id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,323,901
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ဝါ) ဥပါဒါနက္ခန္ဓာနံ၊ ငါ ငါ့ဥစ္စာစသည်ဖြင့် စွဲလမ်းနိုင်သော ခန္ဓာငါးပါးတရားတို့၏။
1,323,902
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရန်သူဖြစ်တဲ့ သူသတ်ယောက်ျား ၅-ဦးဟာ ဘာလဲဆိုယင် ဥပါဒါနက္ခန္ဓာ ငါးပါးတရား ပါပဲတဲ့၊ မြွေထိန်းယောက်ျားရဲ့ ရန်သူကြီးတွေ၊ စောစော ကတည်းက လူချင်း မတည့်တဲ့ ရန်သူ ရန်ဘက် ပုဂ္ဂိုလ်ကြီးတွေပေါ့၊ လူဆိုးတွေ သူဆိုးတွေ ဆိုတာက တဦးနဲ့တဦး အခွင့်ရလို့ ရှိယင်ဖြင့် သတ်ဖို့ရာ ကြံနေတာပဲ၊ အခုခေတ် ကာလမှာတော့ သတင်းစာထဲ တော်တော်တွေ့ရတယ်၊ တချို့ လူဆိ...
1,323,903
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလိုပဲ အခု ရန်သူကြီး ငါးယောက်တဲ့၊ ရှေးကတည်းက မြွေထိန်းယောက်ျားနဲ့ မတည့်ကြဘူး၊ တစုံတခုသော အကြောင်းရှိလို့ မကျေမချမ်း ဖြစ်နေတယ်၊ အခွင့်ရလို့ ရှိယင် သတ်မယ်လို့ တကဲကဲ နဲ့ ကြံနေတဲ့ ပုဂ္ဂိုလ်ကြီးတွေ ၅-ဦးလို့ ဆိုလို ပါတယ်၊ ဥပမာက လောကထဲမှာလဲ ဒီလိုဟာတွေ ရှိတယ်၊ စီးပွါးရေးကြောင့်ပဲဖြစ်ဖြစ်၊ ဒိပြင် အရေးတခုကြောင့်ပဲဖြစ်ဖြစ်၊ အပ...
1,323,904
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီဥစ္စာကတော့ အဲဒီလို ရန်ညှိုးထားတဲ့ ရန်သူကြီး ၅-ဦးတဲ့၊ စောစောကတော့ အခွင့်မရလို့ သူတို့သတ်ဖို့ရာ သူတို့ အားမထုတ်နိုင်ဘူး၊ အခုတော့ မြွေထိန်း ယောက်ျားက ဘုရင်မင်းအမိန့်ကို နားမထောင်ပဲနဲ့ သူထိန်းရမယ့် မြွေတွေကို စွန့်ပစ်ပြီးတော့ ပြေးတယ်ဆိုတော့ မင်းရဲ့ အာဏာ ဖီဆန်မှု ရှိထားတဲ့အတွက် မင်းက မြွေကြီး ၄-ကောင် လိုက်ပြီးတော့ ကိုက်ဖိ...
1,323,905
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကျွန်တော်မျိုးတို့ သတ်ပါမယ်၊ ရှေးတုန်းကတော့ သတ်လို့ရှိယင် ရာဇဝတ်မှုတွေ ရောက်အုံးမှာ၊ အခုတော့ သတ်လို့ရှိယင် ဆုငွေတောင် ရအုံးမှာကိုး၊ ဘာမှ ရာဇဝတ် မှုလဲ မရောက်ဘူး၊ တရားဝင် သတ်ရမှာ၊ လူမိုက်ကြီးတွေ ဆိုတော့ကို သတ်ချင်နေတဲ့ ပုဂ္ဂိုလ်၊ ဒီလိုတရားဝင် သတ်ရမယ်ဆိုယင် အင်မတန် ဝမ်းသာမှာပေါ့၊ အဲဒီတော့ အဲဒီ ရန်သူကြီး ၅-ဦးက ဘုရင်မင်းမြတ...
1,323,906
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေထိန်းယောက်ျား ကလဲပဲ မြွေကြီးတွေ ကြောက်လို့ ပြေးနေယင်း အကျိုးစီးပွါးကို အလိုရှိတဲ့ ပုဂ္ဂိုလ်ကလာပြီး အကြောင်းကြားတယ်တဲ့၊ အမောင် မြွေထိန်းယောက်ျား၊ မင်းရဲ့ မြွေကြီး ၄-ကောင် ကလဲ နောက်က လိုက်ပြီးတော့ လာနေတယ်၊ တွေ့ရာ ကိုက်မယ်လို့၊ ဒါတွင်မကသေးဘူး၊ အယင် က နင့်ကိုသတ်ဖို့ရာ ရည်ရွယ်နေတဲ့ သူသတ်ယောက်ျားကြီး ၅-ဦးကလဲပဲ အခု ဘုရင်မ...
1,323,907
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထမက မြွေကြီးတွေ ကြောက်ရတဲ့အထဲမှာ အခု သူသတ်သမားကြီး ၅-ယောက် ဆိုတော့ သာကြောက်စရာဖြစ်တယ်၊ ရန်သူတွေကိုးခုဖြစ်လာတယ်၊ မနည်းဘူး၊ အဲဒါကြောက်လို့ ပြေးရတယ်တဲ့။
1,323,908
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ရန်သူကြီး ၅-ယောက်ဆိုတာ ဘယ်သူတွေ မှတ်သတုံးလို့ ဆိုလို့ရယင် မိမိတို့ သန္တာန်မှာ ရှိပြီးတော့နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး တရားတွေပါပဲတဲ့၊ အနက်အဓိပ္ပါယ် ကို ပေါ်ပေါ်လွင်လွင် ဟောရအောင်လို့ ဥပမာ ပြုပြီးပေးထားတာ၊ ရန်သူကြီး ၅-ယောက်ဆိုတာ တခြားမှာ ရှိတာ မဟုတ်ဘူး၊ မိမိတို့၏သန္တာန်မှာ အသီးအသီး ရှိပြီးတော့နေကြတဲ့ ဥပါဒါနက္ခန္ဓာ ၅-...
1,323,909
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သေယျထိဒံ၊ အဘယ်တရားတို့နည်း ဟူမူကား။
1,323,910
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝါ၊ သေယျထိဒံ၊ ဥပါဒါန နက္ခန္ဓာငါးပါးတို့သည် အဘယ်တရားတို့နည်း ဟူမူကား။
1,323,911
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရူပုပါဒါနက္ခန္ဓဿ၊ ရုပ် ဥပါဒါနက္ခန္ဓာ၏။
1,323,912
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒနုပါဒါနက္ခန္ဓဿ၊ ဝေဒနာ ဥပါဒါနက္ခန္ဓာ၏။
1,323,913
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သညုပါဒါနက္ခန္ဓဿ၊ သညာ ဥပါဒါနက္ခန္ဓာ၏။
1,323,914
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သင်္ခါရုပါဒါနက္ခန္ဓဿ၊ သင်္ခါရ ဥပါဒါနက္ခန္ဓာ၏။
1,323,915
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝိညာဏုပါဒါနက္ခန္ဓဿ၊ ဝိညာဉ် ဥပါဒါနက္ခန္ဓာ၏။
1,323,916
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာ ငါးပါး၊ အဲဒီဥပါဒါနက္ခန္ဓာ ငါးပါးရဲ့အမည်တဲ့၊ ခန္ဓာငါးပါး ဆိုယင်လဲပဲ အတူတူလို့ပဲ ဖြစ်နေပါတယ်၊ ဒါပေမယ်လို့ ခန္ဓာငါးပါးနဲ့ ဥပါဒါနက္ခန္ဓာ ၅-ပါး ထူးတာ လေးတွေ ရှိတယ်၊ ခန္ဓာငါးပါး ဆိုယင်တော့ ခန္ဓာမည်တဲ့တရားတွေ အကုန်လုံးပဲ၊ လောကီရော၊ လောကုတ္တရာရော အကုန်လုံးပဲ၊ မဂ်စိတ္တုပ္ပါဒ်မှာပါတဲ့ နာမ်ခန္ဓာတွေလဲပဲ ခန္ဓာမည်တာပဲ၊...
1,323,917
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာဆိုယင်တော့ ဥပါဒါန်တို့၏ အာရုံဖြစ်တဲ့ခန္ဓာ၊ ဒါကတော့ လောကုတ္တရာ တရား မပါဘူး၊ သူက မဂ်စိတ္တုပ္ပါဒ် မှာပါတဲ့ခန္ဓာ၊ ခန္ဓာ ၄-ပါး၊ ဥပါဒါန်၏ အာရုံ မဟုတ်လို့ ခန္ဓာသာ မည်တယ်၊ ဥပါဒါနက္ခန္ဓာမမည်ဘူး၊ ဖိုလ်စိတ္ထုပ္ပါဒ်မှာပါတဲ့ နာမက္ခန္ဓာတရား ၄-ပါးတွေ ရှိတယ်၊ ဒါတွေကလဲ ဥပါဒါန်ရဲ့ အာရုံမဟုတ်လို့၊ ဥပါဒါနက္ခန္ဓာ မမည်ဘူး၊ ခန္ဓ...
1,323,918
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ အခုဒီမှာ လိုချင်တာက လောကုတ္တရာတရားတွေကို မလိုချင်ဘူး၊ လောကီ တရား သက်သက်ပဲ လိုချင်တယ်၊ ဒါကြောင့် ဥပါဒါနဆိုတဲ့ ဝိသေသန ပုဒ်ကလေးနဲ့မ, ထားတယ်၊ ဥပါဒါန်၏ အာရုံဖြစ်တဲ့ ခန္ဓာတဲ့၊ ဥပါဒါန်ရဲ့အာရုံမဟုတ်တဲ့ ခန္ဓာတွေ ကတော့ သူသတ်ယောက်ျား တွေ မဟုတ်ဘူးတဲ့၊ ဒီလိုဆိုလိုပါတယ်။
1,323,919
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန်ရဲ့ အာရုံမဟုတ်တဲ့ လောကုတ္တရာ ခန္ဓာတွေက ဘဝသံသရာမှာ သေဖို့ရာ မဟုတ်ဘူး၊ အသေလွတ်ဖို့ရာ တရားတွေ၊ သူတို့ကတော့ မဂ်တရား ဖိုလ်တရားတွေ ရသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မသေဖို့ရာတွေပဲ၊ အောက်ထစ်ဆုံး သောတာပတ္တိမဂ်ဖိုလ် ရသွားပြီဆိုယင် ၇-ဘဝထက် ပိုလွန်ပြီးတော့ သေရမယ့်ဘဝတွေ အကုန်ငြိမ်းသွား တယ်တဲ့၊ အပါယ် ၄-ပါးမှာဖြစ်ပြီး သေရမယ့် ဘဝတွေ အကု...
1,323,920
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် အခု အောက်ထစ်ဆုံး အားဖြင့် အဲဒီလို အကျိုးတွေ ရအောင်လို့ လူတွေ တရားတွေ အားထုတ်နေရတာ၊ ဝိပဿနာတရားတွေ အားထုတ်ပြီး ဝိပဿနာဉာဏ် အစဉ်အတိုင်းတက်လို့ ပြည့်စုံသွားပြီး သောတာပတ္တိမဂ်ဖိုလ် ရောက်သွား၊ သောတာပန် ဖြစ်သွားပြီဆိုယင် အဲဒီ သောတာပတ္တိ မဂ်ဖိုလ်ထဲ ပါဝင်တဲ့ နာမ်ခန္ဓာ တရား ၄-ပါးတွေ ရှိတယ်၊ အဲဒီ နာမ်ခန္ဓာ ၄-ပါး တရား တွေ...
1,323,921
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက် ဒါတွင်ပဲလားဆို ဒါတွင်မကဘူး၊ သုဂတိ ဘုံတွေမှာလဲပဲ လူ့ဘဝ နတ်ဘဝမှာ ကိလေသာ မကင်းသေးတော့ ဖြစ်အုံးမှာ၊ သူက သောတာပန်က လူ့ဘဝ နတ်ဘဝဖြစ်လဲပဲ၊ ၇-ဘဝထက် ပိုလွန်ပြီး သေရမယ့် အသေမျိုးတွေမှ ကင်းတတ်တယ် တဲ့၊ ၇-ဘဝထက် ပိုလွန်ပြီး သကာလ မသေစေနိုင်ဘူး၊ အဲဒီလို အစွမ်းသတ္တိ ရှိပါတယ်၊ ဒါကြောင့် သောတာပတ္တိမဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ်မ...
1,323,922
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့်မို့ အဲဒီ လောကုတ္တရာ ခန္ဓာတွေ မပါစေချင်လို့ ဥပါဒါန ဥပါဒါန်၏ အာရုံလို့ ဝိသေသေနမ, ထားတယ်၊ အဓိပ္ပါယ်အများချည်း ရှိတယ်။
1,323,923
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သကဒါဂါမိမဂ်ဖိုလ်မှာ ပါဝင်တဲ့ ခန္ဓာတွေက ၂-ဘဝထက် ပိုလွန်ပြီးတော့ သေရမယ့် အသေမျိုးတွေ ကင်းစေတယ်တဲ့၊ အနာဂါမိမဂ်ဖိုလ်စိတ္တုပ္ပါဒ်မှာပါဝင်တဲ့ နာမ်ခန္ဓာတွေ ကတော့ ကာမဘဝမှာ ဖြစ်ပြီးတော့ သေရမယ့် အသေမျိုးတွေကင်းစေတတ်တဲ့၊ ရူပဘဝ၊ အရူပဘဝ တို့မှာလဲပဲ တဘဝတည်း တမျိုးတည်းသာ ဖြစ်တယ်၊ ၂-မျိုး ပြောင်းပြီးသကာလ မဖြစ်ဘူး၊ ဒါကြောင့် တဘဝထက် ပို...
1,323,924
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့်မို့ အဲဒီသေခြင်း ကင်းစေတတ်တဲ့ တရားတွေကို ဒီထဲမှာ “သူသတ် ငါးဖြာ၊ ငါးခန္ဓာတည်း” ဆိုတာထဲမှာ မပါဘူး၊ သူသတ် မဟုတ်ဘူးတဲ့၊ သူတို့ကတော့ကို မသေအောင်လို့ ကယ်တင် တတ်တဲ့ တရားတွေတဲ့၊ အသေလွတ်ရာလွတ်ကြောင်း ကယ်တင်တဲ့ ပုဂ္ဂိုလ်ကြီးတွေပေါ့၊ သူတို့ ကတော့ကို ဒီလို အဓိပ္ပါယ်ရှိတယ်၊ ဒါကြောင့် အဲဒါကို မပါအောင် မြတ်စွာဘုရားက - ပစ္စတ္...
1,323,925
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စဝဓကာတိခေါဧတံ၊ ငါးဦးသော သူသတ်ယောက်ျားတို့ ဟူသော ဤအမည်သည်။
1,323,926
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန်၏ အာရုံဖြစ်သော လောကီခန္ဓာ တရားတို့၏။
1,323,927
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန်ရဲ့ အာရုံဖြစ်တယ်၊ လောကီခန္ဓာတွေ မည်တယ်၊ လောကုတ္တရာ ခန္ဓာတွေကို ဥပါဒါန်က အာရုံမပြုနိုင်ဘူး၊ ဥပါဒါန်ရဲ့ အာရုံ မဟုတ်ဘူး၊ ဥပါဒါန်ရဲ့ နယ်ပယ် မဟုတ်ဘူး၊ လောကီခန္ဓာ တွေကတော့ ဥပါဒါန်ရဲ့ အာရုံဖြစ်လို့ လောကီခန္ဓာတွေ အဲဒီခန္ဓာငါးပါး တရားတွေ သူတို့က သတ်တတ်တာ။
1,323,928
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်ဥပါဒါနက္ခန္ဓာ
1,323,929
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်ဆိုယင်တော့ အကုန်လုံးပါပဲ၊ ခန္ဓာငါးပါးထဲမှာ ရုပ်ခန္ဓာ၊ ရုပ်ဥပါဒါနက္ခန္ဓာ၊ အတူတူပဲ ဘာမှ မထူးဘူး၊ ရုပ်ခန္ဓာဆိုယင်ပဲ လောကီတရားပဲရှိတာ၊ လောကုတ္တရာရုပ် မရှိဘူး၊ ရုပ်ဥပါဒါနက္ခန္ဓာ ဆိုယင်လဲ ဒီတရားပဲ၊ ရုပ်ကတော့ ဘယ်သူ့ သန္တာန်မှာပဲရှိရှိ ရုပ်ဆိုတာဟာ သူလောကီတရားပဲ၊ သာမန်ပုဂ္ဂိုလ်တွေ သန္တာန်က ရုပ်ကလဲ လောကီ တရားပဲ၊ အရိယာပုဂ္ဂို...
1,323,930
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒနာခန္ဓာ၊ သညာခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝိညာဉ်ခန္ဓာ၊ နာမ်ခန္ဓာ ၄-ပါးကတော့ ဥပါဒါန်ရဲ့ အာရုံ မဟုတ်တဲ့ လောကုတ္တရာခန္ဓာက တမျိုးရှိတယ်၊ ဥပါဒါန်၏အာရုံဖြစ်တဲ့ လောကီခန္ဓာက တမျိုး ရှိတယ်၊ ဒါကြောင့် အခု ဒီမှာတော့ လောကုတ္တရာခန္ဓာကို အလိုမရှိဘူး၊ လောကီခန္ဓာတွေကို ဆိုလိုတယ်၊ အဲဒီ ဥပါဒါနက္ခန္ဓာဆိုတာ ဘယ်လိုဟာတုန်း ဆိုလို့ရှိယင် ဥပါဒါန်တိ...
1,323,931
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန် ဥပါဒါန်ဆိုတာ ဗမာက ဥပါဒါန် အားကြီးတယ်၊ အစွဲအလမ်းကြီးတယ်၊ ပြောနေကြ တာကိုး၊ ဗမာ စကားလို ဖြစ်နေပါပြီ၊ ဥပါဒါန်ဆိုယင် စွဲလမ်းတာပဲ၊ လူတွေက သိနေတယ်၊ ဪ - ဒီလူကြီးနှယ် ဥပါဒါန် အားကြီးလိုက်တာ၊ ဒီလို ပြောတာကိုး၊ ကလေးတွေကလဲ ပြောတယ်၊ ဒီမိန်းမကြီးဟာ ဥပါဒါန် အားကြီးတယ် ပြောကြတယ်၊ ဥပါဒါန် ဆိုလို့ရှိယင် စွဲလမ်းတယ်တဲ့၊ ဒီလို အဓိပ...
1,323,932
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ဥပါဒါန်က ၄-ပါး ရှိတယ်၊ ကာမုပါဒါန်တဲ့၊ ကာမဥပါဒါန်၊ ကာမဂုဏ် အာရုံတွေ လိုချင်နှစ်သက် စရာတွေကို စွဲလမ်းတာက ကာမဥပါဒါန်တဲ့၊ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိဥပါဒါန်၊ အဲဒါကတော့ အယူမှားတော့ စွဲလမ်းတာ၊ မှားတဲ့ အယူတွေကို စွဲလမ်းတာက ဒိဋ္ဌိဥပါဒါန်၊ သီလဗ္ဗတဥပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ သီလဗ္ဗတသီလဝတ၊ အလေ့အကျင့် မှုဖြင့် သံသရာက စင်ကြယ်သွားတယ်လို့...
1,323,933
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ဥပါဒါန်က ၄-မျိုး၊ ၄-မျိုးထဲမှာ တရားကိုယ်နဲ့ ကောက်လိုက်လို့ ရှိယင်တော့ ကာမုပါဒါန် ဆိုတာက နှစ်သက်စရာတွေကို သာယာစွဲလမ်းတာ တဏှာပဲ၊ ကျန်တဲ့ ဒိဋ္ဌိဥပါဒါန်တို့ သီလဗ္ဗတ ဥပါဒါန်တို့ အတ္တဝါဒုပါဒါန်တို့ ဒီ ဥပါဒါန် ၃-ပါးကတော့ အကုန်လုံး ဒိဋ္ဌိချည်းပါပဲ၊ ဒိဋ္ဌိ ၃-မျိုး ခွဲထား တယ်၊ အဲဒါ စွဲလမ်းတတ်တဲ့ တရားတွေ၊ အဲဒီတော့ စွဲလမ်းတတ်...
1,323,934
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လိုချင်နှစ်သက်စရာ၊ အာရုံဝတ္ထုတို့ကို သာယာစွဲလမ်းတာက၊ ကာမုပါဒါန်။
1,323,935
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လိုချင်စရာ နှစ်သက်စရာတွေ ဆိုတော့ ဒါကတော့ အထူးအဓိပ္ပါယ် ပြောစရာ မလိုဘူး၊ ကာမ ဆိုလို့ရှိယင် ပါဠိဆိုတော့ သိပ်မသိသေးဘူး၊ ကာမဂုဏ် ဆိုလို့ရှိယင်လဲပဲ တော်သင့်ရုံသာ သိတယ်၊ ဒါလဲ သိရုံလောက်ပဲ၊ သဘော သိပ်မပေါက်သေးဘူး၊ လိုချင်စရာတွေ ဆိုတော့ ကုန်ရော၊ လိုချင် စရာတွေ ဆိုမှတော့ လိုချင်စရာ နှစ်သက် စရာတွေ ဆိုယင် လူတိုင်း နားလည်တယ်၊ ဒါ ကလ...
1,323,936
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အပြင်ပက သက်ရှိသက်မဲ့ လိုချင်စရာ နှစ်သက်စရာ အာရုံဝတ္ထုတွေ ကိုယ်တွင်း ကိုယ်ပ လိုချင်နှစ်သက်စရာ ကောင်းတဲ့ အာရုံဝတ္ထုတွေကို သာယာပြီး သဘောကျပြီး စွဲလမ်းနေတာ ကာမုပါဒါန် ခေါ်တယ်တဲ့။
1,323,937
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တဏှာနှင့် ဥပါဒါန် မတူ
1,323,938
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သာယာရုံမျှ နှစ်သက်ရုံမျှကို တဏှာ၊ ခိုင်ခိုင်မြဲမြဲ စွဲလမ်းတာက ဥပါဒါန်၊ တဏှာနဲ့ ဥပါဒါန်၊ ဒီလို ကွာတယ်၊ တဏှာဆိုတာက နှစ်သက်သာယာခါမျှ တောင့်တခါမျှ ဥပါဒါန်ဆိုတာက ခိုင်ခိုင်မြဲမြဲ စွဲလမ်းတာတဲ့၊ ဥပမာအားဖြင့် ဘယ်လို မှတ်ရမလဲ ဆိုလို့ရှိယင် သူခိုးများ ပစ္စည်းတခုကို ယူတော့မယ်လို့ ခိုးတော့မယ်လို့ လက်လှမ်း လိုက်တယ်တဲ့၊ ပစ္စည်းဆီ မရ...
1,323,939
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မရတဲ့ဥစ္စာတွေ အကုန်လုံး ဥပါဒါန် မဖြစ်ဘူးလို့ မှတ်ရမလား လို့ဆိုတော့ ဒါက ဥပမာပြောတာ၊ တကယ် ဒီလိုတော့ မဟုတ်ဘူး၊ မရတဲ့ဥစ္စာတွေလဲ စွဲလမ်းနေယင် ဥပါဒါန်ပဲ၊ ပထမ သာယာခါမျှ နှစ်သက် ခါမျှလေး စွဲလမ်းမှု သိပ်မဖြစ်သေးဘူး ဆိုယင် တော့ ဒါ တဏှာလောက်ပဲ ရှိသေးတယ်၊ ဒီဥစ္စာဖြင့်ယင် ရမှပဲလို့ အင်မတန် ရချင် နေတဲ့စိတ်တွေ စွဲစွဲမြဲမြဲတွေ ဖြစ်နေတ...
1,323,940
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန် ဖြစ်လို့ရှိယင် ဥပါဒါနပစ္စယာ ဘဝေါ ဆိုပြီးတော့ သူ တခုခု ပြတော့မှာ၊ နှစ်သက်သာယာတဲ့ စွဲလမ်းတဲ့ အာရုံဝတ္ထုတွေ မရရအောင် အားထုတ်တော့မှာ၊ တနည်းနည်းနဲ့၊ ဥပါဒါနပစ္စယာ ဘဝေါ ဖြစ်မယ်၊ ဘဝပစ္စယာက ဘယ်သွားမတုံး ဆိုလို့ရှိယင် ဇာတိ - ဘဝအသစ် ဖြစ်ရလိမ့်မယ်၊ ဘဝအသစ်က ဘယ်ဖြစ်မှာတုံးဆိုယင် အကုသိုလ် ဘဝက လာခဲ့လို့ရှိယင် အပါယ် ၄-ပါးဘဝ ဖြစ...
1,323,941
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီဥပါဒါန်က အင်မတန် အရေးကြီးတဲ့ တရားပါ၊ ဥပါဒါန်ဆိုတာ စွဲလမ်းမိမှတော့ကို တစုံတခု ကုသိုလ် အကုသိုလ်ကံမြောက်၊ အဲဒီ ကံက အကျိုးပေးပြီးတော့ ဘဝဖြစ်၊ ဖြစ်ရာဘဝမှာ အိုရ, နာရ, သေရ, စိုးရိမ် ပူဆွေးရ အစရှိသည်တွေ အကုန်ဖြစ်ရတယ်၊ ဆင်းရဲတွေ တသီတတန်းကြီး ဖြစ်တော့မှာ၊ ဥပါဒါန်ဟာ တယ်ကြောက်စရာ ကောင်းတယ်။
1,323,942
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကာမုပါဒါန်ဆိုတာ လိုချင်နှစ်သက်စရာ အာရုံဝတ္ထု အမျိုးမျိုးကို သာယာ တပ်မက် တာ၊ စွဲလမ်းတာတဲ့၊ သာယာစွဲလမ်းတာက ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန် ဆိုတာကတော့ နောက်ဆုံး ချန်ပြောမှ ဖြစ်မယ်၊ သူက ကျန်တဲ့ဒိဋ္ဌိတွေ အကုန်သိမ်းပြီး သီလဗ္ဗတနဲ့ အတ္တဝါဒ၊ ရှေးဦးစွာ ပြောမှ သဘော ပေါက်မယ်။
1,323,943
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတ္တဝါဒက ရှေးဦးစွာပြောမှ အတ္တဝါဒက အရေးကြီးတယ်၊ အတ္တဝါဒုပါဒါန်တဲ့၊ အတ္တဝါဒုပါဒါန် ဆိုတာ အတ္တဒိဋ္ဌိ၊ အတ္တ - အသက်ရှင်နေတဲ့ သတ္တဝါ အကောင်ပဲလို့ ယုံကြည်ယူဆတဲ့ ဥစ္စာကို အတ္တဝါဒဥပါဒါန်၊ အတ္တဒိဋ္ဌိလို့ခေါ်တယ်၊ အဲဒီ အတ္တဒိဋ္ဌိက စွဲစွဲမြဲမြဲဖြစ်နေယင် အတ္တဝါဒုပါဒါန်ပါပဲ၊ အတ္တဝါဒုပါဒါန်၊ အတ္တဒိဋ္ဌိဆိုတာ ကင်းခဲတယ်၊ သက္ကာယဒိဋ္ဌိလဲ ခ...
1,323,944
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပရိယတ္တိ အနေအားဖြင့် စာပေကျမ်းဂန် ဗဟုသုတနဲ့ နှလုံးသွင်းတဲ့အခါမှာ သက်သာရာ ရသင့် သလောက် ရပါတယ်၊ ရုပ်တရားနဲ့ နာမ်တရားပဲ ရှိတယ်၊ ပုဂ္ဂိုလ် သတ္တဝါလို့ ခေါ်သာခေါ်ရတယ်၊ ရုပ်နဲ့နာမ်ပဲ ရှိတယ်၊ ခန္ဓာငါးပါးတရားပဲ ရှိတယ်၊ ဖြစ်ပျက်နေတဲ့ တရားပဲရှိတယ်၊ အဲဒီလို စာပေ ကျမ်းဂန် အရနဲ့ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီလို နှလုံးသွင်းတိုင်း နှလု...
1,323,945
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတ္တအစွဲ ပျောက်ခဲ
1,323,946
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စာပေကျမ်းဂန် အရနဲ့ ရုပ်တွေနာမ်တွေ အဖြစ်အပျက်တွေ ဒီလို သဘောကျနေတယ် ဆိုပေမယ်လို့ ကိုယ့်သန္တာန်မှာ တကယ်ဖြစ်နေတဲ့ တရားတွေကျတော့ ပုဂ္ဂိုလ်သတ္တဝါ အနေနဲ့ စွဲနေသေးတာပဲ၊ ရုပ်တွေ, နာမ်တွေ ရုပ်နဲ့နာမ်ပဲရှိတယ်၊ ခန္ဓာငါးပါးပဲ ရှိတယ်လို့ ဗဟုသုတ အနေအားဖြင့် မှတ်သား ထားတဲ့ ပုဂ္ဂိုလ်တွေ၊ စာပေကျမ်းဂန် အနေနဲ့ တတ်သိနားလည် နေတဲ့ ပုဂ္ဂိုလ်တ...
1,323,947
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီပုဂ္ဂိုလ်ကို မေးမယ် ဆိုလို့ရှိယင် ရိုးရိုးသားသားနဲ့ ဖြေမယ်ဆိုယင် တော်တော်ကို ပျောက်ခဲ ပါတယ်၊ မြင်တာကလေးကို ဘယ့်နှယ်အောက်မေ့တုံး၊ မြင်တာကလေး ငါပဲလို့ အောက်မေ့တာပဲ၊ ငါက မြင်တယ်၊ ဒီလိုအောက်မေ့တယ်၊ ကြားတာလေး ဘယ့်နှယ် အောက်မေ့တုံး၊ ငါကကြားတယ်၊ ဒီလိုပဲ အောက်မေ့တယ်၊ နံတာတို့၊ စားတာတို့ အတူတူပါပဲ၊ ထိတာလေးကော ဘယ့်နှယ် အောက်...
1,323,948
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုတရားသဘောအရနဲ့ ပြောယင်သာ ရှင်းနေတာ၊ ပကတိ စိတ်အနေအထားကတော့ ဒီလိုပဲ စွဲလမ်းနေတာပဲ၊ အဲဒီ အစွဲအလမ်း တော်တော် ကင်းခဲပါတယ်၊ အဲဒီတရား အားထုတ်တဲ့အခါကျမှ နည်းနည်းနေရာကျတယ်၊ တရားအားထုတ်တဲ့ အခါမှာ ရုပ်တွေ နာမ်တွေ ဒါတွေကတော့ တော်တော်ကြာမှ ဒါတွေ ပြောရအုံးမယ်၊ ဒါက အရေးကြီးတယ်၊ ရုပ်နာမ်ကလေးတွေ သဘော ပေါက်ပြီးတော့ သိလာတဲ့အခါကျတော့ ခု...
1,323,949
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်နာမ်တရား ကိုပင် - ဆိုတာ၊ စာထဲက ရုပ်နာမ်တရား မဟုတ်ဘူးနော်၊ အခုမြင်နေ တာ ကြားနေ တာတွေ ပြောနေတာ၊ မြင်တာဟာ ရုပ်နာမ်တရားပဲ၊ ကြားတာ ရုပ်နာမ်တရား၊ တော်တော်ကြာမှ ရှင်းပြောရအုံးမယ်၊ မြင်တာက ရုပ်နာမ်တရား၊ ကြားတာက ရုပ်နာမ်တရား၊ နံတာ စားတာ၊ တွေ့ထိတာ၊ ရုပ်နာမ်တရား၊ အခုယောဂီပုဂ္ဂိုလ်တွေ မှတ်နေရတာတွေ ရုပ်နာမ်တရားတွေ မှတ်နေရတာ၊ ကွ...
1,323,950
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတ္တဝါဒဥပါဒါန် တော်တော်ကြာမှ ရှင်းပြောရအုံးမယ်၊ အဲဒါ တရားအားထုတ်လို့ ရုပ်နာမ် တရား လေးတွေ သဘောလေးတွေ တကယ်တွေ့လာတဲ့ အခါကျတော့ အတ္တဝါဒ ဥပါဒါန်ဟာ တော်တော် လေး ကွာသွားတယ်၊ ဝိက္ခမ္ဘနပဟာန် ခေါ်တယ်၊ လုံးလုံး ကင်းတာတော့ မဟုတ်သေးဘူး၊ အရိယ မဂ် ရောက်တဲ့အခါကျတော့ လုံးလုံးကင်းတယ်၊ တော်တော်ကြာမှာ ပြောရအုံးမယ်။
1,323,951
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန် ၂-ခု ပြီးသွားပြီ၊ ကာမဥပါဒါန်၊ ကာမုပါဒါန်ရယ်၊ ကာမဥပါဒါန်၊ ကာမုပါဒါန်၊ သူကခေါ်လို့ လွယ်ပါတယ်၊ အတ္တဝါဒဥပါဒါန် အတ္တဝါဒုပါဒါန်ဆိုတော့ ဒါက နည်းနည်း ဆိုရခက်တယ်၊ သူက ခွဲထားတာ ကောင်းတယ်၊ အတ္တဝါဒဥပါဒါန်။
1,323,952
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက်ပြီးတော့ သီလဗ္ဗတုပါဒါန်၊ သီလဗ္ဗတဥပါဒါန်၊ သီလဗ္ဗတ - သီလဆိုတာက ကိုယ်ကျင့်တရား ပေါ့လေ၊ ဘာသာပြန်တော့ အလေ့လို့ ပြန်ထားတယ်၊ ဝတ-က အကျင့်လို့ပြန်တယ်၊ သီလဝတ - သီလဆိုတာ အခု ဆောက်တည်နေတဲ့ သီလမျိုး တွေပါပဲ၊ ခဲခဲယဉ်းယဉ်း ကျင့်တဲ့ ဥစ္စာမျိုးတွေ ကိုတော့ ဝတ-လို့ခေါ်တယ်၊ ကိုယ်ကျင့် တရားအနေနဲ့ ကျင့်တဲ့ဥစ္စာတွေက သီလ၊ ခဲခဲယဉ်းယဉ်း ဆေ...
1,323,953
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ မြတ်စွာဘုရားဟောကြားတော်မူတဲ့ အရိယမဂ္ဂင် (၈)ပါး တည်းဟူသော အကျင့် မပါပဲနဲ့ သာမန်သီလမျှ အလေ့အကျင့်မျှနဲ့ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက် သွားတယ်၊ အိုခြင်း, နာခြင်း, သေခြင်း ကင်းသွားတယ်လို့ ယုံကြည်ယူဆမှုတွေ ဟူသမျှဟာ သီလဗ္ဗတဥပါဒါန် သီလဗ္ဗတုပါဒါန်လို့ ခေါ်တယ်၊ ဗုဒ္ဓဘာသာ အပြင် ဘက်က နေပြီးတော့ ယုံကြည်ယူဆထားတဲ့ အကျင့်တွေဟူသမျှ...
1,323,954
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘာသာတရားတိုင်း ဘာသာတရားတိုင်းမှာ သူတို့ရဲ့ သံသရာက လွတ်မြောက်ရေးတွေ ဆိုတာ ရှိတယ်၊ ဗုဒ္ဓဘာသာ တရားတွေက တရား ကျင့်သုံးလို့ရှိယင် နိရောဓသစ္စာ မျက်မှောက်ပြုပြီး နိဗ္ဗာန်သိသွားတယ်၊ နိဗ္ဗာန်ဟာ သံသရာက လွတ်မြောက်တဲ့ တရားပဲ၊ နိဗ္ဗာန်ရဖို့ တရားဟောတယ်၊ ဗုဒ္ဓဘာသာ တရားကဟောတယ်၊ ဒိပြင်ဘာသာ တွေလဲ သူတို့ဘာသာတွေလဲ ရှိတာပဲ၊ သူတို့ ဘာသာတွေလ...
1,323,955
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါသီလဂေါဝတ၊ ကုက္ကုရသီလ ကုက္ကုရဝတ ဒီလိုရှိတယ်၊ နွားတို့၏ အလေ့အကျင့်တဲ့၊ ခွေးတို့၏ အလေ့အကျင့်တဲ့၊ ဒီလိုကျင့်ရုံနဲ့လဲ သံသရာက လွတ်မြောက်သွားတယ်လို့ ယုံကြည်ယူဆတယ်၊ ဘုရား လက်ထက်တော် တုန်းက ရှိတယ်၊ အခု လဲပဲ အိန္ဒိယမှာ ရှိသေးတယ်လို့တော့ သတင်းကြားတာပဲ၊ သို့သော်လဲ သေသေချာချာတော့ မပြော တတ်ဘူး၊ အဲဒီလ...
1,323,956
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နွားလိုကျင့်တယ် ဆိုတော့ နွားလို လုပ်ရတာပေါ့လေ၊ နွားပုံစံအတိုင်း နွားလေးဘက် သွားသလို လေးဘက်ထောက် သွားတယ်၊ နွားမှာအမြီးရှိတော့ အမြီးလေးလဲ တပ်ရသေးတယ် ဆိုတာကိုး၊ ချိုရှိတော့ ချိုကလေးလဲ တပ်ရသေးတယ်၊ သွားလို့ရှိယင် လူလို မတ်တတ်ရပ် မသွားဘူး၊ မသွားဘူး၊ နွားလိုပဲ လေးဘက်သွားရတယ်၊ နွား နွားချင်း တွေ့လို့ရှိယင် တကောင်နဲ့တကောင် ဟိန်...
1,323,957
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခွေးလိုလဲ ကျင့်တယ်၊ ခွေးကလဲပဲ လေးဘက်သွားတာပဲ၊ သူလဲ အမြီးရှိတာပဲ၊ ခွေးကလဲပဲ အိပ်လို့ရှိယင် ပြာပုံတို့မှာ အိပ်ရတယ်၊ အိပ်ခါနီးကျလို့ ရှိယင် တပတ် နှစ်ပတ် လှည့်လိုက်ရသေး တယ်၊ ဒီလိုအတိုင်း မအိပ်သေးဘူး၊ အဲဒါတွေ အကုန်လုံး အတုအပ လုပ်ရတယ်၊ စားတဲ့အခါ ကျတော့လဲပဲ မြေကြီးမှာ ပုံပြီးတော့ထားတဲ့ ဥစ္စာကို ပါးစပ်နဲ့ ဝပ်စားရတာ၊ လက်နဲ့ကိုင...
1,323,958
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဝတ်မဝတ်ပဲနဲ့ နေတာတွေလဲပဲ နွားအကျင့်၊ ခွေးအကျင့်တွေပါပဲ၊ နွားတွေ၊ ခွေးတွေ အဝတ်မှ မဝတ်ပဲကိုး၊ အဲဒီလို အကျင့်တွေ ကျင့်ရုံမျှနဲ့ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်တယ်လို့လဲ ဒီလို ယူဆတဲ့ဥစ္စာ သီလဗ္ဗတဥပါဒါန်တဲ့။
1,323,959
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘုရားလက်ထက်တုန်းက အဲဒီလိုပဲ နွားအကျင့် ခွေးအကျင့် တကယ်ကျင့်တဲ့ ပုဂ္ဂိုလ်အကြောင်း စာပေကျမ်းဂန်ထဲမှာ တိုက်ရိုက်ပါတယ်၊ ဒါသာမဟုတ်ဘူး၊ ဒိပြင် ကိုးကွယ်မှု အကျင့်တွေလဲ ရှိတယ်၊ ဝါသုဒေဝနတ် ကိုးကွယ်လို့၊ ဘယ်နတ်ကိုးကွယ် လို့၊ ဒီလို စသည်ဖြင့် ကိုးကွယ်တဲ့ အကျင့် တွေလဲ ရှိတယ်၊ တချို့လဲ နွားကိုးကွယ်လို့၊ ဆင်ကိုးကွယ်လို့၊ သစ်ပင်ကိုးကွ...
1,323,960
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါကြောင့် မဂ္ဂင်ရှစ်ပါး တရားမကျင့်ပဲနဲ့ တစုံတခုသော လေ့ကျင့်မှုနဲ့ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်တယ်လို့ ယုံကြည်ယူဆမှု၊ စွဲလမ်းမှုတွေဟာ သီလဗ္ဗတ ဥပါဒါန်၊ ဗုဒ္ဓဘာသာအပြင် ဘက်က အဲဒီဟာတွေပဲ။
1,323,961
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီဥစ္စာကို အဲဒီလို ဟောထားတဲ့ ဘာသာတရားတွေ အရနဲ့ လေ့ကျင့်ရတယ်၊ ကောင်းကင်ဘုံ ကဘုရားကို ကိုးကွယ်ရမယ်၊ ဘုရားစကားတော်ကို နားထောင်ရမယ်၊ ဘုရားစကားကို ယုံကြည် ရမယ်၊ ဘုရားကို အကြွင်းမဲ့ ယုံကြည်ပြီးတော့ ကိုးကွယ် လို့ရှိယင် အလုံးစုံသော အပြစ်တွေဟူသမျှ ပပျောက်တယ်၊ သေတဲ့အခါ ကာလ ကျလို့ရှိယင်၊ ဘုရားသခင်ထံ ရောက်တယ်၊ မအို, မနာ, မသေ နေရ...
1,323,962
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီအထဲ မဂ္ဂင်ရှစ်ပါးတရား မပါဘူး၊ သစ္စာ ၄-ပါး တရားသိမြင်တဲ့ သမ္မာဒိဋ္ဌိ မပါဘူး၊ သစ္စာ ၄-ပါး တရားအမှန်အတိုင်း ကြံစည်မိတာ မပါဘူး၊ သမ္မာသတိ မှန်စွာအမှတ်ရတဲ့ သတိမပါဘူး၊ သမ္မာ ဝါယာမ - မှန်စွာအားထုတ်ရတာ မပါဘူး၊ သမ္မာသမာဓိ - အမှန်အတိုင်း စူးစိုက်တည်ကြည်တဲ့ သမာဓိမပါဘူး၊ သမ္မာဝါစာ - မှန်စွာပြောဆိုခြင်း မပါဘူး၊ သမ္မာကမ္မန္တ - မှန်...
1,323,963
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မဂ္ဂင်ရှစ်ပါးမပါပဲ သာမန်အလေ့အကျင့်မျှဖြင့် သံသရာမှလွတ်မြောက်ပြီဟု ယုံကြည် ယူဆ စွဲလမ်း တာက သီလဗ္ဗတဥပါဒါန်။
1,323,964
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ မဂ္ဂင် ၈-ပါး မပါပဲ ဆိုတာကလေးကတော့ ယုံကြည်တဲ့ ယူဆတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ကူးထဲမှာ ဒီလိုတော့မပါဘူးပေါ့၊ မဂ္ဂင် ၈-ပါးမပါပဲနဲ့ သံသရာက လွတ်မြောက် တယ်လို့ ဒီလိုအပြောအဆိုတော့ မပါဘူး၊ ဒီလို စဉ်းစားမှုတော့ မပါပါဘူး၊ ဒါပေမယ့် အဲဒါလေးက သဘောပေါက်အောင်လို့ ထည့် ရတာ၊ သာမန် အလေ့အကျင့် မျှဖြင့် ဆိုတာ အလေ့အကျင့်ဆိုတာက မဂ္ဂင် ၈-ပါးပါတ...
1,323,965
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သံသရာဝဋ်ဆင်းရဲက လွတ်မြောက်တယ်လို့ ယုံကြည် ယူဆတာတွေ၊ အဲဒီလို ဟာမျိုး တွေကို သီလဗ္ဗတဥပါဒါန်တဲ့။
1,323,966
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒိဋ္ဌိဥပါဒါန်
1,323,967
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ ဥပါဒါန် ၃-ခုပြီးသွားပြီ၊ ဒိဋ္ဌိဥပါဒါန်တခု ကျန်တယ်၊ ခုနက အတ္တဝါဒ ဥပါဒါန်ကလဲ ဒိဋ္ဌိပဲ၊ သီလဗ္ဗတကတော့ သံသရာလွတ်မြောက်ရေး ဘာသာရေး တရားနဲ့ စပ်ပြီးတော့ ယုံကြည်ပြီး စွဲလမ်းတာကိုး၊ သူလဲ ဒိဋ္ဌိတမျိုးပဲ၊ သံသရာ လွတ်မြောက်ရေး မဟုတ်ဘဲနဲ့ သံသရာက လွတ်တယ် လို့ ယုံကြည် ယူဆတာ၊ ကျန်တဲ့ ဒိဋ္ဌိတွေ ဟူသမျှ အကုန်လုံး ဒိဋ္ဌိဥပါဒါန် ခေါ...
1,323,968
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတ္တဒိဋ္ဌိ၊ သီလဗ္ဗတဒိဋ္ဌိမှတပါး၊ မှားယွင်းသော အယူအဆ၊ စွဲလမ်းမှု ဟူသမျှက ဒိဋ္ဌိဥပါဒါန်၊ ဒီလို ဥပါဒါန်တရား ၄-ပါးစုံသွားပါပြီ။
1,323,969
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါန် ၂-မျိုး
1,323,970
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ အကျဉ်းချုပ်လိုက်ယင် ကာမုပါဒါန်ဆိုတာက တဏှာ သာယာနှစ်သက်မှု၊ သာယာပြီး စွဲလမ်းတာ၊ ဒိဋ္ဌိဥပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဆိုတာက အကျဉ်းချုပ်လိုက်ယင် ဒိဋ္ဌိ ချည်းတည်းပဲ၊ အထင်လွဲပြီး အယူမှားပြီး စွဲလမ်းတာ၊ ဒါကြောင့် “ထင်လွဲသာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်” လို့ ဘုန်းကြီးက ဆောင်ပုဒ် ပေးထားတယ်၊ အထင်လွဲပြီးတော့ စွဲလမ်...
1,323,971
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထင်လွဲသာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်။
1,323,972
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထင်လွဲပြီးတော့ စွဲလမ်းတာက ဒိဋ္ဌိဥပါဒါန်၊ သာယာနှစ်သက်ပြီး စွဲလမ်းတာက ကာမဥပါဒါန်၊ အကျဉ်းချုပ်တော့ ဒါ ၂-ခုပါပဲ။
1,323,973
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို စွဲလမ်းနိုင်တဲ့ တရားတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ ဥပါဒါန်၏ အာရုံဖြစ်တယ်၊ စွဲလမ်းမှုရဲ့ အာရုံဖြစ်လို့ စွဲလမ်းမှု လက်လှမ်းမိတဲ့ တရားတွေပါပဲ၊ “ငါ ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်”လို့ ဆောင်ပုဒ်ပေးထားတယ်၊ ဥပါဒါနက္ခန္ဓာ ဆိုတာ ဘာတုံးလို့ ဆိုယင် အဲဒီလို ငါဆိုပြီး စွဲလမ်းနိုင်တာ၊ ငါဆိုပြီး စွဲလမ်းတာဟာ ဒိဋ္ဌိဥပါဒါန...
1,323,974
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ငါ ငါ့ဥစ္စာ၊ စွဲကိုင်တာ၊ ဥပါဒါနက္ခန်။
1,323,975
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ငါအနေအားဖြင့် စွဲနေတာလဲ ဥပါဒါနက္ခန္ဓာပဲတဲ့၊ ငါ့ဥစ္စာအနေအားဖြင့် သာပြီး စွဲနိုင်တာ၊ ဥပါဒါနက္ခန္ဓာ၊ ငါအနေအားဖြင့် စွဲတယ်ဆိုတာ ဒိဋ္ဌိနဲ့ စွဲလမ်းတာပဲ၊ ငါ့ဥစ္စာ အနေအားဖြင့် စွဲလမ်း တယ်ဆိုတာ တဏှာနဲ့ သာယာပြီးတော့ စွဲလမ်းတာ၊ အဲဒီလို စွဲလမ်းနိုင်တဲ့ တရားတွေ ဟူသမျှ စွဲလမ်းမှု၏ လက်လှမ်းမီတဲ့ တရားတွေ ဟူသမျှဟာ ဥပါဒါန်ရဲ့ အာရုံတွေပဲ...
1,323,976
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်။
1,323,977
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်ဆိုတာ ရူပက္ခန္ဓာ၊ ပါဠိလိုက ရူပက္ခန္ဓ၊ ဗမာလို ရူပက္ခန္ဓာလို့ ခန္ဓကို ခန္ဓာလို့ ဒါလောက်ကလေး ပြင်ပြီးတော့ပြောတယ်၊ ဒါတွေက ဘာလဲ၊ ရုပ်တရားရဲ့ ရုပ်ခန္ဓာက တပါး၊ ဝေဒနာကို ဝေဒနာက္ခန္ဓာ က တပါး၊ သညာတဲ့၊ သညာက္ခန္ဓာက တပါး၊ သင်္ခါရာ - သင်္ခါရက္ခန္ဓာက တပါး၊ သင်္ခါရတရားတွေ၊ သင်္ခါရပေမယ့် ဒီသင်္ခါရက တမျိုး၊ သဗ္ဗေသင်္ခါရာ မဟုတ်ဘူး၊ ဒ...
1,323,978
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူသတ်ပမာ ငါးခန္ဓာ
1,323,979
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတရားတွေဟာ ငါဟူ၍လဲ စွဲလမ်းနိုင်တယ်၊ ငါ၏ ဥစ္စာ အနေအားဖြင့်လဲ သာယာ ပြီးတော့ အဲဒီလို စွဲလမ်းနိုင်တဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတရားတွေဟာ သူသတ်ယောက်ျား ကြီး ၅-ယောက်ပဲတဲ့၊ ဒါ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းမှာ အသီးအသီး ဒီခန္ဓာငါးပါး တရားတွေ ရှိနေကြတယ်၊ သူသတ် ယောက်ျားကြီးတွေတဲ့၊ ကိုယ်ထဲမှာ သူသတ် သမားတွေ လက်ခံထားကြတယ်၊ သူသတ်သမားကြ...
1,323,980
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပမာအားဖြင့် ဘာနဲ့ တူသလဲဆိုယင် လူတယောက်ဟာ ရန်သူဖြစ်တဲ့ ပုဂ္ဂိုလ်ကို သတ်ဖို့ရာ ကြံစည်တယ်တဲ့၊ ဒါပေမယ်လို့ အဲဒီ သူမုန်းတဲ့ ပုဂ္ဂိုလ်က အခြွေအရံတွေနဲ့ အစောင့်အရှောက်တွေနဲ့ အစစအရာရာ ပြည့်စုံနေတော့ သတ်ဖို့ရာ မလွယ်ဘူးတဲ့၊ ထင်ထင်ရှားရှား သတ်ဖို့ရာ မလွယ်ဘူး၊ ပူးပေါင်းပြီး သတ်မှပဲလို့ ရန်သူဖြစ်တဲ့ ပုဂ္ဂိုလ်က အဲဒီ ပုဂ္ဂိုလ်ထံသွားပ...
1,323,981
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နောက်တနေ့ တချိန်ကျတဲ့ အခါကျတော့ ရန်သူဖြစ်တဲ့ ပုဂ္ဂိုလ်က ဒီအချိန် ဒီအခါ ကာလ တော့ဖြင့်ယင် သတ်နိုင်တဲ့အချိန်ပဲ ဆိုပြီးတော့ အဲဒီပုဂ္ဂိုလ်ကို တောစခန်းမှာ ဖြစ်စေ၊ သင့်တော်တဲ့ တနေရာ မှာဖြစ်စေ၊ အိမ်တခုထဲ တနေရာထဲမှာ အတူတူ ၂-ယောက်ထဲနေရတဲ့ အခါအခွင့် ရတာပေါ့လေ၊ အဲဒီလိုနေရာမှာ တခြားသောပုဂ္ဂိုလ်တွေ ကူညီမယ့် ပုဂ္ဂိုလ်မရှိဘူး၊ သက်သေ သ...
1,323,982
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို အသတ်ခံရတဲ့ ပုဂ္ဂိုလ်နဲ့ သတ်တဲ့ပုဂ္ဂိုလ် ၂-ဦးရှိတယ်၊ အသတ်ခံရတဲ့ ပုဂ္ဂိုလ်က လူကောင်း၊ သတ်တဲ့ပုဂ္ဂိုလ်က လူဆိုး၊ အသတ်ခံရတဲ့ ပုဂ္ဂိုလ်က သတ်တဲ့လူဆိုးကို စောစောက သူလက်ခံ တယ်၊ ရင်းရင်းနှီးနှီးနဲ့ ခင်ခင်မင်မင်နဲ့ လက်ခံတယ်၊ သူကလဲပဲ အသတ်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုး ကိစ္စတွေကို သူဆောင်ရွက်ခဲ့တယ်၊ အဲဒီလို ရင်းရင်း နှီးနှီးနဲ့...
1,323,983
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ့်ဘဝ ကိုယ်သာယာ
1,323,984
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါလိုပါပဲ၊ အခု ပုဂ္ဂိုလ်တိုင်း၏ သန္တာန်မှာ အသီးအသီးရှိပြီးတော့ နေကြတဲ့ ခန္ဓာ ငါးပါး တရား တွေဟာ သူသတ်သမားတွေတဲ့၊ ဒါတွေဟာ ပဋိသန္ဓေ ရကတည်းက စပြီးတော့ ခန္ဓာငါးပါး စပြီး ရလာကြတယ်၊ ပဋိသန္ဓေ တုန်းကတော့ မသိသေး ဘူးပေါ့လေ၊ ဒါပေမယ့် မသိပေမယ့် သာယာမှု တွေ ရှိတယ်၊ ကိုယ့်ကိုယ်ကိုတော့ သာယာတယ်၊ ကျမ်းဂန်တွေ အနေအားဖြင့် ပြောရမယ် ဆိုလိ...
1,323,985
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရှေးဘဝက ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ယခု ဘဝ အသစ် ပဋိသန္ဓေ စိတ်ကလေး ဖြစ်လာတယ်၊ ရှေးက ပြုခဲ့တဲ့ကံကို အာရုံပြုပြီး ဂတိနိမိတ်ကို အာရုံပြု၍ ဖြစ်စေ၊ ရှေးဦးစွာ စိတ်ကလေး ဖြစ်တယ်၊ အဲဒါ ပဋိသန္ဓေစိတ် ခေါ်တယ်၊ အဲဒီ ပဋိသန္ဓေစိတ် ပြီးတော့လဲပဲ အလားတူ စိတ်တွေ ဆက်ပြီးတော့ ဖြစ်တယ်၊ ဘဝင်စိတ်တွေ ခေါ်တယ်၊ ဒါတွေကတော့ စဉ်းစားတဲ့ ကြံစည်တဲ့ စိတ...
1,323,986
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အပါယ် ၄-ဘုံဖြစ်လဲ ကိုယ့်ဘဝကလေးနဲ့ကိုယ် သာယာတာပဲ၊ ငရဲကျယင် ငရဲမှန်း ဘာမှန်း ဘယ်သိလိမ့်မှာတုံး၊ ဖြစ်ခါစကတော့ ကိုယ့်ကိုယ်ကလေးတော့ သာယာတာပဲ၊ ပဋိသန္ဓေလဲ သာယာတာပဲ၊ ပြိတ္တာဖြစ်လဲ သာယာတာပဲ၊ ကိုယ့်ဟာနဲ့ကိုယ် လူဖြစ်တဲ့ အခါလဲ သာယာတာပဲ၊ နတ်ဖြစ်တဲ့အခါလဲ သာယာတာပဲ၊ ဗြဟ္မာဖြစ်တဲ့အခါလဲ ဗြဟ္မာ ဘဝတွေကို သာယာတာပဲ၊ အဲဒီလို မသာယာတဲ့ ဘဝတခုပဲ...
1,323,987
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထူးအားဖြင့်တော့ တော်တော်လေး သိတတ်လာတဲ့ အခါကျတော့မှ နှစ်သက် သာယာမှု များလာ ပါတယ်၊ တော်တော်လေး ကြီးပြင်းလာလို့ တော်တော် သိတတ် လာပြီ ဆိုတဲ့အခါမှာ အဲဒီအခါမှာ သာယာမှုများတယ်၊ ပျိုပျိုရွယ်ရွယ် ဖြစ်လာတဲ့ အခါကျတော့ ပိုပြီးသာယာတာပေါ့လေ၊ ယောက်ျားပဲ ဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ ကိုယ့်ရုပ် အဆင်းကလေးကြည့်ပြီးတော့လဲ သာယာလိုက်၊ ကိုယ့...
1,323,988
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထဝီဓာတ်တွေ ခက်မာကြမ်းတမ်းတဲ့ သဘော နူးညံ့တဲ့ သဘောတွေ၊ ချောညက်တဲ့ သဘောတွေ သာယာတာ ရှိတာပေါ့လေ၊ လက်ထဲကဖြစ်ဖြစ်၊ ခြေထဲကဖြစ်ဖြစ်၊ ကိုယ်ထဲကဖြစ်ဖြစ် သာယာ နေတာပဲ၊ စိုစိုပြေပြေ ဖြစ်ပြီးတော့ နေတဲ့သဘောတွေ၊ အာပေါဓာတ်တွေ၊ အာပေါဓာတ်တွေ စိုစိုပြေပြေ ဖြစ်ပြီးတော့ ပြည့်ပြည့်ြုဖိးြုဖိး ဖြစ်နေတာတွေကို သာယာနေတယ်၊ ဝါယောဓာတ်တွေ တောင့်တောင့်...
1,323,989
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခန္ဓာငါးဖြာ သာယာနေကြခြင်း
1,323,990
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့က မြွေကြီး ၄-ကောင်တုန်း ကလဲပဲ မြွေကြီးတွေကို အကောင်းမှတ်ပြီးတော့ သာယာနေတာကို အခုခန္ဓာငါးပါး တရားတွေလဲပဲ သာယာနေကြတာ၊ ခန္ဓာငါးပါး တရားတွေ ရုပ်ကိုယ်ကြီးတခုလုံး၊ ကိုယ့်ကိုယ်ထဲမှာ ရှိတဲ့ ရုပ်ကိုယ်ကြီး တခုလုံးဟာ ဘယ်အစိတ်အပိုင်းဖြစ်ဖြစ် သူဟာ အသုံးကျတာလေးတွေပဲ၊ ကိုယ်ထဲမှာ ဖြစ်နေတဲ့ အခါမှာ အသုံးကျတယ်၊ ကိုယ်မှာ ပေါက်နေတဲ့ အမ...
1,323,991
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နာမ်တရားတွေတဲ့၊ ဝေဒနာခံစားမှုတွေ သာယာတယ်၊ သညာ မှတ်သားမှုတွေ သာယာတယ်၊ ဝိညာဉ်သိမှုတွေ သာယာတယ်၊ သင်္ခါရခေါ်တဲ့ ပြုပြင်အားထုတ်မှုတွေ၊ ကွေးအောင်, ဆန့်အောင်, ထိုင်အောင်, ထအောင်, သွားအောင်, လာအောင်, မြင်အောင်, ကြားအောင် စသည်ဖြင့် ပြုပြင် အားထုတ်မှုတွေ၊ အဲဒါတွေ သင်္ခါရ တရားတွေခေါ်တယ်၊ အဲဒါတွေကို သာယာနေတယ်၊ အဲဒါတွေ အချိုးအစား က...
1,323,992
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခုနက ရန်သူ သူသတ်သမားကိုယ့်အိမ် ရောက်လာတာကို မိတ်ဆွေမှတ်ပြီးတော့ လက်ခံထား တာနဲ့ တူတယ်၊ နေရာကောင်းတွေထား၊ အကောင်းအမွန်တွေ ကျွေးပြီး တော့ စောင့်ရှောက်ထား တာနဲ့ တူတယ်၊ အဲဒါ ဥပါဒါနက္ခန္ဓာငါးပါး တရားတွေကို ငါ၏ဥစ္စာ အနေအားဖြင့်လဲ သာယာ တယ်တဲ့၊ ငါကောင် အနေအားဖြင့်လဲပဲ ထင်မှတ် စွဲလမ်းပြီးတော့ နေတယ်၊ ဥပါဒါနက္ခန္ဓာ ငါးပါး တရားတွေဟ...
1,323,993
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခန္ဓာရှိလို့ သေရခြင်း
1,323,994
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့ကျတော့ သေလို့ရှိယင် ဘယ်သူ့ကြောင့် သေတုံး၊ ခန္ဓာငါးပါးရှိလို့ သေရတယ်၊ ခန္ဓာငါးပါး ရှိလို့သေတာ၊ လောကမှာ အကြောင်းဆိုတာတော့ ရှိတာပေါ့လေ၊ ဒီလိုဆိုလို့ရှိယင် သေတယ်ဆိုလို့ ရှိယင်တော့ တစုံတယောက်က သတ်လို့ သေလို့ရှိယင် ဘယ်သူသတ်လို့ သေရတယ်ဆိုတာကတော့ ရှိတာပေါ့၊ ရန်သူက သတ်လို့သေတယ်၊ မြွေကိုက်လို့ သေတယ် စသည်ဖြင့် အကြောင်းကတော့ လ...
1,323,995
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဋ္ဌကထာများမှာ ပြထားတာကတော့ ခန္ဓာငါးပါးတရားတွေဟာ ရုပ်ခန္ဓာကလဲပဲ နာမ်ခန္ဓာတွေ သတ်တယ်တဲ့၊ နာမ်ခန္ဓာကလဲ ရုပ်ခန္ဓာတွေ သတ်တယ်တဲ့၊ ခန္ဓာငါးပါး အချင်းချင်းလဲပဲ တခုတခု သတ်တတ်တယ်တဲ့၊ အဲဒီလိုပြတယ်၊ ဒါကတော့ သိဖို့ရာ တယ်မလွယ်ဘူး။
1,323,996
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်ရှိလို့ သေရခြင်း
1,323,997
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အများသိလွယ်တာကတော့ ရုပ်ခန္ဓာက သူက အထင်ရှားဆုံး၊ ဒီရုပ်ခန္ဓာ ရုပ်ရှိလို့ သေမှုတွေ ထင်ရှားတာ၊ နာမ်ကတော့ နာမ်တရား သက်သက်ကတော့ သူက မထင်ရှားဘူး၊ နာမ်တရား သက်သက်လဲ အရူပဘုံတွေမှာ အသက်တမ်းကုန်တဲ့အခါ သေတော့သေတာပဲ၊ ဒါပေမယ့် သူတို့က သိပ်မထင်ရှားဘူး၊ ရုပ်ခန္ဓာတွေကတော့ ထင်ရှားတယ်။
1,323,998
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လူတဦးတယောက်က နေပြီးတော့ ဓားနဲ့ထိုးလို့ သေရတယ်၊ တုတ်နဲ့ရိုက်လို့ သေရတယ်၊ လှံနဲ့ထိုး လို့ သေရတယ်၊ သေနတ်နဲ့ပစ်လို့ သေရတယ် စသည်ဖြင့် ပေါ့လေ၊ လက်နက်နဲ့ သေအောင် လုပ်လို့ သေရတယ် ဆိုတာကတော့ ဘယ်သူ့ ကြောင့်တုံး၊ ရုပ်ရှိလို့ပဲ၊ ရုပ်ရှိလို့ပဲ၊ ရုပ်မရှိလို့ရှိယင် ဓားနဲ့ ခုတ်လို့လဲ မခုတ်နိုင်ဘူး၊ စိတ်နာမ်တရားချည်းပဲ ရှိနေတယ်ဆိုပါတော...
1,323,999
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု ရုပ်ရှိလို့ ရုပ်ခန္ဓာရှိတော့ကို ရုပ်ခန္ဓာကို ပျက်စီးစေတတ်တဲ့ လက်နက်နဲ့ ဖျက်ဆီး ရတယ်၊ ရောဂါဝေဒနာတွေ ဖြစ်တယ်ဆိုတာလဲပဲ ရောဂါဝေဒနာ အထူးအဆန်းတွေ နှလုံးရောဂါ၊ သွေးတိုး ရောဂါစသည်ဖြင့် ပေါ့လေ၊ တခြားရောဂါတွေလဲ ရှိပါတယ်၊ အဲဒီရောဂါတွေဟာလဲ ရုပ်မှီ ဖြစ်တာပဲ၊ စိတ်သက်သက်နဲ့ ဆိုယင် မဖြစ်နိုင်ဘူး၊ စိတ်သက်သက်ဆိုယင် ရောဂါမဖြစ်နိုင်ဘူ...
1,324,000
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်နာမ်ရှိလို့ သေရတာ