id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,323,201 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဝိသေယျ၊ ဝင်မိလေရာ၏။ |
1,323,202 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညကညေဝ၊ စားဖွယ်သုံးဖွယ်လူမှ ဆိတ်သော အိမ်သို့သာလျှင်။ |
1,323,203 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အိမ်လေး ၆-ခု တစ်အိမ်ပြီး တစ်အိမ်လိုက်ပြီးတော့ ဝင်တယ်၊ ဒီအိမ်မှာ စားစရာ သောက်စရာများ ရှိမလား အကူအညီများရမလားလို့ ဝင်လိုက်တာ အိမ်ထဲကျတော့ ဘာမှမရှိဘူး၊ စားစရာလဲ မရှိဘူး၊ သောက်စရာလဲ မရှိဘူး၊ ရေတောင်မရှိဘူး၊ ဘာမှ အသုံးကျတဲ့ ပစ္စည်းမရှိဘူး၊ ဒီအိမ်ကမရှိ ဟိုအိမ် ဟိုအိမ်ကမရှိ ဟိုအိမ်ရောက်ပြီးတော့ အိမ် ၆-ခု တခါတည်း ဝင်ပြီးတော့ရှ... |
1,323,204 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယညေဒေဝ ဘာဇနံ၊ အကြင် အကြင် အိုးခွက်ကိုသာလျှင်။ |
1,323,205 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပရိမသေယျ၊ စမ်းသပ်ရှာဖွေရာ၏။ |
1,323,206 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စားဖွယ်သောက်ဖွယ် ဘာမှမရှိဘူးတဲ့။ |
1,323,207 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရိတ္တကညေဝ၊ စားဖွယ်သောက်ဖွယ်မှ ကင်း၍သာလျှင်။ |
1,323,208 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပရိမသေယျ၊ သုံးသပ်မိလေရာ၏၊ သုညကညေဝ၊ စားဖွယ် သုံးဖွယ်မှ ဆိတ်သည်ဖြစ်၍ သာလျှင်။ |
1,323,209 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပရိမသေယျ၊ သုံးသပ်မိလေရာ၏။ |
1,323,210 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟို အိုးလေးဖွင့်ကြည့်လိုက် လက်နဲ့နှိုက်ကြည့်လိုက် အိုးထဲမှာ ဘာမှ မရှိဘူး၊ ရေတောင်မရှိဘူး၊ ဒီအိုးလေးတွေလဲ ဖွင့်ကြည့်လိုက် နှိုက်ကြည့်လိုက် ဘာမှမရှိဘူး၊ အိုးတိုင်း ခွက်တိုင်း အသုံးကျတဲ့ ပစ္စည်းဆိုတာ ဘာမှ မရှိဘူးတဲ့။ |
1,323,211 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီအထဲမှာ အဲဒါ တွေကို တွေ့ပါတယ်တဲ့။ |
1,323,212 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တမေနံ ဧဝံ ဝဒေယျုံ “ဣဒါနိ အမ္ဘော ပုရိသ ဣမံ သုညံ ဂါမံစောရာ ဂါမဃာတတာ ပဝိသန္တိ၊ ယံ တေ အမ္ဘော ပုရိသ ကရဏီယံ တံ ကရောဟီ”တိ။ |
1,323,213 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တမေနံ၊ ထိုရွာပျက်ကုန်းသို့ ရောက်နေသော မြွေထိန်းယောက်ျားကို။ |
1,323,214 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (အတ္တသာဓကာ) အကျိုးစီပွါးကို လိုလားသော ပုဂ္ဂိုလ်တို့သည်။ |
1,323,215 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံ၊ ဤသို့ ဝဒေယျုံ၊ ပြောကြားလေကုန်ရာ၏။ |
1,323,216 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣဒါနိ၊ ယခုအခါကာလ၌။ |
1,323,217 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣမံ သုညံ ဂါမံ၊ ဤရွာပျက်ကုန်းကို။ |
1,323,218 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စောရာဂါမဃာတကာ၊ ရွာကို ဖျက်ဆီးတတ်ကုန်သော။ |
1,323,219 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စောရာ၊ သူခိုး ဒမြတို့သည်။ |
1,323,220 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဝိသန္တိ၊ ဝင်ရောက်လာကြလေကုန်၏။ |
1,323,221 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယံ၊ အကြင် အမှုကို။ |
1,323,222 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကရဏီယံ၊ ပြုသင့် ပြုထိုက်၏။ |
1,323,223 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တံ၊ ထိုပြုသင့် ပြုထိုက်သော အမှုကို။ |
1,323,224 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝဒေယျုံ၊ ပြောကြားလေကုန်ရာ၏။ |
1,323,225 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ အဲဒီ မြွေထိန်းယောက်ျားက ဒီရွာထဲမှာတော့ဖြင့် အိမ်တိုင်း အိမ်တိုင်းတော့ ငါနှံ့ပြီ၊ ဘာမှလဲ စားစရာမရှိဘူး၊ သုံးစရာလဲ မရှိဘူး၊ ရေတောင် သောက်စရာ မရှိဘူး၊ အိုးထဲ ခွက်ထဲမှာလဲ ဘာမှမရှိဘူး၊ ဒီတော့ လမ်းကလာခဲ့တာလဲ မောပန်းလှပြီ၊ အမောအပန်းကလေးတော့ ဖြေအုံးမှပဲ ဆိုပြီးတော့ ရွာအလယ်ကောင်မှာ သစ်ပင်တခု ရှိတယ်၊ အရိပ်ကလေး ကောင်းကောင်... |
1,323,226 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ ခေါ သော ဘိက္ခဝေ ပုရိသော ဘီတော စတုန္နံ အာသီဝိသာ နံ ဥဂ္ဂတေဇာနံ ဃောရဝိသာနံ ဘီတော ပဉ္စန္နံ ဝဓာကာနံ ပစ္စတ္ထိကာနံ ဘီတော ဆဋ္ဌဿ အန္တရစရဿ ဝဓကဿ ဥက္ခိတ္တာ သိကဿ, ဘီတော စောရာနံ ဂါမဃာတကာနံ ယေန ဝါ တေန ဝါ ပလာယေထ။ |
1,323,227 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ ခေါ၊ ထိုသို့ အကျိုးစီးပွါးကို လိုလားသော ပုဂ္ဂိုလ်တို့က ရွာပျက်ကုန်းသို့ ရွာဖျက်ဒမြများ ဝင်ရောက်လာကြပြီဟု ပြောကြားသော အခါကာလ၌။ |
1,323,228 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သော ပုရိသော၊ ထိုမြွေထိန်းယောက်ျားသည်။ |
1,323,229 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥဂ္ဂတေဇာနံ၊ ထက်သော တန်ခိုးရှိသော။ |
1,323,230 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စတုန္နံ အာသီဝိသာနံ၊ လေးကောင်သော မြွေကြီးတို့ကို။ |
1,323,231 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘီတော၊ ကြောက်ရွံ့သည် ဖြစ်၍ လည်းကောင်း။ |
1,323,232 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဉ္စန္နံ ဝဓကာနံ ပစ္စတ္ထိကာနံ၊ ရန်သူဖြစ်သော သူသတ်သမားကြီး ငါးယောက်တို့ကို။ |
1,323,233 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘိတော၊ ကြောက်လန့်သည် ဖြစ်၍လည်းကောင်း။ |
1,323,234 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆဋ္ဌဿ အန္တရစရဿ ဝဓကဿ ဥက္ခိတ္တာသိကဿ၊ ဓားမိုးလျက်လိုက်လာသော မိမိ၏ အတွင်း သားလူယုံဖြစ်သော မိတ်ဆွေရန်သူကို။ |
1,323,235 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘီတော၊ ကြောက်သည်ဖြစ်၍လည်းကောင်း။ |
1,323,236 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂါမဃာတကာနံ စောရာနံ၊ ရွက်ဖျက်ဒမြတို့ကို။ |
1,323,237 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယေန ဝါ တေန ဝါ၊ အမှတ်မရှိ တပါးပါး ဦးတန်းမိရာအရပ်ဖြင့်။ |
1,323,238 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရွာထဲက ထွက်ပြီးတော့ ကတိုက်ကရိုက် ပြေးသွားရှာတယ်။ |
1,323,239 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သော ပဿေယျ မဟန္တံ ဥဒကဏ္ဏဝံ ဩရိမံ တီရံ သာသင်္ကံ သပ္ပဋိဘယံ၊ ပါရိမံ တီရံ ခေမံ အပ္ပဋိဘယံ။ |
1,323,240 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | န စဿ နာဝါ သန္တာရဏီ ဥတ္တရ သေတု ဝါ အပါရာ ပါရံ ဂမနာယ။ |
1,323,241 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥဒကဏ္ဏဝံ၊ ရေအိုင်ကြီး မြစ်ကြီးကို။ |
1,323,242 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလို ပြေးတော့ အင်မတန် ကြီးကျယ်တဲ့ ရေအိုင်ကြီး သို့မဟုတ် မြစ်ကြီးပေါ့၊ သို့မဟုတ် ပင်လယ်ကွေ့ ပေါ့၊ အဲဒီ ရောက်တယ်၊ ဥဒကအဏ္ဏဝ၊ အဏ္ဏဝဆိုတာ သမုဒ္ဒရာတို့ ဘာတို့ကို ခေါ်တယ်၊ ဒီမှာတော့ သမုဒ္ဒရာ ပင်လယ်တွေလဲ ဖြစ်ချင်ဖြစ်မှာ ပေါ့လေ၊ အဲဒီကိုရောက်တယ်၊ ဒါမှမဟုတ်ယင် အင်းကြီးအိုင်ကြီးတွေဆိုတာ ရှိတယ်၊ ဒါလဲ ရပါတယ်၊ ဒါမှမဟုတ်ယင်လဲ အင်မတ... |
1,323,243 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဿ၊ ထိုနက်ကျယ်သော ရေအိုင်ကြီး၏။ |
1,323,244 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပါရာ၊ ဤမှာဘက်မှ။ |
1,323,245 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပါရံဂမနာယ၊ ဟိုမှာဘက်သို့ သွားခြင်းငှါ။ |
1,323,246 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သန္တာရဏီ၊ ကူးမြောက်စေတတ် ပို့ဆောင်တတ်သော။ |
1,323,247 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နာဝါဝါ၊ လှေသည်မူလည်း။ |
1,323,248 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | န အဿ၊ မရှိရာ။ |
1,323,249 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥတ္တရသေတု ဝါ၊ တံတားသည်မူလည်း။ |
1,323,250 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ အင်းအိုင်ကြီး ရေပြင်ကျယ်ကြီးမှာ ကူးဖို့ရာ လှေလဲ မရှိဘူးတဲ့၊ တံတားလဲ မရှိဘူးတဲ့၊ ဒီဘက်က ဟိုဘက်ကို အဲဒီ အင်းအိုင် ရေပြင်ကျယ်ကြီးကို ဟိုဘက်ကို လွန်သွားမှ ဘေးအန္တရာယ် တွေက လွတ်မှာ၊ ရန်သူတွေက လိုက်လာတယ်။ |
1,323,251 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩရိမံတီရိ၊ ဤမှာဘက်ကမ်းသည်။ |
1,323,252 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သာသင်္ကံ၊ စိုးရိမ်ရွံ့ရှာဖွယ် ရှိ၏။ |
1,323,253 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သပ္ပဋိဘယံ၊ ကြောက်မက်ဖွယ် ဘေးကျမ်းရှိ၏။ |
1,323,254 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပါရိမံတီရံ၊ ဟိုမှာဘက်ကမ်းသည်။ |
1,323,255 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခေမံ၊ ဘေးငြိမ်း၏။ |
1,323,256 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပ္ပဋိဘယံ ကြောက်မက်ဖွယ် ဘေးကျမ်း မရှိ။ |
1,323,257 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ရေအိုင်ကြီး ဒီဘက်ကမ်းက ဆိုလို့ရှိယင်တော့ စိတ်မချရဘူးတဲ့၊ နောက်ကမြွေကြီး တွေလဲ လိုက်ယင်မီလာမှာပဲ၊ ရန်သူကြီး ငါးဦးကလဲ မီလာမှာပဲ၊ ကိုယ့်မိတ်ဆွေဖြစ်တဲ့ ရန်သူကလဲ မှီလာမှာပဲ၊ ဒမြကြီးတွေလဲ ရွာထဲကနေပြီးတော့ ဒမြတွေက ရွာပျက်ကုန်း ဝင်လာတော့ သူ ထွက်ပြေးလာတော့ နောက်ကလိုက်ဟ လိုက်ဟဆိုပြီး လိုက်လာယင် သူတို့လဲ မီလာမှာပဲ၊ ဒီဘက်ကမ်း... |
1,323,258 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ ဥပမာအရအားဖြင့် မြွေကြီးတွေက ဒီဘက်ကမ်းတွင်ပဲ နေဖို့ရာ မင်းရဲ့ အာဏာရှိတယ်၊ ဟိုဘက်ကမ်းမှာ မရှိဘူး၊ လူဆိုးကြီးတွေကလဲ မလိုက်နိုင်ဘူး၊ သူ့ မိတ်ဆွေ ရန်သူကလဲ မလိုက် နိုင်ဘူး၊ ရွာပျက်ကုန်း ဒမြတွေကလဲ မလိုက်နိုင်ဘူး၊ ဟိုဘက်ကမ်း ဆိုယင်တော့ ဘေးရန်အန္တရာယ် ကင်းတယ်တဲ့၊ ဒါပေမယ့်လို့ အဲဒီမှာ ဘေးရန်အန္တရာယ်ကင်းဖို့ ဟိုဘက် ကမ်းကူး... |
1,323,259 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပါရံ၊ ဟိုမှာဘက်သို့။ |
1,323,260 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂမနာယ၊ သွားခြင်းငှါ။ |
1,323,261 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နာဝါ ဝါ၊ လှေသည်မူလည်း။ |
1,323,262 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | န စ အဿ၊ မရှိရာ။ |
1,323,263 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လှေလဲ မရှိဘူး၊ တံတားလဲ မရှိဘူး၊ အဲဒီတော့ မြွေထိန်းယောက်ျားက စဉ်းစားတယ် တဲ့၊ စဉ်းစားပုံကို မြတ်စွာဘုရား ဟောထားပါတယ်။ |
1,323,264 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ ခေါ ဘိက္ခဝေ တဿ ပုရိသဿ ဧဝမဿ “အယံ ခေါ မဟာ ဥဒကဏ္ဏဝေါ ဩရိမံ တီရံ သာသင်္ကံ သပ္ပဋိဘယံ၊ ပါရိမံ တီရံ ခေမံ အပ္ပဋိဘယံ။ |
1,323,265 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နတ္ထိ စ နာဝါ သန္တာရဏီ ဥတ္တရ သေတု ဝါ အပါရာ ပါရံ ဂမနာယ။ |
1,323,266 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယံ နူနာဟံ တိဏကဋ္ဌ သာခါ ပလာသံ သံကဍ္ဎိုတွာ ကုလ္လံ ဗန္ဓိတွာ တံ ကုလ္လံ နိဿာယ ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယမမာနော သောတ္ထိနာ ပါရံ ဂစ္ဆေယျ” န္တိ။ |
1,323,267 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (နှာ-၃၈၂) ဘိက္ခဝေ၊ ရဟန်းတို့။ |
1,323,268 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တဿ၊ ထိုမြွေထိန်းယောက်ျားအား။ |
1,323,269 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အယံ ဥဒကဏ္ဏဝေါ၊ ဤ အင်းအိုင်မြစ်ကြီးသည်။ |
1,323,270 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပါရာပါနံ ဂမနာယ၊ ဤမှာဘက်မှ ဟိုမှာဘက်ကမ်းသို့ သွားခြင်းငှါ။ |
1,323,271 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သန္တာရဏီ၊ ကူးမြောက်စေတတ်သော။ |
1,323,272 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နဝါ ဝါ၊ လှေသည်မူလည်း။ |
1,323,273 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥတ္တရ သေတုဝါ၊ တံတားသည်လည်း။ |
1,323,274 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီအင်းအိုင်ကြီးဟာလဲ အကျယ်ကြီးပဲ၊ ဤမှာဘက်ကမ်းကလဲ ဘေးအန္တရာယ်တွေက မကင်းဘူး၊ ဟိုဘက်ကမ်းမှာတော့ ဘေးအန္တရာယ်ကင်းတယ်၊ ဟိုဘက်ကူးဖို့ရာ လှေတို့ တံတားတို့က မရှိဘူး၊ မရှိတော့ ဘာလုပ်ရမလဲ ဆိုလို့ရှိယင် - |
1,323,275 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဏကဋ္ဌ သာခါ ပလာသံ၊ မြက်သစ်သား သစ်ရွက်ဟောင်းကို။ |
1,323,276 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သံကဍ္ဎိုတွာ၊ စုရုံး၍။ |
1,323,277 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကုလ္လံဗန္ဓိတွာ၊ ဖောင်ဖွဲ့၍။ |
1,323,278 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တံကုလ္လံနိဿာယ၊ ထိုဖောင်ကို အမှီပြု၍။ |
1,323,279 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟတ္ထေဟိစ၊ လက်တို့ဖြင့်လည်းကောင်း။ |
1,323,280 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပါဒေဟိစ၊ ခြေတို့ဖြင့်လည်းကောင်း။ |
1,323,281 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါယမမာနော၊ အားထုတ်လျက်။ |
1,323,282 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောတ္ထိနာ၊ ချမ်းသာစွာ။ |
1,323,283 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂစ္ဆေယျံ၊ သွားရပါမူကား။ |
1,323,284 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယံနူန၊ ကောင်းလေစွာ့။ |
1,323,285 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣတိ၊ ဤသို့သော အကြံအစည်သည်။ |
1,323,286 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ တံတားမရှိ လှေမရှိတော့ ရှိသမျှ မြက်တို့ သစ်ခက် သစ်ရွက်တို့ အဲဒါလေးတွေ စုပေါင်းပြီးတော့ လူတကိုယ် ခိုင်လောက်တဲ့ ဖောင်ကလေးလုပ်မှပဲ၊ ဖောင်ကလေး ဖွဲ့မှပဲ၊ လူအဲဒီ အပေါ်မှာ ဝမ်းလျားမှောက်ပြီးတော့ နေလို့ရှိယင် မမြှုပ်နိုင်လောက်တဲ့ မြက်တွေစု၊ ဒိုက်တွေ တာတွေ စုရတာပေါ့၊ သစ်သားတွေလဲ အဲဒီ ရတတ်သ၍ ဒီအထဲမှာထည့်၊ သစ်ရွက်တွေလဲ ထည့်... |
1,323,287 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထ ခေါ သော ဘိက္ခဝေ ပုရိသော တိဏကဋ္ဌ သာခါ ပလာသံ သံခဍ္ဎိုတွာ ကုလ္လံ ဗန္ဓိတွာ တံ ကုလ္လံ နိဿာယ ဟတ္ထေဟိ စ ပါဒေဟိ စ ဝါယမမာနော သောတ္ထိနာ ပါရံ ဂစ္ဆေယျ၊ တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။ |
1,323,288 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သံ၊ ၂- နှာ ၃၈၂) |
1,323,289 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောပုရိသော၊ ထိုမြွေထိန်း ယောက်ျားသည်။ |
1,323,290 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဏကဋ္ဌသာခါပလာသံ၊ သစ်ရွက်သစ်ခက် မြက်သစ်ခက် သစ်ရွက် အမှိုက် အပေါင်း ကို။ |
1,323,291 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောတ္ထိနာ၊ ချမ်းသာစွာဖြင့်။ |
1,323,292 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂစ္ဆေယျ။ ကူးသွားလေတော့၏။ |
1,323,293 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဏ္ဏော၊ ကူးမြောက်ပြီးလတ်သော်။ |
1,323,294 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပါရင်္ဂတော၊ တဘက်ကမ်းသို့ ရောက်လာသော။ |
1,323,295 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသော စင်ကြယ်သော အပြစ်ကင်းသော ပုဂ္ဂိုလ် သည်။ |
1,323,296 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထလေ၊ တဘက်ကမ်း၌။ |
1,323,297 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဋ္ဌတိ၊ တည်လေတော့၏။ |
1,323,298 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလို သူစိတ်ကူးရှိတဲ့အတိုင်း မြက်တွေ, သစ်ခက်တွေ, သစ်ရွက်တွေ အဲဒါတွေ စုပေါင်းပြီးတော့ တကိုယ်လုံး ခိုင်ရုံကလေးလုပ်၊ ဖောင်လေးလုပ်ပြီးတော့ အဲဒီ ဖောင်ကလေးပေါ် ဝမ်းလျားမှောက် ရေထဲမမြုပ်ရုံ၊ အဲဒီမှာ လက်နဲ့ယက်၊ ခြေနဲ့ ကန်ပြီးတော့ ကတိုက်ကရိုက် လုပ်ရမှာ၊ ဟိုမှာနောက်မှာ ဖြည်းဖြည်း နှေးနှေး လုပ်နေလို့တော့ မဖြစ်ဘူး၊ နောက်က မြွေကြ... |
1,323,299 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘေးရန် အန္တရာယ်က နောက်ကလိုက်လာတော့ အဲဒီလို ဖောင်ကလေး တကိုယ် ခိုင်ရုံကလေး လုပ်ပြီးတော့ လက်နဲ့ခြေနဲ့ယက်ပြီး ကူးသွားတော့ ဟိုဘက်ကမ်း ရောက်သွားပါတယ်တဲ့၊ ဟိုဘက် ကမ်း ရောက်သွားတဲ့အခါ ဘာဖြစ်တုံး ဆိုတော့ - |
1,323,300 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဏ္ဏော ပါရင်္ဂတော ထလေ တိဋ္ဌတိ ဗြာဟ္မဏော။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.