id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,323,301 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဗြာဟ္မဏာဆိုတာ အခု အိန္ဒိယမှာခေါ်နေတဲ့ ဗြာဟ္မဏတွေကတော့ ဇာတ်က ဖြစ်လာတာ၊ အခု မြွေထိန်းယောက်ျားကတော့ ဇာတ်က ဖြစ်လာတာ မဟုတ်တော့ ဗြာဟ္မဏတော့ မဟုတ်ဘူး၊ မဟုတ်ပေမယ်လို့ မြတ်စွာဘုရားက ဥပမာပေးတယ်၊ ဒီမှာတော့ အပြစ်ကင်းတဲ့ ပုဂ္ဂိုလ်လို့ ဆိုရမှာပေါ့။ |
1,323,302 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဏ္ဏော၊ ဟိုဘက်ကမ်းသို့ ကူးမြောက်ပြီးသည်ရှိသော။ |
1,323,303 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဗြာဟ္မဏော၊ အပြစ်ကင်းသော လူကောင်းသူကောင်းသည်။ |
1,323,304 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထလေ၊ တဘက်ကမ်း ကုန်းမြေထက်၌။ |
1,323,305 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟိုဘက်ကမ်းလဲရောက်ရော သူ့မှာ ဘာမှ အပြစ်မရှိတော့ဘူး၊ ဒီဘက်ကမ်း ဆိုလို့ရှိယင်တော့ မင်းပြစ် မင်းဒဏ်တွေ ရှိတယ်၊ နောက်ကလိုက်လာတဲ့ မြွေကြီး တွေလဲ အကိုက်ခံရဖို့ရာ ရှိတယ်၊ ရန်သူကြီးငါးဦးလဲပဲ တွေ့ယင် အသတ်ခံရဖို့ရာ ရှိတယ်၊ သူ့မိတ်ဆွေဖြစ်တဲ့ ရန်သူကလဲပဲ တွေ့ယင် သတ်မှာပဲ၊ အသတ်ခံရဖို့ရာ ရှိတယ်၊ ရွာဖျက် ဒမြကြီးတွေက နောက်က လိုက်လာတော့ ... |
1,323,306 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်က မြွေကြီးတွေလဲပဲ မလိုက်နိုင်ဘူး၊ မြွေကြီးတွေကလဲ သူ့နယ်ပယ် ဒီတွင် ဆုံးတော့ သူတို့မလိုက်နိုင်ဘူး၊ ရန်သူကြီးငါးဦးကလဲပဲ နယ်ပယ်ဆုံးတော့ မလိုက် နိုင်ဘူး၊ မလိုက်နိုင်ဘူး၊ သူ့မိတ်ဆွေ ရန်သူလဲ မလိုက်နိုင်ဘူး၊ ဒမြကြီး ငါးဦးကလဲပဲ အဲဒီ နိုင်ငံထဲက ဟိုဘက်ကို မလိုက်နိုင်ဘူး၊ မလိုက်နိုင်ရုံတွင် မဟုတ်ဘူး၊ နောက်လဲပဲ သူတို့ မပြန်နို... |
1,323,307 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာ ခေါ မျာယံ ဘိက္ခဝေ ကတာ အတ္ထဿ ဝိညာပနာယ၊ အယံ စေတ္ထ အတ္ထော။ |
1,323,308 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတ္ထဿ ဝိညာပနာယ၊ လိုရင်းအနက်ကို နားလည်စေခြင်းအကျိုးငှါ။ |
1,323,309 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာ၊ ဥပမာကို။ |
1,323,310 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟောမယ့် အနက်အဓိပ္ပါယ်ကလေး နားလည်အောင်လို့ ဥပမာကလေးပြတာတဲ့၊ ဥပမာက လိုရင်း မဟုတ်သေးဘူး။ |
1,323,311 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတ္ထော၊ သိစေလိုအပ်သော လိုရင်းအနက်ပေတည်း။ |
1,323,312 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခုပြောမှာကတော့ သိဖို့ရာ လိုရင်း အနက်ပါပဲတဲ့။ |
1,323,313 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စတ္တာရော အာသီဝိသော ဥဂ္ဂတေဇာ ဃောရဝိသာတိ ခေါ ဘိက္ခဝေ၊ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ၊ ပထဝီဓာတုယာ အာပေါ ဓာတုယာ တေဇောဓာတုယာ ဝါယော ဓာတုယာ။ |
1,323,314 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (နှာ၃၈၂) ဘိက္ခဝေ၊ ရဟန်းတို့။ |
1,323,315 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥဂ္ဂတေဇာ၊ ထက်သော တန်ခိုးရှိကုန်သော။ |
1,323,316 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဃောရဝိသာ၊ ကြမ်းတမ်းသော အဆိပ်ရှိကုန်သော။ |
1,323,317 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စတ္တာရော အာသီဝိသာတိဧတံ၊ မြွေကြီးလေးကောင်တို့ ဟူသော ဤအမည်သည်။ |
1,323,318 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတုယာ၊ ပထဝီဓာတ်၏လည်းကောင်း။ |
1,323,319 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတုယာ၊ အာပေါဓာတ်၏လည်းကောင်း။ |
1,323,320 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတုယာ၊ တေဇောဓာတ်၏လည်းကောင်း။ |
1,323,321 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါယောဓာတုယာ၊ ဝါယောဓာတ်၏လည်းကောင်း။ |
1,323,322 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဓိဝစနံ၊ အမည်ပေးတည်း။ |
1,323,323 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေကြီးလေးကောင် ဆိုတာ တခြားမဟုတ်ဘူး၊ ဓာတ်ကြီးလေးပါးရဲ့ အမည်တဲ့၊ လူတိုင်းလူတိုင်းမှာ ဓာတ်ကြီးလေးပါးချည်း တည်ဆောက်ထားတာ၊ ခန္ဓာအိမ်ကြီးက မြွေထိန်းယောက်ျား ဆိုတာ သူများတွေ မဟုတ်ဘူး၊ အခုတရားဟော တရားနာနေတဲ့ ပုဂ္ဂိုလ်တွေပဲ၊ ရုပ်ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဓာတ်ကြီး လေးပါး အကုန်လုံး ရှိနေတာ၊ ဓာတ်ကြီး လေးပါးက တကိုယ်လုံးမှာ နေရာတိုင်... |
1,323,324 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေသေချာချာ စဉ်းစားကြည့်ယင် ကြောက်စရာ တော်တော် ကောင်းတယ်၊ ဒီ ဓာတ်ကြီးလေးပါး ဖောက်ပြန်လို့ ရှိယင် လူတွေ ဒုက္ခရောက်တာပဲ၊ အခုဆေးရုံတွေမှာ သွားကြည့်ယင် လူနာတွေ တွေ့တယ်၊ အဲဒီ လူနာတွေဟာ ဓာတ်ကြီး ၄-ပါး ဖောက်ပြန်လို့ ဓာတ်ကြီး ၄-ပါးကနေပြီးတော့ မြွေကြီး ၄-ကောင် လိုက်လာလို့ ဒုက္ခရောက်နေတာ။ |
1,323,325 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပြင်က မြွေကိုက်တာတော့ လူတွေကအသိသား၊ အတွင်းက မြွေကိုက်တာ မသိလို့ ခက်နေ တယ်၊ ဆေးရုံများ သွားကြည့်ယင် လူမမာတွေ အများကြီးတွေ့ရတယ်၊ ရောဂါတွေ အမျိုးမျိုးပဲ၊ ရိုးရိုးတန်းတန်း ဖျားတဲ့ ရောဂါလဲ ရှိတယ်၊ အကျိုးအပဲ့တွေလဲ ရှိတယ်၊ အနာအမျိုးမျိုးတွေ ရှိတယ်၊ အခုကာလမှာ သွေးတိုးတို့ စတဲ့ ရောဂါတွေလဲ ရှိတယ်၊ မျက်စိနဲ့ ပတ်သက်တဲ့ရောဂါ ရှိတယ... |
1,323,326 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေ ဘာတွေတုံး ဆိုလို့ရှိယင် ဒီမြွေကြီး လေးကောင်ကိုက်လို့ မြွေကြီးလေးကောင် ကြောင့် ဖြစ်နေတာ၊ ပထဝီဓာတ် မြွေကြီးကြောင့်, တချို့လဲ အာပေါဓာတ်မြွေကြီး ကြောင့်, တချို့လဲ တေဇောဓာတ် မြွေကြီးကြောင့်, တချို့လဲ ဝါယောဓာတ် မြွေကြီး ကြောင့် သူများလို မဟုတ်ပဲနဲ့ ဒုက္ခတွေ ရောက်ပြီးတော့ နေကြတာ၊ အကြောင်း ညီညွတ် နေတဲ့အခါတော့ ကျန်းမာရဲ... |
1,323,327 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထမက ပြောတဲ့ ဥပမာလိုပဲ မြွေထိန်းယောက်ျား ပထမက မြွေတွေရလာတော့ လက်မောင်း ရစ်ပတ်ထားတာများ လက်ကောက်ကို တယ်လှတယ် ဆိုတာကိုး၊ မြွေကြီးတွေကို သာယာ နေကြတာကိုး။ |
1,323,328 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သာယာနေတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ့်မြွေနဲ့ ကိုယ် သာယာနေကြတာပဲ၊ လက် ကလေး ကြည့်လိုက်လို့ ရှိယင်လဲပဲ လက်ထဲမှာ ဓာတ်ကြီးလေးပါပဲ၊ မြွေကြီးလေးကောင်ပဲ၊ ပထဝီဓာတ် ခက်မာကြမ်းတမ်းတာ ရှိတယ်၊ အာပေါဓာတ် အရေသဘော ရှိတယ်၊ တေဇောဓာတ် အခိုးအငွေ့သဘော ရှိတယ်၊ ဝါယောဓာတ် တောင့်တင်းလှုပ်ရှားတဲ့သဘော တွန်းကန်တဲ့သဘော ရှိတယ်၊ လက်ထဲမှာ အဲဒီလေးခုဟာ မြွေက... |
1,323,329 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတ်သဘောနဲ့ ခက်မာကြမ်းတမ်းတဲ့ သဘောဆိုတာ အသားတို့ပေါ့လေ၊ လက်ထဲမှာ အသားတို့ အရိုးတို့ မာတောင့်နေတဲ့ သဘောလေးတွေ ဒါတွေ သာယာ နေရတာကိုး။ |
1,323,330 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လက်ထဲက မာတောင့်နေတဲ့ ဟာလေးလဲပဲ ငါပဲ၊ ငါ့လက်ပဲ ဆိုပြီးတော့ သာယာနေတာ၊ ဒီထဲကနေပြီး စိုစိုစိုစိုနဲ့ ဖြစ်ပြီးတော့ နေတာလေး အာပေါဓာတ် ရှိတယ်၊ စိုစိုပြေပြေနဲ့ ခြောက်သွေ့ မနေဘူး၊ စိုပြီးတော့ နေတာ၊ စိုပြီးတော့ နေတာ လေးကလဲ စိုစိုပြေပြေ ဖြစ်ပြီးတော့ နေတာ၊ ဒါလေးကလဲ သာယာ ကြတယ်၊ တေဇော ဓာတ်အနေနဲ့ ဒီအထဲမှာ အပူကလေးတွေ မျှပြီးတော့ နေတာရှ... |
1,323,331 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဥစ္စာ မြွေတွေပဲ၊ ဒါလက်ထဲက ရှိသေးတယ်၊ ခြေထဲကလဲ ရှိတယ်၊ ခေါင်းထဲကလဲရှိ ကိုယ်ထဲကလဲ ရှိတယ်၊ နေရာတကာမှာရှိတယ်၊ မြွေတွေပြည့်လို့၊ ကိုယ်ထဲမှာ အဲဒါတွေကို မြတ်စွာဘုရားက ဟောတာ၊ သေသေချာချာ စဉ်းစားကြည့်လို့ရှိယင် ခုနက ကိုယ်ပေါ်မှာ မြွေကြီးလေးကောင် တက်နေပုံ စာကပြတာ၊ နားလည်အောင်လို့ ပြတာ၊ အမှန်ကတော့ လူတကိုယ်မှာ မြွေတွေ ပြည့်လို့၊ ... |
1,323,332 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆောင်ပုဒ်လင်္ကာ။ |
1,323,333 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ။ ဆောင်ပုဒ်ကလေး ဆိုရမယ်။ |
1,323,334 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်၊ မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊ ရွာပျက်သုည၊ ခြောက်ဒွါရသို့၊ ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊ သုံးစုံဒမြ၊ ဝင်လာကြ၍၊ ဩဃလေးသွယ်၊ မြစ်ပင်လယ်၏၊ ဤဝယ်ကမ်းစ၊ သက္ကာယမှ၊ ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့၊ ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊ အတွင်ကူးယက်၊ အားထုတ်ချက်ဖြင့်၊ ထိုဘက် အရောက်... |
1,323,335 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | . ဓာတ်ကြီး ၄-ဖြာ သာယာလျှင် ဆင်းရဲမှာ ▬▬▬▬▬▬▬▬ |
1,323,336 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ အာသီဝိသောပမ၊ ဥပမာ ဥပမေယျတွေ တွဲပြီးတော့ အကျဉ်းချုပ် မှတ်ရအောင် ခေါင်းစဉ် စဉ်ထားတယ်၊ အခုဟာတော့ ဥပမာပဲ ရှိတယ်၊ ဥပမေယျ မရောက်သေးဘူး၊ ဒီနေ့တော့ မရောက်သေးပါဘူး၊ မြွေလေးကောင်ကား လေးပါးဘုတ်ဓာတ် ဆိုတဲ့ အစတော့ ရောက်ပါပြီ၊ မြွေလေးကောင် ဆိုတာ ဘယ်သူတုံးဆိုတာ ဘူတရုပ် ၄ -ပါး ပဲ၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် အဲဒါတွေ... |
1,323,337 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေ မသာယာဖို့ရာ မြတ်စွာဘုရားက ဟောတယ်၊ ပထဝီဓာတ်ကို သာယာနေလို့ ရှိယင် ဆင်းရဲကို သာယာနေတာပဲ၊ ဆင်းရဲကို လက်ခံနေတာပဲ၊ ပထဝီဓာတ်ဆိုတာ ဘာတုံး၊ ကိုယ်ထဲမှာ ခက်မာကြမ်းတမ်းတဲ့ သဘော အထည်ဝတ္ထုသဘော အနေ အားဖြင့် တွေ့ရတဲ့ဟာတွေဟာ ပထဝီ ဓာတ်တွေပဲ၊ နေရာတကာက စမ်းသပ်ကြည့်၊ မာမာကလေး ကြမ်းကြမ်းကလေး နုနုကလေး အသားအနေအားဖြင့် အရိုးအနေ အားဖြင့... |
1,323,338 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတ်ကိုယ်ထဲမှာ အရေသဘော, စိုထိုင်းနေတဲ့သဘော, စိုပြေနေတဲ့သဘော, အဲဒါ လေးတွေကို အာပေါဓာတ်လို့ ခေါ်တယ်၊ အဲဒါလေးတွေကို သဘောကျနေလို့ ရှိယင်လဲပဲ ဆင်းရဲကို လက်ခံ သဘောကျနေတာ၊ ဒီဆင်းရဲက မလွတ်နိုင်ဘူး၊ ဒါတွေ နောက်ဘဝဆက်တိုင်း ဒီလို ဟာတွေ ဖြစ်နေမှာပဲ၊ ဒီဘဝကနေပြီး သေသွားယင် နောက်ဘဝ ကျတော့လဲ ဒီလိုဟာရမှာပဲ၊ နောက်ဘဝလဲ ဒီလိုဟာရမှာ၊ ... |
1,323,339 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတ် ကိုယ်ထဲက အခိုးအငွေ့လေးတွေ သဘောကျနေတယ်၊ ကိုယ်ထဲမှာ အခိုး အငွေ့ကလေးတွေ ညီမျှပြီးတော့ နေတာတွေ၊ ပူသင့်တဲ့ နေရာပူလို့၊ အေးသင့်တဲ့ နေရာအေးလို့၊ ဒါလေးတွေ သဘောကျနေတယ်၊ အဆင်သင့် ဖြစ်နေတာတွေ သဘောကျနေတယ်၊ အဲဒါလဲပဲ ဝဋ်ဆင်းရဲက မလွတ်နိုင်ဘူး၊ ဆင်းရဲတွေ လက်ခံ နေတယ်။ |
1,323,340 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါယောဓာတ် တောင့်တဲ့သဘော, တင်းတဲ့သဘော, လှုပ်ရှားတဲ့သဘော, တွန်းကန်တဲ့ သဘော, ကြွနိုင်တဲ့သဘော, တက်ကြွနိုင်တဲ့သဘော, မ-နိုင်တဲ့ သဘော, ချနိုင်တဲ့ သဘော, ပေါ့ပေါ့ပါးပါး ထနိုင်တယ်, ထိုင်နိုင်တယ်, လှုပ်ရှားနိုင်တယ်, အားအင် ကောင်းတယ်, အင်အားပြည့်စုံတယ်, ဒါလေးတွေဟာ ဝါယောဓာတ်တွေပဲ၊ အဲဒါတွေ သာယာနှစ်သက် နေသမျှ ကာလပတ်လုံး ဆင်းရဲကို သာယ... |
1,323,341 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဓာတ်ကြီး ၄-ဖြာ မသာယာနဲ့ |
1,323,342 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ပထဝီ အာပေါ တေဇော ဝါယောဆိုတဲ့ ဓာတ် ၄-ပါးကို မသာယာ မနှစ်သက်မှ၊ သာယာနှစ်သက်ဖို့ မဟုတ်ဘူး၊ ဒီတရားတွေဟာ ဖြစ်ပျက်နေတဲ့ တရားတွေပဲ၊ ဆင်းရဲဒုက္ခ အမျိုးမျိုးတွေ ဖြစ်စေတတ်တဲ့ တရား သဘောတွေပဲလို့ အပြစ်မြင်ပြီး ရွံမုန်းစက်ဆုပ်မှ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်နိုင်တယ်လို့ မြတ်စွာဘုရားက ဟောတယ်၊ အဲဒါဟာ ခုနက မြွေထိန်းယောက်ျားကို မြွေက... |
1,323,343 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဓာတ်ကြီး ၄ ဖြာက လွတ်အောင် တရားအားထုတ် |
1,323,344 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီအတိုင်း ညွှန်ကြားပြီးတော့ ဓာတ်ကြီး ၄-ပါးက လွတ်မြောက်အောင်လို့ အားထုတ် တာဟာ မြွေကြီး ၄-ကောင်က လွတ်မြောက်အောင် ထွက်ပြေးတာနဲ့ တူပါတယ်တဲ့၊ တရားအား မထုတ်ပဲနဲ့ ဒီအတိုင်း နေတဲ့ပုဂ္ဂိုလ်က မြွေကြီးတွေကို လက်ခံသိမ်းပိုက် ထားတယ်လို့ မည်တာပဲ၊ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ မြွေကြီးတွေက လွတ်မြောက်အောင်လို့ ပြေးနေတယ် မည်တာပဲ၊ တခ... |
1,323,345 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ အခု သာသနာ့ရိပ်သာမှာ ရောက်ပြီး တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီမြွေကြီး တွေက လွတ်မြောက်အောင်လို့ အခုပြေးနေကြတာ၊ နောက်ဆုံး တနေ့ ကျယင် ဒါလွတ်မြောက် သွားမှာပဲ၊ မလွတ်မြောက်သေးလို့ ရှိယင်တော့ တနေ့ကျတော့ ဒီမြွေကြီးတွေက ကိုက်ပြီး သေရမှာပဲ၊ ဒီဘဝသာ မဟုတ်ဘူး၊ နောက်ဘဝတွေလဲ ဒီလို သေသေပြီးတော့ ပျောက်နေမှာ၊ အဲဒီ မြွေကြီးတွေက... |
1,323,346 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ် ငါးဖြာ၊ ငါးခန္ဓာတည်း” |
1,323,347 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရန်သူကြီး ငါးဦးဆိုတာ ခန္ဓာငါးပါးပဲ၊ ဒီခန္ဓာငါးပါး သိအောင်ရှုလို့ ပိုင်နိုင်သွားလို့ ရှိယင်လဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ရောက်ပြီး ရဟန္တာဖြစ်၊ သူလဲ ဆင်းရဲခပ်သိမ်း ငြိမ်းတာပဲ၊ သူလဲ ကမ္မဋ္ဌာန်းတခုပဲ။ |
1,323,348 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်” |
1,323,349 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂ-လို့ ဆိုတဲ့ တပ်မက် သာယာနေတဲ့ သဘောလေ၊ အဲဒါလေး ကလဲပဲ ဒါလေးလဲပဲ အမှန်အတိုင်း သိလို့ရှိယင် သူလဲ ရဟန္တာဖြစ်နိုင်တာပဲ။ |
1,323,350 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ရွာပျက်သုည၊ ခြောက်ဒွါရသို့” |
1,323,351 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရွာပျက်ကုန်း ရောက်သွားတယ်၊ ရွာပျက်ကုန်း ဆိုတာလဲ ဒွါရခြောက်ပါးပဲတဲ့၊ မြင်တိုင်း ကြားတိုင်း ဒွါရခြောက်ပါး၊ မျက်စိ, နား, နှာခေါင်း, လှာ, ကိုယ်, စိတ်, ဒွါရ ၆-ပါး၊ အဲဒီဒွါရ ၆-ပါးရဲ့ အဖြစ်အပျက်မှန်း သိယင်လဲပဲ ရဟန္တာဖြစ်နိုင်တာပဲ၊ ဆင်းရဲခပ်သိမ်း ငြိမ်းနိုင်တာပဲ။ |
1,323,352 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊ သုံးစုံ ဒမြ၊ ဝင်လာကြ၍” |
1,323,353 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒမြသုံးစုံ ဆိုတာ ၆-ယောက်ပေါ့၊ အာရုံ ၆-ပါးပဲ၊ ဗာဟိရာယတန ၆-ပါး၊ ရူပါယတန, သဒ္ဒါယတန အစရှိသော အာရုံ ၆-ပါး တရားတွေ အဲဒီတရားတွေ အမှန်အတိုင်း သိလို့ရှိယင်လဲပဲ ရဟန္တာ ဖြစ်နိုင်တာပဲ၊ အခု မြင်တိုင်း ကြားတိုင်း မှတ်နေရတာ၊ ဒါတွေ မှတ်နေရတာပဲ၊ မြင်တိုင်း ကြားတိုင်း ဒွါရ ၆-ပါးက ထင်ပေါ်လာတဲ့ အာရုံ ၆-ပါး တရားတွေ ဒမြ ၆-ယောက်တွေ မှတ်နေရတယ... |
1,323,354 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ဩဃလေးသွယ်၊ မြစ်ပင်လယ်၏” |
1,323,355 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩဃလေးပါး၊ မြစ်ကြီးဆိုတာ ဩဃလေးပါး တရားတွေ၊ အဲဒါတွေလဲပဲ ဩဃလေးပါး တရားတွေ မဖြစ်အောင်လို့ အားထုတ်ရမှာ၊ သူလဲ ကမ္မဋ္ဌာန်းတခုပဲ။ |
1,323,356 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ဤဝယ်ကမ်းစ၊ သက္ကာယမှ” |
1,323,357 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဘက်ကမ်းဆိုတာဟာ သက္ကာယ ခေါ်တဲ့ ခန္ဓာငါးပါး တရားတွေပဲတဲ့၊ ဒါလဲ ကမ္မဋ္ဌာန်းတခုပဲ။ |
1,323,358 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့” |
1,323,359 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခေမနိဗ္ဗာန်၊ ဟိုကမ်းဆိုတာ နိဗ္ဗာန်ပဲ။ |
1,323,360 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နိဗ္ဗာန်ကတော့ နိဗ္ဗာန်ကို ညွှတ်ပြီး အားထုတ်ရတော့ သူကတော့ ကမ္မဋ္ဌာန်းတခု လုပ်လို့ မဖြစ်ဘူး။ |
1,323,361 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍” |
1,323,362 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မဂ္ဂင်ရှစ်ပါးတရားနဲ့ နိဗ္ဗာန်ရောက်အောင် သွားရမယ်တဲ့၊ ဒီမဂ္ဂင်ရှစ်ပါး တရားကတော့ ရှုတိုင်းရှုတိုင်း မဂ္ဂင်ရှစ်ပါး တရားတွေ ပွါးနေတာပါပဲ။ |
1,323,363 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အတွင်ကူးယက်၊ အားထုတ်ချက်ဖြင့်” |
1,323,364 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မှတ်တိုင်းမှတ်တိုင်း အားထုတ်မှု ရှုမှတ်မှု ဖြစ်အောင်လို့ အားထုတ်ပြီးတော့ ပေးနေတာ၊ ဝီရိယ တရားလေးရှိတယ်၊ လက်နဲ့ခြေနဲ့ ကူးယက်နေတာနဲ့ တူတယ်တဲ့၊ ဒါကြောင့် -- |
1,323,365 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ဟိုဘက်အရောက်၊ ကူးမြောက်သူမှာ၊ ရဟန္တာတည်း” |
1,323,366 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ ဟိုဘက် ရောက်သွားတာ ရဟန္တာပဲ၊ ဒါကြောင့် ရဟန္တာပုဂ္ဂိုလ် ဖြစ်အောင် အားထုတ် ကြရမှာပေါ့။ |
1,323,367 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ကောင်းစွာညွှန်ကြား၊ ကယ်သူကား၊ ဘုရားမြတ်ပေတည်း” |
1,323,368 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေထိန်းယောက်ျားကို ဒီမြွေတွေကနေ ကိုက်ယင် သေလိမ့်မယ်၊ စောစောကတည်းက ပြုသင့်ပြုထိုက်တာ ပြုနှင့်ပေတော့လို့ ညွှန်ကြားတယ်၊ အဲဒါ ဘယ်သူတုံး မြတ်စွာဘုရားပဲတဲ့၊ ဓာတ်ကြီးလေးပါးရဲ့ အပြစ်တွေကို ဟောပြီးတော့ ဓာတ်ကြီး ၄-ပါး အမှန်အတိုင်း မြင်အောင်လို့ ရှုဖို့ ညွှန်ကြားတာ မြတ်စွာဘုရား၊ ရန်သူကြီးငါးဦးနဲ့တူတဲ့ ခန္ဓာ ၅-ပါး တရားတွေကို ရှု... |
1,323,369 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်၊ မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊ ရွာပျက်သုည၊ ခြောက်ဒွါရသို့၊ ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊ သုံးစုံဒမြ၊ ဝင်လာကြ၍၊ ဩဃလေးသွယ်၊ မြစ်ပင်လယ်၏၊ ဤဝယ်ကမ်းစ၊ သက္ကာယမှ၊ ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့၊ ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊ အတွင်ကူးယက်၊ အားထုတ်ချက်ဖြင့်၊ ဟိုဘက်... |
1,323,370 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာသီဝိသောပမသုတ္တန် တရားတော်ကြီးကို ယနေ့စ၍ ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာ၏ အစွမ်းအာနုဘော်ကြောင့် ဤတရားဒေသနာတော်၌ ညွှန်ကြားသည့် အတိုင်း ကျင့်ကြံပွါးများ အားထုတ်နိုင်ကြ၍ ဝိပဿနာ ဉာဏ်အစဉ် အရိယမဂ်ဉာဏ်အစဉ်ဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာ ဆိုက်ရောက်၍ မျက်မှောက် ပြုနိုင်က... |
1,323,371 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ………… အာသီဝိသောပမသုတ် တရားတော် |
1,323,372 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၃၂၈-ခု၊ နယုန်လပြည့်နေ့ ဟောကြားတော်မူသည်။ |
1,323,373 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ဥပမေယျပိုင်း” |
1,323,374 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဓာတ်ကြီး ၄-ပါး |
1,323,375 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬ ကနေ့ နယုန်လပြည့်နေ့ဆိုတော့ မြတ်စွာဘုရား မဟာသမယသုတ်ကို ဟောတော်မူတဲ့ နေ့ ဖြစ်တဲ့အတွက်ကြောင့် မဟာသမယနေ့လို့ အသိအမှတ်ပြုပြီးတော့ အရပ်ရပ် ဌာနပေါင်း များစွာတွေမှာ မဟာသမယသုတ်ကို ရွတ်ဖတ်ကြ ပူဇော်ကြတယ်၊ ဒါတွေဟာလဲပဲ ကောင်းတဲ့ ဥစ္စာတွေပါပဲ၊ မဟာသမယသုတ် ရွတ်ဖတ်ပြီးတော့ ပူဇော်ကြတယ်၊ မြတ်စွာဘုရားနှင့်တကွ အဲဒီ အချိန်အခါတုန်းက ရဟ... |
1,323,376 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တနေ့က ဟောခဲ့တဲ့အတိုင်း ခေါင်းစဉ်ကလေး အကုန်လုံး အစုံပါပါတယ်၊ ဒါတော့ တဖြေးဖြေး ဟောရမယ်။ |
1,323,377 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေကြီး ၄ - ကောင် ဓာတ်ကြီး ၄ - စင်း |
1,323,378 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ မြွေလေးကောင်ကား လေးပါးဘုတ်ဓာတ် တဲ့၊ မြွေကြီး ၄-ကောင် အင်မတန် အဆိပ် ပြင်းထန်တဲ့ မြွေဆိုးကြီး ၄-ကောင်၊ မြွေထိန်းယောက်ျားကို အပ်နှင်းထားတယ်၊ မြွေထိန်းယောက်ျားက ထွက်ပြီးတော့ပြေးတော့ မြွေကြီး ၄-ကောင်က လိုက်တယ်၊ နောက်က သူ့ရန်သူကြီး ၅-ဦးကလဲ ဘုရင့်အမိန့်အရနဲ့ တွေ့ရာသင်္ချိုင်း သတ်ဖို့ လိုက်တယ်၊ နောက်တခါ သူ့မိတ်ဆွေဖြစ်တ... |
1,323,379 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါကို ဥပမာပြုပြီးတော့ မြတ်စွာဘုရားက ပြတယ်။ |
1,323,380 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (နှာ ၃၈၂) ဘိက္ခဝေ၊ ရဟန်းတို့။ |
1,323,381 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတ္ထဿ ဝိညာပနာယ၊ သိလိုအပ်သော အနက်ကို သိစေခြင်းအကျိုးငှါ။ |
1,323,382 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ-ဥပမာ၊ ဆိုခဲ့ပြီးသော မြွေကြီး ၄-ကောင် ဥပမာကို။ |
1,323,383 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကတာ၊ ပြုအပ်လေပြီ။ |
1,323,384 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စ၊ စင်စစ်အားဖြင့်သော်ကား။ |
1,323,385 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧတ္ထ၊ ဤဥပမာ စကားရပ်၌။ |
1,323,386 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတ္ထော၊ ဆိုလိုရင်းအနက်ပင် ဖြစ်တော့သည်။ |
1,323,387 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာ ပြတာကတော့ ဟောချင်တဲ့အနက် သိစေလိုတဲ့အနက်ကို နားလည်လွယ်အောင် ဥပမာ ပေးတာပါပဲတဲ့၊ အခုပြောမယ့် အနက်အဓိပ္ပါယ်သည်သာလျှင် လိုရင်းပါပဲလို့ မြတ်စွာဘုရားက အနက်အဓိပ္ပါယ်ကို ဟောတယ်။ |
1,323,388 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စတ္တာရော အာသီဝိသာ ဥဂ္ဂတေဇာ ဃောရဝိသာတိ ခေါ ဘိက္ခဝေ စတုန္နေတံ မဟာဘူတာနံ အဓိဝစနံ။ |
1,323,389 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သံ၊ ၂။ နှာ ၃၈၂။ |
1,323,390 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စတ္တရော အာသီဝိသာတိ ဧတံ၊ မြွေကြီး ၄-ကောင်တို့ ဟူသော ဤအမည်သည်။ |
1,323,391 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မဟာဘူတာနံ၊ မဟာဘုတ် ရုပ်တရားတို့၏။ |
1,323,392 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပထဝီဓာတုယာယာ၊ ပထဝီဓာတ်၏ လည်းကောင်း။ |
1,323,393 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာပေါဓာတုယာ၊ အာပေါဓာတ်၏ လည်းကောင်း။ |
1,323,394 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေဇောဓာတုယာ၊ တေဇောဓာတ်၏ လည်းကောင်း။ |
1,323,395 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါယောဓာတုယာ၊ ဝါယောဓာတ်၏ လည်းကောင်း။ |
1,323,396 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဆိပ်ထန်တဲ့ မြွေကြီး ၄-ကောင်ဆိုတာ တခြား မဟုတ်ဘူး၊ လူတိုင်း လူတိုင်း, ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာရှိပြီးတော့နေတဲ့ ဓာတ်ကြီး ၄-ပါးရဲ့ အမည်ပဲ၊ ဓာတ်ကြီး ၄-ပါး ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ် ဝါယောဓာတ်တဲ့၊ ဗမာပြည်မှာ တရားဝါသနာပါတဲ့ ပုဂ္ဂိုလ်ဟာ ဓာတ်ကြီး ၄-ပါး နာမည်လောက်ကတော့ သိနေကြတာပါပဲ၊ မသိတဲ့ ပုဂ္ဂိုလ် ရှိမယ... |
1,323,397 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေကြီးတွေ ပထမက မြွေထိန်းယောက်ျား ခန့်လိုက်တဲ့အခါ ကာလကျတော့ မြွေကြီး တွေက ကိုယ်ပေါ်တက်နေပုံ၊ တနေ့က ပြောခဲ့တယ်၊ လက်မောင်း ရစ်ပတ်ပြီးတော့ နားနားမှာ ပါးပျဉ်း ထားပြီးတော့ အိပ်နေပုံ၊ လက်ဝဲဘက်ကလဲ ထို့အတူပဲ၊ ရှေ့က နေပြီးတော့ ဗိုက်ပတ်ပြီးတော့ လည်ပင်းမှာ ခေါင်းထားပြီးတော့ အိပ်နေပုံ၊ တကောင်က ကျောက တက်ပြီးတော့ လည်ပင်း ပတ်ပြီးတော... |
1,323,398 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါပေမယ်လို့ မြွေထိန်းယောက်ျားက ဒီမြွေကြီးတွေ သူ့အပေါ် တက်နေတာကိုပဲ သူက သဘောကျနေတယ်၊ မြွေကြီးတွေ တယ်လှတယ်၊ လက်ကောက်များ ဝတ်ထားသလိုပဲ၊ လက်ကြပ် များ ဝတ်ထားသလို၊ လည်ပင်း ခွေပတ်နေတာများ လည်ဆွဲတန်ဆာများ ဝတ်ဆင်ထားသလိုပဲ တယ်လှတယ်၊ မြွေအဆင် တန်ဆာကြီးတွေ ငါ ရလာတာပဲ ဆိုပြီးတော့ သာယာနေတယ်လို့ ပြောတယ်၊ ဒါက ဥပမာပဲ၊ ဥပမေယျမှာ ဓာတ်ကြီ... |
1,323,399 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နေရာတကာ ဓာတ်ကြီး ၄-ပါး ရှိခြင်း |
1,323,400 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬ မြွေကြီး ၄-ကောင်ဆိုတာ တကိုယ်လုံးမှာ ပျံ့နှံ့ပြီးတော့ တက်နေတယ်၊ ဒီမြွေတွေဟာ ခုနက ဥပမာက ပြထားတာတောင်မှ ဥပမေယျ လိုရင်းအနက်က လက်လောက်, ကိုယ်လောက်, ခေါင်းလောက်တွင် မဟုတ် ဘူးတဲ့၊ သူက အကုန်လုံးပဲ တကိုယ်လုံး အတွင်း - အပြင် အနှံ့အပြားပဲ၊ ဓာတ်ကြီး ၄-ပါးဆိုတာ နေရာတကာမှာ ရှိတာပဲ၊ တကိုယ်လုံး ဘယ်နေရာမှ ဓာတ်ကြီး ၄-ပါး လွတ်တဲ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.