id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,320,801 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပယောဂဝိပတ္တိ = မဂ္ဂင်ရှစ်ပါးကဲ့သို့သော အထက်တန်းကျတဲ့ ကုသိုလ် တရားတွေကို မဖြည့်ကျင့်ဘဲ မသူတော်တရား ဒုစရိုက်တရားတွေကို လက်သွက်သွက်နှင့် ကျူးလွန်နေခြင်း -- |
1,320,802 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဆိုတဲ့ ဒီဝိပတ္တိစက် လေးပါးတို့ကို အထောက်အပံ့ ရတဲ့အခါမှာ ဒီ အကုသိုလ်ကံက အကျိုးဝိပါက်ကို ဖြစ်စေပါတယ်။ |
1,320,803 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ အကြောင်းကံနှင့် အကျိုးဝိပါက်တို့ဟာ မတူ ထူးခြား ကွဲပြား တဲ့ အချိန်ကာလခဏ ရှိနေပါတယ်။ |
1,320,804 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပမာ လက်မှုအတတ်ပညာတစ်ခုကို သင်ယူတယ်ဆိုကြစို့၊ ရှေးရှေးသင်ယူထားတဲ့ အတတ်သင်ယူမှုဟာ နောက် နောက်အတတ်သင်ယူမှုအား အခြေခံအကြောင်းအထောက်အပံ့အဖြစ် ကျေးဇူးပြုရာမှာ ကာလချင်း မတူဘဲ ကာလတစ်ပါးသို့ ရောက်မှ ကျေးဇူးပြု တယ်။ |
1,320,805 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နည်းနည်းရှင်းအောင်တော့ ထပ်ပြောဦးမယ်၊ ကွန်ပြူတာလို အတတ် ပညာတစ်ခုကို သင်ယူတယ်ဆိုလျှင် - ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ လေ့ကျင့်မယ်ဆိုလျှင် - တစ်စထက် တစ်စ တစ်နေ့ထက် တစ်နေ့ ပိုပိုပြီးတော့ ကျွမ်းကျင်လာတယ်၊ ရှေးရှေးသင်ယူမှုက နောက်နောက် သင်ယူမှုကို အဆင့်မြင့်အောင် ကျွမ်းကျင်အောင် ကျေးဇူးပြုပေးနေတယ်။ |
1,320,806 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီပုံစံအတိုင်းပဲ ကံဆိုတဲ့ စေတနာဟာလည်း ကံကို ပြုစုပျိုးထောင်ရာ ခဏမှာ အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုဘဲ နောက်နောက် သော ခဏသို့ ရောက်ပါမှသာလျှင် တစ်နည်းပြောရလျှင်တော့ ရင့်ကျက် လာပါမှသာလျှင် အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးပါတယ်။ |
1,320,807 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါကြောင့် ဒီကံကို ဒီစေတနာကို နာနာက္ခဏိက - အကျိုးဖြစ်ပေါ်လာရာ ခဏမှ မတူကွဲပြားတဲ့ ခဏဖြစ်တဲ့ စေတနာလို့ ခေါ်ဆိုရတယ်။ |
1,320,808 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီတော့ အကျိုးတရားဖြစ်ပေါ်လာတဲ့အချိန်အခါမှာ ဒီကုသိုလ်စေတနာ ကံ သို့မဟုတ် အကုသိုလ်စေတနာကံဟာ ဥပါဒ်-ဌီ-ဘင်အားဖြင့်တော့ ထင်ရှားမရှိတော့ဘူး။ |
1,320,809 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိပေမဲ့လို့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကတော့ ကံကို ပြုစုပျိုးထောင်လိုက်တဲ့ ရုပ်နာမ်သန္တာန်အစဉ်မှာ ကိန်းဝပ်လျက်ပဲ ရှိပါတယ်။ |
1,320,810 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီစွမ်းအင်ကမ္မသတ္တိ ကိုပဲ ကံလို့ ခေါ်ဆိုပါတယ်။ |
1,320,811 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သင်္ခါရ ကံတို့လိုပဲ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်း ပုံစံတူပဲ သဘော ပေါက်ပါ။ |
1,320,812 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကျိုးတရားတွေ ဖြစ်ပေါ်လာတဲ့အချိန်မှာ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာလည်း ဥပါဒ်-ဌီ-ဘင်အားဖြင့်တော့ မရှိကြတော့ပါဘူး။ |
1,320,813 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သို့သော် ဒီသင်္ခါရ ကံတွေက အကျိုးပေးနိုင်အောင် သင်္ခါရ ကံတွေကို အားပေး ထောက်ပံ့နိုင်တဲ့ စွမ်းအင်သတ္တိကတော့ တည်ရှိနေပါတယ်။ |
1,320,814 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပေါင်းလိုက်လျှင်တော့ အကြောင်းတရားပိုင်းမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး အကြောင်းတရားငါးခု ဖြစ်ပါတယ်။ |
1,320,815 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အတိတ် အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရား အနာဂတ်အကြောင်းတရားတွေ ကို ပုံစံတူ သဘောပေါက်ပါ။ |
1,320,816 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာလည်း နာမ်ပရမတ်တရားတို့ရဲ့ ဓမ္မ တာအတိုင်း အုပ်စုအလိုက်သာ ဖြစ်ကြပါတယ်၊ သောမနဿဝေဒနာနှင့် ယှဉ်တွဲဖြစ်တဲ့ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ဖြစ်မယ်ဆိုလျှင် ဖဿ ဝေဒနာစတဲ့ အညသမာန်းစေတသိက် (၁၃)လုံးနှင့် မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ လောဘ ဒိဋ္ဌိဆိုတဲ့ အကုသိုလ်စေတသိက် (၆)လုံး၊ အသိ စိတ် (၁)လုံး၊ ပေါင်း ... |
1,320,817 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဲဒီနာမ်တရားအလုံး (၂၀)ထဲမှာ -- |
1,320,818 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဝေဒနာက ဝေဒနာက္ခန္ဓာ |
1,320,819 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သညာက သညာက္ခန္ဓာ |
1,320,820 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျန်စေတသိက် (၁၇)လုံးက သင်္ခါရက္ခန္ဓာ |
1,320,821 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အသိစိတ်က ဝိညာဏက္ခန္ဓာ -- |
1,320,822 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပေါင်းလိုက်တော့ နာမ်ခန္ဓာလေးပါး ဖြစ်ပါတယ်။ |
1,320,823 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနာမ်ခန္ဓာလေးပါးကလည်း အတိတ်မှာဖြစ်ခဲ့တဲ့ ဆိုင်ရာ ဟဒယဝတ္ထု ရုပ်ကို မှီတွယ်ပြီးတော့ ဖြစ်ခဲ့ရတဲ့အတွက် နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဟဒယဝတ္ထုနှင့်တကွသော ဟဒယဒသကကလာပ်စတဲ့ ရုပ်တရားစုတွေက ရူပက္ခန္ဓာ ဖြစ်ကြပါတယ်။ |
1,320,824 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အားလုံးပေါင်းလိုက်တော့ ခန္ဓာငါးပါး ဖြစ်ပါတယ်။ |
1,320,825 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အလားတူပဲ သင်္ခါရ- ကံတွေကလည်း အထက်ကပြောခဲ့သလို နာမ်တရား (၃၄)လုံး ဖြစ်ခဲ့မယ် ဆိုလျှင် ယင်းနာမ်တရားစုတွေထဲက -- |
1,320,826 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ |
1,320,827 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဖြစ်ကြပါတယ်။ |
1,320,828 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနာမ်တရားတွေဟာလည်း အတိတ်က ဆိုင်ရာဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီးတော့မှ ဖြစ်ခဲ့ရတဲ့အတွက် ဟဒယဝတ္ထုနှင့်တကွသော မှီရာရုပ် တွေက ရူပက္ခန္ဓာ ဖြစ်ကြပါတယ်။ |
1,320,829 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အားလုံးပေါင်းလိုက်တော့ ခန္ဓာငါးပါးပဲ ဖြစ်ကြပါတယ်။ |
1,320,830 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ခုပြောခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်အုပ်စုနှင့် မှီရာဝတ္ထုရုပ်ဆိုတဲ့ ခန္ဓာ ငါးပါး, သင်္ခါရ ကံအုပ်စုနှင့် မှီရာဝတ္ထုရုပ်ဆိုတဲ့ ခန္ဓာငါးပါး - ဒီခန္ဓာငါးပါး တွေဟာ အတိတ်ဘဝခန္ဓာငါးပါးတွေထဲမှာ အကျုံးဝင်နေတဲ့ အတိတ်ခန္ဓာ ငါးပါးတို့ရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသ ဖြစ်တဲ့ ခန္ဓာငါးပါးတို့သာ ဖြစ်ကြပါတယ်။ |
1,320,831 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါကြောင့် ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဘုရားရှင်က -- |
1,320,832 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ... |
1,320,833 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရန် ညွှန်ကြားတော်မူတဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်က ခုပြောခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်တို့နှင့် ဆက်နွယ်နေတဲ့ ခန္ဓာငါးပါးတို့ကိုပါ ထည့်သွင်းကာ ဝိပဿနာ ရှုသွားရမှာ ဖြစ်ပါတယ်။ |
1,320,834 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေဟာ ပစ္စုပ္ပန် ဝိပါကဝဋ်ခန္ဓာတို့ရဲ့ အကြောင်းတရားတွေ အကြောင်းခန္ဓာတွေ ဖြစ်ကြ ပါတယ်။ |
1,320,835 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ခုပစ္စုပ္ပန်ဘဝမှာ ယောဂီပုဂ္ဂိုလ်က ဘုရားရုပ်ပွားတော်တစ်ဆူရဲ့ ရှေ့ မှောက်မှာ ပန်း ဆီမီးတွေကို လှူဒါန်းပြီးတော့ နောင်အနာဂတ်ကာလမှာ ဓမ္မကထိကနတ်သားဖြစ်ရန် ဆုတာင်းပန်ထွာတယ် ဆိုကြပါစို့။ |
1,320,836 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဓမ္မကထိကနတ်သားလို့ အသိမှားမှု အဝိဇ္ဇာ, ဓမ္မကထိကနတ်သားဘဝ ကို တွယ်တာတပ်မက်မှု တဏှာ, ဓမ္မကထိကနတ်သားဘဝကို စိတ်ကပ်စွဲလမ်း မှု ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ခန္ဓာတွေနှင့် ပန်း ဆီမီး လှူဒါန်း ပူဇော်ခြင်းဆိုတဲ့ သင်္ခါရ ကံအုပ်စု ကမ္မဝဋ်ခန္ဓာတွေ ဖြစ်သွားကြတယ်။ |
1,320,837 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီကိလေသဝဋ် ကမ္မဝဋ် ခန္ဓာတွေဟာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ လက်ရှိ ပစ္စုပ္ပန်ခန္ဓာတွေထဲမှာ အကျုံး ဝင်နေတဲ့ နောင်အနာဂတ် ဝိပါကဝဋ်ခန္ဓာတွေ ရရှိရေးအတွက် ပြုစုပျိုးထောင် နေတဲ့ ခန္ဓာတွေဖြစ်ကြသလို, ပစ္စုပ္ပန်ခန္ဓာတို့ရဲ့အစိတ်အပိုင်း အကြောင်းခန္ဓာ တွေသာ ဖြစ်ကြသလို အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေကိုလည်း သဘောပေါက်... |
1,320,838 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဆိုလိုတာကတော့ အတိတ်ခန္ဓာတွေကို ဝိပဿနာ ရှုတဲ့အပိုင်းမှာ အတိတ်က ဖြစ်ခဲ့တဲ့ ဝိပါကဝဋ်ခန္ဓာတွေနှင့်တကွ ယခုပြောနေတဲ့ ဒီအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ် ကမ္မဝဋ်ခန္ဓာတွေကိုပါ ထည့်သွင်းပြီးတော့ ဝိပဿနာ ရှုရမယ်ဆိုတဲ့ အချက်ကို ဆိုလိုရင်း ဖြစ်ပါတယ်။ |
1,320,839 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဆိုတဲ့ အဋ္ဌကထာကြီးများရဲ့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စတဲ့ ပါဠိတော်ကြီး များနှင့်အညီ ညွှန်ကြားထားတော်မူတဲ့အတိုင်း ယောဂီပုဂ္ဂိုလ်က ဒီ သမုဒယဓမ္မာနုပဿီပိုင်းမှာ -- |
1,320,840 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အတိတ်အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရား တွေ ထင်ရှားဖြစ်ပုံကိုလည်းကောင်း, |
1,320,841 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပစ္စုပ္ပန်ယခုလက်ရှိဘဝတွင် ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဆိုတဲ့ ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယ သစ္စာတရားကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ အနာဂတ်ခန္ဓာငါးပါး အကျိုးဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံ ကိုလည်းကောင်း, |
1,320,842 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကျိုးခန္ဓာတို့ရဲ့ ဖြစ်မှု ဥဒယကိုလည်းကောင်း, တစ်နည်းပြောရလျှင် အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ရဲ့ ဖြစ်မှု ဥဒယကိုလည်းကောင်း မြင်အောင် ရှုရမှာ ဖြစ်ပါတယ်။ |
1,320,843 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီအဋ္ဌကထာကြီးများရဲ့ ညွှန်ကြားချက်အတိုင်း အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ခန္ဓာတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။ |
1,320,844 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါကြောင့် ဒီသမုဒယဓမ္မာနုပဿီပိုင်းမှာ ဘုရားရှင်က -- |
1,320,845 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်, |
1,320,846 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ခန္ဓာတွေကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်တဲ့ သမ္မသနဉာဏ်, |
1,320,847 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | (က) အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာတွေ ထင်ရှားဖြစ်ပုံ, အကြောင်းခန္ဓာတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာတွေ ချုပ်ငြိမ်းပုံဆိုတဲ့ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်, |
1,320,848 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ( ခ ) အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ခန္ဓာတို့ရဲ့, တစ်နည်းပြော ရလျှင်တော့ အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ရဲ့ ခဏမစဲ တသဲသဲ ဖြစ်မှု ပျက်မှုကို ရှုမြင်တတ်တဲ့ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် |
1,320,849 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီဝိပဿနာဉာဏ်သုံးမျိုးကို စုပေါင်းပြီးတော့ ဟောကြားထားတော်မူ တယ်လို့ မှတ်ပါ။ |
1,320,850 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သမုဒယဓမ္မာနုပဿီပိုင်းကို ဒီလောက်နှင့် ရပ်ပြီးတော့ ဝယဓမ္မာနုပဿီ ပိုင်းကို ဆက်ပြောကြရအောင် ..။ |
1,320,851 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဘယ်လို ညွှန်ကြားထားတော်မူသလဲ? နာကြည့်ကြရအောင် ...။ |
1,320,852 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ? |
1,320,853 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ |
1,320,854 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ |
1,320,855 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ |
1,320,856 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။ |
1,320,857 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဒီပါဠိတော်ကြီးရဲ့ ဆိုလိုရင်းအချက်ကို ပြောဆိုကြရအောင် ...။ |
1,320,858 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်း သမုဒယသစ္စာ တရားတွေရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆို အပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာ ငါးပါး ဒုက္ခသစ္စာတရားတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရ... |
1,320,859 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | စိတ်ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း, |
1,320,860 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥတုချုပ်ခြင်းကြောင့် ဥတုဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း, |
1,320,861 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အာဟာရချုပ်ခြင်းကြောင့် အာဟာရဇရုပ် ချုပ်ငြိမ်းပုံကိုလည်းကောင်း, |
1,320,862 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ရဲ့ ပျက်မှု (= ဘင်)ကို လည်းကောင်း -- |
1,320,863 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါလို့ ဆိုလိုပါတယ်။ |
1,320,864 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နာမ်ခန္ဓာ လေးပါးကိုလည်း ပုံစံတူပဲ ဆက်လက် ဟောကြားထားတော်မူပါတယ်။ |
1,320,865 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘယ်အချိန်အခါမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစတဲ့ အကြောင်း တရားတွေဟာ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပါသလဲလို့ မေးစရာ ရှိပါတယ်။ |
1,320,866 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအပိုင်းကို ပရမတ္ထမဉ္ဇူသာ အမည်ရှိတဲ့ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဆရာတော်က ဒီလို ဖွင့်ဆိုထားတော်မူပါတယ်။ |
1,320,867 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဆိုလိုရင်းကို ပြောကြရအောင် ...။ |
1,320,868 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေဟာ ဘယ်အချိန်အခါမှာ ချုပ်မလဲ? အရဟတ္တမဂ် ဆိုက်တဲ့ အချိန်အခါမှာ ချုပ်မယ်။ |
1,320,869 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဘယ်လို ချုပ်မလဲ? အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်မယ်။ |
1,320,870 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပ္ပါဒနိရောဓ - အနုပ္ပါဒနိရောဓ |
1,320,871 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီနေရာမှာ ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓအကြောင်းကို နည်းနည်း ထပ်ပြောမယ်။ |
1,320,872 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒုက္ခသစ္စာအမည်ရတဲ့ ဥပါဒါနက္ခန္ဓာငါးပါး, သမုဒယသစ္စာ အမည်ရတဲ့ အကြောင်းတရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ |
1,320,873 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီသင်္ခါရတရားတွေဟာ သင်္ခါရတရား (= သင်္ခတတရား)တို့ရဲ့ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနှင့် ပျက်သွားကြတယ်။ |
1,320,874 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သို့သော် ဒီသင်္ခါရတရားတွေကို ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးနေတဲ့ အကြောင်းတရားတွေက မချုပ်ငြိမ်းကြ သေးဘူး ဆက်လက်ပြီးတော့ ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် အကျိုး သင်္ခါရတရားတွေဟာ ထပ်ဖြစ်ကြမှာ ဖြစ်တယ်။ |
1,320,875 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ထပ်ဖြစ်လျှင်လည်း ထပ်ပြီး တော့ ပျက်သွားကြပြန်တယ်။ |
1,320,876 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သက်တမ်းကာလစေ့လျှင် ချုပ်ပျက်သွားကြရတာ ဓမ္မတာပဲ။ |
1,320,877 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလို ဥပါဒ်-ဌီ-ဘင်ဆိုတဲ့ သက်တမ်းစေ့လို့ ချုပ်ပျက်သွားသော်လည်း အကြောင်းတရားတွေက ကျေးဇူးပြုနေသေးလို့ နောင်တစ်ဖန် ထပ်ဖြစ်ခွင့်ရှိနေသေးတဲ့ ချုပ်ပျက်ပုံကိုတော့ ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခွင့်ရှိသော ချုပ်ငြိမ်းမှုလို့ ခေါ်ဆိုတယ်။ |
1,320,878 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ခုဒီနေရာမှာ ချုပ်ငြိမ်းမှုကတော့ ဒီဥပ္ပါဒနိရောဓမျိုး မဟုတ်တဲ့အတွက် အနုပ္ပါဒနိရောဓလို့ ဖွင့်ဆိုထားတယ်။ |
1,320,879 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အနုပ္ပါဒနိရောဓဆိုတာက နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းကို ဆိုလိုပါတယ်။ |
1,320,880 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာတွေဟာ အရဟတ္တ မဂ်ကြောင့် ချုပ်ငြိမ်းသွားတဲ့အခါ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ဖြစ်ခွင့် မရှိတဲ့ ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ |
1,320,881 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကြွင်းအကျန်မရှိ ကုန်စင် အောင် ချုပ်ငြိမ်းသွားတဲ့အတွက် အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (= အသေသဝိရာဂ နိရောဓ)လို့လည်း ခေါ်ဆိုတယ်။ |
1,320,882 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားတဲ့အတွက် နောက်ထပ်ဘယ်တော့မှ ပြန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာအပေါင်း အဖော်ကို ရရှိမှ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတဲ့ သင်္ခါရ ကံတွေလည်း အကျိုး ပေးနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားကြတယ်၊ နောက်ထပ် ပဋိသန္ဓေခန္ဓာ ငါးပါး စ... |
1,320,883 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါကြောင့် သင်္ခါရ ကံတွေလည်း နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတယ်လို့ပဲ ပြောရတယ်။ |
1,320,884 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီလို အကြောင်းတရားတွေက နောက်ထပ်တစ်ဖန်မဖြစ်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံး ထားပြီးတော့ နောင်တစ်ဖန်ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့... |
1,320,885 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအပိုင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး ဥဒယဗ္ဗယဉာဏနိဒ္ဒေသပိုင်းမှာ ထည့်သွင်းပြီးတော့ ဟောကြားထားတော်မူပါတယ်။ |
1,320,886 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲဖြစ်တဲ့ ပုထုဇန်အဆင့်တွင်သာ ရှိသေးတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးကို အစထားကာ ဥဒယဗ္ဗယဉာဏ်ကို အားသစ် နေတဲ့ ပုထုဇန်ပဲဖြစ်ဖြစ် အရိယာပဲဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်မဆို ဝိပဿနာရှုရန် ညွှန်ကြားနေတဲ့ ညွှန်ကြားလွှာ ဖြစ်ပါတယ်။ |
1,320,887 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကယ်၍ ဥဒယဗ္ဗယဉာဏ်ကို အားသစ်ဆဲဖြစ်နေတဲ့ ယောဂီပုဂ္ဂိုလ်က ပုထုဇန်အဆင့်တွင်သာ ရှိနေသေးတယ်ဆိုလျှင် အရဟတ္တမဂ်ကို ရရှိမည့် အချိန်သည် ပစ္စုပ္ပန်လို့တော့ မပြောနိုင်တော့ဘူး၊ အနာဂတ်လို့သာ ပြောရ တော့မယ်။ |
1,320,888 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါကြောင့် ဋီကာဆရာတော်က - အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော စသည်ဖြင့် ဖွင့်ဆိုသွားပါတယ်။ |
1,320,889 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ ကြီးကလည်း ပုံစံတူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားပါတယ်။ |
1,320,890 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) အဲဒီအနာဂတ်ဟာလည်း ဒီမျက်မှောက်ဘဝမှာပဲ အရဟတ္တဖိုလ်ဆိုက်မည့် ယောဂီပုဂ္ဂိုလ်အတွက်တော့ ဒီဘဝအနာဂတ်ပဲ ဖြစ်ပါတယ်။ |
1,320,891 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | သို့သော် နောင် အနာဂတ်ဘဝတစ်ခုခုကျမှ အရဟတ္တဖိုလ်ဆိုက်ရောက်မည့် ယောဂီပုဂ္ဂိုလ် အတွက်ကတော့ ထိုဆိုက်ရောက်မည့်အနာဂတ်ဘဝ အနာဂတ်ခန္ဓာတွေသာ ဖြစ်ကြပါတယ်။ |
1,320,892 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီတော့ အရဟတ္တမဂ် ဆိုက်ရောက်မည့်ဘဝမှာ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီးတော့ အကျိုး ဥပါဒါနက္ခန္ဓာတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံ... |
1,320,893 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒါတွင်မကသေးဘူး၊ အကျိုးခန္ဓာတို့ရဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်မှု ကိုလည်း မြင်အောင် ရှုရန် ညွှန်ကြားထားတော်မူပါတယ်၊ ခဏတော ဝယဒဿနဉာဏ် ဖြစ်ပါတယ်။ |
1,320,894 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကြောင်းတရားတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားတဲ့အတွက် အကျိုးခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း ပုံကို မြင်အောင်ရှုတဲ့ ဉာဏ်ကိုတော့ ပစ္စယတော ဝယဒဿနဉာဏ်လို့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက (ဝိသုဒ္ဓိ၊၂၊၂၆၇။ |
1,320,895 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ) ဖွင့်ဆိုထားပါတယ်။ |
1,320,896 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ဒီအပိုင်းကတော့ အနာဂတ်ခန္ဓာတွေနှင့် ဆက်စပ်နေတယ်လို့ သဘော ပေါက်ပါ။ |
1,320,897 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အကြောင်းခန္ဓာတွေရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း ကြောင့် အကျိုးခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပါတယ်၊ အနာဂတ်ခန္ဓာ ပိုင်းမှာ အကျုံးဝင်နေပါတယ်၊ အနာဂတ်ခန္ဓာငါးပါးရှုကွက်မှာ အကျုံးဝင် နေပါတယ်။ |
1,320,898 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေဟာ ပစ္စုပ္ပန်ဘဝတွင် ပြုစု ပျိုးထောင်လိုက်တဲ့ ခန္ဓာတွေ ဖြစ်နိုင်စရာရှိသော်လည်း ယင်းတို့ချုပ်ငြိမ်းမည့် အချိန်ကတော့ အနာဂတ်ခန္ဓာပိုင်းနှင့် ဆိုင်နေပါတယ်၊ အရဟတ္တမဂ်ဆိုက် ရောက်ခါနီး အချိန်အထိ ဖြစ်ခွင့်ရှိနိုင်တဲ့ ခန္ဓာတွေ ဖြစ်ကြပါတယ်။ |
1,320,899 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၄၈) စသည်တို့တွင် ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ = အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏စသည်ဖြင့် အကြောင်းတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူတတ် သိမ်းဆည်းတတ်သောဉာဏ်ကို ဓမ္မဋ္ဌိတိဉာဏ်ဟု ဟောကြားထား တော်မူပါတယ်။ |
1,320,900 | Uncategorized | အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း | နာမရူပဝဝတ္ထာနဉာဏ် = နာမ်ရုပ်တို့ရဲ့ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားမှတ်သားတတ်သော ဉာဏ်ဟု မခေါ်ဝေါ် မသုံး စွဲဘဲ အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်လို့ ခေါ်ဝေါ်သုံးစွဲထားရပါသလဲလို့ မေး စရာရှိတယ်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.