id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,323,501
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြိုးစားတွင်တွင် နောက်မဆုတ်ပဲနဲ့ တင်းတင်းရင်းရင်း အားထုတ်ရမယ်၊
1,323,502
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ အင်္ဂါ ၄-ပါးက လိုရင်းပါပဲ၊ အဲဒီ အင်္ဂါ ၄-ပါးနဲ့ ညီညွတ်လို့ ရှိယင် အဖြစ်အပျက် မြင်တဲ့ ဥဒယဗ္ဗယဉာဏ် ရောက်တယ်၊ အဲဒါဆိုယင် သေချာပြီ၊ ဒီပုဂ္ဂိုလ် ရှေ့ဆက် အားထုတ်ယင် မကြာခင်ပဲ သူဝိပဿနာဉာဏ် အစဉ်အတိုင်း တက်ပြီးတော့ အရိယ မဂ်ဖိုလ် တရားတွေ ရတော့မှာပဲ၊ သောတာပန်, သကဒါ ဂါမ်, အနာဂါမ်, ရဟန္တာ ထိအောင် သူဖြစ်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ၊ ဒီ...
1,323,503
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီထဲမှာ အခုပြောတဲ့ ပါစကဓာတ်မီး၊ ဒါ တေဇောဓာတ်ကို ပြောတာ၊ ပါစက ဓာတ်မီး, တေဇောဓာတ် ဘယ်နှစ်ပါး ရသွားတုန်းဆိုယင် ၄-ပါး ရှိသွားပြီ၊ သန္တပ္ပန တေဇော - အဖျားရှိန်အပူငွေ့၊ ဇိရဏ တေဇော - ပကတိ အပူငွေ့၊ ဒဟန တေဇော - ပြင်းပြင်းထန်ထန် အလွန်အကျွံပူတဲ့ အပူငွေ့၊ မခံမရပ်နိုင်အောင် ပူတဲ့ အပူငွေ့၊ ပါစက တေဇော - အစာကို ကြေညက်စေတဲ့ အပူငွေ...
1,323,504
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ၄-ခုဟာလဲ ကိုယ်ထဲမှာ ပူတဲ့အခါတွေ ထင်ရှားတာပဲ၊ ပူတဲ့အခါကာလ အခု ထိုင်နေတယ် ဆိုယင်လဲ ပူတာရှိတာပဲ၊ ပူယင် အောက်ကနေ ပူတယ်၊ ပူတယ် မှတ်ရမယ်၊ ဗိုက်ထဲက ပူလ ရှိယင်လဲ ပူတယ် ပူတယ် မှတ်ရမယ်၊ တနေရာရာက ပူလာလို့ရှိယင် ပူတာကလေး စိုက်ပြီး ပူတယ် ပူတယ် မှတ်ရတယ်၊ တေဇောဓာတ် တွေပဲ၊ ရိုးရိုးပူတဲ့ ဥစ္စာကလေးဆိုယင်ဖြင့် ဇိရဏတေဇောပေါ့၊ အဖျားရှ...
1,323,505
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယောဓာတ် ရောက်လာပြီ၊ ဝါယောဓာတ်ကတော့ ခဏခဏ ပြောနေကျမို့ သူကတော့ ရှင်းတယ်၊ လင်္ကာကလဲပဲ ခဏခဏ ဟောတိုင်းဟောတိုင်း ဝါယောဓာတ်ကတော့ လင်္ကာ ချပေးနေတာ၊ ဝါယောဓာတ်ဆိုတာ ဝိတ္ထမ္ဘန လက္ခဏာ ထောက်ကန် တောင့်တင်းတဲ့ လက္ခဏာပဲတဲ့၊ “ထောက်ကန် တောင့်တင်း၊ လျော့ခြင်းတမည်”၊ တောင့်တယ် တင်းတယ်ဆိုတာ လျော့တာလဲ ပါတာပေါ့၊ သူ့လောက် မတောင့်ယင် လျော့တယ်...
1,323,506
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သမုဒီရဏရသာ၊ ရွေ့လျားခြင်း ရွေ့စေခြင်း သဘောရှိသည်တဲ့၊ လှုပ်ရှားခြင်း လှုပ်ရှားစေခြင်း သဘောရှိတယ်တဲ့၊ ဒီမှာတော့ကို လှုပ်ရှားခြင်း သဘောကို ပဓာန ပြုပြီးတော့ လှုပ်ရှားခြင်းကပဲ ထင်ရှားတယ်၊ ထင်ရှားစေတယ် ဆိုတာကတော့ ယောဂီပုဂ္ဂိုလ် အနေနဲ့ သိပ်ပြီးတော့ မထင်ရှားဘူး၊ လှုပ်ရှားခြင်းက ထင်ရှားတယ်၊ ဒါကြောင့် “ယိမ်းယိုင်လှုပ်ရှား၊ ရွေ့သ...
1,323,507
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“သူလိုရာဘက်၊ တွန်းလျက် ဆောင်သည်”၊ ဝါယောဟာ ဦးတန်းမိရာ အလိုရှိရာ ဘက်ကို တွန်းဆောင် သွားတယ်လို့ ထင်ရတယ်တဲ့၊ ဒါကတော့ အထူးအမှတ် ကောင်းတဲ့အခါ ကာလတွေမှာ ကြွတယ်, လှမ်းတယ်, ချတယ် ဆိုယင် ခြေထောက်ကို တွန်းတွန်းပို့နေသလို အဲဒီလို ထင်ရပါတယ်၊ အဲဒါက အဘိနိဟာရပစ္စုပဋ္ဌာန၊ အဘိနိဟာရ - ရှေ့ရှုဆောင်ခြင်း၊ ရှေ့ရှုဆောင်နေသောအားဖြင့် ယောဂီပုဂ...
1,323,508
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထောက်ကန်တောင့်တင်း၊ လျော့ခြင်းတမည်။
1,323,509
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယိမ်းယိုင်လှုပ်ရှား၊ ရွေ့သွားတတ်သည်။
1,323,510
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူလိုရာဘက်၊ တွန်းလျက်ဆောင်သည်။
1,323,511
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယောဓာတ် - သိမှတ်မြတ်ယောဂီ။
1,323,512
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထောက်ကန်တယ်၊ တောင့်တင်းတယ်၊ ဒါတွေမှတ်ရတာ များပါတယ်၊ သတိပဋ္ဌာန်သုတ် အဖွင့် အဋ္ဌကထာမှာလဲ ကာယာနုပဿနာပိုင်းမှာ ဒီဝါယောဓာတ် သိပုံတွေကိုပဲ ပဓာနပြုပြီးတော့ ဖွင့်ထားပါတယ်၊ ဒိပြင် ဓာတ်တွေကိုတော့ များများ မဖွင့်ဘူး နည်းနည်းပါးပါးပဲ ဖွင့်တယ်။
1,323,513
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပုနစ ပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ။
1,323,514
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ဣရိယာပထပဗ္ဗ မှာ မြတ်စွာဘုရား ဟောထားတယ်။
1,323,515
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပုနစ၊ တဖန်လဲ။
1,323,516
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပရံ၊ တပါးသော သိပုံကား။
1,323,517
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ-ဘိက္ခု၊ သံသရာဘေးကို ရှုမြင်သော ပုဂ္ဂိုလ်သည်။
1,323,518
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ဘိက္ခုမည်ပုံ”
1,323,519
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘိက္ခုဆိုတာ ဝိနည်းအရနဲ့ သာသနာဘောင် ဝင်ပြီး ရဟန်းပြုထားတဲ့ ရဟန်း၊ ဒီလိုဟာလဲ ဟောပါတယ်၊ ဘိက္ခုလို ပဋိပတ်အကျင့် ကျင့်နေလို့ရှိယင်လဲ ဘိက္ခုပါပဲတဲ့။
1,323,520
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု။
1,323,521
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣက္ခတိ၊ ရှုမြင်တတ်၏။
1,323,522
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံသရာဘေး ရှုမြင်တတ်တယ်၊ အိုရတယ်, နာရတယ်, သေရတယ်, စိုးရိမ် ပူဆွေးရတယ်, ငိုကြွေးရတယ်, ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတွေနဲ့ အမျိုးမျိုး တွေ့ရတယ်၊ ရှားမှီးရတယ်၊ နောက်ဆုံး တနေ့ကျ သေရတယ်၊ ဘဝတိုင်း ဘဝတိုင်း ဒီဥစ္စာတွေ တွေ့နေတယ်၊ ကံမကောင်း အကြောင်း မသင့်လို့ရှိယင် အပါယ်လေးပါး ကျရတယ်၊ ငရဲကျရတယ်၊ အနှစ် ထောင်ပေါင်းများစွာ၊ သောင်းပေါင်း မ...
1,323,523
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ကိုယ်ပိုင် အိမ်ကြီး”
1,323,524
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အပါယ်လေးပါးက “သကဂေဟ သဒိသမေဝ” မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတဲ့ ပုဂ္ဂိုလ်များ အပါယ်လေးပါးဟာ ကိုယ့်အိမ်ကြီးနဲ့တူတယ်တဲ့။
1,323,525
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပမတ္တဿ နာမ စတ္တာရော အပါယေ သကဂေဟသဒိသာ။
1,323,526
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပမတ္တဿနာမ၊ မေ့လျော့သော သူအားမည်သည်။
1,323,527
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ မေ့လျော့နေသော သူအားမည်သည်။
1,323,528
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စတ္တာရောအပါယေ၊ ၄ ပါးသော အပါယ်ဘုံတို့သည်။
1,323,529
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သကဂေဟသဒိသာ၊ မိမိ ကိုယ်ပိုင်အိမ်ကြီးများနဲ့ တူကြလေကုန်တော့၏။
1,323,530
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုလူတွေ ဘယ်မှာနေကြတုံး ဆိုယင် ကိုယ့်အိမ် ကိုယ်နေတာပဲ၊ ဘုန်းကြီးတွေလဲ ကိုယ့်ကျောင်း ကိုယ်နေပဲ၊ တခါတရံ အကြောင်းရှိတဲ့ အခါကျတော့ ဟိုအိမ်ဒီအိမ် သွားရတယ်၊ ဟိုရွာဒီရွာ ဟိုမြို့ ဒီမြို့ သွားရတယ်၊ ခဏပါပဲ၊ ဟိုမှာကိစ္စပြီးယင် ကိုယ့်အိမ်ကို ပြန်လာရတယ်၊ ကိုယ့်အိမ်မှာပဲ အမြဲတမ်းနေရတယ်၊ အဲဒါလိုပဲတဲ့ မေ့မေ့ လျော့လျော့ နေတဲ့ ပုဂ္ဂိုလ...
1,323,531
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ .. သံသာရေ ဘယံ ဣက္ခတီတိ ဘိက္ခု။
1,323,532
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣက္ခတိ၊ ရှု၏။
1,323,533
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံသရာဘေးကိုမြင်တဲ့ ပုဂ္ဂိုလ်တွေဟာ တရားအားထုတ်တာပဲ၊ အခုဒီမှာလာပြီး တရားနာတဲ့ ပုဂ္ဂိုလ်တွေ သံသရာဘေး မြင်လို့ပဲ၊ သံသရာဘေး မမြင်တဲ့ ပုဂ္ဂိုလ်တွေက တရားအားထုတ်ဖို့ရာလဲ ဝေးပါတယ်၊ တရားနာဖို့ရာတောင် သိပ်ပြီးမလာနိုင်ဘူး၊ တချို့လုံးလုံးကို မလာနိုင်ပါဘူး၊ တရားနာယင်လဲ အလကားပဲ ဆိုပြီး သူတို့က ထင်နေတယ်၊ အဲဒီတော့ အခုလိုတရားနာပြီး တရား...
1,323,534
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပုနစ၊ တဖန်တလဲ။
1,323,535
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အပရံ၊ တပါးသော ရှုပုံကား။
1,323,536
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘိက္ခု၊ သံသရာဘေးကို ရှုသောပုဂ္ဂိုလ်သည်၊ ဝါ၊ သံသရာဘေးကို ရှုမြင်၍ တရားအားထုတ်နေသော ယောဂီပုဂ္ဂိုလ်သည်၊ (တရားလဲ အားထုတ်ရမှာကို အားမထုတ်ပဲနဲ့ နေလို့တော့ မဖြစ်ဘူး။
1,323,537
Uncategorized
အာသီဝိသောပမသုတ် တရားတော်
) ဂစ္ဆန္တောဝါ ၊ သွားသည်ရှိသော်လည်း။
1,323,538
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဂစ္ဆာမီတိ၊ သွားသည်ဟူ၍။
1,323,539
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားသည်ရှိသော် သွားသည် ဟူ၍သိ၏။
1,323,540
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဌိတောဝါ၊ ရပ်သည်ရှိသော်လည်း။
1,323,541
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဌိတောမှီတိ+ဌိတောအမှီတိ၊ ရပ်သည်ဟူ၍။
1,323,542
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နိသိန္နောဝါ၊ ထိုင်သည်ရှိသော်လည်း။
1,323,543
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နိသန္နော အမှီတိ၊ ထိုင်သည်ဟူ၍။
1,323,544
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သယာနောဝ၊ လဲလျောင်းသော်လဲ။
1,323,545
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သယာနောမှီတိ၊ လဲလျောင်းအိပ်သည်ဟူ၍။
1,323,546
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣရိယာပုထ် ၄-ပါးကို ဟောထားတယ်၊ လူတွေဟာ ဒီဣရိယာပုထ် ၄-ပါး တခုခုနဲ့ နေရတာပဲ၊ ဣရိယာပုထ် ၄-ပါးကလွတ်ပြီးတော့ နေဖို့တော့ ရိုးရိုးတန်းတန်း နေဖို့တော့ မရှိဘူး၊ တခါတရံ ထိုင်နေတယ်၊ တခါတရံလဲပဲ ရပ်နေတယ်၊ တခါတရံလဲ သွားနေတယ်၊ တခါတရံလဲ လဲလျောင်းပြီး အိပ်နေတယ်၊ ၄-မျိုးထဲက တမျိုးမျိုး နေရမှာပဲ၊ ဒီ ၄-မျိုးထဲက လွတ်အောင်ကတော့ ကမြင်းတဲ့လူ ဆ...
1,323,547
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါလောက်ပဲ ရှိမယ်၊ ဒီ ၄-မျိုးက လွတ်အောင်နေလို့ မဖြစ်ဘူး။
1,323,548
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အဲဒီ ၄-မျိုးနဲ့ မြတ်စွာဘုရားက ဖမ်းပြီး ဟောထားပါတယ်၊ အများ နားလည်တဲ့ ဥစ္စာ ဒီ ၄-မျိုး၊ ထိုင်ယင်လဲ ထိုင်တာကိုသိပါတဲ့၊ ထိုင်တယ်ထိုင်တယ် ထိုင်တာကိုသိပါတဲ့၊ ရပ်ယင်လဲ ရပ်တာကိုသိပါ၊ သွားယင်လဲ သွားတာကိုသိပါ၊ လဲလျောင်းယင်လဲ လဲလျောင်းတာကို သိပါတဲ့။
1,323,549
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီမှာ သွားတာကစပြီး ဟောတယ်၊ သွားယင် (သွားတယ် - သွားတယ်) မှတ်တော့ ဘာသိသတုံး ဆိုလို့ရှိယင် သွားချင်တဲ့စိတ်နဲ့ အဲဒီစိတ်ကြောင့်ဖြစ်တဲ့ သွားရုပ်ကို သိတယ်လို့ အဋ္ဌကထာက ဖွင့်ပါတယ်၊ ပကတိ ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ သွားတယ်လို့ ရှုတဲ့ဥစ္စာ ဘာမှမထူးဘူးလို့ ထင်ရတယ်၊ ဒါကြောင့် အဋ္ဌကထာဆရာက နောင်လာနောက်သားတွေ မြတ်စွာဘုရား၏ ဒေသနာ တ...
1,323,550
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားတယ်ဆိုတာဟာ တဲ့ ခွေးတွေတောင်မှ သိတာပဲတဲ့၊ မြေးခွေးတွေလဲ သိတာပဲ ဘာထူးသလဲ ဒီလိုစောဒက တက်ပြီးပြတော့ မှန်တယ်တဲ့၊ သွားတယ် သိတာ မှန်တယ်တဲ့၊ ခွေး, မြေခွေးသာ မဟုတ်ဘူးတဲ့၊ ခွေး, မြေခွေးတောင်မှ သိသေးတာ လူဆို ပြောစရာ မရှိဘူး၊ ခွေး, မြေခွေးရော လူတွေရော သာမန်ပုဂ္ဂိုလ်တွေ အတူတူပါပဲ၊ မထူးကြဘူး၊ အတူတူဖြစ်ကြတာပဲ၊ တို့က ပိုပြီးတော့ သ...
1,323,551
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါက ရိုးရိုးသိတာက ကမ္မဋ္ဌာန်းသိ သိတာမှ မဟုတ်ပဲ ကလေးလေးတွေ သိတဲ့ အသိနဲ့ သိတာပဲ၊ မိရိုးဖလာ အသိနဲ့ သိတာပဲ၊ သွားတဲ့အခါ ကာလမှာ တခါတရံ သတိရမှာပေါ့၊ ငါသွားနေတယ် ဆိုတာ အဲဒီဟာက ငါအနေနဲ့ပဲ သိတယ်၊ ငါသွား သင့်တယ်လို့ပဲ သိတယ်၊ ဒါလဲ သတိရတဲ့အခါမှ ရမှာပါ၊ ရဖို့ရာ အဝေးကြီး နေမှာပါပဲ၊ များသောအားဖြင့် ဆိုယင် ကိုယ်အလိုရှိ အပ်တဲ့ အာရုံကိ...
1,323,552
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဂစ္ဆာမီတိစိတ္တံ၊ သွားမယ်ဟု ကြံသော စိတ်သည်။
1,323,553
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားမယ်လို့ ကြံတဲ့ စိတ်ကလေးဖြစ်တယ်၊ အဲဒါလေး ရှေးဦးစွာ သိတယ်တဲ့ အခု ပကတိ ပုဂ္ဂိုလ်တွေ ဘယ်သိလိမ့်မှာတုံး၊ မယုံယင် စမ်းကြည့် ယောဂီပုဂ္ဂိုလ် တွေကတော့ တရား အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေမို့ ပြောစရာ မလိုဘူး။
1,323,554
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တခြားသော ပုဂ္ဂိုလ်တွေများ ကျလို့ ရှိယင် သူတို့ကို စမ်းကြည့်ခိုင်း၊ လက်ညှိုးကလေးတခုကို လှုပ်ကြည့် လှုပ်ချင်တဲ့ စိတ်ကလေး ဘယ်အနားက ဖြစ်တုန်းဆို ရှာကြည့် မတွေ့ဘူး၊ ခဏခဏ လှုပ်နေတာပဲ၊ စိတ်တော့ရှိရမှာပေါ့၊ အလိုလိုတော့ ဘယ်လှုပ်မလဲ အသေကောင်ဆိုယင် မလှုပ်ဘူး အိပ်ပျော်နေတဲ့ အခါဆိုယင် မလှုပ်ချင်တဲ့ စိတ် မပေါ်တဲ့ အခါဆို မလှုပ်ဘူး လှ...
1,323,555
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဂစ္ဆာမီတိစိတ္တံ၊ သွားမယ်လို့ ကြံသောစိတ်သည်။
1,323,556
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တံ၊ ထိုသွားမယ် ကြံသောစိတ်က။
1,323,557
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယံ၊ တောင့်တင်း လှုပ်ရှားသော ဝါယောဓာတ်ကို။
1,323,558
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီစိတ်က တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ်ကို ဖြစ်စေတယ်တဲ့၊ အဲဒီ ဝါယောဓာတ်တွေ တကိုယ်လုံး ပျံ့နှံ့ခြင်းကြောင့် ဘောလုံးကလေးများ လေထိုးလိုက် တော့ တင်းပြီးတော့သွားလို့ တကိုယ်လုံးမှာ တကိုယ်လုံးဆိုတော့ အထူးအားဖြင့် တော့ကို လှုပ်ရှားတဲ့ အစိတ်အပိုင်းတွေ ပေါ့လေ၊ ခြေထောက်အစရှိတဲ့ အစိတ်အပိုင်း တွေမှာ ဝါယောဓာတ်တွေ ပျံ့နှံ့ပြီးတော...
1,323,559
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မီးများ လောင်သွားသလိုပဲ၊ အမှိုက်တွေ ရှိနေတဲ့ နေရာ တနေရာရာ ကနေ မီးရှို့လိုက်၊ မီးရှို့လိုက်တော့ အမှိုက်တွေ တခုပြီးတခု ကူးစက်ပြီးတော့ လောင်သွားတယ်၊ ပကတိ ပုဂ္ဂိုလ် အနေ ကတော့ ပထမ မီးရှို့လိုက်တဲ့ မီးကလေးကပဲ တရွေ့တရွေ့ လောင်သွားတယ်၊ ဒီလို အောက်မေ့ ရတယ်၊ ဘယ်ဟုတ်မှာလဲ ပထမရှို့တာက ပထမနေရာတွင် လောင်ပြီးတော့ ငြိမ်းသွားတာပဲ နောက်...
1,323,560
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါလိုပဲ သွားတဲ့အခါကာလ သွားချင်တဲ့ စိတ်ကြောင့် သွားရုပ်ကလေးတွေ ဖြစ်သည်၊ သွားချင်တဲ့စိတ် သွားမယ်ကြံတဲ့စိတ်က အကြောင်းတရား သွားတာက ရွေ့ရှားတာက ရုပ် ဝါယောဓာတ်ပဲ၊ တောင့်တင်း လှုပ်ရှားတဲ့ ဝါယောဓာတ် “ဝါယောဓာတု ဝိပ္ဖာရေန” ဝါယောဓာတ် တကိုယ်လုံး ပျံ့နှံ့လို့တဲ့ တရွေ့တရွေ့ချင်း အသစ်အသစ် ဖြစ်သွားတယ်၊ အဲဒါကြောင့် သတိပဋ္ဌာန် ဒေသနာတေ...
1,323,561
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခြေတလှမ်းမှာ ဓာတ်ကြီး ၄-ပါး ထင်ရှား
1,323,562
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ်လို့ အဲဒီလိုသွားတဲ့ အခါမှာတော့ သူက ခြေထောက် ကြွလိုက်တာနဲ့ လှမ်းလိုက်တာနဲ့ ချလိုက်တာနဲ့ နင်းလိုက်တာနဲ့ ဒီ ၄-ခုဟာ သူက ဓာတ် ၄-ပါး အသီးအသီး ခွဲခြားတယ်။
1,323,563
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြွတဲ့အခါကာလ ကျတော့ ပေါ့တက်လာတဲ့ တေဇောဓာတ်က ရှေ့ဆောင်တယ်တဲ့၊ ဝါယောဓာတ်က နောက်လိုက်တယ်တဲ့၊ ဝါယောဓာတ်က နောက်ကနေပြီး အားပေးတယ်။
1,323,564
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယောဓာတ်ကို ပေါ့တက်တာက အခိုးအငွေ့က တေဇောဓာတ်တဲ့၊ ခုနက “ပေါ့လျက် ပေါ့လျက် ကြွတက် ထင်သည်” တဲ့ ခုနတုန်းက ဆောင်ပုဒ်ပေးတာ ဒါလေးတွေ မှတ်ရအောင်လို့၊ ပေါ့ပေါ့ပြီး ကြွကြွတက်လာတာဟာ တေဇောဓာတ်ပဲ၊ အဲဒီမှာ တေဇောဓာတ် လွန်ကဲတယ်တဲ့၊ ပေါ့ပေါ့ပြီး ကြွကြွ တက်လာတယ်တဲ့၊ ဒါ တေဇောဓာတ်ကို ထိတာပဲ၊ အဲဒါ ခြေတလှမ်းကြွလိုက်တဲ့ အတွင်းလေး သိတာ။
1,323,565
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပြီးတော့ လှမ်းလိုက်တဲ့အခါ ကျတော့ ဝါယောဓာတ်က ရှေ့ဆောင်တယ်တဲ့၊ တေဇောဓာတ်က နောက်လိုက်တယ်တဲ့၊ လှမ်းလိုက်တဲ့အခါ။
1,323,566
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တိရိယ ဂတိကာတိ ဝါယောဓာတု။
1,323,567
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တိရိယဂတိကာ၊ ဖီလာ သွားတတ်တယ်တဲ့။
1,323,568
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘေးသွားတဲ့အခါကျတော့ ဝါယောဓာတ်က အားကောင်းတယ်၊ တေဇောဓာတ်က နောက်က လိုက်ပြီး အားပေးတယ်၊ အဲဒီတော့ လှမ်းတယ်၊ ရွှေ့တယ် စသည်ဖြင့် ဘေးကို ရွှေ့သွားတာတွေ သိတိုင်း သိတိုင်းဟာ ဝါယောဓာတ်ကို ပဓာနပြုပြီး သိတာ။
1,323,569
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခြေထောက်အရှိန်လွှတ်လိုက်တဲ့ အခါ ကျတော့ လေးကျသွားတာ ရှိတယ်၊ အဲဒီအခါကျတော့ အာပေါဓာတ်က ရှေ့ဆောင်တယ်တဲ့၊ ပထဝီဓာတ်က နောက်လိုက်တယ်တဲ့၊ ပထဝီဓာတ်လဲ လေးတာပဲ၊ ဒါပေမယ်လို့ အာပေါဓာတ်က ဂရုတရသဘာဝ သာပြီးတော့လေးတဲ့သဘော ရှိတယ်တဲ့၊ ဒါကြောင့် ခုနက အာပေါဓာတ် ဆောင်ပုဒ်ထဲ ဘုန်းကြီးက နောက်ကထည့်တာ၊ ဘာတုံးဆိုတော့ “လေးလျက်ကျသွား၊ ဉာဏ်အား ထင်သည်...
1,323,570
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လက်တွေဘာတွေမှာလဲ ဒီလိုပဲ၊ လက်ကို ဒီလို မ-လိုက်လို့ ကြွတက်လာတာ ထင်ယင် ဒါ တေဇောဓာတ် ထင်ရှားတယ်၊ ဘေးတွေ ရွှေ့လိုက်တာ ရမ်းလိုက်တာတွေ ထင်ရှားလို့ရှိယင် ရွေ့ရွေ့သွားတာ ထင်လို့ရှိယင် ဝါယောဓာတ် ထင်ရှားတယ်၊ အဲဒီက လက်ကိုအောက်ချတော့ လေးကျလာတာကို ထင်ရှားလို့ရှိယင် အာပေါဓာတ် ထင်ရှားတယ်၊ ခေါင်းမော့လိုက်တဲ့ အခါမှာ ပေါ့တက်လာတာ ထင်ရှား...
1,323,571
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပြီးတော့ မြေကြီးပေါ် ကြမ်းပြင်ပေါ် ခြေထောက်ချလိုက်တဲ့အခါ ထိပြီးတော့ ခံနေတယ်၊ ဖိပြီးတော့ နင်းလိုက်တဲ့အခါမှာ ထိပြီးတော့ ခံနေတယ်၊ ပထဝီဓာတ် ထင်ရှားတယ်၊ အောက်က ပထဝီ ဓာတ်လဲ ထင်ရှားတယ်၊ အောက်က မြေကြီးတို့ ကြမ်းပြင်က ရှိပြီးတော့ နေတဲ့ အမာတို့ဟာ အမာခံ ပထဝီဓာတ်လဲ ထင်ရှားတယ်၊ အထက်က နင်းချလိုက်တဲ့ ခြေထောက်ကလဲပဲ တိုက်ပြီးတော့ ခံနေတ...
1,323,572
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံပဋိစ္ဆနတို့, ပဋိဋ္ဌာနတို့ အဲဒါဟာ သူ့ကိစ္စတွေ၊ အဲဒါကြောင့် ပထဝီဓာတ် ထင်ရှားတယ်တဲ့၊ ခြေတလှမ်းမှာ ဓာတ် ၄-ပါး ထင်ရှားပုံ ကြွတတ်လာတဲ့အခါ တေဇောဓာတ် ထင်ရှားသည်၊ လှမ်းလိုက်တဲ့အခါ ဝါယောဓာတ် ထင်ရှားသည်၊ ခြေထောက် လေးကျသွားတဲ့အခါ အာပေါဓာတ် ထင်ရှားသည်၊ ချတဲ့အခါ နင်းတဲ့အခါ ပထဝီဓာတ် ထင်ရှားသည်၊ ခြေတလှမ်း အတွင်းမှာ ဓာတ် ၄-ပါး ကို ပါ...
1,323,573
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခြေထောက်ကြွဆဲ၌ ပေါ့တက်လာသော တေဇောဓာတ် ထင်ရှားသည်။
1,323,574
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လှမ်းဆဲ၌ ရွေ့ရှားသော ဝါယောဓာတ် ထင်ရှားသည်။
1,323,575
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခြေထောက် လေးကျဆဲ၌ လေးကျသွားသော အာပေါဓာတ် ထင်ရှားသည်။
1,323,576
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခြေထောက်ချဆဲ, နင်းဆဲ၌ ခံလင့်သော ပထဝီဓာတ် ထင်ရှားသည်။
1,323,577
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခံပြီးတော့ ထားတာကိုး၊ ခြေထောက်ကို အောက်ကို ကျွံကျမသွားအောင် အထက်က နေပြီးတော့ အောက်က ကြွတက် မလာအောင် အမာခံအနေနဲ့ ထင်ရှားတာ မာတာလဲ ထင်ရှားပါတယ်၊ ခံလင့်တယ် ဆိုတာကတော့ ပိုနားလည်လွယ်လို့ ပြောတာ၊ မာနေတဲ့ ဥစ္စာတခု တိုက်ခံတာပဲ၊ ပျော့နေတာဆိုယင် ကျွံကျသွားတာပဲ၊ အဲဒါ ဓာတ် ၄-ပါး ခြေတလှမ်း အတွင်းမှာ ဓာတ် ၄-ပါး သိပုံ။
1,323,578
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လက် တကွေး တဆန့်အတွင်းမှာ ဓာတ် ၄-ပါး သိပုံအတူတူပဲ၊ လက်တကွေး တဆန့် အတွင်း မှာလဲပဲ လက်ကြွတက်လာတာ သိယင် တေဇောဓာတ် ထင်ရှားတာပဲ၊ ကွေးလိုက်, ဆန့်လိုက်တဲ့ အခါ လှုပ်ရှားတာ သိယင် လှုပ်ရှားတာကတော့ သိရ တော့မှာ၊ ဒါက ဝါယောဓာတ် ထင်ရှားတာ၊ အောက်လေးကျသွားတာ သိလို့ရှိယင် အာပေါဓာတ် ထင်ရှားတယ်၊ တနေရာရာ တိုက်ပြီးတော့ ခံနေတာတော့ ရှိမှာပဲ၊ လ...
1,323,579
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါက ယောဂီပုဂ္ဂိုလ်တွေမှာ တို့အားထုတ် နေတာတွေဟာ ဓာတ် ၄-ပါးတွေ ရှုမှတ်နေတာပဲ သိနေတာပဲဆိုတာ သဘောပေါက်အောင်လို့ ဘုန်းကြီးက ထည့်ပြော ပါတယ်။
1,323,580
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တည်ရာအားဖြင့် ဓာတ်ကြီး ၄-ပါး မြွေကြီး ၄-ကောင်နှင့်တူပုံ
1,323,581
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုမြွေကြီး ၄-ကောင်နဲ့ တူပုံကို ပြောရမယ်၊ မြွေကြီး ၄-ကောင်ဆိုတာ ဘယ်လိုတုံး ဆိုလို့ရှိယင် (အာသယ) တည်ရာအားဖြင့်လဲ မြွေ ၄-ကောင်နဲ့ တူပါတယ်၊ မြွေဟာ ဘယ်မှာတည် နေတုံး ဆိုယင် မြွေဆိုတာ တောင်ပို့ထဲနေတာပဲ၊ အဲဒါလိုပဲတဲ့ ဓာတ်ကြီး ၄-ပါးဟာလဲ ကိုယ်တည်း ဟူသော တောင်ပို့ထဲမှာနေ တယ်တဲ့၊ ဝမ္မိကသုတ်မှာ တောင်ပို့ကြီးနဲ့ တူတဲ့အကြောင်း ဝမ္မိ...
1,323,582
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက်တခုက မြွေဆိုတာ တောင်ပို့ထဲသာ နေတာမဟုတ်ဘူး၊ သစ်ခေါင်းထဲလဲ နေတာပဲ၊ မြက်တို့ ရှုပ်ထွေးတဲ့ နေရာလေးတွေမှာလဲ နေတာပဲ၊ အမှိုက်ပုံ ထဲလဲ နေတတ်တယ်တဲ့၊ မြွေဟာ အဲဒါလိုပဲ ဒီဓာတ်ကြီး ၄-ပါးဟာလဲ ကိုယ်တည်း ဟူသော သစ်ခေါင်းထဲမှာ တည်နေတယ်တဲ့၊ ကိုယ်ဟာလဲပဲ သစ်ပင် အခေါင်းကြီးနဲ့ တူပါတယ်တဲ့၊ ကိုယ်တည်းဟူသော အမှိုက်ရှုပ်ထဲမှာ နေနေတယ်၊ အမှို...
1,323,583
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ၃၂-ကောဋ္ဌာသတွေဟာ အသုံးမကျတဲ့ ဥစ္စာတွေပဲတဲ့၊ သေသေချာချာ ဆိုလို့ရှိယင်ဖြင့် ဆံပင်ဆိုတာ ခေါင်းမှာ သူ့ဟာသူနေယင် တော်တယ်၊ ခေါင်းက ကျွတ်ကျသွားယင် ဒီဆံပင်ဆိုတာ တယ်နေရာမကျဘူး၊ ဆံပင်တွေဟာ တကတည်း အမျှင်အမျှင်တွေ အလုံးအထွေးတွေ ဆိုလို့ရှိယင် အမှိုက်ပဲ၊ အပြင်ဘက် ပစ်ရတယ်၊ ဆံပင် မွေးညင်း၊ ခြေသည်းလက်သည်းတို့ အကုန်လုံးပါပဲ၊ ဒါတွေဟ...
1,323,584
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ကြီးတခုလုံးဟာ သေသေချာချာ စဉ်းစားယင် ဘာမှအသုံးမကျဘူး၊ အမှိုက်ပုံထဲ မြွေဝင်နေသလိုပဲ၊ ဒီအထဲမှာ ၃၂-ကောဋ္ဌာသ၊ ၃၂-ကောဋ္ဌာသ အမှိုက်အစုအဝေး တွေထဲမှာ အသုံးမကျတဲ့ အစုအဝေးထဲမှာ ဓာတ်ကြီး ၄-ပါးက ဒီထဲပါဝင်နေတာကိုး၊ ဓာတ် ၄-ပါးက နေရာတကာမှာ မြွေတွေ အကောင်တွေ မနည်းဘူး၊ သူက ရှိနေတာ၊ အဲဒါကြောင့် တည်ရာ အားဖြင့်လဲပဲ မြွေများနေတာနဲ့ တည်...
1,323,585
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဖောက်ပြန်ခြင်းအားဖြင့် မြွေနှင့်တူပုံ
1,323,586
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ဝိသဝေဂဝိကာရတော” ဝိသဝေဂ အဆိပ်အဟုန် ဖောက်ပြန်ခြင်းအားဖြင့်လဲ မြွေနဲ့ တူတယ်တဲ့။
1,323,587
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“မြွေ ၄-မျိုး”
1,323,588
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေဆိုတာဟာ အမျိုးအမည် အားဖြင့် အရင်းခံက ၄-ခု ရှိတယ်၊ ကဋ္ဌမုခမြွေ, ပူတိမုခမြွေ, အဂ္ဂိမုခမြွေ, သတ္ထမုခမြွေရယ်လို့ ၄-ခုရှိပါတယ်၊
1,323,589
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကဋ္ဌ-ဆိုတာ သစ်တုံးပေါ့၊ သစ်တုံးကဲ့သို့ ဖြစ်စေတဲ့ မြွေတဲ့၊ ဒီမြွေကိုက်ယင် သစ်တုံးလို ဖြစ်သွား တတ်တယ်တဲ့၊ တောင့်ပြီးတော့ သေတတ်တယ်တဲ့၊
1,323,590
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပုတိမုခမြွေ၊ ဒီမြွေကိုက်လို့ရှိယင်ဖြင့် ပုပ်ပြီးတော့ အရိအရွဲတွေ ကျပြီးတော့ သေတတ်တယ်။
1,323,591
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဂ္ဂိမုခမြွေ၊ ဒီမြွေကိုက်လို့ရှိယင် မီးလောင်သလိုပဲတဲ့ ပူလောင်ပြီးတော့ သေတတ်တယ်။
1,323,592
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သတ္ထမုခမြွေ၊ ဓားနဲ့ထိုးဖြတ်သလိုပဲတဲ့ ဒီမြွေကိုက်လို့ရှိယင်ဖြင့် ကိုယ်ထဲမှာ အဆစ် အရင်းတွေ အကြောတွေ တခုနဲ့တခုနဲ့ အဆက်တွေပြတ်ပြီးတော့ သေတတ်တယ်တဲ့၊
1,323,593
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါကြောင့် မြွေက အမျိုးအမည် အရင်းခံအားဖြင့် ၄-မျိုး ရှိတယ်တဲ့။
1,323,594
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကဋ္ဌမုခမြွေနှင့် ပထဝီဓာတ်
1,323,595
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ၄-မျိုးထဲမှာ ကဋ္ဌမုခမြွေနဲ့ ပထဝီဓာတ်နဲ့ တူသည်တဲ့၊ ဤကဋ္ဌမုခ မြွေသစ်တုံး ဖြစ်စေတတ်တဲ့ မြွေပေါ့လေ၊ အဲဒီ မြွေကိုက်လို့ရှိယင် သစ်တုံးဖြစ်သလိုပါပဲတဲ့၊ ပထဝီဓာတ် ဖောက်ပြန်သွားလို့ ရှိယင်ဖြင့် ကိုယ်ကြီးဟာ တောင့်တင်းပြီးတော့ ကွေးလို့ မရ, ဆန့်လို့မရ, လှုပ်လို့မရ, အဲဒီလို ဖြစ်ပြီးတော့ သေတတ်တယ်တဲ့။
1,323,596
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပတ္တဒ္ဓေါ ဘဝတိ ကာယော၊ ဒဋ္ဌော ကဋ္ဌမုခေန ဝါ။
1,323,597
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထဝီဓာတု ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
1,323,598
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သဠာယတနသံယုတ်-၅၈ မျက်နှာမှာ အဋ္ဌကထာ ဆရာတွေက ဂါထာကလေး စီပြီးတော့ ပြတယ်။
1,323,599
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ သစ်တုံးဖြစ်စေတတ်တဲ့ မြွေသည်။
1,323,600
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ သစ်တုံးဖြစ်စေတတ်သော အဆိပ်ရှိသော မြွေသည်။