id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,321,001
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုး တရားတွေ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လိုတဲ့ ယောဂီပုဂ္ဂိုလ်ဟာလည်း အကြောင်းရင်းဖြစ်တဲ့ ပစ္စုပ္ပန်ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတွေကိုရော အကျိုးဖြစ်တဲ့ အနာဂတ်ဝိပါကဝဋ်ခန္ဓာတွေကိုရော ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်ဖို့ လိုပါတယ်။
1,321,002
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ်, နာမရူပဝဝတ္ထာနဉာဏ်ပဲ ဖြစ်ပါတယ်။
1,321,003
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို သိမ်းဆည်းပြီးတော့မှ ယောဂီပုဂ္ဂိုလ်က ရှေ့တစ်ဆင့် တက်ကာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် ပစ္စုပ္ပန်ဝိပါကဝဋ်ခန္ဓာတွေ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုရပါတယ်။
1,321,004
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဉာဏ် စဉ်နည်းအရ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါတယ်။
1,321,005
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်နည်းပြောရလျှင်တော့ ဓမ္မဋ္ဌိတိဉာဏ် ဖြစ်ပါတယ်။
1,321,006
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အလားတူပဲ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားတဲ့ ကိလေသဝဋ်ခန္ဓာ ကမ္မဝဋ်ခန္ဓာတို့ကြောင့် အနာဂတ် ဝိပါကဝဋ်ခန္ဓာတွေ ထင်ရှားဖြစ်ပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင် ရှုရပါတယ်။
1,321,007
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပစ္စယပရိဂ္ဂဟဉာဏ် (= ဓမ္မဋ္ဌိတိဉာဏ်)ပင် ဖြစ်ပါတယ်။
1,321,008
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒီလို အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းယူတတ်တဲ့ ပုဂ္ဂိုလ်တွေသည်သာလျှင် --
1,321,009
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ် အကျိုးခန္ဓာ အကြောင်းခန္ဓာ
1,321,010
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ပစ္စုပ္ပန် အကျိုးခန္ဓာ အကြောင်းခန္ဓာ
1,321,011
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အနာဂတ် အကျိုးခန္ဓာ အကြောင်းခန္ဓာ --
1,321,012
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဆိုတဲ့ အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာတွေကို လက္ခဏာရေး သုံးတန် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
1,321,013
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် ဒီသမုဒယဓမ္မာနုပဿီ-ဝယဓမ္မာနုပဿီပိုင်းမှာ --
1,321,014
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် - အကျိုးရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ် ငြိမ်းခြင်းကြောင့် - အကျိုးရုပ်တရားတွေ, နာမ်တရားတွေ ချုပ်ငြိမ်းပုံကို မြင် အောင် တစ်ဆင့်တက်ပြီးတော့ ရှုရပါတယ်။
1,321,015
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအပိုင်းမှာ မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်ဆိုတဲ့ ဒီဉာဏ်သုံးပါးကို ပေါင်းစုပြီးတော့ ဟောကြားထား တော်မူပါတယ်၊ ဒီတော့ အတိတ်က မိမိက ဘယ်လို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တွေခြံရံပြီးတော့ သင်္ခါရ, ကံတွေကို ထူထောင်ခဲ့တယ်ဆိုတာကိုတော့ မိမိ ကိုယ်တိုင် ဒီအပိုင်းမှာ သိအောင် မြင်အောင် ရှုရပါတယ်။
1,321,016
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီအပိုင်းကို သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို သိအောင် ရှုတဲ့အပိုင်းဆိုပြီး စာပေကျမ်းဂန်များက ဖော်ပြထားပါတယ်၊ အရိယာသူတော်ကောင်း မှန်ခဲ့ရင် ဒီသစ္စာလေးပါးကို သိသလား, မသိဘူးလား? သိကြတယ်။
1,321,017
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
သစ္စာလေးပါး ထဲမှာ ဒီသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ခြင်းဆိုတာကိုတော့ သိရမလား, မသိရဘူးလား? သိရမယ်။
1,321,018
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် ဘုရားရှင်က ခုနက ဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ရဟန်းတွေကို အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာ ငါးပါးတွေကိုပါ ထည့်သွင်းပြီး ဝိပဿနာရှုဖို့ ညွှန်ကြားထားပါတယ်။
1,321,019
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ - ဆိုတဲ့ ဒီဘဝကို ဖြစ်ပေါ်လာ အောင် ပြုစုပျိုးထောင်ပေးတတ်တဲ့ သို့မဟုတ် ဒီဘဝခန္ဓာငါးပါးကို ဖြစ်စေ တတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက ဘယ်တုန်းက ဖြစ်ခဲ့သလဲ? အတိတ်က ဖြစ်ခဲ့တယ်၊ ဒါကြောင့် အတိတ်က ကံကို သိချင်ရင်တော့ အတိတ်ခန္ဓာငါးပါးကို လှမ်းပြီးရှုဖို့ မလိုဘူး...
1,321,020
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
တစ်ခါ ပစ္စုပ္ပန်မှာ ထူထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် နောင်အနာဂတ်ခန္ဓာငါးပါးဖြစ်မှာကိုလည်း မြင်အောင်ရှုဖို့ ဘုရားရှင်က ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်ဟောကြားထားတော်မူတယ်။
1,321,021
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် အနာဂတ်ခန္ဓာငါးပါးကိုလည်း လှမ်းရှုဖို့ မလိုဘူးလား? - လိုအပ် နေတယ်။
1,321,022
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အတိတ်, အနာဂတ်ရှုကွက်တွေက ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာလည်း ပါပါတယ်၊ အဲဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုတဲ့အကြောင်း တရားတွေကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကို အတိတ်မှာရော, အနာဂတ်မှာရော, ပစ္စုပ္ပန်မှာရော အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး လုံးမှာ ယောဂီပုဂ္ဂိုလ်က မြင်အောင် သိမ်းဆည်းရပါတယ်။
1,321,023
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို သိမ်းဆည်းပြီးတဲ့အချိန်အခါကျတော့မှ အကြောင်းတရားနှင့် တကွ ဒီ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာ အားဖြင့်တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို ဘာလုပ်ရမလဲ? ဖြစ်နေ ပျက်နေတာ ကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ တွင်တွင်ကြီး ရှုရတယ်၊ ...
1,321,024
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီလို အနိစ္စ ဒုက္ခ အနတ္တလို့ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင် ရှုလိုက်လို့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်ခဲ့ရင် ဘာဖြစ်မလဲ?
1,321,025
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။
1,321,026
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
) အဲဒီလို ဝိပဿနာဉာဏ်တွေဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို တွင် တွင်ကြီး ဝိပဿနာရှုနိုင်မယ်ဆိုရင် ခန္ဓာငါးပါးတို့အပေါ်မှာ ငြီးငွေ့လာမယ်၊ ရွံမုန်းလာမယ်၊ စက်ဆုပ်လာမယ်၊ ငြီးငွေ့ခဲ့ရင် နိဗ္ဗိန္ဒဉ...
1,321,027
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ရာဂကုန်ရင် အရဟတ္တဖိုလ် ဆိုက်ပြီ။
1,321,028
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အရဟတ္တဖိုလ် ဆိုက်တဲ့အခါမှာ ကိလေသာတို့မှ လွတ်မြောက်သွားပြီ။
1,321,029
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ကိလေသာတို့မှ လွတ်မြောက်ခဲ့ရင် ငါ ကိလေသာတို့မှ လွတ်မြောက်ရပေပြီဆိုတဲ့ အသိဉာဏ်တွေ ပစ္စဝေက္ခဏာ ဇောတွေ စောလာတော့မယ်။
1,321,030
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒီ ပစ္စဝေက္ခဏာဇောတို့ရဲ့အဆုံးမှာ ငါဟာ ပဋိသန္ဓေနေမှုတွေကုန်ပြီ၊ ငါသည် သာသနာတော်၌ ကျင့်သင့်ကျင့်ထိုက်တဲ့ မဂ်အကျင့်ကို ကျင့်ပြီးပြီ၊ သာသနာတော်၌ ပြုသင့်ပြုထိုက်တဲ့ မဂ်ကိစ္စကိုလည်း ငါပြုပြီးပြီ၊ နောက်ထပ်တစ်ဖန် ဒီ အရိယာမဂ်ဉာဏ် ရရှိဖို့ရန်အတွက် ငါ့ အတွက် ကြိုးစားအားထုတ်ဖို့ရန် မရှိတော့ပြီဆိုတာ ဒီအချိန်အခါမှာ ကိုယ် တိုင်သိသွ...
1,321,031
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အဲဒါကြောင့် မိမိတို့က အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို အလိုရှိခဲ့ပါတယ် ဆိုရင် ဘာလုပ်ရမလဲ? -- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက ခေါ်တဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့်တည်နေတဲ့ ဒီခန္ဓာငါးပါးတွေကို ဘာလုပ်ရမလဲ? အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှ...
1,321,032
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
အကြောင်းတရားနှင့်တကွ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည် နေတဲ့ ခန္ဓာငါးပါးကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုနိုင်ခဲ့မယ်ဆိုရင် အရဟတ္တဖိုလ်ပေါက် ရောက်နိုင် တယ်လို့ မြတ်စွာဘုရားရှင်က ဒီဂဒ္ဒုလဗဒ္ဓသုတ္တန်မှာ ဟောကြားထားတော် မူပါတယ်။
1,321,033
Uncategorized
အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
ဒါကြောင့် ဒီဒေသနာတော်ကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း တရားသိမ်းကြစို့။
1,321,034
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမာဓိထူထောင်သင့်ပုံ အပရိဇာနနသုတ္တန် ကောက်နှုတ်ချက် ပုဂ္ဂိုလ် (၄) မျိုး (၁) ဥဂ္ဃဋိတညူပုဂ္ဂိုလ် (၂) ဝိပဉ္စိတညူပုဂ္ဂိုလ် (၃) နေယျပုဂ္ဂိုလ် (၄) ပဒပရမပုဂ္ဂိုလ် အင်္ဂါ (၅) ရပ်။
1,321,035
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(၁) အဓိဂမ (၂) ပရိယတ္တိ (၃) သဝန (၄) ပရိပုစ္ဆာ (၅) ပုဗ္ဗယောဂ သမာဓိကိုထူထောင်ပါ ဆိုလိုရင်းသဘော ခဒိရပတ္တသုတ္တန် ဒုက္ခအရိယသစ္စာတရားဟူသည် ဒုက္ခသမုဒယအရိယသစ္စာဟူသည် ရုပ်ဟူသည် နာမ်ဟူသည် သမထသည်သာသနာတွင်းတရားမဟုတ်ဟူသော စွဲချက် အကြောင်းပြချက်
1,321,036
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အာနာပါနချီးမွမ်းခန်း အာနာပါနပြည်တည်ခန်း သတိပြုရန် ရှောင်ရန် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ရေတွက်ခြင်းဂဏနာနည်း အာနာပါနကျင့်စဉ် အရှည်အတို သဗ္ဗကါယပဋိသံဝေဒီ ပဿမယံ ကါယသင်္ခါရံ အာနာပါနနိမိတ် ပေါ်စအခြေအနေ အခက်အခဲများ နိမိတ်ကို မကစားပါနှင့် နိမိတ်အမျိုးမျိုး ဥဂ္ဂဟနိမိတ် နှင့် ပဋိဘာဂနိမိတ်
1,321,037
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဣန္ဒြေညီမျှအောင်ကျင့်ပုံ
1,321,038
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သဒ္ဓါ ဝီရိယ သဒ္ဓါ နှင့် ပညာ ၊ သမာဓိ နှင့် ဝီရိယ သတိ. ဗောဇ္ဈင် (၇) ပါးညီမျှအောင်
1,321,039
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဈာန်ပိုင်း-ပထမဈာန်သို့
1,321,040
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မနောဒွါရဘဝင်မနောအကြည် ဝင်စားမှုများပါစေ-ဆင်ခြင်မှုနည်းပါစေ ဈာန်အင်္ဂါ (၅) ပါး ဝသီဘော် (၅) တန် ဒုတိယဈာန်သို့ တတိယဈာန်သို့ စတုတ္ထဈာန်သို့ စတုတ္ထဈာန်၏ ထူးခြားသော မှတ်ကျောက် ဘဝင်ကျနေတတ်ပုံ သတိပြုသင့်သော အချက်တစ်ရပ် နိရောဓသမာပတ်ဟူသည် ဖလသမာပတ်ဟူသည်
1,321,041
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အရောင် (၄) မျိုး ပစလာယမာန သုတ္တန် ကောက်နှုတ်ချက် ဉာဏ်ရောင် (၄)မျိုး ရှင်းလင်းချက် နိမိတ္တ သုတ္တန် ကောက်နှုတ်ချက် ဉာဏ်ရောင်ဟူသည်မှာ ပါရမီ၏ စွမ်းအင်နှင့် သမာဓိစွမ်းအင် ဖလူပစာရစကားဟု မှတ်ပါ မုချ နှင့် ဥပစာ ဥပက္ကိလေသာလောက
1,321,042
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပထမစတုက္က ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္က အကျိုးဂုဏ်အင် အာနိသင်
1,321,043
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
.... အာနာပါနကျင့်စဉ် အကျဉ်း
1,321,044
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမာဓိထူထောင်သင့်ပုံ
1,321,045
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬▬▬▬▬ အပရိဇာနနသုတ္တန်ကောက်နှုတ်ချက်
1,321,046
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။
1,321,047
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(သံ-၂-၂၄၉-၂၅ဝ။
1,321,048
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) အလုံးစုံသော ခန္ဓာငါးပါး-ရုပ်နာမ်တရားတို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာန ပရိညာဟူသော ပရိညာ ပညာသုံးမျိုးတို့ဖြင့် ထိုးထွင်းမသိခဲ့သော် ပိုင်းပိုင်းခြားခြား မသိခဲ့သော် ထိုအလုံးစုံသော ခန္ဓာငါးပါး-ရုပ်နာမ်တရားတို့ အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို (ပဟာနပရိညာ ပညာဖြင့်) မပယ်စွန့်နိုင်ခဲ့သော် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ခြင်းငှါ ...
1,321,049
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အလုံးစုံသော ခန္ဓာငါးပါး-ရုပ်နာမ်တရားတို့ကို ဉာတပရိညာပညာဖြင့် ထိုးထွင်း သိခဲ့သော် တီရဏပရိညာပညာဖြင့် ပိုင်းပိုင်းခြားခြားသိခဲ့သော် ပဟာနပရိညာ ပညာဖြင့် ထိုအလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မော နေသော တဏှာတရားကို ပယ်စွန့်နိုင်ခဲ့သော် သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ကုန်ခြင်း ငှါထိုက်၏။
1,321,050
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဤအထက်ပါ အပရိဇာနနသုတ္တန်၌ ဘုရားရှင် ဟောကြားတော် မူသည့်အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက်လိုသော ယောဂါဝစရ ပုဂ္ဂိုလ် မှန်သမျှသည် အလုံးစုံသော ခန္ဓာငါးပါး-ရုပ်နာမ်တရား တို့ကို ပရိညာ ဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ဂ-ဃ-န-ဏ သိအောင် ကြိုးပမ်းရ တော့မည် ဖြစ်ပေသည်။
1,321,051
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုသို့ ကြိုးပမ်းရာ၌ မဂ္ဂင်(၈)ပါး ကျင့်စဉ်တရားတော်ကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်အဖြစ် အသင်သူတော်ကောင်းသည် လက်ခံနိင်ရမည် ဖြစ်ပေသည်။
1,321,052
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မဂ္ဂင်(၈)ပါးတို့တွင် - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပတို့ကား ပညာမဂ္ဂင်၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကား သီလမဂ္ဂင်၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ တို့ကား သမာဓိမဂ္ဂင်တို့ဖြစ်ကြ၏။
1,321,053
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤမဂ္ဂင်(၈)ပါးတို့ဖြင့် သိမ်းကျုံး ရေတွက်ထားအပ်သော သီလကျင့်စဉ် သမာဓိ ကျင့်စဉ် ပညာကျင့်စဉ်တို့ကား နိယျာနိကပဋိပဒါ အမည်ရသော သံသရာဝဋ်မှ ထွက်မြောက်ကြောင်း အကျင့်ကောင်းများပင် ဖြစ်ကြ၏။
1,321,054
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬ မဂ္ဂင်(၈) ပါးအကျင့်မြတ်တရားတို့ကို ကျင့်ရာ၌ ပုဂ္ဂိုလ်(၄)မျိုး အကြောင်းကိုလည်း သိထားသင့်ပေသည်။
1,321,055
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၁။ ဥဂ္ဃဋိတညူပုဂ္ဂိုလ် ၂။
1,321,056
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိပဉ္စိတညူပုဂ္ဂိုလ် ၃။
1,321,057
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နေယျပုဂ္ဂိုလ် ၄။
1,321,058
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤသို့လျှင် ပုဂ္ဂိုလ်(၄) မျိုးရှိ၏။
1,321,059
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အံ-၁-၄၅၂။
1,321,060
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဘိ-ပုဂ္ဂလပညတ်-၁၀၇။
1,321,061
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬▬▬▬ သစ္စာလေးပါးနှင့်စပ်သော တရားတော်ကို အကျဉ်း ဖွင့်ပြအပ်ကာမျှဖြင့် အကျယ်နှင့် တကွဖြစ်သော သိသင့်သိထိုက်သော သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိသောပုဂ္ဂိုလ်-စတ္တာရော သတိပဋ္ဌာနာ စသည်ဖြင့် အကျဉ်း အားဖြင့် မာတိကာကို ထားအပ်သည်ရှိသော် ဒေသနာတော်ကို အစဉ်လျှောက်၍ ဉာဏ်ကို စေလွှတ်လျက် အရဟတ္တဖိုလ်ကို ယူခြင်းငှာ စွမ်းနိုင်သော ပ...
1,321,062
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬▬▬▬ ဓမ္မစက္ကပဝတ္တနသုတ္တန် အနတ္တလက္ခဏသုတ္တန်တို့ကဲ့သို့ သစ္စာလေးပါးနှင့်စပ်သော အကျယ်အားဖြင့် ဟောကြားတော်မူအပ်သော တရားတော်ကို ကြားနာခွင့် ရရှိသောအခါ ကြားနာအပ်ပြီးသည့် တရားတော်၌ လာရှိသည့်အတိုင်း တရားတော် နောက်သို့ ဉာဏ်ကို စေလွှတ်၍ ကျင့်ကြံကြိုးကုတ် ပွါးများ အားထုတ်နိုင်သဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင်သော ပုဂ္ဂို...
1,321,063
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬▬ သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်ကို အကျဉ်း အားဖြင့်သော်လည်း ကောင်း အကျယ်အားဖြင့်သော်လည်းကောင်း နာကြားခွင့်ကို ရရှိပါသော်လည်း တရားနာရုံမျှဖြင့် သစ္စာလေးပါးကို ထိုးထွင်းမသိနိုင်သေးဘဲ တရားနာပြီး နောက် ကာလဝယ် ကြားနာအပ်ပြီးသည့်တရားတော်၌ လာရှိသည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော မဂ္ဂင်(၈)ပါး အကျင့...
1,321,064
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
▬▬▬▬▬▬▬ သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်ကို အကျဉ်းအားဖြင့်သော်လည်း ကောင်း အကျယ်အားဖြင့်သော် လည်းကောင်း နာကြားရသော်လည်း နာကြားရုံမျှ ဖြင့်လည်း ကျွတ်တမ်းမဝင်နိုင်သော သစ္စာလေးပါးကို ထိုးထွင်းမသိနိုင်သော တရားတော်ကို နာကြားပြီးနောက် မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားတို့ကို စနစ်တကျ လက်တွေ့ ကျင့်သော်လည်း ဤဘဝတွင် သစ္စာလေးပါးကို ထ...
1,321,065
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကျွတ်တမ်းမဝင်နိုင်သော်လည်း သစ္စာလေးပါးကို ထိုးထွင်းမသိနိုင်သော်လည်း မဂ္ဂင် (၈)ပါးကို စနစ်တကျ ကျင့်ခြင်းကြောင့်ကား ပါရမီ မျိုးစေ့ကောင်းများကို ရရှိနိုင် ပေသည်။
1,321,066
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤပုဂ္ဂိုလ် (၄) မျိုးတို့တွင် ဥဂ္ဃဋိတညူပုဂ္ဂိုလ်ကား အကျဉ်းအားဖြင့် ဟောကြား တော်မူအပ်သော သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်ကို နာကြားရရုံမျှဖြင့် ဝိပဉ္စိတညူပုဂ္ဂိုလ်ကား အကျယ်အားဖြင့် ဟောကြားတော်မူအပ်သော သစ္စာလေးပါး နှင့် စပ်သော တရားစကားတော်ကို နာကြားရရုံမျှဖြင့် သစ္စာလေးပါးကို ထိုးထွင်းသိမြင် နိုင်သော ကျွတ်တမ်းဝင်နိုင်သ...
1,321,067
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုပုဂ္ဂိုလ်တို့၏ မဂ္ဂင်(၈)ပါး အကျင့်မြတ်တရားကို ဤဘဝတွင် ကျင့်ရမည့်အချိန်ကား တရားနာယူ နေသည့် အချိန်ကာလပင် ဖြစ်၏။
1,321,068
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အလွန်တိုတောင်းသော အချိန် ကာလအတွင်း၌ မဂ္ဂင်(၈)ပါးကို စုံညီအောင်ကျင့်နိုင်သဖြင့် ကျွတ်တမ်းဝင်သွား တော်မူခြင်း ဖြစ်၏။
1,321,069
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုပုဂ္ဂိုလ်မျိုးတို့သည်ကား ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော် မူကြသည့် ပဋိသမ္ဘိဒါ ပတ္တအရိယာ သူတော်ကောင်းတို့ ဖြစ်တော်မူကြ၏။
1,321,070
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပဋိသမ္ဘိဒါပတ္တ ရဟန္တာအရှင်မြတ်တို့ ဖြစ်တော်မူကြ၏။
1,321,071
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုအရှင်မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါ ဉာဏ်တော်မြတ်ကြီးတို့သည် အောက်ပါ (၅) မျိုး သော အကြောင်းတရားတို့ကြောင့် သန့်ရှင်းစင်ကြယ်တော် မူကြကုန်၏။
1,321,072
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဓိဂမ အဓိဂမ ဟူသည် သေက္ခဘုံဟု ခေါ်ဆိုအပ်သော အရိယဖိုလ်သို့ အသေက္ခ ဘုံဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော် မူခြင်းတည်း။
1,321,073
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုအရှင် မြတ်ကြီးတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် သေက္ခဘုံဟုခေါ်ဆိုအပ်သော အရိယဖိုလ်သို့ ဆိုက် ရောက်တော်မူမှသာလျှင် အထူးသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက် တော်မူမှသာလျှင် အလွန်အကဲနှင့်တကွ သန့်ရှင်းစင်ကြယ်တော်မူကြ၏။
1,321,074
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၂။ ပရိယတ္တိ ဘုရားရှင်၏ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်ကို သင်ယူခြင်း ရွတ်ဖတ် သရဇ္ဈာယ်ခြင်းသည် ပရိယတ္တိမည်၏။
1,321,075
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၃။ သဝန အရိုအသေပြု၍ အလေးအမြတ်ပြု၍ အလွန်လိုလား တောင့်တသော ကုသိုလ် သမ္မာဆန္ဒဓါတ်ဖြင့် သဒ္ဓမ္မအမည်ရသော သူတော်ကောင်း တရားကို နာကြားခြင်း သည် သဝနမည်၏။
1,321,076
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အထူးသဖြင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ လည်း ဤအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးပမ်းထားပြီးဖြစ်ရ၏။
1,321,077
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၄။ ပရိပုစ္ဆာ ခန္ဓာ အာယတန ဓါတ် သစ္စာ ပဋိစ္စသမုပ္ပါဒ်စသော နက်နဲသော တရားတော်တို့နှင့် စပ်ယှဉ်သော ပါဠိတော် အဋ္ဌကထာစသည့် စကားအစဉ်တို့၌ ပဒတ္ထပုဒ်အနက် သဘောအားဖြင့် အသိခက်ခဲသောပုဒ် အဓိပ္ပါယတ္ထဆိုလိုရင်း အနက်သဘော အားဖြင့် အသိခက်ခဲသောပုဒ်တို့ကို အကျယ်ဆုံးဖြတ်ကြောင်း စကားတော်ကို သင်ယူခြင်းသည် ပရိပုစ္ဆာမည်၏။
1,321,078
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော်မူ လိုသော သူတော်ကောင်းသည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီးဖြစ်ရ၏။
1,321,079
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၅။ ပုဗ္ဗယောဂ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။
1,321,080
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ -၂- ၇၂။
1,321,081
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ယာဝအနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။
1,321,082
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မဟာဋီ- ၂- ၈၄) ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း တည်းဟူသော အသွားအပြန်ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဂတပစ္စာဂတိကကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများ အားထုတ် တော်မူလေရာ အနုလောမဉ...
1,321,083
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ-၂-၇၂။
1,321,084
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မဟာဋီ-၂-၈၄။
1,321,085
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ပဋိသမ္ဘိဒါဉာဏ် (၄) ပါးသို့ ရောက်ရှိတော်မူကြကုန်သော အရှင်မြတ်ကြီးတို့၌ ဤ အင်္ဂါရပ် (၅) ချက်တို့ကား ပြည့်စုံရမြဲ ဓမ္မတာပင် ဖြစ်၏။
1,321,086
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အထူးသဖြင့်. ဤ၌ အလေး ဂရုပြု၍ ပြောလိုသော အင်္ဂါရပ်မှာ ပုဗ္ဗယောဂအင်္ဂါရပ်ပင် ဖြစ်ပေသည်။
1,321,087
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အထက်တွင် ရေးသားတင်ပြထားသော ဥဂ္ဃဋိတညူ ဝိပဉ္စိတညူ အမည်ရတော် မူသော အရှင်မြတ်ကြီးတို့သည်ကား ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အဆင့်မြင့်မားလှသော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတို့ကို အပတ်တကုတ် ကြိုးပမ်းအားထုတ်ပြီးသူ သူတော်ကောင်းကြီးတို့ ဖြစ်တော်မူကြ၏။
1,321,088
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိတ်ခြေခဲ့ဖူးသူများ ဖြစ်တော်မူကြ၏။
1,321,089
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကဲ့သို့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိတ်ခြေခဲ့ဖူးသော ထိုပါရမီကုသိုလ်တော်တို့က ဤပစ္စက္ခဘဝတွင် ထိုသူတော်ကောင်းကြီးတို့၏ ဝိပဿနာဉာဏ်အား ကြီးမားသော စွမ်းအင်များ တည်ရှိလာအောင် အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူး ပြုပေးလျက်ရှိ၏။
1,321,090
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကဲ့သို့ ဥပနိဿယသတ္တိထူးဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော ထိုသူတော်ကောင်းကြီးတို့၏ မဟာကုသိုလ် ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်တို့ကား အလွန်စွမ်းအင်ကြီးမားသော ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်နေကြ၏။
1,321,091
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းမဟာကုသိုလ် ဝိပဿနာမနောဒွါရိက ဇောဝီထိစိတ်အစဉ်တို့ကား မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် ဟုခေါ်ဆို အပ်သော အလွန်တိုတောင်း သော အချိန်ကာလ အတွင်း၌ပင်လျှင် ဝီထိပေါင်း ကုဋေသိန်း နှင့်ချီ၍ အမှုတော် ထမ်းရွက်လျက် ရှိနေ၏။
1,321,092
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကဲ့သို့ အလွန်စွမ်းအင်ကြီးမားလျက်ရှိသော မဟာကုသိုလ်ဝိပဿနာ မနောဒွါရိက ဇောဝီထိစိတ်အစဉ်တို့က မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန်တိုတောင်းသော အချိန်ကာလအတွင်း၌ပင်လျှင် ဝီထိပေါင်း ကုဋေသိန်းနှင့်ချီ၍ အမှုတော်ထမ်းရွက်နေကြသဖြင့် ထိုသူတော်ကောင်းကြီးတို့သည် ထိုဝိပဿနာဉာဏ်ဖြင့် သင်္ခါရတရားတို့၏ အနိစ္စအ...
1,321,093
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုသူတော်ကောင်းကြီးတို့သည် ဤပစ္စက္ခဘဝ၌ ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကိုလည်းကောင်း သမုဒယသစ္စာ အမည်ရသော ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကိုလည်းကောင်း၊ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် မသိမ်းဆည်းလိုက်ရသော်လည်း ဝိပဿနာဉာဏ်ဖြင့် မကြိတ်ခြေ လိုက်ရသော်လည်း ကြိတ်ခြေဖို့ရန် အချိန်မရလိုက်သော်လည်း ...
1,321,094
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိပဿနာဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးသည်သာ ဖြစ်၏။
1,321,095
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေ ခဲ့ဖူးသည်သာ ဖြစ်၏။
1,321,096
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အကြောင်းမူ ထိုသူတော်ကောင်းကြီးတို့သည် ရှေးရှေး ဘုရားရှင်တို့၏ သာသနာ တော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို လေ့ကျက်ဆည်းပူးထားပြီးဖြစ်သောကြောင့်ပင်တည်း။
1,321,097
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သင်္ခါရုပေက္ခာဉာဏ်ဟူသည် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် တို့နှင့်တကွသော သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော ဉာဏ်မျိုး ဖြစ်ပေသည်။
1,321,098
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ထိုသူတော်ကောင်းကြီးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည် ရသော သင်္ခါရတရားတို့ကို ဤပစ္စက္ခဘဝတွင် အရိယမဂ်သို့ မဆိုက်မီ အချိန် ကာလ၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ဉာဏ်ဖြင့် မသိမ်းဆည်း လိုက်ရသော်လည်း ဉာဏ်ဖြင့် ပိုင်းခြား မယူလိုက်ရသော်လည်း ဉာဏ်ဖြင့် မကြိတ် ခြေလိုက်ရသော်လည်း ရှေးရှေးဘုရားရှင်တို့၏ သာသနာတေ...
1,321,099
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤပစ္စက္ခဘဝတွင် အရိယမဂ်ဖိုလ်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာဉာဏ်များ ရင့်ကျက်လာအောင် ရှေးရှေးဘုရားတို့၏ သာသနာတော်တွင်း၌ ဆည်းပူးခဲ့သော ယင်းပါရမီကုသိုလ်တို့က အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး နိုင်သည်သာ ဖြစ်စေသည်။
1,321,100
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် အသင် သူတော်ကောင်းသည်လည်း ဥဂ္ဃဋိတညူ၊ ဝိပဉ္စိတညူ ဖြစ်တော် မူကြသော ထိုသူတော်ကောင်းကြီးများကဲ့သို့ ဓမ္မစကြာဒေသနာတော် အနတ္တ လက္ခဏသုတ္တန်ဒေသနာတော်စသည့် ထိုထိုဒေသနာတော်တို့ကို နာကြားကြည့်ပါ၊