id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,321,201 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစု အပုံ၏ ဖြစ်ကြောင်းသည် ဖြစ်ပေ၏။ |
1,321,202 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဤအကြောင်းနှင့် အကျိုးတရားတို့၏ ကြောင်းကျိုးဆက်နွယ်လျက် အထပ်ထပ်ဖြစ်နေမှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ဆိုအပ်၏။ |
1,321,203 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (အံ-၁-၁၇၈။ |
1,321,204 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အဋ္ဌကထာကြီးများကလည်း ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၅၁)ကို ကိုးကား၍ ယင်း ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဤသို့ အကျဉ်းအားဖြင့် ရှင်းလင်းဖွင့်ဆိုထားတော်မူ၏။ |
1,321,205 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (အဘိ-ဋ္ဌ-၂-၁၈၂။ |
1,321,206 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ကမ္မဘဝကို ထူထောင်ခဲ့သည့် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံ ဟူသော အတိတ်အကြောင်းတရား (၅) ပါးကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ ဟူသော ပစ္စုပ္ပန် အကျိုးတရား (၅) ပါး ထင်ရှား ဖြစ်ပေါ်လာ၏။ |
1,321,207 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရုပ်ဟူသည် ဗုဒ္ဓတရားတော်၌ ရုပ် (၂၈) ပါး လာရှိ၏။ |
1,321,208 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းရုပ်တရားတို့ကို - |
1,321,209 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရုပ် (၂၈) ပါးဟူသော အရေအတွက်အားဖြင့် လည်းကောင်း |
1,321,210 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဖြစ်ကြောင်းသမုဋ္ဌာန် (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) အားဖြင့် လည်းကောင်း |
1,321,211 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဟုတ်တိုင်းမှန်စွာ မသိပါက ဤ သာသနာတော်၌ မဂ်ဖိုလ်နိဗ္ဗာန် ရသည့်တိုင်အောင် တိုးတက် စည်ကားကြီးပွားမှု မရှိနိုင်ကြောင်းကို မဟာဂေါပါလကသုတ္တန်တွင် ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။ |
1,321,212 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မ-ဋ္ဌ-၂-၁၆၃-၁၆၄။ |
1,321,213 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) နာမ်ဟူသည် |
1,321,214 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရူပါရူပကလာပုပ္ပါဒနံ- (မဟာဋီ-၂-၂၃၅။ |
1,321,215 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဟူသော မဟာဋီကာ၏ အသုံးအနှုန်းအတိုင်း နာမ်တရားတို့သည် နာမ်ကလာပ် ဟု ခေါ်ဆိုအပ်သော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာရှိကြ၏။ |
1,321,216 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နာမ်တရားတို့၌ ဝီထိစိတ် နှင့် ဝီထိမုတ်စိတ် ဟု နှစ်မျိုးရှိ၏။ |
1,321,217 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒွါရ အာရုံတိုက်ဆိုင်သောအခါ ဖြစ်ပေါ်လာသော စိတ်အစဉ်တို့ကား ဝီထိစိတ်တို့ ဖြစ်ကြ၏။ |
1,321,218 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … သမ္မာသမာဓိဟူသည် အဘယ်နည်း |
1,321,219 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်သည်ဖြစ်၍ ... ပထမဈာန် သို့ ရောက်၍ နေ၏။ |
1,321,220 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ခ။ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်း၍ သွားခြင်းကြောင့် ... ဒုတိယဈာန် သို့ ရောက်၍ နေ၏။ |
1,321,221 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဂ။ ပီတိ၏လည်း ကင်းချုပ်၍ သွားခြင်းကြောင့် ... တတိယဈာန် သို့ ရောက်၍ နေ၏။ |
1,321,222 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဃ။ သုခကိုလည်း ပယ်ခြင်းကြောင့်၊ ဒုက္ခကိုလည်း ပယ်ခြင်းကြောင့် ... စတုတ္ထဈာန် သို့ ရောက်၍ နေ၏။ |
1,321,223 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိ ဟူ၍ ဆိုအပ်၏။ |
1,321,224 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … သမ္မာသမာဓိဟူသည် အဘယ်နည်း။ |
1,321,225 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ |
1,321,226 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ ရဟန်းတို့ … ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်သည် ဖြစ်၍ သာလျှင် ဝိတက်နှင့်တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍ နေ၏။ |
1,321,227 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ခ။ ဝိတက်ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ |
1,321,228 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ခ။ ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်း၍ သွားခြင်းကြောင့် မိမိ၏ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို တိုးပွါးစေတတ်သော ဝိတက် လည်း မရှိသော ဝိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ |
1,321,229 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဂ။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ “ဥပေက္ခကော သတိမာ သုခဝိဟာရီ” တိ၊ တတိယံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ |
1,321,230 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဂ။ ပီတိ၏လည်း ကင်းချုပ်၍ သွားခြင်းကြောင့် အညီအမျှ လျစ်လျူရှလျက် သတိရှိလျက် ဆင်ခြင်လျက်နေ၏။ |
1,321,231 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကြင် တတိယဈာန် ကြောင့် ထိုတတိယဈာန်နှင့် ပြည့်စုံသူကို “အညီအမျှ လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာသူတော်ကောင်း တို့သည် ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ |
1,321,232 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယ။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေ၀ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထ ဈာနံဥပသမ္ပဇ္ဇ ဝိဟရတိ။ |
1,321,233 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သုခကိုလည်း ပယ်ခြင်းကြောင့်၊ ဒုက္ခကိုလည်း ပယ်ခြင်းကြောင့် ရှေးမဆွကပင် သောမနဿ ဒေါမနဿတို့၏ ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခလည်းမရှိ သုခလည်း မရှိသော ဥပေက္ခာကြောင့် ဖြစ်ပေါ်၍ လာသော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ |
1,321,234 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ |
1,321,235 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၂-၂၂၂။ |
1,321,236 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဥပစာရသမာဓိနှင့်တကွသော သမာပတ်(၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိမည်၏။ |
1,321,237 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိကို ထူထောင်သည်သာဟု ဖြေဆိုလေ။ |
1,321,238 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သုဒ္ဓဝိပဿနာယာနိကော ပန အယ မေဝ ဝါ သမထယာနိကော စတုဓါတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓါတုပရိဂ္ဂဟမုခါနံ အညတရ မုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတဿော ဓါတုယော ပရိဂ္ဂဏှာတိ။ |
1,321,239 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၂- ၂၂၂။ |
1,321,240 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် လည်းကောင်း၊ ရုပ်ကမ္မဋ္ဌာန်းကစတင်၍ ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့ ကူးလိုသော ဤသမထယာနိကပုဂ္ဂိုလ်သည် လည်းကောင်း ဓါတ်ကြီးလေးပါးတို့ကို စတင်သိမ်းဆည်းရ၏။ |
1,321,241 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သု ခေါ စ ဝိဟာရော... (သံ-၃-၂၇၉။ |
1,321,242 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ရဟန်းတို့ … ဤအာနာပါနဿတိ သမာဓိသည် ပွားများအပ်သည်ရှိသော် ငြိမ်လည်းငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏။ |
1,321,243 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ချမ်းသာစွာ နေထိုင်ရကြောင်း တရားလည်းဖြစ်၏။ |
1,321,244 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ▬▬▬▬▬▬▬▬▬ ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘု ဇိတွာ ဥဇုံ ကာယံ ပဏိဓါယ ပရိုမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ သတောဝ ပဿသတိ။ |
1,321,245 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မ-၁-၇ဝ။ ) ရဟန်းတို့ … ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျက် ထိုင်၏။ |
1,321,246 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သတိပြုရန်: ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။ |
1,321,247 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁ -၂၇၁။ |
1,321,248 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဝင်သက်လေ ထွက်သက်လေ ထိထိသွားရာ ထိမှုထင်ရှားရာ အရပ်၌သာလျှင် သတိကို တည်စေ၍ ပွားများအားထုတ်အပ်၏။ |
1,321,249 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နိမိတ် (၃) မျိုး: ၁။ |
1,321,250 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပရိကမ္မနိမိတ် - မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော နိမိတ်။ |
1,321,251 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ ဥဂ္ဂဟနိမိတ် - ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးသော နိမိတ်။ |
1,321,252 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ ပဋိဘာဂနိမိတ် - သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပသော နိမိတ်။ |
1,321,253 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရေတွက်ခြင်း (ဂဏနာနည်း) |
1,321,254 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ▬▬▬▬▬▬▬▬▬ စိတ်ပျံ့လွင့်မှုများပါက ရေတွက်သည့်နည်းကို အသုံးပြုပါ - “ဝင်လေ ထွက်လေ” ... တစ်၊ “ဝင်လေ ထွက်လေ” ... နှစ် မှ ရှစ် အထိ။ |
1,321,255 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (၅) ထက်မလျော့၊ (၁၀) ထက်မပိုစေဘဲ ရေတွက်ရမည်။ |
1,321,256 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒီဃံ ဝါ အဿသန္တော “ဒီဃံ အဿသာမီ”တိ ပဇာနာတိ။ |
1,321,257 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ရှည်စွာ ရှူသွင်းသော် ရှည်သည်ဟု သိ၏။ |
1,321,258 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ၂။ ရဿံ ဝါ အဿသန္တော “ရဿံ အဿသာမီ”တိ ပဇာနာတိ။ |
1,321,259 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (တိုစွာ ရှူသွင်းသော် တိုသည်ဟု သိ၏။ |
1,321,260 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ |
1,321,261 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ -၁-၂၆၃။ |
1,321,262 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မဟာဋီ-၁-၃၂ဝ။ |
1,321,263 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အချိန်ကာလ ခပ်ကြာကြာဖြစ်နေသော ဝင်သက်လေ ထွက်သက်လေကို “အရှည်” ဟု လည်းကောင်း၊ အချိန်ကာလ ခပ်တိုတိုဖြစ်နေသည်ကို “အတို” ဟု လည်းကောင်း သိရှိပါလေ။ |
1,321,264 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီ”တိ သိက္ခတိ။ |
1,321,265 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမိ”တိ သိက္ခတိ။ |
1,321,266 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ “ဝင်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့”ဟု ကျင့်၏။ |
1,321,267 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ထွက်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့”ဟု ကျင့်၏။ |
1,321,268 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်သက်လေ ထွက်သက်လေ၏ အရှည်အတို အာရုံ၌ ထိုင်တိုင်း ထိုင်တိုင်း ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဝင်သက်လေ ထွက်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင် ကြိုးစားအားထုတ်ပါ။ |
1,321,269 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရှေးဦးစွာ ဝင်လေ ထွက်လေအာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ |
1,321,270 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုနောင် အရှည် အတို အာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ |
1,321,271 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အရှည်အတို အာရုံ၌ သတိမြဲ၍ စည်းစည်း ပိုင်ပိုင် သတိကပ်နေသောအခါ ဤ “ဝင်သက်လေ ထွက်သက်လေ၏ အစ အလယ် အဆုံး-အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်’ ဆက်လက် ကြိုးစားပါ။ |
1,321,272 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရှည်ရှည်တိုတို တောက်လျှောက်သိအောင် ကြိုးပမ်းပါ။ |
1,321,273 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ကြိုးပမ်းရာ၌ “ဤကား အစ၊ ဤကား အလယ်၊ ဤကား အဆုံး” ဟု လိုက် မမှတ်ပါနှင့်၊ သမာဓိပျက်ပြယ်သွားတတ်သည်။ |
1,321,274 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မမှတ်ဘဲ မနေနိုင်သော် “ဝင်လေ ထွက်လေ”ဟုသာ မှတ်ပါ။ |
1,321,275 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။ |
1,321,276 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤတတိယဆင့်မှ စ၍ ပဇာနာတိ-ကွဲကွဲပြားပြားသိ၏ ဟု မဟောဘဲ သိက္ခတိ-ကျင့်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ |
1,321,277 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုဝင်သက်လေ ထွက်သက်လေအာရုံ၌ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းလေရာ ကြိုးပမ်း သည့်အတိုင်း အကုန်လုံးကိုလည်း ထင်ထင်ရှားရှား တစ်နာရီ နှစ်နာရီစသည်ဖြင့် အဆက်မပြတ် ဆက်တိုက်သိနေသောအခါ ထိုဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ- |
1,321,278 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ နီဝရဏကိလေသာ အညစ်အကြေးတို့ စိတ်အစဉ်သို့ ဝင်ရောက်မလာအောင် စောင့်စည်းမှု သံဝရတရားကား အဓိသီလသိက္ခာ၊ (သတိသံဝရ- ဝီရိယသံဝရ ဟူ၏။ |
1,321,279 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ခ။ ထိုအကုန်လုံးသော ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကား အဓိစိတ္တသိက္ခာ၊ ဂ။ |
1,321,280 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိနေသော ပညာကား အဓိပညာသိက္ခာ။ |
1,321,281 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ ဟု သိစေ လို၍ သိက္ခတိ-သဒ္ဒါဖြင့် ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။ |
1,321,282 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၆၆။ |
1,321,283 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) တစ်ဖန်- “အဿသိဿာမိ၊ ပဿသိဿာမိ = ဝင်သက်လေကို ရှူသွင်းအံ့- ထွက်သက်လေကို ရှူထုတ်အံ့”ဟု-အနာဂတ်ဝိဘတ်ဖြင့်လည်း ဟောကြားထားတော် မူပြန်၏။ |
1,321,284 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကြောင်းမှာ ဤသို့ ဖြစ်၏ - ဤတတိယဆင့်မှ စ၍- |
1,321,285 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊ ခ။ |
1,321,286 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်သက်လေ-ထွက်သက်လေ၏ ချုပ်ငြိမ်းမှုကို ထင်ထင်ရှားရှား သိတတ်သော ဉာဏ်။ |
1,321,287 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဂ။ ပီတိနှင့်တကွသော ဈာန်အင်္ဂါတို့ကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်။ |
1,321,288 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပီတိနှင့်တကွသော ဈာန်နာမ်တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် တို့ကို ထင်ထင်ရှားရှား ထိုးထွင်းသိတတ်သောဉာဏ်။ |
1,321,289 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ တေဘူမက သင်္ခါရတရား တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း သိတတ်သော ဉာဏ်။ |
1,321,290 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့စသော တန်ဖိုးရှိသော ဉာဏ်တို့ကို ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွါးများ အားထုတ်ပါဟု သိစေလို၍ ဤမှစ၍ အာနာပါနကျင့်စဉ်ကို အနာဂတ်ဝိဘတ် ဖြင့် ဘုရားရှင်ဟောကြားတော်မူသည်။ |
1,321,291 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (အာနာပါနကျင့်စဉ်စတုက္က လေးခု အပြည့်အစုံကို ဝိပဿနာပိုင်းတွင် ကြည့်ပါ။ |
1,321,292 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ပဿမ္ဘယံ ကာယသင်္ခါရံ |
1,321,293 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၄။ “ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီ”တိ သိက္ခတိ။ |
1,321,294 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမိ”တိ သိက္ခတိ။ |
1,321,295 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၄။ ရုန့်ရင်းသော အဿာသ ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏။ |
1,321,296 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရုန့်ရင်းသော အဿာသ ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ |
1,321,297 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အသင်သူတော်ကောင်းသည် ထိုင်တိုင်း ထိုင်တိုင်း ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ ရှေးဦးစွာ သတိမြဲအောင် ကြိုးစားပါ။ |
1,321,298 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သတိမြဲလာသောအခါ ထိုဝင်သက်လေ ထွက်သက်လေ၏ အရှည် အတို အနှေး အမြန်ကို သိအောင် ဆက်လက်ကြိုးစားပါ။ |
1,321,299 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဘာဝနာစိတ်သည် ထိုဝင်သက်လေ ထွက်သက်လေ၏ အရှည် အတို အာရုံ၌ စည်းစည်း ပိုင်ပိုင်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်လာသောအခါ ထို ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ပင်လျှင် ရှည်လျှင်လည်း အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင်၊ တိုလျှင်လည်း အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဆက်လက် ကြိုးပမ်းပါ။ |
1,321,300 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ကြိုးပမ်းရာ၌ ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားသည့် နေရာကသာ စောင့်၍ အစ အလယ် အဆုံး = အကုန်လုံး ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းပါ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.