id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,316,901
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အပရေ ပနာဟု -- အတ္တာနံ နိယျာဒေတွာ ဒိန္နတ္တာ သရဏာဂမနံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။
1,316,902
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) သရဏဂုံ ဆောက်တည်ကျင့်သုံးတယ်ဆိုတာက အရိယမဂ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်ဘဝသို့ နောက်ကြောင်းတစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသရဏဂုံတည်ခြင်းကို ဆိုလိုရင်း ဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတော်မူတယ်။
1,316,903
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် အပရေဆရာတို့ကတော့ မိမိကိုယ်ကို ရတနာသုံးပါးတို့အား အပ်နှင်းလှူဒါန်းကာ အသက်ကိုပင် စွန့်လွှတ်လှူဒါန်းတဲ့အတွက်ကြောင့် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းက ထိုဒါနအမျိုးမျိုးထက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဆိုကြပြန်တယ်လို့ အဋ္ဌကထာက ဝါဒကွဲတစ်ခုကိုလည်း ထပ်မံ ဖွင့်ဆိုထားပါတယ်။
1,316,904
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလ ဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။
1,316,905
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် ဒီနေရာမှာလည်း ဆိုလိုတဲ့ ငါးပါးသီလက ---
1,316,906
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သီလမ္ပိ မဂ္ဂေန အာဂတံ အနိဝတ္တနသီလမေဝ ကထိတံ။
1,316,907
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အပရေ ပနာဟု --- သဗ္ဗသတ္တာနံ အဘယဒါနဿ ဒိန္နတ္တာ သီလံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။
1,316,908
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) အရိယမဂ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်သီလဆိုတဲ့ နောက်ကြောင်းသို့ တစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသီလကိုသာ ဆိုလိုရင်းဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတယ်။
1,316,909
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သို့သော် အပရေဆရာတို့ကတော့ သတ္တဝါအားလုံးတို့ကို ဘေးမဲ့အလှူကြီး ပေးလှူနေတဲ့အတွက် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလကို ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်လို့လည်း ဆိုကြပြန်တယ်။
1,316,910
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ သီလကို ဆောက်တည်ကျင့်သုံးခြင်းထက် မေတ္တာစျာန်ကို ဝင်စားကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်းက ပိုပြီးတော့ ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။
1,316,911
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ မေတ္တာစျာန်ကို ဝင်စားခြင်းထက် အထွတ်အထိပ်သို့ ရောက်အောင် ပွားများထားတဲ့ အနိစ္စသညာစတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းက ပိုပြီး အကျိုးကြီးတယ်။
1,316,912
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားသောကြောင့် မျက်မှောက်ပြုလျက် နေထိုင်နိုင်သောကြောင့် ဖြစ်ပါတယ်။
1,316,913
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် ဒီနေ့ ကျောင်းဒကာ ဒကာမတွေလည်း ဒါန, သီလလောက်နဲ့ ရပ်တည်မနေဘဲ သမထ-ဝိပဿနာဘာဝနာတွေကို အောင်အောင်မြင်မြင် ပွားများနိုင်သည့်အဆင့်အထိ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။
1,316,914
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘုရားရှင်ကလည်း ခုဟောနေဆဲဖြစ်တဲ့ ဝစ္ဆဂေါတ္တသုတ္တန်မှာ ဂါထာ (၉)ဂါထာတို့ဖြင့် ဆက်လက်ပြီး တိုက်တွန်းထားတော်မူပါတယ်။
1,316,915
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဣတိ ကဏှာသု သေတာသု၊ ရောဟိဏီသု ဟရီသု ဝါ။
1,316,916
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကမ္မာသာသု သရူပါသု၊ ဂေါသု ပါရေဝတာသု ဝါ။
1,316,917
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ ပုင်္ဂဝေါ။
1,316,918
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဓောရယှော ဗလသမ္ပန္နော၊ ကလျာဏဇဝနိက္ကမော။
1,316,919
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တမေဝ ဘာရေ ယုဉ္ဇန္တိ၊ နာဿ ဝဏ္ဏံ ပရိက္ခရေ။
1,316,920
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဒီဂါထာတွေရဲ့ ဆိုလိုရင်းသဘောတရားကိုပဲ ပြောကြရအောင် ---
1,316,921
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နွားတွေကို ကြည့်လိုက်မယ်ဆိုရင် အရောင်အဆင်းတွေ တူညီနေကြတဲ့ နွားတွေ ရှိကြတယ်။
1,316,922
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နွားနက်တွေလည်း ရှိကြတယ်၊ နွားဖြူတွေလည်း ရှိကြတယ်၊ နွားနီတွေလည်း ရှိကြတယ်၊ နွားပြာစိမ်းတွေလည်း ရှိကြတယ်၊ နွားကျားတွေလည်း ရှိကြတယ်၊ ခိုပြာရောင်နွားတွေလည်း ရှိကြတယ်။
1,316,923
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ နွားအုပ်စု အမျိုးမျိုးတွေထဲက ဘယ်နွားအုပ်စုကိုမဆို ကြည့်လိုက်ပါ။
1,316,924
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ရှေ့ဆောင် နွားလားဥသဘကြီး တစ်ကောင်ကောင်တော့ ရှိတတ်တယ်။
1,316,925
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီရှေ့ဆောင် နွားလားဥသဘကြီးက ယဉ်လည်း ယဉ်ကျေးတယ်၊ ဝန်ကိုလည်း ကောင်းစွာ ဆောင်နိုင်တယ်၊ ခွန်အားနှင့်လည်း ပြည့်စုံတယ်၊ လမ်းခရီးသွားပြီဆိုရင်လည်း ဖြောင့်ဖြောင့်မတ်မတ် လျင်လျင်မြန်မြန် သွက်သွက်လက်လက် သွားတတ်တယ်။
1,316,926
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နွားပိုင်ရှင်တွေက များသောအားဖြင့် ဒီလိုနွားလားဥသဘကြီးမျိုးကိုသာ ဝန်ကို အဆောင်ခိုင်းကြတယ်။
1,316,927
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီနွားကြီးက ဖြူသလား, နီသလား စသည်ဖြင့် အရောင်အဆင်းကို ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ကြဘူး။
1,316,928
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရည်အချင်းကိုသာ စူးစမ်း ဆင်ခြင်ကြတယ်။
1,316,929
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
--- ဒါကတော့ ဥပမာစကားရပ်ပဲ။
1,316,930
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီဥပမာကို စံထားပြီး အလှူဒါနပွဲ ကျင်းပတဲ့အခါ အလှူခံပုဂ္ဂိုလ်နှင့်ပတ်သက်လို့ စိတ်ထား တတ်ဖို့ရန် ဘုရားရှင်က ဆက်လက် ဟောကြားတော်မူပြန်တယ်။
1,316,931
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ ဧဝမေဝံ မနုေဿသု၊ ယသ္မိံ ကသ္မိဉ္စိ ဇာတိယေ။
1,316,932
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ခတ္တိယေ ဗြာဟ္မဏေ ဝေေဿ၊ သုဒ္ဒေ စဏ္ဍာလပုက္ကုသေ။
1,316,933
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ သုဗ္ဗတော။
1,316,934
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဓမ္မဋ္ဌော သီလသမ္ပန္နော၊ သစ္စဝါဒီ ဟိရီမနော။
1,316,935
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၅။ ပဟီနဇာတိမရဏော၊ ဗြဟ္မစရိယဿ ကေဝလီ။
1,316,936
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပန္နဘာရော ဝိသံယုတ္တော၊ ကတကိစ္စော အနာသဝေါ။
1,316,937
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၆။ ပါရဂူ သဗ္ဗဓမ္မာနံ၊ အနုပါဒါယ နိဗ္ဗုတော။
1,316,938
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တသ္မိံ ယေဝ ဝိရဇေ ခေတ္တေ၊ ဝိပုလာ ဟောတိ ဒက္ခိဏာ။
1,316,939
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဒီဥပမာအတိုင်းပဲ --- လောကမှာ မင်းမျိုးတွေလည်း ရှိကြတယ်၊ ပုဏ္ဏားမျိုးတွေလည်း ရှိကြတယ်၊ ကုန်သည်မျိုးတွေလည်း ရှိကြတယ်၊ ဒွန်းစဏ္ဍားမျိုးတွေလည်း ရှိကြတယ်၊ ပန်းမှိုက်သွန်မျိုးတွေလည်း ရှိကြတယ်၊ မစင်ဘင်ကြုံးသမားတွေလည်း ရှိကြတယ်။
1,316,940
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို အမျိုးဇာတ် အမျိုးမျိုးရှိကြတဲ့ လူသားတွေထဲမှာ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အမျိုးဇာတ်က လူသားပဲဖြစ်ဖြစ် အဲဒီ လူသားတစ်ဦးကို ကြည့်လိုက်တဲ့အခါ ဒီလူသားဟာ ယဉ်ကျေးတယ်၊ ကိုယ်ကျင့်သီလတွေက ဖြူစင်မြင့်မြတ်တဲ့အတွက် အကျင့်ကောင်းတယ်။
1,316,941
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကိုယ်ကျင့် သီလနှင့် ပြည့်စုံတယ်၊ ကာယကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။
1,316,942
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဝစီကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။
1,316,943
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
မနောကံတွေကလည်း ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့ နူးညံ့တယ်။
1,316,944
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဓမ္မခေါ်တဲ့ တရား လမ်းကြောင်းပေါ်မှာ အမြဲတမ်း ရပ်တည်နေတယ်။
1,316,945
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အမှန်ကိုသာ အမြဲတမ်း ပြောဆိုလေ့ရှိတယ်၊ မကောင်းမှုအကုသိုလ်တရား ဒုစရိုက်တရားတွေမှ ရှက်တတ် ကြောက်တတ်တယ်။
1,316,946
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ရှက်တတ် ကြောက်တတ်တဲ့ စိတ်ထားရှိတယ်။
1,316,947
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းသဘောကို ပယ်ထားပြီး ဖြစ်တယ်၊ လေးပါးသော မဂ်ဉာဏ် လေးပါးသော ဖိုလ်ဉာဏ်ဆိုတဲ့ မွန်မြတ်သော ကျင့်စဉ်အားလုံးကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီး ဖြစ်တယ်။
1,316,948
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့ရတဲ့ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို ချထားပြီး ဖြစ်တယ်။
1,316,949
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်ထပ် ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘောတရား ထင်ရှားမရှိတော့တဲ့အတွက် သံသရာဝဋ်ဆင်းရဲ၌ ယှဉ်တွဲမှု ယှဉ်စပ်မှု မရှိတော့ဘူး။
1,316,950
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သာသနာတော်မှာ ရှင်ရဟန်းတို့ ပြုသင့် ပြုထိုက်တဲ့ အရိယမဂ်ကို ရရှိရေးဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးလည်း ဖြစ်တယ်။
1,316,951
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်နေတဲ့ ကိလေသာ အာသဝေါတရားတွေမှ လျှောကျကင်းကွာပြီး ဖြစ်တယ်။
1,316,952
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အရိယသစ္စာလေးရပ် တရားမြတ်ကို ဦးတည်ထားတဲ့ တရားအလုံးစုံကို ကျွမ်းကျင်တော်မူပြီးလည်း ဖြစ်တယ်။
1,316,953
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ဆိုက်ရောက်သည့်တိုင်အောင် တရားအားလုံးတို့ရဲ့ ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးလည်း ဖြစ်တယ်။
1,316,954
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တစ်စုံတစ်ခုသော တရား, တစ်စုံတစ်ခုသော အာရုံ, တစ်စုံတစ်ခုသော ဘုံဘဝ၌ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ-ငါ့လိပ်ပြာဟု စွဲလမ်းဆုပ်ကိုင်မှု အလျဉ်းပင် မပြုမူ၍ ကိလေသာ အပူမီးတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးပြီးလည်း ဖြစ်တယ်။
1,316,955
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ကိလေသာမြူမှုန်တို့ဖြင့် လူးလဲပေကျံမှု မရှိသဖြင့် ကိလေသာမြူအညစ်အကြေး ကင်းဝေး စင်ကြယ်ပြီးဖြစ်တဲ့, ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ထိုရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်တဲ့ အလှူဒါနကောင်းမှုကုသိုလ်ဟာ ပြန့်ပြောကြီးကျယ် မြင့်မြတ်တဲ့ အကျိုးတရားရှိတဲ့ ကောင်းမှုကုသိုလ်မျိုး ဖြစ်တယ်။
1,316,956
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၇။ ဗာလာ စ အဝိဇာနန္တာ၊ ဒုမ္မေဓာ အဿုတာဝိနော။
1,316,957
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဗဟိဒ္ဓါ ဒေန္တိ ဒါနာနိ၊ န ဟိ သန္တေ ဥပါသရေ။
1,316,958
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊၁၊၁၆၃။
1,316,959
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) လောကမှာ အချို့အချို့သောသူတွေဟာ ဘယ်လိုသဘောရှိကြသလဲ? ဉာဏ်ပညာကလည်း မရှိကြ၊ အကြားအမြင် ဗဟုဿုတကလည်း နည်းပါးကြတယ်။
1,316,960
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို မသိမလိမ္မာ ပညာဉာဏ်မရှိ၊ ဗဟုဿုတ နည်းပါးတဲ့ လူမိုက်တွေဟာ ဒီငါဘုရားရှင်ရဲ့ သာသနာတော်မှ ပြင်ပဝယ် အလှူဒါနကို အမြတ်တနိုး လှူဒါန်းပူဇော်ကြတယ်။
1,316,961
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလူမိုက်တွေဟာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမမည့် အရိယာသူတော်ကောင်းတို့ကိုကား မဆည်းကပ်ကြဘူး။
1,316,962
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၈။ ယေ စ သန္တေ ဥပါသန္တိ၊ သပ္ပညေ ဓီရသမ္မတေ။
1,316,963
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဒ္ဓါ စ နေသံ သုဂတေ၊ မူလဇာတာ ပတိဋ္ဌိတာ။
1,316,964
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၉။ ဒေဝလောကဉ္စ တေ ယန္တိ၊ ကုလေ ဝါ ဣဓ ဇာယရေ။
1,316,965
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာတိ။
1,316,966
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) လောကမှာ အချို့သောပုဂ္ဂိုလ်တွေကျတော့ ပညာရှိတို့ ချီးမွမ်းအပ်ကုန်တဲ့ ပညာရှိသူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ကြတယ်။
1,316,967
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယင်းပုဂ္ဂိုလ်တို့ရဲ့ ယုံကြည်ချက် သဒ္ဓါတရားဆိုတဲ့ မျိုးစေ့ကလေးဟာ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ဘုရားရှင်၏ အဆုံးအမ သာသနာဆိုတဲ့ လယ်ယာမြေကောင်းမှာ အမြစ်စွဲပြီးတော့ ကောင်းစွာ တည်နေပြီ ဖြစ်တယ်။
1,316,968
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို ပညာရှိသူတော်ကောင်းတွေဟာ သေလွန်သည်၏ အခြားမဲ့၌ နတ်ပြည်သို့ လည်း လားရောက်ကြရတယ်။
1,316,969
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
လူ့ပြည်၌မူလည်း မြတ်သော အမျိုး၌ လူပြန် ဖြစ်ကြရတယ်။
1,316,970
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အစဉ်သဖြင့် နိဗ္ဗာန်သို့လည်း ဆိုက်ရောက်ကြရတယ်။
1,316,971
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။
1,316,972
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(အံ၊၁၊၁၆၂-၁၆၃။
1,316,973
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) ဘာကြောင့်လဲ? သဒ္ဓါ = မျိုးစေ့
1,316,974
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။
1,316,975
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) စသည်ဖြင့် ကသိဘာရဒွါဇသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း ကုသိုလ်တရား မှန်သမျှတို့တွင် သဒ္ဓါတရားဟာ မျိုးစေ့နဲ့ တူတယ်။
1,316,976
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ပကတိမျိုးစေ့ကို လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင် အောက်မြေကြီးထဲမှာ အမြစ်က တွယ်သွားတယ်၊ အပေါ်မှာ အညွန့်ကို တက်လာစေတယ်။
1,316,977
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလားတူပဲ သဒ္ဓါဆိုတဲ့ မျိုးစေ့ကလေးကို ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ဘုရားရှင်ရဲ့ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင်, ကိလေသာ မြေခွေး တွေ ဝင်မကိုက်အောင် ဣန္ဒြေတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ မိုးရေကလည်း လုံလောက်စွာ ပက်ဖျန်းပေးလိုက်ရင် အောက်သာသနာ့မြေမှာ သီ...
1,316,978
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အပေါ်ပိုင်းမှာ သမထ-ဝိပဿနာဆိုတဲ့ အညွန့်လေးက တလူလူနဲ့ ထွက်ပေါ်လာတယ်။
1,316,979
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(သံ၊ဋ္ဌ၊၁၊၂၃၀၊၊)
1,316,980
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ ပကတိသော စပါးမျိုးစေ့ရဲ့ အမြစ်ဟာ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်ဆိုတဲ့ မြေဆီ ရေဆီတွေကို စုပ်ယူပြီး ရိုးတံကနေတစ်ဆင့် အဲဒီ ရသဓာတ်ရည်တွေကို သယ်ဆောင်ယူလာလိုက်တာ တဖြည်းဖြည်း စပါးသီးတွေ ရင့်ကျက်တဲ့အဆင့်ထိ ရောက်ရှိကာ ကြီးပွား တိုးတက်လာတယ်။
1,316,981
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလားတူပဲ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါမျိုးစေ့ကြောင့် ဖြစ်ပေါ်လာတဲ့ သီလဆိုတဲ့ အမြစ်က သမထ-ဝိပဿနာ ဆိုတဲ့ ရသဓာတ်ရည်တွေကို စုပ်ယူပြီးတော့ သောက်သုံးလိုက်ကာ အရိယမဂ်ဉာဏ်ဆိုတဲ့ ရိုးတံထဲသို့ အရောက် ပို့ဆောင်ပေးလိုက်တယ်။
1,316,982
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ အရိယမဂ်ဉာဏ်ရိုးတံအထိ ပျံ့နှံ့တည်နေတဲ့ သမထ-ဝိပဿနာရသဓာတ်ရည်တွေကြောင့် အရိယမဂ်ရိုးတံကြီးက အရိယဖိုလ်ဉာဏ်ဆိုတဲ့ စပါးသီးတွေကို သီးစေ ပြန်တယ်။
1,316,983
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
တဖြည်းဖြည်း ယင်းစပါးသီးတွေလည်း ရင့်ကျက်လာတယ်၊ တိုးပွား လာတယ်။
1,316,984
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
(သံ၊ဋ္ဌ၊၁၊၂၃၀။
1,316,985
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
နောက်တစ်ခု ရှိသေးတယ် --- ပကတိလယ်ယာမြေကောင်းမှာ အမြစ် တွယ်ပြီး ကောင်းစွာ ရပ်တည်နေတဲ့ စပါးမျိုးစေ့ဟာ အမြစ်, အညွန့်, အရွက်, ရိုးတံ, ရိုးဆစ်တွေမှ တစ်ဆင့် စိမ့်ဝင် စီးဆင်းလာတဲ့ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်တွေကြောင့် စပါးပင်တွေဟာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိကာ နို့ရည်ကို ဖြစ်စေသဖြင့် များပြားလှတဲ့ သလ...
1,316,986
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အလားတူပဲ --- ဒီသဒ္ဓါဆိုတဲ့ မျိုးစေ့ဟာ စိတ်အစဉ်မှာ အမြစ်တွယ်ပြီး ရပ်တည်နေမယ်ဆိုရင် ---
1,316,987
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်ခြင်း၊
1,316,988
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၂။ စိတ္တဝိသုဒ္ဓိ = စိတ်စင်ကြယ်ခြင်း (= ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် ရှစ်ပါးတို့ကို ရရှိသဖြင့် စိတ်အစဉ်၌ နီဝရဏကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ခြင်း)၊
1,316,989
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်+နာမ်ကို ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိသဖြင့် အတ္တဒိဋ္ဌိ ကင်းစင်သဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊
1,316,990
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဟုတ်တိုင်းမှန်စွာ သိသဖြင့် ယုံမှားခြင်းကင်းသဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊
1,316,991
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဝိပဿနာညစ်ညူးကြောင်း ကိလေသာ အညစ်အကြေးတို့မှ လွတ်မြောက်သွားသဖြင့် ဝိပဿနာဉာဏ်အမြင် စင်ကြယ်ခြင်း၊
1,316,992
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ = ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော အထက်ပိုင်း ဝိပဿနာဉာဏ်အမြင်တို့ အားလုံးတို့ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ ---
1,316,993
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အားလုံး အရိယမဂ် မဆိုက်မီ ရှေ့ပိုင်းမှာ ဝိသုဒ္ဓိကျင့်စဉ် (၆)မျိုး ရှိပါတယ်။
1,316,994
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
သဒ္ဓါမျိုးစေ့က သီလဆိုတဲ့ အမြစ်တွယ်ပြီးနောက် သမထ-ဝိပဿနာ ဆိုတဲ့ အညွန့်ကို ဖြစ်စေပြီးတဲ့အခါ ခုပြောခဲ့တဲ့ ဝိသုဒ္ဓိ (၆)ပါးတို့ဖြင့် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိလာတယ်။
1,316,995
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီလို ရောက်ရှိလာတဲ့ အခါ = ဉာဏဒဿနဝိသုဒ္ဓိ = မဂ်ဉာဏ်အမြင်ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ မဂ်ဉာဏ် နို့ရည်ကို ဖြစ်စေပြန်တယ်။
1,316,996
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒီလို အဆင့်မြင့်တဲ့ မဂ်ဉာဏ်နို့ရည်ကို ဖြစ်စေပြီးတဲ့ နောက်မှာ ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ်ခြောက်ပါးဆိုတဲ့ ကိုယ်ဝန်ကို သယ်ဆောင်ထားတဲ့ အရဟတ္တဖိုလ်အသီးကို သီးစေတယ်၊ ဖြစ်စေတယ်၊ ပြီးစီးစေတယ်။
1,316,997
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
) သာသနာ့နယ်မြေကောင်းမှာ ဣန္ဒြိယသံဝရသီလဆိုတဲ့ မိုးရေ အကူအညီနဲ့ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါဆိုတဲ့ မျိုးစေ့က သီလဆိုတဲ့ အမြစ်ကို တွယ်စေပြီးနောက် သမထ-ဝိပဿနာဆိုတဲ့ အညွန့် အညှောက်တွေကို အဆင့်ဆင့် ဖြစ်ပေါ်စေလိုက်တဲ့အခါ ဝိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့် တက်ပြီးနောက် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ်တွေက အသင်္ခတဓာတ်...
1,316,998
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ယင်းအသီးအသီးသော အရိယမဂ်ဉာဏ်တွေက အဆင့်ဆင့်သော ဆိုင်ရာဆိုင်ရာ အရိယဖိုလ်ဆိုတဲ့ အသီးတွေကို သီးစေကြတယ်။
1,316,999
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
အဲဒီ အရိယဖိုလ်အသီးတွေက ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ် ခြောက်ပါး ဆိုတဲ့ ဂုဏ်ထူးတွေကိုပါ သယ်ဆောင်လာကြတယ်။
1,317,000
Uncategorized
အလှူမြစ်တား သုံးပါးအန္တရာယ်
ဒါကြောင့် ဘုရားရှင်က ဝစ္ဆဂေါတ္တသုတ္တန် နိဂုံးမှာ ---