id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,323,401 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု ဓာတ်တွေ ခွဲစိတ် စမ်းသပ်တဲ့ ပုဂ္ဂိုလ်တွေက တဖြည်းဖြည်း တိုးတက်ပြီးတော့ လာတာ၊ အဲဒီ ဓာတ်ကြီး ၄-ပါးတွေလဲ သူတို့တွေ့တယ်၊ နောက်ဆုံးဓာတ်ကြီး ၄-ပါး သဘောတွေ တွေ့တယ်၊ အက်တွန်တို, ဖရိုတွန်တို့ ဆိုတာတွေ၊ ဒါတွေ တွေ့လာတယ်၊ သူတို့ လှုပ်ရှားနေတဲ့ ဓာတ်နဲ့ အဲဒီ လှုပ်ရှားနေတဲ့ဓာတ် တခြားကို မပြေးနိုင်အောင်လို့ ထိန်းထားတဲ့ ဓာတ်နဲ့၊ ပြီး... |
1,323,402 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဥစ္စာ တွေ့တဲ့အခါမှာလဲ သူတို့ ဘယ်လိုလုပ် ကြည့်သလဲ မသိဘူး၊ အင်မတန် လင်းသွားလို့ ရှိယင်လဲ ပျောက်သွားတယ်တဲ့၊ ဒီဥစ္စာတွေဟာ အင်မတန် သိမ်မွေ့ နေတာ၊ အလင်း များလို့လဲ မရဘူး၊ မလင်းယင်လဲ မှောင်နေလို့ ကြည့်လို့ မဖြစ်ဘူး၊ ဒါတွေဟာ အင်မတန် ခက်တယ် ဆိုတာကို နောက်ဆုံးအသေးစိတ် ရောက်တဲ့အခါ အစိုင်အခဲ မရှိဘူးတဲ့၊ သဘောကလေး တွေပဲတဲ့၊ လှုပ်ရ... |
1,323,403 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ် ၈-ပါး တွဲဖြစ် |
1,323,404 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬ ကလာပ် တစီး တစီးဆိုယင် ဒီဓာတ်ကြီး ၄-ပါးက ပါတော့တာပဲ၊ ပထဝီ, အာပေါ, တေဇော, ဝါယော ဓာတ်ကြီး ၄-ပါး၊ အဲဒီ ဓာတ်ကြီး ၄-ပါးကို မှီပြီးတော့ ဖြစ်နေတဲ့ ဥပါဒါန်ရုပ်က ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ-ဆိုတဲ့ ဒီ ၄-ပါးကလဲပဲ ကိန်းသေ ပါတော့တာပဲ၊ အားလုံး ရုပ် ၈-ရုပ်၊ ရုပ် ၈-ခုထက် နည်းပြီးတော့ မဖြစ်ဘူး၊ အခု ဓာတ်ခွဲတဲ့ ပုဂ္ဂိုလ်တွေ မြင်ရတယ်ဆိုတာလဲ... |
1,323,405 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ်တဲ့၊ အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, ပထဝီဓာတ် ဆိုတာက ဘာတုံး ဆိုတော့ ခက်မာ ကြမ်းတမ်းတဲ့ သဘောပဲတဲ့၊ ပထဝီဓာတ်ဆိုတာ မာမာကြမ်းကြမ်း သဘောတွေဟာ ပထဝီဓာတ်ပဲ၊ အခု အစိုင်အခဲ အနေအားဖြင့် အထည်ဝတ္ထု အနေအားဖြင့် တွေ့ရတဲ့ဟာတွေ သူတို့ ပထဝီဓာတ်တွေပဲ၊ ပထဝီဓာတ် အားကောင်းလေလေ အစိုင်အခဲ အနေအားဖြင့် ထင်ရှားလေလေပဲ၊ ခက်မာကြမ်းတမ်း တဲ့... |
1,323,406 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတ်က အရေသဘော ဖြစ်နေတယ်၊ ဝါယောဓာတ်ကလဲပဲ လေသဘော ကလေး ဖြစ်နေတာလဲ ဒါတွေနဲ့ နှိုင်းစာလို့ရှိယင်တော့ ပထဝီက မျက်လုံးသားထဲက နူးညံ့ပါတယ်ဆိုတဲ့ အသားကလေးကလဲ ကြမ်းသေးတာပဲ၊ ဒိပြင်နေရာမှာ တွေ့ထိမယ် ဆိုလို့ရှိယင် ဝါဂွမ်းတို့ဆိုတာ အင်မတန် နူးညံ့တာ၊ အဲဒါ ပထဝီဓာတ်တွေ၊ ဒါပေမယ်လို့ အဲဒီ နူးညံ့တဲ့ အစိတ်အပိုင်းကို မျက်လုံးနဲ့ သွားထိမယ... |
1,323,407 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬ အဲဒီ ပထဝီဓာတ်တွေကို အကြမ်းစားအားဖြင့် မြတ်စွာဘုရား ခွဲပြထားတာ အမျိုး အမည် ၂၀-ရှိပါတယ်။ |
1,323,408 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ဝက္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရိသံ၊ မတ္ထလုင်္ဂံ။ |
1,323,409 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတရားတွေဟာ ဦးနှောက်တိုင်အောင် အားလုံး ၂၀-ရှိတယ်၊ တချို့လဲ ဒီဥစ္စာတွေ ရနေမှာပါ၊ ဗမာလိုဆိုယင် ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ၊ ဒါက ၅-ခု၊ ဆံပင် မွေးညင်းဆိုတာ တကိုယ်လုံး ပေါက်နေတဲ့ အမွေးတွေ၊ ခြေသည်း လက်သည်း ဆိုတာလဲပဲ ခြေဖျားလက်ဖျားမှာ ရှိတယ်၊ သွားဆိုတာလဲ ပါးစပ်ထဲမှာ ရှိတယ်၊ အရေ ၅-ခု။ |
1,323,410 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ ငါးခုရတယ်၊ အသားဆိုတာကတော့ တကိုယ်လုံးမှာပဲ၊ အရိုးတွေ ဆိုတာလဲပဲ အတွင်းကနေပြီး အမာခံပေါ့လေ၊ ဒီအရိုးတွေ မရှိယင်လဲ ဒီကိုယ်ကြီး ထောင်မနေနိုင်ဘူး အကုန်လုံး ပြားကျသွားမှာ ဝပ်သွားမှာ၊ အရိုးတွေ အကြောင်း အားလျော်စွာ ရောဂါဝေဒနာရှိလို့ တချို့ အရိုးတွေထုတ်ပစ် ရလို့ အရိုးမရှိတဲ့လူတွေ ဆေးရုံ... |
1,323,411 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟဒယံ, ယကနံ, ကိလောမကံ, ပိဟကံ၊ ပပ္ဖါသံ၊ ဟဒယံ၊ နှလုံး၊ ယကနံ၊ အသည်း၊ အမြှေး၊ အဖျင်း၊ အဆုတ်၊ နှလုံးဆိုတာလဲပဲ တော်တော်တော့ ထင်ရှားပါတယ်၊ အသည်းလဲ ထင်ရှားတာပဲ၊ အမြှေးကတော့ အပေါ်မြှေးလေးဆိုတော့ ဒါတွေက သိပ်မထင်ရှားဘူး၊ အတွင်းမှာရှိတယ်၊ အဖျဉ်း၊ အဖျဉ်းဆိုတာလဲ ထင်ရှားတယ်၊ အဆုပ်ဆိုတာလဲ ထင်ရှားတယ်၊ အဆုပ်ဆိုတာ ညာဘက်၊ ဗယ်ဘက်မှာ အကြီးကြ... |
1,323,412 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အန္တံ, အန္တဂုဏ, ဥဒရိယံ, ကရိသံ, မတ္ထလုင်္ဂံ။ |
1,323,413 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အန္တံ၊ အူမ၊ အန္တဂုဏံ၊ အူသိမ်၊ အူတွေ တခုနဲ့တခု တွဲထားတဲ့ အူသေးကလေးတွေပေါ့၊ အစာသစ်၊ အစာသစ် ဆိုတာကတော့ နေ့တိုင်း နေ့တိုင်း စားနေတဲ့ မသေခင်အတွင်း အစာသစ်ဖြစ်တယ်၊ အစာဟောင်းတဲ့၊ အစာကြေညက်သွားတဲ့အခါ ကျင်ကြီးဖြစ်သွား၊ ဦးနှောက်တဲ့၊ ဦးနှောက်ဆိုတာက ခေါင်းထဲမှာရှိတယ်၊ အဲဒီဟာတွေက အမျိုး အမည် ၂၀-ရှိတယ်၊ ဒါက အမာခံ အကြမ်းသဘောဖြစ်နေလို့... |
1,323,414 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီအထဲမှာ အနူးအညံ့တွေလဲ ပါတယ်၊ ဦးနှောက်တို့ဆိုတာ နုနေတာပဲ၊ အတွင်းက အသည်းတို့ နှလုံးတို့ အမြှေးတို့ ဒါလေးတွေဟာ နုနေပါတယ်၊ ဒါပေမယ်လို့လဲ ဒိပြင် ဓာတ်တွေနဲ့ နှိုင်းစာလို့ ရှိယင် သူတို့ ကြမ်းနေသေးတာပဲ၊ ဒါကြောင့် “ကြမ်းတမ်း မာခက်၊ ချောညက်တမည်” ကြမ်းတမ်းသည်၊ ခက်မာသည်၊ ချောသည်၊ ညက်သည်၊ နူးညံ့သည်၊ အဲဒါဟာ ပထဝီဓာတ်ရဲ့ လက္ခဏာပဲတဲ... |
1,323,415 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လက္ခဏာ ၂-မျိုး |
1,323,416 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လက္ခဏာဆိုတာ ၂-မျိုးရှိတယ်၊ သဘာဝလက္ခဏာတဲ့ သာမညလက္ခဏာတဲ့ ၂-မျိုး ရှိတယ်၊ သာမည လက္ခဏာ ဆိုတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အတ္တမဟုတ်တဲ့သဘော၊ အဲဒီဟာက သာမညလက္ခဏာ၊ ရုပ်တိုင်း နာမ်တိုင်း အကုန်လုံးနဲ့ ဆက်ဆံနေလို့ သာမညလက္ခဏာ ခေါ်တယ်၊ အားလုံးသော တရားတွေမှာ အနိစ္စလက္ခဏာ၊ မမြဲတဲ့သဘောရှိတယ်၊ ဒုက္ခလက္ခဏာ ဆင်း... |
1,323,417 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဘာဝလက္ခဏာ ဆိုတာကတော့ ကိုယ် သဘောတရား တခုတခုရဲ့ ရုပ်တရားဖြစ်စေ၊ နာမ် တရားဖြစ်စေ၊ ရုပ်တရား နာမ်တရား တခုတခုရဲ့ အထည်ကိုယ်လို့ ခေါ်ရတဲ့ ပင်ကိုရင်းသဘော ပဲတဲ့၊ အဲဒါကို သဘာဝလက္ခဏာ ခေါ်ပါတယ်။ |
1,323,418 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာ ရှုတယ်ဆိုလို့ ရှိယင် အဲဒီလက္ခဏာတို့၊ ရသတို့၊ ပစ္စုပဋ္ဌာန်တို့၊ ပဒဋ္ဌာန်တို့ ဒါတွေနဲ့ ရှုရတယ်၊ ဒီလို လက္ခဏာတွေနဲ့ သိရတယ်၊ အတွေ့အထိတွေကို မှတ်လို့ရှိယင် ထိတယ်-ထိတယ် မှတ်ယင် ပထဝီဓာတ် တွေ့ယင် အဲဒီ လက္ခဏာနဲ့ ကက္ခဠလက္ခဏာ၊ ခက်မာသည်၏ အဖြစ်လျှင် သူ့လက္ခဏာပါပဲတဲ့၊ အရင်းခံကလေး ဆိုထားတယ်၊ ကက္ခဠတ္တ လက္ခဏာ၊ ခက်မာသည်၏အဖြစ်၊ ခက... |
1,323,419 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပတိဋ္ဌာနရသာ၊ တည်ရာကိစ္စ ရှိတယ်တဲ့။ |
1,323,420 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တည်ရာကိစ္စရှိတယ် အခုမြေကြီးများဟာ အရာဝတ္ထုတွေ သူ့အပေါ်တည်ရတာပဲ၊ လူတွေလဲ မြေကြီးပေါ် တည်နေရတာပဲ၊ မြေကြီးကခံနေလို့ မခံလို့ရှိယင် ကျွံကျသွားမယ်၊ အလုံးစုံသော အရာဝတ္ထုတွေ အဆောက်အအုံတွေရော အကုန်လုံး မြေကြီးပေါ် တည်နေရတယ်၊ မြေကြီး မရှိယင် ထောက်ရာတည်ရာ မရှိဘူး၊ အကယ်၍သာ ဟင်းလင်းပြင် ကြီးသာ ဖြစ်နေမယ်ဆိုယင် အကုန်လုံး အောက်ပြုတ်ကျ... |
1,323,421 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခုတော့ မြေကြီးက ခံထားတယ်၊ ခံထားတော့ ဒီမှာတည်နေတယ်၊ အဲဒီတော့ အမာခံဓာတ်က ခံထားလို့ တည်နေ တယ်တဲ့၊ ပတိဋ္ဌာနရသာ၊ တည်ရာသဘော သူကရှိတယ်တဲ့။ |
1,323,422 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ - ခံလင့်ခြင်း၊ လက်ခံထားခြင်း၊ လက်ခံထားသည့် အနေအားဖြင့် ထင်ရှားတယ်တဲ့၊ တည်ရာဆိုတော့ လက်ခံထားတာပေါ့၊ တည်ရာနဲ့ လက်ခံတာနဲ့က တဆက်တည်းပါပဲ၊ တည်ရာသဘောက သူ့အတွင်းမှာ ပကတိ ပင်ကိုရင်းအားဖြင့် တည်ရာသဘောရှိတယ်၊ တည်ရာသဘော ရှိတော့ သူက ခံပြီးတော့ ထားတယ်၊ တောင့်ခံပြီးတော့ ထားတယ်၊ မြေကြီးပေါ် နင်းလိုက်ယင် မြေကြီး... |
1,323,423 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပြီးတော့ ဓမ္မသင်္ဂဏီကျမ်းမှာ ပါတယ်၊ အဲဒီ အစိုင်အခဲ အမာခံသဘောတွေ ဟူသမျှဟာ လေးသော သဘော ထင်ရှားတယ်တဲ့၊ အခု ကိုင်ပြကြည့်၊ မ, ပြကြည့်ယင် လေးတာ တွေ တွေ့ရတယ်၊ တခုနဲ့တခုနဲ့ ထောက်ဆကြည့်ယင် ဒါကပေါ့တယ်၊ ဒါက လေးတယ်၊ ဒီဟာက လေးတယ်၊ ဒီဟာက ပေါ့တယ် စသည်ဖြင့် ခေါ်ရတယ်၊ အဲဒီတော့ အဲဒီဟာလဲပဲ ပထဝီဓာတ်ပဲတဲ့၊ ဂရုကံတို့ လဟုကံ တို့ဆိုတာ ဓမ္မသင်... |
1,323,424 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ်ရဲ့ လက္ခဏာ၊ “ပထဝီဓာတ်၊ သိမှတ် မြတ်ယောဂီ” တဲ့၊ ပထဝီဓာတ်၊ ပထမလက္ခဏာ ဆိုတာဟာ ဘာလဲဆိုယင် ရုပ်နာမ်တရားတို့၏ အထည်ကိုယ်လို့ ဆိုထိုက်တဲ့ ပင်ကိုရင်း သဘောဖြစ်သည်၊ သဘာဝလက္ခဏာ ဟူသည်မှာ ရုပ်နာမ်တရားတို့၏ အထည်ကိုယ်ဟု ခေါ်ထိုက်တဲ့ ပင်ကိုရင်း သဘောပင် ဖြစ်သည်၊ ရုပ်နာမ်တရားရဲ့ အထည်ကိုယ် လက္ခဏာ ဆိုတာ ရုပ်နာမ်တရား၊ ဒိပြင်မရှိဘူး သ... |
1,323,425 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ကြမ်းတမ်းမာခက်၊ ချောညက် တမည်၊ တည်ရာကိစ္စ၊ သူက ပြုသည်” မာနေ တော့ကို တည်ရာဌာန ဖြစ်နေတော့တာပေါ့၊ “ခံလင့်ဆောင်ရေး၊ ပေါ့, လေး ထင်သည်”၊ ခံလင့်တဲ့သဘော၊ ပေါ့တဲ့သဘော လေးတဲ့သဘော ရှုတဲ့ပုဂ္ဂိုလ် ယောဂီရဲ့ ဉာဏ်ထဲမှာ ထင်လာတယ်တဲ့၊ ပေါ့တယ်ဆိုတာလဲ သူပဲ၊ လေးတယ်ဆိုတာလဲ သူပဲ၊ ခံထားတယ် ဆိုတာလဲ သူပဲတဲ့၊ ဒီလို ထင်ပါတယ်၊ ဆောင်ပုဒ်ကလေး ပေးထား... |
1,323,426 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါက အကြမ်းနဲ့ရော အနုနဲ့ရော သိရအောင်၊ အကြမ်းနဲ့ဆိုယင် ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်,အစာသစ်, အစာဟောင်း, ဦးနှောက်ဆိုတဲ့ အမျိုးအမည် ၂၀-ရှိတယ်၊ အဲဒါက အကြမ်းဖျင်းအားဖြင့် မှတ်သား ထားဖို့၊ လက္ခဏာနဲ့ဆိုလို့ ရှိယင်တော... |
1,323,427 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ် ရှုမှတ်သိ |
1,323,428 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆောင်ပုဒ်ကလေးတော့ ဆိုကြအုံးမှ ဖြစ်မယ်၊ ပြောစရာတွေ အများကြီး ရှိတယ်၊ ပြောစရာတွေက တော်တော်နဲ့ကို ကုန်မှာ မဟုတ်ဘူး။ |
1,323,429 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကြမ်းတမ်းမာခက်၊ ချောညက်တမည်။ |
1,323,430 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တည်ရာကိစ္စ၊ သူကပြုသည်။ |
1,323,431 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခံလင့်ဆောင်ရေး၊ ပေါ့,လေး ထင်သည်။ |
1,323,432 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ် သိမှတ် မြတ်ယောဂီ။ |
1,323,433 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ် ရှုမှတ်မိလို့ရှိယင် အဲဒီအတိုင်း သိရမယ်တဲ့၊ ကြမ်းတမ်းတဲ့ သဘော၊ မာခက် ခက်မာတဲ့သဘော၊ ချောညက်တဲ့သဘော၊ နူးညံ့တဲ့သဘော အနေအားဖြင့် တွေ့ရလိမ့်မယ်တဲ့၊ တနေရာရာက တွေ့ထိတာလေး မှတ်လို့ရှိယင် ထိတယ်ထိတယ် ဆိုယင် အဲဒါ ကြမ်းတဲ့ အနေ အားဖြင့်ယင်လဲ တွေ့မှာပဲ၊ နူးညံ့တဲ့ အနေအထား အားဖြင့်ယင်လဲ တွေ့မှာပဲ၊အလုံးအခဲ အစိုင်အခဲ အနေ အားဖြင့... |
1,323,434 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေက ပကတိ အသိတွေက အယင်ကျကုန်လို့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဆိုယင် ထိခါမျှလေးနဲ့ ဒီတွင် ရပ်ရမှာကိုး၊ မုတေ မုတမတ္တံ ဘဝိဿတိ။ |
1,323,435 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မုတေ၊ ရောက်ခါမျှ၌။ |
1,323,436 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မုတမတ္တံ၊ ရောက်ခါ မျှသည်။ |
1,323,437 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထိယင် ထိခါမျှလေး ရပ်ရမှာ ထိတယ် ထိတယ်ဆိုတော့ ထိခါ မျှသဘောမှာ ဆိုယင် လက်သည်းထဲက ကြမ်းတမ်းတဲ့ သဘော, ခြေသည်းထဲက ကြမ်းတမ်းတဲ့ သဘော၊ ဒါပဲ သိမှာပဲ။ |
1,323,438 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သွားဆိုယင်လဲ သွားဟာ လျှာနဲ့ ထိတဲ့ အခါကျတော့ သွားဟာ ပကတိ ပုဂ္ဂိုလ်က ထိလိုက်တယ် ဆိုယင်ပဲ လျှာနဲ့ သွားနဲ့ ထိလိုက်တယ်ဆိုတာ တခါတည်း စောစောက သိသွားပြီ၊ ဒါက ပကတိ အသိတွေကိုး။ |
1,323,439 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယောဂီပုဂ္ဂိုလ် အနေအားဖြင့်ဆိုယင် ထိတာနဲ့ ထိတယ် မှတ်လိုက်ယင် သွားထိယင် ကြမ်းကြမ်းကလေး တွေ့ယင် တွေ့မယ်၊ နူးညံ့တာတွေကယင် တွေ့မယ်၊ ချောနေတာတွေ့ယင်လဲ တွေ့မယ်၊ အဲဒါ ပထဝီဓာတ် တွေ့နေတာပဲ။ |
1,323,440 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒိပြင်လဲ ဒီအတိုင်းချည်းပဲ၊ အရေတို့, အသားတို့ လျှောက်ပြီးတော့ ထိယင် ဒီအတိုင်းပဲ၊ ကိုယ်ထဲက အမျိုးအမည် မခွဲနိုင်ပဲနဲ့ တွေ့နေတာတွေ ရှိတယ်၊ ကြမ်းတမ်းတဲ့သဘော, နူးညံ့တဲ့သဘော, တွေ့ထိနေတာတွေ၊ အဲဒါတွေ ပထဝီဓာတ်တွေ တွေ့နေတာပဲ၊ ထိတဲ့ အထိကလေးသာ စူးစိုက်ပြီး တော့ သိတယ်၊ ထိတယ် ဆိုယင်ဖြင့် အဲဒီမှာ ထိတဲ့သဘောပဲရှိတယ်၊လက်လဲ မရှိဘူး, ကိုယ်... |
1,323,441 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတ် ရှုမှတ်သိ |
1,323,442 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတ် ပြောကြအုံးစို့၊ ဓာတ် ၄-ပါးစုံအောင် ရှေးဦးစွာ ဖြေအုံးမှ၊ ဒါမှ မြွေနဲ့တူမှာ၊ အာပေါ ဓာတ်ဆိုတော့ ပဂ္ဃရဏလက္ခဏာ - ယိုစီးခြင်း လက္ခဏာရှိတယ်၊ ဒြဝလက္ခဏာ - အရေသဘော ရှိတယ်တဲ့၊ “အရေ တနည်း၊ ယိုစီး တမည်” အရေ သဘောလဲ ရှိတယ်၊ ယိုစီးတတ်တဲ့ သဘော လဲရှိတယ်၊ အရေဆိုယင် ယိုစီးတော့တာပေါ့လေ၊ အဆီးအတားမရှိယင် သူကတော့ စီးကျသွား တော့တာပဲ၊... |
1,323,443 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) အဲဒါ အာပေါဓာတ်ရဲ့ လက္ခဏာပဲတဲ့၊ အာပေါဓာတ်ရဲ့ အထည်ကိုယ်ရင်းပဲတဲ့။ |
1,323,444 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူရဲ့ရသကတော့ သူ့ကိစ္စက ဘာလုပ်သလဲ ဆိုလို့ ရှိယင် “စိုထိုင်း ဖွံ့ထွား တိုးပွားစေသည်” ဗြူဟနရသရှိတယ်၊ ပွားစေခြင်းဟာ သူ့ကိစ္စပဲ၊ ပွားစေတတ်တယ်၊ အရေဆိုတာ အရေနဲ့ထိတဲ့ ဥစ္စာ တွေ ပွပြီးတော့ ပွားသွားတယ်၊ ခြောက်နေတဲ့ အရာဝတ္ထုတခု ပေမယ်လို့လဲ ရေနဲ့ထိသွားလို့ရှိယင် ပွသွားတယ်၊ ကြီးလာတယ်၊ တချို့ တော်တော်သွေ့ခြောက်နေလို့ ရေနဲ့စိမ် လိုက်... |
1,323,445 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သင်္ဂဟပစ္စုပဋ္ဌာနာ၊ ပေါင်းစည်းပေးခြင်းဟာ ပေါင်းစည်းပေးသော အနေအားဖြင့် ထင်တယ်၊ အရေဆိုတာက ပူးတွဲစေတတ်တယ်၊ ဥပမာ ဆန်မှုန့်တွေဆိုယင် သင့်တော် လောက်တဲ့ရေနဲ့ ရောယင် တခုနဲ့တခုနဲ့ ပူးတွဲပြီးတော့ အလုံးအခဲ ဖြစ်စေတတ်တယ်၊ အဲဒါအရေက နေပြီးတော့ အားလုံးသော ရုပ်တွေကို လုံးထားလို့ အရေကသာ မလုံးလို့ ရှိယင် ရုပ်တွေ တမှုန့်စီလွင့်ပြီး တခြားစ... |
1,323,446 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယောဂီပုဂ္ဂိုလ် မှတ်လိုက်တော့ အာပေါဓာတ်ဆိုတာ ထိတော့ မထိကောင်းဘူး၊ မထိကောင်း ပေမယ်လို့ ထိကောင်းတဲ့ ပထဝီအတွေ့, တေဇောအတွေ့, ဝါယော အတွေ့တွေကို ထောက်ဆ ပြီးတော့ အာပေါကိုသိရတယ်၊ မထိပဲနဲ့ကတော့ မသိနိုင်ဘူး၊ အရေပဲဆိုတာ ဒီအတိုင်းတော့ မသိနိုင်ပါဘူး၊ မျက်စိနဲ့ မြင်ရုံမျှနဲ့ မသေချာပါဘူး၊ တချို့က အရေ ထင်ပေမယ်လို့ အခဲ ဖြစ်ချင် ဖြစ်နေတာ... |
1,323,447 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ အာပေါဓာတ်ကိုတော့ လက်နဲ့ စမ်းလို့ တွေ့တာမဟုတ်ဘူး၊ အာပေါဓာတ်နဲ့ တပေါင်းတည်း ဖြစ်နေတဲ့ ပထဝီရဲ့ ထူးခြားပုံကို တွေ့ရတယ်၊ ခက်မာကြမ်းတမ်းတဲ့ သဘောဟာ ရေနဲ့ရောနေ တဲ့အခါမှာ သူက တမျိုးကို၊ ရေထဲမှာလဲ ပထဝီဓာတ်တွေ ရှိတာပဲ၊ အဲဒါတွေ တွေ့တယ်၊ ရေထဲမှာ လက်နဲ့ နှိုက်ကြည့်လိုက်ယင် မာမာကြမ်းကြမ်း နူးညံ့တဲ့သဘောတွေ တွေ့ရတယ်၊ ပူတဲ့သဘော အေး... |
1,323,448 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်ပြီးတော့ အဋ္ဌကထာ ဋီကာများမှာ ပြထားပြန်တယ်၊ အာပေါဓာတ် ဆိုတာ ဟာတဲ့ လေးသော သဘောရှိတယ်တဲ့၊ ဂရုတရသဘာဝ သာပြီးတော့ လေးတယ်၊ ပထဝီဓာတ်ထက်ပိုပြီးတော့ လေးတယ်လို့ ဆိုတယ်၊ ပထဝီဓာတ်ကတော့ ခုနက ပြောခဲ့တဲ့အတိုင်း အလုံးအခဲကလေးတွေ စမ်းကြည့်တဲ့အခါမှာ လေးတယ်ဆိုယင် ပထဝီဓာတ်၊ မ-ထားရတာ လေးနေတယ်ဆိုယင် ဒါဟာ ပထဝီဓာတ်၊ ပေါ့သွားပြန်ပြီ ဆိုယင်လ... |
1,323,449 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယောဂီပုဂ္ဂိုလ်မှာ ကြွတယ်, လှမ်းတယ်, ချတယ်, မှတ်တဲ့အခါ အဲဒီမှာ လေးလေးပြီး ကျသွားတာ ထင်ရှားတယ်၊ လက်တွေလဲ ဒီလိုကြွတယ်, လှမ်းတယ်, ချတယ်, မတယ် စသည်ဖြင့် ခေါင်းမော့တယ်, ငုံ့တယ် မှတ်တဲ့အခါ အဲဒီ လေးတဲ့သဘောလေး ထင်ရှားတယ်၊ အဲဒါ အာပေါ ဓာတ် လွန်ကဲတဲ့ ဂရုတရသဘာဝ လေးသောသဘော ရှိသည်တဲ့၊ အဲဒါကြောင့် “လေးလျက် ကျသွား၊ ဉာဏ်အားထင်သည်” လို့ ... |
1,323,450 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရေတနည်း၊ ယိုစီးတမည်။ |
1,323,451 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စိုထိုင်းဖွံ့ထွား၊ တိုးပွါးစေသည်။ |
1,323,452 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စေးကပ်ပူးတွဲ၊ လုံးခဲထင်သည်။ |
1,323,453 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လေးလျက်ကျသွား၊ ဉာဏ်အားထင်သည်။ |
1,323,454 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတ် - သိမှတ်မြတ်ယောဂီ။ |
1,323,455 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လက္ခဏာက အရေတနည်း၊ ယိုစီးတမည် - အရေအနေအားဖြင့် ထင်တယ်၊ ယိုစီးတဲ့အနေအားဖြင့် ထင်တယ်ဆိုယင် ဒါ လက္ခဏာ သိတာပဲ၊ ကိုယ်ထဲမှာ တွေ့ထိ ရာကနေပြီး ထိတယ် ထိတယ် စသည်ဖြင့်မှတ်တော့ အရေသဘောနဲ့ ထင်ရှားတယ်၊ ယိုစီးတဲ့သဘောနဲ့ဆို ဥပမာ နှာရေတွေ ကျလာတယ်ဆိုယင် သိနေတာပဲ၊ အဲဒီဥစ္စာကို သိတယ်လို့ မှတ်ချင်လဲမှတ်၊ ကျတယ်လို့ မှတ်ချင်လဲမှတ်၊ သိတယ်လို့ ... |
1,323,456 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အရေတနည်း၊ ယိုစီးတမည်၊ စိုထိုင်းဖွံ့ထွား၊ တိုးပွါးစေသည်” ဆိုတော့ ရှုယင်း ရှုယင်းနဲ့ ထိတာလေး လျှောက်ပြီးတော့ မှတ်တော့ စိုနေတယ်၊ ထိုင်းနေတယ်၊ ပွလာတဲ့သဘောပဲ စသည် ဖြင့် အဲဒီလိုသိရတာက အာပေါဓာတ်ရဲ့ ကိစ္စရသကို သိတာတဲ့။ |
1,323,457 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်တခုက “စေးကပ်ပူးတွဲ၊ လုံးခဲထင်သည်” တဲ့၊ စေးကပ်နေတယ်၊ အလုံး အခဲဖြစ်ပြီးတော့ နေတယ်၊ တခုစီတခုစီ မကွဲပဲနဲ့ လုံးခဲပြီးတော့ နေတယ်၊ တွဲပြီးတော့ နေတယ်၊ ကပ်ပြီးတော့ နေတယ် စသည်ဖြင့် ထင်တယ်၊ အဲဒီလို ထင်တဲ့ဟာက အာပေါဓာတ်ရဲ့ ပစ္စုပ္ပဋ္ဌာန် ဉာဏ်ထဲမှာ ထင်လာတာတဲ့။ |
1,323,458 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်တခု ထည့်လိုက်တာက ဘာတုံးဆိုတော့ “လေးလျက် ကျသွား ဉာဏ်အား ထင်သည်၊” အဲဒါကတော့ ကိုယ့်အမူအရာတွေ ပြုပြင်တဲ့အခါ အောက်ကို လေးကျ သွားတာတွေကို သိတာက အာပေါဓာတ်ကို သိတာပဲတဲ့၊ ဂရုတရသဘာဝ လေးသော သဘော ရှိသည်တဲ့၊ အဋ္ဌကထာ ဋီကာတွေက ဆိုတယ်၊ အဋ္ဌကထာက ခြေထောက်ကို လွှတ်ချလိုက်တဲ့ အခါကာလမှာ အာပေါဓာတ်က လွန်ကဲပြီး ရှေ့ဆောင်တယ်၊ ပထဝီဓာတ်က နေ... |
1,323,459 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယခု ယောဂီပုဂ္ဂိုလ်တွေ မှတ်ရတာ အကုန်လုံး ဓာတ်ကြီး ၄-ပါးသိနေတာ၊ ကိုယ် အမူအရာတွေ မှတ်နေလို့ရှိယင် ဓာတ်ကြီး ၄-ပါးတွေ တော်တော်ကြာမှ အကုန်လုံး ရှင်းပြီးတော့ ပြောရမယ်၊ တခုချင်း, တခုချင်း ပြောရမယ်၊ အဲဒါကြောင့် အဲဒီ အာပေါဓာတ်ဟာ သူ့လက္ခဏာ ရသ ပစ္စုပ္ပဋ္ဌာန်နဲ့ အကြမ်းဖျင်းအားဖြင့် ဆိုယင် အာပေါဓာတ်က ၃၂-ကောဋ္ဌာသထဲမှာ ၁၂-ခုသာ အာပေါဓာ... |
1,323,460 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပိတ္တံ, သေမှံ, ပုပ္ပေါ, လောဟိတံ, သေဒေါ, မေဒေါ, အဿု, ဝသာ, ခေဠော, သိင်္ဃာနိကာ, လသိကာ, မုတ္တံ ၁၂-ခု ရှိတယ်၊ ဒါတွေ တခုချင်းစီကို သိကြရမှာပါ။ |
1,323,461 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပိတ္တံ - တဲ့၊ သည်းခြေ ဆိုတာ ဒါကတော့ သည်းခြေအိတ်ကလေးနဲ့ သူ နေနေတာ ထင်ရှားပါတယ်၊ ဒိပြင်ဟာက တယ် မထင် ရှားဘူး၊ ဒိပြင် နေရာမှာလဲ တကိုယ်လုံး ပြန့်နေတဲ့ သည်းခြေရှိတယ်၊ အရေထူနဲ့ အရေပါး ခြားမှာ သည်းခြေရှိတယ်၊ အဗဒ္ဓ သည်းခြေ၊ အဗဒ္ဓသည်းခြေ ခေါ်တယ်၊ ဗဒ္ဓသည်းခြေ ကတော့ သူ့ သားရေအိတ် ကလေးနဲ့ နေတာ၊ ဒါကတော့ သည်းခြေဆိုတာ ကြက်တွေ ခွဲစိပ်န... |
1,323,462 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သလိပ်-တဲ့ သလိပ်ကလဲ ထင်ရှားတယ်၊ သလိပ်ကတော့ အခုလို စကားပြော နေယင်းလဲ လည်ချောင်း ကတ်လာလို့ ခဏခဏ ဟပ်ထုတ်ရ ထွေးထုတ်ရ၊ သလိပ်က ထင်ရှားတယ်၊ ပြည်-တဲ့၊ အနာတွေ ဖြစ်တဲ့အခါ ထင်ရှားတယ်။ |
1,323,463 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သွေး-တဲ့၊ ဒါကထင်ရှားတယ်၊ ချွေး-တဲ့၊ ဒါကလဲ ထင်ရှားတာပဲ၊ အဆီခဲ၊ အဆီခဲကတော့ ကိုယ် အသားထူတဲ့ နေရာတွေမှာရှိတယ်၊ ဒါလဲ ထင်ရှားတာပဲ၊ မျက်ရေ-တဲ့၊ ဒါကလဲထင်ရှားတာပဲ၊ ဆီကြည်-တဲ့၊ ဆီကြည် ဆိုတာကတော့ တခါတရံမှ သူကထင်ရှားတယ်၊ ခေဠော - တံတွေး၊ နှပ်၊ တံတွေးတို့ နှပ်တို့ ထင်ရှားတာတွေချည်းပဲ၊ အစေး-ဆိုတာကတော့ အဲဒါက အရိုးဆက်တွေ ခြားထဲမှာ ရှိတ... |
1,323,464 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ဒီအာပေါဓာတ် ၁၂-ခုဟာ ထင်ရှားတာပဲ များပါတယ်၊ မထင်ရှားတာက နည်းနည်းပဲ၊ မထင်ရှားတာက တခုနှစ်ခုလောက်ပဲ ရှိပါတယ်၊ ဒိပြင်ဟာတွေ အကုန်လုံး ထင်ရှားတယ်၊ အဲဒါတွေ အထူး ထင်ရှားတာတွေကတော့ အခုချွေးတွေ ဆိုတာ ထင်ရှားတယ်၊ မျက်ရေ ထင်ရှားတယ်၊ တံတွေး ထင်ရှားတယ်၊ နှပ် ထင်ရှားတယ်၊ သလိပ် ထင်ရှားတယ်၊ ကျင်ငယ်ရေဆိုတာ အဲဒါ ထင်ရှားတယ်၊ ဒါတွေ... |
1,323,465 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတ် ရှုမှတ်သိ |
1,323,466 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတ် ဥဏှတ္လက္ခဏာ - ပူသည်၏ အဖြစ်လျှင် လက္ခဏာပဲတဲ့၊ ပူတာဟာ သူ့လက္ခဏာပဲတဲ့၊ တေဇော ဆိုတာ မီး, အခိုးအငွေ့, ပူတဲ့သဘောပဲ၊ ဒါပေမယ်လို့လဲ သူ့ထက် ပူတာနဲ့ စာကြည့်လို့ရှိယင် တဖြည်းဖြည်း လျော့လျော့ ပြီးတော့ အေးအေး သွားတာလဲ ရှိတယ်၊ အေးတဲ့သဘော ပူတဲ့သဘော၊ အေးတဲ့သဘော ဆိုတာ အဆင့်ဆင့် ထောက်ဆပြီးတော့ သိရတယ်၊ ရေရိုးရိုးဟာ အေးတယ်လို့ ထ... |
1,323,467 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပရိပါစနရသာ - ရင့်ကျက်စေတယ်၊ အပူဓာတ်ဆိုတာ သူနဲ့ထိတဲ့ ဥစ္စာတွေကို ကျက်သွား စေတတ်တယ်၊ ပူတယ် ဆိုကတည်းက ကျက်စေတတ်တဲ့ သဘောပဲ ဆိုတာ ပေါ်နေတယ်။ |
1,323,468 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မဒ္ဒဝါနုပ္ပဒါနပစ္စုပ္ပဋ္ဌာနာ၊ နူးညံ့သည်အဖြစ်ကို ပေးတတ်သည်၊ “နူးညံ့ပျော့ပျောင်း၊ ဆင့်လောင်း ထင်သည်”၊ နူးညံ့ပျော့ပျောင်း နေတဲ့သဘော၊ ပူလို့ ရှိယင် အပူနဲ့ထိယင် ဖယောင်းများ အရေပျော်ပြီးတော့ ပျော့သွားသလိုပဲ၊ အပူဟာ သူနဲ့ထိတဲ့ဥစ္စာတွေကို နူးညံ့ပျော့ပျောင်းစေတယ်၊ “နူးညံ့ပျော့ပျောင်း၊ ဆင့်လောင်းထင်သည်” ပျော့ပျောင်း တဲ့ သဘောကို ဆ... |
1,323,469 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတ်ဟာ တက်ကြွခြင်း သဘောရှိတယ်တဲ့၊ ခြေထောက်ကြွလိုက်၊ လှမ်းလိုက်တဲ့ အခါတွေ၊ ခြေထောက်ကြွတဲ့ အခါတွေမှာ ပေါ့ပြီးတော့ တက်လာ တာဟာ တေဇောဓာတ်ရဲ့ သဘောပဲတဲ့၊ တေဇောဓာတ်က ရှေ့သွားပြီးတော့ ဝါယော ဓာတ်က နောက်လိုက်နေတယ်လို့ အဋ္ဌကထာက ဆိုတယ်၊ မြှောက်လိုက်တဲ့ အခါ ကာလ တွေမှာလဲ ဒီအတိုင်းပဲ၊ တေဇောဓာတ်က ဥဒ္ဓံဂဋိက အထက်သို့ တက်သွားခြင်း သဘ... |
1,323,470 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဆောင်ပုဒ်ကလေးဆိုရမယ်၊ “အပူအနွေး၊ အအေးတမည်”၊ ပူရာကနေ နွေးလာ တယ်၊ နွေးရာ ကနေ အေးလာတယ်။ |
1,323,471 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပူအနွေး၊ အအေးတမည်။ |
1,323,472 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပူငွေ့ပေးလျက်၊ ရင့်ကျက်စေသည်။ |
1,323,473 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နူးညံ့ပျော့ပျောင်း၊ ဆင့်လောင်းပေးသည်။ |
1,323,474 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပေါ့လျက်ပေါ့လျက်၊ ကြွတက်ထင်သည်။ |
1,323,475 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတ် - သိမှတ်မြတ်ယောဂီ။ |
1,323,476 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါကတေဇောဓာတ်ရဲ့ လက္ခဏာနဲ့ ရသနဲ့ ပစ္စုပ္ပဋ္ဌာန်နဲ့ သိသွားတာ၊ ပူတယ်၊ နွေးတယ်၊ အေးတယ်သိတာက လက္ခဏာနဲ့သိတာ၊ ပူငွေ့ပေးလျက် ရင့်ကျက်စေသည် ဆိုတော့ ရင့်ကျက်စေ တဲ့ သဘောပဲလို့ ရှုယင်းရှုယင်း သဘောကျသွားတာ၊ အဲဒါက တေဇောဓာတ်ရဲ့ ကိစ္စရသကို သိတာ၊ နူးညံ့ ပျော့ပျောင်းစေတဲ့ သဘောပဲ၊ နူးညံ့ သွားစေတဲ့ သဘောပဲလို့ ဉာဏ်ထဲမှာ ထင်လာ တာက ပစ္စုပ္... |
1,323,477 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အကြမ်းဖျင်းအားဖြင့် တေဇောဓာတ်ကို ၄-မျိုးခွဲပြီး မြတ်စွာဘုရားက ခွဲဟောထားတယ်တဲ့၊ သန္တပ္ပန တေဇော - ပကတိကိုယ်ငွေ့ထက် ပူလောင်ပြီးတော့လာတဲ့ အပူငွေ့ကိုခေါ်တယ်၊ အဖျားတက်တယ်၊ အပူအအေးတိုင်းတဲ့ မီတာနဲ့ တိုင်းကြည့်လို့ ရှိယင်ဖြင့် အများအားဖြင့် ၉၈ နဲ့ ဒဿမ ၄ ဆိုပြီးတော့ အသိအမှတ် ပြုထားတယ်၊ အဲဒီကနေ ပိုပြီးလာလို့ရှိယင်တော့ ပုဂ္ဂိုလ်တ... |
1,323,478 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဇိရဏတေဇော - အိုရင့်စေတဲ့ သဘောရှိသည်တဲ့၊ ဒါကတော့ ပကတိကိုယ်ငွေ့လို ယူမှပဲ၊ ပကတိ အပူငွေ့ ရှိနေတာနဲ့ တဖြည်းဖြည်း ရင့်လာတာပဲ၊ ပကတိ အပူအငွေ့ အကြောင်းပြုပြီးတော့ တဖြည်းဖြည်း လူဟာ ကလေးဘဝကနေပြီး တဖြည်းဖြည်း လူလတ်ပိုင်းဖြစ်လာတယ်၊ လူလတ်ပိုင်း ကနေပြီးတော့ လူကြီးပိုင်း အဖိုးကြီးတို့၊ အဖွားကြီးတို့ ဖြစ်လာတယ်၊ ဆံပင်တွေအစက မဲနေတာတွေ ဖ... |
1,323,479 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒဟတေဇော ဆိုတာ အလွန်အကဲ ပူတာတဲ့၊ ပူလှချည့်ရဲ့ဆိုပြီး ညည်းနေရအောင် ပူတာ၊ ဒါကတော့ ဒီဂရီ အတိုင်းအတာနဲ့ ပြောမယ်ဆိုယင်ဖြင့် ၁၀၃-တို့ ၁၀၄-တို့၊ ၁၀၅-တို့နဲ့တူပါတယ်၊ ဒီလို ဆိုရမှာပဲ၊ စာထဲကတော့ မပါဘူး၊ ဒီအပူက အင်မတန် မခံမရပ်နိုင်အောင် ပူတာပဲ၊ ပြီးတော့ အနာရှိန်တွေ ပူတာလဲပဲ ရှိတတ်တယ်၊ တချို့ ဗိုက်ထဲကပူလို့ ပူလှချည့်ရဲ့ ပူလှချည့်လိ... |
1,323,480 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) ပါစကတေဇော - အစာကို ကြေညက်စေတတ်တယ်၊ သူက ကံကြောင့် ဖြစ်တာတဲ့၊ အစာအိမ်မှာ အစာကို ကြေညက်စေတတ်တဲ့ တေဇော အပူရှိန်ရှိတယ်၊ သူက အရေးကြီးပါတယ်၊ တကိုယ်လုံး ပျံ့ပြီးတော့ ပူလာတာလဲပဲ သူ့ဆီကနေပြီးတော့ ပျံ့လာတာ၊ တော်တော်တော့ ဆန်းကြယ်တယ်၊ အပြင်ဘက်က ဘယ်လို အေးနေနေ အထဲမှာတော့ဖြင့်ယင် နေကောင်း ထိုင်ကောင်းတဲ့ ပုဂ္ဂိုလ်ဆိုယင် အထဲမှာနွေးနေ... |
1,323,481 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရားအားထုတ်တဲ့ နေရာမှာ ပြင်းပြင်းထန်ထန် တရားအားထုတ် နေနိုင်တဲ့ဟာ ၅-ခု သတ်မှတ်ထားတယ်။ |
1,323,482 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြတ်စွာဘုရားက ၁။ |
1,323,483 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဒ္ဓါတရား ပြည့်စုံရမယ်တဲ့၊ ၂။ |
1,323,484 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကျန်းမာရမယ်တဲ့၊ ၃။ |
1,323,485 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြောင့်စင်းရမယ်တဲ့၊ ၄။ |
1,323,486 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကောင်းကောင်းလဲ အားထုတ်ရမယ်တဲ့၊ ၅။ |
1,323,487 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥဒယဗ္ဗယ အဖြစ်အပျက်ကိုလဲ သိရမယ်တဲ့။ |
1,323,488 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၅-ခု ရှိပါတယ်၊ “ယုံကြည်ကျန်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင်၊ ဖြစ်ပျက်မြင်၊ ငါးအင် အားထုတ်ကြောင်း” ဆိုပြီးတော့ ဘုန်းကြီးက လင်္ကာကလေး စီထားတယ်၊ ပဓာနိယင်္ဂ ငါးပါးတဲ့၊ ဒီအင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကတော့ တရားအားထုတ်လိုက်မယ်ဆိုယင် အရဟတ္တမဂ်ဖိုလ်ကိုလဲ ရောက်နိုင်တယ်၊ အင်္ဂါ ငါးပါးနဲ့ မပြည့်စုံလို့ရှိယင် တရားအ... |
1,323,489 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယုံကြည်ရမယ်တဲ့၊ သဒ္ဓါတရားက အရေးကြီးတယ်၊ ဘုရား ယုံကြည်ရမယ်၊ တရား ယုံကြည်ရမယ်၊ သံဃာ ယုံကြည်ရမယ်၊ ဆရာသမား ယုံကြည်ရမယ်၊ ကမ္မဋ္ဌာန်း နည်းကို ယုံကြည်ရမယ်တဲ့၊ ဒါ မယုံကြည်လို့ ရှိယင်တော့ အားထုတ်လို့ မဖြစ်ဘူး၊ ဘုရား, တရား, သံဃာ မယုံကြည်လို့ရှိယင် တရားအားထုတ်ဖို့ ဝေးပါတယ်၊ ဒီဥစ္စာ ကတော့ ကျောင်းကန်ဘုရား လာကို မလာတော့ဘူး၊ တရားနာတေ... |
1,323,490 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု သာသနာ့ရိပ်သာမှာ လာပြီးအားထုတ်ကြတဲ့ ရဟန်း ယောဂီတွေလဲရှိတယ်၊ လူယောဂီတွေလဲ ရှိတယ်၊ ဒါတွေဟာ သူတို့ ယုံကြည်လို့ လာကြတာတွေပဲ၊ ယုံယုံကြည်ကြည်နဲ့ ဒါမှမဟုတ်လို့ ရှိယင် ကိုယ့်အိမ်တွင် ကိုယ်နေ၊ ကိုယ့်အရပ်တွင် ကိုယ်နေ၊ ကိုယ့်ကျောင်းတွင် ကိုယ်နေ၊ သူဟာ ချမ်းသာနေတာပဲ၊ ဒီမှာယုံကြည်လို့ ဒီမှာလာပြီး အားထုတ်လိုက်လို့ ရှိယင်ဖြင့် မဂ်တ... |
1,323,491 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကျန်းမာရမယ်တဲ့၊ ပါစကဓာတ်မီး သမဝေပါကိနီ - တဲ့၊ အညီအမျှ ကြေညက်စေနိုင်တဲ့ ပါစကဓာတ်မီးတဲ့၊ ဘာပဲစားစား သူကတော့ အစာကြေတာပဲတဲ့၊ နည်းနည်း စားယင်လဲ နည်းနည်းနဲ့ နေနိုင်တယ်၊ မျှတနေနိုင်တယ်၊ သူများလို နည်းတဲ့အတွက် ဆာလောင်မှုတွေ သူက သိပ်မဖြစ်ဘူး၊ များများစားလို့ ရှိယင်လဲ ဗိုက်ပြည့်ပြီး အင့်ပြီးတော့ အစာမကြေ မဖြစ်ဘူး၊ အဲဒါ ပါစကာဓာတ်မ... |
1,323,492 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စိတ်ထားဖြောင့်မတ်ရမယ်တဲ့၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဟုတ်ယင် ဟုတ်တဲ့အတိုင်း၊ တွေ့ယင် တွေ့တဲ့အတိုင်း၊ သိယင် သိတဲ့အတိုင်း ပြောရတယ်၊ မသိတဲ့ဥစ္စာတွေ သူများတွေ လိုက်ပြီး အတုခိုးပြီး မပြောရဘူး၊ မဟုတ်တာလဲ မပြောရဘူး၊ အားမထုတ်ပဲနဲ့ အားထုတ်ချင်ယောင် မလုပ်ရဘူး၊ သမာဓိ မတက်ပဲနဲ့ တက်ချင်ယောင်၊ ကိုယ်က မမှတ်နိုင်ပဲနဲ့ မှတ်နိုင်ယောင... |
1,323,493 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အသတော အမာယာဝီ ဥဇုဇာတိက” ဖြစ်ရမယ်တဲ့၊ အသဌော၊ မစဉ်းလဲ မကောက်ကျစ်ရဘူးတဲ့၊ ကိုယ့်မှာရှိတဲ့ ဂုဏ်တွေနဲ့ မဟုတ်မဟတ်တွေ ကြွားဝါပြီး မပြောချင်ရဘူးတဲ့၊ အမာယာဝီတဲ့၊ ကိုယ့်မှာရှိတဲ့ အပြစ်တွေကို ဖုံးကွယ်ပြီးတော့ မပြောရဘူးတဲ့၊ ကိုယ်က အအိပ်များနေလို့ ရှိယင်ဖြင့် ကမ္မဋ္ဌာန်းဆရာတွေ အပြစ်တင်မှာစိုးလို့ အဲဒီ အိပ်တဲ့ အချိန်တွေကို မသိအောင်... |
1,323,494 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ယုံကြည်ကျန်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင်”တဲ့၊ ဝီရိယနဲ့ မဖြစ် မနေဘူး၊ ဒီတရား မရမချင်း သာဖြင့်ယင် မပြတ် အားထုတ်မယ် ဆိုတဲ့ လုံ့လဝီရိယနဲ့ ဇွဲကောင်းကောင်းနဲ့ အားထုတ်ရမယ်။ |
1,323,495 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဖြစ်အပျက် ဥဒယဗ္ဗယ ဉာဏ်ကိုလဲ မြင်ရမယ်တဲ့၊ ဒါကတော့ အားထုတ်မှ ဖြစ်ပါတယ်၊ စခါစကတော့ မဖြစ်သေးဘူး၊ တော်တော်လေး အားထုတ်မိတဲ့ အခါတော့ တချို့ ပုဂ္ဂိုလ်ဆိုယင် ၃-ရက် ၄-ရက်လောက်ကို တွေ့တတ်ပါတယ်၊ တချို့လဲ ၅-ရက် ၆-ရက်၊ တချို့လဲ ၇-ရက် ၈-ရက်၊ တချို့လဲ ၁၀-ရက် ၁၅-ရက်လောက်မှ ဖြစ်ပါတယ်၊ အမျိုးမျိုး ရှိပါတယ်၊ အဲဒီ အင်္ဂါငါးပါးဟာ ပဓာနိယင်္... |
1,323,496 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိုင်း ဆိုရမယ်။ |
1,323,497 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယုံကြည်, ကျန်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးစားတွင်တွင်၊ ဖြစ်ပျက်မြင်၊ ငါးအင် အားထုတ်ကြောင်း။ |
1,323,498 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁။ ယုံကြည်ရမယ်၊ ၂။ |
1,323,499 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကျန်းမာရမယ်၊ ၃။ |
1,323,500 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြောင့်စွာစိတ်ထားရမယ်၊ ၄။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.