြောတာ မဟုတ်ဘူး။