id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,318,901 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများသည် - |
1,318,902 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) ယင်းတို့နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည်။ |
1,318,903 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံ ထိပ်သီးအစည်းအဝေးက ချမှတ်သည့် သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို မိမိတို့ ပတ်သက်ရာနယ်ပယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ |
1,318,904 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အာဆီယံပေါင်းစည်းရေးနှင့် အသိုက်အဝန်းထူထောင်ရေးကို အထောက်အကူပြုရန် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရမည်။ |
1,318,905 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) အာဆီယံ အသိုက်အဝန်းကောင်စီ အသီးသီးသို့ အစီရင်ခံစာနှင့် ထောက်ခံချက်များ တင်သွင်းရမည်။ |
1,318,906 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းတိုင်းသည် နောက်ဆက်တွဲ (၁) တွင်ပါရှိသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အဆင်မြင့် အရာရှိကြီးများနှင့် အထောက်အကူပြုရေး အဖွဲ့အစည်းများကို မိမိပတ်သက်ရာနယ်ပယ် အောက်တွင် ထားရှိနိုင်သည်။ |
1,318,907 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်များဆိုင်ရာပြဋ္ဌာန်းချက်အား ရည်ညွှန်းကိုးကားခြင်းမပြုဘဲ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ၏ ထောက်ခံချက်အရ အဆိုပါနောက်ဆက်တွဲကို အာဆီယံအတွင်းရေးမှူးချုပ်က ခေတ်နှင့်လျော်ညီ အောင် ပြင်ဆင်နိုင်သည်။ |
1,318,908 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ အတွင်းရေးမှူးချုပ်ကို အာဆီယံ ထိပ်သီးအစည်းအဝေးက အာဆီယံ အဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသားများထဲမှ သက်တမ်းထပ်မံတိုးခွင့် မရှိသည့် (၅)နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျဖြင့် သိက္ခာ သမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျားမ တန်းတူရှိမှုကို အခြေခံ၍ ထည... |
1,318,909 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အတွင်းရေးမှူးချုပ်သည် - |
1,318,910 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) ဤ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ အာဆီယံ စာချုပ် စာတမ်းများ၊ ပရိုတိုကော စာချုပ်များနှင့် အခိုင်အမာ လက်ခံကျင်းသုံးနေသော ကျင့်စဉ်များနှင့်အညီ ဤအဆင့်မြင့်ရုံး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။ |
1,318,911 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်ရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။ |
1,318,912 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ အသိုက်အဝန်းကောင်စီများ၊ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ အာဆီယံအစည်း အဝေးများတွင် ပါဝင်တက်ရောက်ရမည်။ |
1,318,913 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အတွင်းရေးမှူးချုပ်သို့ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့ အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်း နှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်း ပြုရမည်။ |
1,318,914 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (င) ဒုတိယ အတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်းနှင့် ရပ်စဲခြင်းအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသို့ အတည်ပြုချက် ရယူရန် ထောက်ခံ တင်ပြရမည်။ |
1,318,915 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်လည်း ဖြစ်ရမည်။ |
1,318,916 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ အတွင်းရေးမှူးချုပ်ကို ဒုတိယဝန်ကြီး ရာထူး အဆင့်ရှိသော ဒုတိယ အတွင်းရေးမှူးချုပ် (၄)ဦးက ကူညီရမည်။ |
1,318,917 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဒုတိယ အတွင်းရေးမှူးချုပ်များက ယင်းတို့၏ လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် အတွင်းရေးမှူးချုပ်သို့ တာဝန်ခံရပါမည်။ |
1,318,918 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၅။ ဒုတိယ အတွင်းရေးမှူးချုပ်(၄)ဦးသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံ သားတည်း မဖြစ်စေရသည့်အပြင် မတူညီသည့် အာဆီယံအဖွဲ့ဝင် (၄) နိုင်ငံမှ ဖြစ်ရမည်။ |
1,318,919 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၆။ ဒုတိယ အတွင်းရေးမှူးချုပ် (၄)ဦး အဖြစ် ပါဝင်ဆောင်ရွက်သူများတွင် - |
1,318,920 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) ဒုတိယ အတွင်းရေးမှူးချုပ်(၂)ဦးမှာ သက်တမ်းထပ်မံတိုးခွင့် မရှိသည့် (၃)နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး အက္ခရာစဉ် အလိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံသားများထဲမှ သိက္ခာသမာဓိရှိမှု၊ အရည်အချင်း ပြည့်ဝမှု၊ စွမ်းဆောင်နိုင်မှု၊ အတွေ့အကြုံရှိမှု၊ ကျားမ တန်းတူရည်တူရှိမှု အပေါ် အခြေခံ၍ ရွေးချယ်ရမည်။ |
1,318,921 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) ဒုတိယ အတွင်းရေးမှူးချုပ်(၂)ဦးမှာ (၃)နှစ်သက်တမ်းအတွက် တာဝန် ထမ်းဆောင်ရန်ဖြစ်ပြီး နောက်ထပ်သက်တမ်း (၃) နှစ်တစ်ကြိမ်တိုး၍ ခန့်ထားနိုင်သည်။ |
1,318,922 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ယင်း ဒုတိယ အတွင်းရေးမှူးချုပ် (၂)ဦးကို အရည်အချင်းအပေါ် မူတည်၍ ခန့်ထားရမည်။ |
1,318,923 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၇။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် အတွင်းရေးမှူးချုပ်နှင့် လိုအပ်သော ဝန်ထမ်းများ ပါဝင်ရမည်။ |
1,318,924 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၈။ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် - |
1,318,925 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) တာဝန်ထမ်းဆောင်ရာတွင် သိက္ခာသမာဓိရှိမှု၊ စွမ်းရည်ပြည့်ဝမှု၊ အရည်အချင်း ပြည့်မီမှုတို့တွင် အမြင့်မားဆုံးသော စံများကို ထိမ်းသိမ်း ထားရမည်။ |
1,318,926 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံပြင်ပရှိ မည်သည့်အစိုးရ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ညွှန်ကြားချက်များကိုမျှ တောင်းခံခြင်း သို့မဟုတ် လက်ခံရယူခြင်း မရှိစေရ။ |
1,318,927 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အာဆီယံအပေါ်တွင်သာ တာဝန်ခံရမည်ဖြစ်သော အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ရှိသူများသည် ယင်းတို့၏ ရာထူးအဆင့်အတန်းအေပါ် ထိခိုက် စေမည့် မည်သည့် အပြုအမူမျိုးကိုမဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။ |
1,318,928 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၉။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အပိုင်းတွင် အာဆီယံ၏ ဝိသေသလက္ခဏာတို့ကို လေးစား ရမည်ဖြစ်ပြီး ယင်းတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းခြင်း မပြုရ။ |
1,318,929 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ဂျာကာတာမြို့တွင် သံအမတ်ကြီး အဆင့်ရှိ အာဆီယံ၏ အမြဲတမ်းကိုယ်စားလှယ်ကို ခန့်အပ်ထားရှိရမည်။ |
1,318,930 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အမြဲတမ်းကိုယ်စားလှယ်များ စုပေါင်းပါဝင်သော အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီကို ဖွဲ့စည်းပြီး ထိုကော်မတီသည် - |
1,318,931 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) အာဆီယံ အသိုက်အဝန်းကောင်စီများနှင်h အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများကို အထောက်အကူပြုရမည်။ |
1,318,932 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးများနှင့် အခြား အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။ |
1,318,933 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) လုပ်ငန်းပိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ် အားလုံးအပေါ်တွင် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ကို ဆက်သွယ် ဆောင်ရွက်ခြင်း ပြုရမည်။ |
1,318,934 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) အာဆီယံ၏ ပြင်ပမိတ်ဖက်များနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးတွင် ပံ့ပိုးကူညီရမည်။ |
1,318,935 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (င) အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက သတ်မှတ်ထားသည့် အခြား တာဝန်များကို ထမ်းဆောင်ရမည်။ |
1,318,936 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးကို ဖွဲ့စည်း တည်ထောင်ရမည်။ |
1,318,937 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ထိုရုံးသည် __ |
1,318,938 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) အမျိုးသားအဆင့် ဆက်သွယ်ရာ ဗဟိုဌာနအဖြစ် ဆောင်ရွက်ရမည်။ |
1,318,939 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အမျိုးသားအဆင့် အာဆီယံရေးရာ ကိစ္စရပ်အားလုံးဆိုင်ရာ သတင်းအချက် အလက်များ သိုမှီးရာ ဌာနအဖြစ် ဆောင်ရွက်ရမည်။ |
1,318,940 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အမျိုးသားအဆင့်တွင် အာဆီယံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မှုအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်။ |
1,318,941 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) အမျိုးသားအဆင့် အာဆီယံအစည်းအဝေး ကျင်းပရန် ပြင်ဆင်မှုများတွင် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပံ့ပိုးခြင်းပြုရမည်။ |
1,318,942 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (င) အမျိုးသားအဆင့်တွင် အာဆီယံ၏ ဥပဓိရုပ်နှင့် အာဆီယံကို အများသိရှိ စေရန် တိုးမြှင့်ပြုလုပ်ရမည်။ |
1,318,943 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (စ) အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ရမည်။ |
1,318,944 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံပဋိညာဉ်စာတမ်းတွင် ပါဝင်သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တိုးမြှင့်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အခြေခံမူများ နှင့်အညီ အာဆီယံသည် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကို တည်ထောင်ရမည်။ |
1,318,945 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်သတ်မှတ်ပေးသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက် ရမည်။ |
1,318,946 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံ အတွင်းရေးမှူးချုပ်ကို အထောက်အကူပြု ရမည့်အပြင် အာဆီယံ၏ ဥပဓိရုပ်ကို လူအများ ပိုမိုသိရှိစေခြင်း၊ အာဆီယံအတွင်း ပြည်သူလူထုအကြား အပြန်အလှန် ဆက်ဆံမှုပြုခြင်း၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး အသင်း အဖွဲ့များ၊ တက္ကသိုလ်အသိုက်အဝန်းနှင့် အခြား သက်ဆိုင်သူများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ... |
1,318,947 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံအတွင်းရေးမှူးချုပ်ကို တာဝန်ခံရမည်။ |
1,318,948 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အတွင်းရေးမှူးချုပ်သည် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ မှတဆင့် အာဆီယံ ဖောင်ဒေးရှင်း၏ အစီရင်ခံစာကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။ |
1,318,949 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံသည် အဓိကအားဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အထောက်အကူပြုသော အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ |
1,318,950 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အဆိုပါ ဆက်နွယ်သည့် အဖွဲ့အစည်းများကို နောက်ဆက်တွဲ (၂) တွင် စာရင်းပြုစု ဖော်ပြထားပါသည်။ |
1,318,951 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ယင်းသို့ ဆက်သွယ် ဆောင်ရွက်မှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များကို အာဆီယံအတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီက သတ်မှတ်ပြဋ္ဌာန်းပေးရမည်။ |
1,318,952 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အာဆီယံအတွင်းရေးမှူးချုပ်သည် ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရည်ညွှန်းကိုးကားခြင်းမပြုဘဲ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် နောက်ဆက်တွဲ (၂) စာရင်းကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်နိုင်သည်။ |
1,318,953 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်နယ်မြေများအတွင်း ယင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ခံစားရမည်။ |
1,318,954 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို အာဆီယံနှင့် အိမ်ရှင်အဖွဲ့ဝင်နိုင်ငံ တို့အကြား သီးခြားသဘောတူညီချက်များဖြင့် ရေးဆွဲ ချမှတ်ရမည်။ |
1,318,955 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင် နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြုဆောင်ရွက်သော အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဝန်ထမ်းများသည် ယင်းတို့၏ လုပ်ငန်းများကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို... |
1,318,956 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ ဤအပိုဒ်ပါ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို သီးခြားအာဆီယံ သဘောတူညီချက်ဖြင့် ရေးဆွဲချမှတ်ရမည်။ |
1,318,957 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင် နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်သော အဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်း ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ယင်းတို့၏ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ ခံစားရမည်။ |
1,318,958 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ တာဝန်ထမ်းဆောင်နေကြေသာ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းအရ သော်လည်းကောင်း၊ သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်း ဥပေဒနှင့်အညီ သော်လည်းကောင်း သတ်မှတ်ရမည်။ |
1,318,959 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အခြေခံမူတစ်ရပ်အဖြစ် အာဆီယံတွင် ဆုံးဖြတ်ချက် ချမှတ်မှုကို တိုင်ပင် ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒပေါ်တွင် အခြေပြုရမည်။ |
1,318,960 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒကို မရရှိနိုင်သောအခါ မည်သို့ သီးသန့် ဆုံးဖြတ်ချက် ချမှတ်ရမည်ကို အာဆီယံ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်နိုင်သည်။ |
1,318,961 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ ဤအပိုဒ်၏ စာပိုဒ်(၁)နှင့် (၂) ပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ သက်ဆိုင်ရာ အာဆီယံ ဥပဒေရးရာ စာချုပ်စာတမ်းတွင် ပါဝင်သော ဆုံးဖြတ်ချက် ချမှတ်သည့် နည်းလမ်းများကို ထိခိုက်မှု မရှိစေရ။ |
1,318,962 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ ဤပဋိညာဉ်စာတမ်းကို ပြင်းထန်စွာချိုးဖောက်ခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ယင်းကိစ္စကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြ အဆုံးအဖြတ် ခံယူရမည်။ |
1,318,963 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ အသိုက်အဝန်းကောင်စီ အသီးသီးသည် မိမိ၏ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းရမည်။ |
1,318,964 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်အားလုံး တူညီဆန္ဒရှိပါက အာဆီယံအနုတ်ပုံစံ (ASEAN Minus X)(အာဆီယံမိုင်းနပ်စ်အိတ်စ်) နည်းလမ်း အပါအဝင် အဆင်ပြေ လွယ်ကူသော ပါဝင်ဆောင်ရွက်မှု ပုံစံကို အသုံးပြုနိုင်သည်။ |
1,318,965 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အဖွဲ့ဝင်နိုင်ငံများသည် အငြင်းပွားမှု အားလုံးကို တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ပင် ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးခြင်းနည်းဖြင့် အချိန်မီ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်စေရန် ကြိုးပမ်းရမည်။ |
1,318,966 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံသည် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအားလုံးတွင် အငြင်းပွားမှုများ ဖြေရှင်းပေးသည့် နည်းလမ်းများကို ထိန်းသိမ်း တည်ထောင် ဆောင်ရွက်ရမည်။ |
1,318,967 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် သဘောတူညီချက် ပြုထားကြသည့် အချိန်ကာလ အတောအတွင်း အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် အလို့ငှာ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း နည်းလမ်း တို့ကို ဆောင်ရွက်ရန် အချိန်မရွေး သဘောတူညီနိုင်သည်။ |
1,318,968 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံဥက္ကဋ္ဌ သို့မဟုတ် ရာထူးအလျောက် ဆောင်ရွက်ပေးသည့် အာဆီယံ အတွင်းရေးမှူးချုပ် ထံသို့ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း ပြုလုပ် ပေးရန်အတွက် မေတ္တာရပ်ခံနိုင်သည်။ |
1,318,969 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ သီးခြား အာဆီယံစာချုပ်စာတမ်းများနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများကို အဆိုပါ စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြေရှင်းရမည်။ |
1,318,970 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ စာချုပ်စာတမ်း တစ်ရပ်ရပ်ကို ကျင့်သုံးခြင်း သို့မဟုတ် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် သက်ဆိုင်မှုမရှိသည့် အငြင်းပွားမှုများကို အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်နှင့် ယင်းစာချုပ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။ |
1,318,971 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အကယ်၍ အခြားနည်း သီးခြားပြဋ္ဌာန်းချက် မရှိလျှင် အာဆီယံ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ကျင့်သုံးခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို အငြင်းပွားမှုများ ဖြေရှင်းရေးနည်းလမ်းဆိုင်ရာ အာဆီယံ ပရိုတိုကော စာချုပ်နှင့်အညီ ဖြေရှင်းရမည်။ |
1,318,972 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အခြားနည်း သီးခြားပြဋ္ဌာန်းချက် မရှိလျှင် ဤပဋိညာဉ်စာတမ်းနှင့် အခြား အာဆီယံ စာချုပ်စာတမ်းများကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာ အငြင်းပွားမှုများကို ခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်း အပါအဝင် သင့်လျော်သည့် အငြင်းပွားမှု ဖြေရှင်းရေး ဆိုင်ရာ နည်းလမ်းများကို တည်ထောင် ဆောင်ရွက်ရမည်။ |
1,318,973 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အကယ်၍ ဤပဋိညာဉ်စာတမ်းတွင် အထက်ဖော်ပြခဲ့သည့် ပြဋ္ဌာန်းချက်များအား ကျင့်သုံးပြီး ဖြေရှင်းသော်လည်း ဖြေရှင်းမရသည့် အငြင်းပွားမှုများကို အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြပြီး ဆုံးဖြတ်ချက် ခံယူရမည်။ |
1,318,974 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အတွင်းရေးမှူးချုပ်ရုံး သို့မဟုတ် အခြားသော သတ်မှတ်ထားသည့် အာဆီယံ အဖွဲ့အစည်း တစ်ခုခုတို့၏ အထောက်အကူပြုမှုဖြင့် အာဆီယံ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းမှ ရရှိသည့် တွေ့ရှိချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းအပေါ် စောင့်ကြပ် စိစစ်ပြီး အစီရင်ခံ... |
1,318,975 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းမှ ရရှိသည့် တွေ့ရှိချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအေပါ် လိုက်နာဆောင်ရွက်ခြင်း မပြုသည့်အတွက် ထိခိုက်နစ်နာမှုရှိသည့် မည်သည့်အာဆီယံနိုင်ငံမဆို အဆိုပါကိစ္စရပ်ကို ဆုံးဖြတ်ချက်ရယူရန် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြနိုင်သည်။ |
1,318,976 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ဤပဋိညာဉ်စာတမ်းတွင် အခြားနည်း ပြဋ္ဌာန်းထားချက်မရှိလျှင် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၃၃ (၁) တွင် သော်လည်းကောင်း အငြင်းပွားနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အခြား အပြည်ပြည်ဆိုင်ရာဥပေဒ စာချုပ်စာတမ်းများတွင် သော်လည်းကောင်း ဖော်ပြပါရှိသည့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်းများကို ဆောင်ရွက် နိုင်ခွင့်... |
1,318,977 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံသည် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ သတ်မှတ်ရမည်။ |
1,318,978 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံသည် ခိုင်မာသော ဘဏ္ဍာရေး စီမံခန့်ခွဲမှု မူဝါဒများ၊ ကျင့်စဉ်များနှင့် ဘတ်ဂျက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။ |
1,318,979 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းများကို အတွင်း စာရင်းစစ်ဆေးခြင်းနှင့် ပြင်ပ စာရင်း စစ်ဆေးခြင်း ပြုလုပ်ရမည်။ |
1,318,980 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအား ယင်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေး အရင်းအမြစ်များကို ထောက်ပံ့ပေးရမည်။ |
1,318,981 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို အဖွဲ့ဝင်နိုင်ငံများက ပမာဏ တူညီသည့် နှစ်စဉ်ထည့်ဝင်ကြေးငွေဖြင့် ဖြည့်ဆည်းရမည်။ |
1,318,982 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ယင်း ထည့်ဝင်ကြေးများကို အတွင်းရေးမှူးချုပ်ရုံးသို့ အချိန်နှင့်တေပြးညီ လွဲပြောင်း ပေးပို့ရမည်။ |
1,318,983 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၃။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ သဘောတူညီချက်ကို ရယူရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ နှစ်စဉ် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို ပြုစုရေးဆွဲရမည်။ |
1,318,984 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၄။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသည် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ချမှတ်ထားရှိသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရမည်။ |
1,318,985 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၁။ အာဆီယံဥက္ကဋ္ဌ ရာထူးကို အဖွဲ့ဝင်နိုင်ငံ အမည်များ၏ အင်္ဂလိပ် အက္ခရာစဉ် အတိုင်း နှစ်စဉ် အလှည့်ကျ ဆောင်ရွက်ရမည်။ |
1,318,986 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ၂။ အာဆီယံသည် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းတွင် တစ်ခုတည်းသော ဥက္ကဋ္ဌရာထူး ရှိရမည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ အဖြစ် လက်ခံ ဆောင်ရွက်သည့် နိုင်ငံက အောက်ပါ အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည် - |
1,318,987 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ၊ |
1,318,988 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ |
1,318,989 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အာဆီယံ အသိုက်အဝန်း ကောင်စီ (၃) ရပ်၊ |
1,318,990 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) သင့်လျော်သည့်ကိစ္စတွင် သက်ဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ |
1,318,991 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ။ |
1,318,992 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အဖွဲ့Wင်နိုင်ငံသည်- |
1,318,993 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (က) မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း၊ တူညီဆန္ဒ ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အာဆီယံ အသိုက်အဝန်း တစ်ရပ် တည်ထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် အာဆီယံ၏ အကျိုး စီးပွားနှင့် ကောင်းကျိုးချမ်းသာကို တက်ကြွစွာ တိုးမြှင့် ဆောင်ရွက်ရမည်။ |
1,318,994 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ခ) အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ဖော်ဆောင်စေရမည်။ |
1,318,995 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဂ) အရေးပေါ်ကိစ္စများ သို့မဟုတ် အာဆီယံကို ထိခိုက်စေသည့် အကျပ်အတည်း အခြေအနေများကို ကြားဝင် ဆောင်ရွက်ပေးခြင်းနှင့် အခြား နည်းလမ်းအစီအစဉ်များဖြင့် အချိန်မီ ထိရောက်စွာ တုန့်ပြန် ဆောင်ရွက်စေ ရမည်။ |
1,318,996 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (ဃ) ပြင်ပ မိတ်ဆွေများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ခိုင်မာတိုးတက်စေရန် ဆောင်ရွက်ရာတွင် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်ရမည်။ |
1,318,997 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | (င) လုပ်ပိုင်ခွင့် အာဏာပေးထားသည့်အတိုင်း အခြားလုပ်ငန်း တာဝန်များကိုလည်း ဆောင်ရွက်ရမည်။ |
1,318,998 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံ လှုပ်ရှားမှု အားလုံးကို ဆောင်ရွက်ရာတွင် တည်ဆဲ သံတမန်ရေးရာ ထုံးတမ်းစဉ်လာနှင့် အလေ့အထများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ |
1,318,999 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | ပြောင်းလဲမှုများကို အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှု ကောင်စီက အတည်ပြုပေးရမည်။ |
1,319,000 | မြန်မာဘာသာ, အာဆီယံ | အာဆီယံ ပဋိညာဉ်စာတမ်း | အာဆီယံ၏ လုပ်ငန်းဆိုင်ရာ ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.