id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,317,401 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | -ရှစ်ပါးသီလ စောင့်ထိန်းရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။ |
1,317,402 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ֍ အထက်ပါမေးခွန်းကို အုပ်စုလိုက်ဆွေးနွေး၍ အောက်ပါနမူနာပုံစံအတိုင်း စာရွက်လွတ်တွင် ရေးကြပါစေ။ |
1,317,403 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | (ဆရာ က အောက်ပါနမူနာပုံစံကို ရေးဆွဲပြပါ။ |
1,317,404 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ) ရှစ်ပါးသီလ |
1,317,405 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | သူများ အသက်မသတ်ခြင်း |
1,317,406 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | အသက်ရှည်ခြင်း |
1,317,407 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ֍ အားလုံးရေးပြီးလျှင် မိမိတို့ရေးဆွဲထားသော စာရွက်များကို အများမြင်သာသော နေရာတွင် ကပ်ကြပါစေ။ |
1,317,408 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ကလေး အားလုံးကို လှည့်လည်ကြည့်ရှုစေပြီး မိမိအဖွဲ့နှင့် မတူသောအချက်များကို မှတ်သား၍ အုပ်စုကိုယ်စားလှယ် တစ်ဦး စီက ပြန်လည်တင်ပြပါစေ။ |
1,317,409 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ֍ အုပ်စုအားလုံး တင်ပြပြီးလျှင် အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။ |
1,317,410 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | “သီလစောင့်ထိန်းတယ်ဆိုတာ ကောင်းတဲ့အလုပ်ဖြစ်တယ်။ |
1,317,411 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | . ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရတယ်။ |
1,317,412 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်နှင့်လဲ၍ သီလစောင့်သူ (ဆရာ) | ဒါကြောင့် သီလစောင့်ထိန်းကြမယ်ဆိုရင် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာမယ်၊ အသက်ရှည်မယ်၊ စည်းစိမ်ဥစ္စာ ပေါများမယ်၊ သီလစောင့်ထိန်းတဲ့အတွက် အခုဘဝမှာရော နောင်ဘဝတွေမှာပါ ကောင်းကျိုးချမ်းသာ တွေကို ခံစားရမှာဖြစ်တယ်”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။ |
1,317,413 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ရှေးအခါက ဗာရာဏသီပြည်ရှိ ရွာတစ်ရွာတွင် လယ်သမားတစ်ယောက်သည် နွားများကို စားကျက်၌ လွှတ်ထားပြီး ပေါက်တူးပေါက်နေ၏။ |
1,317,414 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | နွားများက စားကျက်တွင် စားသောက်နေရင်း တောအုပ်ထဲသို့ ဝင်သွားကြသည်။ |
1,317,415 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | လယ်သမားသည် နွားပျောက် ရှာရင်း တောအုပ်ထဲ၌ မျက်စိလည်ပြီး လမ်းမှားသွား၏။ |
1,317,416 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ခုနစ်ရက်တိုင်တိုင် တောအုပ်ပြင်ပသို့ ထွက်၍ မရသဖြင့် ထမင်းလည်း မစားရပေ။ |
1,317,417 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | တစ်နေ့တွင် သူသည် အိမ်ပြန် လမ်းရှာရင်း တည်ပင်တစ်ပင်နားသို့ ရောက်သွားသည်။ |
1,317,418 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | တည်သီးစားရန် အပင်ပေါ်သို့ တက်ခူးရာ ခြေချော်ပြီး အတောင်ခြောက်ဆယ်နက်သော ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွား၏။ |
1,317,419 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ချောက်ကမ်းပါးက အလွန်မတ်စောက် သဖြင့် အပေါ်သို့ ပြန်မတက်နိုင်တော့ပေ။ |
1,317,420 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ဤသို့ဖြင့် ချောက်ကမ်းပါးထဲ ကျနေသည်မှာ ဆယ်ရက်ခန့် ကြာ သွားသည်။ |
1,317,421 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | တစ်နေ့တွင် ဘုရားအလောင်းမျောက်မင်းသည် တည်ပင်ပေါ်၌ တည်သီးစားနေစဉ် ချောက်ကမ်းပါးထဲတွင် ပြုတ်ကျနေသော လယ်သမားကို တွေ့သွားခဲ့၏။ |
1,317,422 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ထိုအခါ ကျောက်ဖျာ၌ ကြိုးချည်ကာ ချောက်ကမ်းပါးသို့ ဆင်း၍ လယ်သမားကို ကျောပေါ်တင်ကာ ကြိုးဖြင့် အပေါ်သို့ ဆွဲတက်ပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရသည်။ |
1,317,423 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | အပေါ်သို့ ရောက်သောအခါ မျောက်မင်းက “ကျွန်ုပ် အလွန်ပင်ပန်း နေတဲ့အတွက် ခေတ္တခဏ အနားယူပါဦးမယ်”ဟု ဆိုကာ ကျောက်ဖျာပေါ်တွင် ပက်လက်လှန် အနားယူရင်း အိပ်ပျော်သွားလေသည်။ |
1,317,424 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | မျောက်မင်း အိပ်ပျော်နေစဉ် လယ် ရန် သမားသည် “တောထဲမှာရှိတဲ့ တိရစ္ဆာန်ဆိုတာ လူတွေရဲ့ အစာ ဖြစ်တယ်၊ ဒါ့ကြောင့် ဒီမျောက် ကြီးကို သတ်ပြီး စားလို့ရတယ်၊ ငါလည်း သိပ်ပြီး ဆာလောင်နေတယ်၊ ဒီမျောက်သားကို ယူသွားရမယ်၊ တောအုပ်ထဲက ထွက်ဖို့ ရိက္ခာ လိုတယ်”ဟု ကြံစည်၍ အနားတွင်ရှိသော ကျောက်တုံးဖြင့် မျောက်မင်း၏ ဦးခေါင်းကို ထုရိုက်လိုက်သည်။ |
1,317,425 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ထိုသို့ ထုရိုက်သော်လည်း လယ်သမားသည် အားနည်းနေသောကြောင့် မျောက်မင်းမှာ မသေဘဲ ခေါင်းကွဲသွားလေသည်။ |
1,317,426 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | မျောက်မင်းသည် လန့်နိုးသွားပြီး သစ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ |
1,317,427 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | သွေးများ ယိုစီးလျက် မျက်ရည်များ ကျလာကာ “အို လူသား ... သင်မြေပြင်က သွားပါ၊ ကျွန်ုပ်က သစ်ခက်တွေနဲ့ သင့်ကို လမ်းညွှန်ခေါ်ဆောင်သွားပါမယ်”ဟု ပြော၏။ |
1,317,428 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | ရွာအနီးကို ရောက်သောအခါ မျောက်မင်းသည် တောအုပ်ထဲသို့ ပြန်ဝင်သွားလေသည်။ |
1,317,429 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | လယ်သမားသည် ကျေးဇူးရှင် သူတော်ကောင်း မျောက်မင်းကို ကိုယ်ထိလက်ရောက် စော်ကားမိ သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အလွန်ပူလောင်သည့် ဝေဒနာကို ခံစားနေရသည်။ |
1,317,430 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | အနာများလည်း ပေါက်လာသည်။ |
1,317,431 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | အနာများက ပူလောင်လှသဖြင့် ငှက်ပျောရွက်များကို ခင်း၍ အိပ်ရ၏။ |
1,317,432 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | သို့သော် ဝေဒနာက မသက်သာဘဲ တဖြည်းဖြည်း ပိုဆိုးလာသည်။ |
1,317,433 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ | အသက်သခင်ကို ပြစ်မှားသူ | နောက်ဆုံးတွင် လယ်သမားသည် ထိုပြင်း ထန်သည့် ဝေဒနာကို ခုနစ်နှစ်ခန့် ခံစားရပြီး ကွယ်လွန်သွားခဲ့လေသည်။ |
1,317,434 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ။ အသက်သခင်ကို ပြစ်မှားသူ |
1,317,435 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ။ သူတစ်ပါးကျေးဇူးကို သိပြီး ပြန်ဆပ်တတ်စေရန်။ |
1,317,436 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ဆရာက အောက်ပါမေးခွန်းများကို မေး၍ စာသင်ချိန်ကို စတင်ပါ။ |
1,317,437 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -“ကျေးဇူးတင်ပါတယ်ရှင်/ခင်ဗျာ” “ကျေးဇူးပါပဲ”လို့ ပြောတာကို ကြားဖူးလား။ |
1,317,438 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -သားတို့သမီးတို့ကိုယ်တိုင်ရော “ကျေးဇူးတင်ပါတယ်ရှင်/ခင်ဗျာ”လို့ ဘယ်သူတွေကို ပြောဖူးလဲ။ |
1,317,439 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဘာကြောင့် ပြောတာလဲ။ |
1,317,440 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ “သားတို့သမီးတို့မှာ ကျေးဇူးတင်သင့်တဲ့သူတွေ ရှိမှာပဲ။ |
1,317,441 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကြောင့် ကျေးဇူး တင်သင့်တာလဲ”ဟု စဉ်းစားခိုင်းပြီး ကလေးများ၏ မှတ်စုစာအုပ်တွင် ရေးကြပါစေ။ |
1,317,442 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ချရေးထားသည့် ပုဂ္ဂိုလ်များထဲမှ မိမိကြိုက်နှစ်သက်သည့် တစ်ဦးအကြောင်းကို မတ်တတ်ရပ်၍ တစ်ဦးချင်းစီက ပြောပြကြပါစေ။ |
1,317,443 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ကလေးများ၏ တင်ပြချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်သား၍ လိုအပ်ချက်များရှိလျှင် ဖြည့်စွက်ဆွေး နွေးကာ စာသင်ချိန်ကို အဆုံးသတ်ပါ။ |
1,317,444 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ကလေးများအား “ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူးကို သိတတ်ဖို့ အရေးကြီးတယ်၊ ဒါပေမယ့် တချို့ လူတွေကတော့ ကျေးဇူးကို မသိတတ်ရုံသာမက ကျေးဇူးတောင် ကန်းကြသေးတယ်။ |
1,317,445 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဒါနဲ့ပတ်သက်လို့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရအောင်”ဟု ပြော၍ ဇာတ်လမ်းတစ်ပုဒ်လုံးကို ကလေးတိုင်းက ဖတ်ကြပါစေ။ |
1,317,446 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အသက်သခင်ကို ပြစ်မှားသူ |
1,317,447 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ လယ်သမားတစ်ယောက်ရှိတယ်။ |
1,317,448 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | တစ်နေ့မှာသူဟာ နွားတွေကို စားကျက်မှာ လွှတ်ထားပြီး ပေါက်တူးပေါက်နေတယ်။ |
1,317,449 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | နွားတွေက စားကျက်မှာ စားသောက်နေရင်းနဲ့ တောအုပ်ထဲကို ဝင်သွား ကြတယ်။ |
1,317,450 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | လယ်သမားဟာ နွားပျောက်ရှာရင်း တောအုပ်ထဲမှာ မျက်စိလည် လမ်းမှားနေတယ်။ |
1,317,451 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ထမင်းမစားရတာလည်း ခုနစ်ရက်တောင်ရှိနေပြီ။ |
1,317,452 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဒီလိုနဲ့ အိမ်ပြန်လမ်းရှာရင်း တည်ပင်တစ်ပင်နားရောက်တော့ တည်သီးစားဖို့ အပင် ပေါ် တက်ခူးတာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားတယ်။ |
1,317,453 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ချောက်ကမ်းပါးက အလွန်နက်တော့ အပေါ်ကို ပြန်မတက်နိုင်ရှာဘူး။ |
1,317,454 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဆယ်ရက်လောက် ကြာသွားတဲ့အချိန်မှာ ခွန်အားကြီးတဲ့ မျောက်မင်းတစ်ကောင်ဟာ တည်သီးစားဖို့ တည်ပင်ပေါ် တက်ရင်း ချောက်ကမ်းပါးထဲ ပြုတ်ကျနေတဲ့ လယ်သမားကို တွေ့သွားတယ်။ |
1,317,455 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဒါကြောင့် လယ်သမားကို သူ့ကျောပေါ်တင်ပြီး ချောက်ကမ်းပါးထဲကနေ ခက်ခက်ခဲခဲနဲ့ ကယ်တင်ခဲ့တယ်။ |
1,317,456 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ကုန်းပေါ်ကို ရောက်တော့ မျောက်မင်းက “ကျွန်ုပ် အလွန်ပင်ပန်းနေတဲ့အတွက် ခေတ္တခဏမျှ အနားယူပါဦးမယ်၊ ကျွန်ုပ်ကို စောင့်နေပါ”လို့ ပြောပြီး ကျောက်ဖျာပေါ်မှာ ပက်လက်လှန် အနားယူရင်း အိပ်ပျော်သွားတယ်။ |
1,317,457 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | မျောက်မင်း အိပ်ပျော်နေတဲ့အချိန်မှာ လယ်သမားက “တောထဲမှာရှိတဲ့ တိရစ္ဆာန်ဆိုတာ လူတွေရဲ့ အစာဖြစ်တယ်၊ ဒါ့ကြောင့် ဒီမျောက်ကြီးကို သတ်ပြီးစားလို့ရတယ်၊ ငါလည်း ဆာလောင်နေတယ်၊ ဒီမျောက်သားကို ယူသွားရမယ်၊ တောအုပ်ထဲက ထွက်ဖို့ ရိက္ခာလိုတယ်” ဟု ကြံစည်ပြီး အနီးအနားမှာရှိတဲ့ ကျောက်တုံးနဲ့ မျောက်မင်းရဲ့ ခေါင်းကို ထုရိုက်လိုက်တယ်။ |
1,317,458 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | မျောက်မင်းလည်း နိုးသွားပြီး သစ်ပင်ပေါ်ကို ခုန်တက်လိုက်တယ်။ |
1,317,459 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ထို့နောက် မျောက်မင်းက “အို လူသား... သင်မြေပြင်က သွားပါ၊ ကျွန်ုပ်က သစ်ခက်တွေနဲ့ သင့်ကို လမ်းညွန်ခေါ်ဆောင်သွားပါ့မယ်” လို့ ပြောပြီး သစ်ပင်ပေါ်ကနေ လမ်းပြခေါ်ဆောင်သွားတယ်။ |
1,317,460 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ရွာအနီးနားကို ရောက်တဲ့အခါ မျောက်မင်းက လယ်သမားကို ထားခဲ့ပြီး တောအုပ်ထဲကို ပြန်ဝင်လာတယ်။ |
1,317,461 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | မကြာမီမှာ လယ်သမားဟာ ကျေးဇူးရှင် သူတော်ကောင်းမျောက်မင်းကို ကိုယ်ထိလက်ရောက် စော်ကားမိ တဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံး အနာတွေ ပေါက်လာတယ်။ |
1,317,462 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အနာတွေက ယားယံပြီး ပူလောင်လွန်းတဲ့အတွက် ငှက်ပျောရွက်တွေ ခင်းပြီးတော့ အိပ်ရတယ်။ |
1,317,463 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဒါပေမဲ့ ဝေဒနာက သက်သာမလာဘဲ ခုနစ်နှစ်ကြာ ဆင်းရဲစွာ ခံစားရပြီး ကွယ်လွန်သွားပါတယ်။ |
1,317,464 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | လယ်သမားဟာ ကျေးဇူးရှင်ကို ပြစ်မှားစော်ကားမိတဲ့ အကုသိုလ်ကံကြောင့် လက်ရှိဘဝမှာပဲ ဒုက္ခခံစားသွားရပါတယ်။ |
1,317,465 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | မဟာကပိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ စတုတ္ထတွဲ၊ ၇၀၈။ |
1,317,466 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဇာ၊ဋ္ဌ၊၅၊၆၉။ |
1,317,467 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ဆရာက အောက်ပါမေးခွန်းများကို မေးပါ။ |
1,317,468 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -ဒုက္ခရောက်နေသူဟာ ဘယ်သူလဲ။ |
1,317,469 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဘာကြောင့် ဒုက္ခရောက်တာလဲ။ |
1,317,470 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -လယ်သမားကို ကူညီပေးတဲ့သူဟာ ဘယ်သူလဲ။ |
1,317,471 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -မျောက်မင်းဟာ လယ်သမားကို ဘယ်လိုစိတ်နဲ့ ကူညီကယ်တင်ပေးတာလဲ။ |
1,317,472 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -လယ်သမားဟာ မျောက်မင်းကို ဘာလုပ်လိုက်သလဲ။ |
1,317,473 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -လယ်သမားဘယ်လို သေဆုံးသွားရသလဲ၊ ဘာကြောင့်လဲ။ |
1,317,474 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -လယ်သမားနေရာမှာ သားတို့သမီးတို့သာဆိုရင် မျောက်မင်းကို ဘယ်လို တုံ့ပြန်မလဲ။ |
1,317,475 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -မျောက်မင်းနေရာမှာ သားတို့သမီးတို့သာဆိုရင် ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ဆက်ကူညီနိုင်ပါဦးမလား။ |
1,317,476 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -ကိုယ့်ကို ကူညီပေးတဲ့သူတွေအပေါ် ဘယ်လိုကျေးဇူးတုံ့ပြန်မလဲ။ |
1,317,477 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ။ ခင်ပွန်းကြီး ဆယ်ပါး ရေးထားသော စာရွက်ကြီး။ |
1,317,478 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ “ခင်ပွန်းကြီးဆိုတာ ကြားဖူးသလား”ဟု ဆရာက မေး၍ စာသင်ချိန်ကို စတင်ပါ။ |
1,317,479 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ကလေးများ ဖြေဆိုသမျှကို လက်ခံပေးပါ။ |
1,317,480 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ နောက်ဆုံးတွင် ဆရာက “ကျေးဇူးရှိတဲ့သူ၊ မပြစ်မှားအပ်တဲ့သူကို ခင်ပွန်းကြီးလို့ ခေါ်တယ်၊ ခင်ပွန်းကြီး ဆယ်ပါး ရှိတယ်”ဟု ပြော၍ အောက်ပါအတိုင်း ရှင်းပြပါ။ |
1,317,481 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ၁။ ဗုဒ္ဓ = သဗ္ဗညုမြတ်စွာဘုရား၂။ |
1,317,482 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ပစ္စေကဗုဒ္ဓ = သီးခြားပွင့်တော်မူသည့် ဘုရားငယ်၃။ |
1,317,483 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အရဟန္တာ = အာသဝေါကုန်ခန်းပြီးသော ရဟန္တာ၄။ |
1,317,484 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အဂ္ဂသာဝက = မြတ်စွာဘုရား၏ လက်ဝဲရံ၊ လက်ယာရံ တပည့်ကြီးများ၅။ |
1,317,485 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | မာတာ = မိခင်၆။ |
1,317,486 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ပိတာ = ဖခင်၇။ |
1,317,487 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဝုဍ္ဎပစာယန = အသက်၊ သိက္ခာစသည် မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ၈။ |
1,317,488 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | အာစရိယ = သွန်သင်ဆုံးမ ပညာပေးသော ဆရာမြတ်၉။ |
1,317,489 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဟိတကာရ = မိမိ၏အကျိုးစီးပွားကိုဆောင်ရွက်ပေးသည့် ကျေးဇူးရှိဖူးသူ၁၀။ |
1,317,490 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဓမ္မကထိက = တရားဟော၊ တရားပြပေးသူ |
1,317,491 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ “သားတို့သမီးတို့ ... မြတ်စွာဘုရားက ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားအပ်ဘူးလို့ ဘာကြောင့် ဟောခဲ့တယ်ထင် သလဲ။ |
1,317,492 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | စာသင်ချိန် (၂)မှာ ဖတ်ခဲ့တဲ့ ဇာတ်လမ်းထဲက မျောက်မင်းဟာ ခင်ပွန်းကြီး ဆယ်ပါးထဲက ဘယ်သူဖြစ်မယ် ထင်သလဲ”ဟု မေးမြန်းပါ။ |
1,317,493 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | (အ |
1,317,494 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ဟိတကာရ = မိမိ၏အကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် ကျေးဇူးရှိဖူးသူ)စာသင်ချိန် (၄) |
1,317,495 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ကလေးများကို အုပ်စု (၅) စု ဖွဲ့ပြီး အောက်ပါမေးခွန်းများကို ဆွေးနွေးပါစေ။ |
1,317,496 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | -သားတို့သမီးတို့ကို ဘယ်သူတွေက ကူညီခဲ့သလဲ။ |
1,317,497 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | (မိဘနှင့် အခြားသူများ)-ဘယ်လိုကူညီခဲ့သလဲ။ |
1,317,498 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | (စားဝတ်နေရေး၊ ပညာရေးနှင့် အခြားအကူအညီများ)-အဲဒီကျေးဇူးတွေကို ဘယ်လိုပြန်ဆပ်မလဲ။ |
1,317,499 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | (အဖြေအမျိုးမျိုးရှိနိုင်) |
1,317,500 | ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ | အသက်သခင်ကို ပြစ်မှားသူ (ဆရာ) | ֍ ဆွေးနွေးထားသောအချက်များကို စာရွက်လွတ်တွင်ရေးပြီး အုပ်စုကိုယ်စားလှယ်အသီးသီးက အလှည့်ကျတင်ပြပါစေ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.