id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,320,601
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နီဝရဏရန်သူဆိုတာက စိတ်ကလေးက တော်တော်ကလေး အာနာပါန ပဋိဘာဂနိမိတ်မှာ ငြိမ်သွားမှ ဒီ ရာဂ ဒေါသ မောဟစတဲ့ နီဝရဏ အညစ် အကြေးတွေက ကွာကျသွားတယ်၊ မငြိမ်ခင်မှာ ဒီ ရာဂ ဒေါသ မောဟစတဲ့ နီဝရဏတွေက တစ်လှည့်စီ ဝင်ဝင်ပြီးတော့ နှောင့်ယှက်တတ်တဲ့သဘော ရှိတယ်၊ ဒါကြောင့် ဒီပထမစျာန်သည် နီဝရဏရန်သူနှင့်လည်း နီးတယ်၊ ဒုတိယစျာန်လောက်လည်း မငြိမ်သက်ဘူး၊ ဝိ...
1,320,602
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘယ်လို ရုန့်ရင်းကြမ်းတမ်းသလဲလို့ မေးတော့ မိမိတို့က ငြိမ်သက်တဲ့ သမာဓိကို လိုချင်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်၊ ဒီလိုငြိမ်သက်မှု သမာဓိကို အလိုရှိနေတဲ့ သူတော်ကောင်းတစ်ဦးအဖို့၊ ဒီအာရုံပေါ်ကို စိတ် ကလေးကို တင်တင်ပေးနေရတာကိုက ပင်ပန်းနေတယ်၊ ဒီအာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်နေရတာကိုက ပင်ပန်းနေတယ်၊ ဒါကြောင့် အဲဒီ ပင်ပန်းမှု ရှိန...
1,320,603
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအချိန်အခါမှာ ဝိတက်, ဝိစာရ ပြုတ်သွားလိမ့်မယ်၊ ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါသုံးပါးရှိတဲ့ ဒုတိယစျာန်ကို ကူးသွားလိမ့်မယ်၊ အဲဒီ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရတယ်။
1,320,604
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တတိယစျာန်သမာဓိ
1,320,605
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒုတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ တတိယစျာန်ကို ကူးချင်ယင် ဒုတိယစျာန်ကို ဝင်စားပြီးနောက် ဒုတိယစျာန်မှ ထကာ ဒီလို ဆင်ခြင်ပါ။
1,320,606
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
--- ဒီဒုတိယစျာန်သမာပတ်ဟာ ဝိတက်, ဝိစာရဆိုတဲ့ နီးကပ်တဲ့ ရန်သူ ရှိတယ်။
1,320,607
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
(ပီတိကို ပြန်သိမ်းဆည်းပြီး ဆင်ခြင်ကြည့်ပါ။
1,320,608
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဒီပီတိဟာ စိတ်လှုပ်ရှား မှုကို အများဆုံး ဖြစ်စေတတ်တဲ့အတွက် ရုန့်ရင်းကြမ်းတမ်းရကား ကျိုးပျက်လွယ်တဲ့သဘောရှိတယ်။
1,320,609
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
(သုခနှင့် ဧကဂ္ဂတာကို သိမ်းဆည်းပြီး ပြန်ဆင်ခြင်ကြည့်ပါ။
1,320,610
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဒီသုခ ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်က ပိုငြိမ်သက် တယ်။
1,320,611
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ဆင်ခြင်ပြီးနောက် ဒုတိယစျာန်ကို အလိုမရှိတဲ့စိတ်ထား ပီတိကို ဖြုတ်ပစ်ချင်တဲ့စိတ်ထား ပိုငြိမ်သက်တဲ့ တတိယစျာန်ကို အလိုရှိတဲ့စိတ်ထား နှင့် ဒီ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ စိုက်ရှုရတယ်။
1,320,612
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရှုလိုက်လို့ ပီတိ ပြုတ်သွားခဲ့ရင် သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်မယ်၊ ဆိုက်ရင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
1,320,613
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စတုတ္ထစျာန်သမာဓိ
1,320,614
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့အခါ စတုတ္ထစျာန်ကို ကူးချင်ရင် တတိယစျာန်ကိုဝင်စားပြီးနောက် တတိယစျာန်မှ ထကာ ဒီလို ဆင်ခြင်ပါ။
1,320,615
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
--- ဒီ တတိယစျာန်သမာပတ်ဟာ ပီတိဆိုတဲ့ နီးကပ်တဲ့ရန်သူရှိတယ်။
1,320,616
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
(သုခကို ပြန်သိမ်းဆည်းပြီး ဆင်ခြင်ကြည့်ပါ။
1,320,617
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စိတ်ချမ်းသာရင် စိတ် ထဲမှာ တသိမ့်သိမ့်နှင့် နည်းနည်းတော့ လှုပ်ရှားနေတတ်တယ်။
1,320,618
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) - ဒါကြောင့် သုခဟာ ရုန့်ရင်းကြမ်းတမ်းတဲ့သဘော ရှိတယ်၊ ရုန့်ရင်း ကြမ်းတမ်းတဲ့အတွက် ပျက်စီးလွယ်တဲ့သဘော ရှိတယ်။
1,320,619
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကတော့ ပိုပြီး ငြိမ်သက်တယ်။
1,320,620
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလိုဆင်ခြင်ပြီးနောက် သုခကို အလိုမရှိတဲ့ (= တတိယစျာန်ကို အလို မရှိတဲ့) စိတ်နှင့် ပိုပြီးငြိမ်သက်တဲ့ ဥပေက္ခာ ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါနှစ်ပါး ရှိတဲ့ စတုတ္ထစျာန်ကိုလိုချင်တဲ့ စိတ်နှင့် ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ ထပ်ပြီး အာရုံပြုရတယ်။
1,320,621
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သုခပြုတ်ချင်တဲ့စိတ်နှင့် ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ ထပ်ပြီး ရှုနေ ခဲ့ရင် သုခပြုတ်သွားရင် ဥပေက္ခာခေါ်တဲ့ အလွန်ငြိမ်သက်နေတဲ့ ဝေဒနာ တစ်မျိုး ဝင်လာလိမ့်မယ် - ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်မျိုးရှိ တဲ့ စတုတ္ထစျာန်ကို ဆိုက်မယ်။
1,320,622
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီစတုတ္ထစျာန်ကို ဆိုက်-မဆိုက်ကို သိနိုင်တဲ့ အင်မတန် ထင်ရှားတဲ့ အမှတ်အသားကတော့ အသက်မရှူခြင်းပဲ ဖြစ်ပါတယ်၊ အသက်ရှူနေသေး ရင်တော့ စတုတ္ထစျာန်ကို မဆိုက်သေးဘူး၊ အသက်လုံးလုံး မရှူတော့ဘူး ဆိုလို့ရှိရင်တော့ စတုတ္ထစျာန်ကို ဆိုက်သွားပြီ၊ အဲဒီ စတုတ္ထစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီ သူ...
1,320,623
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝိပဿနာသွားချင်တယ် ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရ မလဲ? ရုပ်ကမ္မဋ္ဌာန်းကနေ စတင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းတဲ့စနစ်တစ်ခု, နာမ်ကမ္မဋ္ဌာန်းကနေ စတင်၍ ရုပ်နာမ်တို့ကို သိမ်းဆည်းတဲ့ စနစ်တစ်ခု --- နှစ်ခုရှိတဲ့အနက်က ကြိုက်တဲ့စနစ်ဖြင့် ရုပ်နာမ်ကို သိမ်းဆည်းနိုင်ပါတယ်။
1,320,624
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီတော့ ဓာတ်ကမ္မဋ္ဌာန်းကနေ စသိမ်းဆည်းတဲ့ စနစ်ကလေးကို နည်းနည်း အတိုချုပ်ပြောမယ် ----- တရားထိုင်တိုင်း ထိုင်တိုင်း အာနာပါနစတုတ္ထစျာန် သမာဓိကို ထူထောင်ပါ။
1,320,625
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လင်းရောင်ခြည်စွမ်းအင်တွေ အားကောင်းလာတဲ့ အခါ ဓာတ်လေးပါးကို ရှုပါ။
1,320,626
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဓာတ် ဘယ်နှစ်ပါးရှိသလဲ? -- လေးပါး၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊
1,320,627
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မာမှု ထင်ရှားတဲ့ တစ်နေရာကစပြီးတော့ မာတဲ့သဘောကို တစ်ကိုယ် လုံးမြင်အောင် ရှုရတယ်၊
1,320,628
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကြမ်းမှုထင်ရှားတဲ့တစ်နေရာကစပြီးတော့ ကြမ်းတဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်၊
1,320,629
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လေးမှုထင်ရှားတဲ့ တစ်နေရာကစပြီးတော့ လေးတဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်။
1,320,630
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အောင်မြင်မှုရခဲ့ရင်တော့ ပျော့မှုထင်ရှားတဲ့ တစ်နေရာပေါ့၊ အောက် အတွင်းနှုတ်ခမ်းသားကလေးကို လျှာနှင့် ထိထားကြည့်ပါ။
1,320,631
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပျော့နေတာကို တွေ့နိုင်ပါတယ်။
1,320,632
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ပျော့မှုထင်ရှားတဲ့ တစ်နေရာကစပြီး ပျော့တဲ့ သဘော, ချောမှု ထင်ရှားတဲ့ တစ်နေရာကစပြီး ချောတဲ့သဘော, ပေါ့မှု ထင်ရှားတဲ့ တစ်နေရာကစပြီး ပေါ့တဲ့သဘော အဲဒီသဘောတရားတွေကို တစ်ကိုယ်လုံး မြင်အောင် ရှုရတယ်၊ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ - ဒါ ပထဝီဓာတ် သဘောတရား ခြောက်ခုပဲ။
1,320,633
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဘိ၊ဋ္ဌ၊၁၊၃၆၈။
1,320,634
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) အောင်မြင်မှု ရပြီဆိုရင်တော့ နည်းနည်းကျော်လိုက်၊ ပူမှုထင်ရှားတဲ့ တစ်နေရာကစပြီး ပူတဲ့သဘော, အေးမှုထင်ရှားတဲ့တစ်နေရာကစပြီး အေး တဲ့သဘောကို တစ်ကိုယ်လုံးမြင်အောင် ရှုပါ၊ တေဇောဓာတ်ပဲ။
1,320,635
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အောင်မြင်မှုရရင် ဝါယောဓာတ်ကူးလိုက်၊ ထောက်ကန်မှု ထင်ရှားတဲ့ တစ်နေရာကနေပြီး ထောက်ကန်တဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ရှု၊ တွန်းကန်မှုထင်ရှားတဲ့ တစ်နေရာကနေပြီး တွန်းကန်တဲ့သဘောကို တစ် ကိုယ်လုံးမြင်အောင် ရှုရတယ်။
1,320,636
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ထောက်တယ်ဆိုတာကတော့ ခန္ဓာအိမ်ကို ငြိမ်အောင် ထိန်းထားတဲ့ သဘောကလေးပဲ၊ အိမ်တစ်အိမ်ပြိုတော့မယ်ဆိုရင် ကျားခေါ်တဲ့ တုတ်တစ် ချောင်းနှင့် ကန်ထားသလို ထောက်ထားတဲ့သဘောကလေးပဲ။
1,320,637
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တွန်းကန်မှုဆိုတာက ခုနက ဝင်လေ ထွက်လေထဲမှာလည်း ရှိပါတယ်၊ ခေါင်းအလယ်လောက်မှာ စိတ်ကလေး စိုက်ထားပါ၊ သွားကလေးကို နည်း နည်းဖိထား၊ အသက်ရှူကြည့်ပါ။
1,320,638
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တွန်းမှုအားတွေ ထင်ရှားနေတာ တွေ့ရပါ တယ်။
1,320,639
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ တွန်းကန်မှု, ထောက်ကန်မှုသဘောက ဝါယောဓာတ် - ပေါင်း လိုက်တော့ ဓာတ်သဘော ဆယ်ခု၊
1,320,640
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပထဝီဓာတ်သဘောတရားက ခြောက်မျိုး၊ တေဇောဓာတ်သဘောတရား က ပူမှု, အေးမှု နှစ်မျိုး၊ ဝါယောဓာတ်သဘောတရားက ထောက်မှု, တွန်းမှု နှစ်မျိုး ပေါင်းလိုက်တော့ ဆယ်မျိုး၊ အဲဒီ ဆယ်မျိုးကို ထပ်ကာ ထပ်ကာ ရှုရင် ဖွဲ့စည်းတဲ့သဘောတရား ပေါ်လာမယ်၊ သွားအရင်းတို့ လျှာအရင်းတို့ လျှာဖျားတို့ အဲဒီလို ယိုစီးမှုထင်ရှားတဲ့ တစ်နေရာကစပြီး ယိုစီးတဲ့သဘောကို တစ်...
1,320,641
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်ကိုယ်လုံး မြင်အောင် ကြည့်လိုက်တဲ့အခါ ယိုစီး ဖွဲ့စည်းတဲ့သဘော ထင်ရှားပြီဆိုရင် ဒီယိုစီး ဖွဲ့စည်းသဘောက အာပေါဓာတ် - ပေါင်းလိုက် တော့ ဓာတ်ဘယ်နှစ်ပါး ဖြစ်သွားပြီလဲ? လေးပါး။
1,320,642
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ဓာတ်လေးပါးကို ရှုတတ်ပြီဆိုရင်တော့ ဘုရားဟောဒေသနာတော် အတိုင်း အစဉ်အတိုင်း ပြန်ရှုရတယ်၊ ပထဝီဓာတ် အာပေါဓာတ် တေဇော ဓာတ် ဝါယောဓာတ်ဆိုတဲ့ ဒေသနာစဉ်အတိုင်း မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း အဲဒီသဘောတရား ဆယ့်နှစ်ခုကို ခြေဆုံးခေါင်းဆုံး သွက်အောင်ရှုပါ။
1,320,643
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ခြုံငုံ၍ တစ်ကိုယ်လုံးကိုကြည့်ပါ
1,320,644
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သွက်ပြီဆိုရင် ခြုံကြည့်ပါ။
1,320,645
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မိမိထိုင်နေတာကို အပေါ်က စီးကြည့်တဲ့ ပုံစံဖြင့် တစ်ကိုယ်လုံးကို ငုံကြည့်ရတယ်။
1,320,646
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို ငုံကြည့်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တွေက ပြိုင်တူလိုလို ပေါ်နေပြီဆိုရင်တော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို ကြည့်ပြီးတော့ ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ, အေးကို ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်, တွန်းကို ကြည့်ပြီးတော့ ဝါယော ဓာတ် - အဲဒီလို လေးချက်ရှုပါ။
1,320,647
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဓာတ်လေးပါးအာရုံ၌ စိတ်ကို ငြိမ်အောင်ထိန်းပါ၊ သမာဓိကို ထူထောင် ပါ။
1,320,648
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် အဲဒီလို ထပ် ကာထပ်ကာ ရှုလိုက်ပြီဆိုရင် ဘာဖြစ်လာမလဲ? တဖြည်းဖြည်း စိတ်က ဓာတ် လေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေလိမ့်မည်။
1,320,649
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဘာကြောင့်လဲ? ဟို ဘက်က အာနာပါနဖြင့် မိမိက စတုတ္ထစျာန်ဆိုက်အောင် သမာဓိထူထောင် ပြီးမှ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ သမာဓိကို ဆက်လက်ထူထောင်လို့ပဲ ဖြစ်တယ်။
1,320,650
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ထိုင်တိုင်း ထိုင်တိုင်းတော့ သမာဓိ ထူထောင်ရပါတယ်၊ အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိ ထူထောင်ပြီးမှ ဒီဓာတ်လေးပါးကို ရှုလာတဲ့အတွက် ဟိုဘက်က သမာဓိက ကျေးဇူးပြုပေးလိုက်တော့ ဒီဘက်မှာ ဓာတ်လေးပါးပေါ်မှာ စိတ်က ငြိမ်ဝပ်မှု လွယ်လွယ်ကလေးနဲ့ ရလာတယ်၊ ဓာတ်လေးပါးအာရုံ၌ စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီးတည်လာ...
1,320,651
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဖြူပြင် နှင့် အကြည်ပြင်
1,320,652
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရှုလို့ ငြိမ်ပြီဆိုရင်တော့ ပထဝီဓာတ်မှာ မာတဲ့သဘော၊ အာပေါဓာတ် မှာ ယိုစီးတဲ့သဘော၊ တေဇောဓာတ်မှာ ပူတဲ့သဘော၊ ဝါယောဓာတ်မှာ ထောက်တဲ့သဘော အဲဒီလေးခုကို ဦးစားပေးရှုလိုက်၊ ရှုလို့ ငြိမ်လာပြီဆိုလို့ ရှိရင် ဘာဖြစ်လာတတ်သလဲ? - အဖြူ စပေါ်တတ်ပါတယ်၊ ဘာဖြစ်လို့ ဒီ အဖြူက ပေါ်နေရသလဲဆိုတာကတော့ ရေခဲတုံး တစ်တုံး ကြည့်ပေါ့၊ အမှတ် တမဲ့ ဗြုန်းကနဲ...
1,320,653
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ တော့ အကြည်ဓာတ်ကို မတွေ့ခင်ကလေးမှာ အဖြူပြင်ကို စတွေ့ခြင်း ဖြစ် တယ်။
1,320,654
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအဖြူမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို မြင်အောင် ဆက်ပြီး စိုက်ရှုရပါတယ်။
1,320,655
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စိုက်ရှုလိုက်လို့ရှိရင် ရေခဲတုံး မှန်တုံး ဖန်တုံးလို ကြည်နေတဲ့ အကြည်ဓာတ်ကို တွေ့တတ်ပါတယ်၊ ဘာအကြည်လဲလို့မေးတော့ -----
1,320,656
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ခုနကပြောခဲ့တဲ့ ရုပ်လောကမှာ ဘုရားရှင်က အကြည်ဓာတ် ဘယ်နှစ်မျိုး ဟောခဲ့သလဲ? ငါးမျိုး၊ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည်ရုပ် ဘယ်နှစ်မျိုးဟောထားသလဲ? ငါးမျိုး။
1,320,657
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ကိုယ်အကြည်ဆိုတာက တစ်ကိုယ်လုံး နေရာအနှံ့အပြားမှာ ရှိ တယ်၊ မရှိတဲ့နေရာ မရှိဘူး၊ တစ်ကိုယ်လုံး အနှံ့အပြားရှိတော့ ဒီအကြည်ရုပ်ကို ကလာပ်အမှုန်ကလေးတွေကို မတွေ့ခင် ပြင်လိုက် အတုံးလိုက် အခဲလိုက်ကြီး သွားတွေ့ခြင်း ဖြစ်ပါတယ်၊ အဲဒီ အကြည်ပြင် အကြည်တုံးမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို မြင်အောင် ဆက်စိုက်ရှုရတယ်။
1,320,658
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) စက္ခုစတဲ့ ငါးမျိုးသော ရုပ်တွေဟာ ရူပါရုံစတဲ့ အာရုံ ငါးမျိုးကို အာရုံ ယူဖို့ရာ စက္ခုဝိညာဏ်စတဲ့ ဆိုင်ရာ ဝိညာဏ် ငါးမျိုးတို့ရဲ့ မှီရာ နိဿယ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေးနေပြီး ကြေးမုံ (= မှန်) အပြင်ကဲ့သို့ ကြည်လင်နေတဲ့ အတွက်ကြောင့် ပသာဒရုပ် မည်ပါတယ်လို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။
1,320,659
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
-- ရုပ်ကလာပ်အမှုန်များ
1,320,660
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပြီဆိုလို့ရှိရင်တော့ ပါရမီတွေ ရင့် ညောင်းတဲ့ သူတော်ကောင်း ဖြစ်ခဲ့ရင်တော့ ဒီရုပ်ကလာပ်အမှုန်ကလေး တွေကို လွယ်လွယ်ကလေးနဲ့ တွေရတတ်ပါတယ်၊ အကြည်တုံးကြီးက ပြိုကွဲ သွားတတ်ပါတယ်။
1,320,661
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လွယ်လွယ်ကလေးနဲ့ ဒီ အကြည်ပြင်ကြီးက ကွဲထွက် မသွားဘူးဆိုရင်တော့ ဒီအကြည်ပြင်မှာ အာကာသဓာတ် ရှိနေလေရဲ့လို့ အာရုံယူပြီးတော့ ဒီလင်းရောင်ခြည်စွမ်းအား အကူအညီနှင့် အာကာသ ဓာတ်ကို စိုက်ရှုလိုက်ရင် အမှုန်ကလေးတွေကို စတွေ့တတ်ပါတယ်။
1,320,662
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။
1,320,663
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) .. စတဲ့ ထိုထိုသုတ္တန်တို့မှာ အာကာသဓာတ်ကို ရှုရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။
1,320,664
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
လက္ခဏာဟာရနေတ္တိနည်းအရ ဟောကြားသွားတော်မူခြင်း ဖြစ်ပါတယ်။
1,320,665
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အာကာသဓာတ်ကို ဦးတည်၍ ဥပါဒါရုပ်တွေကို ရှုပွားသိမ်းဆည်းရန် ဘုရား ရှင်က ညွှန်ကြားတော်မူခြင်း ဖြစ်ကြောင်းကို အဋ္ဌကထာက (မ၊ဋ္ဌ၊၃၊၉၇။
1,320,666
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ရှင်းပြထားပါတယ်။
1,320,667
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီအမှုန်ကလေးတွေကို ရုပ်ကလာပ်တွေလို့ ခေါ်တယ်၊ ရုပ်ကလာပ် ဆိုတာ ပရမတ္ထသစ္စာနယ်မှာ ရုပ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းကလေးပဲ။
1,320,668
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအမှုန်ကလေးတွေကို စတွေ့ပြီဆိုလို့ရှိရင်လည်း တစ်မှုန် တစ်မှုန်မှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်လေးပါးကို မြင်အောင် စစိုက်ရှုရတယ်။
1,320,669
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီဓာတ်လေးပါးကို မြင်အောင် စိုက်ရှုလို့မရဘူး၊ အမှုန်ကလေးတွေ က ပေါ်တာ ပျောက်တာ သိပ်ပြီးမြန်နေပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ဟာ ဘာလုပ်ရ သလဲ? တစ်ကိုယ်လုံး ရှုနေကျအတိုင်း ခြုံပြီးတော့ မာတာကို စိုက်ရှုလိုက်၊ အမှုန်ကလေးတစ်ခုမှာ မာတာကို စိုက်ရှုလိုက်၊ ပျောက်သွားရင် နောက် တစ်မှုန် ပြောင်းစိုက်ပြီးရှု၊ ပျောက်သွား နောက်တစ်မှုန် ပ...
1,320,670
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) ဟို .. သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက ဖွင့်ထားတယ်၊ ဒီရုပ်က လာပ်တိုင်း ရုပ်ကလာပ်တိုင်း, အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုနိုင်ရင် ကြွင်းကျန်နေတဲ့ ဥပါဒါရုပ်တွေ ထင်ရှားလာပြီ၊ အဲဒီလို ကြွင်းကျန်နေတဲ့ ဥပါဒါရုပ်တွေကို သိမ်းဆည်းပုံကတော့ ဆရာသမား နှင့်သာ စနစ်တကျ ချဉ်းကပ်လေ့လာပေတော့။
1,320,671
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီတော့ ဥပါဒါရုပ်က (၂၄)မျိုးရှိပါတယ်၊ ရုပ်တို့မည်သည် ကလာပ် ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့ဖြစ်တော့ အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ် လေးပါးကို ဦးဆောင်ပြီးတော့ အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ ဥပါဒါရုပ်တွေကို ဆက်လက်ပြီး သိမ်းဆည်းရတယ်။
1,320,672
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ရုပ်တရားတွေကို သိမ်းဆည်းတဲ့လုပ်ငန်း အောင်မြင်ပြီ ဆိုလို့ရှိရင်တော့ နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းနိုင်ပါတယ်။
1,320,673
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နာမ်တရားများကို သိမ်းဆည်းပုံ
1,320,674
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဖဿကစပြီး သိမ်း ဆည်းတဲ့နည်း, ဝေဒနာကစပြီး သိမ်းဆည်းတဲ့နည်း, အသိစိတ် ဝိညာဏ်က စပြီး သိမ်းဆည်းတဲ့နည်းဆိုပြီးတော့ ရိုးရိုး သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တွေ အတွက် ညွှန်ကြားထားတာရှိတယ်၊ ဒါပေမဲ့ သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့ ရင်လည်း ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတဲ့နေရာမှာ ဒီစနစ်သုံးခု အတိုင်း...
1,320,675
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမထယာနိကပုဂ္ဂိုလ်ကတော့ စျာန်နာမ်တရားကနေ စသိမ်းဆည်းလို ရင် သိမ်းဆည်းလို့ရတယ်။
1,320,676
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
စျာန်နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ခုနက ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါတွေကို မိမိက သမထပိုင်းမှာကတည်းက ရှုတတ်ခဲ့ပြီး ဖြစ်တဲ့အတွက် နာမ်ကမ္မဋ္ဌာန်း ပိုင်း ကူးပြီဆိုလို့ရှိရင်လည်း အဲဒီစျာန်အင်္ဂါတွေကနေ စပြီးတော့ စျာန် နာမ်တရားတွေကို သိမ်းဆည်းရပါတယ်။
1,320,677
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သိမ်းဆည်းတဲ့အခါမှာ ခုလို အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ပထမစျာန်နာမ်တရားဆိုရင် (၃၄)လုံးအထိ ရှိပါတယ်။
1,320,678
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ နာမ်တရားတွေကိုလည်း စနစ်တကျ ဆရာသမားနှင့် ချဉ်းကပ်လေ့လာရပါ တယ်၊ သိမ်းဆည်းရပါတယ်။
1,320,679
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒွါရ (၆)ပါးလုံးမှာ ဖြစ်ပေါ်နေကြတဲ့ နာမ်တရား အားလုံးကို သိမ်းဆည်းရပါတယ်။
1,320,680
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါ ရုပ်တရား နာမ်တရားဆိုပြီး ရုပ်-နာမ် ခွဲရတယ်၊ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရတယ်။
1,320,681
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရူပါရူပပရိဂ္ဂဟလုပ်ငန်းရပ်ဖြစ်တယ်။
1,320,682
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
နာမ်နှင့် ရုပ်ကို ပိုင်းခြားယူတဲ့ နာမရူပပရိစ္ဆေဒဉာဏ်ပဲ။
1,320,683
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်ခါ ဒီရုပ်နာမ်ကလွဲရင် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ -- မရှိဘူး၊ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် မရှိဘူး၊ ရုပ်တရားအစုအပုံ နာမ်တရားအစု အပုံပဲ ရှိတယ်ဆိုတာကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီး ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မရှိ၊ ရုပ်နာမ်မျှသာ ရှိတယ်ဆိုပြီး ရုပ်နာမ်ကို ပိုင်းခြားမှတ်သား ရပါတယ်၊ နာမရူ...
1,320,684
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို အဇ္ဈတ္တမှာ ရုပ်သိမ်းဆည်းခြင်း, နာမ်သိမ်းဆည်းခြင်း, ရုပ်နာမ် သိမ်းဆည်းခြင်း, ရုပ်နာမ်ပိုင်းခြားမှတ်သားခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်လေးခုကို ပြုလုပ်ပြီးတဲ့အချိန်အခါကျတော့ ထိုယောဂီပုဂ္ဂိုလ်က ဗဟိဒ္ဓကို ပြောင်းပြီး တော့ အလားတူပဲ ရုပ်သိမ်းဆည်းခြင်း, နာမ်သိမ်းဆည်းခြင်း, ရုပ်နာမ် သိမ်း ဆည်းခြင်း, ရုပ်နာမ်ပိုင်းခြားမှတ်သားခ...
1,320,685
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလုပ်ငန်းခွင်ကို ဘုရားရှင်က ဒီအာနာပါန ပဗ္ဗအပိုင်းမှာ ဘယ်လိုဟောတော်မူသလဲ?
1,320,686
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဇ္ဈတ္တ နှင့် ဗဟိဒ္ဓ
1,320,687
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို ဟောထားတယ်၊ အဇ္ဈတ္တမှာလည်း ရူပကာယ, နာမကာယ (ပဋိသံ-၁၈၁။
1,320,688
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) တစ်နည်းအားဖြင့် - အဿာသ-ပဿာသကာယ, ရူပကာယ, နာမ ကာယဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို (မဟာဋီ၊၁၊၃၂၀။
1,320,689
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) သိမ်းဆည်းဖို့၊ ဗဟိဒ္ဓမှာ လည်း ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းဖို့ ဘုရားရှင်က ညွှန်ကြားထားတော်မူတယ်။
1,320,690
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ရုပ်နာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနမှာ တဖြည်းဖြည်း ချဲ့ထွင်ပြီး (၃၁)ဘုံကုန်အောင် သိမ်းဆည်းတတ်ပြီဆိုရင် ထို ယောဂီပုဂ္ဂိုလ်က ရှေ့တစ်ဆင့် တက်ပြီး ဘာလုပ်ရမလဲ?
1,320,691
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယ, ဝယ, သမုဒယဝယ
1,320,692
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကာယသ္မိံ = ကာယ၌။
1,320,693
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝါ၊ ရူပကာယ နာမကာယ၌ (ပဋိသံ-၁၈၁) ။
1,320,694
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်နည်း - ကာယသ္မိံ = အဿာသ-ပဿာသကာယ, ကရဇကာယ (= ရူပ ကာယ), နာမကာယ၌ (မဟာဋီ၊၁၊၃၂၀) ။
1,320,695
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယဓမ္မာနုပဿီ ဝါ = သမုဒယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။
1,320,696
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝယဓမ္မာနုပဿီ ဝါ = ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။
1,320,697
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဝါ။ ရူပကာယ, နာမကာယ၌ (ပဋိသံ-၁၈၁) ။
1,320,698
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သမုဒယဝယဓမ္မာနုပဿီ ဝါ = သမုဒယဓမ္မနှင့် ဝယဓမ္မကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း။
1,320,699
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီနေရာမှာ သမုဒယဓမ္မနှင့် ဝယဓမ္မကို အဋ္ဌကထာများက ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်ကြီးကို ရည်ညွှန်းကာ ဒီလို ဖွင့်ဆိုထားကြတယ်။
1,320,700
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
-- သမုဒယဓမ္မာနုပဿီ ဝါတိအာဒီသု ပန အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိအာဒိနာ နယေန ပဉ္စဟာကာရေဟိ ရူပက္ခန္ဓဿ သမုဒယော စ ဝယော စ နီဟရိတဗ္ဗော။