id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,320,701 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | မ၊ဋ္ဌ၊၁၊၃၅၇။ |
1,320,702 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီအဋ္ဌကထာများက ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၃)မှာ လာ ရှိတဲ့ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းများကို ရည်ညွှန်းကာ ဖွင့်ဆိုတော် မူကြခြင်း ဖြစ်ကြတယ်။ |
1,320,703 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအပိုင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၆၇။ |
1,320,704 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) -- ပစ္စယတော ဥဒယဗ္ဗယ |
1,320,705 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ခဏတော ဥဒယဗ္ဗယ -- |
1,320,706 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဆိုပြီး နှစ်မျိုး ဖွင့်ဆိုထားပါတယ်။ |
1,320,707 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပိုမိုပြီးတော့ သဘောပေါက်အောင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်မှာလာရှိတဲ့ ရူပက္ခန္ဓာ၌ ဥဒယနှင့် ဝယရှုပုံ ပါဠိတော်ကို ပုံစံထုတ်ကာ နာယူကြည့်ကြရအောင် ...။ |
1,320,708 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ? |
1,320,709 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ |
1,320,710 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ |
1,320,711 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ |
1,320,712 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ |
1,320,713 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ပဋိသံ-၅၃။ |
1,320,714 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် ...။ |
1,320,715 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရူပက္ခန္ဓာရဲ့ ဖြစ်ခြင်း (= ဥဒယ) ကို ရှုတဲ့သူဟာ အဘယ်ငါးပါးသော လက္ခဏာတို့ကို ရှုမြင်သလဲ? |
1,320,716 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။ |
1,320,717 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။ |
1,320,718 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။ |
1,320,719 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏။ |
1,320,720 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလို အကြောင်းတရားတို့ရဲ့ ထင်ရှားဖြစ်ခြင်းဆိုတဲ့ အနက်သဘော ကြောင့် အကျိုးရုပ်တရားရဲ့ ဖြစ်ပုံကို ရှုတယ်။ |
1,320,721 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလိုရှုကွက်ကိုတော့ ပစ္စယတော ဥဒယဒဿန (= အကြောင်းတရားအားဖြင့် အဖြစ်ကို ရှုခြင်း)လို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ |
1,320,722 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီလောက်တွင် မကသေးဘူး -- |
1,320,723 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီရုပ်တရားရဲ့ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း မြင်အောင် ရှုရမယ်လို့ ညွှန်ကြားတော်မူပြန်တယ်။ |
1,320,724 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီရုပ်တရားရဲ့ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကို ရှုှုခြင်းကိုတော့ ခဏတော ဥဒယဒဿန (= ခဏအားဖြင့် အဖြစ်ကို ရှုခြင်း)လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ |
1,320,725 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဝေဒနာက္ခန္ဓာစတဲ့ နာမ်ခန္ဓာလေးပါးကိုလည်း ပုံစံတူ ဟောကြားထား တော်မူပါတယ်။ |
1,320,726 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ အဝိဇ္ဇာနှင့် တဏှာကို ယူလိုက်လျှင် ယင်းအဝိဇ္ဇာ တဏှာ တို့နှင့် ကိလေသဝဋ်ချင်း တူညီနေတဲ့ ဥပါဒါန်ကိုလည်း ထည့်သွင်း ယူရပါ တယ်။ |
1,320,727 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တစ်ဖန် ကံကို ယူလိုက်လျှင် ယင်းကံနှင့် ကမ္မဝဋ်ချင်း တူညီနေတဲ့ သင်္ခါရကိုလည်း ထည့်သွင်းယူရပါတယ်။ |
1,320,728 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားငါးခု ဖြစ်ပါတယ်။ |
1,320,729 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တစ်ဖန် အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်ပုံကို ရှုရန် ညွှန်ကြားထားတော် မူပြန်တယ်။ |
1,320,730 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပဝတ္တိပစ္စယခေါ်တဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေထဲမှာ အာဟာရ ဆိုတဲ့ အကြောင်းတရားက အလွန်အားကောင်းတဲ့အတွက် အာဟာရကို ရွေးထုတ်ကာ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ |
1,320,731 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) အာဟာရကိုယူပြီး ဟောတော်မူလိုက်လျှင် ပဝတ္တိအကြောင်း (= ပစ္စုပ္ပန် အကြောင်း) ချင်း တူညီနေတဲ့ စိတ်ဆိုတဲ့ အကြောင်းတရား, ဥတုဆိုတဲ့ အကြောင်းတရားတွေကိုလည်း ထည့်သွင်းယူသင့်ကြောင်းကို ဋီကာဆရာ တော်များက ဖွင့်ဆိုထားတော်မူကြပါတယ်။ |
1,320,732 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒါကြောင့် ယောဂီပုဂ္ဂိုလ်က -- |
1,320,733 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဖြစ်ပုံ |
1,320,734 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥတုဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဖြစ်ပုံ |
1,320,735 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာဟာရဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဖြစ်ပုံ -- |
1,320,736 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တွေကိုလည်း ဆက်လက်ရှုရမှာ ဖြစ်ပါတယ်။ |
1,320,737 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ရဲ့အကြောင်းကို နည်းနည်းတော့ ထပ်ပြော ချင်သေးတယ်။ |
1,320,738 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ယောဂီပုဂ္ဂိုလ်တို့ရဲ့ လက်ရှိခန္ဓာငါးပါးကို ဖြစ်စေတဲ့ အကြောင်း ရင်းဖြစ်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေဟာ ဘယ်တုန်းက ဖြစ်ခဲ့တဲ့ တရားတွေလဲလို့တော့ မေးစရာရှိတယ်။ |
1,320,739 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကတော့ ဒီလို ဟောကြားထားတော်မူပါတယ်။ |
1,320,740 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | -- ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ |
1,320,741 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာယူဟနာ သင်္ခါရာ၊ |
1,320,742 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နိကန္တိ တဏှာ၊ |
1,320,743 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပဂမနံ ဥပါဒါနံ၊ |
1,320,744 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | စေတနာ ဘဝေါတိ |
1,320,745 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။ |
1,320,746 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (ပဋိသံ-၅၀။ |
1,320,747 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) တတ္ထ ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကိရိယမာနေတိ အတ္ထော။ |
1,320,748 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့ရဲ့ ဆိုလိုရင်းသဘောကို ပြောကြ ရအောင် ...။ |
1,320,749 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ရှေးအတိတ်ဘဝဝယ် .. ကမ္မဘဝ အမည်ရတဲ့ ယခုဘဝ လူ့ပြည် လူ့လောကသို့ ရောက်ကြောင်းဖြစ်တဲ့ ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က -- |
1,320,750 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သစ္စာလေးပါး အမှန်တရားကို မသိဘဲ, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် အသိမှားမှုသဘောက အဝိဇ္ဇာ၊ |
1,320,751 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝသို့ ရောက်ကြောင်းဖြစ်တဲ့ ကံကို ပြုစုပျိုးထောင်ခြင်းသဘောက သင်္ခါရ၊ |
1,320,752 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝကို တွယ်တာတပ်မက်ခြင်း သဘောက တဏှာ၊ |
1,320,753 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ထိုထိုယောက်ျားဘဝ သို့မဟုတ် မိန်းမဘဝသို့ စိတ်ကပ်ရောက်စွဲနေ ခြင်းသဘောက ဥပါဒါန်၊ |
1,320,754 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သင်္ခါရကို ပြုစုပျိုးထောင်စဉ်က ဖြစ်ခဲ့သော ထိုထို ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာက ကမ္မဘဝ၊ တစ်နည်း - ထိုထိုစေတနာ ဦးဆောင်နေတဲ့ သင်္ခါရတရားစုတို့ရဲ့ ထိုထိုဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိက ကမ္မဘဝ (= ကံ) ဖြစ်ကြတယ်။ |
1,320,755 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအကြောင်းတရားငါးပါးတို့ဟာ လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာ ငါးပါးတို့ရဲ့ အကြောင်းတရားများ ဖြစ်ကြတယ်။ |
1,320,756 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီနေရာမှာ သင်္ခါရနှင့် ကမ္မဘဝ (= ကံ)တို့ရဲ့အထူးကို အဋ္ဌကထာကြီး များက ဒါနကုသိုလ်တစ်ခုကို ပုံစံထားပြီးတော့ အဓိပ္ပါယ် ဖွင့်ဆိုထားကြတယ်။ |
1,320,757 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘယ်လိုလဲ? -- |
1,320,758 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါနကံတစ်ခုကို ပြုစုပျိုးထောင်တော့မယ် ဆိုကြစို့၊ ဒါနပြုတော့မယ် ဆိုတဲ့ စိတ်ကို ဖြစ်ပေါ်စေပြီးနောက် တကယ်လှူတော့မယ်လို့ စိတ်ကို ဆုံး ဖြတ်ချက်ချပြီးနောက် တစ်လပတ်လုံးသော်လည်းကောင်း တစ်နှစ်ပတ်လုံး သော်လည်းကောင်း ဒါနရဲ့ အဆောက်အဦဖြစ်တဲ့ လှူဖွယ်ဝတ္ထုအစုစု စသည် တို့ကို စီစဉ်နေတဲ့ အလှူရှင်ရဲ့သန္တာန်မှာ ဖြစ်ပေါ်နေကြတဲ့ မလှူမီ ရှေးအ... |
1,320,759 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အလှူခံပုဂ္ဂိုလ်တို့ရဲ့ လက်ဝယ် လှူဖွယ်ဝတ္ထုကို တည်စေတဲ့ ပေးလှူနေဆဲ ကုသိုလ်စေတနာတွေကိုတော့ ကမ္မဘဝလို့ ခေါ်ဆိုတယ်။ |
1,320,760 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နောက်တစ်နည်း ဖွင့်ဆိုထားတာကတော့ မလှူမီ, လှူဆဲ, လှူပြီး ကာလတို့မှာ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ် သွားကြပါတယ်။ |
1,320,761 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီဇောဝီထိပေါင်းများစွာထဲမှာ ဇောဝီထိ တစ်ခုတစ်ခုမှာ ဇော (၇)ကြိမ်စီ ယေဘုယျအားဖြင့် စောကြပါတယ်။ |
1,320,762 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အထူးသဖြင့် ဘဝတစ်ခု ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ မနောဒွါရိက ဇောဝီထိစိတ်အစဉ်တွေကို ရည်ညွှန်းထားပါတယ်။ |
1,320,763 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီဇော (၇)တန်တို့အနက် ရှေးဇော (၆)တန်တို့မှာ ရှိတဲ့ စေတနာက ကံကို ပြုစုပျိုးထောင်ကြောင်းဖြစ်တဲ့ သင်္ခါရ ဖြစ်တယ်။ |
1,320,764 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သတ္တမဇောစေတနာကတော့ ကမ္မဘဝ (= ကံ) ဖြစ်ပါတယ်။ |
1,320,765 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တစ်နည်းပြောရလျှင်တော့ ကံကို ပြုစုပျိုးထောင်စဉ်အခါမှာ အထူး သဖြင့် ဒါနတစ်ခုကို ဝမ်းမြောက်ဝမ်းသာနှင့် ကံ-ကံရဲ့အကျိုးကို တတ်သိ နားလည်နေတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းပြီး ပြုစုပျိုးထောင် ခဲ့တဲ့အခါမှာ ထိုထိုဇောစိတ္တက္ခဏတိုင်းမှာ ယှဉ်ဖက် စိတ်စေတသိက်တွေ (၃၄)လုံးခန့် ယှဉ်တွဲပြီး ဖြစ်ကြပါတယ်။ |
1,320,766 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဖဿ ဝေဒနာစတဲ့ အညသမာန်း စေတသိက် (၁၃)လုံး၊ သဒ္ဓါ သတိစတဲ့ သောဘဏသာဓာရဏ စေတသိက် (၁၉)လုံး၊ ပညိန္ဒြေ စေတသိက် (၁)လုံး၊ အသိစိတ် (၁)လုံး - ပေါင်း (၃၄) လုံးတို့ ဖြစ်ကြပါတယ်။ |
1,320,767 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီတရားစုတွေထဲက စေတနာက ကမ္မဘဝ, ထိုစေတနာနှင့် ယှဉ်ဖက် စိတ်-စေတသိက် (၃၃)လုံးတို့က သင်္ခါရ ဖြစ်ကြပါတယ်။ |
1,320,768 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီရှင်းလင်းချက်ကတော့ သမ္မောဟဝိနောဒနီအဋ္ဌကထာ စာမျက်နှာ (၁၈၂-၁၈၃), ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၁၄-၂၁၅) တို့၌ လာရှိတဲ့ ရှင်းလင်းချက် ဖြစ်ပါတယ်။ |
1,320,769 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သို့သော် ပဋ္ဌာန်းဒေသနာတော် ကမ္မပစ္စည်းပိုင်းမှာတော့ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့တဲ့ သို့မဟုတ် ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်လိုက်တဲ့ သို့မဟုတ် အနာဂတ်မှာ ပြုစုပျိုးထောင် လတ္တံ့ဖြစ်တဲ့ ထိုထို ကုသိုလ်စိတ်စေတသိက် အကုသိုလ်စိတ်စေတသိက် တရားတွေက သင်္ခါရဖြစ်တယ်။ |
1,320,770 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ထိုသင်္ခါရတရားတွေ ချုပ်ပျက်သွားတဲ့အခါ ထိုထိုဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားကြတယ်၊ အဲဒီစွမ်းအင် ကမ္မသတ္တိကိုတော့ ကံလို့ ခေါ်ဆိုပါ တယ်။ |
1,320,771 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ ပြောလိုရင်းကတော့ လက်ရှိဘဝ ပဋိသန္ဓေခန္ဓာငါးပါး အစ ရှိတဲ့ ဝိပါကဝဋ် ရုပ်နာမ်တွေကို ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ရှိတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေဟာ အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့တဲ့ တရားတွေသာ ဖြစ်ကြတယ်ဆိုတဲ့ အချက် ပါပဲ။ |
1,320,772 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နာနာက္ခဏိကကမ္မသတ္တိ |
1,320,773 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအချက်ကို ခိုင်လုံအောင် ပဋ္ဌာန်းဒေသနာတော်မှာ လာရှိတဲ့ ကမ္မပစ္စည်းအကြောင်းကို နည်းနည်းထပ်ပြောမယ်။ |
1,320,774 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အထူးသဖြင့် နာနာက္ခဏိက ကမ္မပစ္စည်းအကြောင်းတရားအကြောင်းကို ထပ်ပြောဦးမယ် ...။ |
1,320,775 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကမ္မပစ္စယောတိ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ |
1,320,776 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ကမ္မပစ္စည်းအကြောင်းတရားဆိုတာက ကုသိုလ်ကံ အကုသိုလ်ကံဟာ အကျိုးဝိပါက်နာမ်ခန္ဓာတို့ကိုလည်းကောင်း, ကဋတ္တာရုပ် (= ကမ္မဇရုပ်)တို့ကို လည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ |
1,320,777 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘယ်လို ကမ္မပစ္စယသတ္တိက ကျေးဇူးပြုပေးသလဲ? အဋ္ဌကထာက ဒီလို ဖွင့်ဆို ထားတယ်။ |
1,320,778 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ |
1,320,779 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီအဋ္ဌကထာအဖွင့်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် ...။ |
1,320,780 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ ဆိုလိုတဲ့ ကမ္မပစ္စည်း အကြောင်းတရားဆိုတာကတော့ အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့တဲ့ ကံတရားကို ဆိုလိုပါတယ်။ |
1,320,781 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီကံဟာ လွန်ခဲ့တဲ့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ ကံလည်း ဖြစ် နိုင်တယ်၊ ကမ္ဘာပေါင်းများစွာက ပြုစုပျိုးထောင်ခဲ့တဲ့ ထူထောင်ခဲ့တဲ့ကံလည်း ဖြစ်နိုင်တယ်၊ ကမ္ဘာပေါင်းကုဋေအထက်က ပြုစုပျိုးထောင်ခဲ့တဲ့ကံလည်း ဖြစ်နိုင်တယ်။ |
1,320,782 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီကံမှာ မိမိရဲ့အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိ ဆိုတာရှိတယ်။ |
1,320,783 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကံကို ပြုစုပျိုးထောင်စဉ်အချိန်ကာလနှင့် ကံရဲ့အကျိုးဝိပါက် တို့ ဖြစ်ပေါ်လာတဲ့ အချိန်ကာလဟာ မတူ ထူးခြားကာ ကွဲပြားနေကြတယ်။ |
1,320,784 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလို အကြောင်းကံနှင့် အကျိုးဝိပါက်တရားတို့ရဲ့ မတူ ထူးခြား ကွဲပြားတဲ့ ကာလရှိတဲ့ အကြောင်းတရားကို နာနာက္ခဏိကကမ္မပစ္စည်းအကြောင်းတရား လို့ ခေါ်ဆိုပါတယ်။ |
1,320,785 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မိမိရဲ့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ် ပေါ်နေဆဲခဏမှာ အကျိုးဝိပါက်ကို ဖြစ်စေနိုင်တဲ့ စွမ်းအား မရှိသေးပါဘူး။ |
1,320,786 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကုသိုလ်ကံ အကုသိုလ်ကံဟာ မိမိရဲ့ ဖြစ်ဆဲခဏမှာပဲ အကယ်၍ အကျိုး ပေးမယ်ဆိုလျှင် - လူသားတစ်ဦးဟာ နတ်ပြည်သို့ ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်မယ်ဆိုလျှင် - ဒီကံရဲ့အာနုဘော်ကြောင့် ဒီကံကို ပြုစုပျိုးထောင်နေဆဲခဏမှာပဲ နတ်သားဖြစ်လေရာတယ်၊ သို့သော် ဖြစ်ကောဖြစ်သလား? မဖြစ်ပါဘူး။ |
1,320,787 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တကယ်တမ်းပြောကြစို့ဆိုလျှင် - ကံတစ်ခုကို ပြုစုပျိုးထောင်တယ် ဆိုကြစို့၊ အဲဒီကံကို ပြုစုပျိုးထောင်ဆဲခဏမှ အခြားတစ်ပါးသော ခဏမှာသာ ဒီကံက ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မရှိသော်လည်း သက်သက် ကံကို ပြုစုပျိုးထောင်ပြီးတဲ့အတွက်ကြောင့် ... |
1,320,788 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီကံက ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် မျက်မှောက်ဘဝမှာ အကျိုးပေးမယ်။ |
1,320,789 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီကံက ဥပပဇ္ဇဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် လာမည့်အနာဂတ်ဘဝ (= ဒုတိယဘဝ)မှာ အကျိုးပေးမယ်။ |
1,320,790 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီကံက အပရာပရိယဝေဒနီယကံ ဖြစ်မယ်ဆိုလျှင် တတိယအနာဂတ် ဘဝက စပြီး အဆက်ဆက် ရောက်ထိုက်သော အနာဂတ်ဘဝမှာ အကျိုးပေးမယ်။ |
1,320,791 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလိုအကျိုးပေးတဲ့အခါမှာလည်း ကုသိုလ်ကံ ဖြစ်မယ်ဆိုလျှင် -- |
1,320,792 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဂတိသမ္ပတ္တိ = လူ့ပြည် နတ်ပြည်စတဲ့ ကောင်းသောဂတိနှင့် ပြည့်စုံခြင်း |
1,320,793 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပဓိသမ္ပတ္တိ = ဥပဓိရုပ်အဆင်းနှင့် ပြည့်စုံခြင်း |
1,320,794 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကာလသမ္ပတ္တိ = သူတော်သူမြတ်, မင်းကောင်းမင်းမြတ်တို့ ပေါ်ထွန်းရာ အချိန်ကာလကောင်းနှင့် ပြည့်စုံခြင်း |
1,320,795 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပယောဂသမ္ပတ္တိ = မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားစတဲ့ ကုသိုလ်တရားတွေကို အားထုတ်ခြင်းပယောဂနှင့် ပြည့်စုံခြင်း -- |
1,320,796 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဆိုတဲ့ ဒီသမ္ပတ္တိစက် လေးပါးတို့ကို အမှီရတဲ့အခါမှာ ဒီကုသိုလ်ကံက အကျိုးပေးတတ်ပါတယ်။ |
1,320,797 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အလားတူပဲ အကုသိုလ်ကံ ဖြစ်မယ်ဆိုလျှင် -- |
1,320,798 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဂတိဝိပတ္တိ = အပါယ်လေးဘုံစတဲ့ မကောင်းတဲ့ဂတိနှင့် ပြည့်စုံခြင်း |
1,320,799 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပဓိဝိပတ္တိ = ဥပဓိရုပ်အဆင်းနှင့် မပြည့်စုံခြင်း အင်္ဂါခြေလက် ချို့တဲ့ခြင်း |
1,320,800 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကာလဝိပတ္တိ = သူတော်သူမြတ် မင်းကောင်းမင်းမြတ်တို့ ပေါ်ထွန်းရာ အခါ မဟုတ်ခြင်း |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.