id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,320,501
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်ကနေ ငါးထိလည်း ရေတွက်နိုင်တယ်။
1,320,502
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ငါးအောက် မလျော့စေနဲ့၊ တစ်ဆယ်ထက် လည်း မပိုစေနဲ့ ဒီလို သတ်မှတ်ချက် ရှိပါတယ်။
1,320,503
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရှစ်အထိကတော့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပူဇော်တဲ့အနေနှင့် ဆိုပြီး ဆရာသမားများက ဒီလို ညွှန်ကြားပေးတဲ့အတွက် ဘုန်းကြီးလည်း ဒီ ဌာနမှာ ရှစ်အထိပဲ သင်ပေးပါတယ်၊ ဘုရားဂုဏ်တော်ကိုးပါးကို ပူဇော်တဲ့ အနေနဲ့ ကိုးအထိ ရေတွက်လည်းရတယ်၊ ကိုယ်တော်အား ဆယ်ပါး, ဉာဏ် တော်အား ဆယ်ပါးနှင့် ပြည့်စုံတော်မူတဲ့ ဘုရားရှင်အား ပူဇော်တဲ့အနေတဲ့ တစ်ဆ...
1,320,504
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီတော့ တစ်ကနေ ရှစ်အထိ ရေတွက်ပြီဆိုကြစို့၊ အဲဒီ တစ်ကနေ ရှစ်အထိ စိတ်ကို ဘယ်မှ မထွက်အောင် လေ့ကျင့်ရတယ်၊ လေ့ကျင့်တဲ့အခါ နာရီဝက်လောက် သို့မဟုတ် တစ်နာရီလောက်အထိတော့ ငြိမ်အောင် လေ့ ကျင့်ရတယ်၊ အောင်မြင်မှုရပြီဆိုရင်တော့ အရှည် အတိုကို ကူးနိုင်တယ်။
1,320,505
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အရှည်ဆိုတာက အသက်ရှူနှေးတာ, အတိုဆိုတာက အသက်ရှူမြန်တာကို ဆိုလိုတယ်၊ နှေးလည်း နှေးတဲ့အတိုင်းသိ, မြန်လည်း မြန်တဲ့အတိုင်းသိ၊ နှေး အောင် မြန်အောင် ရှည်အောင် တိုအောင် သက်သက် မကြိုးစားပါနှင့်၊ အရှည်-အတိုလို့လည်း မမှတ်နှင့်၊ အနှေး-အမြန်လို့လည်း မမှတ်နှင့်၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဘယ်လိုသာမှတ်ရမလဲ? ဝင်လေ ထွက်လေ ဒါလောက်ပဲ မှတ်ပါ။
1,320,506
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ လေကလေးအပေါ်မှာ စိတ်ကလေး ငြိမ်အောင်ကပ်ထား၊ ရှည် လည်း ရှည်တဲ့အတိုင်းသိ၊ တိုလည်း တိုတဲ့အတိုင်းသိ၊ အဲဒီလို ရှုရတဲ့အပိုင်းမှာ အာနာပါနရဲ့ စည်းကမ်းတစ်ခုကတော့ ရှေ့ နောက် ဝဲ ယာ ခန္ဓာကိုယ်ကို နည်းနည်းလေးမှ မလှုပ်အောင် ထိန်းရမယ်ဆိုတဲ့အချက်ပဲ၊ ဣရိယာပုထ် မပြင်ကောင်းဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမဲ့ မခံနိုင်ရင်တော့ ပြင်ပါ၊ ဆင်း...
1,320,507
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါပေမဲ့လို့ မိမိက နာရီဝက်အဓိဋ္ဌာန်ပြီးတော့ ငြိမ်အောင်ရှုရမယ်လို့ အဓိဋ္ဌာန်ပြီးထိုင်ခဲ့ရင် နာရီဝက်တော့ မလှုပ်ရှားဘဲ ထိုင်နိုင်ရင် ပိုကောင်းတယ်၊ တစ်နာရီအဓိဋ္ဌာန်ရင်လည်း တစ်နာရီထိုင်နိုင်ရင်တော့ ပိုကောင်းတယ်၊ အဲဒီ တော့ ဒီအရှည် အတိုပေါ်မှာ စိတ်ကလေးငြိမ်အောင် ကပ်ထားလိုက်တဲ့အချိန် အခါမှာ ဒီအပိုင်းမှာ ထိုင်တိုင်း ထိုင်တိုင်း ...
1,320,508
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဆယ်ကြိမ်, တစ်ဆယ့်ငါးကြိမ်လောက်၊ နှစ်ရက်, သုံးရက်လောက် ဒီ အရှည်အတိုမှာ ရှုနေလို့မှ နိမိတ်က မပေါ်ရင်တော့ အစအဆုံးကျင့်စဉ်ကို ကူးကြည့်ပါ။
1,320,509
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝင်လေ-ထွက်လေက ရှည်ရင်လည်း ထိုလေရဲ့ အစ အဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့, ဝင်လေ-ထွက်လေက တိုရင်လည်း ထို လေရဲ့ အစအဆုံး အကုန်လုံးကို တောက်လျှောက်သိဖို့ ကြိုးစားပါ။
1,320,510
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အထဲ လည်း လိုက်မကြည့်ရဘူး၊ အပြင်လည်း လိုက်မကြည့်ရဘူး၊ ထိတဲ့နေရာက လေးမှာ စပြီး ထိတဲ့နေရာမှာ ဆုံးသွားတဲ့အထိ ထိတဲ့နေရာကလေးက စောင့် နေပြီး အစ အဆုံး တောက်လျှောက်သိအောင် ရှုရပါတယ်။
1,320,511
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို အစ အဆုံးကို တောက်လျှောက်သိအောင်ရှုတော့ - သဗ္ဗကာယ ပဋိသံဝေဒီ - လို့ ခေါ်ပါတယ်၊ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုတာပဲ။
1,320,512
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအပိုင်းမှာလည်း ဒါက အစ, ဒါက အလယ်, ဒါက အဆုံး - ဒီလို မမှတ်နဲ့၊ မှတ်ရင်တော့ ဉာဏ်က မလိုက်နိုင်တော့ မောလာတတ်တယ်၊ မမှတ် ဘဲ မနေနိုင်ရင် ဘယ်လိုသာမှတ်မလဲ? ဝင်လေ ထွက်လေ ဒီလောက်ပဲမှတ်ပါ၊ ဝင်သက်လေ ထွက်သက်လေလို့ မှတ်ချင်လည်း မှတ်ရတယ်၊ အဲဒီတော့ ဒီ လေအာရုံပေါ်မှာ စိတ်က ကပ်နေဖို့လိုတယ်၊ မမှတ်ဘဲ မနေတတ်သူကိုသာ မှတ်ခိုင်းတာပါ၊ မမှတ်ဘ...
1,320,513
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလေကလေးမှာ တောက်လျှောက် သိနေတော့ လေကလေးမှာ ဘာဝနာစိတ်က ငြိမ်သက်စွာ ကပ်ပြီးတည်လာပြီ ဆိုရင်တော့ အရှည်အတိုအပိုင်းမှာပဲဖြစ်ဖြစ်, အခု အစအဆုံးအပိုင်းမှာပဲ ဖြစ်ဖြစ် များသောအားဖြင့် အလင်းရောင်တွေ စပြီးပေါ်တတ်ပါတယ်၊ အဲဒီ အလင်းရောင်တွေကိုတော့ သွားပြီးမကြည့်ရဘူး။
1,320,514
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလင်းရောင်နှင့် နိမိတ်သည် တခြားစီဖြစ်တယ်၊ နိမိတ်ဆိုတာကတော့ အဲဒီ အာနာပါန လေကြောင်းလေးပဲ၊ များသောအားဖြင့် လေကြောင်းလို့ ပြောတာကတော့ အချောင်းစပေါ်တတ်လို့သာ ပြောတာပါ၊ ယောဂီပုဂ္ဂိုလ် တို့ရဲ့ နိမိတ်မပေါ်မီမှာ ဖြစ်ပေါ်နေတဲ့ အမှတ်သညာကို ဘာဝနာသညာလို့ ခေါ်တယ်။
1,320,515
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ထိုဘာဝနာသညာကွဲပြားမှုကို အခြေခံပြီးတော့ နိမိတ်တွေက ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်၊ ဒါကြောင့် ဒီအပိုင်းမှာ ယောဂီတို့ကို စိတ် မကစားဖို့ကိုတော့ သတိပေးထားရပါတယ်၊ လေပေါ်မှာ စိတ်ငြိမ်အောင်ကပ် ပါလို့သာ ဒီလောက်ပဲ သတိပေးရတယ်။
1,320,516
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို သတိပေးလိုက်တဲ့ အချိန် အခါမှာ လင်းရောင်ခြည်တွေက သိပ်အားကောင်းလာတော့ မျက်လုံးက ဒီလင်းရောင်ခြည်ရဲ့ ဒဏ်ကို မခံနိုင်တဲ့အတွက် မျက်ရည်တွေ ကျတတ်ပါ တယ်၊ အောင့်အီးသည်းခံပြီးတော့ မျက်လုံးဘက်ကို အာရုံ မရောက်စေဘဲ လေပေါ်မှာသာ စိတ်ကလေးက ငြိမ်အောင်ကပ်နေပါ။
1,320,517
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို လေပေါ်မှာ စိတ်ကလေးက ငြိမ်အောင် ကပ်ထားလိုက်ပြီဆိုလို့ရှိရင် တဖြည်းဖြည်း ဒီလင်း ရောင်ခြည်စွမ်းအင် အကူအညီနှင့် ဒီလေကြောင်းကလေးကို စတွေ့တတ်ပါ တယ်၊ အများအားဖြင့်တော့ မီးခိုးရောင်ကို စတွေ့တတ်ပါတယ်။
1,320,518
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီကနေ သမာဓိက ငြိမ်သထက် ငြိမ်လာပြီဆိုလို့ရှိရင် ဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူကို တွေ့တတ်ပါတယ်။
1,320,519
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီဝါဂွမ်းဆိုင်လို ဖြူနေတဲ့ အဖြူ ကလည်း အချို့လည်း အချောင်း, အချို့ကလည်း အဝိုင်း - စသည်ဖြင့် ပုံ သဏ္ဌာန်အမျိုးမျိုး ရှိတတ်ပါတယ်။
1,320,520
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ဖြူနေတဲ့အဖြူချောင်းကို တွေ့ပြီ ဆိုရင် တစ်ခါတစ်ရံ ယောဂီက အဲဒီ အဖြူချောင်းပေါ်မှာ တစ်ခါတစ်လေ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ တည်နေအောင် ကြိုးစားရင် ကြိုးစားလို့ ရပါတယ်၊ ဒါပေမဲ့ စပေါ်စမှာ သူက မခိုင်ဘူး၊ အများစုမှာ မခိုင်တဲ့အတွက် ပေါ်လိုက် ပျောက်လိုက် ပေါ်လိုက် ပျောက်လိုက် ဖြစ်တတ်ပါတယ်။
1,320,521
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအခါမှာ ဒီနိမိတ်ချောင်းပေါ်မှာ ဘာဝနာစိတ်ကို မကပ်ဘဲ မူလရှုမြဲ ဖြစ်တဲ့ ဝင်သက်လေ ထွက်သက်လေ အာရုံပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ် ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားရတယ်၊ အဲဒီလို ကြိုးစားရင်းကနေပြီး တော့ ဒီနိမိတ်ပေါ်လာလို့ နိမိတ်ပေါ်မှာ ဘာဝနာစိတ်က ကပ်နေပြီဆိုရင် လည်း မခွာချနဲ့၊ ကပ်မြဲသာ ကပ်ထားလိုက်တော့၊ အဲဒီ ဘာဝနာစိတ်က ဒီ နိမ...
1,320,522
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကယ်၍ ဒီနိမိတ်ချောင်းက မခိုင်သေးဘူးဆိုရင်တော့ ပကတိ ဝင်လေ ထွက်လေကိုသာ ရှုနေပါ၊ ရှုနေရာကနေ နိမိတ်က ခိုင်ပြီး နာရီဝက်လောက် တစ်နာရီလောက် မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနိမိတ်မှာ ပြောင်းကပ်ပါ၊ ထိုနိမိတ်သည် ဝေးနေခဲ့ရင်တော့ အကပ်မခံဘူး၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ ပေါ်မှ များသောအားဖြင့် အကပ်ခံတယ်။
1,320,523
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပေါ်တဲ့ အချိန်အခါမှာလည်း နိမိတ်ချောင်းက သိပ်ရှည်နေရင်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်လိုက်မကပ်နဲ့၊ နှာသီးဖျားနှင့် အနီးကပ်ဆုံး နေရာမှာ တည်ရှိနေတဲ့ နိမိတ်ပေါ်မှာသာ စိတ်ကလေးကို ကပ်သာထားလိုက်။
1,320,524
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ကပ်ထားလိုက်လို့ ဘာဝနာစိတ်က ဒီအာနာပါနနိမိတ်အာရုံမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ပြီး ကပ်လာပြီဆိုရင်တော့ တဖြည်းဖြည်း ဒီနိမိတ်သည် ဖြူရာကနေ ကြည်ပြီး တောက်လာတတ်ပါတယ်။
1,320,525
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဖြူနေတဲ့နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်၊ ကြည်ပြီး အရောင် ထွက်လာတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ ခေါ်ပါတယ်၊ အဲဒီ ပဋိဘာဂ နိမိတ်ဆိုတဲ့ အာရုံမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ထိုင်တိုင်း ထိုင်တိုင်း ရအောင် လေ့ကျင့်ရတယ်၊ ထို အချိန်အခါမှာ သွားရင်လည်းရှု, ရပ်လည်းရှု, ထိုင်လည်း...
1,320,526
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပထမစျာန်သမာဓိ
1,320,527
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို လေ့ကျင့်လိုက်တဲ့အချိန်အခါမှာ သမာဓိက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီး တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ, တစ်မိနစ်အဓိဋ္ဌာန်ရင် တစ်မိနစ် ရပြီ၊ နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ရပြီ၊ အဓိဋ္ဌာန်တဲ့အတိုင်း အောင်မြင်မှု ရှိနေပြီဆိုရင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင် ခြင်လို့ရပြီ။
1,320,528
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အားထုတ်စပုဂ္ဂိုလ်သည် စျာန်အင်္ဂါ ဆင်ခြင်မှု နည်းပါစေ၊ ဝင်စားမှု များပါစေလို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက (ဝိသုဒ္ဓိ၊၁၊၁၄၈။
1,320,529
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) သတ် မှတ်ပေးထားတယ်။
1,320,530
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အားထုတ်စပုဂ္ဂိုလ် အခုလို နိမိတ်ရစပုဂ္ဂိုလ်က နိမိတ် အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တစ်နာရီ, နှစ်နာရီ စသည်ဖြင့် တည်နေအောင် လေ့ကျင့်ပေးရတယ်၊ အဲဒီလို လေ့ကျင့်တဲ့လုပ်ငန်းကို စိုက် စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟုခေါ်သတတ် - ဒီလို လယ်တီဆရာတော်ဘုရားက မိန့်ဆိုထားတယ်၊ အာရမ္မဏူပနိဇ္ဈာနစျာန်လို့ ခေါ်ပါတယ်။
1,320,531
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက် စိုက် စူးစူးနှင့် မြဲမြဲမြံမြံ တည်တံ့နေအောင် စိတ်ကလေးကို တည်ပြီးကပ်နေ အောင် ရှုနေတဲ့လုပ်ငန်းဖြစ်လို့ ဒါကို စျာန်လို့ ခေါ်တယ်။
1,320,532
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မြေလျှိုး မိုးပျံနေတာကို စျာန်လို့ခေါ်တာ မဟုတ်ဘူး၊ မြေလျှိုး မိုးပျံတဲ့ လုပ်ငန်းကတော့ အဘိညာဏ်နှင့် ဆိုင်တယ်၊ အဲဒါက အဘိညာဏ်ပိုင်း။
1,320,533
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အခုပြောနေတာက စျာန်ပိုင်းပဲ၊ အဲဒီတော့ စျာန်ဝင်စားမှုများရမယ်၊ စျာန် အင်္ဂါကို ဆင်ခြင်တာ နည်းရမယ်။
1,320,534
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံ မှာ အနည်းဆုံး လေး ငါး ဆယ်ထိုင်လောက် ဘာဝနာစိတ်က အဓိဋ္ဌာန်တဲ့ အတိုင်း တစ်နာရီအဓိဋ္ဌာန်ရင် တစ်နာရီ, နှစ်နာရီအဓိဋ္ဌာန်ရင် နှစ်နာရီ ငြိမ် ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုရင်တော့ ထိုပုဂ္ဂိုလ်ဟာ စျာန်အင်္ဂါကို ဆင်ခြင် နိုင်တယ်။
1,320,535
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သို့သော် မှတ်ကျောက်တစ်ခုကတော့ အဲဒီ အာနာပါနပဋိဘာဂ နိမိတ်မှာ တစ်နာရီ အဓိဋ္ဌာန်ပြီး တစ်နာရီထိုင်လိုက်လို့ တစ်နာရီလုံး စိတ်က ကပ်နေတယ်ဆိုရင် အဲဒီအချိန်မှာ မိမိက ဘေးအသံတွေကို ကြား-မကြား နည်းနည်း အကဲခတ်ကြည့်ပါ။
1,320,536
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကြားနေသေးတယ်ဆိုရင်တော့ ဒီစျာန်သည် ဆက်တိုက် မရသေးဘူး၊ ကြိုးကြား ကြိုးကြား စျာန်က လျှောလျှောနေတဲ့သဘော ရှိတယ်၊ ဆက်တိုက် ရပြီ၊ ဘာသံမှလည်း မကြားတော့ဘူး၊ အလွန် ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးနှင့် မိမိရဲ့ဘာဝနာစိတ် ဒီနှစ်ခုပဲရှိတော့တယ် လို့လည်း သိနေပြီ၊ ဘာဝနာစိတ်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ မှာပဲ ငြိမ်ဝပ်စွာ ကပ်ပ...
1,320,537
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီစျာန်အင်္ဂါတွေက ဘယ်မှာဖြစ်သလဲလို့မေးတော့ ရှုနေတဲ့ယောဂီပုဂ္ဂိုလ် ရဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပါ တယ်၊ ဒီလို ဖြစ်ပေါ်သွားတဲ့အတွက် ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင်ခြင် တယ်ဆိုလို့ရှိရင် ဟဒယဝတ္ထုရုပ် ရှိရာဘက်ကို ခဏခေတ္တ လှမ်းအာရုံစိုက် ရတယ်၊ ဥပမာ --- တစ်နာရီလောက် အာနာပါန ပဋိဘာဂန...
1,320,538
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘဝင်ဆိုတာကတော့ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော က ယူထားတဲ့ အာရုံကိုသာ လှမ်းသိတယ်၊ ပစ္စုပ္ပန် ယခုလက်ရှိရှုနေတဲ့အာရုံ ဆိုရင်တော့ ဘာအာရုံမျှကို မသိဘူး၊ အခု အာနာပါနပဋိဘာဂနိမိတ်ကို ရှု တယ်၊ အဲဒီနိမိတ်ကိုလည်း မသိတော့ဘူး၊ ပစ္စုပ္ပန်အာရုံဆိုလျှင် ဘယ်အာရုံကိုမှ ဘာမှ မသိတော့ဘူး၊ အဲဒီ ဘာမှမသိတဲ့ ဒီစိတ်က အတိတ်မရဏာသန္နဇောရဲ့ အာရုံကို...
1,320,539
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘယ်ကမ္မဋ္ဌာန်းနှင့်ပဲ ရှုရှုပေါ့လေ၊ များသောအားဖြင့် သမာဓိအတော်အသင့် ဖြစ်လာရင်တော့ နည်းနည်း ဒီ ဘဝင်ကျမှုကလေးတွေတော့ ဖြစ်တတ်ပါတယ်။
1,320,540
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ဘဝင်ကျနေတာကိုပဲ မဂ်ဆိုက်ပြီ ဖိုလ်ဆိုက်ပြီလို့ ယူဆရင်တော့ လမ်းဆုံးသွားပြီ၊ သာသနာနှင့် တွေ့တာ ဘဝတစ်ခု ရှုံးသွားတာပဲ၊ မဂ် ဖိုလ် နိဗ္ဗာန်နှင့် အဝေးကြီး ရှိသေး တယ်၊ ရုပ်နာမ်တောင် မသိသေးတဲ့အဆင့်ပဲ ဖြစ်ပါသေးတယ်။
1,320,541
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီတော့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေပြီဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ် က ဘာလုပ်ရမလဲ? - ဟဒယဝတ္ထုရှိရာဘက်ကို မိမိအဓိဋ္ဌာန်ထားတဲ့ တစ် နာရီပြည့်တဲ့ အချိန်အခါလောက် ဆိုကြစို့၊ အဲဒီအချိန်လောက်မှာ လှမ်းပြီး ကြည့်ရတယ်၊ အဲဒီလို လှမ်းပြီးကြည့်လိုက်ရင် အိမ်ရှင် ဘဝင်မနေ...
1,320,542
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီဘဝင်မနောအကြည်ဓာတ်မှာ အလွန်ကြည်လင်တောက်ပနေတဲ့ အာနာ ပါနပဋိဘာဂနိမိတ်အာရုံက ရှေ့ရှုကျရောက်နေတဲ့အခါ ထင်နေတဲ့အခါမှာ အဲဒီဒွါရနှင့် အာရုံကို ပူးတွဲသိမ်းဆည်းပြီး စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့် လိုက်လို့ရှိရင် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါ ငါးပါးကို ထင်ထင်ရှားရှား တွေ့လိမ့်မယ်။
1,320,543
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘဝင်စိတ်ဆိုတာဘာလဲ?
1,320,544
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘဝင် = ဘဝင်္ဂ = ဘဝ + ဘင်္ဂ = ဘဝမှာ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝရဲ့ အကြောင်းတရားအဖြစ်နှင့် ဖြစ်ပေါ်နေတဲ့ ဝိပါက်စိတ်တစ်မျိုး ဖြစ်ပါ တယ်၊ ပဋိသန္ဓေစိတ်နှင့် မျိုးတူစိတ် ဖြစ်ပါတယ်။
1,320,545
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဘဝင်စိတ်ဟာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း တရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။
1,320,546
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လူသားတွေ အတွက် ကွက်ပြောမယ်ဆိုလျှင် အတိတ်သင်္ခါရ-ကံတွေဟာ ကုသိုလ်သင်္ခါရ-ကံတွေသာ ဖြစ်ကြပါတယ်။
1,320,547
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ်, နောက်ဆုံး ဖြစ်တဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ်လို့ ခေါ်ပါတယ်။
1,320,548
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပဋိသန္ဓေနှင့် စုတိ အကြား ဘဝတစ်လျှောက်မှာ ဝီထိစိတ် မဖြစ်လျှင် ဒီဘဝင်စိတ်တွေက ဖြစ် နေကြပါတယ်။
1,320,549
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အချို့သောပဋိသန္ဓေနှင့် အချို့သောပဋိသန္ဓေနှင့်ကပ်နေတဲ့ ဘဝင်ကလွဲလျှင် [အကယ်၍ မရဏာသန္နဇောရဲ့အာရုံက ရုပ်တရားဖြစ်နေ လို့ရှိလျှင် မရဏာသန္နဇောရဲ့ နောင်မှာလည်း စုတိစိတ် ကျခဲ့မယ်ဆိုလျှင် ပဋိသန္ဓေအာရုံ, ယင်းပဋိသန္ဓေနှင့်ကပ်နေတဲ့ အချို့သောဘဝင်အာရုံတွေဟာ ယင်းသက်တမ်းမကုန်ဆုံးသေးတဲ့, မရဏာသန္နဇောရဲ့အာရုံဖြစ်တဲ့ ရုပ်ကိုပဲ ဆက်လက်ပြီး အ...
1,320,550
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုရုပ်အာရုံမျိုးဖြစ်လျှင်တော့ ပဋိသန္ဓေ နှင့် ယင်းဘဝင်အချို့တို့ရဲ့အာရုံကို ပစ္စုပ္ပန်လို့ပဲ ပြောရပါတယ်။
1,320,551
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
] ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့က ယေဘုယျအားဖြင့် အတိတ်ဘဝက သေခါနီးကာလမှာ မရဏာသန္နဇောက ယူထားခဲ့တဲ့ အာရုံကိုပဲ သိပါတယ်၊ အာရုံပြုနေပါတယ်။
1,320,552
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဥပမာ အတိတ်ဘဝ သေခါနီးကာလမှာ မရဏာသန္နဇောက ဝိပဿနာ ကုသိုလ်ဇောဖြစ်လို့ အထက်ကပြောခဲ့တဲ့ သောတာနုဂတသုတ္တန်မှာ လာရှိတဲ့ အတိုင်း သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို အာရုံပြုနေတယ် ဆိုကြစို့၊ ယခု လက်ရှိဘဝ ပဋိသန္ဓေ ဘဝင် စုတိတို့ကလည်း အဲဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ အာရုံပြုပါတယ်၊ သိနေပါတယ်၊ ပစ္စုပ္ပန်အာရုံဟူသမျှကိုတော့ မသိပါ...
1,320,553
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဘဝင်ကိုပဲ မနောဒွါရလို့ သုတ္တန်နည်းအရ ခေါ်ဆိုပါတယ်။
1,320,554
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဘဝင်ကို ခုလို စျာန်အင်္ဂါတွေကို သိမ်းဆည်းတော့မည့် ယောဂီက လှမ်းပြီး အာရုံယူ လိုက်တဲ့အခါ သိမ်းဆည်းလိုက်တဲ့အခါ ဘယ်လိုတွေ့တတ်သလဲ? ဒီအပိုင်း ကိုတော့ ရှင်းပြဖို့ လိုပါလိမ့်မယ်။
1,320,555
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဘဝင်ကို အင်္ဂုတ္တိုရ်ပါဠိတော်မှာ (အံ၊၁၊၉။
1,320,556
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဘုရားရှင်က --
1,320,557
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို ဟောကြားထားတော်မူပါတယ်။
1,320,558
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဋ္ဌကထာကလည်း --
1,320,559
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဖွင့်ဆိုချက်အရ အထက်ပါ ပါဠိတော်မှာ လာရှိတဲ့ စိတ္တ (= စိတ်)အရ ဘဝင်စိတ်ကို ရည်ညွှန်းကာ ဘုရားရှင် ဟောကြား တော်မူတယ်လို့ သိရပါတယ်။
1,320,560
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီဘဝင်စိတ်က ဘယ်လို သဘောရှိသလဲ? ပဘဿရံ = ပြိုးပြိုးပြက် တလက်လက် တောက်ပတယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။
1,320,561
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဆိုလျှင် စိတ်မှာ အရောင်ရှိပါသလားလို့တော့ မေးစရာ ရှိတယ်။
1,320,562
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အရောင်တော့ မရှိပါဘူး။
1,320,563
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) သို့သော် စိတ်သည် တစ်နည်းပြောလျှင် ဘဝင်စိတ်အဝင်အပါဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်နေတဲ့ စိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။
1,320,564
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေကို ဓာတ်ခွဲ ကြည့်လိုက်လျှင် ကလာပ်တစ်ခုတစ်ခုမှာ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဆိုပြီး သဘောတရား (၈)မျိုးစီ ရှိတတ်ပါတယ်။
1,320,565
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စိတ် တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိတယ်။
1,320,566
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အထူးသဖြင့် ခုပြောနေတဲ့ သမထဘာဝနာစိတ်တို့လို အဆင့်အတန်း မြင့်နေတဲ့ စိတ်မျိုးတွေ, နောက်ပြောမည့် ဝိပဿနာစိတ်မျိုးတွေဟာ စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။
1,320,567
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အထူးသဖြင့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့လို အဆင့်အတန်း မြင့်မား နေတဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်သွားကြတဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာ ဘာသုရရူပ = အလွန်တောက်ပတဲ့သဘော ရှိပါ တယ်၊ (မဟာဋီ၊၂၊၄၂၈-၄၂၉။
1,320,568
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ပိုတောက်ပတဲ့သဘော ရှိပါတယ်။
1,320,569
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ ဘဝင်စိတ်ကလည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေ နိုင်တော့ ဒီဘဝင်စိတ်ကြောင့် ဖြစ်ပေါ်တဲ့ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဟာလည်း တောက်ပတဲ့သဘော ရှိတတ်ပါတယ်၊ ဘဝင် စိတ်နှင့် ယှဉ်တွဲနေတဲ့ဉာဏ်က ထက်လျှင်ထက်သလို နုံ့လျှင်လည်းနုံ့သလို တောက်ပတဲ့သဘောတော့ ရှိပါတယ်။
1,320,570
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီနေရာမှာ ဘဝင်စိတ်ကို ဖြစ်စေတတ်တဲ့အကြောင်းရင်းကံနှင့် ယှဉ်တွဲ နေတဲ့ဉာဏ်က ထက်လျှင်ထက်သလို ဘဝင်စိတ်နှင့်ယှဉ်တွဲနေတဲ့ ဉာဏ်က လည်း ထက်မြက်တတ်ပါတယ်။
1,320,571
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သောတာနုဂတသုတ္တန်မှာလာတဲ့အတိုင်း အကြောင်းရင်းကံက ဝိပဿနာကံဖြစ်လို့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို သိနေတဲ့ ကံမျိုးဖြစ်နေလျှင် ဘဝင်စိတ်ကလည်း ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စ အချက်ကိုပဲ သိနေပါတယ်။
1,320,572
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဉာဏ်မျိုးတွေကိုတော့ ထက်မြက်တဲ့ ဉာဏ် တွေလို့ ဆိုရပါတယ်။
1,320,573
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို ဘဝင်စိတ်တစ်ခုတစ်ခုဟာ စိတ္တဇရုပ်ကလာပ် ပေါင်းစွာကို ဖြစ်စေနိုင်တဲ့အတွက် ကလာပ်တစ်ခုမှာတည်ရှိတဲ့ ရူပါရုံအရောင် အဆင်းနှင့် အခြားကလာပ်တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်အဆင်းတို့ဟာ အလွန်နီးကပ်စွာ ပွတ်ချုပ်ထိခိုက်ပြီးဖြစ်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဒီဘဝင်စိတ် ရှိရာ ဟဒယဝတ္ထုဘက်ကို လှမ်းကြည့်လိုက်လျှင် အဲဒီရူပါရုံတို့ရဲ့ အပေါင်း ...
1,320,574
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီရူပါရုံအပေါင်းအစုတွေက ကြည်လင်နေတဲ့သဘော ရှိပါတယ်။
1,320,575
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီကြည်လင်နေတဲ့သဘောကိုပဲ ဘဝင် မနောအကြည်လို့ တင်စားကာ (အကျိုးရဲ့အမည်ကို အကြောင်း၌ တင်စား ကာ) ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပါတယ်။
1,320,576
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ယောဂီပုဂ္ဂိုလ်က အဲဒီ ဘဝင်မနော အကြည်ဓာတ်ကိုတော့ ပထမ သိမ်းဆည်းတတ်ဖို့ လိုပါတယ်။
1,320,577
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတဲ့အခါမှာ ခဏခဏ လှမ်းပြီးတော့ နှလုံးအိမ်ဘက်ကိုတော့ မကြည့်ပါနဲ့။
1,320,578
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အနည်းဆုံး အာနာပါန ပဋိဘာဂနိမိတ်အာရုံမှာ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက် ဘာဝနာစိတ်က ငြိမ်ကပ်စွာကပ်ပြီး တည်နေပြီးမှ ဟဒယဝတ္ထုရှိရာ နှလုံးအိမ်ဘက်သို့ စက္ကန့် ပိုင်းလောက်သာ စိုက်ကြည့်ပါ။
1,320,579
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကယ်၍ မတွေ့ပါက ကြာကြာ မကြည့်ဘဲ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပဲ ထပ်ပြီးရှုပါ၊ သမာဓိကို ပြန်လည်ထူထောင်ပါ။
1,320,580
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အာနာပါနပဋိဘာဂ နိမိတ်အာရုံမှာ ဘာဝနာစိတ်က နစ်မြုပ်သွားပြီး အနည်းဆုံး (၁၀)မိနစ် (၁၅)မိနစ်လောက် ထပ်ပြီး နစ်မြုပ်သွားပြီးဆိုပါမှ တစ်ဖန် ပြန်ကြည့်ပါ။
1,320,581
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီနည်းအတိုင်း လေ့ကျင့်ပါက ကြည်လင်တောက်ပနေတဲ့ ဘဝင်မနော အကြည်ဓာတ်ကို ဉာဏ်နှင့် တွေ့မြင်နိုင်ပါတယ်။
1,320,582
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်တဲ့အခါ အာနာပါန ပဋိဘာဂနိမိတ်ကိုပဲ ပြန်အာရုံယူကာ ပထမစျာန်ကို ထပ်ပြီးတော့ ဝင်စားပါ၊ စျာန်မှထတဲ့အခါ ဘဝင်မနောအကြည်ဓာတ်ကို ထပ်ပြီး သိမ်းဆည်းကြည့်ပါ။
1,320,583
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုသိမ်းဆည်းလိုက်တဲ့အခါ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မှန်ထဲမှာ မိမိ ရှုပွားနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရှေးရှူကျရောက်နေတာ ထင်နေတာကို တွေ့ပြီဆိုလျှင် စျာန်အင်္ဂါတွေကို သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။
1,320,584
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဆိုပြီး ပထမစျာန်မှာ စျာန်အင်္ဂါ ငါးပါး ရှိပါတယ်။
1,320,585
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိတက်ဆိုတာက ကြည်လင်နေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ် သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
1,320,586
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော၊
1,320,587
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပီတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်နေခြင်းသဘော၊
1,320,588
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊
1,320,589
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံတစ်ခုတည်းပေါ်သို့ စိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော -----
1,320,590
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပေါင်းလိုက်တော့ --- သဘောတရား ငါးခု၊ သဘောတရားငါးခုတို့ရဲ့ အပေါင်းကိုတော့ စျာန်လို့ခေါ်တယ်၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ တစ်လုံးစီ တစ်လုံးစီကိုတော့ စျာန်အင်္ဂါလို့ ခေါ်တယ်။
1,320,591
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လှည်းတစ်ခု ဆိုကြစို့၊ ဝင်ရိုးတို့ လှည်းဘီးတို့ ထမ်းပိုးတို့ စသည်ဖြင့် အားလုံးပေါင်းစုထားတဲ့ အပေါင်းအစုကိုတော့ လှည်းလို့ခေါ်တယ်၊ တစ်ခုစီ တစ်ခုစီဖြုတ်ထားလိုက်တော့ ဒါက ဝင်ရိုး, ဒါက လှည်းဘီး, ဒါက ထမ်းပိုး, စသည်ဖြင့် တစ်ခုစီ ခွဲခြားပြီးတော့ ခေါ်ရတယ်၊ အဲဒီပုံစံအတိုင်းပဲ ဒီစျာန် အင်္ဂါငါးခုတို့ရဲ့ အပေါင်းကို စျာန်လို့ခေါ်တယ်၊...
1,320,592
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ စျာန်အင်္ဂါငါးပါးက ဘုန်းကြီးပြောတော့ မပြောချင်ပါဘူး၊ ဒါပေမဲ့ လည်း တရားပွဲကို လာရောက်မနာနိုင်လို့ တကယ်လက်တွေ့လည်း ဒီဌာနမှာ လာရောက်ပြီး အားမထုတ်နိုင်လို့ တရားခွေကလေးကိုပဲ နာပြီး အားထုတ်ရ မည့် အဝေးက တရားနာတဲ့ပုဂ္ဂိုလ်တွေအတွက် ငဲ့ညှာပြီးတော့ နည်းနည်း တော့ ပြောရမှာပေါ့။
1,320,593
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စျာန်အင်္ဂါငါးပါးက ဆင်ခြင်စမှာ များသောအားဖြင့် ယောဂီပုဂ္ဂိုလ်တို့ရဲ့ ဉာဏ်မှာ တစ်လုံးစီ ပေါ်တတ်ပါတယ်၊ ယောဂီက ထပ်ကာ ထပ်ကာ လေ့ကျင့် ဖန်များလာလို့ရှိရင် ထပ်ကာ ထပ်ကာ လေ့ကျင့်ရင်တော့ ဉာဏ်ထဲမှာ ပြိုင်တူ ပေါ်ပါတယ်၊ အကယ်၍ ဒီစျာန်အင်္ဂါတွေက ဉာဏ်ထဲမှာ မထင်မရှား ဖြစ် နေသေးရင်တော့ မိမိရှုမြဲဖြစ်တဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံမှာပဲ စိတ...
1,320,594
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စျာန်ဝင်စားမှုအချိန် တစ်နာရီ ကျော်မှ လေ့ကျင့်ပါ၊ အဲဒီလို လေ့ကျင့်ဖန်များလာရင် ဒီစျာန်အင်္ဂါတွေကို ပြိုင်တူ ပေါ်တာ တွေ့နိုင်ပြီ၊ တွေ့လိုက်တဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီပထမစျာန်သမာဓိကို ခိုင်ခံ့အောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ ကျင့်ရပါတယ်၊ စျာန်အင်္ဂါကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့်ရ တယ်၊ ဒီစျာန်ကို ...
1,320,595
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီစျာန်အင်္ဂါကို ဆင်ခြင်တဲ့အပိုင်းမှာ မနောဒွါရာဝဇ္ဇန်းနှင့် ဆင်ခြင် တဲ့အပိုင်း, ဇောနှင့် ဆင်ခြင်တဲ့အပိုင်းဆိုတာ နှစ်ကဏ္ဍရှိတယ်။
1,320,596
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နှစ်ကဏ္ဍရှိတဲ့ အနက်က မနောဒွါရာဝဇ္ဇန်းနှင့် ဆင်ခြင်တာပဲဖြစ်ဖြစ်, ဇောနှင့် ဆင်ခြင်တာပဲ ဖြစ်ဖြစ် အားလုံးအတူတူပဲ၊ အာဝဇ္ဇနဝသီနှင့် ပစ္စဝေက္ခဏာဝသီဆိုပြီးတော့ ဒီလိုနှစ်ခု ခွဲထားတယ်၊ မနောဒွါရာဝဇ္ဇန်းစိတ်နှင့် စျာန်အင်္ဂါကို ဆင်ခြင်တာ ကို အာဝဇ္ဇနဝသီ၊ ပစ္စဝေက္ခဏာဇောစိတ်နှင့် စျာန်အင်္ဂါကို ဆင်ခြင်တာကို ပစ္စဝေက္ခဏာဝသီလို့ ဒီလိုနှ...
1,320,597
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပေါင်းလိုက်တော့ ဝသီဘော်ငါးတန်ပဲ၊ အဲဒီဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့်ပေး ရပါတယ်။
1,320,598
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒုတိယစျာန်သမာဓိ
1,320,599
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လေ့ကျင့်လို့ ကျေနပ်ပြီဆိုရင်တော့ ဒုတိယစျာန်ကို ကူးနိုင်တယ်၊ ပဉ္စက နည်းအရ ဉာဏ်နုံ့တဲ့ပုဂ္ဂိုလ်များကတော့ ဝိတက်နှင့် ဝိစာရ နှစ်ခုကို တစ်လုံးစီ ဖြုတ်ရတယ်၊ ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်များ ဖြစ်ခဲ့ရင်တော့ ဝိတက်နှင့် ဝိစာရကို ပြိုင်တူဖြုတ်လို့ရတယ်။
1,320,600
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီတော့ ဘယ်လိုဖြုတ်မလဲမေးတော့ ဖြုတ်ပုံနည်း စနစ်တော့ ရှိပါတယ်၊ ဒီဝသီဘော်ငါးတန် နိုင်နင်းအောင် ပထမစျာန်ကို လေ့ ကျင့်ပြီးတဲ့ သူတော်ကောင်းက ဒီပထမစျာန်သည် နီဝရဏရန်သူနှင့် နီးကပ် တယ်လို့ ပထမ ဆင်ခြင်ပါ။