id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,301 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုဒ္ဓသင်္ခါရာပုဉ္ဇော၊ သက်သက်သော သင်္ခါရတရား အစုအဝေး မျှသာလျှင်တည်း။ |
1,324,302 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတကိုယ်လုံးဟာ လူရယ်၊ နတ်ရယ်၊ ယောက်ျားရယ်၊ မိန်းမရယ်လို့ ခေါ်ကြ ပါတယ်တဲ့၊ လောကဝေါဟာရ အားဖြင့် အဲဒီလိုခေါ်ရတဲ့ ဥစ္စာဟာ အနှစ်ချကြည့်ယင် ဒီအထဲမှာ ဘာရှိတုံး၊ သင်္ခါရတရား အစုပါပဲတဲ့၊ မြင်တာဟာ သင်္ခါရတရား၊ ကြားတာ ဟာ သင်္ခါရတရား၊ နံတာ သင်္ခါရတရား၊ စားသိတာသင်္ခါရတရား၊ တွေ့ထိတာက သင်္ခါရတရား၊ တွေ့ထိတာတွေက အများကြီးပေါ့၊ ကွေးတာတွ... |
1,324,303 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣဓ၊ ဤသင်္ခါရတရား အပေါင်း၌။ |
1,324,304 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နပုဉ္ဇော ပဿတိ၊ မရအပ်ပေ။ |
1,324,305 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီအထဲမှာ သတ္တဝါလို့ ခေါ်စရာတရားမရှိဘူးတဲ့၊ သတ္တဝါလို့ ဘယ်မှာမှ မရှိပါဘူးတဲ့၊ သင်္ခါရ တရားမျှပဲ ရှိတယ်တဲ့၊ ဖြေကြားပါတယ်၊ အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ် တွေလဲ ကောင်းကောင်း ပိုင်ပိုင်နိုင်နိုင် သိနေတဲ့ အချိန်မှာဆိုယင် ဒီအတိုင်း ထင်နေ တာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ ဒီအထဲမှာ မရှိဘူး၊ တရိပ်ရိပ်နဲ့ ပျောက်နေတဲ့ သဘောတရားပဲ၊ ရုပ်နာမ်မ... |
1,324,306 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရထားပမာသတ္တဝါ |
1,324,307 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ ယထာပိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထော ဣတိ။ |
1,324,308 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္ထောတိ သမ္မုတိ။ |
1,324,309 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သဂါထာဝဂ္ဂသံယုတ်၊ ဝဇီရာသုတ် - ၁၃၇။ |
1,324,310 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) ယထာပိ၊ ဥပမာအားဖြင့် ပြောရလျှင်၊ အင်္ဂသမ္ဘရာ၊ ဘီး-ဝန်ရိုးအစရှိသော ရထား၏ အင်္ဂါအစိတ်အပိုင်း အင်္ဂါ အပေါင်း ကြောင့်။ |
1,324,311 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရထောတိ သဒ္ဒေါ၊ ရထားဟူသော အမည်သည်။ |
1,324,312 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပမာနဲ့ပြောတယ်၊ ရထားဆိုတာ လောကမှာ ခေါ်ဝေါ်ကြတယ်တဲ့၊ ရထားဆိုတာ ဘီးရှိရမယ်၊ ဝန်ရိုး ရှိရမယ်၊ ရထားလက်တန် ရှိရတယ်၊ ရထားအိမ်ရှိရတယ်၊ အခင်းရှိရတယ်၊ အမိုးရှိရတယ် စသည်ဖြင့်ပေါ့လေ၊ သူ့အစိတ်အပိုင်းကလေးတွေ အဲဒါတွေဟာ အခုမြင်နေကြတဲ့ မြင်းရထားတွေ လှည်းဆိုယင်လဲပဲ လှည်းကပိုပြီးတော့ ထင်ရှားတယ်၊ လှည်းအစိတ်အပိုင်းကလဲ မများလှဘူး၊ ဘီးရယ်၊ ... |
1,324,313 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓေသု၊ ငါးပါးသောခန္ဓာတို့သည်။ |
1,324,314 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟောတိ၊ ဖြစ်ပေါ်၍လာခဲ့၏။ |
1,324,315 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါးပေါင်းစပ်မိတဲ့အခါ သတ္တဝါလို့ ခေါ်ရတာပဲတဲ့၊ ခန္ဓာတပါးတည်း၊ ရုပ်တခု တည်းလဲ သတ္တဝါမဟုတ်ဘူး၊ ဝေဒနာခံစားမှု တခုတည်းလဲ သတ္တဝါမဟုတ်၊ သညာ မှတ်သားမှုလေး တခုတည်းလဲမဟုတ်ဘူး၊ သင်္ခါရ အားထုတ်မှုလေး ကြောင့်ကြ စိုက်မှုလေး တခုတည်းလဲ သတ္တဝါမဟုတ်ဘူး၊ ဝိညာဉ်အာရုံကို သိမှုလေးတခုတည်းလဲ သတ္တဝါ မဟုတ်ဘူးတဲ့၊ ဒီငါးခု သူ့အကြောင်း အား... |
1,324,316 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်ချည်းထဲ ဆိုလို့ရှိယင်လဲ သတ္တဝါလို့ ခေါ်လို့ မဖြစ်သေးဘူး၊ နာမ်ချည်းထဲ ဆိုယင်လဲ မြင်ရမှာ မဟုတ်ဘူး၊ သတ္တဝါလို့ခေါ်ဖို့ ပဉ္စဝေါကာရဘုံမှာ ဆိုယင် မဖြစ်ဘူး၊ အရူပဘုံ တွေမှာတော့ နာမ်ချည်းထဲလဲ ရှိတော့ရှိတာပေါ့၊ သူ့နေရာနဲ့သူရှိတယ်၊ နာမ်ခန္ဓာ ထဲမှာလဲ တပါးချင်း တပါးချင်း ဆိုယင် သတ္တဝါ မဟုတ်ဘူး၊ အစိတ်အစိတ် ကလေး ဆိုယင် သတ္တဝါ မဟု... |
1,324,317 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခုရုပ်တွင်ပဲ သရုပ်ခွဲကြည့်ပါဦး၊ တချို့ဆံပင်ကလေး တခုထဲမေးယင်လဲ သတ္တဝါ မဟုတ်ဘူး၊ အမွေးတွေတပင်စီ တပင်စီဆိုယင် သတ္တဝါ မဟုတ်ဘူး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြောစသည်ဖြင့် ၃၂-ကောဋ္ဌာသ အစိတ် အပိုင်းတွေ တပိုင်းစီ တပိုင်းစီ ထုတ်မေးယင် ဘယ်ဟာ သတ္တဝါမဟုတ်ဘူး၊ မျက်စိ ရုပ်ကလေး တခုတည်း၊ သတ္တဝါမဟုတ်ဘူး၊ နားရုပ်ကလေး တခုတည်းလဲ သ... |
1,324,318 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ခန္ဓာငါးပါးရှိလို့ ခန္ဓာငါးပါးအစွဲပြုပြီး သတ္တဝါရယ်လို့ ခေါ်ရတာပဲတဲ့၊ တရားကိုယ် အစစ်ကတော့ ခန္ဓာငါးပါးပါပဲ၊ ခုနက လှည်းဆိုတာဟာ ဝေါဟာရမျှ၊ အမှန်ရှိတာကတော့ လှည်းရဲ့ အစိတ်အပိုင်းတွေပဲ၊ ရထားလို့ခေါ်ရတာလဲ ဝေါဟာရ မျှပဲ၊ ရှိတာကတော့ ရထားရဲ့ အစိတ်အပိုင်းတွေပဲ၊ အဲဒါ ဖြေကြားပါတယ်၊ အင်မတန်ကောင်းပါတယ်၊ ဒါက အင်မတန် အားကိုးရတဲ... |
1,324,319 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခ ဖြစ်တည်ပျက် |
1,324,320 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။ |
1,324,321 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သဂါထာဝဂ္ဂသံယုတ်၊ ဝဇီရာသုတ် ၁၃၇။ |
1,324,322 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) မာရ၊ အသင် မာရ်နတ်။ |
1,324,323 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခမေဝ၊ ဆင်းရဲအစုမျှ သည်သာလျှင်။ |
1,324,324 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခဧဝ၊ ဆင်းရဲအစု သည်သာလျှင်။ |
1,324,325 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခဧဝ၊ ဆင်းရဲအစုမျှ သည်သာလျှင်။ |
1,324,326 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝေတိစ၊ ပျက်စီး၏။ |
1,324,327 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်ပေါ်လာတယ်ဆိုတာလဲ ဒုက္ခပဲ၊ တည်တံ့နေတယ် ဆိုတာလဲ ဒုက္ခပဲ၊ ပျက်သွားတယ် ဆိုတာလဲ ဒုက္ခပဲ၊ အခုလောက ဝေါဟာရနဲ့ ပြောမယ်ဆိုယင်တော့ လူတယောက် မွေးလာတယ်၊ ဖြစ်လာတယ်ဆိုယင် လူလို့ပြောရတာ မွေးလာတယ်ဖြစ်လာတယ်၊ အမှန်အားဖြင့် ဒုက္ခဖြစ်လာ တာပါပဲတဲ့၊ ဒီဥစ္စာလူတယောက်ဟာ အသက်ရှင်နေတယ် လို့ ပြောရတယ်၊ တည်နေတယ်၊ ဒုက္ခတွေ တည်နေတာပါပဲ၊ လူရယ်လို့ ... |
1,324,328 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခ တိဋ္ဌတိ ဝေတိ စ။ |
1,324,329 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ) မာရ၊ အသင်မာရ်နတ်။ |
1,324,330 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခမေဝ၊ သင်္ခါရဒုက္ခ ဆင်းရဲအစုမျှ သည်သာလျှင်။ |
1,324,331 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သမ္ဘောတိ၊ ဖြစ်ပေါ်လာ၏။ |
1,324,332 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တိဋ္ဌတိ၊ တည်လျက်ရှိ၏။ |
1,324,333 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခမေဝ၊ သင်္ခါရဒုက္ခ ဆင်းရဲ အစုမျှ သည်သာလျှင်။ |
1,324,334 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝေတိစ၊ ပျက်စီး၍ သွားလေတော့၏။ |
1,324,335 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အညတြဒုက္ခာ၊ ဒုက္ခကို ကြဉ်ဖယ်ထား၍။ |
1,324,336 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ- အညော၊ တပါးသော ပုဂ္ဂိုလ်သတ္တဝါသည်။ |
1,324,337 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နဝိဇ္ဈတိ၊ ဖြစ်ပေါ်လာသည် မဟုတ်။ |
1,324,338 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အညော၊ တပါးသော ပုဂ္ဂိုလ်သတ္တဝါသည်။ |
1,324,339 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နသမ္ဘောတိ၊ ဖြစ်ပေါ်လာသည် မဟုတ်။ |
1,324,340 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီသင်္ခါရဒုက္ခတွေ၊ ခန္ဓာငါးပါး သင်္ခါရဒုက္ခတွေ ဖြစ်ပျက်နေတဲ့ တရားတွေ နုတ်လိုက် လို့ရှိယင်တဲ့၊ သည်မှတပါး ပုဂ္ဂိုလ် သတ္တဝါဖြစ်လာတာ မရှိပါဘူး။ |
1,324,341 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒုက္ခာ၊ သင်္ခါရဒုက္ခမှ။ |
1,324,342 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အညံ၊ တပါးသော အရာဝတ္ထုသည်။ |
1,324,343 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ချုပ်သွားတယ်၊ ပျက်သွားတယ်၊ သေသွားတယ် ဆိုတာလဲပဲ ဒုက္ခပါပဲတဲ့၊ ဒုက္ခမှ တပါးသော ချုပ်တာ ပျက်တာရယ်လို့ မရှိပါဘူး။ |
1,324,344 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မာရ်နတ်က မေးတာက ဘယ့်နှယ်မေးတုံး ဆိုတော့၊ ဒီသတ္တဝါကို ဘယ်သူက ဖန်ဆင်း သလဲ၊ သတ္တဝါကို ဖန်ဆင်းတဲ့ ပုဂ္ဂိုလ်က ဘယ်မှာနေသလဲ၊ ဒီသတ္တဝါဟာ ဘယ်က စပြီးတော့ဖြစ်ပေါ် လာသလဲ၊ ဒီသတ္တဝါဟာ ဘယ်မှာ အဆုံးသတ်သွားသလဲ၊ ဒီလို မေးတာကိုး။ |
1,324,345 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သတ္တဝါနဲ့မေးတာ ထိုင်ပြီးတော့ ဝဇီရာထေရ်မက ဖြေတော့၊ သတ္တဝါရယ်လို့ မရှိဘူးတဲ့ သင်္ခါရဒုက္ခတွေ ရှိတာ၊ ခန္ဓာငါးပါးတွေပဲတဲ့၊ ရထားက အစိတ်အပိုင်းတွေပဲ အရင်းခံ ရှိတယ်၊ အစိတ်အပိုင်းတွေ သူ့နေရာနဲ့သူ ချထားလိုက်တဲ့အခါ ရထား ခေါ်ရတယ်၊ အဲဒါလိုပဲ ခန္ဓာငါးပါး တရားတွေက တခုနဲ့တခု ယှဉ်တွဲပေါင်းစပ်ပြီးတော့ အစဉ် ဖြစ်နေတဲ့ ဥစ္စာကို သတ္တဝါလို့... |
1,324,346 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အစိတ်အပိုင်းများ၊ ရထားခေါ်တွင်။ |
1,324,347 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးဝ၊ သတ္တမည်တွင်။ |
1,324,348 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်တည်းဆင်းရဲ၊ ပျက်လဲသူပင်။ |
1,324,349 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆင်းရဲမှ၊ အပ ဖြစ်ကင်းစင်။ |
1,324,350 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆင်းရဲမှ၊ အပ ချုပ်ကင်းစင်။ |
1,324,351 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အစိတ်အပိုင်းများ၊ ရထားခေါ်တွင်” ကြားဘူးနေပါပြီ၊ ရှင်းနေပါပြီ၊ အစိတ်အပိုင်း တွေကို ရထား ဟူ၍ ခေါ်သည်၊ ရထားဟူ၍ သီးသန့်မရှိ၊ ထို့အတူပဲ “ခန္ဓာငါးဝ၊ သတ္တမည်တွင်” ခန္ဓာငါးပါးပဲ၊ သတ္တဝါရယ်လို့ ခေါ်ရတယ်၊ ခန္ဓာငါးပါးမှ အလွတ် သတ္တဝါဟူ၍ မရှိ၊ “ဖြစ်တည်ဆင်းရဲ၊ ပျက်လဲသူပင်” ဖြစ်တယ်၊ တည်နေတယ် ဆိုတာဟာလဲ ဆင်းရဲတွေပါပဲတဲ့၊ ဆင်းရဲပဲဖြစ်တ... |
1,324,352 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ ပရိနိဗ္ဗာန်စံသွားတယ် ဆိုတာလဲပဲ ပုဂ္ဂိုလ်သတ္တဝါကြီး ပျောက်သွားတာ မဟုတ်ဘူး၊ ရုပ်နာမ်အစဉ် ဖြစ်ပျက်နေတဲ့ သဘောတွေ ချုပ်သွားတာ၊ ဒါပဲ၊ “ဖြစ်တည် ဆင်းရဲ၊ ပျက်လဲသူပင်”၊ “ဆင်းရဲမှ၊ အပ ဖြစ်ကင်းစင်” ဆင်းရဲမှတပါး ဆင်းရဲမှ အဖြစ်မှ ဆင်းရဲကို နုတ်ထားပြီး ဒိပြင်ဟာဆိုယင် ဖြစ်တယ်ဆိုတာ မရှိပါဘူးတဲ့၊ ဖြစ်တယ် ဆိုလို့ရှိယင် ဆင်းရဲပဲတဲ့... |
1,324,353 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆင်းရဲမှကြဉ်၍ဆိုတော့ ဆင်းရဲမပါဘူး၊ ဆင်းရဲ မရှိဘူးတဲ့၊ “ဆင်းရဲမှ၊ အပဖြစ် ကင်းစင်” နာညံ ဒုက္ခာ နိရုဇ္ဈတိ။ |
1,324,354 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အညံ၊ တပါးသောအရာသည်။ |
1,324,355 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | န နိရုဇ္ဈတိ၊ ချုပ်သည် ပျက်သည် မဟုတ်။ |
1,324,356 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ချုပ်တယ် ပျက်တယ် ဆိုတာဟာ ဆင်းရဲမှအပ မရှိပါဘူးတဲ့၊ ဆင်းရဲပါပဲတဲ့၊ ဒါကြောင့်မို့ “ဆင်းရဲမှ၊ အပဖြစ်ကင်းစင်။ |
1,324,357 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆင်းရဲမှ၊ အပချုပ်ကင်းစင်” ငါးပိုဒ်။ |
1,324,358 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်တည်ဆင်းရဲ၊ ပျက်လဲ သူပင်။ |
1,324,359 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါ ခန္ဓာငါးပါး ဖြစ်တယ် ဆိုတာလဲပဲ ခန္ဓာငါးပါး၊ ပျက်တယ်ဆိုတာလဲ ခန္ဓာငါးပါး ပဲတဲ့၊ ဆင်းရဲတရား တွေပဲတဲ့၊ ဒါတွေ ရှိတယ်ဆိုတော့ ဝဇီရာထေရ်မက ဖြေကြား လိုက်ပါတယ်, ပြန်ကြားလိုက်ပါတယ်၊ ဒီတော့ မာရ်နတ်က ငါ့အကြောင်း သိသားပဲ ဆိုပြီးတော့ ပြန်သွားတယ်၊ မဖြစ်ဘူးတဲ့၊ ဒါကြောင့်မို့ ဇဝေဇဝါ လာလုပ်တယ်၊ ဘိက္ခုနီမ ရဟန္တာမလဲဖြစ်၊ ရဟန္တာလဲ ဖြစ်တော... |
1,324,360 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေလဲ အတော်အတန် ဗဟုသုတလေး ရှိပြီး မှတ်သားမိမှ နေရာကျတယ်၊ တော်တော်ကြာ တရားက ထွက်သွားတော့ ဟိုကမေး ဒီကမေး မဖြေနိုင်တော့ မဟုတ်ပါဘူးလို့ ထင်တတ်တယ်၊ နည်းနည်းလဲ ရုပ်ကလေး နာမ်ကလေး မှတ်ထားအုံးမှ၊ ဒါကြောင့် ဘုန်းကြီးက ရုပ်တွေ နာမ်တွေ ကွဲအောင်လို့ ဟောနေရတာ၊ တိုတိုလေး ဟောယင် တိုတိုလေးပြီးတာပဲ၊ ဒါကြောင့်... |
1,324,361 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆောင်ပုဒ် ဆိုအုံးမှပဲ။ |
1,324,362 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေလေးကောင်ကား (လ) ဘုရားမြတ်စွာတည်း။ |
1,324,363 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဤအာသီဝိသောပမသုတ္တန် တရားတော်ကို ရိုသေစွာ နာခံမှတ်သားရသော ကုသိုလ်ကံ စေတနာတို့၏ အစွမ်းအာနုဘော် တို့ကြောင့် တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ဘေးရန်အန္တရာယ် ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ဝေးကွာကြ၍ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြ၍ ဤ သုတ္တန်ဒေသနာ၌ မြတ်စွာဘုရား ဟောကြားတော် မူအပ်သော ... |
1,324,364 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၃၂၈-ခု၊ ဒုတိယဝါဆိုလပြည့်နေ့ ဟောကြားတော်မူသည်။ |
1,324,365 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “အတွင်းရန်သူ နန္ဒီရာဂ” |
1,324,366 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာရှိလို့ သေရတာ |
1,324,367 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ အာသီဝိသောပမသုတ်တဲ့၊ သီတင်းနေ့တိုင်း လာနိုင်တဲ့ ပုဂ္ဂိုလ်တွေတော့ ကြားပြီး သားပါပဲ၊ အဲဒါကြောင့် ဒီခန္ဓာငါးပါး တရားတွေဟာ သူသတ် ယောက်ျားတွေပဲ၊ ပဋိသန္ဓေ ရကတည်းက ဒီခန္ဓာငါးပါးနဲ့ လူရယ်လို့ လာဖြစ်တာ နောက်ဆုံးတနေ့ ကျတော့ ဒီခန္ဓာငါးပါးရှိလို့ သေရတာပဲ၊ နတ်ဖြစ်ယင်လဲ ခန္ဓာငါးပါးနဲ့ နတ်ဖြစ်ရတယ်၊ နောက်ဆုံး တနေ့ကျတော့ ဒီနတ် သ... |
1,324,368 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီခန္ဓာငါးပါးရန်ကို ကြောက်တော့ တရား အားထုတ် နေတာပဲ၊ ပြေးနေတာပဲ၊ ဒီတရား အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေ အားထုတ်လိုတဲ့ စိတ်ဆန္ဒ မရှိသေးတဲ့ ပုဂ္ဂိုလ်တွေ ကတော့ ဒီခန္ဓာငါးပါးကို သူတို့က မကြောက်ဘူး၊ သတ္တိကောင်းတယ်၊ သတ်ချင်လဲသတ်၊ သေချင်လဲသေ၊ ကိစ္စမရှိဘူး ဆိုပြီးတော့ နေတာနဲ့တူပါရဲ့၊ သတ္တိကောင်းတ... |
1,324,369 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ငယ်ပေါင်း မိတ်ဆွေဖြစ်တဲ့ ရန်သူလိုက် |
1,324,370 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့် “မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့် မိတ်ညာ ရန်ဘက်၊ တပ်စွဲချက်ကြောင့်” မိတ်ညာ ငယ်ငယ်ကတော့ကို မိတ်ဆွေပဲ၊ အခုတော့ကို မိတ်ဆွေအဖြစ်နဲ့ ညာပြီးတော့ နေတဲ့ရန်သူဖြစ်နေပြီတဲ့၊ မိတ်ညာ ရန်ဘက်၊ တပ်စွဲချက်ကြောင့်” ငယ်ငယ်တုန်းက အင်မတန်ချစ်ခင် ရင်းနှီးနေတဲ့ မိတ်ဆွေ တယောက်ပဲ၊ သူက လိုက်ပြီးတော့ သတ်ဖို့ရ... |
1,324,371 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခေါ်နေတော့ ခုနက အကျိုးစီးပွားကို လိုလားတဲ့ ပုဂ္ဂိုလ်က ပြောတယ်တဲ့၊ “ဟေ့-မင်းအဲဒီလူဟာ အယင်တုန်းကတော့ မင်းမိတ်ဆွေဟုတ်တယ်၊ ငယ်ငယ်တုန်းက မင်းနဲ့အင်မတန် ရင်းနှီးနေတဲ့ မိတ်ဆွေပဲ၊ အကျိုးကို လိုလားနေတဲ့ ပုဂ္ဂိုလ်ပဲ၊ အခုတော့ ဒီလိုမဟုတ်ဘူး၊ ဘုရင်းမင်းမြတ်က သူကိုရာထူးဌာနန္တရ အကြီးကြီး ပေးပြီးတော့ မင်းကို သတ်ဖို့ရာ လွှတ်လိုက်တာ၊ မင... |
1,324,372 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂ ▬▬▬ |
1,324,373 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ အဲဒီလို မိတ်ညာ ရန်ဘက်ဆိုတာ ဘယ်သူတုန်းဆိုလို့ရှိယင် - |
1,324,374 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆဋ္ဌော အန္တရစရော ဝဓကော ဥက္ခိတ္တာသိတော တိခေါ ဘိက္ခဝေ နန္ဒီရာဂဿေတံ အဓိဝစနံ။ |
1,324,375 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သဋ္ဌာယတန ဝဂ္ဂသံယုတ်၊ နှာ ၃၈၃) |
1,324,376 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆဋ္ဌော၊ ခြောက်ယောက်မြောက် ဖြစ်သော။ |
1,324,377 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အန္တရစရော၊ အတွင်းသားဖြစ်သော။ |
1,324,378 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ - ငယ်ပေါင်းကြီးဖော် မိတ်ဆွေရင်းဖြစ်သော။ |
1,324,379 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥက္ခိတ္ထာသိကော၊ ချီမိုးအပ်သော သန်လျက် ချီမိုးအပ်သော ဓားရှိသော ခုတ်တော့ မလို့ ချီမိုးပြီးတော့ လိုက်လာတယ်။ |
1,324,380 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝဓကောတိဧတံ၊ သူသတ်ယောက်ျား ဟူသော ဤအမည်သည်။ |
1,324,381 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂဿ၊ နှစ်သက် တပ်စွဲသော ရာဂ၏။ |
1,324,382 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂ၊ နန္ဒီဆိုတာ နှစ်သက်တယ်, သာယာတယ်, လက်ခံတယ်၊ ရာဂ၊ ဆိုတာကတော့ တပ်စွဲတယ်၊ ဆေးများလို ဆိုးတဲ့ဆေးများဟာ ထိယင် စွဲတာပဲ၊ အဲဒါလို တပ်စွဲတဲ့ သဘောလဲ ရှိတယ်၊ နှစ်သက်သာယာတဲ့ သဘောလဲ ရှိတယ်၊ နှစ်သက် သာယာ ပြီးတော့ တပ်စွဲတဲ့ သဘော၊ ရာဂဆိုတာ သူကတော့ ကောင်းတာဆိုယင် လာခဲ့ မပယ်ဘူး၊ သူက လက်မတားဘူး၊ မြင်စရာအာရုံတွေ ကောင်းတာတွေလာခဲ့၊ ... |
1,324,383 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂ မရှိယင် လောကထဲလဲ မနေနိုင်ဘူး၊ ကြိုက်လဲကြိုက်အုံးမှ ဖြစ်မှာ၊ သူ့ဟာ အပြစ်လဲ ပြောလို့တော့ မဖြစ်ဘူး၊ နန္ဒီရာဂ မရှိတဲ့ ရဟန္တာတွေက လောကထဲမှာ နေမှမနေနိုင်တော့ပဲ၊ မနေနိုင်ဘူး၊ ဘာမှပျော်စရာ မရှိဘူး၊ အကုန်လုံး အနှစ်သာရ ဘာမှမရှိတော့ဘူး။ |
1,324,384 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂ ကလေးရှိနေတော့ သာယာမှု ကလေးတွေနဲ့ ပျော်စရာကလေး ဖြစ်နေတာကိုး၊ ပျော်စရာ မဟုတ်ပေမယ်လို့ ပျော်စရာကလေး ဖြစ်နေတယ်၊ အရေးကြီးတယ် သူက၊ အဲဒါကြောင့် အဲဒီနန္ဒီရာဂတဲ့၊ ခြောက်ဒွါရက ကျလာတဲ့ အာရုံဟူသမျှ အကောင်း တွေကို လက်ခံပြီးတော့ နေတဲ့ နန္ဒီရာဂ၊ အဲဒီ နန္ဒီရာဂဟာ တခြားမဟုတ်ဘူး၊ ငယ်ပေါင်းကြီးဖော် ဖြစ်တဲ့ အင်မတန် ရင်းနှီးတဲ့ မိတ... |
1,324,385 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂဆိုတာ သူ့ကိုအပြစ် မြင်ခဲတယ်၊ သူကလဲ အစွမ်းသတ္တိ သိပ်ကောင်းတယ်၊ ဘယ်ထိအောင် လိုက်တုံးဆိုယင် အရိယမဂ်ဖိုလ် နားထိအောင်ကို လိုက်တယ်၊ အရိယမဂ်ဖိုလ် ဖြစ်ခါနီးထိအောင် သူကလိုက်ပြီးတော့ သာယာတာပဲ၊ အင်မတန် အားကောင်းပါတတ်၊ သာမန် တရား အားမထုတ်ပဲနေတဲ့ ပုဂ္ဂိုလ်တရားသဘော မသက်ဝင်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီနန္ဒီရာဂက အားကြီးဖြစ်နေတာပဲ၊ ဒ... |
1,324,386 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ နန္ဒီရာဂဟာ ဖြစ်ဖြစ်ချင်း သူက ပညာတည်း ဟူသော ဦးခေါင်းကို ကျစေသည်တဲ့၊ အဋ္ဌကထာက ဒါကတော့ ပညာရှိတွေနဲ့မှ ဟုတ်မှာ၊ ဒါပေမယ့်လို့ အဋ္ဌကထာက ပြောတော့ ပညာရှိတွေက သေသေချာချာ စဉ်းစားအုံးမှပေါ့၊ ဘုန်းကြီးက ပြောရတယ်၊ လှည့်ပြီးတော့ ပညာက ဦးခေါင်းနဲ့ တူတယ်၊ တရားဘက်ကနေပြီးတော့ ကြည့်ယင် ပညာက ဦးခေါင်းနဲ့ တူတယ်၊ ဦးခေါင်း ရှေ့သွားပဲ၊ သမ္... |
1,324,387 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မျက်စိဖြင့် အဆင်းကို မြင်ရတယ် ဆိုပါတော့တဲ့၊ အဋ္ဌကထာက ဥပမာပြတယ်၊ နှစ်သက် သာယာစရာ အဆင်းကလေး မြင်သည်တဲ့၊ ဣဋ္ဌာရုံကလေး ခေါ်တယ်၊ အခု ကာမဘုံအနေအားဖြင့် ပြောရယင်တော့ ယောက်ျား မိန်းမဆိုတဲ့ အာရုံတွေပါပဲ၊ တခြားတွေ မဟုတ်ဘူး၊ ယောက်ျားတွေရဲ့ နှစ်သက်စရာ အာရုံ၊ မိန်းမတွေရဲ့ နှစ်သက်စရာအာရုံ၊ ဒါလေးတွေရှိတယ်၊ အဲဒီ နှစ်သက်စရာ အာရုံကလေး တ... |
1,324,388 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်ရာမှ စိတ်အစဉ်ဖြစ်ပုံ |
1,324,389 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ မြင်ပြီဆိုယင် ဝီထိကလေး ချရအုံးမယ်၊ စိတ်အစဉ်ကလေး ဖြစ်ပုံကလေး ပကတိ ပုဂ္ဂိုလ်တွေသိ နေတာကတော့ မြင်ယင်ဖြင့် ငါမြင်တာပဲ၊ တချက်ထဲ မြင်သွား တယ်လို့ အောက်မေ့တယ်၊ ဒီလိုမဟုတ်ဘူး၊ စိတ်တွေက အဆင့် ဆင့်ဖြစ်ရတာ၊ အလွယ်ကလေး မဟုတ်ဘူး၊ သူဖြစ်နေတော့ အလွယ်သား၊ ဟောဒီ တရားသဘောနဲ့ ဖြစ်စဉ် ကလေးတွေ ပြောယင် တဆင့်ချင်း တဆင့်ချင်း ဖြစ်ရတယ... |
1,324,390 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မျက်စိထဲမှာ အဆင်းအာရုံက ကျလာတယ်၊ အဆင်းအာရုံ အဆင်းရိပ်ကလေး ထင်လာတာ ပေါ့လေ၊ အဆင်းရိပ်ကလေး ထင်လာတော့ နှလုံးသွင်း ဆင်ခြင်တယ်တဲ့၊ ဘာပါလိမ့်မတုံး ဆိုပြီးတော့ ဆင်ခြင်လိုက်တာ၊ ဥပမာအားဖြင့် လူတယောက် သရက်ပင်အောက် အိပ်နေတယ်၊ သရက်ပင်ပေါ်က သရက်သီးက ဒိုင်းခနဲဆို ကြွေကျလိုက်တာ၊ အနားနား အနီးအပါး ကြွေကျတယ်၊ လူက အိပ်ပျော်နေတယ်၊ အိပ်ပျော... |
1,324,391 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘဝင်စိတ်ဖြစ် |
1,324,392 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬ အဲဒါလိုပဲတဲ့၊ အဆင်းအာရုံ မျက်စိထဲမှာ မထင်လာခင်က စောစောက အိပ်ပျော်နေသလို ဘဝင်ကျနေ သလိုရှိတယ်၊ ညအိပ်နေတဲ့ အခါတွေလဲ ဘဝင်စိတ်တွေပဲ၊ နေ့လဲ ဒီလိုပဲ မြင်ကြားနေတဲ့ အခါလဲ ဘဝင်စိတ်တွေ ကြားထဲမှာ အများကြီး ရှိတယ်၊ ဒါပေမယ်လို့ ရှေ့ကသိတဲ့စိတ် နောက်ကသိတဲ့ စိတ်တွေက ဆက်နေတော့ တဆက်တည်း ဖြစ်နေတယ်လို့ အောက်မေ့တယ်၊ ဒီလိုမဟုတ်ဘူး၊ ကြာ... |
1,324,393 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဉ္စဒွါရာဝဇ္ဇန်း စသည်ဖြစ် ▬▬▬▬▬▬▬▬▬ |
1,324,394 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလို အိပ်ပျော်နေရာက နိုးလာသလိုပဲ ဘဝင်ကနေပြီး ထလာတော့ ခုနက စဉ်းစားတယ်၊ မျက်စိထဲ အဆင်း ကျလာတာ ဘာပါလိမ့်မတုံး ဆိုပြီး စဉ်းစားတယ်၊ အဲဒါကို အဘိဓမ္မာ ဝေါဟာရနဲ့ ပဉ္စဒွါရာဝဇ္ဇန်း လို့ခေါ်တယ်၊ ပဉ္စ-ကငါးခု၊ ဒွါရ-က ဒွါရ၊ အာဝဇ္ဇန်းက - ဆင်ခြင်တယ်တဲ့၊ ပဉ္စဒွါရမှာ ဆင်ခြင်တာတဲ့၊ မျက်စိမှာ အဆင်း ကျလာယင်တဲ့ ဆင်ခြင်တဲ့စိတ် ဖြစ်တယ်၊ ဒါ... |
1,324,395 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခုနက အိပ်ရာက နိုးလာတော့ ကမျောသောပါးနဲ့ နီးလာတော့ ဘာပါလိမ့်မတုံးလို့ ဆင်ခြင်တော့ သရက်သီးမှန်းမသိသေးဘူး၊ ဆင်ခြင်လိုက်တော့ တော်တော်ကြာတော့ မြင်သွားတယ်တဲ့၊ ဆင်ခြင်ပြီးတာနဲ့ မြင်သွားတာပါပဲ၊ ချက်ချင်းပဲ၊အဲဒါက ဘာနဲ့တူတုံး ဆိုတော့ ခုနက အိပ်ရာက နိုးလာတဲ့ ပုဂ္ဂိုလ်က ဘာပါလိမ့်မတုံးဆို ကြည့်လိုက်တော့ သရက်သီး မြင်တာလိုပဲ၊ သရက်သီး က... |
1,324,396 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်ပြီးတော့ မြင်သိတဲ့စိတ်ကလေးကလဲ ပျောက်သွားတာပဲ၊ ဆင်ခြင်တဲ့ စိတ်ကလေး ကလဲ ဆင်ခြင်ပြီး ပျောက်သွားတာ၊ မြင်တဲ့စိတ်ဖြစ်လာ၊ မြင်ပြီးတော့ ပျောက်သွား တယ်၊ မြင်ပြီးတော့ ပျောက်ပြီးတော့ ဘာဖြစ်သတုံး ဆိုတော့ သမ္ပဋိစ္ဆိုင်းတဲ့၊ သမ္ပဋိစ္ဆိုင်းပါဠိလို သမ္ပဋိစ္ဆိုင်းဆိုပြီးတော့ ဗမာက ပြန်ထားတယ်၊ အလွယ်တကူ ခေါ်ရအောင်လို့ လက်ခံတဲ့ စိတ်ကလေ... |
1,324,397 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်ပြီးတော့ အဲဒီလက်ခံတဲ့ စိတ်ကလေးကတဲ့ လက်ခံပြီး ပျောက်သွားတယ်၊ သမ္ပဋိစ္ဆိုင်းက ပျောက်သွားတော့ သန္တီရဏ - စုံစမ်းတယ်တဲ့၊ အဲဒီအာရုံက ကောင်း သလား၊ ဘယ့်နှယ်ဟာတုံး၊ ချစ်စရာလား၊ မုန်းစရာလား၊ ကြည်ညိုစရာလားလို့ စုံစမ်းတယ်၊ သန္တီရဏလို့ ခေါ်တယ်၊ ပါဠိလို၊ ဗမာလိုတော့ စုံစမ်းတဲ့ စိတ်ပါပဲ၊ ခုနက သရက်သီး ကောက်ယူတဲ့လူက ကောက်ယူပြီးတော့... |
1,324,398 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်ပြီးတော့ စုံစမ်းပြီးတော့ ဆုံးဖြတ်တယ်၊ ချစ်စရာ ကောင်းတယ်၊ မုန်းစရာ ကောင်းတယ်၊ ကြည်ညိုစရာ ကောင်းတယ် စသည်ဖြင့် အဲဒါ ဝုဋ္ဌောစိတ်တဲ့ ပါဠိလို၊ ပါဠိက ဝေါဋ္ဌဗ္ဗန၊ ဗမာလို ဝုဋ္ဌောဆိုပြီး ဘာသာပြန်ထားတယ်၊ ဆုံးဖြတ်တဲ့စိတ် ကလေး၊ ဆုံးဖြတ်ချက် ချလိုက်တာ၊ ရုံးများမှာ ဒီကရီချတယ် ဆိုတာများလို ဆုံးဖြတ်ချလိုက်တယ်၊ ချစ်စရာ ကောင်းသည် - ... |
1,324,399 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီဆုံးဖြတ်တဲ့ ဝုဋ္ဌောစိတ် ဆုံးသွားတဲ့အခါ ဇောစိတ်တွေ ဖြစ်လာတယ်။ |
1,324,400 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဇောစိတ်တွေ အရှိန်နဲ့ တခါတည်း ပြင်းပြင်း ထန်ထန် ခုနက ဟာလေးတွေကတော့ အား မကောင်းဘူး၊ ဇောစိတ်ကတော့ အဟုန်နဲ့ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်၊ သန်သန် စွမ်းစွမ်းကြီး ဖြစ်လာတယ်၊ ဇောစိတ်တွေ အကုသိုလ် ဇောစိတ် ရှိတယ်၊ ကုသိုလ် ဇောစိတ် ရှိတယ်၊ အကုသိုလ် ဇောစိတ်က နှစ်သက် သာယာပြီးဖြစ်တဲ့ လောဘဇော ရှိတယ်၊ စိတ်ဆိုးပြီး ဖြစ်တဲ့ ဒေါသဇောရှိတယ်၊ မ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.