id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,321,601
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အားကောင်းမောင်းသန်သော ယောက်ျားသည် နေရာမှ ထကာ တစ်နေ့ပတ်လုံးသော်လည်း မတ်တတ်ရပ်တည်၍ နေရမူ ရပ်တည်နေနိုင်သကဲ့သို့ တစ်ညဉ့်ပတ်လုံးသော် လည်းကောင်း တစ်နေ့ပတ်လုံး သော်လည်းကောင်း အပ္ပနာသမာဓိသည် တည်နေတတ်၏။
1,321,602
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဥပစာရဈာန် အပ္ပနာဈာန်တို့တွင် တစ်မျိုးသော ဈာန်ကို ဝိပဿနာ၏အခြေပါဒကပြု၍ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းသောအခါ သမာဓိဒီဂရီ စံချိန်မှီလာသောအခါ ရုပ်ကလာပ်များကို စတင်တွေ့ရှိ၏။
1,321,603
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ နာမပရိစ္ဆေဒဉာဏ် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏။
1,321,604
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းနာမ်ရုပ် နှစ်ပါးကိုမျှ မမြင်ခဲ့သော် လည်းကောင်း၊ ဓာတ်မခွဲနိုင်ခဲ့သော် လည်းကောင်း နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသည် မည်၏။
1,321,605
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(သံ-၁-၃၄၄။
1,321,606
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ချစ်သားသုသိမ --- သင်္ခါရတရားတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။
1,321,607
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နိရောဓသစ္စာနိဗ္ဗာန် တရားတော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏။
1,321,608
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းသို့ ဘဝင်ကျကျနေမှုကိုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် “ဘာမျှ မသိတော့” ဟု ပြောတတ်၏။
1,321,609
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
စိတ်အားလုံးသည် အာရုံကို သိခြင်း ဝိဇာနနသဘောလက္ခဏာ ရှိသည်ချည်းပင် ဖြစ်သည်။
1,321,610
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နိရောဓသမာပတ်ဟူသည်
1,321,611
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကသ္မာ သမာပဇ္ဇန္တိတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏ္ဌိတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ “နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာ” တိ သမာပဇ္ဇန္တိ။
1,321,612
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ -၂-၃၄၇။
1,321,613
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) အဘယ်ကြောင့် နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်သနည်း ဟူမူ... မျက်မှောက်သော ကိုယ်၏အဖြစ်၌ ပင်လျှင် စိတ်စေတသိက်တို့ မရှိကြကုန်သည်ဖြစ်၍ ချုပ်ငြိမ်းနေကြကုန်သည်ဖြစ်၍ ချမ်းချမ်းသာသာ နေကြပါကုန်အံ့ဟု နိရောဓသမာပတ်ကို ပင်စားတော်မူကြကုန်၏။
1,321,614
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဖလသမာပတ်ဟူသည်
1,321,615
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဖလသမာပတ်ဟူသည်မှာ ဖြစ်မှု ပျက်မှု ထင်ရှားရှိသော ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ ဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်ကို အာရုံပြုနေသော ဖိုလ်ဇော စိတ်အစဉ်တို့၏ အကြိမ်များစွာ ဖြစ်နေမှုသဘောတည်း။
1,321,616
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ရှုနေသည့်စိတ် ချုပ်နေသော သမာပတ်မျိုးကား မဟုတ်ပေ။
1,321,617
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အဘိ-ဋ္ဌ-၂-၁ဝ၉။
1,321,618
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ထိုသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား ဝဋ္ဋသစ္စာတည်း၊ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။
1,321,619
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဘုရားရှင်သည် အရောင် (၄) မျိုးရှိကြောင်းကို ဟောကြားထားတော်မူခဲ့၏ - (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄) ပညာရောင်။
1,321,620
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပစလာယမာနသုတ္တန် ကောက်နှုတ်ချက်
1,321,621
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလ္လာန အာလောကသညံ မနသိ ကရေယျာသိ... (အံ-၂-၄၆၃။
1,321,622
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ချစ်သား မောဂ္ဂလ္လာန် --- သင်ချစ်သားသည် မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်း ဖြစ်သော အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို နှလုံးသွင်းလေလော့။
1,321,623
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏။
1,321,624
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းအရောင်အလင်းမှာ အာလောကကသိုဏ်း၊ တေဇောကသိုဏ်းနှင့် ဩဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာတတ်ပါသည်။
1,321,625
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်ရောင်လေးမျိုး ရှင်းလင်းချက်
1,321,626
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော ဒိဗ္ဗစက္ခု အဘိညာဏ်အလို့ငှါ ပွားများထားအပ်သော အထူးသဖြင့် အာလောက ကသိုဏ်း ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
1,321,627
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောကကသိုဏ်း ၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာ ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
1,321,628
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤလေးမျိုးလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။
1,321,629
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းကဲ့သို့သော အရောင်အလင်းကို ဖြစ်စေတတ်သော ဉာဏ်နှင့်အတူ ယှဉ်တွဲလျက် ဖြစ်သော စိတ်ကို သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သောစိတ်ဟု ဘုရားရှင်က ဟောကြားထားတော်မူ၏။
1,321,630
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အထက်ပါ ပစလာယမာနသုတ္တန်တွင်ကား အာလောကကသိုဏ်း ဘာဝနာဉာဏ် ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တို့နှင့် ယှဉ်သောစိတ်ကို အထူးရည်ညွှန်းထားတော်မူ၏။
1,321,631
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းအရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏။
1,321,632
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တစ်ဖန် အထက်ပါ ဉာဏ်ရောင်လေးမျိုးတို့တွင် ပရိကမ္မာလောက = ပရိကမ္မဘာဝနာ ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ-- ၁။
1,321,633
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ ရှေးအဖို့၌ ဖြစ်သော ပရိကမ္မ၊ ၂။
1,321,634
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဘိညာဏ်၏ ရှေးအဖို့၌ ဖြစ်သော ပရိကမ္မ၊ ၃။
1,321,635
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ပရိကမ္မ၊ ဤသို့လျှင် ပရိကမ္မ သုံးမျိုး ရှိ၏။
1,321,636
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမထပိုင်းတွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိ = ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟု သမာဓိသုံးမျိုး ဘာဝနာသုံးမျိုး ရှိ၏။
1,321,637
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်း ပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၁-၁၄၀။
1,321,638
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) တွင် ခေါ်ဝေါ်သုံးစွဲထား၏။
1,321,639
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်း ခဏိကသမာဓိမှာ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော အဆင့်မြင့်မားသော သမာဓိဖြစ်၏။
1,321,640
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းပရိကမ္မဘာဝနာ ပရိကမ္မသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း အရောင် အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏။
1,321,641
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပရိကမ္မာလောက ဟု ခေါ်ဆို၏။
1,321,642
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပရိကမ္မဘာဝနာ ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏။
1,321,643
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပရိကမ္မာလောက ဟုပင် ခေါ်ဆို၏။
1,321,644
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို အလိုရှိသော သူတော်ကောင်းသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကဈာန်ကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် (တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့်) ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်သို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူ၍ ရနိုင်လောက် အောင် ပွါးများထားရ၏။
1,321,645
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ခြင်း၏ နီးကပ်သော အကြောင်း တရားဖြစ်အောင် ပြုလုပ်ရ၏။
1,321,646
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဤကသိုဏ်းသုံးမျိုးတို့ တွင်လည်း အာလောကကသိုဏ်းကား ဒိဗ္ဗစက္ခုအဘိညာဏ် အတွက် အသာဆုံး အမြတ်ဆုံးဖြစ်၏။
1,321,647
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဥပစာရဈာန်၏အာရုံဖြစ်အောင် ပြုလုပ်၍ ကသိုဏ်းဝန်းကို တိုးပွါးစေ၍ ထားအပ်၏။
1,321,648
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုသို့တိုးပွါးအောင် ပြုလုပ်ထားသော ဖြန့်ကြက်ထားသော ကသိုဏ်းအာရုံ၌ ဈာန်၏အစွမ်းအားဖြင့် အပ္ပနာကို မဖြစ်စေအပ် = ဈာန်သို့ ဆိုက်အောင် မပွါးများ ထားရ။
1,321,649
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မှန်ပေသည် --- ယင်းကသိုဏ်းအာရုံ၌ ဥပစာရဈာန်သို့ ဆိုက်အောင် ပရိကံကို မပြုထားသော ပုဂ္ဂိုလ်၏သန္တာန်၌ အဘိညာဏ်၏အစွမ်းဖြင့် အပ္ပနာဈာန်သည် မပြီးစီး မပြည့်စုံနိုင်။
1,321,650
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အကယ်၍ ယင်းကသိုဏ်းအာရုံ၌ ဈာန်၏အစွမ်းဖြင့် အပ္ပနာကို ဖြစ်စေ သည်ဖြစ်အံ့ - ဈာန်သို့ဆိုက်အောင် ပွါးများထားသည် ဖြစ်အံ့၊ ထိုကသိုဏ်းအာရုံသည် အဘိညာဏ် ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကဈာန်၏မှီရာ အာရုံသာ ဖြစ်နိုင်၏။
1,321,651
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဘိညာဏ်ဉာဏ်သို့ ရောက်ကြောင်း ပရိကံ၏မှီရာ အာရုံ မဖြစ်နိုင်။
1,321,652
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာလောကကသိုဏ်းကို လည်းကောင်း၊ တေဇောကသိုဏ်း ဩဒါတကသိုဏ်းတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို လည်းကောင်း၊ ဥပစာရသမာဓိသို့ ဆိုက်အောင် ပွါးများလျက် ယင်းကသိုဏ်း ပဋိဘာဂနိမိတ်ကို အလိုရှိသလောက်ဖြန့်ကြက်ထားပါ။
1,321,653
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ-၂-၅၈။
1,321,654
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မဟာဋီ-၂-၆၂။
1,321,655
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တတော အာလောကော အန္တရဓါယတိ။
1,321,656
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ပရိကမ္မဿ ဝါရော အတိက္ကမတီတိ ဣဓ ပရိကမ္မံ နာမ ယထာဝုတ္တ ကသိဏာရမ္မဏံ ဥပစာရဇ္ဈာနံ၊ တံ ရူပဂတံ ပဿတော န ပဝတ္တတိ။
1,321,657
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကသိဏာလောကဝသေန စ ရူပဂတဒဿနံ၊ ကသိဏာလောကော စ ပရိကမ္မဝ သေနာတိ တဒုဘယမ္ပိ ပရိကမ္မဿ အပ္ပဝတ္တိယာ န ဟောတိ။
1,321,658
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တေနာဟ “တတော အာလောကော အန္တရဓါယတိ၊ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတီ”တိ။
1,321,659
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မဟာဋီ-၂-၆၂။
1,321,660
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဥပစာရသမာဓိကား = ဥပစာရဈာန်ကား ဤအရာ၌ အလွန်ကြည်လင်တောက်ပ နေသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၏။
1,321,661
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ဥပစာရဘုံ၌ ရပ်တည်၍ ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို တိုးပွါးအောင် ပြုလုပ် ရ၏။
1,321,662
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အထူးသဖြင့် အာလောကကသိုဏ်း ပဋိဘာဂနိမိတ်ကို တိုးပွါးအောင် ပြုလုပ် ရ၏။
1,321,663
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းသို့ တိုးပွါးအောင် ပြုလုပ်ထားသော ကသိုဏ်းဝန်း ပျံ့နှံ့ရာအရပ်၏အတွင်း၌သာ လျှင် တည်ရှိသောရူပါရုံကို ရှုကြည့်အပ်၏။
1,321,664
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကသိုဏ်းဝန်း လင်းရောင်ခြည်ကို ဖြန့်ကြက်ထားရာအရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ထို ယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ဝါရသည် ကျော်လွန်သွား၏။
1,321,665
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤ၌ ပရိကံမည်သည် အာလောကကသိုဏ်း သို့မဟုတ် တေဇောကသိုဏ်း သို့မဟုတ် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော ဥပစာရ ဈာန်တည်း။
1,321,666
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုဥပစာရဈာန် ဥပစာရသမာဓိသည်လည်း ထိုကသိုဏ်းလင်းရောင်ခြည် ၏ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသော ပုဂ္ဂိုလ်၏သန္တာန်၌ မဖြစ်နိုင်။
1,321,667
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဗဟိဒ္ဓအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားသောကြောင့်တည်း။
1,321,668
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းလင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံ အမျိုးမျိုးကို ရှုမြင်ရခြင်းဖြစ်၏။
1,321,669
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကသိုဏ်းလင်းရောင်ခြည် ကသိဏာလောက ဟူသည်မှာလည်း အဘိညာဏ်၏ အခြေခံပရိကံကြောင့်သာလျှင် ဖြစ်ပေါ်လာရ၏။
1,321,670
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ကသိဏာလောက နှင့် ဥပစာရဈာန် နှစ်ပါးစုံသည်လည်း ပရိကံ၏ မဖြစ်ခြင်းကြောင့် = ပရိကံ၏ဝါရကို ကျော်လွှားသွားခြင်းကြောင့် မဖြစ်နိုင်တော့ပေ။
1,321,671
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုသို့ ပရိကံ၏ဝါရကို ကျော်လွန်သွားခြင်းကြောင့် အာလောက = လင်းရောင်ခြည် သည်လည်း ကွယ်ပျောက်သွား၏။
1,321,672
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထို အာလောက = လင်းရောင်ခြည်သည် ကွယ်ပျောက်သွားခဲ့သည်ရှိသော် ရူပါရုံ အမျိုးမျိုးသည်လည်း မထင်ဖြစ်လာတော့၏။
1,321,673
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အာလောက = လင်းရောင်ခြည် ၏ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ ဝါရသည် ကျော်လွန်သွား၏။
1,321,674
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပရိကံ၏ဝါရကို ကျော်လွန်သွားသော ပုဂ္ဂိုလ်၏သန္တာန်၌ ကသိုဏ်း ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဉာဏ်သည် မဖြစ်နိုင်တော့ပေ။
1,321,675
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ရူပါရုံအမျိုးမျိုးသည် မထင်လာခြင်း ဖြစ်၏။
1,321,676
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော ဉာဏ်မဖြစ်သောကြောင့် ဉာဏ် ကြောင့်ဖြစ်သော လင်းရောင်ခြည်လည်း ကွယ်သွား၏။
1,321,677
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
လင်းရောင်ခြည်မရှိသဖြင့် ရူပါရုံ အမျိုးမျိုးကို မတွေ့ခြင်း ဖြစ်သည်။
1,321,678
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) (ဝိသုဒ္ဓိ-၂-၅၈။
1,321,679
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတီတိ ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထအာလောကော တိဋ္ဌတိယေဝ။
1,321,680
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ထိုသို့ မထင်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် အဘိညာဏ် ဉာဏ်၏အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကဈာန်ကိုသာလျှင် ဝင်စားပါ။
1,321,681
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝင်စားပြီးနောက် ထိုပါဒကဈာန်မှ ထ၍ အာလောက = အလင်းရောင်ကို ဖြန့်ကြက်ပါ။
1,321,682
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ယတ္တကံ ဌာနံ ပရိစ္ဆိဒ္ဒိတွာ ကသိဏံ ဝဍ္ဎိတံ၊ ထာမဂတဿ အာလောကဿ တတ္တကံ ဖရိတွာ အဝဋ္ဌာနံ။
1,321,683
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မဟာဋီ-၂,၆၂။
1,321,684
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) = အကြင်မျှလောက်သော အရပ်သို့တိုင်အောင် ပိုင်းခြား၍ ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်ထား၏ = ဖြန့်ကြက်ထား၏။
1,321,685
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုမျှလောက် ပိုင်းခြားထားသမျှ အရပ်သို့တိုင်အောင် စွမ်းအင်ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာသော အာလောက = လင်းရောင်ခြည်သည် တည်နေပေ၏။
1,321,686
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မဟာဋီ -၂-၆၂။
1,321,687
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဤသို့သောနည်းဖြင့် အစဉ်အတိုင်းကျင့်ခဲ့သော် အာလောက = လင်းရောင်ခြည် သည် စွမ်းအင်ပြည့်ဝလာ၏။
1,321,688
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကာလမြင့်ရှည် တည်လာ၏၊ ဤ၌အစဉ်အတိုင်း ကျင့်ခြင်းဟူသည် ဤသို့တည်း --- အဘိညာဏ် ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကဈာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ ထိုထို ပါဒကဈာန်မှ ထ၍ အမြဲမပြတ် အာလောက = လင်းရောင်ခြည်ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက = လင်းရောင်ခြည်သည် စွမ်းအင်ပြည့်ဝလာ၏။
1,321,689
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
“ဤသို့သော အရပ်၌ အာလောက = အလင်းရောင်သည် ဖြစ်စေသော”
1,321,690
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤသို့လျှင် အကြင်မျှလောက်သော အရပ်ကို ပိုင်းခြားထား၏-ပိုင်းခြားလျက် အဓိဋ္ဌာန် ပြုထား၏။
1,321,691
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုပိုင်းခြားထားသော အရပ်၌ = ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထား သောအရပ်၌ အာလောက = အလင်းရောင်သည် တည်ရှိနေသည်သာလျှင် ကတည်း။
1,321,692
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ- ၂-၅၈။
1,321,693
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဧဝံ အနုက္ကမေနာတိ ပုနပ္ပုနံ ပါဒကာနံ သမာပဇ္ဇိတွာ တတော တတော ဝုဋ္ဌာယ အဘိဏှံ အာလောကဿ ဖရဏဝသေန အာလောကော ထာမဂတော ဟောတိ စိရဋ္ဌာယီ။
1,321,694
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပ။ ဟောတီ” တိ။
1,321,695
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ကျင့်ခဲ့သော်ဟူသည် ဤသို့တည်း။
1,321,696
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယောဂါဝစရပုဂ္ဂိုလ်သည် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်း ဖြစ်သော ပါဒကဈာန်ကို အဖန်ဖန်အထပ်ထပ် ဝင်စား၍ - (ပထဝီမှသည် ဩဒါတကသိုဏ်း တိုင်အောင်သော ကသိုဏ်းရှစ်ပါးတို့တွင် ကသိုဏ်းတစ်ပါးတစ်ပါး၌ သမာပတ် ရှစ်ပါးစီ ပေါက်အောင် တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် အဖန်ဖန် အထပ်ထပ် ဈာန်ကို ဝင်စား၍ တစ်ဖန် အထူးသဖြင့် အာလောကကသိုဏ်းလျှင် အာရုံရှ...
1,321,697
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မြဲမြံခိုင်ခံ့လာ၏။
1,321,698
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မြင့်ရှည်စွာ တည်တံ့ လာ၏။
1,321,699
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကဲ့သို့ဖြစ်သော် တမူကား ထို အာလောက = အလင်းရောင် ပျံ့နှံ့ရာအရပ်၌ တည်ရှိနေသော ရူပါရုံကို ကြာမြင့်စွာသော်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင် နေရသည်သာလျှင် ဖြစ်၏။
1,321,700
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။