id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,321,301 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိမှုထင်ရှားရာ နေရာမှ အတွင်းဘက်သို့လည်းကောင်း၊ အပြင်ဘက်သို့ လည်းကောင်း ဝင်လေ ထွက်လေကို လိုက်မကြည့်ပါနှင့်။ |
1,321,302 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိမှုထင်ရှားရာ တစ်နေရာမှသာ စောင့်ကြည့်ပါ။ |
1,321,303 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်း ထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ထိုဝင်သက်လေ ထွက်သက်လေကို သိမ်မွေ့ နူးညံ့စေရမည်၊ ငြိမ်သက်စေရမည်ဟု နှလုံးပိုက်၍-နှလုံးသွင်း၍ အစ အလယ် အဆုံး အကုန်လုံးကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍... |
1,321,304 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်သက်လေ ထွက်သက်လေကို တမင်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ သမာဓိသည် ပျက်ပြယ်သွားတတ်သည်။ |
1,321,305 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “သြဠာရိကောဠာရိကေ ကာယသင်္ခါရေ ပဿမ္ဘေမီ”တိ အာဘောဂ သမန္နာဟာရ မနသိကာရ ပစ္စဝေက္ခဏာ- (ဝိသုဒ္ဓိ-၁-၂၆၇။ |
1,321,306 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ရုန့်ရင်း ရုန့်ရင်းကုန်သော ကာယသင်္ခါရ အမည်ရသော အဿာသပဿာသ ဝင်သက်လေ ထွက်သက်လေတို့ကို ငြိမ်းစေအံ့-ဟု- ၁။ |
1,321,307 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရှေးဦးစွာ ဆင်ခြင်ခြင်း၊ (အာဘောဂ) ၂။ |
1,321,308 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စိတ်ကို အဖန်တလဲလဲ ရှေးရှုဆောင်ခြင်း၊ (သမန္နာဟာရ) ၃။ |
1,321,309 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နှလုံးသွင်းခြင်း၊ (မနသိကာရ) ၄။ |
1,321,310 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စူးစမ်းခြင်း၊ (ပစ္စဝေက္ခဏာ = ဝီမံသ) |
1,321,311 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဟူသော ဤဦးတည်ချက်ရှိလျှင် လုံလောက်ပေပြီ၊ အာနာပါနကို သက်သက် သိမ်မွေ့အောင် တမင်ပြုပြင်ပေးနေရပါက သမာဓိ ပျက်ပြားတတ်ရုံသာမက စိတ်လည်း ပင်ပန်း လူလည်း နွမ်းလာတတ်သည်။ |
1,321,312 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် အာနာပါနကို သိမ်မွေ့စေရမည် ငြိမ်းစေရမည်ဟူသော ဦးတည်ချက် ဖြင့်သာ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူနေပါ။ |
1,321,313 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ အားထုတ်ရာ၌ သမာဓိအား ကောင်းလာသည်နှင့်အမျှ အာနာပါနလေသည် တဖြည်းဖြည်း သိမ်မွေ့လာတတ်၏။ |
1,321,314 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်သထက် ငြိမ်ဝပ်အောင် ကပ်သထက် ကပ်နေအောင် စွမ်းအင်ကြီးမားသော သတိဖြင့် စူးစူးစိုက်စိုက် ရှုနေပါ။ |
1,321,315 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤအပိုင်း၌ သိမ်မွေ့သော လေကို သိမ်းဆည်းတတ်သော သတိနှင့် သိမ်မွေ့သော လေကို ထင်ထင်ရှားရှား သိတတ်သော အလွန်အားကောင်းသော ပညာတို့ကား အထူးလိုအပ်ပေသည်။ |
1,321,316 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ ကြိုးပမ်းရာ၌ ရံခါ ဝင်သက်လေ ထွက်သက်လေမှာ မထင်မရှားဖြစ်နေ တတ်၏။ |
1,321,317 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအခါ မူလရှုသည့်နေရာ၌သာ စိတ်စိုက်၍ အသက်ရှူနေပါသည်ဟု နှလုံးပိုက်၍ ကြည့်နေပါ။ |
1,321,318 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မိမိ၏ သတိပညာ အားနည်းမှုကြောင့်သာ ဝင်သက်လေ ထွက်သက်လေကို မသိခြင်းဖြစ်သည်ဟု နှလုံးပိုက်၍ မူလရှုမြဲနေရာ၌သာ စိုက်ရှုနေပါ။ |
1,321,319 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိသမာဓိ ဘာဝနံ ဝဒါမိ။ |
1,321,320 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဘိက္ခဝေ=ရဟန်းတို့၊ ငါဘုရားသည် အာနာပါနကို သိမ်းဆည်းတတ်သော သတိလွတ်ကင်း ပျောက်ပျက်လျက်ရှိသော၊ အာနာပါနကို ထင်ထင်ရှားရှား သိတတ်သော ဆင်ခြင် တတ်သော သမ္ပဇဉ်ဉာဏ် ကင်းသသူအား အာနာပါနဿတိသမာဓိ ဘာဝနာကို ဟောတော်မမူ။ |
1,321,321 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၃-၂၉၄။ |
1,321,322 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) မည်သည့်ကမ္မဋ္ဌာန်းမဆို သတိနှင့်ပြည့်စုံသသူအားသာလျှင် သမ္ပဇဉ်ဉာဏ်ပညာဖြင့် ပြည့်စုံသသူအားသာလျှင် ပြည့်စုံနိုင်သည်မှန်သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြား ကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းရှုပွါးသော ယောဂါဝစရ ပုဂ္ဂိုလ်အား မိမိရှုပွါးနေသည့် ကမ္မဋ္ဌာန်းအာရုံသည် သမာဓိအား ကောင်းလာလေ ထင်ရှားလာလေသည်သာ ဖြစ်သည်။ |
1,321,323 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သို့သော် ဤအာနာပါနကမ္မဋ္ဌာန်းသည်ကား ခဲယဉ်းလှ၏။ |
1,321,324 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ခဲခဲယဉ်းယဉ်း ပွါးများရသော ဘာဝနာလည်း ဖြစ်၏။ |
1,321,325 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ၂။ |
1,321,326 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပစ္စေက ဗုဒ္ဓဘုရားရှင်၊ ၃။ |
1,321,327 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဗုဒ္ဓ ပုတ္တ အမည်ရကြသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သားသာဝက၊ |
1,321,328 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသုံးမျိုးကုန်သော မဟာပုရိသ အမည်ရကြကုန်သော ယောက်ျားမြတ်တို့သာလျှင် နှလုံးသွင်းရာ ဘုံဌာန ဖြစ်၏။ |
1,321,329 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သိမ်သိမ်ငယ်ငယ် မဟုတ်သည်သာတည်း။ |
1,321,330 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သိမ်သိမ် ငယ်ငယ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မှီဝဲနိုင်သည့် ကမ္မဋ္ဌာန်းလည်း မဟုတ်ခဲ့ပေ။ |
1,321,331 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုထို နှလုံးသွင်းသော အခြင်းအရာအားဖြင့် ယင်းအာနာပါနအာရုံသည် ငြိမ်လည်း ငြိမ်သက်၏။ |
1,321,332 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အားကောင်းမောင်းသန်သော သတိကို လည်းကောင်း ပညာကို လည်းကောင်း အလိုရှိအပ်ပေသည်။ |
1,321,333 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၇၆။ |
1,321,334 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အာနာပါနနိမိတ်-ပေါ်စအခြေအနေ |
1,321,335 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်လေ ထွက်လေ၏ အလွန့်အလွန် သိမ်မွေ့ နူးညံ့သောကြောင့် မထင်မရှား ဖြစ်လာသောအခါ မူလ ဝင်လေ ထွက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ ရှုဖန်များလာပါက အလွန်သိမ်မွေ့သော လေကို တစ်ဖန်ပြန်၍ တွေ့လာတတ်၏။ |
1,321,336 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသိမ်မွေ့သော လေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလိုက်ပါက သမာဓိအား ကောင်းလာသောအခါ နိမိတ်များ ပေါ်လာတတ်ပေသည်။ |
1,321,337 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၁၇၅) ၌ အရှည် အတိုကို ရှူသည့်အပိုင်း၌လည်း နိမိတ် ပေါ်နိုင်ကြောင်း အဆိုအမိန့်လာရှိ၏။ |
1,321,338 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အတိတ်က ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားကောင်းသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အဆင့် လေးဆင့်လုံး၌ပင် နိမိတ်ပေါ်တတ်ပေသည်။ |
1,321,339 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အချို့ယောဂီများ၌ အလင်းရောင် အလျင် စ၍ ပေါ်တတ်၏။ |
1,321,340 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အချို့ယောဂီများ၌ နိမိတ် အလျင်စ၍ ပေါ်တတ်၏။ |
1,321,341 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အလင်းရောင်ပေါ်ခဲ့သော် ထိုအလင်းကို နှလုံး မသွင်းပါနှင့်။ |
1,321,342 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပကတိသော ဝင်သက်လေ ထွက်သက်လေကိုပင် သတိမြဲစွာ ရှုနေပါ။ |
1,321,343 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နိမိတ်ပေါ်ခဲ့လျှင်လည်း ပေါ်စနိမိတ်မှာ မခိုင်ခံ့တတ်သော သဘောရှိသဖြင့် နိမိတ်ကို နှလုံးမသွင်းသေးဘဲ ပကတိသော ဝင်လေ ထွက်လေကိုပင် ရှုနေပါ။ |
1,321,344 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကယ်၍ အရှည်အတိုကို ရှုသည့်အပိုင်း၌ နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုနိမိတ်ကို နှလုံးမသွင်းသေးဘဲ သဗ္ဗကာယ = ဝင်သက်လေ ထွက်သက်လေ၏ အစ အလယ် အဆုံး - အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်၊ ပဿမ္ဘယ - ဝင်သက်လေ ထွက်သက်လေကို သိမ်မွေ့ နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ဆက်ကျင့်ပါ။ |
1,321,345 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအခါ နိမိတ်လည်း တစ်စတစ်စ ခိုင်လာတတ်ပါသည်။ |
1,321,346 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သိမ်မွေ့နူးညံ့သော လေအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်သဖြင့် လေနှင့်နိမိတ် တစ်သားတည်းဖြစ်လာသောအခါ ယင်းသမာဓိကိုပင် ခိုင်ခံ့သည်ထက် ပို၍ ခိုင်ခံ့အောင် ဆက်လက်၍ သမာဓိကို ထူထောင်ပါ။ |
1,321,347 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဒီဃ = အရှည် ၂။ |
1,321,348 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရဿ = အတို ၃။ |
1,321,349 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သဗ္ဗကာယ = အကုန်လုံး ၄။ |
1,321,350 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပဿမ္ဘယ = သိမ်မွေ့နူးညံ့အောင် ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း။ |
1,321,351 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | လေနှင့်နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ လေသည်ပင် နိမိတ်၊ နိမိတ် သည်ပင် လေ ဖြစ်လာသောအခါ ပုံစံမှန်အဆင့်သို့ ရောက်ရှိသွားပေပြီ။ |
1,321,352 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ လေနှင့်နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ ထွက်လေက တခြား၊ နိမိတ်က တခြားဖြစ်နေတတ်၏။ |
1,321,353 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏။ |
1,321,354 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။ |
1,321,355 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ” (ဝိသုဒ္ဓိ-၁-၂၇၁။ |
1,321,356 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နေရာ၌ အာနာပါနကို သိမ်းဆည်းတတ်သော သတိကို ထား၍ အာနာပါနကမ္မဋ္ဌာန်းကို ပွါးများအားထုတ် သောပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ |
1,321,357 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တစ်ဖန် ယင်း နိမိတ်၏အရောင်ကိုလည်း နှလုံးမသွင်းပါနှင့်။ |
1,321,358 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤစည်းမျဉ်းဥပဒေသ မှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသတစ်ခုပင် ဖြစ်သည်။ |
1,321,359 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎသတော ဝါတရာသိ ယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ။ |
1,321,360 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ” (ဝိသုဒ္ဓိ-၁-၁၀၉။ |
1,321,361 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ထို့ကြောင့် အသင်သူတော်ကောင်းသည် ယင်း အာနာပါနနိမိတ်ကို ကြီးအောင် သေးအောင် ရှည်အောင် တိုအောင် ဝေးအောင် နီးအောင် ဖြူအောင် ဝါအောင် နီအောင် ပြာအောင် ဤသို့စသည်ဖြင့် မကြိုးစားပါနှင့်။ |
1,321,362 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းသို့ ကြိုးစားနေခဲ့သော် အသင်သူတော်ကောင်း အလိုရှိနေသော အာနာပါနဈာန် သို့ကား မရောက်ရှိနိုင်တော့ပေ။ |
1,321,363 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သော သူတို့အား တစ်ချက်တည်း ထပ်တူသည် မဖြစ်ပေ။ |
1,321,364 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အမျိုးမျိုးပေါ်တတ်၏။ |
1,321,365 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ လဲဝါဂွမ်း ကဲ့သို့ ၂။ |
1,321,366 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဗိုင်းဝါဂွမ်း ကဲ့သို့ ၃။ |
1,321,367 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်) ၄။ |
1,321,368 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ် + ပဋိဘာဂနိမိတ်) ၅။ |
1,321,369 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ၆။ |
1,321,370 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) |
1,321,371 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ |
1,321,372 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ” (ဝိသုဒ္ဓိ-၁-၂၇၇။ |
1,321,373 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဘာဝနာသညာ ထူးထွေကွဲပြားမှု ရှိသောကြောင့် နိမိတ် အမျိုးမျိုး ထင်လာခြင်း ဖြစ်ပေသည်။ |
1,321,374 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကဲ့သို့ အပြောင်း အလဲများနေပါက ဈာန်သမာဓိသို့ ရောက်ရှိဖို့ရန် များစွာ အခက်အခဲရှိနိုင်ပေသည်။ |
1,321,375 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥဂ္ဂဟနိမိတ် နှင့် ပဋိဘာဂနိမိတ် |
1,321,376 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ် ဖြစ်၏။ |
1,321,377 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖလ်တုံး မှန်တုံးကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ် တည်း။ |
1,321,378 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့ ပဋိဘာဂနိမိတ်ထင်သည့်အခါမှ စ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏကိလေသာ အညစ်အကြေးတို့သည် ခွါအပ်ပြီးသာလျှင် ဖြစ်ကုန်၏။ |
1,321,379 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သတိပြုရန် - ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ ... ဝင်သက်လေ ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို တစ်ဘက်သတ် စိုက်ရှုနေပါ။ |
1,321,380 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဣန္ဒြေငါးပါးညီမျှအောင် ကျင့်ပုံ |
1,321,381 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သဒ္ဓါ --- သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ ဟု ဣန္ဒြေငါးပါးရှိ၏။ |
1,321,382 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယောဂါဝစရပုဂ္ဂိုလ်၏စိတ်အစဉ်ကို နိဗ္ဗာန်သို့ သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ် ထားနိုင်သော စွမ်းအားကြီးငါးရပ်ပင် ဖြစ်၏။ |
1,321,383 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ |
1,321,384 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ” (ဝိသုဒ္ဓိ-၁-၁၂၆။ |
1,321,385 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာတစ်ခုကို ပွါးများနေသော သမာဓိ ကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏။ |
1,321,386 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင်များ ဖြစ်ပေါ်လာလောက်အောင် အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ် စွာကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏။ |
1,321,387 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ |
1,321,388 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤအရာ၌ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ တို့၏ညီမျှမှုကို ပညာရှိသူတော်ကောင်း တို့က ချီးမွမ်းတော်မူကြ၏။ |
1,321,389 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သဒ္ဓါက အားကောင်း၍ ပညာက ခွံ့နေသော် မုဒ္ဓပ္ပသန္န = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏။ |
1,321,390 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တိတ္ထိတို့၏ တပည့် သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိ နေတတ်၏။ |
1,321,391 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မနှဲလေး-မင်းကြီး- မင်းကလေး- မယ်တော်ကြီး စသည်တို့ကို ကြည်ညို နေသကဲ့သို့ မှတ်ပါ။ |
1,321,392 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ပညာက အားကောင်း၍ သဒ္ဓါက နုံ့ပြန်လျှင်လည်း ကေရာဋိကပက္ခ = ကောက်ကျစ် စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏။ |
1,321,393 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တကယ့်လက်တွေ့ မကျင့်ဘဲ ဝေဖန်ရေး သမားသက်သက် လုပ်နေတတ်၏။ |
1,321,394 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဆေးကြောင့် ဖြစ်သော ရောဂါသည် ကုစားရခက်ခဲ သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုး သည်လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏။ |
1,321,395 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒါပေမဲ့ ဟူသော စကားလုံးများကို ခပ်များများ သုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏။ |
1,321,396 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မလွှဲမရှောင်သာလျှင် “မြွေမသေ တုတ်မကျိုး” မူဝါဒကို လက်ခံကျင့်သုံးတတ်၏။ |
1,321,397 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | “ကောင်းတော့ ကောင်းပါရဲ့ ဒါပေမဲ့” ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏။ |
1,321,398 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဘုရား တရားတော်ကို ကျောခိုင်းနေသူများတည်း။ |
1,321,399 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သဒ္ဓါနှင့်ပညာတရား နှစ်ပါးညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သန္ဓေယျဝတ္ထု၌သာလျှင် ယုံကြည် တတ်၏။ |
1,321,400 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ်လက်တွေ့ ကျင့်က (ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ) အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.