id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,001 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာ။ |
1,317,002 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုပညာရှိသူတော်ကောင်းတွေဟာ အစဉ်သဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက် ကြရကုန်၏ -- လို့ မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။ |
1,317,003 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ဒါကြောင့် ကျောင်းဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့လည်း သဒ္ဓါတရား ထက်ထက်သန်သန်ဖြင့် သံဃိကကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းတာ ဖြစ်သည့်အတွက် သာသနာ့လယ်ယာမြေကောင်းမှာ သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ |
1,317,004 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ယင်းသဒ္ဓါမျိုးစေ့မှ အောက်အဖို့တွင် သီလတည်းဟူသော အမြစ်တွယ်ပြီးနောက် အထက်အဖို့တွင် သမထ-ဝိပဿနာ အညွန့် အညှောက်တွေ အောင်အောင်မြင်မြင် ထွက်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ၊ အဆင့်ဆင့်သော ဝိပဿနာဉာဏ်များ ရင့်ကျက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ထိုသို့ အားထုတ်နိုင်ကြသဖြင့် အရိယမဂ်ဉာဏ် တည်းဟူသော နို့ရည်က... |
1,317,005 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသို့ သောက်သုံး နိုင်သဖြင့် အဆင့်ဆင့်သော အရိယဖိုလ်သီးတို့ကို ရရှိနိုင်ကြပါစေ။ |
1,317,006 | Uncategorized | အလှူမြစ်တား သုံးပါးအန္တရာယ် | ထိုသို့ အဆင့်ဆင့် သော အရိယဖိုလ်သီးတို့ကို ရရှိသည်အထိ အားထုတ်သွားတော်မူကြသော ရှေးသူဟောင်းတို့၏ ထုံးကို နှလုံးမူကာ အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေဟု တိုက်တွန်းလျက် တရားသိမ်းကြစို့ ... |
1,317,007 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | အလှူရှင်လေးများ |
1,317,008 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | ရေအလှူရှင်ရသေ့လေး |
1,317,009 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | တောအုပ်တစ်ခုတွင် ရသေ့များ တရားအားထုတ်နေကြသည်။ |
1,317,010 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | မိုးခေါင်သည့်နှစ်တွင် တိရစ္ဆာန်လေးများ ရေပြတ်လပ်ပြီး ဒုက္ခရောက်ကြသည်။ |
1,317,011 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | ကြင်နာတတ်သော ရသေ့လေးသည် တိရစ္ဆာန်လေးများအတွက် ရေခပ်ပေးသဖြင့် တိရစ္ဆာန်လေးများ ပျော်ရွှင်ကြသည်။ |
1,317,012 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ | တိရစ္ဆာန်လေးများကလည်း ကျေးဇူးဆပ်သည့်အနေဖြင့် ရသေ့လေးကို သစ်သီးများ ခူးပေးကြလေသည်။ |
1,317,013 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ။ ပေးလှူတတ်သည့်အကျင့်ဖြစ်ပေါ်လာစေရန်။ |
1,317,014 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ။ ရဟန်းတော်များအား လှူဒါန်းနေသောကလေးများပုံ၊ ဆင်းရဲသားများအား လှူဒါန်းနေသော ကလေးများပုံ၊ တိရစ္ဆာန်လေးများအား အစာကျွေးနေသော ကလေးများပုံ။ |
1,317,015 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ရုပ်ပုံများကိုပြပြီး “သားတို့၊ သမီးတို့ ဘုန်းဘုန်းတွေကို ဆွမ်းလှူဖူးသလား”၊ “ဆွမ်း လှူတာ တွေ့ဖူးလား”၊ “ဘယ်မှာတွေ့ ဖူးသလဲ”စသည့် မေးခွန်းများမေးပြီး နိဒါန်း ပျိုးပါ။ |
1,317,016 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ထို့နောက် ကလေးများကို (၅) ယောက်ခန့်စီ ပါဝင်သော အုပ်စုများ ဖွဲ့ပေးပါ။ |
1,317,017 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍အုပ်စုအသီးသီးကို ရုပ်ပုံများ တစ်ခုစီ ပေးပါ။ |
1,317,018 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ရုပ်ပုံတွင် ပါဝင်သော သရုပ်ဖော်ပုံများကို “ဒါက ဘယ်သူတွေလဲ၊ ဘာလုပ်နေကြ တာလဲ” စသည်ဖြင့် မေးမြန်းပါ။ |
1,317,019 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍အုပ်စုတစ်စုချင်း အတန်းရှေ့ထွက်စေပြီး ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း သဏ္ဌာန်တူ သရုပ်ဆောင်ကြပါစေ။ |
1,317,020 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ပြီးလျှင် ကလေးများအပေါ် မူတည်၍ အုပ်စု တစ်စုစီမှ ကလေးတစ်ယောက်ကို ရုပ်ပုံထဲတွင် ပြုလုပ်နေပုံများကို အတန်းသား အားလုံးကြားအောင် ပြောပြပါစေ။ |
1,317,021 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ။ ရေအလှူရှင်ရသေ့လေး ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။ |
1,317,022 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍အောက်ပါ “ရေအလှူရှင် ရသေ့လေး” ဇာတ်လမ်းကို ရုပ်ပုံ (ရသေ့လေး တိရစ္ဆာန် လေးများကို ရေခပ်ပေးနေပုံ) ပြလျက် ကလေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဟန် အမူအရာဖြင့် ပြောပြပါ။ |
1,317,023 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုထဲမှာ ရသေ့ငါးရာစုပေါင်းပြီး တရား အားထုတ်နေထိုင်ကြတယ်။ |
1,317,024 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | အဲဒီလိုနေထိုင်ခဲ့ကြရာ နွေရာသီကာလတစ်ခုမှာတော့ အပူ လှိုင်းကျရောက်ပြီး အပူဒဏ်ကို အကြီးအကျယ် ခံစားကြရပါတယ်။ |
1,317,025 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | အထူးသဖြင့် အဲဒီ တောအုပ်မှာနေတဲ့ တိရစ္ဆာန်တွေဟာ အပူလှိုင်းရဲ့ ဒဏ်ကို အလူးအလဲခံစားကြရတယ်။ |
1,317,026 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်း တက်လာတဲ့အပူချိန်နဲ့အတူ စမ်းချောင်းတွေ၊ ရေအိုင် တွေလည်း ခန်းခြောက်သွားခဲ့ပါတယ်။ |
1,317,027 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တိရစ္ဆာန်တွေအတွက် အဆိုးဆုံးက သောက်စရာ ရေတောင် မရှိတော့တာပါပဲ။ |
1,317,028 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တချို့ အင်အားနည်းတဲ့ ငှက်ကလေးတွေ၊ ရှဉ့်ကလေးတွေ လို အကောင်လေးတွေဟာ အားအင်တွေကုန်ခန်းပြီး တဖြည်းဖြည်းနဲ့ ပိန်လာကြပါတယ်။ |
1,317,029 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရသေ့ငါးရာထဲက တိရစ္ဆာန်လေးတွေကို အလွန်ချစ်ခင်တတ်တဲ့ ရသေ့လေး တစ်ပါးက သစ်တုံးတစ်တုံးကို ရေထည့်လို့ရအောင် ထွင်းလုပ်တယ်။ |
1,317,030 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရသေ့လေးဟာ ထွင်းထားတဲ့ သစ်သားစားကျင်းခွက်ထဲမှာ နေ့စဉ် ရေတွေဖြည့်ပေးပြီး တိရစ္ဆာန်လေးတွေ ကို သောက်ရေလှူဒါန်းခဲ့ပါတယ်။ |
1,317,031 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | နေပူကျဲကျဲကြီးထဲမှာ ချွေးတလုံးလုံးနဲ့ ရေခပ်ထည့်ပေး နေတဲ့ ရသေ့လေးကို တိရစ္ဆာန်လေးတွေကလည်း ကြာလာတော့ ခင်မင်လာကြတယ်။ |
1,317,032 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရသေ့လေးခပ်ပေးတဲ့ရေကို သောက်ခွင့်ရကြတဲ့အတွက် တိရစ္ဆာန်လေးတွေလည်း အဆင် ပြေသွားကြတယ်။ |
1,317,033 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တစ်နေ့ထက်တစ်နေ့ ရေလာသောက်တဲ့ တိရစ္ဆာန်လေးတွေလည်း တဖြည်းဖြည်း များများလာတယ်။ |
1,317,034 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | အဲဒီလိုများများလာတဲ့အတွက် ရသေ့လေးလည်း ရေခပ်ထည့်လှူနေရတာနဲ့ အချိန်တွေကုန်ပြီး သူ့အတွက် တောထဲကို သစ်သီးရှာ မထွက်နိုင်တော့ဘူးပေါ့။ |
1,317,035 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တိရစ္ဆာန် လေးတွေအတွက် သောက်ရေအခက်အခဲ . အဆင်ပြေသွားပေမဲ့ ရသေ့လေးအတွက် စားစရာ ခက်ခဲလာခဲ့တယ်။ |
1,317,036 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရသေ့လေးရဲ့ အခြေအနေကို သိကြတဲ့ တိရစ္ဆာန်လေးတွေကလည်း ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ တောထဲက အကောင်းဆုံး သစ်သီးတွေကို နိုင်သလောက် ကိုက်ချီ သယ်ဆောင်လာကြပြီး ရသေ့လေးကို ပြန်လည်လှူဒါန်းကြတယ်။ |
1,317,037 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | တိရစ္ဆာန်လေးတွေ ကိုက်ချီလှူဒါန်းတဲ့ သစ်သီးတွေဟာ များလွန်းတော့ ရသေ့ငါးရာလုံး သုံးဆောင်လို့ မကုန် နိုင်အောင်ဖြစ်သွားခဲ့တယ်။ |
1,317,038 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရေအလှူရှင် ရသေ့လေးကို အကြောင်းပြုပြီး ရသေ့အားလုံး လည်း တောထဲကို သစ်သီးရှာ ထွက်စရာမလိုအောင် ဖြစ်ခဲ့ပါတယ်။ |
1,317,039 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ရသေ့လေးရဲ့ ကျေးဇူးကြောင့် တိရစ္ဆာန်လေးတွေလည်း ပူပြင်းတဲ့ ရာသီဥတုကြီးကို မပင်ပန်းဘဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။ |
1,317,040 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ။ အမ္ဗဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပထမတွဲ။ |
1,317,041 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ၄၇၈။ ဇာ၊ ဋ္ဌ၊ ၁။ |
1,317,042 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ၄၇၅။ |
1,317,043 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -တောထဲမှာ တိရစ္ဆာန်လေးတွေ ဘာဖြစ်နေကြသလဲ။ |
1,317,044 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -တိရစ္ဆာန်လေးတွေကို ဘယ်သူက ကယ်တင်လိုက်သလဲ။ |
1,317,045 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -ဘယ်လို ကယ်တင်လိုက်တာလဲ။ |
1,317,046 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -တိရစ္ဆာန်လေးတွေက ရသေ့လေးကို ဘယ်လို ကျေးဇူးဆပ်ကြသလဲ။ |
1,317,047 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -ဇာတ်လမ်းထဲကလို အစာငတ်နေတဲ့ ပိန်နေတဲ့ တိရစ္ဆာန်လေးတွေကို တွေ့ဖူးသလား။ |
1,317,048 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -အဲဒီလို တိရစ္ဆာန်လေးတွေကို တွေ့ တော့ ဘာလုပ်ပေးခဲ့သလဲ။ |
1,317,049 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | (ပြောချင်သည့် ကလေးများအားလုံး ပြောကြပါစေ။ |
1,317,050 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ကလေးများ ဆွမ်းလှူနေပုံနှင့် တိရစ္ဆာန်များအား အစာကျွေးနေပုံ ရုပ်ပုံများကို ဆေးရောင်ခြယ်ကြပါစေ။ |
1,317,051 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ဆေးရောင်ခြယ်ပြီးလျှင် သူငယ်ချင်း အချင်းချင်း လိုက်လံပြသကြပါစေ။ |
1,317,052 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍“ဘာပုံလဲ၊ ဘာလုပ်နေတာလဲ” စသည်ဖြင့် ဆရာနှင့် ကလေးများ၊ ကလေးများ အချင်းချင်း အပြန်အလှန် မေးမြန်းပြောဆိုကြပါစေ။ |
1,317,053 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ထို့နောက် ကလေးများ ဆေးခြယ်ထားသော ရုပ်ပုံများကို လှပကြောင်း၊ တော် ကြောင်း ချီးကျူးပြောကြားပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,317,054 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ဆရာက ကလေးများနှင့် အောက်ပါမေးခွန်းများ မေးမြန်းပြီး စတင်ပါ။ |
1,317,055 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -တိရစ္ဆာန်လေးတွေကို ချစ်သလား။ |
1,317,056 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -ဘယ်တိရစ္ဆာန်ကို အချစ်ဆုံးလဲ။ |
1,317,057 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -တိရစ္ဆာန်လေးတွေကို အစာကျွေးဖူးလား။ |
1,317,058 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | -ဘယ်တိရစ္ဆာန်လေးတွေကို အစာကျွေးဖူးလဲ။ |
1,317,059 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ထို့နောက် ဆရာက ကလေးများကို “သားတို့၊ သမီးတို့ ဘယ်လို တိရစ္ဆာန်လေးတွေ ကို ပိုချစ်သလဲ၊ ဆရာ့ကို ပြောပြပါဦး” ဟု မေးပြီး အုပ်စုများ ခွဲထားပါ။ |
1,317,060 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | “ခွေး”ဟုပြောဆိုသော ကလေးများကို တစ်အုပ်စု၊ “ကြောင်”ဟု ပြောဆိုသော ကလေးများကို တစ်အုပ်စု၊ “ယုန်”ဟု ပြောဆိုသော ကလေးများကို တစ်အုပ်စု စသည်ဖြင့် အုပ်စုဖွဲ့ ထားပေးရန် ဖြစ်သည်။ |
1,317,061 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍ဆရာက အုပ်စုများ ခွဲထားပြီးသောအခါ အုပ်စုတစ်ခုချင်းစီက ကလေးများအား မိမိတို့ကျွေးချင်သော အစာအမည်များကို အုပ်စုလိုက် ဆွေးနွေးတိုင်ပင်ကြပါစေ။ |
1,317,062 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | (ဥပမာ - ခွေးကလေးအား ကျွေးချင်သော အစာ ၃ မျိုး သို့မဟုတ် ၅ မျိုး စဉ်းစားပေးကြရ မည်။ |
1,317,063 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ) ကျန်သော ငါး၊ ကြောင်၊ ယုန် စသည် တိရစ္ဆာန်ကလေးများ မွေးချင်သော အုပ်စုများကိုလည်း အထက်ပါအတိုင်း ဆွေးနွေးကြပါစေ။ |
1,317,064 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အလှူရှင်လေးများ -ဆရာ | ֍တစ်ဖွဲ့ချင်းစီ၏ ကိုယ်စားလှယ်တစ်ဦးစီက မိမိတို့အဖွဲ့ ဆွေးနွေးထားသော ကျွေးချင် သည့်အစာများကို တစ်တန်းလုံးအား ပြန်လည်ပြောပြကြပါစေ။ |
1,317,065 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁။ ရတနာသုံးအင်၊ ဂမုန်းပင်၊ ဦးတင် ယှက်ပါသား။ |
1,317,066 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂။ ဥပဒ္ဒဝေ၊ ဘေးညစ်တေ၊ ရှောင်လေ ဝေးဝေးရှား။ |
1,317,067 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃။ ပစ္စဝေက္ခဏံ၊ သောအဟံ၊ လိက္ခံ ရေးပိမ့် - အောင်စေသောဝ်။ |
1,317,068 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၄။ လူရော ရှင်ပါ၊ ဤသည့်စာ၊ ဘယ်ညာ ချန်မထား။ |
1,317,069 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၅။ အဝတ် ဝတ်ခါ၊ ဆင်ခြင်ရာ၊ များစွာ ကျယ်မပွါး၊ |
1,317,070 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၆။ ချမ်းပူခြင်မှက်၊ နှိပ်စက်ကင်းအောင်၊ ငါသုံးဆောင်၊ လှအောင်မို့လို့လား။ |
1,317,071 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၇။ လှအောင်ပါတဲ၊ ဆင်ကတဲ၊ လှဘဲအမြင်သား။ |
1,317,072 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၈။ မလှမှန်းကို၊ မင်းသိလို၊ ကိုယ်မှာ ခွါတော့လား။ |
1,317,073 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၉။ လူရောရှင်ပါ၊ မြင်မသာ၊ မျက်နှာလွှဲလိမ့် - ရှောင်မမှား။ |
1,317,074 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၀။ လက်ခုတ် တီးကာ၊ ရယ်စရာ၊ ဘယ်မှာ လှလိမ့် - သတိထား။ |
1,317,075 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၁။ အဝတ် မဆင်၊ ခွေးအိုပင်၊ လူမြင် ကောင်းသေးပါတကား။ |
1,317,076 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၂။ မောင်မင်းကိုယ်တွင်၊ မဝတ်လျှင်၊ လူမြင်မကောင်းပါတကား။ |
1,317,077 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၃။ ခွေးအိုလောက်မှ၊ ဟန်မရ၊ မုချ အမြင်သား။ |
1,317,078 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၄။ ထမင်းစားရာ၊ ခွေးအိုလာ၊ သူငါ ရွံသလား။ |
1,317,079 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၅။ အဝတ်ဗလာ၊ မောင်မင်းလာ၊ လျင်စွာထ၍-သွားဘူးလား။ |
1,317,080 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၆။ အော့နှလုံးနာ၊ ထူဘွယ်သာ၊ ရွံရှာကင်းလိမ့် ထင်သလား။ |
1,317,081 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၇။ ဆက်တိုင်းကမ္ဘာ၊ ဖြစ်လေရာ၊ ရံခါ ပျောက်ဘူးလေသလား။ |
1,317,082 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၈။ ပြည်တစိုစို၊ ထွက်စီးယို၊ အိုင်းအမာလို- ပုံမခြား။ |
1,317,083 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၁၉။ ယင်းသို့ သွယ်သွယ်၊ ရှက်ရွံဘွယ်၊ ခုဝယ် ဖုံးရ-ပါတကား။ |
1,317,084 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၀။ ရှက်ရွံကင်းရုံ၊ ဖုံးပါတုံ၊ မောင့်ပုံတိုး၍-လှသလား။ |
1,317,085 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၁။ ရှက်ရွံမျှသာ၊ ကင်းလွတ်ပါ၊ မောင့်မှာ နဂိုရ်-အတိုင်းသား။ |
1,317,086 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၂။ နဂိုရ်တိုင်းကိုပင်၊ လှသည်ထင်၊ ကိုယ်ပင် မမှားလေဘူးလား။ |
1,317,087 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၃။ အမှားကိုယ်ပင်၊ အမှန်ထင်၊ လူရှင် အရူး-မဆိုလား။ |
1,317,088 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၄။ အရူးဟူက၊ ဤလောက၊ ယုတ်စွ ဝဋ်တရား။ |
1,317,089 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၅။ အပါယ်ကိုသာ၊ သူလမ်းရှာ၊ လဲဝါ−ပုံမမှား။ |
1,317,090 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၆။ လေအောက်သို့သာ၊ လွင့်လေရှာ၊ လဲဝါ-သူဖြစ်လား။ |
1,317,091 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၇။ လောဘကပ်ပူး၊ ထိုသူရူး၊ စူးစူး အပါယ်သွား။ |
1,317,092 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၈။ ဓာတုသညာ၊ ဆင်ခြင်ရာ၊ မှတ်ပါနည်းတပါး။ |
1,317,093 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၂၉။ ပထဝီ အာပေါ၊ ဝါယော တေဇ၊ ဤကာယ၊ ဓာတ်မျှ အမှန်စွဲ။ |
1,317,094 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၀။ အဝတ်မှာလည်း၊ ဓာတ်မျှချည်း၊ ဤနည်းမှန်မလွဲ။ |
1,317,095 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၁။ မဟာဘုတ်ချင်း၊ ဓာတ်ရုပ်ချင်းပင်၊ ဖြစ်လျက်လျှင်၊ လှချင်ဘယ်သူ ပြုမည်လဲ။ |
1,317,096 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၂။ သူလဲမသိ၊ ငါလဲမသိ၊ ဆိုဘိပုံမလွဲ။ |
1,317,097 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၃။ သူခသ ကောင်မှာ၊ ဝတ်သောခါ၊ ဘဇာ သူက သိမည်လဲ။ |
1,317,098 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၄။ သူသေကောင်ကို၊ ပူးဝင်ခို၊ ဖုတ်အိုပုံစံဘဲ။ |
1,317,099 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၅။ သူတို့ချင်းလဲ၊ မသိဘဲ၊ စပ်ကြားဖုတ်အို၊ အထင်လွဲ။ |
1,317,100 | သံပေါက်, မြန်မာကဗျာများ, မြန်မာဘာသာ | အဝတ်ဆင်ခြင်ရန် | ၃၆။ သူသေပမာ၊ ဤကိုယ်မှာ၊ တဏှာဖုတ်အိုစွဲ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.