id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,323,801
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒိပြင်ရသေ့တွေက သူ့ကို နာမည်ခေါ်ကြတယ်၊ မောင်ဝါးအဖေ၊ ဟေ့ မောင်ဝါးအဖေ၊ ဘယ်မှာနေသလဲ။
1,323,802
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘယ်သွားသလဲ စသည်ဖြင့် ပြောကြမှာပေါ့လေ၊ မြွေမွေးတယ်၊ အဲဒါ သတင်း ကြားတာနဲ့ ဘုရားအလောင်းဆရာ ရသေ့ကြီးက အဲဒီ မြွေမွေးထားတဲ့ မောင်ဝါးအဖေကို တနေ့ ခေါ်ပြီးတော့ မေးတယ်၊ ဒီလို သတင်းကြားတယ်၊ သင်ဟာ မြွေကို မွေးထားတယ်လို့ ကြားတယ်၊ ဟုတ်ပါတယ်၊ ဘာပြုလို့ မွေးသလဲလို့ မေးတယ်၊ အဆိပ်ရှိတဲ့မြွေ ကိုက်တတ်တယ်၊ သေလိမ့်မယ်၊ မမွေးနဲ့။
1,323,803
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆရာကြီး ဒီမြွေက တခြားမြွေ မဟုတ်ဘူး၊ ကျွန်တော့သား ဖြစ်တယ်၊ ဟာ-လူနဲ့ မြွေနဲ့ ဘယ်က သား ဟုတ်ရမှာလဲ၊ တနေ့ကျယင် ဒီမြွေကိုက်ပြီး သေလိမ့်မယ်လို့ ရသေ့ကြီး က ဆုံးမတယ်၊ ဆုံးမ ပေမယ်လို့ သူက သံယောဇဉ်ဖြစ်နေတယ်၊ ဒီမြွေကလေးနဲ့ အစကတည်းက မြွေတွေ့ကတည်းက မွေးချင်နေတာ၊ အလမ္ပာယ်ဆရာနဲ့ တူတာပါပဲ။
1,323,804
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါနဲ့ သူသံယောဇဉ်ဖြစ်တော့ မြွေနဲ့ခွဲဖို့ရာ မတတ်နိုင်တော့ ဆရာကြီးရဲ့ စကားကို သူ နားမထောင် ဘူး၊ နားမထောင်တော့ ဆရာကြီးကပြောတယ်၊ သင် တနေ့ကျတော့ ဒီမြွေကိုက်ပြီး သေလိမ့်မယ် လို့ ပြောတယ်၊ ဒါလဲ ဒီမြွေလေးကို မစွန့်ဘူး၊ မြွေလေးကို အမြဲမွေးထားတယ်၊ တချိန်ကျတော့ ရသေ့တွေက သစ်သီးသစ်ဥတွေ လိုက်ရှာကြတော့ ဒီနေရာမှာ သစ်သီးသစ်ဥတွေ ဘယ် လွယ်လ...
1,323,805
Uncategorized
အာသီဝိသောပမသုတ် တရားတော်
၂-ရက် ၃-ရက်ကြာတော့ ပြန်လာတော့ ပထမ သူသွားကတည်းက မြွေကလေးကို ကျည်ထောက် ထဲ ထည့်ပြီးတော့ သိပ်ထားခဲ့တာကိုး၊ ၂-ရက် ၃-ရက် မြွေက အစာမစားရတော့ စိတ်ဆိုးနေတယ်၊ အဲဒီမှာ သူက သတိရတော့ ဪ ငါ့သား ၂-ရက် ၃-ရက် ရှိပြီတဲ့၊ အစာ မစားရတာ အစာ ကျွေးအုံးမှပဲ ဆိုပြီး ဝါးကျည်တောက် ဖွင့်ပြီးတော့ ငါ့သား မင်းအစာတွေ သိပ်ဆာမှာပေါ့လေဆိုပြီး ကဲလာလာလာ ဆို...
1,323,806
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊ ဩဝဇ္ဇမာနော၊ နကရောတိ သာသနံ။
1,323,807
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဧဝံ သော နိဟတော သေတိ၊ ဝေဠုကဿ ယထာ ပိတာ။
1,323,808
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇာတ်တော် ပထမတွဲမှာ ဟောထားတယ်၊ စာမျက်နှာ ၁၁၊ ၎င်းအဋ္ဌကထာ နှာ-၂၆၃။
1,323,809
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပိတာ၊ အဖဟူ၍ ခေါ်ရသော ရသေ့သည်။
1,323,810
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဟိတာနုကမ္ပိနော၊ အစီးအပွားဖြင့် အစဉ်စောင့်ရှောက်လျက်ရှိသော ဆရာသမား၏။
1,323,811
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဩဝဇ္ဇမာနော၊ ဆိုဆုံးမသည် ရှိသော်။
1,323,812
Uncategorized
အာသီဝိသောပမသုတ် တရားတော်
န ကရောတိ၊ မပြုသည်ဖြစ်၍ နိဟတော၊ မြွေသည် ကိုက်သတ်အပ်သည် ဖြစ်၍။
1,323,813
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သေတိယထာ၊ စဉ်းစဉ်းကြီး သေရလေသကဲ့သို့။
1,323,814
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဟိတာနုကမ္ပိနော၊ အကျိုးစီးပွါးဖြင့် အစဉ် စောင့်ရှောက်လျက်ရှိသော ကလျာဏမိတ္တ ဖြစ်သော ပုဂ္ဂိုလ်၏။
1,323,815
Uncategorized
အာသီဝိသောပမသုတ် တရားတော်
န ကရောတိ၊ မလိုက်နာသော ထိုသူသည်။
1,323,816
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နိဟတော၊ ဆန့်ကျင်ဘက် ရန်သူသည် သတ်အပ်သည်ဖြစ်၍။
1,323,817
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သေတိ၊ စဉ်းစဉ်းကြီး သေလျက် နေရလေတော့၏။
1,323,818
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆုံးမဩဝါဒ ပေးတယ်၊ ဝေဠုက အဖေလိုပဲ ဆုံးမဩဝါဒ အကျိုးစီးပွါးကို အလို ရှိပြီးတော့ ဆရာ သမားက ဖြစ်စေ, မိတ်ကောင်း ဆွေကောင်းတွေက ဖြစ်စေ, သွန်သင် ဆုံးမတဲ့ဥစ္စာ နားမထောင်ပဲ နေလို့ရှိယင် အဲဒီ ဝေဠုမည်တဲ့ မြွေကို မွေးတဲ့ ရသေ့လိုပဲ တနေ့ကျယင် အကျိုးမဲ့ ဖြစ်ပြီး သေတတ် တယ် ဆိုပြီး ဆုံးမဩဝါဒ ပေးတယ်။
1,323,819
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီမြွေဟာ စောစောက ယုယုယယနဲ့ မွေးထားတယ်၊ သားအဖြစ်နဲ့ တကယ့်ကို ယုယုယယနဲ့ မွေးထားတာကိုး၊ အလမ္ပာယ်ဆရာကို စီးပွါးဖြစ် မွေးထားတာ မဟုတ်ဘူး၊ ချစ်ခင်လေးမြတ်ပြီး အစတုန်းကတော့ မြွေနဲ့ရသေ့နဲ့ တော်တော် ယဉ်ပါး နေပုံ ပေါ်ပါတယ်၊ အဲဒါ ရှေးတုန်းက။
1,323,820
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ ဓာတ်ကြီး ၄-ပါးကို ဓာတ်ကြီး ၄-ပါး ရုပ်ကိုယ်ကြီး အမြဲတမ်း ပြုစုရတယ်၊ အိပ်ရာက ထကတည်းက မျက်နှာသစ်ရတယ်, ရေချိုးရတယ်, ဆပ်ပြာတွေနဲ့ တိုက်ပြီး တော့ ဆေးကြောပေး ရတယ်၊ အမျိုးမျိုး ပြုစုရတယ်၊ ဘယ်လို ပြုစုပေမယ်လို့ ဓာတ်ကြီး ၄-ပါးကတော့ ကျေးဇူးမသိ တတ်ဘူး၊ ဒီလူဟာ ငါ့ကို ပြုစုပါတယ် ဆိုပြီး ကျေးဇူးမသိတတ်ဘူးတဲ့၊ ဖောက်ပြန်မြဲ ဖောက်...
1,323,821
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီဓာတ်ကြီး ၄-ပါးဟာ မြွေကြီး ၄-ကောင်ဟာ ကျေးဇူး မသိတာလို ရွံစရာ မုန်းစရာ ကြောက်စရာ ကောင်းတာလိုပဲ မိမိတို့သန္တာန်မှာ ရှိတဲ့ ဓာတ်ကြီး ၄-ပါးဟာလဲ ကျေးဇူး မသိတတ်တဲ့ အကြောင်း ဟောတယ်၊ အဲဒီ ဓာတ်ကြီး ၄-ပါးဟာ ကြောက်စရာ ရွံစရာ ကောင်းတယ်၊ ဒီဓာတ်ကြီး ၄-ပါးက လွတ်မြောက်အောင်လို့ အားထုတ်စရာ ကောင်းလှပြီလို့ ဆိုပါတယ်၊ ဒီဓာတ်ကြီး ၄-ပါးကို ...
1,323,822
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထူးမပြု မခွဲခြားတဲ့ ဓာတ်ကြီး ၄-ပါး
1,323,823
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဝိသေသကာရိတော၊ ဝိသေသကာရိ၊ အထူး မပြုတတ်ဘူး။
1,323,824
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လောကမှာ ပုဂ္ဂိုလ်ထူးဆိုတာ ရှိတယ်၊ ပုဂ္ဂိုလ်အထူးကို အထူးမှန်း မသိပဲနဲ့ ဂရုမစိုက်လို့ရှိယင် အဲဒီပုဂ္ဂိုလ်တွေ၊ အဲဒီ လူစုတွေမှာ အကျိုးမဲ့တွေဖြစ် တတ်တယ်၊ ပုဂ္ဂိုလ်အထူးကို၊ ပုဂ္ဂိုလ်ထူးမှန်း သိပြီးတော့ တရိုတသေ ပြုစု စောင့်ရှောက်တတ်တဲ့ ပုဂ္ဂိုလ်တဦး တယောက်ဖြစ်စေ၊ အများကြီးဖြစ်စေ၊ အဲဒီ ပုဂ္ဂိုလ်တွေမှာ အကျိုးကျေးဇူးတွေ ဖြစ်ပေါ် ...
1,323,825
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ ရပ်ကွက်နဲ့ ဖြစ်စေ, ရွာနဲ့ဖြစ်စေ, မြို့နဲ့ ဖြစ်စေ ရဟန်းသံဃာတွေလဲ ဒီလိုပဲ၊ ရဟန်း သံဃာတွေထဲမှာလဲပဲ ဂုဏ်ထူးရှိတဲ့ ပုဂ္ဂိုလ်ကနေပြီး ပြောဆိုယင် အရိုအသေ အလေးအစား လုပ်ရ တယ်၊ အရိုအသေ အလေးအစား မလုပ်ယင် ဒီပုဂ္ဂိုလ်တွေ တယ်နေရာ မကျပါဘူးဆိုပြီးတော့ မဆောင်ရွက်ပဲ နေယင် အကျိုးကျေးဇူး ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်ထူးဟာ တခြား ရောက်သွာ...
1,323,826
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထို့အတူ ကြောက်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာလဲ သိရတာပဲ၊ ကြောက်စရာ ကောင်းတဲ့ ပုဂ္ဂိုလ်၊ ဘေးရန် အန္တရာယ် ပြုတတ်တဲ့ ပုဂ္ဂိုလ်၊ အဲဒီ ပုဂ္ဂိုလ်ကိုလဲ သိရတယ်၊ စာပေကျမ်းဂန်တွေ အရာမှာ အင်မတန် ကြပ်တည်းစွာ ဩဝါဒ ပေးထားတဲ့ ဝိနည်းကိုတောင်မှ လူပုဂ္ဂိုလ်တွေ ဆိုလို့ရှိယင် ပစ္စည်းတွေ မပေးရဘူးတဲ့၊ ကုလဒူသန ခေါ်တယ်၊ အမျိုးတို့ သဒ္ဓါတရားကို ဖ...
1,323,827
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု မြွေကြီးတွေဟာ ပုဂ္ဂလဝိသေသ ဘာသိသလဲဆို ဘာမှ မသိဘူး၊ ဒီမြွေကြီးတွေက ဒီပုဂ္ဂိုလ် ကတော့ဖြင့် ခတ္တိယမင်းမျိုး, ဗြာဟ္မဏပုဏ္ဏားမျိုးပဲ၊ အထက်တန်းကျတယ်၊ အမျိုးဇာတ် မြတ်တယ် ဆိုပြီးတော့ ဒီမြွေကြီးတွေဟာ သိရဲ့လား ဆိုတော့ မသိပါဘူး၊ ဒီပုဂ္ဂိုလ်ကတော့ သီတင်းသီလနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းပဲ သိသလားဆို မသိပါဘူး၊ ဒီပုဂ္ဂိုလ်က လူမိုက်ကြ...
1,323,828
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးကလဲပဲ ပုဂ္ဂလဝိသေသ ပုဂ္ဂိုလ်ထူးပဲ ဆိုပြီးတော့ ဘာမှ မသိဘူးတဲ့၊ ဒီပုဂ္ဂိုလ် ကတော့ ခတ္တိယမင်းမျိုးပဲ ဆိုပြီးတော့ ချမ်းသာပေးမလား ဆိုယင် မပေး ပါဘူးတဲ့၊ ဖောက်ပြန်စရာ ရှိယင် ဓာတ်ကြီး ၄-ပါးက ဖောက်ပြန်တာပဲတဲ့၊ ဒီပုဂ္ဂိုလ်ဟာ ဗြာဟ္မဏ မျိုးဇာတ်အားဖြင့် စင်ကြယ်တယ်၊ ဗြာဟ္မဏတွေက သူတို့က မဟာ ဗြဟ္မာကြီးက မွေးလို့ အမြတ်ဆုံး...
1,323,829
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တခုတော့ ရှိတယ်၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က ဗောဇ္ဈင်တရားတွေ ပွားနေတော့ ကျန်းမာတော့ ကျန်းမာတတ်တယ်၊ တရားက တော်တော်ကောင်းတယ်၊ ဘုန်းကြီးများ တရားအားထုတ် တုန်းက သထုံမှာ ၄-လ နေခဲ့တယ်၊ တရားအားထုတ်နေတဲ့ အခါ ကာလမှာ သမထဝိပဿနာ ဘာဝနာ တရားတွေက စင်ကြယ်တဲ့တရားတွေ ဖြစ်တော့ စင်ကြယ်တဲ့တရားတွေ အကြောင်းပြုပြီးတော့ ကျန်းမာပါတယ်၊ ရောဂါဝေဒနာ...
1,323,830
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ်လို့ ဓာတ်ကြီး ၄-ပါးက သိလို့ မမဟုတ်ဘူး၊ သူတော်ကောင်း တရားတွေရဲ့ အစွမ်းကြောင့် ရောဂါဝေဒနာတွေ မဖြစ်ပဲနဲ့ သက်သာနေတာ ရှိတယ်၊ ပျောက်ပြီးတော့ သွားတာလဲ ရှိပါတယ်၊ ဓာတ်ကြီး ၄-ပါးကတော့ မသိပါဘူး၊ ဒါ သူတော်ကောင်းပဲလို့ ဘယ်သိလိမ့်မှာလဲ၊ မသိဘူး၊ မသိတော့ ဓာတ်ကြီး ၄-ပါး အမှီပြုပြီးတော့ ဖောက်ပြန်ပြီး တနေ့တော့ သေကြေပျက်စီးတာပဲ၊ မြ...
1,323,831
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးဟာ ပုဂ္ဂလဝိသေသ မသိဘူး၊ ထူးတဲ့ ပုဂ္ဂိုလ်ရယ်လို့ မသိဘူး၊ ကြောက်စရာတွေလဲ သူမသိဘူးတဲ့၊ ကြောက်စရာမင်း ရယ်လို့လဲ သူမသိဘူး၊ ဒီဥစ္စာက ဒမြကြီးပဲ၊ ဒီလိုလဲ မသိဘူး၊ ကြောက်မယ်ဆိုယင် ကြောက်စရာကောင်းတယ်၊ စာပေ ကျမ်းဂန် အရကတော့ သာသနာတော်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ရတာ၊ အရှင်ဒေဝဒတ်တို့ ဘုရားတောင်မှ သူက သေကြောင်း ကြ...
1,323,832
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့်မို့ မြွေကြီး ၄-ကောင်ဟာ သူ့ကျေးဇူး မသိတတ်ပဲနဲ့ သူ အစိုးတရ ပုဂ္ဂိုလ်ကို ကိုက်ပြီးတော့ သတ်တတ်သလိုပဲ ဓာတ်ကြီး ၄-ပါးဟာလဲ သူ့ကျေးဇူး ပုဂ္ဂိုလ်ထူးကို မသိတတ်ပဲနဲ့ ဖောက်ပြန်ပြီးတော့ ကိုက်သတ်တတ်တယ်၊ နှိပ်စက်တတ်တယ်၊ ဒါကြောင့်မို့ ဓာတ်ကြီး ၄-ပါးဟာ မြွေကြီး ၄-ကောင်နဲ့ တူကြောင်း ဟောပါတယ်။
1,323,833
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေကြီး ၄-ကောင်နဲ့ ပူးပေါင်းပြီး နေတာ ကြာလှပြီ၊ အခုမှ မဟုတ်ဘူး၊ ဘဝတိုင်း ဘဝတိုင်း ကြောက်စရာ ကောင်းတာချည်းတွေ၊ ဒါချည်းတွေ ကိုယ့်ကိုယ်ထဲက သာယာလို့ ကိုယ့်ကိုယ်ထဲတွင် ဘယ်က, လိမ့်မှာတုံး၊ သူများ ကိုယ်တွေရော လျှောက်ပြီးတော့ သာယာနှစ်သက် နေတာတွေ ဓာတ်ကြီး ၄-ပါးတွေ သဘောကျ နေတယ်၊ ကြောက်စရာတွေ၊ ကြောက်မယ်ဆိုယင် ကြောက်စရာ ကောင်းလှပ...
1,323,834
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အပြစ်ဘေးရန် များစေတဲ့ ဓာတ်ကြီး ၄-ပါး
1,323,835
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနန္တ ဒေါသုပဒ္ဒဝတော - အဆုံးအပိုင်းအခြား မရှိတဲ့ အပြစ်ဒေါသတွေကိုလဲ ဖြစ်စေ တတ်သည်၊ မြွေဆိုတာဟာ သူကိုက်လို့ရှိယင် ကျိုးယင်လဲ ကျိုးတတ်တယ်၊ ကန်းယင် လဲ ကန်းတတ်တယ်၊ လူစဉ် မမှီပဲယင်လဲ ဖြစ်တတ်တယ်၊ သေယင်လဲ သေတတ်တယ်၊ အဲဒီလို အကျိုးမဲ့တွေ ဖြစ်တတ်တယ်၊ မြွေကိုက်လို့ တချို့ ခြေထောက်တွေ ဖြတ်ပစ် လိုက်ရတာတွေ ရှိပါတယ်၊ မျက်စိတွေ ပျက်သွား...
1,323,836
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးကလဲပဲ လောကမှာ အကျိုးမဲ့တွေ ဟူသမျှ ဓာတ်ကြီး ၄-ပါးက အကြောင်းပြုပြီး တော့ ဖြစ်နေတာတဲ့၊ လူတွေဟာ ကျိုးတယ်ဆိုယင်လဲ ဓာတ်ကြီး ၄-ပါးပဲတဲ့၊ ဓာတ်ကြီး ၄-ပါး မရှိယင် အကျိုးမရှိနိုင်ဘူး၊ ဓာတ်ကြီး ၄-ပါးရှိတော့ ကျိုးရတယ်၊ ဓာတ်ကြီး ၄-ပါးက ကျိုးနေတာပဲ၊ မျက်စိကွယ်ရတယ်၊ ကြောက်စရာ ကောင်းတယ်၊ မျက်စိကွယ်တာများ အကျိုးမဲ့တွေ၊ ဒါလ...
1,323,837
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ မြွေကြီး ၄-ကောင်ဟာ အကျိုးမဲ့တွေ အစအဆုံးမရှိ ပြုတတ်တာလို ဓာတ်ကြီး ၄-ပါးတွေ ဟာလဲ အကျိုးမဲ့ အစအဆုံးမရှိ ပြုတတ်လို့ ကြောက်စရာ ကောင်းသည်တဲ့၊ ကြောက်စရာ ကောင်းတဲ့ ဓာတ်ကြီး ၄-ပါးက လွတ်မြောက်အောင် သူတော်ကောင်း တရားတွေ ပွါးများသင့်ထိုက် လှပြီလို့ ဒီလိုအဓိပ္ပါယ် ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား က ဟောထားပါတယ်။
1,323,838
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စတ္တာရော အာသီဝိသာတိဧတံ၊ မြွေကြီး ၄-ကောင်တို့ဟူသော ဤအမည်သည်။
1,323,839
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မဟာဘူတာနံ၊ မဟာဘုတ်ရုပ်ကြီးတို့၏။
1,323,840
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဣဒံ၊ ဤ ၄-ပါးသော မဟာဘုတ် ဟူသည်။
1,323,841
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သေယျထာကတမံ၊ အဘယ်သည်တို့ နည်းဟူမူကား။
1,323,842
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး လေးပါးက လွတ်အောင် တရားအားထုတ်
1,323,843
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးအမည်တဲ့၊ ဓာတ်ကြီး ၄-ပါးကို အခုယောဂီ ပုဂ္ဂိုလ်တွေ တရား အားထုတ်ရာမှာ ဒါတွေရှုနေရတာပါပဲ၊ မြွေကြီး ၄-ကောင်ကို ကြောက်သောအားဖြင့် မြွေကြီး ၄-ကောင်မှ လွတ် အောင် ပြေးနေတာ၊ အားထုတ်တဲ့ ပုဂ္ဂိုလ်က ပြေးနေတာ၊ အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ မပြေးဘူး၊ မပြေးတဲ့ အပြင် သဘောတောင် ကျနေသေးတယ်၊ မြွေကြီးတွေ ယုယနေတုန်း ရှိသေး တယ်...
1,323,844
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်၊ မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊ ရွာပျက်သုည၊ ခြောက်ဒွါရသို့၊ ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊ သုံးစုံဒမြ၊ ဝင်လာကြ၍၊ ဩဃလေးသွယ်၊ မြစ်ပင်လယ်၏၊ ဤဝယ်ကမ်းစ၊ သက္ကာယမှ၊ ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့၊ ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍၊ အတွင် ကူးယက်၊ အားထုတ်ချက်ဖြင့်၊ ဟိုဘက်အရောက်...
1,323,845
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီဓာတ်ကြီး ၄-ပါးနဲ့လဲ နိဗ္ဗာန် ရောက်နိုင်ပါတယ်တဲ့၊ အရိယမဂ်ဖိုလ် တွေရော အကုန်လုံး ရနိုင်ပါတယ်၊ ဓာတ်ကြီး ၄-ပါးမျှ သိရုံနဲ့လဲပဲ ရဟန္တာ ဖြစ်နိုင်တယ်တဲ့၊ သတိပဋ္ဌာန် ဒေသနာတော် အရ ဝါယောဓာတ်ကို ပဓာနပြုပြီးတော့ ဓာတ်ကြီး၄-ပါးကို ရှုမှတ်နေရတယ်၊ အဲဒါနဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။
1,323,846
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားယင် သွားတာကိုမှတ်၊ ရပ်ယင် ရပ်တာကိုမှတ်၊ ထိုင်ယင် ထိုင်တာကိုမှတ်၊ လဲလျောင်းယင်လဲ လျောင်းတာကိုမှတ်၊ ကိုယ်အမူအရာတွေ ပြုတိုင်းပြုတိုင်းမှတ်၊ ဣရိယာပုထ် ၄-ပါးနဲ့ရှုရတယ်၊ ရှေ့ကိုသွားယင် ရှေ့ကိုသွားတာကိုမှတ်၊ နောက်ကို ဆုတ်ယင် နောက်ကို ဆုတ်တာကိုမှတ်၊ လက်ခြေတွေ ကွေးလို့ရှိယင် ကွေးတာကိုမှတ်၊ တည့်တည့်ကြည့်ယင်မှတ်၊ တစောင်းကြည့်...
1,323,847
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဖောင်းတယ် မှတ်ယင် ဖောင်းတာဟာ ဖောင်းတာထဲမှာ တောင့်တဲ့သဘော ပါတယ်၊ တင်းတဲ့ သဘောပါတယ်၊ တွန်းကန်တဲ့ သဘောပါတယ်၊ လှုပ်ရှားတဲ့ သဘောပါတယ်၊ တရံတခါကို တောင့်တာသိမယ်၊ တရံတခါ တင်းတာသိမယ်၊ တရံတခါ တင်းတယ် ဆိုတော့ လျော့တာလဲ ပါတယ်၊ တရံတခါကို တွန်းကန်နေတာ သိမယ်၊ တရံတခါကို တရွေ့ရွေ့နဲ့ လှုပ်ရှားနေတာကို သိလိမ့်မယ်၊ အဲဒါဘာသိသိ ဝါယောဓာတ် သိ...
1,323,848
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီဝါယောဓာတ် သိနေလို့ရှိယင် ဖောင်းတယ် မှတ်တိုင်း ဝါယောဓာတ်သိတယ်၊ ပိန်တာမှတ်တိုင်း ဝါယောဓာတ်သိတယ်၊ ဝါယောဓာတ်ကဘာတုံး၊ ရုပ်တရားပဲ၊ မှတ်သိတာက ဘာတုံး နာမ်တရားပဲ၊ ဖောင်းတယ် မှတ်လိုက်တော့ တောင့်တာ တင်းတာ လှုပ်ရှားတာက ရုပ်၊ ဒါတွေကို မှတ်သိတာက နာမ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ် ၂-ခု ရှိတာပဲ၊ ဒါက စာသဘော အားဖြင့် ဒီလိုသဘောကျပြ...
1,323,849
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ့် စာသဘော ကတော့ သညာသိ ခေါ်တယ်၊ စာနဲ့ကျမ်းဝန်အရနဲ့ မှတ်သားပြီး တော့သိတာ၊ ကိုယ်တိုင်သိ မဟုတ်သေးဘူး၊ အခု ယောဂီပုဂ္ဂိုလ်တွေမှာ ဖောင်းတိုင်း ပိန်တိုင်း မှတ်တော့ မှတ်တိုင်း မှတ်တိုင်း ဖောင်းတာကလေး ပိန်တာကလေး၊ ဖောင်းတာကလေး တခု၊ မှတ်တာကလေး တခု၊ ပိန်တာကလေးက တခု၊ မှတ်တာ ကလေးက တခု၊ မှတ်တိုင်း မှတ်တိုင်းဟာ ဖောင်းတာက တခြား မှ...
1,323,850
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံရံကို ခဲနဲ့ပေါက်လိုက်တော့ ခဲကတခြား နံရံကတခြား၊ ခဲမှန်တဲ့နံရံက တခြား၊ ထိမှန်တဲ့ခဲကတခြား၊ ဒီလို အသိက ကွဲနေတယ်၊ ဖောင်းတယ် မှတ်လိုက်ယင် ဖောင်းတက်လာတဲ့ ရုပ်ကတခြား၊ မှတ်သိ လိုက်တာက တခြား၊ တခြားစီ ကွဲနေတယ်၊ ရုပ်နာမ် မကွဲသေးခင်ကတော့ ဖောင်းတယ် ပိန်တယ် မှတ်ရမယ်ဆိုလို့သာ မှတ်နေတာ၊ ဖောင်းတာလဲ ငါပဲ၊ ပိန်တာလဲ ငါပဲ၊ မှတ်သိနေတာလဲ ငါ...
1,323,851
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ရှုနည်းကျမ်း ဒုတွဲ ၁၆-မှာကြည့်ပါ)
1,323,852
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိကံ ဟောတိ။
1,323,853
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ ထိုယောဂီသည်။
1,323,854
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယထာကထာ၊ အကြင်အကြင် ရှုမှတ်သော အခြင်းအရာဖြင့်။
1,323,855
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုဝိက္ခာလိတံ၊ ကောင်းစွာ ဆေးကြောသုတ်သင်အပ်ပြီးသည်။
1,323,856
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဓိပ္ပါယ်ဟာ အရှုပ်အထွေး မဖြစ်ဖူးတဲ့၊ ရှင်းရှင်းလင်းလင်း သိတယ်တဲ့။
1,323,857
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သတိတွေဟာ အထူး စင်ကြယ်နေတယ်၊ အရှုပ်အထွေး မရှိဘူး၊ ဖောင်းတက်လာတာ လေးလဲ သေသေချာချာ သိတယ်။
1,323,858
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပိန်ကျသွားတာလဲ သေသေချာချာ သိတယ်၊ ကွေးတာလဲ သေသေချာချာ သိတယ်၊ ဆန့်တာလဲ သေသေချာချာ သိတယ်၊ ကိုယ် အမူအရာတွေ ပြုတိုင်း ပြုတိုင်း အမှတ်ကလေးတွေ တခြားတပါး မရောက်ပဲနဲ့ ပြုပြင်တဲ့အမူအရာ ကလေးတွေအပေါ်မှာ တည်ပြီးတော့ သိနေတယ်တဲ့၊ ရုပ်အမူ အရာ ရုပ်ကို ပိုင်းပိုင်းခြားခြား သိတယ်၊ တောင့်ယင် တောင့်တာ၊ တင်းယင် တင်းတာ၊ လှုပ်ရှားယင် လှုပ်ရှာ...
1,323,859
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။
1,323,860
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တဒါရမ္မဏံ၊ ထိုရုပ်လျှင် အာရုံရှိကုန်သော။
1,323,861
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ ထိုရုပ်ကို မှတ်သိကုန်သော။
1,323,862
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဧဝမေဝ၊ မိမိအလိုလိုသာလျှင်။
1,323,863
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပါကဋာ ဟောန္တိ၊ ထင်ရှားကြ လေကုန်တော့၏။
1,323,864
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီရုပ်တွေကို မှတ်တိုင်း မှတ်တိုင်း မှတ်စရာ သိစရာရုပ် အာရုံ ထင်ထင်ရှားရှား သိရတယ်၊ ထင်ထင်ရှားရှားသိတဲ့ နာမ်တရားတွေ ပေါ်လာတယ်၊ အသိကလေးက ပေါ်လာတယ်၊ အာရုံ ပေါ်ယင် အသိပေါ်တော့မှာပေါ့၊ အတွဲလိုက် ဖြစ်နေတာကိုး။
1,323,865
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဖောင်းတာကလေးကို ပိုင်းပိုင်းခြားခြား သိယင် ဖောင်းတာသိတဲ့ နာမ်တရား ကလေးလဲ ပိုင်းပိုင်း ခြားခြား ပေါ်လာတယ်၊ ဖောင်းတာကတခြား၊ သိတာက တခြား ကွဲနေတယ်။
1,323,866
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပိန်တာကလေး ပိုင်းပိုင်းခြားခြား သိယင် ပိန်တာကတခြား သိတာကတခြား၊ ကွေးတာကို ပိုင်းပိုင်း ခြားခြားသိယင် ကွေးတာက တခြား၊ သိတာက တခြား၊ ဆန့်တာ ပိုင်းပိုင်းခြားခြား သိယင် ဆန့်တာကတခြား၊ သိတာကတခြား။
1,323,867
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်အမူအရာတွေ ရှုတိုင်း ရှုတိုင်း ရုပ်အမူအရာလေး တောင့်တက်တဲ့သဘော၊ တင်းတဲ့သဘော၊ တွန်းတဲ့သဘော၊ လှုပ်ရှားတဲ့သဘော ဝါယောဓာတ်ကလေးက တခြား၊ အကယ်၍ အာပေါဓာတ် ထင်လာလို့ရှိယင် ကျသွားတာက တခြား၊ တေဇောဓာတ် ထင်လာယင် ပေါ့တက် သွားတာက တခြား၊ ပထဝီဓာတ် ထင်လာ လို့ရှိယင် ခက်မာကြမ်းတမ်းတဲ့ သဘောတိုက်ပြီးတော့ ခံနေတဲ့ သဘော၊ အဲဒါလေးက တခု၊ မှတ်သိန...
1,323,868
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုပြောတာလဲ စာသဘောနဲ့ ဆိုယင်တော့ မသိပါဘူး၊ ဒီလိုပဲ မှတ်နေမှ၊ ဒါလဲ ရိုရိုသေသေ မှတ်မှ၊ တောက်တီးတောက်တဲ့ ပေါ့ပေါ့ဆဆ မှတ်ယင် မှတ်ရတဲ့အာရုံနဲ့ မှတ်သိတဲ့စိတ် ကွဲပြီးသိတာတော့ မဟုတ်ဘူး၊ ပြောတော့ ပြောတတ်ပါတယ်၊ ဟောတော့ ဟောတတ်ပါတယ်၊ ပြောတတ် ဟောတတ် ပေမယ့် သိအုံးမှ၊ မှတ်ယင်း မှတ်ယင်းကို တခါတည်း အာရုံနဲ့ အသိနဲ့၊ အာရုံနဲ့ အသိနဲ့ တွဲတ...
1,323,869
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါလေးသိရတော့ ဒီကိုယ်ထဲမှာ ရုပ်နဲ့နာမ်၊ ရုပ်နဲ့နာမ် ၂-မျိုးထဲသာ ရှိတာပါ ကလားလို့ ခုနက ဓာတ်ကြီး ၄-ပါးကို သိတယ်၊ တောင့်တင်း လှုပ်ရှားတာ သိတာက ဝါယောဓာတ်သိတဲ့ နာမ်က နာမ်တရား၊ ဝါယောဓာတ်ကိုသိတာ၊ နောက် ပူတာတို့ နွေးတာတို့ အေးတာတို့ မှတ်မိနေတဲ့အခါ အဲဒါ တေဇောဓာတ်။
1,323,870
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သိတာက နာမ်တရား၊ အရေယိုစီးတာတွေ မှတ်မိနေတဲ့အခါ ယိုစီးတယ်၊ ဖွဲ့စီးတယ်၊ လေးကျသွားတဲ့အခါ လေးကျသွားတယ်၊ အဲဒီလို သိရတဲ့အခါကာလမှာ ယိုစီးတာ၊ ဖွဲ့စီးတာ၊လေးကျ သွားတာက အာပေါဓာတ်၊ သိတာက နာမ်၊ ပထဝီဓာတ် မှတ်မိတဲ့အခါကျတော့ ခက်မာတယ်၊ ကြမ်းတမ်းတယ်၊ နူးညံ့တယ်၊ တိုက်ခံပြီးတော့နေတယ်၊ အဲဒီလို သိရတဲ့အခါ သိရတဲ့ အာရုံကလေးတွေက ရုပ်တရား၊ သိတာက ...
1,323,871
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီရုပ်နဲ့ ဒီနာမ်ရှိတာ၊ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူးလို့ ပိုင်းခြားပြီးတော့ သိတာ နာမရူပပရိစ္ဆေဒဉာဏ်၊ ဒိဋ္ဌိဝိသုဒ္ဓိ၊ အဲဒါလေး အချိုးကျဖို့ရာလိုတယ်၊ ဒါလေး အချိုးကျသွားလို့ရှိယင် နောက်ဝိပဿနာ ဉာဏ်တွေက ဆက်ဖြစ်လာတယ်၊ အဲဒါ အကြောင်းရှိလို့ အကျိုးလေးတွေ ဖြစ်ရတယ်ဆိုတာ သဘောကျလာတယ်၊ ကိုယ့် ဉာဏ်မီ သလောက်ပေါ့လေ။
1,323,872
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စာပေကျမ်းဂန်အရ အတိုင်းကတော့ အကုန်လုံးဘယ်သိမလဲ၊ ကိုယ့်ဉာဏ်မီသလောက် အကြောင်း ရှိလို့ အကျိုးလေးတွေ ဖြစ်ရတယ်ဆိုတာသိတယ်၊ အကြောင်းမရှိယင် အကျိုးမရှိဘူး၊ ရှုတိုင်း ရှုတိုင်းဟာ ဖောင်းတာ ပိန်တာဖြစ်ဖြစ်၊ ကွေးတာဆန့်တာ ဖြစ်ဖြစ်၊ ကြွတာ လှမ်းတာဖြစ်ဖြစ်၊ ကိုယ် အမူအရာကလေးတွေ သူဖြစ်သရွေ့ လျှောက်မှတ်ယင် မှတ်သိတဲ့ စိတ်ကလေးတွေဟာလဲ သိပြီး ...
1,323,873
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မှတ်ယင်း မှတ်ယင်းနဲ့ တခါတည်း မှတ်ရတဲ့အာရုံရော၊ မှတ်သိတဲ့စိတ်ရော၊ တခါ မှတ်လိုက် တခါပျောက်၊ တခါမှတ်လိုက် တခါပျောက်၊ အဲဒီလိုသိတော့ အနိစ္စ မမြဲတဲ့ တရားလေးပဲ၊ ပေါ်ပြီးပျောက်သွားလို့ ဆင်းရဲဒုက္ခ တရားလေးပဲ၊ သူ့သဘောအတိုင်း သူဖြစ်ပျက်နေလို့ အနတ္တ - ပုဂ္ဂိုလ် သတ္တဝါ မဟုတ်တဲ့ သဘောတရားလေးပဲ၊ ရှုယင်း ရှုယင်း ပြီးတော့ သိတာပဲ၊ ဆရာ သမ...
1,323,874
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝိပဿနာရှုတဲ့နေရာမှာ ဒီအနိစ္စ, ဒုက္ခ, အနတ္တတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ရှုယင်း ရှုယင်း သိလာတယ်၊ ဒီလို သိအောင်လို့လဲပဲ ဖြစ်တိုင်းဖြစ်တိုင်း လိုက်ရှုမှတ် နေရတာ၊ ဖြစ်တိုင်းဖြစ်တိုင်း မမှတ်ယင် ဒီအသိ မရောက်ပါဘူး၊ စာသဘောအတိုင်း ပြောနေ တာပါ၊ အဲဒါကတော့ အပေါ်ယံတွင်ပါပဲ၊ တရားကိုယ်သဘောတရား မရောက်ပါဘူး။
1,323,875
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဖြစ်ပျက်ခိုက် လိုက်ရှု နိဗ္ဗာန် ရောက်နိုင်
1,323,876
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု ဖြစ်ခိုက်ပျက်ခိုက်ကလေးတွေ လိုက်ပြီးတော့ ရှုမှတ်တော့ ရုပ်ကိုလဲ ဖြစ်ဆဲဖြစ်ဆဲ သိတယ်၊ နာမ်ကိုလဲ ဖြစ်ဆဲဖြစ်ဆဲ မှတ်ယင်းသိတယ်၊ ဒီတရားတွေဟာ သူ့အခိုက်အတန့်နဲ့သူ ဖြစ်ပေါ်ပြီး ပျောက်သွားတာကို ပိုင်းခြားပြီး သိတယ်၊ အဲဒီလို သိလာတော့ အနိစ္စ, ဒုက္ခ, အနတ္တ သဘော တွေပဲလို့ ရှုယင်း ရှုယင်း သဘောကျ လာတာဟာ အဲဒါ ဝိပဿနာဉာဏ်တွေပဲ။
1,323,877
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီကနေပြီး အဆင့်ဆင့်တက်ပြီး ဥဒယဗ္ဗယဉာဏ်, ဘင်္ဂ, အာဒီနဝတွေ အကုန်လုံး သွားတာပါပဲ။
1,323,878
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတိုင်း ဆက်ပြီး ရှုသွားယင် သင်္ခါရုပေက္ခာ ရောက်တယ်။
1,323,879
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ဓာတ်ကြီး ၄-ပါး ဖောင်းတာ ပိန်တာမှ စပြီး ကွေးတာ ဆန့်တာ ထိုင်တာ ထတာ ကိုယ် အမူအရာတွေ မှတ်တိုင်း မှတ်တိုင်းဟာ ဒီတရားတွေ အဖြစ်အပျက်တွေ သိယင်း သိယင်းနဲ့ နောက်ဆုံးကျတော့ ဒီဖြစ်ပျက်တဲ့ တရားတွေ အကုန်လုံး ချုပ်ငြိမ်းတဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်၊ ဖောင်းတာလဲ မရှိဘူး၊ ပိန်တာလဲ မရှိဘူး၊ ကွေးတာလဲ မရှိဘူး၊ ဆန့်တာလဲ မရှိဘူး၊ ရှုတ...
1,323,880
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက် ထပ်ခါထပ်ခါ ရှုလို့ နောက်အကြိမ်တွေ ကျတော့ ဘာဝနာ ခေါ်တယ်၊ ထပ်ခါထပ်ခါ မြင်သွားတာတွေ၊ သကဒါဂါမိမဂ်နဲ့ ထပ်ပြီးတော့ မြင်တယ်၊ အနာဂါမိမဂ်နဲ့ ထပ်မြင်တယ်၊ အရဟတ္တမဂ်နဲ့ ထပ်မြင်တယ်၊ ပြီးရော၊ အဲဒီ အရဟတ္တမဂ်နဲ့ မြင်တဲ့အခါ ကာလကျယင် ကိလေသာ ခပ်သိမ်းတွေငြိမ်းပြီး ရဟန္တာဖြစ်တယ်၊ ဆင်းရဲခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်တယ်တဲ့။
1,323,881
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ဓာတ်ကြီး ၄-ပါးကို မြွေကြီး ၄-ကောင်ကဲ့သို့ ကြောက်ရွံ့ပြီး ဒီဓာတ်ကြီး ၄-ပါးက လွတ် မြောက်အောင် နိဗ္ဗာန်ရောက်တဲ့ အခါကျတော့ ဓာတ်ကြီး ၄-ပါးက လွတ်ကင်းရတယ်၊ ဒါကြောင့် လွတ်မြောက်ရအောင် ဒီဓာတ်ကြီး ၄-ပါးကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးသကာလ ရှုနေတာဟာ မြွေကြီး ၄-ကောင်က လွတ်မြောက်အောင် လို့ ပြေးနေတာနဲ့တူပါတယ်တဲ့၊ နောက်ဆုံ...
1,323,882
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါလဲ အဲဒီ နိဗ္ဗာန်ရောက်ကြောင်း ကမ္မဋ္ဌာန်းတခုပဲလို့ ဒီဥစ္စာ မြွေကြီး ၄-ကောင်နဲ့ ဓာတ်ကြီး ၄-ပါး တူတယ်လို့ ဟောလိုက်တဲ့အချိန်အခါ နိဗ္ဗာန်ရောက်ကြောင်း တရား တခု ဓာတ်ကြီး ၄-ပါး ရှုတယ်၊ သွားတိုင်း သွားတိုင်းရှု၊ ရပ်တိုင်း, ထိုင်းတိုင်း, လဲလျောင်းတိုင်း, ဣရိယာပုထ်တိုင်း ဒါတွေရှု၊ ဒါဟာ ဓာတ်ကြီး ၄-ပါး ရှုနေတာပဲ၊ အရင်းခံတော့ ဒီဓာ...
1,323,883
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဤ အာသီဝိသောပမ သုတ္တန်၌ရှိသော မြွေကြီး ၄-ကောင်နှင့် အလားတူတဲ့ စက်ဆုပ် စရာ ကောင်းသော ရွံစရာကောင်းသော မုန်းစရာ ကောင်းသော ငြီးငွေ့စရာ ကောင်းသော ဓာတ်ကြီး ၄-ပါးတို့မှ လွတ်မြောက်အောင်ကို ဓာတ်ကြီး ၄-ပါးတို့၏ သဘောသဘာဝ ကိုလည်းကောင်း, ဓာတ်ကြီး ၄-ပါးတို့၏ အဖြစ်အပျက်ကို လည်းကောင်း, ထိုဓာတ်ကြီး ၄-ပါးတို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောကိုလ...
1,323,884
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာသီဝိသောပမသုတ် တရားတော် ၁၃၂၈-ခု၊ ပထမဝါဆိုလပြည့်နေ့ ဟောကြားတော်မူသည်။
1,323,885
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာ ၅-ပါး
1,323,886
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာသီဝိသောပမသုတ္တန် တရားတော်၊ တနေ့က မြွေကြီး ၄-ကောင် အကြောင်းကတော့ ပြီးသွားပါပြီ၊ မြွေထိန်းယောက်ျား မြွေကြီး ၄-ကောင် ကြောက်တာနဲ့ ထွက်ပြီးတော့ ပြေးတာ၊ နောက်ထပ် သူ့ရဲ့ရန်သူဖြစ်တဲ့ သူသတ်ယောက်ျား ၅-ဦးကို ဘုရင် မင်းမြတ်က အမိန့်နဲ့ စေလွတ်လိုက်လို့ တွေ့ရာသင်္ချိုင်း သတ်ဖို့ရာ လိုက်ပြီးတော့ လာကြတယ်၊ အဲဒါကို ကြောက်လို့ ပြေးတယ်၊ ...
1,323,887
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“မြွေလေးကောင်ကား (လ) တပ်စွဲချက်ကြောင့်” မြွေ ၄-ကောင်ဆိုတာ မဟာဘုတ် ၄-ပါး၊ မိမိတို့၏ သန္တာန်မှာ ရှိပြီးတော့ နေတဲ့ မဟာဘုတ်ရုပ်ကြီး ၄-ပါး၊ တကိုယ်လုံးမှာ အနှံ့အပြား နေရာတိုင်း အစိတ်အပိုင်း တိုင်းမှာ မဟာဘုတ် ၄-ပါး ရှိတယ်၊ အဲဒါတွေဟာ အဆိပ်ပြင်းထန်တဲ့ မြွေကြီးတွေ ပဲလို့၊ ဒီဓာတ်ကြီး ၄-ပါးတွေ ဖောက်ပြန်ပြီး တမျိုးမျိုး ဒုက္ခရောက်န...
1,323,888
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်” ခန္ဓာငါးပါးဟာ သူသတ်ယောက်ျားကြီး ငါးယောက်နဲ့ တူတယ်တဲ့၊ “မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်” အဲဒီ မြွေလေးကောင်နဲ့ သူသတ်ငါးယောက်၊ သူတို့ ၂-မျိုးရဲ့ အပြင် မိတ်ညာ - မူလရင်းက မိတ်ဆွေ ဖြစ်ဖူးခဲ့တဲ့လူ၊ အခုတော့ ရန်သူဖြစ်ပြီးတော့ နေလို့ မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊ ရ...
1,323,889
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေလေးကောင်ကား (လ) ဘုရားမြတ်ပေတည်း။
1,323,890
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ တနေ့က စပြီးခဲ့တဲ့ သီတင်းနေ့က မြွေ ၄-ကောင် အကြောင်းကတော့ စုံပါပြီ၊ မြွေ ၄-ကောင် ဆိုတာ မဟာဘုတ်ရုပ်ကြီး ၄-ပါးတဲ့၊ ဒါကတော့ ပြီးသွားပြီ။
1,323,891
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရန်သူ ငါးယောက် ဥပါဒါနက္ခန္ဓာ ငါးပါး
1,323,892
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရန်သူကြီး ၅-ယောက်ဆိုတာက ဘယ်ဟာပါလဲလို့ ဆိုတော့ မြတ်စွာဘုရားက-
1,323,893
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“ပဉ္စ ဝဓကာ ပစ္စတ္ထိကာ”တိ ခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါနက္ခန္ဓာနံ အဓိဝစနံ။
1,323,894
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓဿ ဝေဒနုပါဒါနက္ခန္ဓဿ သညုပါဒါနက္ခန္ဓဿ သင်္ခါရုပါဒါနက္ခန္ဓဿ ဝိညာဏုပါဒါ နက္ခန္ဓဿ။
1,323,895
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(သံယုတ်၊ ဒု-တွဲ၊ နှာ-၃၈၃။
1,323,896
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပစ္စတ္ထိကာ၊ ရန်သူ ဖြစ်ကုန်သော။
1,323,897
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စဝဓကာတိ ခေါ ဧတံ၊ ငါးယောက်သော သူသတ်ကြီးတို့ ဟူသော ဤအမည်သည်။
1,323,898
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ သူသတ် ယောက်ျားကြီး ငါးယောက်ဟူသော ဤအမည်သည်။
1,323,899
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာတရားတို့၏။
1,323,900
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ဝါ) ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါးတရားတို့၏။