id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,323,701
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဌိတိံဝါ၊ အလယ်ပိုင်းတည်မှုကိုလဲ။
1,323,702
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နသမ္ပာ ပုဏာတိ၊ မရောက်။
1,323,703
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အလယ်ပိုင်းတွေကလဲ အစ တုန်းက ထင်ခဲ့တယ်၊ အခုမထင်ဘူး။
1,323,704
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နိမိတ္တံဝါ ပဝတ္တံဝါ၊ မပြတ်စပ်လျက်ဖြစ်သော ရုပ်နာမ် အလျင်ကိုလဲ။
1,323,705
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နသမ္ပာပုဏာတိ၊ မရောက်။
1,323,706
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အစတုန်းကဆိုယင် ရုပ်နာမ်တွေဟာ တခုပြီးတခု တစပ်တည်း အပြတ် အခြားမရှိပဲနဲ့ တဆက် တည်းလို ဖြစ်ပြီးတော့ ထင်နေတာ ရှိတယ်တဲ့၊ အဲဒီဟာလဲ မပေါ် တော့ဘူးတဲ့။
1,323,707
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နိမိတ္တံ ဝါ၊ ပုံသဏ္ဌာန်နိမိတ်ကိုလဲ။
1,323,708
Uncategorized
အာသီဝိသောပမသုတ် တရားတော်
န သမ္ပာပုဏာတိ၊ မရောက်။
1,323,709
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အစတုန်းကတော့ လက်ပုံသဏ္ဌာန် ခြေပုံသဏ္ဌာန်၊ အဲဒီ ပုံသဏ္ဌာန် နိမိတ်တွေပါတယ်၊ ဖောင်းတယ် ပိန်တယ် မှတ်တယ်၊ အစတုန်းက ဗိုက်ပုံသဏ္ဌာန်နဲ့ အလုံးလိုက်ကြီး တက်လာလိုက် ကျသွားလိုက်၊ ကွေးတယ် ဆန့်တယ် မှတ်လို့ ရှိယင်လဲပဲ ကွေးတဲ့ လက်ကြီး ဆန့်တဲ့လက်ကြီး ပုံသဏ္ဌာန်အတိုင်းပဲ၊ ခေါင်းငုံ့ယင် ငုံ့သွား၊ ခေါင်းပုံ သဏ္ဌာန်အတိုင်းပဲ၊ သွားယင်လဲပဲ ...
1,323,710
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နို့ဘာထင်တုန်း ဆိုတော့ - ခယ ဝယ နိရောဓေ ယေဝ၊ ကုန်ခြင်း ပျောက်ခြင်း ပျက်ခြင်းဟုဆိုအပ်သော ချုပ်ခြင်း သဘော ၌သာလျှင်။
1,323,711
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံတိဋ္ဌတိ၊ ကောင်းစွာ တည်လေတော့၏။
1,323,712
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကုန်သွားတဲ့သဘော၊ ပျောက်သွားတဲ့သဘော ပျက်သွားတဲ့သဘော အဲဒါဟာ ချုပ်တာပဲ ချုပ်တယ် လို့ဆိုတယ်၊သင်္ခါရတွေ လုံးလုံးမရှိတဲ့ ဘာမှမရှိပဲနဲ့ ရုပ်နာမ်တွေ အကုန်လုံး ချုပ်ငြိမ်းသွားတာက နိဗ္ဗာန်ကိုး၊ အဲဒီ နိဗ္ဗာန် အချုပ်တော့ မဟုတ်ဘူး၊ ဒါက ဖြစ်ပြီးသား ရုပ်နာမ်တွေ ချုပ်သွားတာ၊ ခယ - ကုန်သွားတာပါပဲတဲ့၊ ဖြစ်ပြီး သားလေး ကုန်သွားတာ ဆုံးသွားတ...
1,323,713
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် ကုန်သွားတာ ဆုံးသွားတာ ပျောက်သွားတာ သည်ပင်လျှင် ပျက်သွားတာပဲ၊ ပျက်သွား တာလေးတွေပဲ ချုပ်သွားတာပဲ၊ အဲဒီ ကုန်သွားတဲ့သဘော, ပျောက်သွားတဲ့ သဘော, ပျက်သွားတဲ့ သဘော၊ အဲဒီ သဘောဟာ ချုပ်တဲ့သဘောပဲ၊ အဲဒီသဘောမှာပဲ စိတ်ကလေး တည်နေတယ်တဲ့၊ ဉာဏ်ကလေး တည်နေတယ်၊ မှတ်တိုင်း မှတ်တိုင်း ဟာဖြင့်ယင် ဖောင်းတာမှတ်လဲ ဖောင်းတဲ့ သဘောလေး တရိပ်...
1,323,714
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် ဒီဉာဏ်ရောက်တဲ့အခါ ယောဂီဟာ ဘာမှ မရှိတော့ဘူးလို့ ပြောတာ၊ ဘာမှ မရှိတော့ဘူး ပျောက်နေတာချည်းပဲ တွေ့နေတာ၊ ဘာမှ မရှိတော့ဘူးဆိုပြီး မှတ်လို့တောင် တယ်မကောင်းပဲ ဖြစ်လာတတ်သေးတယ်၊ အမှန်စင်စစ်ကတော့ အဲဒီ ဘင်္ဂဉာဏ် ရောက်မှပဲ ပုံသဏ္ဌာန် နိမိတ် ပညတ်တွေဆိုတာ ကောင်းကောင်း ပျောက်ပါတယ်၊ အမှတ်ကောင်းနေတဲ့အခါမှာ ကောင်းကောင်း ပျောက်တ...
1,323,715
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တချို့က ကိုယ်တိုင် မသိပဲ ဟောကြ ရေးကြ
1,323,716
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ စစချင်းက ပျောက်ရမယ်လို့ တချို့က ဟောနေ ပြောနေကြတယ်၊ စာတွေ ရေးတယ်၊ အဲဒါ သူ စာသဘောနဲ့ ရေးတာပဲ၊ သူကိုယ်တိုင်သိလို့ ရေးတာ မဟုတ်ဘူး၊ သူလဲ မသိဘူး၊ ဘုန်းကြီး ကတော့ အဲဒီလို စာလေးတွေ တွေ့ယင် ဒီ စာရေးတဲ့ ပုဂ္ဂိုလ်ဟာ သူကလဲပဲ ဒီဉာဏ်ကလေးတွေ သူမရောက်သေးလို့ သူမတွေ့သေးလို့ သူရေးတာပဲ၊ ဘုန်းကြီးက ဒီလို အောက်မေ့တယ်၊ တချို့ ထင်ထင်ရှာ...
1,323,717
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထဝီဓာတ် ထင်ပုံ
1,323,718
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါကြောင့် အခု ပထဝီဓာတ် သိတယ် ဆိုလို့ရှိယင် ခက်မာတာ ကြမ်းတမ်းတာ နူးညံ့တာ တိုက်ပြီးတော့ ခံနေတာ ဒါတွေ တွေ့ရမှာ၊ ဒါပေမယ့် မှတ်တိုင်း မှတ်တိုင်း ဒါတွေ အကုန် တွေ့ရမှာ မဟုတ်ဘူး၊ တခါတခါ ခက်မာတာ, တခါတခါ ကြမ်းနေ တဲ့ သဘော, တခါတရံ ကျတော့ နူးညံ့တဲ့ သဘော, တခါ တခါကျတော့ တိုက်ပြီး ခံနေတဲ့သဘော, နင်းလိုက်တဲ့အခါ ထိလိုက်တဲ့ အခါတွေမှာ ဟိ...
1,323,719
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထဝီဓာတ် ထင်ပုံကလေး ဆိုရမယ်။
1,323,720
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခက်မာကြမ်းတမ်းတာ နူးညံ့တာ တိုက်ခံတာက ပထဝီဓာတ်။
1,323,721
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ပထဝီဓာတ် ခက်မာကြမ်းတမ်းတာ တွေ့လို့ရှိယင်လဲ ပထဝီဓာတ် တွေ့တာပဲ၊ နူးညံ့တာ တွေ့ယင်လဲ ပထဝီဓာတ် တွေ့တာပဲ၊ ချောညက်တာကို စကားလုံးတွေ များမှာစိုးလို့ မထည့်ဘူး၊ နောက် ခြေထောက်ကို နင်းချ လိုက်တဲ့အခါ လက်တွေ ချလိုက်တဲ့အခါ တနေရာရာက တိုက်ပြီး တော့ ဟိုဘက်ကလဲ တိုက်ခံနေတယ်၊ ဒီဘက်ကလဲ တိုက်ခံနေတယ်ဆိုယင် ပထဝီဓာတ်က ပေါ်လွင် ထင်ရှားတယ်၊...
1,323,722
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တိုက်ခံတာက ဘာတုံးဆိုတော့ ပတိဋ္ဌာနရသ - တည်ရာကိစ္စ ရှိတယ်တဲ့။
1,323,723
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သမ္ပဋိစ္ဆန ပစ္စုပဋ္ဌာနာ - ခံလင့်ခြင်း၊ တိုက်ပြီးတော့ ခံနေခြင်းဟာ သူရဲ့ ပစ္စုပဋ္ဌာန် ပဲတဲ့၊ ယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်ထဲမှာ ထင်ပေါ်တတ်တဲ့ အရာပဲတဲ့၊ ဒီလိုပဲ ထင်တတ်တယ်တဲ့၊ အဲဒါ ပထဝီဓာတ်။
1,323,724
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာပေါဓာတ် ထင်ပုံ
1,323,725
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာပေါဓာတ်ကျတော့ ယိုစီးတာ, ဖွဲ့စီးတာ၊ ယိုစီးတယ်ဆိုယင် အရေ သဘောပေါ့၊ အရေ သဘော အဲဒီ ယိုစီးတဲ့သဘော ထင်လို့ရှိယင် အဲဒါက အာပေါဓာတ်၊ မျက်ရေတွေ ကျလာတယ် နှာခေါင်းက နှာရေတွေ ကျလာတယ်၊ ပါးစပ်က အာခေါင်ကနေ အရေတွေ၊ ကျလာတယ်၊ လျှာရင်းတို့ အာခေါင်တို့ အဲဒီမှာ အရေလေးတွေ၊ ဒါလေးတွေ ကျတာတယ်၊ ရှုယင်း မှတ်ယင်းဆိုတော့ ဒါလေး တွေ တွေ့တယ်၊ အဲဒီမှ...
1,323,726
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီအခါမှာ ပထဝီဓာတ်က နောက်လိုက်ပဲတဲ့၊ ခက်မာကြမ်းတမ်းတဲ့ သဘောက နောက်လိုက်တဲ့၊ အာပေါ လေးတဲ့သဘောက သူက ရှေ့ဆောင်ပဲတဲ့၊ ဒီတော့ လေးကျသွားတာ လက်တွေ မြှောက်ရာကနေ အောက်ချလိုက်တဲ့ အခါမှာ လေးကျ သွားတာ၊ ထိုင်တဲ့အခါ ကာလမှာလဲ ထိုင်တယ် ထိုင်တယ်လို့ စိုက်ပြီး မှတ်တော့ ကိုယ်ကြီးက တရွေ့ရွေ့ချင်း ရွေ့ရွေ့ပြီးတော့ ကျသွား တာ အာပေါဓာတ်သဘော ...
1,323,727
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယိုစီးတာ၊ ဖွဲ့စီးတာ၊ လေးကျသွားတာက အာပေါဓာတ်။
1,323,728
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါယောဂီ ပုဂ္ဂိုလ်တွေ ရှုမှတ်တဲ့အခါမှာ တွေ့တာ အထူးတွေ့နေတာ။
1,323,729
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တေဇောဓာတ် ထင်ပုံ
1,323,730
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တေဇောဓာတ်ဆိုတာ ဥဏှတ္တလက္ခဏာ ပူတယ် ပူတယ် ဆိုယင်တော့ နွေးတာလဲ ရှိတာပေါ့၊ နွေးတယ်ဆိုယင် သူ့လောက် မနွေးတဲ့ဟာကျတော့ အေးတယ်လို့ ခေါ်ရ တာပဲ၊ ပူတာ, နွေးတာ, အေးတာ, ပြီးတော့ ပေါ့တက်တဲ့ သဘောလဲ ရှိတယ်တဲ့၊ ခြေထောက်ကြွလိုက်တဲ့ အခါကာလမှာ ပေါ့ပြီး တက်လာတဲ့ဟာ တေဇောဓာတ်က ခေါင်းဆောင်တယ်တဲ့၊ ဝါယောဓာတ်က နောက်လိုက် ပဲတဲ့၊ အထက်ပေါ်က လုပြီးတက...
1,323,731
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပူတာ၊ နွေးတာ၊ အေးတာ၊ ပေါ့တက်တာက တေဇောဓာတ်။
1,323,732
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယောဓာတ် ထင်ပုံ
1,323,733
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါယောဓာတ်ကတော့ သိပ်မထူးပါဘူး၊ ခါတိုင်းလိုပဲ၊ ဝါယောဓာတ်ကလဲ တောင့်တင်း လှုပ်ရှားတာ၊ ထောက်ကန် တောင့်တင်းလျော့ခြင်းတမည် ဆိုတာတွေဟာ သူ့လင်္ကာထဲ စုံနေပါပြီ၊ ဝါယော ဓာတ်ကတော့ အထူး ပြောစရာမလိုဘူး၊ သူက ထောင့်ကန် တောင့်တင်းတာ၊ လှုပ်ရှားတာ ဝါယောဓာတ်၊ ဆောင်ပုဒ်အတိုင်းပါပဲ၊ ထောက်ကန် ဆိုတာက စာဆို၊ တောင့်တင်းတယ် ဆိုတာ ကတော့ အရပ်ထဲက အသ...
1,323,734
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထောက်ကန် တောင့်တင်းတာ တွန်းကန်တာ လှုပ်ရှားတာက ဝါယောဓာတ်။
1,323,735
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီးလေးပါး စုံသွားပါပြီ၊ ဒါက အကျဉ်းချုပ် ဆောင်ပုဒ်။
1,323,736
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့ကတော့ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်၊ အကြမ်းဖျင်း ပြောမယ် ဆိုလို့ရှိယင် … ပထဝီဓာတ်က ၂၀၊ ဆံပင် မွေးညင်း စသည် အာပေါဓာတ်က ၁၂၊ သည်းခြေသလိပ် စသည် တေဇောဓာတ်က ၄-ခု၊ သန္တပ္ပန၊ ပြင်းစွာ ပူလောင်တာတို့။
1,323,737
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇိရဏ၊ အိုမင်း ရင့်ရော်တာတို့။
1,323,738
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါက အပြင်းအထန် အလွန်အကဲ ပူလောင်တာ။
1,323,739
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပါစက၊ အစာကို ကြေကျက် စေတာ၊ ဒါတေဇောဓာတ် ၄-ပါး၊ ဝါယောဓာတ်ကတော့ ခုနက ပြောခဲ့တဲ့ ဥဒ္ဓင်္ဂမစသည် ၆-ပါး၊ အကြမ်းဖျင်း ဓာတ် ၄-ပါးကို အထည်ဝတ္ထုအနေနဲ့ ခွဲပြတယ်။
1,323,740
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လက္ခဏာနဲ့ ဆိုယင်တော့ ခုနကပြောခဲ့တဲ့ ဥစ္စာတွေပဲ၊ ပထဝီဓာတ် ဆိုယင်ဖြင့် ခက်မာ ကြမ်းတမ်းတာ၊ နူးညံ့တာ၊ တိုက်ခံပြီးတော့ နေတာ၊ အဲဒါ ပထဝီဓာတ်၊ အာပေါဓာတ်ဆိုယင် ယိုစီး တာ၊ ဖွဲ့စည်းတာ၊ လေးကျသွားတာ၊ ဒါက အာပေါဓာတ်၊ တေဇောဓာတ်ဆိုယင် ပူတာ နွေးတာ အေးတာ၊ ပေါ့တက်လာတာ၊ ဒါက တေဇော ဓာတ်၊ ဝါယောဓာတ်ကတော့ ထောက်ကန်တာ၊ တောင့်တင်းတာ၊ တွန်းကန်တာ၊ လ...
1,323,741
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ဓာတ်ကြီး ၄-ပါးဟာ လူတိုင်းလူတိုင်း သန္တာန်မှာ ရှိနေတာပဲ၊ ဒါ ကိုယ်ထဲမှာ မြွေကြီး ၄-ကောင်တွေ့တဲ့၊ ၄-ခုတွေ နေရာတကာမှာရှိတယ်၊ အပ်ဖျားကလေးလောက် ရှိတဲ့နေရာလေး ကိုယ်ထဲမှာ ဘယ်နေရာဖြစ်ဖြစ် ထောက်ကြည့်လို့ရှိယင် အဲဒီမှာ ဓာတ်ကြီး ၄-ပါး၊ မြွေ ၄-ကောင် တစုံရှိတယ်၊ မြွေတွေအများကြီးရှိတယ်၊ ကိုယ်ထဲမှာ မြွေတွေ တကိုယ်လုံး ပြည့်နေတယ်၊ ...
1,323,742
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေဖမ်းခြင်း၌ အကျိုးမဲ့ ငါးပါး ▬▬▬▬▬▬▬▬▬▬ ဒီတော့ အနတ္ထံဂဟဏှတော အားဖြင့်လဲ တူတယ်တဲ့၊ မြွေကို ဖမ်းယူတဲ့ပုဂ္ဂိုလ်ဟာ အကျိုးမဲ့ ငါးပါးကို ယူရာရောက်တယ်တဲ့၊ ဘာတွေတုံး ဆိုတော့ -
1,323,743
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“အသုစိံ” မစင်ကြယ်တာကို ဖမ်းရာရောက်သည်တဲ့၊ မြွေဖမ်းလို့ရှိယင် မြွေဆိုတာဟာ မြေကြီး လျှောက်ပြီး ကိုယ်နဲ့ လွန့်လက်ပြီးသွားနေတာ၊ ဒီတော့ မြေကြီးမှာ အညစ်အကြေး တွေပေါ့လေ၊ လွန့်လက် သွားနေတာ၊ မစင်တွေထဲလဲ သူလွန့်လက်ပြီး သွားခဲ့တာပဲ၊ ရွံစရာတွေထဲမှာ သူလွန့်လက်ပြီးတော့ သွားနေတယ်၊ သူ့ကိုယ်ကနေပြီး အညစ် အကြေးတွေ ပါတယ်၊ မြွေကို ဖမ်းယင်...
1,323,744
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ဒုဂ္ဂန္ဓံ” မကောင်းသော အနံ့ကိုလဲ ယူရာ လက်ခံရာရောက်သည်တဲ့၊ အသုစိ - မစင်ကြယ်တာ ကိုလဲပဲ ယူရာ ရောက်သည်တဲ့၊ မြွေဆိုတာ ခုနက မစင်ကြယ်တာတွေထဲ လျှောက်သွား နေတာ၊ စင်ကြယ် တဲ့ဟာ မဟုတ်ဘူးပေါ့၊ မစင်ကြယ်ဘူး။
1,323,745
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ဗျာဓိံ” အနာကိုလဲပဲ ယူရာရောက်တယ်တဲ့၊ အနာဆိုတော့ မြွေဆိုတော့ ကိုက်တတ်တဲ့ အကောင်ကိုး၊ မြွေကိုက်လို့ရှိယင် အနာဖြစ်တော့မယ်၊ မြွေကိုက်လိုက်ယင် အဆိပ် ထန်တဲ့မြွေ သွားဖမ်းယင် ကိုက်လိုက်လို့ရှိယင် အနာဖြစ်တော့မှာပဲ၊ ဆေးနဲ့တောင် ကုယူရမယ်၊ သေလောက်တဲ့ အဆိပ် ရှိတဲ့မြွေ ကိုက်လိုက်ယင် သေမှာပဲ၊ မသေ လောက်လို့ရှိယင်လဲ သေလုမျောပါး ဒုက္ခ ...
1,323,746
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ဝိသံ” အဆိပ်မြွေဟာ အဆိပ်ရှိတဲ့ အကောင်ဆိုတော့ အဆိပ်ကို ယူရာရောက်တယ်၊ အဆိပ်ဆိုတာ ကြောက်ရတာပဲ၊ အခု သတိပေးထားကြတယ်၊ နေရာတကာမှာ သေတယ်တဲ့၊ နေရာတွေမှာ ဆိုယင် အဆိပ်ဆိုပြီးတော့ ရေးထားကြတယ်၊ ဆေးများမှာ အထူးအားဖြင့် သေတတ်ပါတယ်၊ ဆေးများမှာ အဆိပ်ဆိုပြီး ရေးထားတယ်၊ အခု မြွေကို ဖမ်းယူတဲ့ ပုဂ္ဂိုလ်ဟာ အဆိပ်ကို ယူရာ ရောက်တယ်တဲ့၊ ကိုယ်သ...
1,323,747
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(၁) မစင်ကြယ်တာက အသုစိံ၊ (၂) ဒုဂ္ဂန္ဓံ - မကောင်းသော အနံ့ကို ယူရာ ရောက်တယ်၊ (၃) ဗျာဓိံ - ရောဂါဝေဒနာ အနာကိုလဲ ယူရာ ရောက်တယ်တဲ့၊ (၄) ဝိသံ - အဆိပ်ကိုလဲ ယူရာ ရောက်တယ်တဲ့၊ (၅) မရဏ - ပဉ္စမ သေခြင်းလျှင် ၅-ခုမြောက်ပဲတဲ့၊ ထို့အတူပဲတဲ့၊ ဓာတ် ၄-ပါးကို နှစ်သက်သာယာတဲ့ ပုဂ္ဂိုလ်တွေ။
1,323,748
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဧဝ မေဝံ အကုသလာ၊ အန္ဓဗာလ ပုထုဇ္ဇနာ။
1,323,749
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စဂဏှန္တျနတ္ထာနိ၊ ဘဝေဇာတာဘိနန္ဒိနော။
1,323,750
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုဂ္ဂန္ဓံ အသုစိံ ဗျာဓိံ၊ ဇရံ မရဏပဉ္စမံ။
1,323,751
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနတ္ထာ ဟောန္တိ ပေဉ္စတေ၊ မိဠလိတ္ထေဝ ပန္နဂေ။
1,323,752
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အကုသလာ၊ တရားအရာ၌ မကျွမ်းကျင် မလိမ္မာကုန်သော။
1,323,753
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗာလပုထုဇ္ဇနာ၊ မိုက်ကန်းသော ပုထုဇဉ် ပုဂ္ဂိုလ်တို့သည်။
1,323,754
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇာတာဘိနန္ဒိနော၊ ဖြစ်သော နှစ်သက်ခြင်း ရှိကုန်သည် ဖြစ်၍။
1,323,755
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ဝါ) တပ်မက် နှစ်သက်ခြင်း ရှိကုန်သော။
1,323,756
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အန္ဓဗာလပုထုဇ္ဇနာ၊ မိုက်ကန်းသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်။
1,323,757
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနတ္ထာနိ၊ အကျိုးမဲ့တို့ကို။
1,323,758
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬▬▬ ဘဝ၌ နှစ်သက်လက်ခံ သဘောကျပြီးနေတဲ့ ပုဂ္ဂိုလ်တွေ ဘဝ ရလာလို့ ရှိယင် ဒီဓာတ် ၄-ပါးဟာ ပါတော့မှာကိုး၊ ဒီတော့ ဓာတ် ၄-ပါးကို လက်ခံပြီးတော့ ယူရာ ရောက်တယ်၊ ဓာတ် ၄-ပါး လက်ခံ လို့ရှိယင်ဖြင့် ၅-ပါးသော အကျိုးမဲ့တွေ၊ ပဉ္စ၊ ငါးပါးကုန်သော။
1,323,759
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဂဏှန္တု၊ လက်ခံယူကြလေကုန် ၏။
1,323,760
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ငါးပါးသော အကျိုးတွေက ဘာတွေတုံး ဆိုလို့ ရှိယင် ခုနက ဟာတွေလိုပါပဲ၊ ဒုဂ္ဂန္ဓံ, အသုစိံ, ဗျာဓိံ, ဇရံ, မရဏံ။
1,323,761
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုဂ္ဂန္ဓံ၊ မကောင်းသော အနံ့ကိုလဲပဲ လက်ခံယူရာရောက်သည်။
1,323,762
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်လေးပါးရှိတဲ့ ကိုယ်ကာယကြီး ရထားတော့ ဒီကိုယ်ကာယကြီးက မကောင်းသော အနံ့တွေ ရှိနေတာပဲ၊ အင်မတန် သုတ်သင်နိုင်လွန်းလို့ မနက်အိပ်ရာထယင် မျက်နှာသစ်ရတယ်၊ မျက်စိ ထဲက နေပြီးတော့ မျက်ဝတ်တွေ၊ မျက်ချေးတွေ၊ ဒါတွေ စင်ကြယ်အောင် မျက်နှာသစ်ရတယ်၊ ပါးစပ်တွေလဲပဲ သွားတွေ တိုက်ပွတ်ပြီး သကာလ ဆေးရတယ်၊ မဆေးယင် ပါးစပ်ကလဲ နံနေ တာပဲ၊ တချို့ ဆေးလျက...
1,323,763
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အသုစိံ၊ မစင်ကြယ်တာကိုလဲ လက်ခံရာ ရောက်သည်။
1,323,764
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ခန္ဓာကြီးက မစင်ကြယ် တဲ့ အညစ်အကြေးတွေ ထွက်နေတာပဲ၊ အဲဒါ ဓာတ်လေးပါးတွေပဲ၊ ပထဝီဓာတ် ၂၀-ထဲမှာပါတဲ့ ကျင်ကြီးတို့ ကျင်ငယ်တို့ ဆိုတာတွေဟာ အဲဒါတွေဟာ မကောင်းတဲ့ အနံ့တွေပဲ၊ မကောင်းတဲ့ မစင်ကြယ်တဲ့ ဥစ္စာတွေပဲ၊ ချွေးတို့ တံတွေးတို့ သလိပ်တို့ ဒါတွေလဲပဲ အာပေါဓာတ်ထဲက မကောင်း တဲ့ ဥစ္စာတွေလဲပဲ မျက်ရေတို့၊ မကောင်းတဲ့ ဥစ္စာတွေ ပြည်တို...
1,323,765
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗျာဓိံ တဲ့၊ အနာရောဂါတွေလဲ လက်ခံရာ ရောက်တယ်တဲ့၊ လူတွေ အနာရောဂါဖြစ်တာ ဘယ်ကလာတုံး၊ ဒီဓာတ်ကြီး ၄-ပါးရှိလို့ အနာရောဂါ ဖြစ်တာပဲ၊ ဓာတ်ကြီး ၄-ပါး မရှိယင် ရုပ်မရှိဘူး၊ ရုပ်ဆိုတာထဲမှာ ရုပ် ၂၈-ခု ရှိတယ်၊ ဒါပေမယ်လို့ ဓာတ်ကြီး ၄-ပါး က အရင်းခံပဲ၊ ဓာတ်ကြီး ၄-ပါးကို မှီပြီးတော့ ဒိပြင်ရုပ်ကလေးတွေ အသေး ကကလေး တွေ ဓာတ်ကြီး ၄-ပါး မှီပြီး ဝ...
1,323,766
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ရတဲ့ ရုပ်ကလေးက ဓာတ်ကြီး ၄-ပါး ရှိမှပဲ အရိပ်အရောင်ပေါ်တယ်၊ သူက ဓာတ်ကြီး ၄-ပါး မှီပြီး အဆင်းရုပ်လဲ ရှိတယ်၊ အနံ့ရုပ်လဲ ရှိတယ်၊ အရသာရုပ်ကလဲ ရှိတယ်၊ နောက်မျက်စိ အကြည်တို့၊ နားအကြည်တို့ စသည်ဖြစ်နေတာ၊ ဓာတ်ကြီး ၄-ပါးက မကောင်းယင် ဒီဓာတ်ကြီး ၄-ပါးပဲ၊ ဒါကြောင့် ဒီရုပ်ကိုယ်ကြီးကို အမှီပြုပြီးတော့ ရောဂါဝေဒနာ အမျိုးမျိုးဖြစ်တယ်၊...
1,323,767
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် ခုနက မြွေဖမ်းတဲ့ပုဂ္ဂိုလ် မြွေကိုက်လို့ အနာရသလိုပဲ၊ ဒီဓာတ်ကြီး ၄-ပါး မှီပြီးတာ့ ရောဂါ ဝေဒနာ အနာတွေ ရတယ်၊ အနာရောဂါတွေက တယ်များကြတယ်၊ အင်မတန် ကံကောင်းတဲ့ ပုဂ္ဂိုလ်တွေမှ တော်တော်လေး ကျန်းကျန်းမာမာ ရှိတာပဲ၊ ဒါလဲပဲ တော်တော် အရွယ်ကြီးလာလို့ ရှိယင် အကုန်လုံး ကျန်းမာပါတယ်လို့ ဝန်မခံ နိုင်ဘူး၊ ရောဂါဝေဒနာ တခု တခုကတော့ ...
1,323,768
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬▬▬ အဲဒါတွေ ဘယ်ကလာတုံး ဆိုယင် ဒီဓာတ်ကြီး ၄-ပါးက သူက ရလာလို့၊ ဘယ်က ရလာသလဲ၊ ပဋိသန္ဓေက ရလာတာ၊ ဒီတော့ လောက အနေအားဖြင့် ကြည့်လိုက်တော့ လူဖြစ်ယင်ဖြင့် ကောင်းတယ်၊ ဒီလို ထင်ကြတာကိုး၊ ထင်ကြတာကိုး၊ လူဖြစ်ယင် အမှန်အားဖြင့် အမျိုးအားဖြင့် မြင့်မြတ်တဲ့အမျိုး၊ ပစ္စည်းဥစ္စာ ဘောဂဗလတွေနဲ့ ပြည့်စုံတဲ့အကျိုး၊ အဆင်း လှပတင့်တယ်တဲ့ ...
1,323,769
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇရံ၊ အိုခြင်းတည်းဟူသော ဘေးဆိုးကြီးလဲ လက်ခံရာ ရောက်တယ်တဲ့၊ အိုမင်း ရင့်ရော်ခြင်း၊ ဒါလဲ သေသေချာချာ စဉ်းစားကြည့်လို့ရှိယင် တော်တော် မကောင်း ပါဘူး၊ ငယ်ငယ်ရွယ်ရွယ် ကလေးတွေ တချို့ ငယ်ငယ် ကတည်းက နေပြီး ဓာတ်ပုံ ရိုက်ထား၊ ကလေး ကလေး အဝတ်တောင် ကောင်းကောင်း မဝတ်တတ်သေးဘူး၊ ကလေးအရွယ်လေး နုနုနယ်နယ်ကလေး၊ တော်တော် ကြာတော့ ဒီထက်ကြီးတဲ့ ...
1,323,770
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက် အရွယ်ကြီးလာတဲ့ အခါကျတော့ ကြီးတဲ့ရုပ်တွေ ဓာတ်ပုံရိုက်ထားတယ်၊ သေခါနီးမှာ ရိုက်ထားတာ ရှိတယ်၊ နောက် သေတဲ့အခါ ကာလမှာ အလောင်းကို ရိုက်ထားတာလဲ ရှိတယ်၊ ဒါတွေက တခုစီ ကြည့်လိုက်လို့ ရှိယင် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အစကတော့ ဟုတ်သလိုတော့ အရှိသားပဲ၊ ငယ်ငယ်ရွယ်ရွယ်ကတော့ ကြည့်လို့အကောင်းသား၊ ကြီးသွားတော့ နေရာမကျဘူး၊ ...
1,323,771
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ငယ်ငယ်ရွယ်ရွယ်က ဆိုလို့ရှိယင် အဝတ်ကောင်း အစားကောင်းကလေးတွေ ဝတ်လို့ တသသနဲ့ နေတဲ့ ရုပ်ကိုယ်ကြီးပေါ့၊ အိုမင်းရင့်ရော် လာတဲ့အခါကျတော့ ဘာမှ အသုံးချလို့မရဘူး၊ ဘာမှ နှစ်သက် သာယာစရာ မကောင်းဘူး၊ ကိုယ့်ဟာကိုယ်တောင် နှစ်သက်စရာ မကောင်းဘူး၊ သူများကိုလဲ နှစ်သက်စရာ မကောင်းသူများ မုန်းစရာ တွေ ဖြစ်နေတယ်၊ အဲဒါတွေဟာ ဘယ်က လာတုန်း ဆိုယင် ပ...
1,323,772
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဋိသန္ဓေက နေပြီးတော့ ဒီဓာတ်ကြီး ၄-ပါး လက်ခံမိလို့ ဘယ်လို ပုဂ္ဂိုလ်တွေက လက်ခံတုန်း ဆိုယင် ပုထုဇဉ်ပုဂ္ဂိုလ် တွေပေါ့လေ၊ အရိယာတွေလဲ သောတာပန်တို့ သကဒါဂါမ်တို့ ဒီလိုလဲ လက်ခံတာတွေ ရှိပါသေးတယ်၊ အနာဂါမ်လဲပဲ ဗြဟ္မာရုပ် ဗြဟ္မာလောကရုပ်တွေ လက်ခံတာ ရှိပါ သေးတယ်၊ ဒါပေမယ်လို့ အများအားဖြင့် ပုထုဇဉ်က လက်ခံတာ ဒီမှာ ပုထုဇဉ်ကို ဟောထားတယ်။
1,323,773
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အကုသလာ၊ တရားရေးရာ၌ မကျွမ်းကျင် မလိမ္မာကြကုန်သော။
1,323,774
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇာတာဘိနန္ဒိနော၊ ဖြစ်သော နှစ်သက်ခြင်း လက်ခံခြင်း သဘောကျခြင်း ရှိကြ ကုန်သော။
1,323,775
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အန္ဓဗာလ ပုထုဇ္ဇနာ၊ မိုက်ကန်းသော ပုထုဇဉ် ပုဂ္ဂိုလ်တို့သည်။
1,323,776
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုဂ္ဂန္ဓံ၊ မကောင်းသော အနံ့ကို လည်းကောင်း။
1,323,777
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အသုစိံ၊ မစင်ကြယ်သည်ကို လည်းကောင်း။
1,323,778
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗျာဓိံ၊ မကျန်းမမာ နာဖျားခြင်းကို လည်းကောင်း။
1,323,779
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇရာ၊ အိုမင်းရင့်ရော်ခြင်းကို လည်းကောင်း။
1,323,780
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မရဏာပဉ္စမံ၊ သေခြင်းလျှင် ငါးခုမြောက်ရှိသော အကျိုးမဲ့ကို လည်းကောင်း။
1,323,781
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဂဏှန္တိ၊ လက်ခံသည် ရယူသည် မည်ကြကုန်၏။
1,323,782
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက်ဆုံးကျယင် သေခြင်းတရား ရောက်သွားတာပဲတဲ့။
1,323,783
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လူ့ဘဝ ဖြစ်ရပါလို၏ ဆိုယင် လူ့ဘဝဆိုတဲ့ ဓာတ်ကြီး ၄-ပါး မှီပြီးတော့ မကောင်းသော အနံ့တွေ ရှိရမယ်၊ ဒါတွေ အင်မတန် သုတ်သင်ရတယ်၊ သန့်ရှင်း စင်ကြယ်အောင် မစင်ကြယ်တာတွေ ကိုယ်ကနေပြီး ထွက်နေတာတွေ၊ အဲဒါတွေ သုတ်သင်ရမယ်၊ မကျန်းမမာ နာဖျားမှုတွေ တွေ့ရ မယ်၊ တနေ့ကျယင် အိုမင်း ရင့်ရော်ခြင်းနဲ့ တွေ့ရမယ်၊ နောက်ဆုံး တနေ့ကျယင် သေရမယ်, မသာဖြစ်ရမယ...
1,323,784
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါး လက်ခံမိလို့ ဓာတ်ကြီး ၄-ပါးကို အန္ဓဗာလပုထုဇ္ဇနာ - မသိမလိမ္မာတဲ့ တရား ရေးရာမှာ မကျွမ်းကျင်တဲ့ ပုထုဇဉ်တွေတဲ့၊ အဲဒီ ပုဂ္ဂိုလ်တွေက သဘော ကျကြတယ်၊ လူ့ဘောင် ဘဝ ဖြစ်ရပါလို၏၊ ယော က်ျားကောင်း စင်စစ် ဖြစ်ရပါလို၏၊ မိန်မကောင်း စင်စစ် ဖြစ်ရပါလို၏၊ ဘယ်လိုအမျိုး ဖြစ်ရပါလို၏၊ နတ်သား ဖြစ်ရ ပါလို၏၊ နတ်သမီး ဖြစ်ရပါလို၏၊ နတ်မ...
1,323,785
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သို့သော်လဲ တခုတော့ ရှိပါရဲ့၊ ဓာတ်ကြီး ၄-ပါးက အပါယ် ၄-ပါး လောက်တော့ မဆိုးဘူး၊ အဲဒီ မရောက်ယင်တော့ နည်းနည်းတော့ တော်သေးတယ်လို့ ဆိုရမှာပေါ့၊ သူကတော့ တရား ဘက်ကနေပြီး ကြည့်ယင် ဘယ်ဟာမှ မကောင်းဘူး ဆိုတာကို ကဲ့ရဲ့ပြတယ်၊ အပါယ် ၄-ပါးနဲ့ စာယင်တော့ နည်းနည်းတော့ တော်သေးတယ်၊ လူ့ဘဝ နတ်ဘဝ နည်းနည်းတော့တော်တယ်။
1,323,786
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ မြွေကြီး ၄-ကောင်၊ ဓာတ်ကြီး ၄-ပါးနဲ့ မြွေကြီး ၄-ကောင် တူတယ်၊ မြွေကြီး ၄-ကောင် ဖမ်းလိုက်လို့ ရှိယင်ဖြင့် အကျိုးမဲ့ ၅-ပါး ရသလိုပဲ၊ ဓာတ်ကြီး ၄-ပါး လက်ခံတဲ့ ပုဂ္ဂိုလ်တွေ ဘဝတိုင်း ဘဝတိုင်း မကောင်းသော အနံ့တွေကို ရတယ်၊ ဒါတွေပဲ စင်ကြယ်အောင် လုပ်နေရတယ်၊ မစင်ကြယ်တာတွေကို ရတယ်၊ ဆေးကြောသုတ်သင်ပြီးတော့ နေရတယ်၊ အမြဲတမ်းပဲ မက...
1,323,787
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါကြောင့် ဓာတ်ကြီး ၄-ပါးဟာ မြွေကြီး ၄-ကောင်နဲ့ တူပါတယ်တဲ့၊ မြွေကြီး ၄-ကောင် ဖမ်းယူတဲ့ ပုဂ္ဂိုလ်ဟာ အကျိုးမဲ့ ၅-ပါးကို၊ မကောင်းတဲ့ အကျိုး မရှိတာတွေ ပျက်စီးရာ ပျက်စီးကြောင်းတွေကို လိုက်ပြီးတော့ ဖမ်းတာနဲ့ တူတယ်၊ အဲဒါလိုပဲတဲ့။
1,323,788
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးနဲ့ တူတဲ့ လူအဖြစ်၊ နတ်အဖြစ်တွေကို အလိုရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ အကျိုးမဲ့ ၅-ပါးကို လက်ခံရာ ရှာဖွေရာ ရောက်တယ်၊ ဒါတွေကို ကုသိုလ်ကောင်းမှု တွေကို ပြုပြီးတော့လဲ ဝယ်ယူတာနဲ့လဲ တူတာပေါ့လေ၊ ခုနကပြောခဲ့တဲ့ အပါယ် ၄-ပါး မကျယင်တော့ တော်သေးတယ်လို့ အောက်မေ့ရတယ်၊ ဒါပေမယ့် ဒါလေးတွေ သာယာနေလို့ မဖြစ်သေး၊ ဒါလေးတွေ သာယာနေယင် မ...
1,323,789
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬ နောက်တခုက ဒုရုပဋ္ဌာနတော၊ မြွေကြီး ၄-ကောင်ဟာ ပြုစုနိုင်ခဲတယ်၊ အစ ကတည်းက ပြောခဲ့ ပါပြီ၊ မြွေကြီး ၄-ကောင်ဟာ တကောင်က အိပ်ချင်နေတယ်၊ တကောင်က ထချင်နေတယ်၊ တကောင်က ရေချိုးချင်တယ်၊ တကောင်က အစာ စားချင်တယ်၊ တကောင်က လမ်းလျှောက် ချင်တယ်၊ အကောင် ၄-ကောင်ကို ပြုစု ရတယ် ဆိုတော့ မလွယ်ဘူးတဲ့၊ တပြိုင်နက် အလိုချင်း မတူ ဘူး၊ ပြုစုဖို...
1,323,790
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ဓာတ်ကြီး ၄-ပါးကလဲ ပြုစုဖို့ရာ မလွယ်ပါဘူးတဲ့၊ ဓာတ်ကြီး တပါး ပျက်လို့ ရှိယင် ပထဝီဓာတ် ပျက်လို့ ပထဝီဓာတ် ဆေးကုယင် အာပေါ, တေဇော, ဝါယောက ဖောက်ပြန် ချင် ဖောက်ပြန် တာပဲတဲ့၊ ဒါကတော့ ဆေးဆရာ တွေမှ ပိုသိတယ်၊ ဆေးဆရာ တွေကတော့ ရောဂါဝေဒနာတွေ တဘက်က လွန်နေတယ်ဆိုပြီး ဒီဥစ္စာကျသွားအောင် လုပ်တုန်း ဟိုဟာက တက်တယ်၊ အ...
1,323,791
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မကျန်းမာတဲ့ အခါမှာ ထင်ရှားတယ်၊ ကျန်းမာနေတဲ့ အခါတော့ သူ့ဟာ ဟန်ကျသားပဲ၊ ကျန်းမာနေတဲ့အခါတော့ ဘာမှမဖြစ်ဘူး၊ နေကောင်းထိုင်ကောင်း သွားကောင်း လာကောင်း စားကောင်း သောက်ကောင်း ဟန်ကျနေတယ်၊ နေမကောင်းလာပြီ ဆိုတဲ့ အခါကျတော့ ပြုပြင်လို့ အတော် ခဲယဉ်းတာပဲ၊ နေမကောင်းလို့ ရောဂါတခုခု ပြင်းပြင်းထန်ထန် ဖြစ်လာပြီဆိုလို့ရှိယင် ဆေးကုဖို့ရာ တော...
1,323,792
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါကြောင့် ဓာတ်ကြီး ၄-ပါးက မြွေကြီး ၄-ကောင်နဲ့တူတယ်၊ မြွေကြီး ၄-ကောင် ကိုယ်ထဲ တင်းထားရတာနဲ့ တူတယ်၊ ဓာတ်ကြီး ၄-ပါးကိုယ်ထဲမှာ ရှိနေတာ၊ ဓာတ်ကြီး ၄-ပါးကို ညီညွတ် အောင်ပြုစုဖို့ရာ ခက်တယ်တဲ့၊ ပြုစုယင်း ပြုစုယင်းနဲ့ ဖောက်ပြန် ပြီးတော့ သေတတ်တယ်တဲ့။
1,323,793
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးကို ချဉ်းကပ်နိုင်ခဲခြင်း
1,323,794
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬ နောက်တခုက ဒုရာသဒတော၊ ချဉ်းကပ် နိုင်ခဲတယ်၊ မြွေဆိုတာ သူများကြောက်တယ်၊ အဆိပ်ရှိနေတဲ့ မြွေကို ကြောက်ရတယ်၊ အဆိပ်မရှိတဲ့ မြွေဆိုယင်တော့ သိပ်ကြောက် စရာမရှိဘူး၊ ဒါပေမယ့် တချို့တော့ မြွေဆိုယင် ကြောက်တော့တာပဲ၊ အဆိပ်မရှိတဲ့ မြွေဆိုလဲ အနားကို မကပ်ဝံ့ဘူး၊ မြွေမြင်ယင် ကြောက်တာနဲ့ ပြေးတော့တာပဲ၊ ကြောက်တတ်တဲ့ ပုဂ္ဂိုလ်က အဆိပ်...
1,323,795
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးကလဲ ချဉ်းကပ်ဖို့ရာ မလွယ်ပါဘူးတဲ့၊ ဓာတ်ကြီး ၄-ပါးဟာ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ် တိုင်းမှာ ရှိနေတဲ့ ဓာတ်ကြီး ၄-ပါးတွေ၊ ကျန်းမာနေတဲ့ အခါတော့ တော်တာပေါ့လေ၊ ကျန်းမာနေတဲ့ အခါတော့ ချဉ်းကပ်ဖို့ရာ လွယ်ပါတယ်၊ တယ် မခက်လှဘူး၊ မကျန်းမာတဲ့အခါမှ ခက်ထာ၊ တချို့ ဓာတ်ကြီး ၄-ပါး ဖောက်ပြန် ပြီးတော့ နေလို့ ပျက်စီးနေလို့ ကုဋ္ဌနူန...
1,323,796
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကျန်းကျန်းမာမာ ရှိနေတဲ့ အခါတော့ တယောက်နဲ့ တယောက် နီးနီးကပ်ကပ် ရောရော နှောနှော နေလို့ရတာပဲ၊ တကယ်ရောဂါတွေ အကြီးအကျယ် ဖြစ်လာတော့ အနားကပ်ဖို့ ခက်တယ်၊ တကယ် ဖြစ်လာလို့ ရှိယင် ခက်ပါတယ်၊ ပူးပူး ကပ်ကပ် နေဖို့ရာ အနားလာဖို့ရာ အင်မတန် ခက်ပါတယ်၊ ဒါကြောင့်မို့ ဒီဓာတ်ကြီး ၄-ပါးဟာ မြွေကြီး ၄-ကောင် အနီးအပါးကပ်ဖို့ ခဲယဉ်းသလိုပဲတဲ့၊ ကြော...
1,323,797
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အကတညုတတော - မြွေကြီး ၄-ကောင်ဆိုတာ သူများကျေးဇူးကို မသိတတ်ဘူးတဲ့၊ မြွေဆိုတာ ဟာ ဘယ်လိုပဲ ယုယုယယနဲ့ ပြုပြင်ထား ပေမယ်လို့ မြွေဆိုတာ ကျေးဇူး မသိတတ်ဘူးတဲ့၊ အဲဒါ ကတော့ ဇာတ်နိပါတ်ထဲမှာ ပါတယ်၊ ဝေဠုကဇာတ်။
1,323,798
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬ ဘုရားအလောင်းတော်ဟာ တခုသော ဘဝမှာ ဗာရာဏသီပြည်မှာ ပစ္စည်းဥစ္စာ ဘောဂဗလနဲ့ ပြည့်စုံတဲ့ သူဌေးမျိုးမှာ ဖြစ်ပြီး ကြီးပြင်းလာတဲ့အခါကျတော့ သံဝေဂ-ရလို့ တောထွက်တယ်၊ တော ထွက်ပြီးတော့ ရသေ့ ပြုပြီးတော့ နေတယ်။
1,323,799
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တပည့် ပရိသတ်တွေ အမြောက်အမြားနဲ့ ဈာန်အဘိညာဉ်လဲ ပြည့်စုံပြီးတော့ အဲဒီထဲမှာ ရသေ့ကြီး က သူ့သင်္ခမ်းကျောင်းဆီကို မြွေလေး တကောင် ရောက်လာတယ်။
1,323,800
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေ အငယ်ကလေးကို သူက ချစ်ပြီးတော့ မွေးထားတယ်၊ ဒီရသေ့က အစကတည်းက အလမ္ပာယ်ဆရာနဲ့ တူပါတယ်၊ ဒိပြင် ပုဂ္ဂိုလ်ဆိုယင် မြွေဘယ်သူမှ မမွေးမှာ မဟုတ်ဘူး၊ မြွေမွေးတယ်ဆိုတော့ မြွေကိုင်နေကျ ဖမ်းနေကျ ပုဂ္ဂိုလ်မို့ မကြောက်လို့ နေမှာ၊ ဒိပြင် ပုဂ္ဂိုလ်ဆိုယင် မြွေဘယ်မွေးမလဲ၊ ရှေးရှေးကလဲပဲ မြွေ အလမ္ပာယ်ဆရာ၊ ဒီဘဝမှာလဲ ရသေ့ မလုပ်ခင်က အလမ္ပာယ်...