id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,320,301 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သမာဓိ လျှောကျတတ်သည်။ |
1,320,302 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဆက်လက်ရှုပွားပုံ အဆင့်ဆင့်ကို ဆရာတော်ဘုရား ရေးသားပြုစုသော အာနာပါနကျင့်စဉ်မှ ဝိပဿနာသို့ ကျမ်းစာငယ်မှသည် နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာ ၅-တွဲတိုင်အောင်သော ထိုထိုကျမ်းများတွင် လေ့လာဆည်းပူးနိုင်ပါသည်။ |
1,320,303 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌ |
1,320,304 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရဟန်း^ရှင်ယောဂီများ လိုက်နာရန် စည်းကမ်းများ |
1,320,305 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) စတုပါရိသုဒ္ဓိသီလသိက္ခာပုဒ်တော်များကို ရိုသေလေးစားစွာ လိုက်နာသောအားဖြင့် မိမိတို့၏ စိတ်ကို စင်ကြယ်အောင် မွေးမြူ ကြရမည်။ |
1,320,306 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) အထူးသဖြင့် နိဿဂ္ဂိယ အကပ္ပိယဝတ္ထု ပစ္စည်းများကို အာလယပြတ် စွန့်လွှတ်ခဲ့ပြီး ဖြစ်မှ ဤဌာန၌ နေထိုင်သီတင်းသုံးခွင့် ပြုမည်။ |
1,320,307 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) ဥပဇ္ဈာယ်ဆရာနှင့် ကင်းနေပြီး နိဿယည်း မငြိမ်းသေးသူဖြစ်က နိဿယည်းယူပြီးမှ သာလျှင် ဤဌာန၌ နေထိုင်သီတင်းသုံးခွင့် ပြုမည်။ |
1,320,308 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ဝတ်စား နေထိုင် ပြောဆိုပုံတို့ကို ဆိုင်ရာ နာယက ဝန်ဆောင်ထံ သင်ယူရမည်။ |
1,320,309 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ဘုရားဝတ်ပြုသည့်အခါ ဥပုသ်ပြုသည့်အခါ ဆရာထံ ချဉ်းကပ်သည့်အခါတို့၌ သင်္ကန်း လက်ကန်တော့ထိုး၍ လက်အုပ်ချီကာ ရိုသေစွာ ဝင်ကြရမည်။ |
1,320,310 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ကျောင်းဝင်းအပြင်ဘက်နှင့် ရွာတွင်း မြို့တွင်းသို့ သွားလိုသော် ဥပဇ္ဈာယ်ဆရာ (သို့မဟုတ်) နိဿယည်းဆရာနှင့် တာဝန် ရှိသူများကို ပန်ကြားလျှောက်ထား၍ ခွင့်ပြုချက်ရမှ ဝိနည်းသိက္ခာပုဒ်တော်များနှင့် အညီ သွားလာကြရမည်။ |
1,320,311 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပြန်ရောက်သည့် အခါ ရောက်ရှိကြောင်း အသိပေး လျှောက် ထားရမည်။ |
1,320,312 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ကွမ်း စားခြင်း၊ ဆိုက်ကား, နွားလှည်း, မြင်းလှည်း စီးခြင်းတို့မှ ရှောင်ကြဉ်ကြရမည်။ |
1,320,313 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) သီတင်းသုံးဖော်အချင်းချင်း၊ ခန္တီ မေတ္တာ တရားနှင့် ပြုမူဆက်ဆံ ပြောဆို နေထိုင်ကြ ရမည်။ |
1,320,314 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ယောဂီသစ်များသည် (အခါအားလျော်စွာ သတ်မှတ်ပေးသော အချိန်၌) တာဝန်ကျ သည့် ကမ္မဋ္ဌာနာစရိယထံ ကမ္မဋ္ဌာန်း တောင်း ရမည်။ |
1,320,315 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) တရားထိုင်ချိန်တိုင်း အချိန်ပြည့် သိမ်ပေါ်၌ တရားရှုမှတ်ရမည်။ |
1,320,316 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) နေ့စဉ် အနည်းဆုံး တစ်ကြိမ် မှန်မှန် တရား လျှောက်ထားရမည်။ |
1,320,317 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဃ) သတ်မှတ်ထားသော တရားထိုင်ချိန်တိုင်း၌ အချိန်မီ လာရောက်ကြရမည်။ |
1,320,318 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (င) တရားရှုပွားချိန်တွင် လက်-ခြေချိုးခြင်း, ရယ် မောခြင်း, အသံမြည်အောင် ယပ်ခပ်ခြင်း, ဖျာကို ကြမ်းတမ်းစွာ ဆွဲယူခြင်း, ခြေကို ပြင်းပြင်းနင်းခြင်း, တံခါးကို အသံမြည် အောင် ဖွင့်ပိတ်ခြင်းစသည်တို့ကို မပြုလုပ် ရ။ |
1,320,319 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | မတတ်သာ၍ ချောင်းဟန့်ခြင်း, ချောင်းဆိုး ခြင်းစသည် ပြုရသည်ရှိသော် အသံတိုး နိုင်သ၍ တိုးစေရန် အဝတ်ဖြင့်ဖြစ်စေ အုပ်၍ ပြုလုပ်ရမည်။ |
1,320,320 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ညစဉ် မှန်မှန် မပျက်မကွက် သိမ်၌ တရား နာယူရမည်။ |
1,320,321 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) အချိန်ပို တရားရှုမှတ်သူများရှိတတ်၍ သိမ် ပေါ်၌ စကားပြောခြင်း၊ ဒေသနာပြောကြား ခြင်း လုံးဝ မပြုလုပ်ကြရပါ။ |
1,320,322 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) တရားထိုင်ချိန်မှ တစ်ပါးသော ဣရိယာပုထ် တို့၌လည်း တရားရှုမှတ်မှုကို သတိမလွတ် စေရန် အမြဲသတိထားကြရမည်။ |
1,320,323 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ကျောင်းစဉ်လှည့်လည်၍ဖြစ်စေ၊ စုဝေး၍ ဖြစ်စေ စကားမပြောမိစေရန် အထူး စောင့် စည်းကြရမည်။ |
1,320,324 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) တရားထိုင်နားသည့်အချိန်၌ စကားမပြောဘဲ စင်္ကြံလျှောက်၍သော်လည်းကောင်း၊ ရပ်၍သော်လည်းကောင်း၊ လျောင်း၍သော် လည်းကောင်း မိမိ ရှုပွားဆဲတရားကို တရစပ် ရှုပွားနေရမည်။ |
1,320,325 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) အကြောင်းအားလျော်စွာ စကားပြောရန် ရှိလျှင်လည်း တိုတိုနှင့် လိုရင်းကို တိုးတိုးသာ ပြောဆိုကြရမည်။ |
1,320,326 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) စကားပြောဆိုဆက်ဆံရာ၌ ဂါရဝ-နိဝါတ မင်္ဂလာဖြင့် ကြီးသူကို ငယ်သူက လက်အုပ် ချီလျက် ရိုသေလေးစားစွာ ပြောဆိုကြရမည်။ |
1,320,327 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) တာဝန်ရှိသူတို့က သတ်မှတ်ချထားပေးသော ကျောင်းနေရာ၌သာ သီတင်းသုံး နေ ထိုင်ကြရမည်။ |
1,320,328 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) သင်္ကန်း၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ထိုင်ခင်းစသော သံဃိကပစ္စည်းများကို ရိုသေစွာ သုံးစွဲကြ၍ ပြန်ကြွသောအခါ လျှော်ဖွပ် သန့်ရှင်းစေပြီးမှ သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံခဲ့ရမည်။ |
1,320,329 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ကတ္တီပါသဲကြိုး^ကတ္တီပါခင်းဖိနပ် စသော ဝိနည်းတော်နှင့် မအပ်စပ်သော ဖိနပ်များ စီးခြင်းမှ ရှောင်ကြဉ်ရမည်။ |
1,320,330 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ထီးများကို အလှပြုလုပ်ထားသော အရေး, ပန်းရစ်စသည်များကို ဖျက်ဆီး၍ ဆောင်းကြရမည်။ |
1,320,331 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) အမွှေးဆပ်ပြာနှင့် မွှေးသော အသုံးအဆောင်ပစ္စည်းများကို မသုံးဆောင်ရပါ။ |
1,320,332 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ကိုယ်နံ့နံသူသည်လည်းကောင်း, ကျင်ကြီး-ကျင်ငယ်ကုဋီများ၌လည်းကောင်း အနံ့အသက် ပျောက်စေရန် အမွှေးဆပ်ပြာ အသုံးပြုနိုင်ပါသည်။ |
1,320,333 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) မြို့ရွာထဲသွားရာ၌ သာမဏသာရုပ္ပဖြစ်အောင် ညီညီညာညာ ဣန္ဒြေရရ သင်္ကန်းရုံ၍ သွားကြရမည်။ |
1,320,334 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ဆွမ်းခံကြွရန် လိုအပ်ပါက ဂိလာနပုဂ္ဂိုလ်မှ အပ အားလုံး ဆွမ်းခံကြွကြရမည်။ |
1,320,335 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) ဆွေမျိုးမတော် ဖိတ်ကြားမထားသော ဒါယကာ ဒါယိကာမများထံ၌ ကပ္ပိယ-အကပ္ပိယ ဝတ္ထုပစ္စည်းများကို အလှူခံ (တောင်းယူ) ခြင်းမှ ရှောင်ကြဉ်ကြရမည်။ |
1,320,336 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) သစ်သီးပေးခြင်း, ပန်းပေးခြင်း, ဆေးကုခြင်း, ဗေဒင်ဟောခြင်း, ချဲပေးခြင်း အစရှိသော ကုလဒူသန အနေသနအမှုများကို လုံးဝ မပြုလုပ်ရ။ |
1,320,337 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) မကျန်းမမာဖြစ်ခဲ့သော် သက်ဆိုင်ရာသို့ အသိပေး လျှောက်ထားကြရမည်။ |
1,320,338 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဃ) သာသနာဝင်မှတ်တမ်း (သို့မဟုတ်) ရဟန်းဖြစ် ရက်ချုပ် ထောက်ခံစာတို့ကို တာဝန်ရှိသူများထံ တင်ပြနိုင်ကြရမည်။ |
1,320,339 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) အမျိုးသမီးယောဂီများဖြစ်စေ၊ အမျိုးသမီး ဧည့်သည်များဖြစ်စေ မိမိတို့ ကျောင်းပေါ်၌ ဧည့်ခံ၍ စကားမပြောရ။ |
1,320,340 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) ဧည့်ခံစကားပြောလိုပါက ဆိုင်ရာခွင့်ပန်၍ သတ်မှတ်ပေးသော နေရာ၌ သတ်မှတ်သည့် အချိန်အတွင်း လက်ခံစကားပြောနိုင် ပါသည်။ |
1,320,341 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) အမျိုးသမီးယောဂီများနေထိုင်ရာ ဇရပ် ကျောင်းဆောင်များသို့ အကြောင်းမရှိဘဲ မသွားရပါ။ |
1,320,342 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ခ) အကြောင်းရှိ၍ သွားပါက ဆိုင်ရာနာယက ၏ ခွင့်ပြုချက်ရယူ၍ သီတင်းသုံးဖော် တစ်ပါးပါး (သို့) ဒကာအဖော်ဖြင့် သွားကြ ရမည်။ |
1,320,343 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ဂ) သက်ဆိုင်ရာ နာယက၏ ခွင့်ပြုချက်မရဘဲ အမျိုးသမီးဆောင်သို့ သွား၍ စကားပြော ခြင်း၊ ချိန်းချက်၍ ပြောခြင်းများ တွေ့ရှိပါက တိုက်တာမှ ဖယ်ရှားပေးရပါမည်။ |
1,320,344 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အခါအားလျော်စွာ ထုတ်ပြန်သော စည်းကမ်း, ညွှန်ကြားချက်စသည်တို့ကိုလည်း လိုက်နာရပါမည်။ |
1,320,345 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ပြင်ဆင်ဖြည့်စွက် ၁၆.၆.၂၀၀၃) |
1,320,346 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နာယကဆရာတော်များ၊ ဖားအောက်တောရ |
1,320,347 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ယောဂီများအားလုံးနှင့် ဆိုင်သော အထွေထွေ စည်းကမ်းချက်များ |
1,320,348 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးနှင့် ဆရာသမားတို့ကို ရိုသေလေးစားရမည်။ |
1,320,349 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားကို အမှန်တကယ်လိုလားပြီး နေ့စဉ် သတ်မှတ်ထားသော တရားထိုင်ချိန် အကြိမ်ပြည့်အောင် အားထုတ်ရမည်။ |
1,320,350 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျန်းမာရေး ကောင်းရမည်။ |
1,320,351 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နေထိုင်မကောင်းပါက သာသနာနုဂ္ဂဟအဖွဲ့သို့ အဆောင်မှူးမှ တစ်ဆင့် အကြောင်းကြားပါ။ |
1,320,352 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကိုးပါးသီလကို လုံခြုံအောင် ရိုရိုသေသေ စောင့်ထိန်းပါ။ |
1,320,353 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် တရားလျှောက်ထားရမည်။ |
1,320,354 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားပြဆရာတော်များ နေ့စဉ် တရားစစ်ဆေး ရန် သတ်မှတ်ထားသော အချိန်များ၌သာ တရား လမ်းညွှန်မှုကို ရယူပါ။ |
1,320,355 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အခါခပ်သိမ်း ဆိတ်ငြိမ်မှုကို အထူး ထိန်းသိမ်းပါ။ |
1,320,356 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သိမ်အတွင်းနှင့် သိမ်ပတ်ဝန်းကျင်တို့တွင် စုပေါင်း ၍ စကားမပြောရ။ |
1,320,357 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားရှုပွားနေစဉ် ကျင်ကြီး-ကျင်ငယ်စသော အရေးပေါ်ကိစ္စမှအပ သိမ်^ဓမ္မာရုံ၌ ဝင်ထွက်ခြင်း မပြုရ။ |
1,320,358 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အသံသည် သမာဓိ၏ ကြီးစွာသော အနှောင့်အယှက်ဖြစ်သဖြင့် အခါခပ်သိမ်း ဆိတ်ငြိမ်မှုဖြင့် ယောဂီအချင်းချင်း စောင့်ရှောက်ကူညီကြပါ။ |
1,320,359 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားရှုပွားချိန်တွင် လက်-ခြေချိုးခြင်း, ရယ်မောခြင်း, အသံမြည်အောင် ယပ်ခပ်ခြင်း, ဖျာကို ကြမ်းတမ်းစွာ အသံမြည်အောင် ဆွဲယူခြင်း, ခြေကို ပြင်းပြင်းနင်းခြင်း, တံခါးကို အသံမြည်အောင် ဖွင့်ပိတ်ခြင်း စသည်တို့ကို မပြုလုပ်ရ။ |
1,320,360 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | မတတ်သာ၍ ချောင်းဟန့်ခြင်း, ချောင်းဆိုးခြင်း စသည် ပြုရသည်ရှိသော် အသံတိုးနိုင်သ၍ တိုးစေရန် အဝတ်ဖြင့်ဖြစ်စေ အုပ်၍ ပြုလုပ်ရမည်။ |
1,320,361 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အခါခပ်သိမ်း တရားရှုပွားမှုဖြင့် အများကြည်ညိုစဖွယ် သွားလာနေထိုင်ပါ။ |
1,320,362 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျောင်းဝင်းအတွင်း၌သာ စင်္ကြံလျှောက်ပါ။ |
1,320,363 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | စင်္ကြံ လျှောက်ရာ, ရပ်ရာ စသည်တို့၌ သင်ပေးထားသော တရားကို နှလုံးသွင်းပါ။ |
1,320,364 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားထိုင်ချိန် အပြည့်ထိုင်ပြီးမှ စင်္ကြံလျှောက်ပါ။ |
1,320,365 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရိုးရိုးယဉ်ယဉ် ဣန္ဒြေရရ ဝတ်စားဆင်ယင်ပါ။ |
1,320,366 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားရှုပွားရန် သိမ်သို့သွားသည့်အခါ ရှေ့နောက်စီတန်း၍ သွားပါ၊ သိမ်မှအပြန်တွင်လည်း ရှေ့နောက် စီတန်း၍ ပြန်ပါ။ |
1,320,367 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ယောဂီအချင်းချင်း တရားဆွေးနွေးရာဝယ် မကျွမ်းကျင်သူများ ဖြစ်ပါက မှားယွင်းတတ်သဖြင့် ဆရာသမားများနှင့်သာ အထူးသဖြင့် ဆွေးနွေးပါ။ |
1,320,368 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သူတစ်ပါး တရားရှုပွားမှုကို ဝေဖန်ခြင်း မပြု ပါနှင့်။ |
1,320,369 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျောင်းဝင်းနှင့် ရိပ်သာဝင်းပြင်ပရှိ စျေးဆိုင်များ သို့ သွားရောက် စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ |
1,320,370 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တရားထိုင်ချိန်နှင့် ဆွမ်းခံချိန်တွင် သံချောင်း^ တုံးခေါက်မှ ရေမချိုးရ။ |
1,320,371 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အချိန်မီ ရောက်ရမည်။ |
1,320,372 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ |
1,320,373 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အခုအချိန်အခါဟာ ပန်းချီကားတစ်ချပ်ကို ရေးဆွဲနေတဲ့ အချိန်ဖြစ် တယ်။ |
1,320,374 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဒီပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ? အင်မတန် ချောမောလှပနေတဲ့ ရုပ်ပုံသဏ္ဌာန်ကလေးတွေ တစ်ချိန်မှာ ပေါ်လာမယ်၊ မကျွမ်းမကျင်ဘဲနဲ့ ပန်းချီကားတစ်ချပ်ကို သွားပြီး တော့ မိုက်မိုက် ကန်းကန်းနဲ့ ရေးဆွဲမိခဲ့မယ်ဆိုရင် အင်မတန် အကျည်းတန် အရုပ်ဆိုးတဲ့ ပန်းချီကားတစ်ချပ် ပေါ်လာလိမ့်မယ်။ |
1,320,375 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သို့သော် ဉာဏ်ပညာမျက်စိ မရှိတဲ့ အန္ဓဗာလ ပုထုဇန် ငမိုက်သားက ရေးဆွဲလိုက်ခဲ့လို့ရှိရင် ကျွမ်းကျွမ်းကျင်ကျင်နှင့်ပဲဖြစ်ဖြစ်, မကျွမ်းမကျင်နှင့်ပဲ ဖြစ်ဖြစ်, လိမ်လိမ်မာမာနှင့်ပဲဖြစ်ဖြစ်, မိုက်မိုက်ကန်းကန်းနှင့်ပဲဖြစ်ဖြစ် သူရေး ဆွဲလို့ဖြစ်ပေါ်လာမဲ့ ပန်းချီကားတစ်ချပ်သည် ချောမောလှပတဲ့ ပန်းချီကားပဲ ဖြစ်ချင်ဖြစ်ပါစေ, အကျည်းတန် အရုပ... |
1,320,376 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီ ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင် လုပ်နိုင်တယ်၊ ဘာကြောင့်လဲ? - ဒီပုထုဇန်ငမိုက်သားရဲ့ ဘဝဟာ ခန္ဓာငါးပါး ဆိုတဲ့ ချည်တိုင်မှာ တဏှာတည်းဟူသော သံယောဇဉ်ကြိုးနှင့် ခိုင်ခိုင်ခံခံ အချည်နှောင်ခံနေရတဲ့ ဘဝသာဖြစ်တယ်။ |
1,320,377 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒိဋ္ဌိဆိုတဲ့ တောက်ကြီးကိုလည်း သူ့ရဲ့လည်ပင်းမှာ ဆွဲထားပြန်သေးတယ်။ |
1,320,378 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သူ့ရဲ့ဘဝဟာ ခန္ဓာငါးပါးဆိုတဲ့ ချည်တိုင်နားမှာ တဝဲလည်လည်နှင့် ငါပဲ-ငါ့ဟာပဲ-ငါ၏အတ္တပဲဆိုပြီး ကပ်ကပ် နေရတဲ့ ဘဝသာ ဖြစ်တယ်။ |
1,320,379 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါတွင်လားဆိုတော့ မကသေးဘူး။ |
1,320,380 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သူဟာ ရုပ်နာမ်တွေကို ပရမတ်ဆိုက်အောင်လည်း ထိုးထွင်းမသိသေးဖူး။ |
1,320,381 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | မသိတဲ့ အတွက် သူ့မှာ ပရမတ္ထဉာဏ်ပညာမျက်စိက မရှိလေတော့ သူက ဖြစ်အောင် လုပ်နိုင်လျှင် ဘာကိုသာ ဖြစ်အောင်လုပ်နိုင်မလဲ? ခန္ဓာငါးပါးကိုသာ သူက ဖြစ်အောင်လုပ်နိုင်မယ်။ |
1,320,382 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ခန္ဓာငါးပါးဖြစ်ရေးအတွက်သာ သူက ကံတွေကို ထူထောင်နိုင်မယ်။ |
1,320,383 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီခန္ဓာငါးပါးသည် ဘယ်လို သဘောရှိသလဲ? ဘုရားရှင် က ဒီအပိုင်းကျတော့ ဝိပဿနာပိုင်း လှည့်သွားပြီ၊ ဒီညလည်း ဝိပဿနာပိုင်း ကိုပဲ အတိုချုပ်ပြီး ပြောဖို့ ရည်ရွယ်ထား ပါတယ်။ |
1,320,384 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တေပရိဝဋ္ဋဓမ္မဒေသနာ |
1,320,385 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ |
1,320,386 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (သံ၊၂၊၁၂၄။ |
1,320,387 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ |
1,320,388 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တံ = ထို ငါဘုရားမေးမည့် မေးခွန်းကို။ |
1,320,389 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကိံ မညထ = အဘယ်သို့ အောက်မေ့ မှတ်ထင် ယူဆကြကုန်သနည်း။ |
1,320,390 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရူပံ = ရုပ်တရားသည်။ |
1,320,391 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နိစ္စံ ဝါ = နိစ္စလေလော။ |
1,320,392 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အနိစ္စံ ဝါ = အနိစ္စလေလော။ |
1,320,393 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဣတိ = ဤသို့ မေးတော်မူသည်ရှိသော်။ |
1,320,394 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘန္တေ = အရှင်ဘုရား ...။ |
1,320,395 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အနိစ္စံ = အနိစ္စဖြစ်ရိုး အမှန်ပါဘုရား။ |
1,320,396 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဣတိ = ဤသို့ ရွှေနားတော်ကြား အောင် လျှောက်ထားကြလေကုန်ပြီ။ |
1,320,397 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ချစ်သား ရဟန်းတို့ ...ကျွမ်းကျင်တဲ့ ပန်းချီဆေးရေးသမားတစ်ဦးက ပဲဖြစ်ဖြစ် မကျွမ်းကျင် မလိမ္မာတဲ့ ပန်းချီဆေးရေးသမားတစ်ဦးကပဲဖြစ်ဖြစ် ရေးဆွဲလိုက်တဲ့ ပန်းချီကားချပ်ကို ဓာတ်ခွဲကြည့်လိုက်တော့ ခန္ဓာငါးပါးပဲ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးပဲ၊ အဲဒီ ခန္ဓာငါးပါး သာရှိတဲ့အတွက် သင်ချစ်သားတို့ကို ငါဘုရား မေးခွန်းတစ်ခုမ... |
1,320,398 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီလို မေးတော့ ရဟန်းတွေက ဘယ်လိုဖြေသလဲ? အနိစ္စပါဘုရား - လို့ ဖြေတယ်၊ နောက်တစ်ခု --- |
1,320,399 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီ အနိစ္စမှန်နေတဲ့ ဒီရုပ်တရားသည် ဒုက္ခလား သုခလားလို့ ဒီလို မေးတော်မူလိုက်တယ်။ |
1,320,400 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီလိုမေးတော့ ဒုက္ခပါလို့ ဖြေတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.