id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,321,101 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ နာကြားကြည့်ရာ၌ ထိုသူတော်ကောင်းကြီးများကဲ့သို့ တရားနာယူရုံမျှဖြင့် အရိယ မဂ်ဖိုလ်သို့ မဆိုက်ရောက်ခဲ့လျှင် သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်း မသိခဲ့လျှင် မိမိကိုယ်ကို မိမိ ဥဂ္ဃဋိတညူပုဂ္ဂိုလ် ဝိပဉ္စိတညူပုဂ္ဂိုလ် မဟုတ်ဟူ၍သာ ဆုံးဖြတ်ပါ။ |
1,321,102 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ ဆုံးဖြတ်ပြီးသောအခါ နေယျပုဂ္ဂိုလ်တို့ ကျင့်ရမည့်ဓမ္မတာအတိုင်း သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ် တရားတို့ကို ပါဠိတော် အဋ္ဌကထာဋီကာတို့၌ ညွှန်ကြားပြသ ထားသည့်အတိုင်း အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ |
1,321,103 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ရှေးဦးစွာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလမဂ္ဂင်သုံးပါးနှင့် ပြည့်စုံအောင် သီလကို ဖြူစင်အောင် ကြိုးစားအားထုတ်ပါ။ |
1,321,104 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ သီလဖြူစင်သဖြင့် သီလဝိသုဒ္ဓိဖြစ်သောအခါ စိတ်အစဉ်၌ နီဝရဏအညစ် အကြေးများ ကင်းရှင်းအောင် စိတ်ဓါတ်ဖြူစင် သန့်ရှင်းအောင် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင် သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟူသော သမာဓိမဂ္ဂင် သုံးပါးနှင့် ပြည့်စုံအောင် သမာဓိကို ထူထောင်ပါ။ |
1,321,105 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာမိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုသော် လည်းကောင်း နှစ်မျိုးလုံးသော သမာဓိကိုသော် လည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ |
1,321,106 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိနှင့်လည်းကောင်း နှစ်မျိုးလုံးသော သမာဓိနှင့်လည်းကောင်း ပြည့်စုံသဖြင့် စိတ္တဝိသုဒ္ဓိဖြစ်သောအခါ စိတ်ဓါတ် ဖြူစင် သန့်ရှင်းလာသောအခါ ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်နှင့် ပြည့်စုံအောင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ပညာမဂ္ဂင်နှစ်ပါးနှင့် ပြည့်စုံအောင် ကြို... |
1,321,107 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တစ်နည်းဆိုရသော်- |
1,321,108 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | က။ ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်း သိမြင်တတ်သည့် သမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံအောင်၊ ခ။ |
1,321,109 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သမုဒယသစ္စာအမည်ရသည့် - ၁။ |
1,321,110 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆိုင်ရာအတိတ်အကြောင်းတရား (၅) ပါးကြောင့် ဆိုင်ရာအတိတ် အကျိုးတရား (၅) ပါးထင်ရှားဖြစ်ပုံ၊ ၂။ |
1,321,111 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆိုင်ရာအတိတ်အကြောင်းတရား (၅) ပါးကြောင့် ဆိုင်ရာပစ္စုပ္ပန် အကျိုးတရား (၅) ပါးထင်ရှားဖြစ်ပုံ၊ ၃။ |
1,321,112 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆိုင်ရာပစ္စုပ္ပန်အကြောင်းတရား (၅) ပါးကြောင့် ဆိုင်ရာအနာဂတ် အကျိုးတရား (၅) ပါးထင်ရှားဖြစ်ပုံ၊ ၄။ |
1,321,113 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆိုင်ရာအနာဂတ်အကြောင်းတရား (၅) ပါးကြောင့် ဆိုင်ရာအနာဂတ် အကျိုးတရား (၅) ပါး ထင်ရှားဖြစ်ပုံ ဟူသော ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ထိုးထွင်းသိမြင် တတ်သော သမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံအောင်၊ |
1,321,114 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဂ။ ၁။ |
1,321,115 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ခယနိရောဓသစ္စာ အမည်ရသော သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို ထိုးထွင်း သိမြင်တတ်သော ဝိပဿနာမဂ္ဂသမ္မာ ဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံအောင်၊ ၂။ |
1,321,116 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အစ္စန္တနိရောဓသစ္စာ အမည်ရသော သင်္ခါရတရားတို့၏ စင်စစ်ချုပ်ဆုံးရာ နိဗ္ဗာန် တရားတော်မြတ်ကြီးကို ထိုးထွင်း သိမြင်တတ်သော အရိယ မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံအောင်၊ ၃။ |
1,321,117 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | လောကီဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟူသော လောကီမဂ္ဂ သစ္စာတရား သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ဟူသော လောကီမဂ္ဂသစ္စာတရား၊ ၄။ |
1,321,118 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော အစ္စန္တနိရောဓသစ္စာ အမည်ရသည့် နိဗ္ဗာန် တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်နေသော အာရုံပြုနေသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ဟူသော လောကုတ္တရာ မဂ္ဂသစ္စာတရား၊ |
1,321,119 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤလောကီ လောကုတ္တရာ မဂ္ဂသစ္စာကို ထိုးထွင်းသိမြင်တတ်သော သမ္မာဒိဋ္ဌိဉာဏ် နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ |
1,321,120 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ သစ္စာလေးရပ်တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက် သိမြင်ရေးအတွက် လိုအပ်သောတရားကား အဘယ်ပါနည်း? အဖြေမှာ အောက်ပါအတိုင်းဖြစ်၏-- |
1,321,121 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ▬▬▬▬▬▬▬▬ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ |
1,321,122 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ “ဣဒံ ဒုက္ခ” န္တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခသမုဒယော” တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓော” တိ ယထာဘူတံ ပဇာနာတိ၊ “အယံ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ” တိ ယထာဘူတံ ပဇာနာတိ။ |
1,321,123 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၃-၃၆၃။ |
1,321,124 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ရဟန်းတို့ --- (ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို သို့မဟုတ် ဥပစာရ အပ္ပနာ နှစ်ဖြာသော) သမာဓိကို ပွါးများကြကုန်လော့၊ ရဟန်းတို့ တည်ကြည်သော သမာဓိရှိသော ရဟန်းသည် မဖေါက်မပြန် ဟုတ်မှန်စွာ ကွဲကွဲပြားပြား သိ၏။ |
1,321,125 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဘယ်တရားကိုလျှင် မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိလေသနည်း-- |
1,321,126 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ “ဤကား ဒုက္ခအရိယသစ္စာတရားတည်း”ဟု မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ |
1,321,127 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ “ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်း” ဟု မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ |
1,321,128 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ “ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်း” ဟု မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ |
1,321,129 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၄။ “ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာ တရားတည်း” ဟု မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ |
1,321,130 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ရဟန်းတို့ . . . . စိတ်တည်ကြည်မှု သမာဓိကို ပွားများကြကုန်လော့၊ ရဟန်းတို့ … တည်ကြည်သော သမာဓိရှိသော ရဟန်းသည် မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ |
1,321,131 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ . . . ထို့ကြောင့် ဤသာသနာတော်၌ သင်တို့သည်---- ၁။ |
1,321,132 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ဤကား ဒုက္ခအရိယသစ္စာတရားတည်း” ဟု သိအောင် ကြိုးစားအားထုတ်ပါ။ |
1,321,133 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ “ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်း”ဟု သိအောင် ကြိုးစား အားထုတ်ပါ။ |
1,321,134 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ “ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်း” ဟု သိအောင် ကြိုးစား အားထုတ်ပါ။ |
1,321,135 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၄။ “ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရား တည်း” ဟု သိအောင်ကြိုးစား အားထုတ်ပါ။ |
1,321,136 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ▬▬▬▬▬▬ ဣဒဥှိ ဝုတ္တံဟောတိ-ဘိက္ခဝေ ယသ္မာ သမာဟိတော ဘိက္ခု စတ္တာရိ သစ္စာနိ ယထာဘူတံ ပဇာနာတိ၊ တသ္မာ တုမှေဟိ စ သမာဟိတေဟိ စတုန္နံ သစ္စာနံ ယထာဘူတံ ပဇာနနတ္ထာယ “ဣဒံ ဒုက္ခ” န္တိ ယောဂေါ ကရဏီယော၊ ယထာ ယသ္မာ စတ္တာရိ သစ္စာနိ တထာဂတဿေ၀ ပါတုဘာဝါ ပါကဋာနိ ဟောန္တိ၊ ယသ္မာ စ တထာဂတေန သုဝိဘတ္တာနိ၊ ယသ္မာ စ တေသု အပရိမာဏာ ဝဏ္ဏာ အပရိမာဏာနိ ပဒဗျဉ္ဇနာ... |
1,321,137 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-ဋ္ဌ-၃-၃၂၄။ |
1,321,138 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … တည်ကြည်သော သမာဓိရှိသော ရဟန်းသည် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိ၏။ |
1,321,139 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့ကြောင့် တည်ကြည်သော သမာဓိရှိ ကုန်သော သင်ချစ်သားတို့သည် -- |
1,321,140 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ဤကား ဒုက္ခအရိယသစ္စာတရား တည်း။ |
1,321,141 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ မဂ္ဂအရိယသစ္စာ တရားတည်း” ဟု အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိရန်အလို့ငှါ ကြိုးစားအားထုတ်ပါ။ |
1,321,142 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းအရိယသစ္စာ လေးရပ်တရားမြတ် တို့သည်ကား တထာဂတ အမည်ရတော်မူသော ဘုရားရှင်၏ ဉာဏ်တော်မြတ်၌ ပင်လျှင် လက်ဝယ်တင်ထား ပတ္တမြားသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်တည်ရှိ နေကြကုန်၏။ |
1,321,143 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့ပြင် ယင်းသို့ ဟောကြားပြသ ထားတော်မူအပ်သော သစ္စာလေးရပ် တရား မြတ်နှင့် ဆက်စပ်နေသော ယင်းဒေသနာတော်တို့၌ အတိုင်းအတာ ပမာဏ မရှိကြကုန်သော ပုဒ်ဗျဉ်းတို့သည်လည်း ထင်ရှား တည်ရှိနေကြကုန်၏။ |
1,321,144 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုပြင် ယင်း အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သင်ချစ်သားတို့ ကိုယ်တိုင် သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖေါက်လျက် မသိမမြင်ခြင်းတို့ကြောင့် သင်ချစ်သားတို့၏ သံသရာဝဋ်ဆင်းရဲ ဒုက္ခသည်လည်း တိုးပွားလျက်နေ၏။ |
1,321,145 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းအရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သင်ချစ်သားတို့ ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက်သိမြင်ပြီးရာ ထိုအချိန်အခါမှစ၍ သင်ချစ်သားတို့၏ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် တိုးပွားမှု မရှိတော့ပေ။ |
1,321,146 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့ကြောင့် “ဤသို့လျှင် ငါတို့၏သံသရာဝဋ်ဆင်းရဲ ဒုက္ခသည် မတိုးပွားတော့ပေ လတ္တံ့” ဟုနှလုံးပိုက်၍ သင်ချစ်သားတို့သည် “ဤကား ဒုက္ခအရိယသစ္စာတရား တည်း။ |
1,321,147 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ မဂ္ဂအရိယသစ္စာတရားတည်း” ဟုအရိယသစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက်သိမြင်အောင် ကြိုးစား အားထုတ်ပါ။ |
1,321,148 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) တစ်ဖန်အောက်ပါ ခဒိရပတ္တသုတ္တန် ဒေသနာတော်ကိုလည်း ဖတ်ရှ ကြည့်ပါ။ |
1,321,149 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ▬▬▬▬▬▬ ရဟန်းတို့ အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ဤသို့ ပြောဆိုလာငြားအံ့ “ငါသည် ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက် မသိမမြင်မူ၍၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက် မသိ မမြင်မူ၍၊ ဒုက္ခချုပ်ရာ နိရောဓအရိယ ... |
1,321,150 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဥပမာသော်ကား “ငါသည် ရှားရွက်တို့ကို လည်းကောင်း ထင်းရှူးရွက်တို့ ကိုလည်းကောင်း ရှစ်ရှားရွက်တို့ကို လည်းကောင်း ဖက်ခွက်ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်ယူလာအံ့ ဖက်လိပ် နားတောင်း ပြုလုပ်၍မူလည်း ပန်ဆင်ပေအံ့” ဟု အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ... |
1,321,151 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့အတူပင် - |
1,321,152 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ “ငါသည် ဒုက္ခအရိယသစ္စာတရားကို။ |
1,321,153 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ မဂ္ဂအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက် မသိမမြင်မူ၍ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ငါပြုအံ့” ဟု တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းသည် မရှိသည်သာလျှင်တည်း။ |
1,321,154 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … အကြင် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ဤသို့ပြောဆို လာငြားအံ့ “ငါသည် ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖေါက်သိမြင်သည်ဖြစ်၍ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက်သိမြင်သည် ဖြစ်၍ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရာ... |
1,321,155 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဥပမာသော်ကား “ငါသည် ပဒုမ္မာကြာရွက်တို့ကို လည်းကောင်း၊ ပေါက်ရွက်တို့ကိုလည်းကောင်း၊ ခွေးတောက် (မာလော) ရွက်တို့ကိုလည်းကောင်း၊ ဖက်ခွက်ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်ယူလာအံ့၊ ဖက်လိပ် နားတောင်း ပြုလုပ်၍မူလည်း ပန်ဆင်ပေအံ့” ဟု အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိ... |
1,321,156 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့အတူပင်-- |
1,321,157 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့---”ငါသည် ဒုက္ခအရိယသစ္စာတရားကို။ |
1,321,158 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ မဂ္ဂအရိယသစ္စာ တရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက်သိမြင်သည်ဖြစ်၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်အခြားကို ငါပြုပေအံ့” ဟု အမှတ်မထား တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည် ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်းသည် ရှိသည်သာလျှင်တည်း။ |
1,321,159 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ --- ထိုကြောင့် ဤသာသနာတော်၌ သင်ချစ်သားတို့သည် - ၁။ |
1,321,160 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ”ဤကား ဒုက္ခအရိယသစ္စာတရားတည်း” ဟု သိအောင် ကြိုးစားအားထုတ်ပါ။ |
1,321,161 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတရားတည်း” ဟု သိအောင်ကြိုးစားအားထုတ်ပါ။ |
1,321,162 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၃-၃၈၃-၃၈၄။ |
1,321,163 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဒုက္ခအရိယသစ္စာတရား ဟူသည် |
1,321,164 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဘယ်တရားသည် ဒုက္ခအရိယသစ္စာတရားပါနည်းဟု မေးရန်ရှိလာ၏။ |
1,321,165 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၃-၃၆၉။ |
1,321,166 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အကျဉ်းချုပ်အားဖြင့် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခအရိယသစ္စာမည်၏။ |
1,321,167 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဘယ်တရားသည် ရူပုပါဒါနက္ခန္ဓာ။ |
1,321,168 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ ဝိညာဏပါဒါနက္ခန္ဓာ မည်ပါသနည်းဟု မေးရန် ရှိလာပြန်၏။ |
1,321,169 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓာ။ |
1,321,170 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၂-၃၉-ခန္ဓသုတ္တန်။ |
1,321,171 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ရဟန်းတို့. . . အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာဒိဋ္ဌိတို့ဖြင့် “ငါ-ငါ့ဟာ” ဟု စွဲလမ်းအပ်သော - |
1,321,172 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည် လည်းကောင်း၊ |
1,321,173 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဇ္ဈတ္တမူလည်းဖြစ်သော ဗဟိဒ္ဓမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရား သည်လည်းကောင်း၊ |
1,321,174 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရုန့်ရင်းကြမ်းတမ်းသော သြဠာရိကမူလည်းဖြစ်သော သိမ်မွေ နူးညံ့သော သုခုမမူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ |
1,321,175 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယုတ်ညံ့သည်မူလည်းဖြစ်သော မွန်မြတ်သည်မူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည် လည်းကောင်း၊ |
1,321,176 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝေးသည်မူလည်းဖြစ်သော နီးသည်မူလည်းဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိ၏။ |
1,321,177 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤ(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားအပေါင်းသည် ရူပုပါဒါနက္ခန္ဓာ မည်၏။ |
1,321,178 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (အလားတူပင် အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် “ငါ ငါ့ဟာ” ဟု စွဲလမ်းအပ်သော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော - ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် တို့ကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ ဟု အသီးသီးဆက်လက်၍ ဟောကြားထားတော် မူပေသည်။ |
1,321,179 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် “ငါ-ငါ့ဟာ” ဟု စွဲယူအပ်သော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅) ပါးသည် ဒုက္ခအရိယသစ္စာတရား မည်၏။ |
1,321,180 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖေါက် မသိမမြင်ပါက သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီး မကုန်ဆုံးနိုင် ဟူသော အချက်ကို ငယ်ထိပ်တွင် သံမှိုနှက်သကဲ့သို့ စွဲနေအောင် မှတ်သားပါ။ |
1,321,181 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒုက္ခသမုဒယအရိယသစ္စာ ဟူသည် |
1,321,182 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဘယ်တရားသည် ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားပါနည်း ဟုလည်း မေးရန်ရှိလာပြန်၏။ |
1,321,183 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဖြေမှာ ဤသို့ဖြစ်၏။ |
1,321,184 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဘိဓမ္မာ သစ္စဝိဘင်းပါဠိတော် (အဘိ-၂-၁၁၂-၁၁၈။ |
1,321,185 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | )၌... တဏှာကို ဒုက္ခသမုဒယအရိယသစ္စာ ဟုလည်းကောင်း |
1,321,186 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကိလေသာ (၁၀) ပါးကို သမုဒယသစ္စာဟုလည်းကောင်း |
1,321,187 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလ တရားသုံးပါးကို သမုဒယသစ္စာဟုလည်းကောင်း |
1,321,188 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ် တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း |
1,321,189 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟု ဟောကြားထားတော်မူ၏။ |
1,321,190 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးကလည်း ယင်းပါဠိတော်ကြီးကိုပင် ကိုးကား၍ ဤသို့ ဖွင့်ဆိုထားတော်မူ၏။ |
1,321,191 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (အဘိ-ဋ္ဌ-၂-၁၈၅။ |
1,321,192 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို အထူးမဆို သာမညအားဖြင့် သမုဒယသစ္စာဟူ၍ သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်။ |
1,321,193 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အင်္ဂုတ္တိုရ်တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ကား ဤသို့ ဟောကြားထားတော်မူ၏။ |
1,321,194 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတန ပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ |
1,321,195 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ |
1,321,196 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဟန်းတို့ … ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူသည် အဘယ်နည်း? အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရတို့ဖြစ်ကုန်၏။ |
1,321,197 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သင်္ခါရတို့ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏။ |
1,321,198 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏။ |
1,321,199 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏။ |
1,321,200 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.