id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,101 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၇။ ကိုယ်နှင့်အဝတ်၊ အဝတ်နှင့်ကိုယ်၊ မသိလိုဘဲ၊ စပ်ကြား တဏှာ အထင်လွဲ။ |
1,317,102 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၈။ လှသည့်အနေ၊ ဖွတ်အိုမွှေ၊ ထင်လေသူမှာ−အကျိုးနဲ။ |
1,317,103 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၉။ ယင်းတစ္ဆေယုတ်၊ တဏှာဖုတ်၊ မန်းမှုတ်ထုတ်မှ-ဖဲ။ |
1,317,104 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၀။ မန်းမှုတ်ထုတ်ကာ၊ ရွတ်စရာ၊ ဂါထာ-ဤတနဲ။ |
1,317,105 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၁။ တန်-တစ္ဆေယုတ်၊ တဏှာဖုတ်၊ သုတ်သုတ်ခွာလေလွှဲ။ |
1,317,106 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၂။ နင်လှည့်စားရာ၊ နင့်တွက်တာ၊ ငါ့မှာသံသာထဲ။ |
1,317,107 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၃။ ယခုတိုင်ကြာ၊ မလွတ်သာ၊ လည်ချာတသဲသဲ။ |
1,317,108 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၄။ မြင်းပြေးလေလေ၊ ငါမောလေ၊ ဆိုထွေပုံမလွဲ။ |
1,317,109 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၅။ နင်လှလေလေ၊ ငါပန်းလေ၊ သံသာရှေ၍- ဘယ်မစဲ။ |
1,317,110 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၆။ နင်၏ခြင်းရာ၊ ခုဤခါ၊ သေချာသိပြီဘဲ။ |
1,317,111 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၇။ ပြေးလေထွက်လေ၊ သက်ပါလေ၊ တစ္ဆေမောင်ဖုတ်မွဲ။ |
1,317,112 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၈။ ဤသည့်ဂါထာ၊ ရွတ်၍သာ၊ သေချာသတိစွဲ။ |
1,317,113 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄၉။ ဖုတ်အိုတဏှာ၊ တောပြိတ္တာ၊ ထွက်ကာ ပြေးလိမ့် မနေဘဲ။ |
1,317,114 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၅၀။ မကျဉ်းမကျယ်၊ ဆင်ခြင်ဘွယ်၊ ဆောင်လွယ်လူခပဲ။ |
1,317,115 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၅၁။ သင်္ဘောပမာ၊ ဤသည့်စာ၊ အောင်ချာနိဗ္ဗူ-ချဉ်းသောဝ်။ |
1,317,116 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၅၂။ ပစ္စဝက္ခဏာ၊ ပထမာ၊ ဤခါ အောင်မြေနင်းလိမ့်သောဝ်။ |
1,317,117 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၅၃။ မမပုညံ၊ ကုသလံ၊ နိဗ္ဗာန်ရွှေမြို့- လင်းလိမ့်သောဝ်။ |
1,317,118 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၁။ အဝါရိယဇာတ် |
1,317,119 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | လူကို ယုတ်မြတ် မသိတတ်ခြင်းအကြောင်း |
1,317,120 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မာသု ကုဇ္ဈ ဘူမိပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အဝါရိယဇာတ်ကို ဇေတဝန်ကျောင်းဘော်၌ သီတင်းသုံး နေတော်မူစဉ် ကူးတို့ဆိပ်၌ တစ်ယောက်သော ကူးတို့သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ |
1,317,121 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပစ္စုပ္ပန်ဝတ္ထု... ထိုကူးတို့သည်သည် မိုက်သည် ဖြစ်သတတ်၊ ဘုရားအစရှိကုန်သော ရတနာတို့၏ ကျေးဇူးကိုလည်း မသိ၊ တစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ ကျေးဇူးကိုလည်း မသိ၊ ကြမ်းတမ်း ရုန့်ရင်း၏။ |
1,317,122 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နိုင်ထက်မူတတ်၏။ |
1,317,123 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ရဟန်းကို ညှဉ်းဆဲပုံ |
1,317,124 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအခါ ဇနပုဒ်၌နေသော ရဟန်းတစ်ပါးသည် ဘုရားကို ဖူးမြင်အံ့ ဟု လာလတ်သော် ညဉ့်အခါ၌ အစိရဝတီ မြစ်ဆိပ်သို့ ရောက်၍ ထိုကူးတို့သည်ကို ဒါယကာ ထိုမှာဘက်သို့ သွားအံ့၊ ငါ့အား လှေကိုပေးပါလော့ဟု ဆို၏။ |
1,317,125 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အရှင်ဘုရား... ယခု အချိန်မဟုတ်ပြီ၊ တစ်ခုသော အရပ်၌ နေဦးလော့ ဟု ဆို၏။ |
1,317,126 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဒါယကာ ဤအရပ်တွင် အဘယ်၌ နေရအံ့နည်း၊ ငါ့ကို ယူ၍ သွားလော့ ဟု ဆို၏။ |
1,317,127 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကူးတို့သည်သည် အမျက် ထွက်၍ အချင်းရဟန်း... လာလော့ ဟု မထေရ်ကို လှေသို့တင်၍ ဖြောင့်စွာမသွားမှု၍ လှေကို အောက်သို့ဆောင်၍ မြစ်၌ လှေကိုလှုပ်၍ ထိုရဟန်း၏ သပိတ်သင်္ကန်းကို စွတ်စိုစေ၍ ပင်ပန်းစေ၍ မှောင်မိုက်သောအခါမှ လွှတ်လိုက်၏။ |
1,317,128 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအခါ ထိုရဟန်းသည် ကျောင်းသို့သွား၍ ထိုနေ့၌ ဘုရားအား ခစားခြင်း၏ အခွင့်ကို မရ၍ နက်ဖြန်နေ့၌ မြတ်စွာဘုရားသို့ ကပ်၍ ရှိခိုး၍ တင့်အပ်သောအရပ်၌ နေ၏။ |
1,317,129 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မြတ်စွာဘုရားသည် ပြုအပ်သော ပဋိသန္ထာရရှိသည်ဖြစ်၍ "အဘယ်အခါ၌ လာသနည်း ဟု မေးတော်မူသည်ရှိသော် "အရှင်ဘုရား... ယမန်နေ့က လာ၏ နားတော်လျှောက်၏။ |
1,317,130 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ယမန်နေ့က လာသည်ဖြစ်လျက် အဘယ်ကြောင့် ယနေ့မှ ငါဘုရားအား ဖူးမြင်အံ့သောငှာ လာသနည်း ဟု မေးတော်မူသည်ရှိသော် ထိုအကြောင်းကို လျှောက်၏။ |
1,317,131 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအကြောင်းကို ကြား၍ မြတ်စွာဘုရားသည် ရဟန်း... ဤကူးတို့သည်သည် ယခုအခါ၌ သာလျှင် ကြမ်းတမ်းရုန့်ရင်းသည်။ |
1,317,132 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နိုင်ထက်မူတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤကူးတို့ သည်သည် ပညာရှိတို့ကို ပင်ပန်းစေ၏ ဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။ |
1,317,133 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကိုသင်၍ ရသေ့ရဟန်း ပြု၍ ရှည်မြင့်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ သစ်သီးကြီးငယ်ဖြင့် မျှ၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌ န... |
1,317,134 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မင်းကိုးကွယ်သော ရသေ့ |
1,317,135 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအခါ မင်းသည် မင်းရင်ပြင်သို့ ရောက်လာသော ထိုရသေ့ကို မြင်၍ ထိုရသေ့၏ ဣရိယာပုထ်၌ ကြည်ညို၍ နန်းတွင်းသို့ပင့်၍ ဆွမ်းကျွေး၍ ဝန်ခံခြင်းကို ယူ၍ မင်း၏ ဥယျာဉ်၌ နေစေ၍ တစ်နေ့ တစ်ကြိမ် ခစားအံ့သောငှာ လာ၏။ |
1,317,136 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဘုရားလောင်းရသေ့သည် ထိုမင်းကို မြတ်သော |
1,317,137 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မင်းကြီး... မင်းမည်သည် လေးပါးသော အဂတိသို့ လိုက်ခြင်းတို့ကို ကြဉ်၍ မမေ့မလျော့သာလျှင် သည်းခံခြင်း, မေတ္တာ, ကရုဏာနှင့် ပြည့်စုံ သည်ဖြစ်၍ မင်းပြုအပ်၏ ဟု ဆို၍ နေ့တိုင်း ဆုံးမလိုကား - |
1,317,138 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၁။ မာသု ကုဇ္ဈ ဘူမိပတိ၊ မာသု ကုဇ္ဈ ရထေသဘ။ |
1,317,139 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ ရာဇာ ရဋ္ဌဿ ပူဇိတော။ |
1,317,140 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၂။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။ |
1,317,141 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈ ရထေသဘ။ |
1,317,142 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဟူသော ဤနှစ်ဂါထာတို့ကို ဟော၏။ |
1,317,143 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၁။ ဘူမိပတိ၊ မြေကို အစိုးရသော မင်းကြီး။ |
1,317,144 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မာသု ကုဇ္စျ၊ အမျက်မထွက်လင့်။ |
1,317,145 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ |
1,317,146 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကုဒ္ဓံ၊ အမျက် ထွက်သောသူကို။ |
1,317,147 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အပ္ပဋိကုဇ္ဈန္တော၊ အတုံ အမျက် မထွက်သော။ |
1,317,148 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ရဋ္ဌဿ၊ တိုင်းနိုင်ငံသူသည်။ |
1,317,149 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၂။ ရထေသဘ၊ ရထားစီးချင်း မင်းတို့ထက် မြတ်သော မင်းကြီး။ |
1,317,150 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ |
1,317,151 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာအရပ်၌ လည်းကောင်း။ |
1,317,152 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထလေ ဝါ၊ ကြည်း၌လည်းကောင်း။ |
1,317,153 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗတ္ထ၊ အလုံးစုံသော အရပ်၌။ |
1,317,154 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အနုသာသာမိ၊ ငါ ဆုံးမ၏။ |
1,317,155 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဤသို့ ဘုရားလောင်းသည် မင်းအား လာတိုင်း လာတိုင်းသောနေ့၌ ဤဂါထာတို့ကိုဆို၏။ |
1,317,156 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မင်းသည် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်းအား အခွန်တစ်သိန်းထွက်သော ရွာမြတ်ကို ပေး၏။ |
1,317,157 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဘုရားလောင်းသည် ပယ်၏။ |
1,317,158 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကူးတို့သူကြီးမိုက် |
1,317,159 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဤသို့ ဘုရားလောင်းသည် ထိုမင်း၏ ဥယျာဉ်၌လျှင် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး နေ၍ အလွန်ကြာမြင့်စွာ နေအပ်ပြီ ဟု ဇနပုဒ်သို့ လှည့်လည်ခြင်းကို ရှေးဦးစွာ လှည့်လည်၍ လာအံ့ ဟု မင်း မပြောမဆိုမူ၍ ဥယျာဉ်စောင့်ကို ခေါ်၍ ဒါယကာ... ငါသည် ငြီးငွေ့သော သဘော ရှိ၏။ |
1,317,160 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဇနပုဒ်ကို လှည့်လည်၍ လာအံ့၊ သင်သည် သွား၍ မင်းအား ပြောဆိုချေ ဟု ဆို၍ ဖဲသည်ရှိသော် ဂင်္ဂါကူးတို့ဆိပ်သို့ ရောက်၏။ |
1,317,161 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုကူးတို့ ဆိပ်၌ ကူးတို့သည်သည် အဝါရိယ၏ အဖမည်၏။ |
1,317,162 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုကူးတို့သည်သည် မိုက်၏။ |
1,317,163 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကျေးဇူးရှိကုန်သော သူတို့၏ ကျေးဇူးကို မသိ၊ မိမိ၏ အကြောင်း ဥပါယ်ကို မသိ၊ ဂင်္ဂါသို့ ကူးလိုသော လူတို့ကို ရှေးဦးစွာ ကူးစေ၍ နောက်မှ အခကို တောင်းလေ့ရှိ၏။ |
1,317,164 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အခကို မပေးကုန်သော သူတို့နှင့်တကွ ခိုက်ရန်ပြုလျက် ဆဲရေးခြင်း သတ် ပုတ်ခြင်းသာလျှင် အလွန်များ၏။ |
1,317,165 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နည်းသော လာဘ်ရှိ၏။ |
1,317,166 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဤသို့ သဘောရှိသော အလွန်မိုက်သော ကူးတို့သည်ကို ရည်၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍- |
1,317,167 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၃။ အဝါရိယ ပိတာနာမ၊ အဟု ဂင်္ဂါယ နာဝိကော။ |
1,317,168 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပုဗ္ဗေ ဇနံ တာရေတွာန၊ ပစ္ဆာ ယာစတိ ဝေတနံ။ |
1,317,169 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တနဿ ဘဏ္ဍနံ ဟောတိ၊ န စ ဘောဂေဟိ ဝဍ္ဎတိ။ |
1,317,170 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဟူသော သုံးခုမြောက်သော ဤဂါထဒကို ဟောတော်မူ၏။ |
1,317,171 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၃။ ဂင်္ဂါယ၊ ဂင်္ဂါ၌။ |
1,317,172 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နာဝိကော၊ ကူးတို့သည်သည်။ |
1,317,173 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အဝါရိယ ပိတာ နာမ၊ အာရိယ၏ အဖမည်သည်။ |
1,317,174 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သော၊ ထိုကူးတို့သည်သည်။ |
1,317,175 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပုဗ္ဗေ၊ ရှေးဦး၌။ |
1,317,176 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဇနံ၊ ကူးတို့စီးသူ လူအပေါင်းကို။ |
1,317,177 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တာရေတွာန၊ ကူးစေ၍။ |
1,317,178 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပစ္ဆာ၊ နောက် မှ။ |
1,317,179 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဘဏ္ဍနံ၊ ခိုက်ရန်သည်။ |
1,317,180 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဘောဂေဟိ၊ စည်းစိမ်တို့ဖြင့်။ |
1,317,181 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | န စ ဝဍ္ဎတိ၊ မပွားသလျှင်ကတည်း။ |
1,317,182 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကူးတို့ပိုပြီး အခတောင်းသော် |
1,317,183 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဘုရားလောင်းသည် ထိုကူးတို့သူကြီးကို ကပ်၍ ဒါယာ ငါ့ကို ထိုမှာဘက်သို့ ပို့လော့ ဟု ဆို၏။ |
1,317,184 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုစကားကို ကြား၍ ထိုကူးတို့သည်သည် ရဟန်း... ငါ့အား အခပေးလတ္တံ့လောဟု ဆို၏။ |
1,317,185 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဒါယကာ စည်းစိမ်၏ ပွားများခြင်းအကြောင်းမည်သော စကားကို သင့်အား ငါဆိုအံ့ ဟု ဆို၏။ |
1,317,186 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤဟန်းသည် ငါ့အား တစ်စုံတစ်ခုကို မချွတ်ပေးလတ္တံ့ ဟု ထိုရသေ့ကို ထိုမှာဘက်သို့ဆောင်၍ "ငါ့အား အခပေးလော့ ဟု ဆို၏။ |
1,317,187 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | စည်းစိမ်ပွားကြောင်းတရား |
1,317,188 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုရသေ့သည် ဒါယကာ... ကောင်းပြီ ဟု ဆို၍ ရှေးဦးစွာ စည်းစိမ်၏ ပွားများခြင်း၏ အကြောင်းဖြစ်သော စကားကို ဆိုလိုရကား- |
1,317,189 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၄။ အတိဏ္ဏံယေဝ ယာစဿု၊ အပါရံ တာတ နာဝိက။ |
1,317,190 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အညော ဟိ တိဏ္ဏဿ မနော၊ အညော ဟောတိ ပါရေသိနော။ |
1,317,191 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၄။ တာတ နာဝိက၊ အမောင် ကူးတို့သူကြီး။ |
1,317,192 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အပါရံ၊ ကမ်းတစ်ဖက်သို့။ |
1,317,193 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အတိဏ္ဏံယေဝ၊ မကူးမီလျှင်။ |
1,317,194 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ယာစဿု၊ အခကိုတောင်းလော့။ |
1,317,195 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တိဏ္ဏဿ၊ ကူးပြီးသောသူ၏။ |
1,317,196 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အညော၊ တပါးသည်။ |
1,317,197 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပါရေသိနော၊ ကူးလိုသော သူ၏။ |
1,317,198 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | လူမှုရေးတရား |
1,317,199 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုစကားကိုကြား၍ ကူးတို့သည်သည် ဤရသေ့ကား ငါ့အား ရှေးဦးစွာ အဆုံးအမပေးသည် ဖြစ်လတ္တံ့၊ ယခုအခါ၌ ဤအဆုံးအမမှတပါး တစ်စုံတစ်ခုကို ငါ့အား ပေးလတ္တံ့ ဟု ကြံ၏။ |
1,317,200 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထို့နောင် ဘုရားလောင်းသည် ထိုကူးတို့သည်ကို ဒါယကာ- သင့်အား စည်းစိမ်၏ ပွားများခြင်း၊ အကြောင်းဖြစ်သော ဤစကားကို ဆိုအပ်ပြီ၊ ယခုအခါ အကျိုးအကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို နာလော့ ဟု ဆို၍ ဆုံးမလိုကား- |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.