id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,321,501 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဤ ပထမဈာန်သမာပတ်သည် (နီဝရဏကို ပယ်ခွါရာဝယ် ပထမဦးဆုံးဖြစ် ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူရှိ၏။ |
1,321,502 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ်သောသဘော ရှိရကား) အားနည်းသော ဈာန်အင်္ဂါရှိ၏။ |
1,321,503 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့လျှင် ပထမဈာန်၌ အပြစ်ကို မြင်အောင် ရှူ၍ - |
1,321,504 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ ဒုတိယဈာန်ကို ငြိမ်သက်သော တရားဟု နှလုံးသွင်း၍ ၄။ |
1,321,505 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပထမဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ ဒုတိယဈာန်ကို ရရှိခြင်းငှါ --- |
1,321,506 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏ = အာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် (အထက်ပါ ဦးတည်ချက်-၄-မျိုးဖြင့်) စူးစူးစိုက်စိုက် ရှုအပ်၏။ |
1,321,507 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာကြည့်နေပါ ရှိနေပါ။ |
1,321,508 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝင်လေ ထွက်လေ ဟုမှတ်နေခဲ့သော် ဝိတက္ကဝိစာရာ ဝစီသင်္ခါရော၊ (မ-၁- ၃၇၅။ |
1,321,509 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဟူသည်နှင့်အညီ ဝင်လေ ထွက်လေ ဟူသော မှတ်နေမှု ရွတ်ဆိုမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင်ပေးနေသဖြင့် ဝိတက်ဝိစာရ မပြုတ်နိုင် ရှိတတ်၏။ |
1,321,510 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပြုတ်သွားသော်လည်း ပြန်ပြန် ဝင်နေတတ်၏။ |
1,321,511 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် ဤဒုတိယ ဈာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်းဈာန်တို့၌ မမှတ်ပါနှင့်၊ အာနာပါနပဋိဘာဂ နိမိတ်ကိုသာ စိုက်ကြည့်နေပါ ရှုနေပါ။ |
1,321,512 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၁၅၀။ |
1,321,513 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ထိုသို့ ကြိုးစား အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမဈာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ် သော သတိနှင့်ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုး ထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှုဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင... |
1,321,514 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပီတိသုခသည် လည်းကောင်း စိတ္တကဂ္ဂတာ (ဧကဂ္ဂတာ) သည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ |
1,321,515 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှါ လည်းကောင်း ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှါ လည်းကောင်း ထိုအာနာပါန ပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန်အထပ်ထပ် နှလုံး သွင်းနေပါ စူးစူးစိုက်စိုက် ရှုနေပါ။ |
1,321,516 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိသုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါသုံးပါးရှိသော ဒုတိယဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ |
1,321,517 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) တတိယဈာန်သို့ |
1,321,518 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းရရှိပြီးသော ဒုတိယဈာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ |
1,321,519 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယဈာန်ကိုလည်း ရအပ်ပြီးသည် ရှိသော် ယင်း ဒုတိယဈာန်ကို ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့် ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယဈာန်မှ ထ၍- |
1,321,520 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဤဒုတိယဈာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏။ |
1,321,521 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ ထို ဒုတိယဈာန်သမာပတ်၌ စိတ်၏လောက်လက်ပေါ်သည်၏အဖြစ်ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့် ဖြစ်သော အကြင်ပီတိသည် ရှိ၏။ |
1,321,522 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းပီတိ ကြောင့်ပင်လျှင် ဤဒုတိယဈာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏။ |
1,321,523 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဒီ-၁-၃၄။ ) ဤသို့ ဟောတော်မူအပ်သော ပီတိ၏ရုန့်ရင်းသည့် အတွက်ကြောင့် အားနည်းသော ဈာန်အင်္ဂါရှိ၏။ |
1,321,524 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့လျှင် ထိုဒုတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍- |
1,321,525 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ တတိယဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍ ၄။ |
1,321,526 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဒုတိယဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ --- |
1,321,527 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တတိယဈာန်ကို ရရှိခြင်းငှါ---- အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏- အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် (အထက်ပါ ဦးတည်ချက်လေးမျိုးဖြင့်) စူးစူးစိုက်စိုက် ရှူအပ်၏၊ (ဝိသုဒ္ဓိ-၁-၁၅၃-၁၅၄။ |
1,321,528 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ဒုတိယဈာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရ တတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုး ထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှုဉာဏ်သက်ဝင်၍ ဆင်ခြင... |
1,321,529 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သုခသည်လည်းကောင်း ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ |
1,321,530 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအခါ၌ ရုန့်ရင်းသောဈာန်အင်္ဂါကို ပယ်ခြင်းငှါ လည်းကောင်း ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှါ လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန်အထပ်ထပ် နှလုံးသွင်းနေပါ စူးစူးစိုက်စိုက် ရှုနေပါ။ |
1,321,531 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ နှလုံးသွင်းပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော ဈာန် အင်္ဂါနှစ်ပါးရှိသော တတိယဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ |
1,321,532 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၁၅၄။ |
1,321,533 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဤတတိယဈာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာ သည် ဝိတက်-ဝိစာရ-ပီတိ တို့မရှိခြင်းကြောင့် အလွန်ပေါ်လွင် ထင်ရှားနေ၏။ |
1,321,534 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တတိယဈာန် ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှူနိုင်သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရား အစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယဈာန်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြ၏။ |
1,321,535 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤဈာန်၌ တတြမဇ္ဈတ္တတာ ၏စွမ်းအား သတိ၏စွမ်းအား သုခ၏စွမ်းအားတို့ကား အလွန်ပေါ်လွင်ထင်ရှားလျက် အလွန်မြင့်မားလျက်ရှိကြ၏။ |
1,321,536 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | လောကီသုခတို့တွင် ဤ တတိယဈာန်သုခကား အမြင့်မားဆုံးဖြစ်၏။ |
1,321,537 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အထက်အထက်ဈာန်တို့၌ သုခဝေဒနာ မယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏။ |
1,321,538 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းတတိယဈာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ |
1,321,539 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စတုတ္ထဈာန်သို့ |
1,321,540 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယဈာန်ကိုလည်း ရရှိအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်းတတိယဈာန်ကိုလည်း ဝသီဘော် ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယဈာန်မှ ထ၍ - |
1,321,541 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဤတတိယဈာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူရှိ၏။ |
1,321,542 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ အကြင်ဈာန်အင်္ဂါကို သုခဟူ၍ စိတ်နှလုံးသွင်းခြင်းသည် ရှိ၏။ |
1,321,543 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသုခကြောင့်ပင်လျှင် ထိုတတိယဈာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏။ |
1,321,544 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဒီ-၁-၃၄။ ) ဤသို့ ဟောကြားတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် အားနည်းသော ဈာန်အင်္ဂါရှိ၏။ |
1,321,545 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤသို့လျှင် ထိုတတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှူ၍ -- |
1,321,546 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ စတုတ္ထဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊ ၄။ |
1,321,547 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တတိယဈာန်၌ လိုချင်ငဲ့ကွက်တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ -- |
1,321,548 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စတုတ္ထဈာန်ကို ရရှိခြင်းငှါ--- အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏- အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင်လျှင် အထက်ပါဦးတည်ချက်တို့ဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။ |
1,321,549 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၁၅၉။ |
1,321,550 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယဈာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါ တို့ကို ရှေးရှုဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော... |
1,321,551 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပေက္ခာဝေဒနာသည်သာလျှင် လည်းကောင်း စိတ္တကဂ္ဂတာသည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။ |
1,321,552 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှါ လည်းကောင်း ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှါလည်းကောင်း ထိုအာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန်အထပ်ထပ် နှလုံးသွင်းနေပါ စူးစူးစိုက်စိုက် ရှုနေပါ။ |
1,321,553 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ နှလုံးသွင်းရှုပွါးနေသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါနှစ်ပါးရှိသော စတုတ္ထဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ |
1,321,554 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ယင်းစတုတ္ထဈာန်ကိုလည်း ဝသီဘော် ငါးတန်နိုင်နင်းအောင် လေ့ကျင့်ပါ။ |
1,321,555 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ကာယိကဒုက္ခဝေဒနာကို ပထမဈာန်၏ ဥပစာရက္ခဏ၌- ၂။ |
1,321,556 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စေတသိကဒေါမနဿဝေဒနာကို ဒုတိယဈာန်၏ဥပစာရက္ခဏ၌- ၃။ |
1,321,557 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကာယိကသုခဝေဒနာကို တတိယဈာန်၏ဥပစာရက္ခဏ၌- ၄။ |
1,321,558 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စေတသိကသောမနဿဝေဒနာကို စတုတ္ထဈာန်၏ဥပစာရက္ခဏ၌- အသီးအသီး ပယ်အပ်၏။ |
1,321,559 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၁၆ဝ။ |
1,321,560 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သံ-၃-၁၈၈-၁၈၉။ |
1,321,561 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) စတုတ္ထဈာန်၏ ထူးခြားသော မှတ်ကျောက် |
1,321,562 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၆၇။ |
1,321,563 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တ သုခုမော။ |
1,321,564 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော သြဠာရိကတာ အပ္ပဝတ္တန တော။ |
1,321,565 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မဟာဋီ-၁-၃၂၃။ |
1,321,566 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) စတုတ္ထဈာန်၌ သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏။ |
1,321,567 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိ သွား၏ဟု မှတ်ပါ။ |
1,321,568 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) အတိသုခုမ = အလွန်သိမ်မွေ့ နူးညံ့၏ = လွန်သောသိမ်မွေ့ နူးညံ့ခြင်းရှိ၏ - ဟူသည် ပထမဈာန် ဒုတိယဈာန် တတိယဈာန်ဟူသော အခြားအခြားသော ဈာန်တို့၌ ရအပ်သော အဿာသပဿာသ ကာယသင်္ခါရသည် စတုတ္ထဈာန်၌ သိမ်မွေ့ နူးညံ့မှုကို ကျော်လွန်သွား၏။ |
1,321,569 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုအဿာသ ပဿာသ ကာယသင်္ခါရ၏ ထို စတုတ္ထဈာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိဖြစ်တုံသေး၏၊ ရုန့်ရင်းသည်၏အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း၊ ထိုကြောင့် အပ္ပဝတ္တိမေဝ ပါပုဏာတိ = မဖြစ်ခြင်း သို့သာလျှင် ရောက်ရှိသွား၏--- ဟု အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်းဖြစ်၏။ |
1,321,570 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဒီဃဘာဏက မဇ္ဈိမဘာဏက, သံယုတ္တဘာဏက ဟူသော ထိုဘာဏက မထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ |
1,321,571 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၆၇- ကြည့်။ |
1,321,572 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၇၅။ |
1,321,573 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) စတုတ္ထဈာန်သမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်တို့၏သန္တာန်၌ အဿာသ ပဿာသတို့မရှိကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာက ဖွင့်ဆိုထား၏။ |
1,321,574 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သို့သော် ဤအရာ၌ အသင်သူတော်ကောင်းအနေဖြင့် အထူးသတိပြုသင့်သော အချက် တစ်ရပ် ရှိနေပေ၏။ |
1,321,575 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အသင်သူတော်ကောင်းကိုယ်တိုင် စတုတ္ထဈာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိ ကိုယ်ကို မိမိယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေ သလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ |
1,321,576 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးဈာန်မှ လည်း လျှောကျတတ်သည်၊ စတုတ္ထဈာန်သမာပတ်ကိုသာ (မှန်သည်ဟုယူဆလျှင်) များများ ဝင်စားနေပါဦး။ |
1,321,577 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စတုတ္ထဈာန်သမာပတ် အခိုက်၌ အသက်မရှူသော်လည်း (တစ်နည်း) စတုတ္ထဈာန်သမာပတ်သည် အဿာသ ပဿာသကို မဖြစ်စေ သော်လည်း ဈာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရ ပစ္စဝေက္ခဏာဇောဝီထိ၊ အသက်ရှူမရှူကို ပြန်လည် ဆင်ခြင်နေသော ကာမဇောမနောဒွါရဝီထိတို့မှာ အဿာသပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏။ |
1,321,578 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို့ကြောင့် အသက်ရှူမရှူကို ပြန်လည်ဆန်းစစ် နေသောအခါ ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့နူးညံ့သော အဿာသ ပဿာသကို အသက်ငွေ့ငွေ့ကလေး ရှူနေသည်ကို အချို့ယောဂီ များသည် သတိပြုနေမိတတ်၏။ |
1,321,579 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စတုတ္ထဈာန် သမာပတ် အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူမရှူကို ပြန်လည် ဆန်းစစ်သော အခိုက်၌ ရှူနေခြင်းသာ ဖြစ်၏။ |
1,321,580 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် အစပိုင်းတွင် အသက် ရှူမရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထဈာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ |
1,321,581 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကျေနပ်မှုရရှိသော အခါမှ အသက်ရှူမရှူကို ပြန်လည်ဆန်းစစ်ပါ။ |
1,321,582 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပေက္ခာ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါနှစ်ပါး တို့မှာလည်း စတုတ္ထဈာန်၏ ဥပစာရ သမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထဈာန်၏ ဥပစာရသမာဓိ အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာဧကဂ္ဂတာနှင့် စတုတ္ထဈာန်အခိုက်၌ ဖြစ်ပေါ် နေသော ဥပေက္ခာ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေး တတ်သည်။ |
1,321,583 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပစာရ သမာဓိအခိုက်၌ အသက်ရှူမှု ရှိ၏။ |
1,321,584 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စတုတ္ထဈာန်သမာပတ် အခိုက်၌ အသက် မရှူပေ။ |
1,321,585 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အသင်သူတော်ကောင်းသည် ယင်းစတုတ္ထဈာန်သမာဓိကိုလည်း ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ |
1,321,586 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | လင်းရောင်ခြည်စွမ်းအင်များ ပရိယောဒါတ = ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည်တိုင်အောင် လေ့ကျင့်ပါ။ |
1,321,587 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤတိုင်အောင် အာနာပါနကမ္မဋ္ဌာန်းကို အပ္ပနာဈာန်သို့ ဆိုက်သည်တိုင်အောင် ပွါးများအားထုတ်ပုံ အစီအစဉ်များကို အကျဉ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ |
1,321,588 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထို ကမ္မဋ္ဌာန်း၌ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဟု သမာဓိနှစ်မျိုးရှိ၏။ |
1,321,589 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အပ္ပနာဈာန်၏ အနီး၌ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကား ဥပစာရသမာဓိတည်း။ |
1,321,590 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အပ္ပနာဈာန် အခိုက်၌ ဖြစ်ပေါ်နေသော သမာဓိကား အပ္ပနာသမာဓိတည်း။ |
1,321,591 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဥပစာရသမာဓိအခိုက်၌ ဘဝင်ကျနေတတ်ပုံနှင့် ပတ်သက်၍ (ဝိသုဒ္ဓိ-၁-၁၂၃။ |
1,321,592 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) တွင် ဤသို့ သတိပေးထား၏-- သမာဓိသည် ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးရှိ၏။ |
1,321,593 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဘာဝနာစိတ်သည် ဥပစာရသမာဓိကို ရရှိခိုက်ဖြစ်သော ဥပစာရဘူမိ၌ လည်းကောင်း၊ အပ္ပနာဈာန် သမာဓိကို ရရှိခိုက်ဖြစ်သော ပဋိလာဘဘူမိ၌ လည်းကောင်း ဤနှစ်မျိုးသော ဘူမိတို့၌ နှစ်မျိုးသော အခြင်းအရာအားဖြင့် တည်ကြည်နေတတ်၏။ |
1,321,594 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းသမာဓိနှစ်မျိုးတို့၏ ထူးခြားခြင်း၏အကြောင်းကား ဤသို့တည်း-- ဥပစာရသမာဓိအခိုက်၌ ဈာန်အင်္ဂါတို့သည် စွမ်းအင်အပြည့်အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာနိူင်သော စွမ်းအားမရှိကြသေးကုန်။ |
1,321,595 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နှိုင်းခိုင်းဖွယ်ရာ လောကဥပမာမည် ငယ်ရွယ်နုနယ်နေသေးသော မတ်တတ်ရပ်သင်စ ကလေးသူငယ်ကို ချီမြှောက်လျက် မတ်တတ်ရပ်စေ၍ ထားအပ်သည်ရှိသော် ခဏခဏ မြေသို့ လဲကျသွားတတ်၏။ |
1,321,596 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။ |
1,321,597 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘာဝနာစိတ်သည် ရံခါ သမထနိမိတ် = ပဋိဘာဂနိမိတ်ကို အာရုံပြု၏။ |
1,321,598 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရံခါ စိတ်သည် ဘဝင်သို့ သက်တတ်၏ = ဘဝင်ကျကျနေတတ်၏။ |
1,321,599 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၁၂၃။ |
1,321,600 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) သို့သော် အပ္ပနာဈာန်သမာဓိအခိုက်၌ကား ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်လာသော စွမ်းအင်များ ပြည့်ပြည့်စုံစုံ ရှိနေကြကုန်၏။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.