id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,201 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၅။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။ |
1,317,202 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗတ္ထ အနုသာသာမိ၊ မာသု ကုဇ္ဈိတ္ထ နာဝိက- |
1,317,203 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၅။ နာဝိက၊ ကူးတို့သူကြီး။ |
1,317,204 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အရညေ ဝါ၊ တော၌ လည်းကောင်း။ |
1,317,205 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထလေ ဝါ၊ ကြည်း ၌လည်းကောင်း။ |
1,317,206 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ |
1,317,207 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မာသု ကုဇ္စျိတ္ထ၊ အမျက်မထွက်လင့်။ |
1,317,208 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ရဟန်းကို ရိုက်နှက်ပြီ |
1,317,209 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဤသို့ ကူးတို့သည်အား ဤဂါထာဖြင့် အကျိုး အကြောင်း၏ ပွားများခြင်း အကြောင်းဖြစ်သော စကားကို ဆို၍ သင့်အား ဆိုအပ်သော ဤစကားသည် အကြောင်းအကျိုးကို ပွားစေတတ်သော စကားတည်း ဟု ဆို၏။ |
1,317,210 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံး အမကို တစ်စုံတစ်ခု အရိုအသေ ပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍ ရဟန်း-ဤသည်ကား သင်သည် ငါ့အား ပေးအပ်သော လှေခလော ဟု ဆို၏။ |
1,317,211 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဒါယကာ- ဟုတ်၏ ဟု ဆိုသည်ရှိသော် ဤစကားဖြင့် ငါ့အား အလိုမရှိ၊ ငါ့အား တပါးသော ဝတ္ထုကို ပေးလော့ ဟု ဆို၏။ |
1,317,212 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဒါယကာ... ငါ့အား တပါးသော ဝတ္ထုသည် မရှိ ဟု ဆို၏။ |
1,317,213 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုသို့ မရှိဘဲလျက် အဘယ့်ကြောင့် လှေကို စီးသနည်း ဟု ရသေ့ကို ဂင်္ဂါနား၌ လှဲ၍ ရင်၌ ကိုင်၍ ထိုရသေ့၏ မျက်နှာကိုလျှင် ပုတ်ခတ်၏။ |
1,317,214 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | လူတိုင်းကို မဆုံးမအပ် |
1,317,215 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗညူ မြတ်ဘုရားသည် ရဟန်းတို့ ဤသို့လျှင် အကြင်ဆုံးမခြင်းကို ထိုရသေ့သည် ပေး၍ မင်း၏အထံမှ ရွာမြတ်ကို ရ၏။ |
1,317,216 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအဆုံးအမကိုလျှင် အလွန်မိုက်သော ကူးတို့သည်အား ဆို၍ မျက်နှာ၌ ပုတ်ခတ်ခြင်းကို ရ၏။ |
1,317,217 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုကြောင့် အဆုံးအမပေးသောသူသည် သင့်သောသူအားသာလျှင် ပေးအပ်၏။ |
1,317,218 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မသင့်သောသူအား မပေးအပ် ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ ထိုဂါထာကို ဟောတော်မူသည်၏ အခြား မဲ့၌- |
1,317,219 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၆။ ယာယေဝါနုသာသနိယာ၊ ရာဇာ ဂါမဝရံ အဒါ။ |
1,317,220 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တာယေဝါနုသာသနိယာ၊ နာဝိကော ပဟရိ မုခံ။ |
1,317,221 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၆။ ယာယေဝါနုသာသနိယာ၊ အကြင် အဆုံးအမဖြင့်လျှင်။ |
1,317,222 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တာယေဝါနုသာသနိယာ၊ ထိုအဆုံးအမဖြင့်လျှင်။ |
1,317,223 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ပဟရိ၊ ပုတ်ခတ်၏။ |
1,317,224 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မင်းဒဏ်ခံရပြီ |
1,317,225 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကူးတို့သည်သည် ရသေ့ကို ပုတ်ခတ်စဉ်လျှင် ကူးတို့သည်၏ မယားသည် ထမင်းယူ၍ လာလတ်သော် ထိုယုတ်မာသော ယောက်ျားကို မြင်၍ အရှင်.ဤရသေ့သည်ကား မင်း၏ ဆရာဖြစ်၏။ |
1,317,226 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မသတ်ပုတ်လင့်ဟု ဆို၏။ |
1,317,227 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ကူးတို့သည်သည် တစ်ဖန် အမျက်ထွက်၍လျှင် သင်သည် ငါ့အား ဤရသေ့စဉ်းလဲကို သတ်ပုတ်စိမ့်သောငှာ မပေး ဟု ထ၍ ထိုမိန်းမကို သတ်ပုတ်၍ လဲစေ၏။ |
1,317,228 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအခါ ထမင်းခွက်သည် ကျ၍ကွဲ၏။ |
1,317,229 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မိန်းမ၏လည်း လေးသော ကိုယ်ဝန်ရှိသည်၏ အဖြစ်ကြောင့် ကိုယ်ဝန်သည် မြေ၌ ကျ၏။ |
1,317,230 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ထိုအခါ ထိုယောကျ်ားကို လူတို့သည် ခြံရံ၍ သူသတ်၊ ခိုးသူတည်းဟု ဖမ်း၍ နှောင်ဖွဲ့၍ မင်းအား ပြကုန်၏။ |
1,317,231 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မင်းသည် ဆုံးဖြတ်၍ ထိုကူးတို့သည်အား မင်းဒဏ်ကို ပြုစေ၏။ |
1,317,232 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထို အကြောင်းကို ပြတော်မူလိုရကား- |
1,317,233 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၇။ ဘတ္တံ ဘိန္နံ ဟတာ ဘရိယာ၊ ဂဗ္ဗော စ ပတိတော ဆမာ။ |
1,317,234 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | မိဂေါဝ ဇာတရူပေန၊ န တေနတ္ထံ အဗန္ဓိသု။ |
1,317,235 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ၇။ ဘတ္တံ၊ ထမင်းခွက်သည်။ |
1,317,236 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဟတာ၊ သတ်ပုတ်အပ်၏။ |
1,317,237 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဂဗ္ဘော စ၊ ကိုယ်ဝန်သည်လည်း။ |
1,317,238 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဇာတရူပေန၊ ရွှေ ငွေဖြင့်။ |
1,317,239 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အတ္ထံ၊ ကျိုးစီးပွားကို။ |
1,317,240 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။ |
1,317,241 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | န သက္ကောတိ ဣဝ၊ မစွမ်းနိုင်သကဲ့သို့။ |
1,317,242 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | တေန၊ ထိုအဆုံးအမဖြင့်။ |
1,317,243 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | န အဗန္ဓိ၊ မဖြစ်စေနိုင်။ |
1,317,244 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ |
1,317,245 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ |
1,317,246 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူ ယခုအခါ ကူးတို့သည်ပင်လျှင် ထိုအခါ ကူးတို့သည်ပင်ဖြစ်၏။ |
1,317,247 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။ |
1,317,248 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ဆိုးသွမ်းယုတ်မာ၊ ဆုံးမပါ၊ ကိုယ့်မှာအကျိုးယုတ် |
1,317,249 | ဇာတ်နိပါတ်, မြန်မာဘာသာ | အဝါရိယဇာတ် | ရှေးဦးစွာသော အဝါရိယဇာတ်သည် ပြီး၏။ |
1,317,250 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့၊ |
1,317,251 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | မိစ္ဆာမြို့ပြင်ပြင်၊ |
1,317,252 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | ဣဋ္ဌာလို့ ခင်မင်လျှင်၊ |
1,317,253 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | လွင့်စင်မည်မလွဲ၊ |
1,317,254 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အရွတ်စု အပုတ်ကောင်ကို၊ |
1,317,255 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အဟုတ်ယောင် မှားဖို့ ဖန်နဲ။ |
1,317,256 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အသုဘ ရုပ်တစ္ဆေငယ်၊ |
1,317,257 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | မဟုတ်လေ ကိုယ်ထဲ၊ |
1,317,258 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အပုပ်ရေ စိုတရွှဲဟာမို့၊ |
1,317,259 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | ယိုမစဲ သူ့မှာ၊ |
1,317,260 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | သွေးသည်းချေ ပြည် သလိပ်တွေက၊ |
1,317,261 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | တည်မဆိတ် လျှမ်းပြည့်သည်သာ၊ |
1,317,262 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | သို့ကလောက် ရွံစရာကို၊ |
1,317,263 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | လွန်တဏှာ မက်စွဲပါလို့၊ |
1,317,264 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | စက်ဝဲမှာတပေပေ၊ |
1,317,265 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | မွန်းကြပလေ၊ |
1,317,266 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | တဏှာဖမ်းတဲ့ အကန်းတွေမှာ၊ |
1,317,267 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အပန်းမပြေ ဟိုက်မောရှာကြလေး။ |
1,317,268 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | တဏှာပူးတဲ့ အရူးတွေမှာ |
1,317,269 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အမူးမပြေ မိုက်မောရှာကြလေး။ |
1,317,270 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | တဏှာလိုက်တဲ့ အမိုက်တွေမှာ၊ |
1,317,271 | မြန်မာကဗျာများ, ကုန်းဘောင်ခေတ်, မြန်မာဘာသာ, တေးထပ် | အဝိဇ္ဇာ ပိတ်ကာဆို့-ချီ နိဗ္ဗိန္ဒတေးထပ် | အဟိုက်မပြေ ပင်ပန်းရှာကြလေး။ |
1,317,272 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | သင်ခန်းစာ (၆) အသက်နှင့်လဲ၍ သီလစောင့်သူ |
1,317,273 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | တစ်ခါက ရွာတစ်ရွာတွင် ရတနာသုံးပါးကို အလွန်ကြည်ညိုသော လယ်သမားတစ်ယောက် ရှိသည်။ |
1,317,274 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | တစ်ခုသော နံနက်တွင် လယ်သမားသည် ရွာဦးကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကာ တောသို့ လယ်ထွန်သွားလေသည်။ |
1,317,275 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | အချိန်အတန်ကြာ လယ်ထွန်ပြီး ခေတ္တ ခဏ နားနေစဉ် နွားတစ်ကောင် ပျောက်သွားသည်။ |
1,317,276 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | နွားကို နေရာအနှံ့ လိုက်ရှာရင်း တောင်ပေါ်သို့ ရောက်သွား၏။ |
1,317,277 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | တောင်ပေါ်တွင် လှည့်လည်ရှာဖွေနေစဉ် စပါးကြီးမြွေတစ်ကောင်က လယ်သမားကို ရုတ်တရက် ရစ်ပတ်လိုက်သည်။ |
1,317,278 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ထိုအချိန်တွင် လယ်သမားအတွက် နွားပြန်တွေ့ရေးထက် အသက်ဘေးမှ လွတ်မြောက်ရေးသည် ပိုအရေးကြီးလေသည်။ |
1,317,279 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ထို့ကြောင့် စပါးကြီးမြွေကြီး၏ ရစ်ပတ်ခြင်းမှ လွတ်မြောက်ရန် အပြင်းအထန် ကြိုးပမ်း၏။ |
1,317,280 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | သို့သော် အင်အားချင်း မမျှသဖြင့် လွတ်မြောက်ရန် လမ်းမမြင် ဖြစ်နေသည်။ |
1,317,281 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ထို့ကြောင့် အသင့်ပါလာသော ဓားဖြင့် မြွေကြီး၏ဦးခေါင်းကို ဖြတ်ရန် ကြံစည်လေသည်။ |
1,317,282 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ဤသို့ အကြံဖြစ်သည်နှင့် တစ်ပြိုင်တည်းမှာပင် နံနက်စောစောက ဆရာတော်ထံ၌ ရှစ်ပါးသီလ ဆောက်တည်ထားသည်ကို သတိရလိုက်၏။ |
1,317,283 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ထို့ကြောင့် မိမိသီလကို စောင့်ထိန်းလိုသဖြင့် မြွေကြီးကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။ |
1,317,284 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | သို့သော် သေရမည်ကို ကြောက်လာပြန်သည်။ |
1,317,285 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ထို့ကြောင့် မြွေကြီး၏ ဦးခေါင်းကို ဖြတ်ရန် ဓားကို ကိုင်မိပြန်သည်။ |
1,317,286 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | သီလဆောက်တည်ထားသည်ကိုလည်း သတိရပြန် သည်။ |
1,317,287 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ဤသို့ဖြင့် သုံးကြိမ်တိုင်တိုင် ချီတုံချတုံ ဖြစ်နေ၏။ |
1,317,288 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | လယ်သမားအတွက် အသက်နှင့်သီလ တစ်ခုခုကို ရွေးချယ်ရမည့် အခြေအနေတွင် လယ်သမားသည် အသက်ကို အသေခံ၍ သီလကို စောင့်ထိန်းမည်ဟု ဆုံးဖြတ်လိုက်ပြီး ဓားကို လွှင့်ပစ်လိုက်သည်။ |
1,317,289 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ဥပုသ်သည်လယ်သမား၏ သီလတန်ခိုးကြောင့် စပါးကြီးမြွေသည် လယ်သမားကို ရစ်ပတ် ထားရာမှ ဖြေလွှတ်၍ တောထဲသို့ ဝင်သွားလေသည်။ |
1,317,290 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | ဤသို့ဖြင့် ဥပုသ်သည် လယ်သမားသည် အသက် ဘေးမှ အပြီးတိုင် လွတ်မြောက်သွားလေသည်။ |
1,317,291 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ | တရားစောင့်သောသူကို တရားက ပြန်စောင့်ရှောက်သည်ဟု မြတ်စွာဘုရား ဟောတော် မူသည့်အတိုင်းပင် သီလကို အသက်နှင့်လဲ၍ စောင့်ထိန်းသူကို သူစောင့်ထိန်းသော သီလက ပြန်၍ စောင့်ရှောက်ခဲ့ခြင်းပင် ဖြစ်သည်။ |
1,317,292 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ။ အသက်နှင့်လဲ၍ သီလစောင့်သူ |
1,317,293 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ။ ရှစ်ပါးသီလ ဆောက်တည်ခြင်း၏ အကျိုးကျေးဇူးကို သိရှိပြီး ခံယူဆောက်တည်ကြစေရန်။ |
1,317,294 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ֍ ဇာတ်လမ်းကို ကလေးများအားလုံး ဖတ်ကြပါစေ။ |
1,317,295 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | အသက်နှင့်လဲ၍ သီလစောင့်သူ |
1,317,296 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | တစ်ခု သော နံနက်တွင် လယ်သမားသည် ရွာဦးကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည်ကာ တောသို့ လယ်ထွန်သွားလေသည်။ |
1,317,297 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | အချိန်အတန်ကြာထွန်ပြီး ခေတ္တနားနေစဉ် နွားတစ်ကောင် ပျောက်သွားသည်။ |
1,317,298 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | နွားကို နေရာ အနှံ့လိုက်ရှာရင်း တောင်ပေါ်သို့ ရောက်သွား၏။ |
1,317,299 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | တောင်ပေါ်တွင် လှည့်လည်ရှာဖွေနေစဉ် စပါးကြီးမြွေကြီး တစ်ကောင်က လယ်သမားကို ရုတ်တရက် ရစ်ပတ် လိုက်သည်။ |
1,317,300 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | သို့သော် အင်အားချင်းမမျှသဖြင့် လွတ်မြောက်ရန် လမ်းမမြင်ဖြစ်နေသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.