id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,321,801 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤအထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်များနှင့်အညီ ဉာဏာလောက = ဉာဏ်အရောင်အလင်း ဟူသောစကားမှာ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဖြစ်သည်။ |
1,321,802 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ် တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၌ ပါဝင် တည်ရှိသော ဝဏ္ဏဓါတ် = ရူပါရုံ၏ အာလောက ဩဘာသအရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ် သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်သား ပါလေ။ |
1,321,803 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မုချ နှင့် ဥပစာ |
1,321,804 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိမူကို သို့မဟုတ် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်းရှိမှုကို အချို့သော ဆရာမြတ်တို့ကား လက်မခံလိုကြပေ။ |
1,321,805 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မလွှဲမရှောင်သာသဖြင့် ဥဒယဗ္ဗယဉာဏ်၌ အရောင်အလင်းရှိသည်ကိုကား သို့မဟုတ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိသည်ကိုကား လက်ခံ လိုကြ၏။ |
1,321,806 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသို့ လက်ခံနိုင်သော်လည်း သမထဘာဝနာစိတ်နှင့် ကြွင်းသော ဝိပဿနာစိတ်တို့၌ အလင်းရှိမှုကိုကား ငြင်းပယ်တော်မူကြပြန်၏။ |
1,321,807 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုဆရာမြတ်တို့၏ အကြောင်းပြချက်မှာ ဤသို့ဖြစ်၏-- |
1,321,808 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီဟိ နတ္ထိ။ |
1,321,809 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံကိဉ္စိ ပရိသုဒ္ဓတာယ “ပဘဿရ”န္တိ ဝုစ္စတိ။ |
1,321,810 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ပဘဿရတာဒယော နာမ ဝဏ္ဏဓါတုယံ လဗ္ဘနကဝိသေသာတိ အာဟ “ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီ” တိ။ |
1,321,811 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဣတရော အရူပတာယ “နတ္ထီ” တိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒဿေန္တော “နီလာဒီန” န္တိ အာဒိမာဟ။ |
1,321,812 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တထာ ဟိ “ သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓိ ပရိယောဒါတေ” တိ ဝုတ္တံ။ |
1,321,813 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) စိတ်ဝယ် ဝဏ္ဏ = အရောင်မည်သည် ရှိပါသလောဟုမေးခဲ့သော် နတ္ထိ = မရှိပါဟုပင်ဖြေဆို လေရာ၏။ |
1,321,814 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မှန်ပေသည် -- အညိုစသော အရောင်တို့တွင် တစ်မျိုးမျိုးသော အရောင် သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ ပထင်ရှားသော အရောင်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ သို့မဟုတ် ရွှေရောင်မူလည်း ဖြစ်ချင်ဖြစ်ပါစေ မည်သည့်အရောင်မဆို စင်ကြယ် နေသည့်အတွက်ကြောင့် “ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသည်” ဟုပင် ဆိုရ၏။ |
1,321,815 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှု = ပဘဿရ စသည်တို့မည်သည် ဝဏ္ဏဓါတ် = ရူပါရုံ၌ ရသင့်ရထိုက်သော ဂုဏ်ထူးဝိသေသတို့ ဖြစ်သောကြောင့်” စိတ်ဝယ် ဝဏ္ဏ = အရောင်မည်သည် ရှိပါသလော” ဟူသော မေးခွန်းကို အဋ္ဌကထာ က တင်ပြထားခြင်းဖြစ်၏။ |
1,321,816 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | စိတ်ကား နာမ်တရားဖြစ်ခြင်းကြောင် “နတ္ထိ = မရှိပါ” ဟု ပယ်မြစ်ပြီး၍- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ - ဟူသော ဤဒေသနာကော်သည် ပရိယာယကထာ = ပရိယာယ် အားဖြင့် တင်စား၍ ဟောကြားတော်မူအပ်သော ဒေသနာတော်ဖြစ်၏။ |
1,321,817 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကဲ့သို့သော ဘဝင်စိတ်၊ ဘဝင်စိတ်နှင့်အလားတူ ရှုအပ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် စသည်၏ စင်ကြယ်သော ဘာဝနာစိတ်ဖြစ်ကြောင်းကို ထင်ရှားစေခြင်းငှါ ဟောကြားတော်မူသော ပရိယာယကထာ ဒေသနာတော် ဖြစ်ကြောင်းကို ထင်ရှားပြလိုသည့်အတွက်- သော ဧဝံ သမာဟိကေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ - (ဒီ-၁-၇၆-၇၇။ |
1,321,818 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | မ-၁-၃၁၄-၃၁၅-၃၄၆-၃၄၇၊ ဝိ-၁-၅။ |
1,321,819 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) = “ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တည်ကြည်သော စတုတ္ထဈာန် သမာဓိနှင့် ယှဉ်သော စိတ်သည် ထက်ဝန်းကျင် ဖြူစင်လတ်သော် ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလတ်သော်” ဤသို့ စသောတရားစကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူ၏။ |
1,321,820 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဘုရားရှင်သည် စတုတ္ထဈာန်သမာဓိကို ဂုဏ်တင်ကာ ချီးမွမ်းတော်မူရာ၌ ပရိသုဒ္ဓေ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်လတ်သော် ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလတ်သော် -- စသည်ဖြင့် ဂုဏ်တင်ကာ ချီးမွမ်းမြှောက်စား တော်မူလေ့ရှိ၏။ |
1,321,821 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းကဲ့သို့သော ဒေသနာတော်တို့မှာ စတုတ္ထဈာန်စိတ်၌ ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပသော လင်းရောင်ခြည်ရှိ၍ မုချအားဖြင့် ဟောကြားထား တော်မူအပ်သော ဒေသနာတော်တို့ကား မဟုတ်ကြပေ။ |
1,321,822 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဖလူပစာရ တည်းဟူသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ဟောကြားထားတော်မူခြင်းသာ ဖြစ်သည် ဟူလို။ |
1,321,823 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် ဤကျမ်းကလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိသည်ဟူ၍ မဆိုလိုပါ။ |
1,321,824 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်၊ ထိုစိတ္တဇတေဇောဓါတ်ကြောင့် ထပ်ဆင့်ဖြစ်ပွါး လာသော ဥတုဇရုပ်တို့၌ တည်ရှိသော ရူပါရုံ၏တောက်ပမှုသာဟု ဆိုလိုပေသည်။ |
1,321,825 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သို့သော် ထို အရောင်အလင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သောဉာဏ်၏ စွမ်းအင်အာနုဘော်အပေါ်၌ အခြေစိုက်၍ ဖြစ်ပေါ်လာခြင်းကြောင့် ဖလူပစာရ အားဖြင့် ဉာဏ်ရောင်ဟူ၍သာ တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည်ဟူပေ။ |
1,321,826 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အမေး- သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိရိုးမှန်လျှင် = ထိုစိတ်တို့က ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းကို ဖြစ်စေနိုင်ရိုး မှန်လျှင် အဘယ်ကြောင့် ဝိပဿနာဉာဏ်တို့တွင် ရင့်ကျက်လာသော ဥဒယဗ္ဗယ ဉာဏ်ပိုင်း၌ သာလျှင် = ဩဘာသ အရောင်အလင်း ဖြစ်ပေါ်လာနိုင်ကြောင်းကိ... |
1,321,827 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အဖြေ- တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော “န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ” တိ အမဂ္ဂမေဝ “မဂ္ဂေါ” တိ၊ အဖလမေဝ စ “ဖလ” န္တိ ဂဏှာတိ။ |
1,321,828 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၂-၂၇ဝ။ |
1,321,829 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ထို ဝိပဿနာဩဘာသသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရ ပုဂ္ဂိုလ်သည် -- ”ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား၊ မချွတ် ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ” ဟု အရိယမဂ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယမဂ်ဟူ၍ အရိယဖိုလ် မဟုတ်သော ဩဘာသကိုပင်လျှင် ... |
1,321,830 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၂-၂၇၀။ |
1,321,831 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွါးနည်းသို့လည်း ရောက်ရှိလာသဖြင့် ဝိပဿနာဉာဏ် တို့ကလည်း ရင့်ကျက်လာသောအခါ ဩဘာသ = အရောင်အလင်း ဖြစ်ပေါ်လာရာ ဝယ် - “ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ အရောင် အလင်းသည် မဖြစ်ဖူးလေစွတကား” ဟုသာ အဋ္ဌကထာက ဖွင့်ဆိုသွား၏။ |
1,321,832 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရှေးယခင်က တစ်ခါမျှ အရောင်အလင်း မဖြစ်ဖူးသေး၊ ယခုအခါမှသာလျှင် စတင်၍ အသစ်စက်စက် ဖြစ်ပေါ်လာသည်ဟုကား မဆိုပါ။ |
1,321,833 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အောက်ပါ အချက်ကိုလည်း ထောက်ရှု ကြည့်ပါ။ |
1,321,834 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | -- ယထာ စ ဩဘာသေ၊ ဧဝံ ဧတေသုပိ အညတရသ္မိံ ဥပ္ပန္နေ ယောဂါဝစရော “န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧ၀ ရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ” တိ အမဂ္ဂမေဝ “မဂ္ဂေါ” တိ အဖလမေ၀ စ “ဖလ” န္တိ ဂဏှာတိ။ |
1,321,835 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၂-၂၇၃။ |
1,321,836 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) = ဩဘာသ အရောင်အလင်း ဖြစ်ရာ၌ကဲ့သို့ အလားတူပင် ထိုဉာဏ်စသည်တို့တွင် လည်း တစ်ပါးပါးသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် -- “စင်စစ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော ဉာဏ်သည် မဖြစ်ဖူးလေစွ တကား၊ ဤသို့သဘောရှိသော ပီတိသည်၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဌာန = သတိ၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာ... |
1,321,837 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ နိကန္တိ ကိုပင်လျှင် အရိယမဂ်ဟူ၍ အရိယဖိုလ် မဟုတ်သော ဉာဏ။ |
1,321,838 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ နိကန္တိ ကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏။ |
1,321,839 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ ၂-၂၇၃။ |
1,321,840 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဤ၌လည်း -- ရှေးယခင်က ဤကဲ့သို့ သဘောရှိသော ဝိပဿနာဉာဏ်။ |
1,321,841 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤကဲ့သို့ သဘောရှိသော ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ၊ နိကန္တိသည် မဖြစ်ဖူးလေစွတကား ဟုသာ ဆိုသည်၊ |
1,321,842 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သံသရာတစ်လျှောက်၌လည်းကောင်း ဤဘဝ၌လည်းကောင်း ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိတို့သည် တစ်ခါမျှ မဖြစ်ဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ၊ |
1,321,843 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထက်မြက်စူးရှသော ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုး၊ ဤကဲ့သို့သော ပီတိမျိုး စသည်တို့သာ မဖြစ်ဖူးသေးဟု ဆိုလိုသည်။ |
1,321,844 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤကဲ့သို့သော ဉာဏ်မျိုး ဤကဲ့သို့သော ပီတိမျိုးစသည်တို့ မဖြစ်ဖူးသော်လည်း ဤဉာဏ်မျိုး ပီတိမျိုးစသည်တို့မှ အခြား တစ်ပါးသော ဉာဏ်မျိုး ပီတိမျိုးစသည်တို့ကား ဖြစ်ဖူးသည်သာ ဖြစ်၏။ |
1,321,845 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အောက်ထစ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်၊ သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် အနုပိုင်းတို့ကား ဧကန်ဖြစ်ခဲ့ဖူးသည်သာ ဖြစ်၏။ |
1,321,846 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တစ်ဖန် ဘဝ တစ်လျှောက်လုံး၌ တစ်ကြိမ်တစ်ခါမျှသော်လည်း ပီတိမဖြစ်ဖူးဟူသည်ကား မရှိနိုင်။ |
1,321,847 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အလားတူပင် ဤကဲ့သို့ ဩဘာသ = အရောင်အလင်းမျိုးသာ မဖြစ်ဖူးသေး ဟုသာ ဆိုသည်။ |
1,321,848 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဩဘာသ = အရောင်အလင်းတစ်ခါမျှ မဖြစ်ဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပေ။ |
1,321,849 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အခြား အခြားသော အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းနှင့် ဤ ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = ဝိပဿနောဘာသ = အရောင်အလင်းသည် မတူထူးခြားလျက်ရှိသောကြောင့် တစ်မူထူးခြားလျက်ရှိသော ကြောင့် ဤဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = ဝိပဿနောဘာသ = အရောင... |
1,321,850 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုကြောင့် တရားဘာဝနာတစ်ခုခုကို အားထုတ်လိုက်သဖြင့် သမာဓိ အတော်အသင့် အားကောင်းလာ၍ ပြိုးခနဲ ပြက်ခနဲ ဝင်းခနဲ လက်ခနဲ အရောင် အလင်းများ အထိုက် အလျောက် ဖြစ်ပေါ်လာသောအခါ ငါ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်လေပြီဟု ယူဆလျှင် အသင်သူတော်ကောင်းသည် ဤသာသနာတော်၌ အရှုံးကြီး ရှုံးလေပြီ။ |
1,321,851 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အကြောင်းမူ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ပရမတ်တရားတို့ကို သာလျှင် လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွါးသုံးသပ်နိုင်ပါမှ ဥဒယဗ္ဗယဉာဏ် ဟူသည် ဖြစ်ပေါ်လာနိုင်သောကြောင့်တည်း။ |
1,321,852 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အသင်သူတော်ကောင်းသည် မိမိရရှိထားပြီးသော အာနာပါနစတုတ္ထဈာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ ယင်း အာနာပါနစတုတ္ထ ဈာန်ကို ဝိပဿနာ၏အခြေပါဒကပြု၍ = တရားထိုင်တိုင်း ထိုင်တိုင်း ယင်းဈာန်ကို ဝင်စား၍ ဈာန်မှ ထသောအခါ - |
1,321,853 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း ၂။ |
1,321,854 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း ၃။ |
1,321,855 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရူပါရူပပရိဂ္ဂဟ = ရုပ်နမ်ကို သိမ်းဆည်းခြင်း ၄။ |
1,321,856 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ၅။ |
1,321,857 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပစ္စယပရိဂ္ဂဟ = ကာလသုံးပါးလုံး၌ ယင်းရုပ်နာမ်တို့၏ အကြောင်းတရား တို့ကို သိမ်းဆည်းခြင်း- |
1,321,858 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဟူသော လုပ်ငန်းခွင်များကို အဆင့်ဆင့်ပြုလုပ်၍ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ |
1,321,859 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁-၂၇၈-၂၇၉။ |
1,321,860 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ဤတွင်- |
1,321,861 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဒီဃ = အရှည် = (ဝင်လေထွက်လေ၏ အရှည်။ |
1,321,862 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ၂။ ရဿ = အတို = (ဝင်လေထွက်လေ၏ အတို။ |
1,321,863 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ၃။ သဗ္ဗကာယ = အကုန်လုံး = (ဝင်လေထွက်လေ၏ အစ အလယ် အဆုံး အကုန်လုံး။ |
1,321,864 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ၄။ ပဿမ္ဘယ = ငြိမ်အောင် သိမ်မွေ့အောင် ငြိမ်းအောင် ကျင့်ခြင်း။ |
1,321,865 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဟူသော အာနာပါန ပထမစတုက္ကသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြီးဆုံးလေပြီ။ |
1,321,866 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ |
1,321,867 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှား သိလျက်။ |
1,321,868 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမဈာန် ဒုတိယ ဈာန်တို့ကို ဝင်စား၏။ |
1,321,869 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ ဈာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ ဈာန်ကိုရရှိနေသဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထင်ထင်ရှားရှား သိနေသောကြောင့် အာရုံကိုအကြောင်းပြု၍ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဈာနပီတိကို ထင်ထင်ရှားရှား သိနေ၏။ |
1,321,870 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယင်းသို့ ဈာနပီတိကို ထင်ထင်ရှားရှား သိလျက် အသက် ရှူနေခဲ့သော် အာရုံသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှား သိနေသည်မည်၏။ |
1,321,871 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) ပရမတ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သဘာဝမှန်အတိုင်း ထိုးထွင်း သိတတ် သော ဉာဏ်သည် အသမ္မောဟမည်၏။ |
1,321,872 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပထမဈာန် ဒုတိယဈာန်တို့ကို ဝင်စား၍ ယင်းဈာန်မှ ထ၍ ယင်းဈာန်နှင့်ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် ဈာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြို ပျက်ပျက် ကုန်ကုန်ပျောက်ပျောက် သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာ ရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုပွါးသုံးသပ်၏။ |
1,321,873 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) (ဝိသုဒ္ဓိ-၁-၂၇၉။ |
1,321,874 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) တတိယစတုက္က |
1,321,875 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ |
1,321,876 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ ဈာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ |
1,321,877 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဈာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ |
1,321,878 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွဝမ်းမြောက်စေလျက်။ |
1,321,879 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာ ထားလျက်။ |
1,321,880 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ သမထပိုင်း၌ အာနာပါနဈာန်လေးပါးတို့ကို အစဉ်အတိုင်း ဝင်စားလျက် အသက် ရှူနေခဲ့သော် ဝိပဿနာပိုင်း၌ ယင်းဈာန်အသီးအသီးကို ဝင်စား၍ ဈာန်မှ ထတိုင်း ထတိုင်း ယင်းဈာန်စိတ်ကို တစ်နည်း ဈာန်စိတ်ကို အဦးမူသဖြင့် ဈာန်နာမ်တရား အားလုံးကို ယင်းတို့၏အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက် ရှူနေခဲ့သော် ဈာန်စိတ်ကို ထင်ထင်ရှားရှား သိလျက် အသက... |
1,321,881 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ သမာဒဟံ စိတ္တံ -- စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံမှာလည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်းပင် ရှိ၏။ |
1,321,882 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဝိပဿနာပိုင်း၌ကား ဤသို့ လာရှိ၏----- တာနိ ဝါ ပန ဈာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ ဈာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ဖဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ |
1,321,883 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁- ၂၈၁။ |
1,321,884 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သောပိ ဟိ အာရမ္မဏ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ |
1,321,885 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | တေန ဝုတ္တံ “ဧဝံ ဥပ္ပန္နာယာ” တိ အာဒိ။ |
1,321,886 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (မဟာဋီ-၁-၃၄၂။ |
1,321,887 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ) စတုတ္ထ စတုက္က |
1,321,888 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။ |
1,321,889 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | နိရောဓါနုပဿီ။ |
1,321,890 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ |
1,321,891 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ ရှိသည်ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ |
1,321,892 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၂။ သင်္ခါရတရားတို့၏ ပျက်ခြင်းဘင်နှင့် ရာဂ၏ကင်းပြတ်ရာနိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ |
1,321,893 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့်ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (နိရောဓါနုပဿနာ)။ |
1,321,894 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်၊ သမုစ္ဆေဒ အားဖြင့် အကြွင်းမဲ့ စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရ တရားတို့၏ ပျက်ခြင်းဘင်နှင့် သင်္ခါရတရားတို့၏ချုပ်ရာ သင်္ခါရတရားတို့ကို စွန့်လွှတ်ရာ နိဗ္ဗာန်ကို အဖန်ဖန်အထပ်ထပ် ရှူလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ |
1,321,895 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ပ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ |
1,321,896 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (သံ-၃-၂၇၉။ |
1,321,897 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဤစတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ၏အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြား ထားတော်မူပေသည်။ |
1,321,898 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ရှေး စတုက္ကသုံးမျိုးတို့ကိုကား သမထဝိပဿနာ၏အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ |
1,321,899 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | (ဝိသုဒ္ဓိ-၁- ၂၈၂။ |
1,321,900 | Uncategorized | အာနာပါနကျင့်စဉ် အကျဉ်း | ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာစိတ္တ ဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.