id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,324,001
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ ရုပ်သက်သက်သာလား ဆိုတော့ နာမ်မရှိယင်လဲပဲ ဒါက အရေးမကြီးဘူး၊ ရုပ်သက်သက် ဆိုယင် နာမ်ကလေး ကလဲပဲ ရှိတယ်၊ ရုပ်သက်သက်တွေ ဆိုယင် ကျောက်ခဲတလုံး ဆိုပါတော့၊ ကျောက်ခဲတလုံး တူနဲ့ထုလိုက်လို့ ကွဲသွားလဲ မသေ သေးဘူး ဆိုရမယ်၊ နာမ်မှ မရှိပဲဟာကိုး၊ နာမှန်းကျင်မှန်းလဲ မသိဘူး၊ ဝေဒနာမရှိလို့ နာခြင်းကျင်ခြင်း မရှိဘူး၊ မီးနဲ့ဖုတ်လိုက်၊ ဘာ...
1,324,002
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အခု လူပုဂ္ဂိုလ်တွေမှာ သတ္တဝါတွေမှာတော့ ရုပ်လဲရှိတယ်၊ နာမ်လဲရှိတယ်၊ ရုပ်ပျက် ယင်လဲ နာမ်ပျက်၊ နာမ်ပျက်ယင်လဲ ရုပ်ပျက်တယ်၊ များသောအားဖြင့်တော့ ရုပ်ပျက်လို့ နာမ်ပျက် တာပဲ များပါတယ်၊ ဒါပေမယ့် နာမ်ပျက်လို့ ရုပ်ပျက်တာလဲ ရှိတယ်၊ နာမ်ပျက်လို့ ရုပ်ပျက်တာက စိတ္တဇ ရောဂါတွေ ဆိုတာ နာမ်ကပျက်တာ၊ ရုပ်ကမပျက်ဘူး၊ သူတို့ရုပ်က အကျန...
1,324,003
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ ရုပ်ခန္ဓာပျက်လို့ သေတာလဲ ရှိတယ်၊ နာမ်ခန္ဓာပျက်လို့ သေတာလဲ ရှိတယ်၊ ဘေးက ပုဂ္ဂိုလ်တွေက ဘယ်လိုပဲ သတ်ဖြတ်ဖျက်ဆီး စေကာမူ သေတတ်တဲ့ ရုပ်နာမ်ခန္ဓာတွေ မရှိယင် မသေနိုင်ဘူး၊ သေတတ်တဲ့ ရုပ်နာမ်ခန္ဓာတွေ ရှိလို့သေရ တယ်တဲ့၊ ဒါကြောင့် ဘဝတိုင်း ဘဝတိုင်း သတ္တဝါတွေ သေနေတာဟာ ဘယ်သူ့ ကြောင့်တုံးဆို လက်သယ် အရင်းခံက ဒီရုပ်တရား နာမ်တရာ...
1,324,004
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ သေသေချာချာ စာရင်းတွက်ကြည့်လိုက်တယ် ဆိုလို့ရှိယင် ရုပ်နာမ်ခန္ဓာ တွေဟာ သူသတ်သမားတွေပဲ၊ သူတို့ သတ်နေတာ၊ ဘဝတိုင်း ဘဝတိုင်း ဘဝ အသစ်ဖြစ်ရာ ဘဝမှာ သေရတယ်တဲ့၊ သူတို့ သတ်နေတာပဲ၊ ဒါကြောင့် - ဘိက္ခဝေ၊ ရဟန်းတို့။
1,324,005
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပစ္စတ္တိကာ၊ ရန်သူကြီးတို့ ဖြစ်ကုန်သော။
1,324,006
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဉ္စဝဓကောတိခေါ ဧတံ၊ ငါးဦးသော သူသတ်သမားတို့ဟူသော ဤအမည်သည်။
1,324,007
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါန်၏အာရုံဖြစ်သော ခန္ဓာငါးပါးတို့၏။
1,324,008
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူသတ်ကြီး ငါးယောက်ဆိုတာ တခြားမဟုတ် သတ္တဝါတွေသန္တာန်မှာ အသီးသီး ရှိပြီးတော့ နေကြတဲ့ ဥပါဒါနက္ခန္ဓာ လို့ခေါ်တဲ့ ခန္ဓာငါးပါး တရားတွေပဲ၊ အကျဉ်း ချုပ်လိုက် လို့ရှိယင် ရုပ်နာမ်တရား တွေပေါ့၊ ရုပ်ခန္ဓာကတမျိုး၊ နာမ်ခန္ဓာက ၄-မျိုး ရှိတယ်၊ ၄-မျိုးကို နာမ်အဖြစ်နဲ့ ပေါင်းလိုက်ယင် နာမ်တရား ရုပ်တရား ၂-ခုပါပဲ၊ ရုပ်နာမ်ခန္ဓာတွေ အဲဒီ ရုပ...
1,324,009
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ သူသတ်ကြီး ငါးယောက်ကဲ့သို့ မိမိတို့သန္တာန်မှာရှိတဲ့ ရုပ်နာမ်ခန္ဓာတွေကိုမြင်ရမှာ၊ မြင်ဖို့ ကတော့ တယ်မလွယ်လှဘူး၊ ရုပ်နာမ်ခန္ဓာတွေပဲ အားကိုးနေရတာ၊ ခုနက မိတ်ဆွေ ယောင်ဆောင် ပြီးတော့ လာတဲ့ ရန်သူကို အိမ်ထဲမှာသွင်းပြီးတော့ နေရာ ကောင်းတွေပေး၊ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီးတော့ ချီးမြှောက်ထားတာနဲ့ တူနေတယ်၊ ဒီခန္ဓာငါးပါး ...
1,324,010
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ အိပ်ရာက ထတော့ မျက်နှာလေးသစ်ရ၊ ရေတို့ချိုးရ၊ အစားကောင်း အသောက် ကောင်း လေးတွေ ကျွေးရတယ်၊ အစစအရာရာ နေသာထိုင်သာ ရှိအောင်လို့ အမြဲတမ်း ပြုစုနေရတယ်၊ ဒီရုပ်နာမ်ခန္ဓာတွေကို ရန်သူကြီးတွေပဲ၊ ငါမပြုစုပါဘူးဆိုပြီး ပစ်ထား ယင်လဲ မြန်မြန်သေမှာပဲ၊ ပြုစုအုံးမှဖြစ်မှာ မပြုစုပဲထားလဲပဲ နေရာတော့ မကျဘူး၊ အဲဒီတော့ ရန်သူကြီးတွေပဲ၊ ဒီ ရန်...
1,324,011
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ လူသတ်သမားကြီး ငါးယောက်၊ အကျဉ်းအားဖြင့်တော့ ရုပ်သူသတ်သမားက တယောက်၊ နာမ်သူသတ်သမား တယောက် ၂-ယောက် ဆိုယင်လဲပဲ ဖြစ်နိုင်ပါတယ်၊ ရုပ်နာမ် ၂-ပါး၊ အဲဒီ ရုပ်နာမ် ၂-ပါး ခန္ဓာငါးပါး တရား တည်းဟူသော သူသတ် သမားတွေက လွတ်မြောက်အောင်လို့ ပြေးရမယ်လို့ မြတ်စွာဘုရားက ညွှန်ကြား ထားတယ်။
1,324,012
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြောက်ယင် တရားအားထုတ်ကြ
1,324,013
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့ကပြောခဲ့တဲ့ မြွေကြီး ၄-ကောင် ကြောက်လို့လဲ ပြေးရမယ်၊ ခန္ဓာငါးပါး တည်း ဟူသော သူသတ်သမားတွေ ကြောက်လို့လဲ ပြေးရမယ်၊ ပြေးတယ်ဆိုတာ ဘာတုန်း၊ ဝိပဿနာတရားတွေ အားထုတ်နေတာပဲ၊ ဝိပဿနာတရား အားထုတ်လို့ရှိယင် ဒါပြေးတာပဲ၊ ရှုတိုင်းရှုတိုင်းဟာ ခြေ တလှမ်း တလှမ်း ပြေးတာနဲ့ တူတယ်။
1,324,014
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မရှုပဲနဲ့နေတဲ့ ပုဂ္ဂိုလ်တွေ မပြေးဘူး၊ ဒါကတော့ သတ္တိကောင်းတဲ့ ပုဂ္ဂိုလ်တွေလို့ ဆိုရမှာပေါ့လေ၊ ဘာမှတရား အားမထုတ်ဖူးဘူး၊ မြွေကြီး ၄-ကောင်လဲ သူ မကြောက်ဘူး၊ ရန်သူကြီးငါးဦး သူသတ် သမားတွေလဲ သူမကြောက်ဘူး၊ လာခဲ့ကြ၊ ငါကကိစ္စမရှိဘူး၊ ငါကြာလှပြီ၊ ဘဝတိုင်း ဘဝတိုင်းက ငါအသတ်ခံလာတာ၊ မြွေကြီး ၄-ကောင် ကိုက်လို့ သေခဲ့တာလဲများလှပြီ၊ ခန္ဓာ...
1,324,015
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အားထုတ်ရတယ်၊ ကြောက်တဲ့ ပုဂ္ဂိုလ်တွေ အားထုတ်ရတယ်၊ သံသာရဘီရုပ ပုဂ္ဂိုလ်တဲ့၊ သံသရာကို ကြောက်တဲ့ ပုဂ္ဂိုလ်၊ အဲ ဟိုပုဂ္ဂိုလ်တွေက သံသရာကို မကြောက်တဲ့ ပုဂ္ဂိုလ်တွေ၊ သံသရာ မကြောက်တဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ဆုံးကျတော့ ဘာဖြစ်တတ်သလဲဆိုတော့ တချို့ ပုဂ္ဂိုလ်တွေက ကျမ်းဂန်တွေက ဆိုထားတာပဲ၊ သံသာရခါဏုက...
1,324,016
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ မြတ်စွာဘုရား ဆုံးမတဲ့အတိုင်း ဝိပဿနာရှုပြီး တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မြွေကြီး ၄-ကောင် ကြောက်လို့ ပြေးနေတာ မည်တယ်၊ ခန္ဓာငါးပါး သူသတ်တရားတွေ ဆိုတာ ဘယ်ဟာတွေတုံး ဆိုယင် တခြားမဟုတ်ဘူး၊ မိမိတို့ သန္တာန်မှာ ရှိတယ်၊ မိမိတို့သန္တာန်မှာ ကိုယ်ကြီး တကိုယ်လုံးဟာ ရုပ်တရား၊ ရုပ်ခန္ဓာတွေပဲ၊ အလွယ်တကူ ပြောရမယ်ဆိုယင် ရုပ်...
1,324,017
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်တရား ထင်ရှားရာ ၆-ခု
1,324,018
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ်လို့ ဒီရုပ်တရားတွေဟာ ဘယ်မှာ ထင်ရှားသလဲ ဆိုယင် ဒွါရ ၆-ပါးမှာ ထင်ရှားတယ်၊ မျက်စိက မြင်ရတဲ့အခါမှာ ထင်ရှားတယ်၊ နားက ကြားရတဲ့အခါမှာ ထင်ရှားတယ်၊ နှာခေါင်းက နံရတဲ့အခါမှာ ထင်ရှားတယ်၊ လျှာက အရသာတွေ့တဲ့ အခါမှာ ထင်ရှားတယ်၊ ကိုယ်က တွေ့ထိ တဲ့အခါမှာ ထင်ရှားတယ်၊ စိတ်ကူးစဉ်းစားတဲ့ အခါမှာ ထင်ရှားတယ်၊ ၆-ဌာနကနေပြီး ထင်ရှား တယ်။
1,324,019
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ၆-ဌာန မရှိလို့ရှိယင် မထင်ရှားဘူး၊ မျက်စိမရှိယင် ကိုယ်မြင်ရတဲ့ အဆင်းတွေ မမြင်ရဘူး၊ မြင်ရတဲ့အဆင်းတွေ အကုန်လုံးမြင်ရတဲ့ ရုပ်တွေ လုံးလုံး မထင်ရှား တော့ဘူး၊ ပြောလို့လဲ မဖြစ်ဘူး၊ ပဋိသန္ဓေ ကတည်းက စပြီးတော့ မျက်စိမမြင်တဲ့ ပုဂ္ဂိုလ်ကို အဆင်းအကြောင်း ပြောလို့ ဘာမှ နားမလည်ဘူး၊ အခု လူတွေပြောလိုက်လို့ ရှိယင် မျက်စိနဲ့မြင်ရတာ အ...
1,324,020
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဋိသန္ဓေကတည်းက စပြီးတော့ မသိတဲ့ ပုဂ္ဂိုလ်များ ဘာမှနားမလည်ဘူး၊ အဋ္ဌကထာ က ဥပမာ တခု ပုံစံကလေးတခုပြောတာ ကြားဘူးတယ်၊ မျက်စိမမြင်တဲ့ပုဂ္ဂိုလ်က သူ့မိတ်ဆွေတွေ မေးမယ်၊ ဟေး - မင်းတို့ ဘာတွေများ စားသောက်လာကြသလဲ၊ နွားနို့ သောက်လာတယ်။
1,324,021
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နွားနို့ဟာ ဘယ့်နှယ်နေတုံးကွ၊ နွားနို့က ဖြူဖြူပါပဲ၊ မျက်စိမမြင်တဲ့ ပုဂ္ဂိုလ် နွားနို့ကိုလဲ သူကမသိတော့ နွားနို့ဟာ ဘယ့်နှယ်နေတုံးလို့ မေးတော့ ဖြူဖြူပါပဲတဲ့ ပြောတယ်၊ မျက်စိမမြင်တဲ့လူက နားမလည်ဘူး၊ ဖြူဖြူဆိုတော့ ဘယ့်နှယ်နေတုံးကွ၊ ဖြူဖြူဆိုတာ ထုံးလိုပါပဲကွာ၊ ထုံးလဲ သူက မြင်ဘူးတာ မဟုတ်ဘူး။
1,324,022
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိမမြင်တဲ့လူက ထုံးဟာ ဘယ့်နှယ်နေတုံး၊ ထုံးဟာ ဗျိုင်းလိုပါပဲကွာ၊ ဖြူနေတာပါပဲ၊ ဗျိုင်းလိုပေါ့၊ ဗျိုင်းလဲ သူက မြင်ဘူးတာ မဟုတ်တော့ ဗျိုင်းက ဘယ့်နှယ်နေတုံးကွမေးတယ်၊ အဲဒီတော့ အနားနားမှာ ကောက်ဆွလေး ရှိတယ် ဆိုတာကိုး၊ ကောက်ဆွလေးက အဖျားပိုင်းကလေးက ဗျိုင်းခေါင်းနဲ့ နည်းနည်း တူတယ်၊ ဗျိုင်းဆိုတာ ဟောဒီ ကောက်ဆွကလေး လိုပါပဲ၊ ဗျိုင်...
1,324,023
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားမကြားတဲ့ ပုဂ္ဂိုလ်၊ ဒါကတော့ ပြောလို့ မဖြစ်ဘူး၊ သူကတော့ ကြပ်တယ်၊ နား မကြားမှတော့ အသံအကြောင်း သူမသိနိုင်ဘူး။
1,324,024
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နှာခေါင်း မရှိတဲ့ပုဂ္ဂိုလ် ဆိုယင်လဲပဲ အနံ့အကြောင်း သူမသိနိုင်ဘူး၊ နှာခေါင်း မရှိတဲ့ ပုဂ္ဂိုလ်ကလဲ ရှားတယ်၊ဒါပေမယ့် တဦးတလေတော့ ရှိတယ်၊ ဘုန်းကြီးများ ခပ်ငယ်ငယ်တုန်းက ကိုယ်တော် တပါး တွေ့ဘူးတယ်၊ သူ့မှာ ဘာမှအနံ့မရဘူး၊ မွှေးတဲ့အနံ့လဲ မရဘူး၊ ပုပ်တဲ့အနံ့လဲ မရဘူး၊ ဒါငယ်ငယ်ကတည်းက စပြီးတော့ အနံ့မရဘူး၊ ရေမွှေးတွေ ခေါင်းအုံးပေါ် ဖြန...
1,324,025
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ ဒီရုပ်တရားတွေဟာ တကိုယ်လုံး ရှိနေသော်လဲပဲ ထင်ရှားတဲ့ အခါကာလမှာ မျက်စိက မြင်ရာကနေပြီး ထင်ရှားတယ်၊ ကြားရာက, နံရာက, စားရာက, တွေ့ထိရာက, စိတ်ကူး စဉ်းစား ကြံစည်ရာက ထင်ရှားတယ်၊ ၆-ဌာနက ထင်ရှား တယ်။
1,324,026
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နာမ်တရားတွေကတော့ သူက ဒွါရ ၆-ပါးမှာပဲ ဖြစ်တယ်၊ ရုပ်တရားတွေလို အမြဲတမ်း ရှိမနေဘူး၊ ရုပ်တရားကတော့ သိချင်သိ၊ မသိချင်နေ၊ ကိုယ်ကြီး တကိုယ်လုံးက အမြဲတမ်း ရှိနေတာပဲ၊ ပဋိသန္ဓေ ကတည်းက စပြီးတော့ ကံကြောင့်ဖြစ်တဲ့ရုပ်တွေ ခဏတိုင်း ခဏတိုင်း ဖြစ်နေတယ်၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေလဲ စိတ်တိုင်း ဖြစ်နေတယ်၊ ဥတုကြောင့် ဖြစ်တဲ့ ရုပ်တွေလဲ ခဏတ...
1,324,027
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နာမ်တရားတွေကတော့ တကိုယ်လုံး နေရာတကာမှာ ရှိနေတာ မဟုတ်ဘူး၊ နာမ်တရား ဆိုတာကတော့ ဒွါရ ၆-ပါးက ပေါ်ခိုက်ပေါ်ခိုက် ရှိတယ်၊ အမြဲတမ်း အားဖြင့် ဘဝင်ဆိုတာက အဋ္ဌကထာ ဆရာတွေ ပြတဲ့အထဲမှာ ဟဒယဝတ္ထုမှာ ဟဒယ ဝတ္ထုရုပ်ကလေး မှီပြီးတော့ နေတယ်၊ နှလုံးရုပ်ထဲက နှလုံးသွေးထဲမှာ တည်နေတယ်၊ စိတ်၏တည်ရာ မှီရာဖြစ်တဲ့ ရုပ်ကလေးတခု ရှိတယ်၊ အဲဒီရုပ်ကလေးကို...
1,324,028
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်စိတ် စသည်ဖြစ်
1,324,029
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရှေးကံအားလျော်စွာ ဒီဘဝင်စိတ်တွေ ဆက်ခါဆက်ခါ ဖြစ်နေသမျှ ကာလပတ်လုံး အသက်ရှင်နေ တာပဲ၊ ရှေးကံက အားကြီးကြီးက, အားကောင်းကောင်း ကနေပြီး အကျိုးပေးလိုက်ယင် ဘဝင် စိတ်တွေ အများကြီး၊ အစဉ်အတန်းကြီး ကြာရှည် လေးမြင့်စွာ ဖြစ်တယ်၊ အဲဒါ အသက်ရှင်နေတာပဲ၊ အဲဒီ ဘဝင်စိတ်ထဲကမှ ထပြီးတော့ မြင်စရာ အဆင်းပေါ်လာတဲ့အခါ မြင်တယ်၊ မျက်စိထဲမှာ အဆင်းထင်လာ...
1,324,030
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုတော့ ခပ်ရှင်းရှင်းပဲ ပြောရမယ်၊ ရှေးတုန်းကတော့ အကျယ်လဲ ပြောဘူးပါတယ်၊ ဝီထိတွေ ချပြီးတော့ မြင်တဲ့အခါ မြင်စိတ်ဖြစ်တယ်၊ နားထဲမှာ အသံကျလာတဲ့ အခါကျတော့ ဒီမှာ အသံ ကြားတဲ့စိတ် ဖြစ်တယ်၊ နှာခေါင်းထဲမှာ အနံ့ရောက်လာတဲ့ အခါ အနံ့မွှေးတဲ့စိတ်ဖြစ်တယ်၊ လျှာမှာ အရသာ လျှာပေါ်ရောက်လာတဲ့ အခါမှာ အရသာ သိတဲ့စိတ်ဖြစ်တယ်၊ ကိုယ်ကလဲ တွေ့ထိတဲ့ အ...
1,324,031
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတွင်းကလဲပဲ ဗိုက်ထဲကနေပြီး တွေ့ထိနေတာတွေ အများကြီး ရှိတယ်၊ မျက်စိ မှိတ်လိုက်၊ ဖွင့်လိုက်ဆိုယင် အဲဒီမှာ အတွေ့အထိတွေ ရှိတယ်၊ ပါးစပ်ထဲကလဲ လျှာကလေးနဲ့ ဟိုထိဒီထိ တွေ့ထိနေတာတွေ ရှိတယ်၊ လည်ချောင်းထဲ လျှောက်ပြီး တော့ တံတွေး စသည်တွေနဲ့ တွေ့ထိ နေတာတွေ ရှိတယ်၊ အူထဲ အသည်းထဲကနေပြီး တွေ့ထိနေတာတွေလဲ ရှိတယ်၊ ပြည့်လို့ပါပဲ၊ အတွေ့အထိ တွ...
1,324,032
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စိတ်ကူးစဉ်းစား တာတွေကလဲ မပြတ်လိုပဲ၊ မြင်ပြီးယင် စိတ်ကူးနေတာ၊ ကြားပြီး ယင်လဲ စိတ်ကူး တယ်၊ နံပြီးယင်လဲ စိတ်ကူးတယ်၊ တွေ့ထိပြီးယင်လဲ စိတ်ကူးတယ်၊ စိတ်ကူးကတော့ နောက်က အမြဲတမ်း လိုက်နေတယ်၊ မြင်ပြီးတာနဲ့ မြင်တာကို စဉ်းစားတယ်၊ ကြားပြီးတာနဲ့ ကြားတာကို စဉ်းစားတယ်၊ ခဲခဲယဉ်းယဉ်း မဟုတ်ဘူး၊ မြင်ပြီးတာနဲ့ စဉ်းစားပြီးသား ဖြစ်သွားပြီ၊ အ...
1,324,033
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ဒွါရ ၆-ပါးက နာမ်တရားတွေလဲ ဒွါရ ၆-ပါးမှာ ဖြစ်ခိုက်ဖြစ်ခိုက်မှာ သူကလဲ ထင်ရှားတယ်၊ အဲဒီ ထင်ရှားတဲ့ တရားတွေဟာ ခန္ဓာငါးပါးတွေပဲ၊ ဒီခန္ဓာငါးပါး တွေဟာ တခြားမှာရှိတာ မဟုတ်ဘူး၊ ဒွါရ ၆-ပါးက ထင်ရှားပေါ်နေတဲ့ တရားတွေတဲ့။
1,324,034
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ထင်ရှားပေါ်လာတဲ့ တရားတွေကို ဝိပဿနာ မရှုမမှတ်လို့ရှိယင် တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲလမ်း ပြီးတော့ သွားနိုင်တယ်၊ ဥပါဒါနက္ခန္ဓာ-ဥပါဒါန်၏ အာရုံတွေ ဖြစ်သွား နိုင်တယ်၊ တဏှာနဲ့ သာယာ ပြီးတော့ စွဲလမ်းနိုင်တယ်၊ ဒိဋ္ဌိနဲ့ အထင်မှားပြီးတော့ စွဲလမ်းနိုင်တယ်။
1,324,035
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ရာမှာ ခန္ဓာငါးပါး
1,324,036
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိက မြင်တယ်ဆိုလို့ရှိယင် မျက်စိက ရုပ်၊ မြင်ရတဲ့အဆင်းက ရုပ်၊ မြင်သိတာက နာမ်၊ မြင်သိ တာကလေးထဲမှ မြင်သိတာကလေး သိရုံကလေးက ဝိညာဉ်ခေါ်တယ်၊ ဝိညာဏက္ခန္ဓာ၊ မြင်လို့ ကောင်းတာ မကောင်းတာ ရှိတယ်၊ ဝေဒနက္ခန္ဓာ၊ မြင်ရတာ လေးကို မှတ်လိုက်တဲ့ သဘောလေး၊ လက်ခံ စာရင်းမှတ်ပြီးတော့ ထားသလိုပဲ၊ ဘာလေးပဲလို့ မှတ်သားထားတာက သညာလေး၊ အဲဒါ သညာက္ခန္...
1,324,037
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အထူးအားဖြင့် ဘယ်လိုဟာ သိသလဲဆိုတော့ ကြားတာမှာသာ သိတယ်၊ ကိုယ်က တခုခု အရေးကြီးတာကလေးကို တခါတည်း စိတ်ကလေးနဲ့ စိုက်ပြီး ကြံနေတုန်း အနားနားကနေ စကား ပြောယင် မကြားဘူး၊ ဘေးပတ်ဝန်းကျင်က စကားတွေ ပြောနေကြပေမယ့် အဲဒါ မကြားဘူး၊ ဘာပြောနေမှန်း မသိဘူး၊ မကြားဘူး၊ ကိုယ်က အရေးတကြီး ဒီမှာ စာရင်းအင်းတွေ တွက်နေတယ် ဆိုပါတော့၊ ငွေရေး ကြေးရေး စ...
1,324,038
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ မြင်တယ် ဆိုတာလေး တခုမှာကို ခန္ဓာငါးပါးလုံး ပါဝင်တယ်၊ မျက်စိနဲ့ အဆင်းက ရုပ်၊ ရူပက္ခန္ဓာ၊ မြင်သိတာက နာမ်၊ နာမက္ခန္ဓာ ၄-ပါး၊ မြင်သိရုံမျှက ဝိညာဏက္ခန္ဓာ၊ မြင်လို့ ကောင်းတာ မကောင်းတာက ဝေဒနက္ခန္ဓာ၊ မြင်ရတဲ့အဆင်းကို မှတ်သားတာက သညာက္ခန္ဓာ၊ မြင်မှုဖြစ်အောင် နှလုံးသွင်း စူးစိုက်တာက သင်္ခါရက္ခန္ဓာ၊ နာမက္ခန္ဓာ ၄-ပါး၊ ရုပ်ခန...
1,324,039
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝိပဿနာ မရှုယင် ဥပါဒါန်ဖြစ်
1,324,040
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီခန္ဓာငါးပါး တရားတွေဟာ ဝိပဿနာ မရှုလို့ရှိယင် ဒီမြင်မှုနဲ့ စပ်ပြီးတော့ သာယာမှုဖြစ်တယ်၊ မြင်ရတဲ့အဆင်းကလေးကို သဘောကျသွားတယ်၊ သာယာ သွားတယ်၊ တဏှာဥပါဒါန်နဲ့ စွဲလမ်း သွားတာကို၊ မျက်စိကြည်လင်တာ ကောင်းတာ လေး၊ ဒီမျက်စိကလေး ကောင်းလို့ မြင်ရတယ် ဆိုယင် မျက်စိကလေးကို သဘော ကျသွားတယ်၊ တဏှာဥပါဒါန် ဖြစ်တယ်၊ မြင်လို့ ကောင်းတာ ကလေးကို ...
1,324,041
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ရုံ ကြားရုံကလေးတွေက ဒါလောက် မပေါ်ဘူး၊ အဲဒီတော့ မပေါ်သည် ဖြစ်စေ၊ ပေါ်သည်ဖြစ်စေ၊ သင်္ခါရက္ခန္ဓာကတော့ ရှိတာပဲ။
1,324,042
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ခန္ဓာငါးပါးလုံး မြင်တဲ့အခိုက်မှာ ရှိတယ်၊ ကြားတဲ့အခါတွေ နံတဲ့အခါတွေလဲ အတူတူပဲ၊ အဲဒါလေးတွေကို ဝိပဿနာ မရှုမှတ်လို့ ရှိယင်ဖြင့် ဒါလေး သာယာနေတာ၊ အခု ဝိပဿနာရှုတာ တခြားမဟုတ်ဘူး၊ သာယာပြီးတော့ စွဲလမ်းတဲ့ တဏှာ ဥပါဒါန် မဖြစ်အောင်လို့ မြင်တိုင်းမြင်တိုင်း ရှုနေရတာ၊ ဒိဋ္ဌိဥပါဒါန်ကလဲ ဒီအတိုင်းပဲ။
1,324,043
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝိပဿနာရှုမရှုလို့ အမှန်အတိုင်း မသိယင် မြင်တဲ့အဆင်း၊ ကိုယ့်လက်ကို မြင်တယ် ဆိုပါတော့ ငါပဲဆိုပြီးတော့ ငါ့လက်ကို ငါမြင်တယ်ဆိုပြီး မြင်တာနဲ့ မြင်ရတာနဲ့ အတူတူပဲ၊ တယောက်တည်းပဲ၊ ဘာပြုလို့ စွဲလမ်းသွားတာလဲ၊ မြင်ရတာက မျက်စိလဲပဲ ငါပဲဆိုပြီး စွဲလမ်းတယ်၊ မြင်တာကိုလဲ ငါပဲဆိုပြီး စွဲလမ်းတယ်၊ မြင်လို့ ကောင်းတာ ကိုလဲ ငါပဲဆိုပြီး စွဲလမ်း...
1,324,044
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်တိုင်း ဝိပဿနာရှု
1,324,045
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတဏှာ၊ ဒိဋ္ဌိဥပါဒါန်တွေ မဖြစ်ရအောင်လို့ မြင်တိုင်းမြင်တိုင်း ရှုနေရတယ်၊ မြင်တိုင်း မြင်တိုင်း ရှုလို့ မြင်တဲ့ အခါကာလမှာ ထင်ရှားတဲ့ ရုပ်တရားကတမျိုး၊ နာမ်တရားက တမျိုး၊ ဒါလေး ၂-ခုပဲရှိတယ်လို့ သိလာလို့ရှိယင် ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ အစွဲအလမ်းတွေ ပျောက်တယ်၊ အဲဒီမြင်တိုင်း မြင်တိုင်း ဖြစ်ပြီးပျက်သွားလို့ မမြဲတဲ့ တရားတွေချည်...
1,324,046
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ကို ခန္ဓာငါးပါးကလေးကို ဆိုကြအုံးစို့ရဲ့။
1,324,047
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒွါရ ၆-ပါးမှာရှိတဲ့ ရုပ်နာမ်ခန္ဓာ ရှု
1,324,048
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တချို့က ခန္ဓာငါးပါးဆိုတာ စာထဲကပြောတဲ့ အတိုင်းသာ ခန္ဓာငါးပါး ဒီလို အောက်မေ့နေတာကိုး၊ မဟုတ်ဘူး၊ ဝိပဿနာမှာ အရေးကြီးတာက ကိုယ်မြင်နေတာ၊ ကြားနေတာ၊ အရေးကြီးတာ၊ စာအုပ်ထဲက ဟာတွေက ကိစ္စမရှိဘူး၊ စာအုပ်က သူ့ဟာသူနေတာ၊ အခုကာလ စာအုပ်နဲ့ ရေးထားလို့သာပဲ၊ ရှေးတုန်းကဆို စာအုပ်တောင် ဘာမှရှိ တာမဟုတ်ဘူး၊ ပါးစပ်ထဲမှာ ရှိနေတာ၊ ပါးစပ်ထဲမှာလဲ ရ...
1,324,049
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတရားတွေ မသိလို့ရှိယင် တဏှာတို့, ဒိဋ္ဌိတို့၊ ကိလေသာတွေ ဒီကနေ ဖြစ်နေတာ၊ ကိလေသာ မဖြစ်အောင်လို့ဟာ ဝိပဿနာနဲ့ ဒီက ရှုရတယ်၊ တချို့က စာအုပ်ထဲက ဟာလောက်သိနေတာ၊ ရုပ်ဆိုလို့ရှိယင် မဟာဘုတ် ၄-ပါးနဲ့ ဥပါဒါရုပ် ၂၄ - ခုက ရုပ်တရား၊ ရူပက္ခန္ဓာ၊ စာအုပ်ထဲက ခန္ဓာ တွေ သိနေတာ၊ စာအုပ်မရှိခင်က ဆိုယင် ခက်ရမှာ၊ စာအုပ်မရှိခင်က ဆိုယင် ခန္ဓာငါးပါး...
1,324,050
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ ရူပက္ခန္ဓာ၊
1,324,051
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒနာစေတသိက်က - ဝေဒနာက္ခန္ဓာ၊ သညာစေတသိက်က - သညာက္ခန္ဓာ၊ ဖဿ အစရှိသော စေတသိက် ၅၀ က - သင်္ခါရက္ခန္ဓာ၊ စိတ်က - ဝိညာဏက္ခန္ဓာ၊
1,324,052
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စာထဲက ကျမ်းဂန်ထဲက ဆိုတာ ဒါတွေက နာမည်တွေပဲ။
1,324,053
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ဆဲ ရုပ်နာမ်ရှု
1,324,054
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အမှန်စင်စစ်ကတော့ ဖြစ်ဆဲကြားဆဲမှာ ထင်ရှားဖြစ်နေတဲ့ တရားတွေ၊ ဒီခန္ဓာငါးပါး တွေဟာ တခြားမှာရှိတာ မဟုတ်ဘူး၊ မြင်ဆဲ၊ ကြားဆဲမှာပဲ၊ မြင်တိုင်း ကြားတိုင်း တွေမှာ ဖြစ်နေတယ်၊ အဲဒါတွေ နားလည်ထားဖို့ရာ လိုပါတယ်၊ ဆိုရမယ်။
1,324,055
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ဆဲခဏ၌ မျက်စိနဲ့ အဆင်းက၊ ရူပက္ခန္ဓာ။
1,324,056
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်သိတာက ဝိညာဏက္ခန္ဓာ။
1,324,057
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်လို့ ကောင်းတာ မကောင်းတာက ဝေဒနာက္ခန္ဓာ၊ မြင်ရတဲ့အဆင်းကို မှတ်သားတာက သညာက္ခန္ဓာ၊ မြင်မှုဖြစ်အောင် နှလုံးသွင်းစူးစိုက်တာက သင်္ခါရက္ခန္ဓာ။
1,324,058
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီခန္ဓာငါးပါး အစုံပဲ၊ မြင်ဆဲခဏမှာ ဖြစ်တဲ့ ခန္ဓာငါးပါးတဲ့၊ အဲဒီခန္ဓာငါးပါးတွေ အမှန်အတိုင်း မသိလို့ ရှိယင် တဏှာနဲ့ သာယာပြီးတော့ စွဲလမ်းတယ်၊ ဥပါဒါနက္ခန္ဓာလို့ ခေါ်တယ်၊ တဏှာနဲ့ မသာယာ ယင်ကော မသာယာလဲ ဥပါဒါနက္ခန္ဓာပါပဲ၊ စွဲလမ်းနိုင်တဲ့ တရားတွေ၊ ဘုရားရဟန္တာ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ မြင်တိုင်း မြင်တိုင်း မြင်မှုနဲ့စပ်တဲ့ ခန္ဓ...
1,324,059
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘုရားရဟန္တာတွေ မြင်ထားတဲ့အဆင်းကို ဒိပြင် ပုဂ္ဂိုလ်တွေကကြည့်ပြီး နှစ်သက် သာယာပြီး တဏှာနဲ့ စွဲလမ်းနိုင်တာပဲ၊ ဘုရားရဟန္တာတွေက မြင်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်က အဆင်း ရုပ်ကို ငါပဲဆိုပြီး အဲဒီပုဂ္ဂိုလ် စွဲလမ်းနေတာပဲ၊ ဒီတော့ ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေက တဏှာဥပါဒါန်နဲ့ စွဲလမ်းနိုင်သူ့ လောကီခန္ဓာတွေ ဟူသမျှဟာ ဘယ်သူ့သန္တာန...
1,324,060
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဥပါဒါနက္ခန္ဓာ ရှုပါ
1,324,061
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ ဥပါဒါနက္ခန္ဓာမြင်ဆဲခဏမှာ ဥပါဒါနက္ခန္ဓာ ငါးပါး၊ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးတွေ အမှန်အတိုင်း သိအောင်လို့ ရှုရတာ၊ ဝိပဿနာ ရှုတယ်ဆိုတာ ဥပါဒါနက္ခန္ဓာငါးပါးလို့ ရှုရတယ်လို့ သီလဝန္တ သုတ်တို့၊ သုတဝန္တသုတ်တွေမှာ အရှင်မဟာကောဋ္ဌိက ကမေးလို့ အရှင်သာရိပုတ္တရာက ဖြေထား တယ်။
1,324,062
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်၊ သုတနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ဘယ်တရားတွေ ရှုရသလဲ၊ နှလုံးသွင်းရပါ သလဲလို့ ဆိုပြီးတော့ မေးတော့၊ ဥပါဒါနက္ခန္ဓာငါးပါး တရားရှုရတယ်လို့ ဖြေထားပါတယ်၊ ဥပါဒါနက္ခန္ဓာငါးပါး ရှုယင် ဘာအကျိုး ရှိသလဲဆိုယင် ရှုနေယင်းနဲ့ သောတာပတ္တိဖိုလ်ကို ရောက်နိုင် ပါတယ်၊ သောတာပန် ဖြစ်နိုင်ပါတယ်။
1,324,063
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သောတာပန်ဖြစ်လို့ ရှိယင်လဲပဲ ဘယ်တရားတွေ ရှုရသလဲ၊ ဥပါဒါနက္ခန္ဓာ ငါးပါး ရှုရတာပါပဲ၊ ရှုယင် ဘယ်အကျိုး ရှိသလဲဆိုယင် ဥပါဒါနက္ခန္ဓာငါးပါး ရှုယင် သောတာပန်ပုဂ္ဂိုလ်က သကဒါဂါမ်ဖိုလ် ရောက်ပြီး သကဒါဂါမ် အဖြစ်ကို ရောက်သွား နိုင်ပါတယ်။
1,324,064
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သကဒါဂါမ်ပုဂ္ဂိုလ်က ဘယ်တရား ရှုရသလဲ၊ ဥပါဒါနက္ခန္ဓာငါးပါး ရှုရတာပဲ၊ ဘယ် အကျိုးရှိသလဲ၊ ဒီလိုရှုယင်းနဲ့ သကဒါဂါမ်ပုဂ္ဂိုလ်က အနာဂါမိဖိုလ် ရောက်ပြီး အနာဂါမ်အဖြစ် ရောက်သွားနိုင်တယ်။
1,324,065
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အနာဂါမ်ပုဂ္ဂိုလ်ရှုတော့ အနာဂါမ်ပုဂ္ဂိုလ်ကတော့ ဘယ်တရား ရှုရသလဲလို့ မေးတော့၊ အနာဂါမ် ပုဂ္ဂိုလ်လဲ ဥပါဒါနက္ခန္ဓာငါးပါး ရှုရတာပဲ၊ ဘယ်အကျိုး ရှိသလဲဆိုယင် အဲဒီလိုရှုယင်းနဲ့ အရဟတ္တဖိုလ် ရောက်ပြီးတော့ ရဟန္တာဖြစ်သွားနိုင်ပါတယ်တဲ့။
1,324,066
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရဟန္တာ ဖြစ်သွားလို့ရှိယင်တော့ ဘာတရား ရှုရသေးသလဲဆိုယင် ရှုချင်လို့ ရှုယင် ရဟန္တာ ပုဂ္ဂိုလ်ကလဲ ဥပါဒါနက္ခန္ဓာငါးပါးပဲ ရှုရတာပဲ၊ ဘာအကျိုး ရှိသလဲဆိုတော့ ရဟန္တာပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓါဖြစ်တယ်၊ ဘုရားဖြစ်တယ်၊ ဒီလိုတော့ အဆင့်အတန်း တော့ မတက်တော့ဘူး၊ ဘာ အကျိုးရှိသလဲဆိုတော့ သတိသမ္ပဇဉ် အမြဲယှဉ်ခြင်း အကျိုးရှိတယ်၊ ဒိဋ္ဌိဓမ္မသုခဝိဟာရ ...
1,324,067
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရဟန္တာပုဂ္ဂိုလ်လဲ တရားနှလုံးမသွင်းပဲနဲ့ မရှုမှတ်ပဲ နေလို့ရှိယင် သတိသမ္ပဇဉ်တွေ အလေ့အကျင့်တွေ မရဘူးပေါ့လေ၊ အမြဲတမ်း ရှုမှတ်နေတော့ သတိသမ္ပဇဉ်တွေ အမြဲတမ်းဖြစ်နေတယ်၊ မျက်မှောက်အတ္တဘောမှာလဲ ချမ်းသာတယ်တဲ့၊ ဝိပဿနာ ရှုနေရတော့ မြင်တိုင်း, ကြားတိုင်းတွေ ဖြစ်လိုက်, ပျက်လိုက် ဒါလေးတွေ ရှုပြီးတော့ နေတော့ ချမ်းသာတယ်၊ ဒီအတိုင်း အလွတ်န...
1,324,068
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီမှာ ဥပါဒါနက္ခန္ဓာ ငါးပါး ရှုတယ်လို့ ပြောထားပါတယ်၊ သောတာပန် ဖြစ်အောင်လဲ ဒီဟာရှုရ တာပဲ၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်အောင်လဲ ဒါတွေရှုရတာပဲ၊ ရဟန္တာဖြစ်ပြီးတော့လဲ ဒီ တရားတွေ ရှုရတာပဲ၊ ဝိပဿနာရှုတယ်ဆိုယင် ဥပါဒါနက္ခန္ဓာ ငါးပါးလို့ ခေါ်တဲ့ လောကီခန္ဓာ ငါးပါး တရားတွေ ရှုရပါတယ်။
1,324,069
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပေါ်လာတဲ့အခါ လောကီခန္ဓာ ရှု
1,324,070
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လောကီခန္ဓာငါးပါး တရားတွေ ဘယ်လိုရှုရသလဲ ဆိုယင် ဖြစ်ပေါ်လာတဲ့အခါ ရှုရတယ်၊ မဖြစ်ပေါ် တဲ့တရားတွေကို စာအုပ်ထဲကပါတဲ့အတိုင်း မှန်းတန်းပြီးတော့ ရှုလို့ ဒီလိုမဖြစ်ဘူး၊ တချို့က စာအုပ် ထဲပါတဲ့ ဥစ္စာတွေကိုမှ အမှန်မှတ်နေတယ်၊ ရုပ္ပနလက္ခဏာလေးပဲ၊ ဖောက်ပြန်တဲ့ သဘောလေး ရှုမှတ်၊ ဒါမှ သဘာဝကျမယ်၊ ဒီလို ပြောလဲပြောကြတယ်၊ တချို့စာအုပ်တွေလဲ ရေ...
1,324,071
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရုပ်တရားလဲပဲ ဒွါရ ၆-ပါးကပေါ်တဲ့ အခိုက်အတန့်ပဲ ရှုရတယ်၊ မပေါ်တဲ့ အခိုက်အတန့် ရှုလို့ မဖြစ်ဘူး၊ မပေါ်တဲ့ အခိုက်အတန့်ရှုလို့ ဘယ်ကရုပ်တရား တွေ့လိမ့်မှာလဲ၊ ရုပ်ပေါ်တဲ့ အခိုက် အတန့်မှာ ရုပ်ရှုရတယ်၊ နာမ်ပေါ်တဲ့ အခိုက်အတန့်မှာ နာမ် ရှုရတယ်၊ မရှုယင်လဲပဲ ဒီရုပ်နာမ် တရားတွေက အဲဒီ ပေါ်ခိုက် ပေါ်ခိုက် မရှုယင် ကိလေသာဖြစ်တယ်၊ ပေါ်ခို...
1,324,072
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်သိတာလေးလဲပဲ ရှုမှတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ မသိယင် အဲဒါလေး ပြန်စဉ်းစားတဲ့ အခါကျယင် ခုနကမြင်ခဲ့တာဟာ ငါပဲ၊ ခုနကမြင်ခဲ့တာ အခုထက်ထိ ငါပဲ၊ မြဲနေတယ် အောက်မေ့ တယ်၊ ခုနက မြင်တာလေးက ကောင်းတယ်၊ ချမ်းသာ တယ်၊ သုခ အနေအားဖြင့် စွဲလမ်းတယ်၊ အဲဒီလို အစွဲအလမ်းတွေ ဖြစ်နိုင်တယ်၊ အဲဒါ မြင်ရာက နေပြီးတော့ နိစ္စ, သုခ, အတ္တ အစွဲအလမ်း တွေ ...
1,324,073
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို အစွဲအလမ်းတွေ ဖြစ်တာဟာ ဘာလဲဆိုယင် ဥပါဒါန်တွေပဲ၊ ဥပါဒါန်တရားတွေ မဖြစ်ရ အောင်လို့ ဥပါဒါန်တရားဖြစ်ယင် ဘာအဖြစ် ရောက်တုံးဆိုတော့ ဥပါဒါနပစ္စယာ ဘဝေါ၊ ဥပါဒါန် ဖြစ်လို့ရှိယင် ဘဝဖြစ်တယ်တဲ့၊ စွဲလမ်းမှတော့ စွဲလမ်းတဲ့ အလုပ်တခုကို အောင်မြင်အောင် တနည်းနည်းနဲ့ ပြုလုပ်အားထုတ်တယ်၊ အားထုတ်လို့ရှိယင် ကမ္မဘဝဖြစ်တယ်၊ ကုသိုလ်ကံ အကုသို...
1,324,074
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို မရောက်ရအောင်လို့ ဒွါရ ၆-ပါးက ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်တွေကို ဝိပဿနာ ရှုရတယ်၊ အခု မြင်ဆဲခဏမှာ မျက်စိနဲ့အဆင်းကရုပ်၊ မြင်တာကနာမ်၊ မြင်သိတာမှာလဲ မြင်သိရုံမျှက ဝိညာဏက္ခန္ဓာ၊ မြင်လို့ ကောင်းတာမကောင်းတာက ဝေဒနက္ခန္ဓာ၊ မြင်ရတဲ့အဆင်းကို မှတ်သား တာက သညာက္ခန္ဓာ၊ မြင်မှုဖြစ်အောင် နှလုံးသွင်းမှု စူးစမ်းမှုက သင်္ခါရက္ခန္ဓ...
1,324,075
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားဆဲခဏ၌၊ နားနဲ့အသံက ရုပ်ခန္ဓာ။
1,324,076
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားလို့ကောင်းတာမကောင်းတာက- ဝေဒနာက္ခန္ဓာ။
1,324,077
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားရတဲ့အသံကို မှတ်သားတာက သညာက္ခန္ဓာ။
1,324,078
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားမှုဖြစ်အောင် နှလုံးသွင်းမှုစူးစိုက်မှုက သင်္ခါရက္ခန္ဓာ။
1,324,079
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံမှုတို့ စားမှုတို့တော့ ထားလိုက်ပါတော့၊ တွေ့ထိမှုတို့တော့ ဆိုရမယ်။
1,324,080
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ဆဲ ရုပ်နာမ်ရှု
1,324,081
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ဆဲခဏ၌၊ ကိုယ်နဲ့အတွေ့အထိက ရူပက္ခန္ဓာ။
1,324,082
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိလို့ကောင်းတာမကောင်းတာက- ဝေဒနာက္ခန္ဓာ။
1,324,083
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိရတဲ့အာရုံကို မှတ်သားတာက- သညာက္ခန္ဓာ။
1,324,084
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိအောင် နှလုံးသွင်းမှုစူးစိုက်မှုက- သင်္ခါရက္ခန္ဓာ။
1,324,085
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိဆဲခဏမှာ တွေ့ထိတယ်ဆိုတာ ခုနက ပြောခဲ့တဲ့အတိုင်း အများချည်းပဲ၊ တွေ့ထိတိုင်း တွေ့ထိတိုင်းဟာ ကိုယ်အကြည်ရုပ် ဆိုတာရှိတယ်၊ ကိုယ်တကိုယ်လုံး နေရာတိုင်း အတွင်းကရော အပြင်ကရော၊ အနှံ့အပြား အဆင်းရုပ် ထင်လောက်အောင် မှန်အကြည်များလိုပဲ အတွေ့အထိ ထင်လောက်အောင် ကိုယ်အကြည်ရုပ်ဆိုတာ သူက တမျိုးရှိတယ်၊ ဒီကိုယ်အကြည် ရုပ်ကလေး ရှိတဲ့ နေရာမ...
1,324,086
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ကိုယ်အကြည်ရုပ်ကလဲ ထင်ရှားတယ်၊ တွေ့ထိရတဲ့ အာရုံကလဲ ထင်ရှားတယ်၊ တွေ့ထိရတဲ့ အာရုံဆိုတော့ အပြင်ကအာရုံ၊ အတွင်းကအာရုံ အမျိုးမျိုး ရှိတာပေါ့၊ အတွင်းမှာ တွေ့ထိယင် ကိုယ်တွင်းက အာရုံပေါ့၊ ကွေးတယ်၊ ဆန့်တယ်၊ ထိုင်တယ်၊ ထတယ်ဆိုတဲ့ နေရာတွေမှာ ကိုယ်ထဲက အတွေ့အထိတွေ၊ တခြားက အတွေ့အထိ မဟုတ်ဘူး၊ ဒါကတော့ ကွေးတဲ့ အခါ ကာလမှာ လက်ပဲကွေးကွေ...
1,324,087
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားတဲ့အခါ ကာလမှာလဲပဲ ညာလှမ်းတယ်၊ ဗယ်လှမ်းတယ်၊ ကြွတယ်၊ ချတယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ လွယ်လွယ်ကူကူ ပြောလို့ လွယ်အောင်လို့ ဒီလို ပြောနေကျအတိုင်း ပြောတာ၊ အမှန်ကတော့ အဲဒီထဲမှာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ခြေထောက်ထဲကနေပြီး တောင့်တာတို့၊ တင်းတာတို့၊ တွန်းကန်တာတို့၊ တွေ့ထိရတာ တွေဟာ ခြေထောက်ထဲကနေ တွေ့သိတယ်၊ ဒါမျက်စိနဲ့ကြည့...
1,324,088
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မနေ့ကပြောခဲ့တဲ့အတိုင်းပဲ၊ ခြေတလှမ်း အတွင်းမှာ ဓာတ်လေးပါးရုပ်တွေကို တွေ့နေတာ၊ တကွေးတဆန့် အတွင်းမှာလဲပဲ ဓာတ်လေးပါး ရုပ်တွေကို တွေ့နေတာပဲ၊ ရုပက္ခန္ဓာ တရားတွေတဲ့၊ ကိုယ်အကြည်ရုပ်နဲ့ တွေ့ထိရတဲ့ရုပ်က ရူပက္ခန္ဓာ၊ ကိုယ်အကြည်ရယ်၊ တွေ့ရတာရယ်၊ အဲဒါ ရူပက္ခန္ဓတွေ၊ ဒါတွေက ထင်ရှားပါတယ်။
1,324,089
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ကထိသိတာတွေ ဒါက နာမက္ခန္ဓာ၊ ထိသိတာက နာမက္ခန္ဓာ၊ ထိသိပြီးတော့ ကောင်းတာလဲ ရှိတယ်၊ မကောင်းတာလဲ ရှိတာကိုး၊ မကောင်းတာတွေကတော့ ညောင်းလိုက် ပူလိုက် နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်၊ ခဲလိုက်၊ အဲဒါတွေကတော့ မကောင်းတာတွေ ပေါ့လေ၊ မကောင်းတဲ့ အတွေ့အထိတွေ။
1,324,090
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကောင်းတာတွေ ကတော့ ညောင်းနေတဲ့အခါ လက်ကလေး ကွေးရာက ဆန့်လိုက် တော့ အညောင်းပြေပြီး ကောင်းသွားတာ၊ ဆန့်ထားရာက နေပြီး တောင့်တင်း နေတာကို၊ အဲဒီမှာ ကွေးလိုက်တော့ အညောင်းပြေပြီးတော့ နေသာထိုင်သာ ဖြစ်တယ်၊ ကိုယ်က ထိုင်နေရတာ ပင်ပန်းတော့ ခါးထဲက တောင့်ပြီးတော့ အခံခက်နေတာကို အဲဒီမှာ လှဲအိပ်ချလိုက်လို့ ရှိယင် အဲဒီမှာ အညောင်းပြေပြီး သွား...
1,324,091
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတွေ့အထိတွေ မူလက မကောင်းတဲ့ အတွေ့အထိနဲ့ တွေ့ထိနေရာမှာ ပြောင်းလဲပြီး တော့ ဆန့်ကျင်ဘက် အတွေ့မျိုးနဲ့တွေ့ယင် ကောင်းပြီးတော့ သွားတတ်တယ်၊ အပူနဲ့တွေ့ထိနေလို့ ဆင်းရဲနေယင်၊ အအေးနဲ့တွေ့ရတဲ့အခါ ကောင်းသွားတယ်၊ အအေးနဲ့တွေ့ရတာ ဆင်းရဲနေယင်၊ အပူတွေနဲ့ တွေ့ရတာ ကောင်းတယ်၊ အဲဒီလိုပဲ အတွေ့အထိတွေ အမျိုးမျိုး ရှိပါတယ်။
1,324,092
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ကိုယ်ထဲက တွေ့ထိပြီးတော့ ကောင်းသွားတာ၊ သုခဝေဒနာ ခေါ်တယ်၊ ကိုယ်ထဲက တွေ့ထိပြီးတော့ မကောင်းနေတာ၊ နာတာကျင်တာ၊ ကိုက်ခဲတာတွေဟာ ဒုက္ခဝေဒနာ ခေါ်တယ်၊ အဲဒီတော့ တွေ့ထိလို့ ကောင်းတာ မကောင်းတာက ဝေဒနက္ခန္ဓာ၊ ဒါတွေပဲ တွေ့နေတာပဲ၊ မှတ်ယင်း မှတ်ယင်း တွေ့နေတယ်၊ သွားယင်း, လာယင်း, နေယင်း, ထိုင်ယင်း, တွေ့ထိလို့ ကောင်းတာ မကောင်းတာတွေ ...
1,324,093
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိရတာတွေ၊ မှတ်သားတာလေး ကလဲ ရှိတယ်၊ မှတ်မိတယ်၊ သူက ဘယ်လို တွေ့တာပဲ၊ ဘယ်လိုထိတာပဲ၊ ကွေးလိုက်တာပဲ၊ ဆန့်လိုက်တာပဲ စသည်ဖြင့် သူကသိနေတယ်၊ မှတ်မိ နေတယ်၊ မှတ်မိတယ်ဆိုတာက သညာက္ခန္ဓာ။
1,324,094
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ တွေ့ထိမှု ထိသိမှုကလေး ဖြစ်အောင်လို့ နှလုံးသွင်းလိုက်၊ စူးစိုက်တာက သင်္ခါရက္ခန္ဓာတဲ့၊ အထူးအားဖြင့်တော့ ဒီကွေးမှု ဖြစ်အောင်၊ ဆန့်မှုဖြစ်အောင် စူးစိုက် အားထုတ်မှုတွေ ရှိတယ်၊ ကွေးတဲ့အခါမှာ ကွေးအောင်လို့ စိတ်က လှုံ့ဆော်ပြီးတော့ ပေးတာပဲ၊ ဘယ်သူကမှ ကွေးအောင် လုပ်ပေးနေတာ မဟုတ်ဘူး၊ ကွေးစေလို့ စီရင်ချက် ချသလိုပဲ၊ ကွေးချင်တဲ့...
1,324,095
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူစေ့ဆော်ပေးနေတာ ကောင်းသောအမှု မကောင်းသော အမှုတွေပြုနေတာ သူ့ကြောင့် ပြုနေတာ၊ ဒါနတွေပြုနေတာလဲ သူ့ကြောင့်ပဲ၊ သီလတွေ ပြုနေတာလဲ သူ့ကြောင့်ပဲ၊ ဘာဝနာ အမှုတွေ ပြုနေတာလဲ သူ့ကြောင့်ပဲ၊ အဲဒါကြောင့် ဒီစေတနာကို ကံလို့ ခေါ်တာ၊ ကောင်းသော အမှုတွေ ပြုလို့ရှိယင် ဒါက ကုသိုလ်ကံ၊ မကောင်းသော အမှုတွေ ပြုလို့ရှိယင် အကုသိုလ်ကံ စေတနာတွေ စေ့ဆော...
1,324,096
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အတွေ့အထိထဲမှာ ကွေးတာ, ဆန့်တာ, ထိုင်တာ, ထတာ, အမူအရာတွေ ပြုအပ် နေတဲ့နေရာမှာ အမူအရာတခု ပြုမှုပြီးအောင်လို့ စေ့ဆော် တိုက်တွန်းပေး နေတာတွေ၊ သင်္ခါရက္ခန္ဓာ တွေ ရှိတယ်၊ အဲဒါတွေလဲပဲ ကွေးယင်း၊ ဆန့်ယင်း၊ ထိုင်ယင်း၊ ထယင်း၊ ဒါတွေမှတ်ယင်းနဲ့ သိနေတာပဲ၊ ကွေးယင် ကွေးတယ်မှတ်၊ စောစောကတည်းက ကွေးချင်တဲ့ စိတ်ကလေးက စပြီး သိလာတော့ က...
1,324,097
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ကို ကွေးမှု၊ ဆန့်မှု၊ ထိုင်မှု၊ ထမှု အစရှိသော အမူအရာတွေ မှတ်ယင်း ယင်းခန္ဓာ ငါးပါးတွေကို အမှန်အတိုင်း သိနေတာ၊ ဒီလို သိအောင်လို့ပဲ မှတ်ရတယ်၊ ဆိုရမယ်။
1,324,098
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကွေးဆဲ ခဏ၌ တောင့်တင်း လှုပ်ရှားတာကရုပ်၊ မှတ်သိ တာကနာမ်။
1,324,099
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကွေးဆဲခဏ၌ တောင့်တင်းလှုပ်ရှားတာက ရူပက္ခန္ဓာ၊ မှတ်သိတာက နာမက္ခန္ဓာ။
1,324,100
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကွေးဆဲခဏ၌ တောင့်တင်း လှုပ်ရှားတာက ရူပက္ခန္ဓာ၊ ကွေးရန် ကြံစည်ခိုက်၌ ရွှင်လန်းတာ၊ မရွှင်လန်းတာက ဝေဒနက္ခန္ဓာ။