id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,321,701
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဤ အာလောက = အရောင်အလင်းကား အဘိညာဏ်ဉာဏ်၏ရှေးအဖို့၌ ဖြစ်သော ပရိကမ္မာလောက တည်း။
1,321,702
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တစ်ဖန် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ပရိကမ္မာလောက လည်း ရှိသေး၏။
1,321,703
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ-၂-၃၀၈။
1,321,704
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) အနုလောမဉာဏကထာတွင် အရိယမဂ်၏ ရှေ့အဖို့၌ ဖြစ်သော မဂ္ဂဝီထိ၌ အကျုံးဝင်သော - ပရိကံ ဥပစာ အနလုံ အမည် ရသော ကာမာဝစရဇော သုံးမျိုးကိုလည်း အရိယမဂ်ဉာဏ်၏ ပရိကံအရာ၌ တည်သောကြောင့် အရိယမဂ်ဉာဏ်ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏။
1,321,705
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အကြောင်းမူ အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် လင်းရောင်ခြည် ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။
1,321,706
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဋ္ဌကထာကြီးများက အဓိစိတ္တ သုတ္တန်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန် ကောက်နှုတ်ချက်ကို ဖတ်ရှုကြည့်ပါ။
1,321,707
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နိမိတ္တသုတ္တန် ကောက်နှုတ်ချက်
1,321,708
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကရောတိ၊ ကာလေနကာလံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။
1,321,709
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တံ ဟောတိ စိတ္တံ မုဒုဉ္စ ကမ္မနိယဉ္စ ပဘဿရဉ္စ၊ န စ ပဘင်္ဂု။
1,321,710
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမ္မာ သမာဓိယတိ အာသဝါနံ ခယာယ။
1,321,711
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အံ-၁-၂၅၈။
1,321,712
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အံ-ဋ္ဌ-၂-၂၂၇။
1,321,713
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တ မေဝ။
1,321,714
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အံ-ဋ္ဌ-၂-၂၂၈။
1,321,715
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။
1,321,716
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ပရိသုဒ္ဓေတိအာဒီသု ပန ဥပေက္ခာသတိပါရိသုဒ္ဓိဘာေဝန ပရိသုဒ္ဓေ။
1,321,717
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပရိသုဒ္ဓတ္တာ ယော ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။
1,321,718
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဝိသုဒ္ဓိ-၂-၅။
1,321,719
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဘိက္ခဝေ=ရဟန်းတို့ … အကြင်အခါ၌ကား အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထ ဘာဝနာစိတ် ဝိပဿနာဘာဂနာစိတ်ကို ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းသည် ရံဖန်ရံခါ သမာဓိဖြစ်ကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်း၏။
1,321,720
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ရံဖန်ရံခါ ဝီရိယဖြစ်ကြောင်းနိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်း၏။
1,321,721
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ရံဖန်ရံခါ ဥပေက္ခာဖြစ်ကြောင်းနိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်း တရားကို နှလုံးသွင်း၏။
1,321,722
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုသို့ နှလုံးသွင်းသော ထိုရဟန်း၏ စိတ်သည် ပျော့ပျောင်းနူးညံ့မှုလည်း ဖြစ်လာ၏။
1,321,723
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုထို သမထဘာဝနာမှု ဝိပဿနာ ဘာဝနာမှု၌ သင့်လျော်မှု ခံ့ညားမှုလည်း ဖြစ်လာ၏။
1,321,724
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အရောင် ပြိုးပြိုး ပြက်ပြက် တလက်လက် ထွက်ခြင်းသည်လည်း ဖြစ်လာ၏။
1,321,725
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) အဋ္ဌကထာကြီးများ၌ ပရိသုဒ္ဓ ပရိယောဒါတ ပဘဿရ ဟူသော စကားလုံးများကို လှည့်လည်၍ ပရိယာယ်တူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားတော်မူကြ၏။
1,321,726
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပြည်ဆရာတော် ဘုရားကြီးကလည်း မိမိ၏ ဝိသုဒ္ဓိမဂ်နိဿယ တတိယတွဲ စာမျက်နှာ (၁၂) တွင် --ပဘဿရေ = ပြိုးပြိုးပြက် အရောင်ရှိလတ်သော် -- ဟု ပဘဿရ စကားလုံးကို ဘာသာပြန်ဆို ထားတော်မူ၏။
1,321,727
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤကား အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ် တို့ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း ပါဠိတော် အဋ္ဌကထာဋီကာ အဆိုအမိန့်တို့ ဖြစ်ကြ၏။
1,321,728
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သဗ္ဗောယံအာလောကော ဉာဏသမုဋ္ဌာနောဝ = ဤအရောင် အားလုံးသည် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းသာ ဖြစ်၏- (အံ-ဋီ-၃-၁၇၈။
1,321,729
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဟူသော ဋီကာအဖွင့်နှင့်အညီ အားလုံးဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင် များသာ ဖြစ်ကြ၏။
1,321,730
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်အရောင်အလင်း ဟူသည်မှာ မည်ကဲ့သို့သော အရာပါနည်းဟု ဆန်းစစ်ရန် ရှိလာပြန်၏။
1,321,731
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤမေးခွန်း၏အဖြေကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ ဥဒယဗ္ဗယ ဉာဏ်ခန်း ဥပက္ကိလေသပိုင်းတွင် ရှင်းပြထား၏။
1,321,732
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုရှင်းလင်းချက်များမှာ ဥဒယဗ္ဗယဉာဏ်ကြောင့် ထွက်ပေါ်လာသော အရောင် အလင်းကို ရှင်းလင်းတင်ပြ ထားသော စကားရပ်များ ဖြစ်ကြ၏။
1,321,733
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းစကားရပ် များကို ဋီကာဆရာတော်သည် လက္ခဏာဟာရနေတ္တိနည်း အားဖြင့် ဖွင့်ဆိုရေးသား သွားတော်မူသည်ဟု မှတ်ပါ။
1,321,734
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်းချင်း တူညီ၍ ဥပက္ကိလေသာ လောက၌ ထိနမိဒ္ဓဝိနောဒနအာလောက၊ ကသိဏာလောက၊ ပရိကမ္မာလောကတို့ကို စုပေါင်း၍ လက္ခဏာဟာရနေတ္တိ နည်းအရ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။
1,321,735
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းအရောင်အလင်း လေးမျိုးလုံးသည် ဉာဏ်ကြောင့်သာ ဖြစ်ပေါ်လာသော အရောင်အလင်းများ ဖြစ်သောကြောင့်တည်း။
1,321,736
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အဆင့်မြင့်မားနေသော သမထ ဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ် အားလုံးတို့ကြောင့် ပဘဿရ = ပြိုးပြိုး ပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်များ ထွက်ပေါ်လာကြောင်း ဘုရားဟောဒေသနာကိုလည်း သတိပြုပါ။
1,321,737
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ ရှင်းလင်းချက်မှာ ဤသို့ ဖြစ်၏--
1,321,738
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္ဇိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တဿေဝ ပညာယတိ၊ တေန ဖုဋ္ဌောကာေတ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။
1,321,739
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ သုတ္တံ ဝိယ ဒိဿတီတိ။
1,321,740
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မဟာဋီ-၂-၄၂၈-၄၂၉။
1,321,741
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်း ဟူသည်--- ၁။
1,321,742
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဝိပဿနာစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော အလွန်တောက်ပသော ဝဏ္ဏဓါတ် = ရူပါရုံ၏ အရောင်အလင်းနှင့် ၂။
1,321,743
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မိမိသန္တာန်၌ ကျရောက်လျက်ရှိသော (ယင်းစိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓါတ်) ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော အလွန်တောက်ပသော ဝဏ္ဏဓါတ် = ရူပါရုံ၏အရောင်အလင်းတည်း။
1,321,744
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို တစ်နည်း ရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်၏။
1,321,745
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်၏။
1,321,746
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တဏတိုင်းသည် ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ယင်းစိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏။
1,321,747
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်း စိတ္တဇရုပ်ကလာပ် တစ်ခု တစ်ခုကို ဓါတ်ခွဲကြည့်ပါက -- ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ -- ဟု ရုပ်သဘောတရား ရှစ်မျိုးစီ အသီးအသီး ရှိ၏။
1,321,748
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက၊ နှစ်ရပ် ပေါင်းသော် စိတ္တဇဩဇဋ္ဌမကရုပ်ဟု ခေါ်ဆို၏။
1,321,749
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းရုပ်ရှစ်မျိုး တို့တွင် ပါဝင်သော ဝဏ္ဏဓါတ်ဟု ခေါ်ဆိုသော ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံ ဖြစ်ခဲ့လျှင် ဘာသုရ-ရူပ = အလွန်တောက်ပ သော ရူပါရုံဖြစ်၏။
1,321,750
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မှတ်ချက် -- ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက် ရှိ၏။
1,321,751
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
စုတိစိတ်တို့တွင် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင် ရှိ၏။
1,321,752
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကျန်စုတိစိတ်များ က စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်စေနိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏။
1,321,753
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ယင်း ဘာသုရရူပ = တောက်ပသော ရူပါရုံမှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင် သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက်များလျှင် များသလို တောက်ပသော ရူပါရုံ အရေအတွက်မှာလည်း များသည်သာ ဖြစ်၏။
1,321,754
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်၏အာနုဘော် အားလျော်စွာသာလျှင် တောက်ပ၏။
1,321,755
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်၏အာနုဘော်က ကြီးမားလျှင် ကြီးမားသလို တောက်ပ၍ ဉာဏ်၏အာနုဘော်က သေးလျှင် သေးသလို လျော့၍ တောက်ပ၏။
1,321,756
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို (သမထအာရုံ) ဝိပဿနာ အာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာ စိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄) လုံးခန့် ရှိ၏။
1,321,757
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
၁။ ပထမဈာန်၌ ဈာန်နာမ်တရား (၃၄) ၂။
1,321,758
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဒုတိယဈာန်၌ ဈာန်နာမ်တရား (၃၂) ၃။
1,321,759
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တတိယဈာန်၌ ဈာန်နာမ်တရား (၃၁) ၄။
1,321,760
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
စတုတ္ထဈာန်၌ ဈာန်နာမ်တရား (၃၁) ၅။
1,321,761
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ကရုဏာဈာန်၌ ကရုဏာထပ်တိုးသဖြင့် ဈာန်နာမ်တရား (၃၅-၃၃-၃၂) ၆။
1,321,762
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မုဒိတာဈာန်၌ မုဒိတာထပ်တိုးသဖြင့် ဈာန်နာမ်တရား (၃၅-၃၃-၃၂။
1,321,763
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ၇။ ဝိပဿနာစိတ်တို့၌ ဉာဏ်ပီတိယှဉ် မယှဉ်သို့ လိုက်၍ နာမ်တရား (၃၄-၃၃- ၃၃-၃၂။
1,321,764
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) အသီးအသီး ရှိ၏။
1,321,765
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းနာမ်တရားစုတို့တွင် (ယေဘုယျအားဖြင့်) ပညိန္ဒြေစေတသိက်ဟု ခေါ်ဆိုသော ဉာဏ် = ပညာလည်း ပါဝင်၏။
1,321,766
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းဉာဏ်၏အာနုဘော်က ကြီးမားလျှင် ကြီးမား သလို ဉာဏ်၏အာနုဘော်က သေးလျှင် သေးသလို ရူပါရုံမှာ တောက်ပသည်ဟု ဆိုလိုသည်။
1,321,767
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇော ဓါတ်လည်း ပါဝင်လျက်ရှိ၏။
1,321,768
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဥတုဟုခေါ်ဆို၏။
1,321,769
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းတေဇောဓါတ် = ဥတုကလည်း ဥတုဇ-ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေပြန်၏။
1,321,770
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော တစ်ခုသော တေဇောဓါတ် = ဥတုသည် မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်၌ ဥတုဇ-ဩဇဋ္ဌမကရုပ်ကလာပ် ပေါင်းများစွာကို ဖြစ်စေနိုင်၏။
1,321,771
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းဥတုဇ၏-ဩဇဋ္ဌမကရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝဏ္ဏ ခေါ် ရူပါရုံကလည်း ဘာသုရရူပ-အလွန်တောက်ပသော ရူပါရုံပင် ဖြစ်၏။
1,321,772
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းရူပါရုံ၏ တောက်ပမှုမှာ လည်း ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏။
1,321,773
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုဇရုပ်များ ဥတုသမုဋ္ဌာန်ရုပ်များဟု မဟာဋီကာ ဆရာတော်က ခေါ်ဝေါ်သုံးစွဲ ထားပေသည်။
1,321,774
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
မှတ်ချက် သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်--ဟု ဆိုသဖြင့် မိမိ၏ရုပ်သန္တတိအစဉ်၌ပင် ကျရောက် ဖြစ်ပွါးလျက် ရှိသော ကမ္မဇရုပ်ကလာပ်တို့တွင် တည်ရှိသော ကမ္မဇတေဇောဓါတ် အာဟာရဇ ရုပ်ကလာပ်တို့တွင် တည်ရှိသော အာဟာရဇတေဇောဓါတ်ဟူသော တေဇောဓါတ် = ဥတုတို့ကြောင့် ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်န...
1,321,775
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ဆက်စပ်သော ဥတုသမုဋ္ဌာန် ရုပ်တို့ကိုသာ ပြဆိုရာအပိုင်း ဖြစ်သောကြောင့် စိတ္တဇတေဇောဓါတ် ဥတုကြောင့် ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။
1,321,776
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်းသို့ ဖြစ်လျှင် ကမ္မဇရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံ၊ ကမ္မဇတေဇောဓါတ် ကြောင့်ဖြစ်သော ဥတုဇရုပ်တို့တွင် ပါဝင်သော ရူပါရုံတို့သည်လည်း မတောက်ပ တော့ပြီလောဟု မေးရန် ရှိလာပြန်၏။
1,321,777
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပသာဝတီ၏သန္တာန်၌ အတိတ်ကံ၏ စွမ်းအင်သတ္တိကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပ သကဲ့သို့မှတ်ပါ။
1,321,778
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သို့သော် ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားသကဲ့သို့ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ အလွန် ပွတ်ချုပ်ထိခိုက်ကာ ရှေ့နှင့် နောက်ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာဝယ် --- အိမ်တစ်အိမ်ကို ပြင်းထန်စွာ မီးစွဲလောင်ပါက ပွတ်ချုပ်ထိခိုက်လျက် နီးကပ်စွာ တည်နေသော အခြား တစ်အိမ် သို့လည်း...
1,321,779
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ ထိုမှထပ်ဆင့်ဖြစ်ပွါးလာသော ဥတုဇရုဗ်တို့၏ ရူပါရုံအရောင်တို့က အလွန် တောက်ပလာသော် အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည်သာ ဖြစ်သည်။
1,321,780
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။
1,321,781
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ယင်း လင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓါတ်မခွဲနိုင်မီ ထိုကဲ့သို့တွေ့ရှိရခြင်းသာ ဖြစ်၏။
1,321,782
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်း လင်းရောင်ခြည်ဟူသည် မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့ကြောင့်ဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်၊ ထိုမှ ထပ်ဆင့် ဖြစ်ပွါးလာသော ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည်၊ သဘောကျနိုင်မည် ဖြစ်ပေသည်။
1,321,783
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဤ၌ အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင်ဟူသည် --- သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ် စသည့် ထိုထိုစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ် အာဟာရဇ ရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံ၊ ယင်းရုပ်ကလာပ်တို့၌ပင် တည်ရှိသော တေဇောဓါတ် ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်တို့၏ ရူပါရုံ-- ဤစတုဇရုပ်တ...
1,321,784
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) တစ်ဖန် ထို (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ် ထိုမှထပ်ဆင့်ဖြစ်ပွါးလာသော ယင်းရုပ်ကလာပ်တို့၏ တေဇောဓါတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် --- ဤရုပ်နှစ်မျိုးတို့တွင် စိတ္တသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓါတ် ရူပါရုံအရောင်အလင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလ...
1,321,785
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဥတုသမုဋ္ဌာန်-ဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓါတ် ရူပါရုံ အရောင်အလင်းသည်ကား ခန္ဓာကိုယ်၏ အတွင်း၌သာပက ခန္ဓာကိုယ် ၏ပြင်ပ ဖြစ်သည့် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၏။
1,321,786
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်၏အာနုဘော်က သေးလျှင်လည်း သေးသည့်အားလျော်စွာ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌ ပျံ့နှံ့၏။
1,321,787
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုအရောင်အလင်းသည်ကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏။
1,321,788
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော လူ အပေါင်းတို့အဖို့ မထင်ရှားဟူလိုသည်။
1,321,789
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင် နေပေ၏။
1,321,790
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(မိမိမဟာဋီကာဆရာ၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိဉာဏ် ဉာဏ်ကို ရရှိတော် မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ် ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံ အပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ် ဖြင့်သာလျှင် သိမြင်ကြ၏ ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့...
1,321,791
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) ပါရမီ၏စွမ်းအင် နှင့် သမာဓိစွမ်းအင်
1,321,792
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ပညာဉာဏ်ကြီးမားခြင်းအကြောင်း ပါရမီတရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးထားပြီးသော သူတော်ကောင်းကြီးတို့၏ ပညာဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၏။
1,321,793
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပါရမီအရှိန်အဝါက အထက်တန်းကြလျှင် ဉာဏ်၏အာနုဘော်မှာ ပိုမိုကြီးမားတတ်၏။
1,321,794
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ပါရမီအရှိန်အဝါက သေးသိမ်မှေးမှိန်လျှင် ဉာဏ်၏အာနုဘော်မှာလည်း သေးသိမ် မှေးမှိန်တတ်၏။
1,321,795
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အခြားအကြောင်း တစ်ရပ်မှာ သမာဓိပင် ဖြစ်၏။
1,321,796
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
(အံ-၃-၂၅၉။
1,321,797
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) တည်ကြည်သော သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖေါက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ ပြင်၏။
1,321,798
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
) --- ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည်လည်း ဉာဏ်ပညာကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အကြောင်းတစ်ရပ်ပင် ဖြစ်သည်။
1,321,799
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
သမာဓိ၏စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားပါက ဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၍ သမာဓိ၏စွမ်းအားရှိန်စော် အာနုဘော်က ပျော့ညံ့နေပါက ဉာဏ်၏ အာနုဘော်မှာလည်း ပျော့ညံ့နေတတ်၏။
1,321,800
Uncategorized
အာနာပါနကျင့်စဉ် အကျဉ်း
ထိုကြောင့် ဉာဏ်၏အရောင် အလင်းကို များများတောက်ပလိုပါက ဉာဏ်ကြောင့် အရောင်အလင်းများသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်ကို အလို ရှိပါက သမာဓိကိုလည်း အလွန်နက်ရှိုင်း၍ အလွန့်အလွန် စွမ်းအားရှိန်စော် အာနုဘော်နှင့် ပြည့်စုံလာအောင် များများထူထောင်ပေးပါ။