id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,101 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးမယ်လို့ ကြံစည်တဲ့အခါ တချို့လဲ ဝမ်းမြောက်ဝမ်းသာနဲ့ ကွေးလိုတဲ့ စိတ် ဖြစ်တယ်၊ အချို့လဲ စိတ်ဆိုး မာန်ဆိုးနဲ့ ကွေးနေတာ ရှိတယ်၊ အဲဒီမှာ ရွှင်ရွှင်လန်းလန်း ဖြစ်ယင် သောမနဿဝေဒနာ ခေါ်တယ်၊ မရွှင်မလန်းဖြစ်ယင် ဒေါမနဿဝေဒနာ ခေါ်တယ်။ |
1,324,102 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးဆဲခဏ၌ တောင့်တင်းလှုပ်ရှားတာက ရူပက္ခန္ဓာ၊ ကွေးရန် ကြံစည်တာက ဝိညာဏက္ခန္ဓာ။ |
1,324,103 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရွှင်လန်းတာ မရွှင်လန်းတာက ဝေဒနက္ခန္ဓာ၊ ကွေးသော အခြင်းအရာကို မှတ်သား မိတာက သညာက္ခန္ဓာ။ |
1,324,104 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကလဲ ဝိပဿနာရှုတာ ပြောတာမဟုတ်ဘူး၊ မကွေးခင်ကတည်းက ကွေးဖို့ရာ အာရုံကလေး စိတ်ထဲမှာ ထင်လာတယ်၊ အဲဒါ မှတ်သားမှုကလေး ရှိတယ်၊ |
1,324,105 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးသော အခြင်းအရာကို မှတ်သားမိတာက သညာက္ခန္ဓာ။ |
1,324,106 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးမှုဖြစ်အောင် စေ့ဆော်တိုက်တွန်းတာက သင်္ခါရက္ခန္ဓာ။ |
1,324,107 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါးပဲ၊ ကွေးမှုဖြစ်အောင် ဆန့်မှုဖြစ်အောင်၊ ထိုင်မှု၊ ထမှု၊ သွားမှု၊ လာမှု ဖြစ်အောင် သူကချည်း လုပ်နေတာ၊ သင်္ခါရက္ခန္ဓာက အလုပ်တွေ သိပ်များတယ်၊ အလုပ်လုပ်ထာ။ |
1,324,108 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပက္ခန္ဓာ ဆိုတာက ရုပ်တရား၊ သူ့ဟာသူ အသေသဘောပဲ၊ ဝေဒနက္ခန္ဓာ ဆိုတာလဲ အကောင်း အဆိုး အတွေ့အထိ လေးတွေကို အကြောင်းပြုပြီးတော့ ကောင်းသော အခြင်းအရာ၊ မကောင်းသော အခြင်းအရာနဲ့ ခံစားရုံပဲ၊ သူ့မှာ ဘာမှ အစွမ်းသတ္တိရှိတာ မဟုတ်ဘူး၊ သညာက္ခန္ဓာ ဆိုတာလဲပဲ ဖြစ်ပေါ်လာတဲ့ အတိုင်း မှတ်တမ်းတင်ပြီး မှတ်သားရုံကလေးပဲ၊ သူဘာမှ အစွမ်းသတ္တိ ရှိတာ မဟ... |
1,324,109 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူက ကွေးအောင် ဆန့်အောင်၊ ထိုင်အောင် ထအောင်၊ သွားအောင် လာအောင် အလုံးစုံသော အမူအရာတွေကို သူလုပ်နေတာပဲ၊ ကောင်းသောအမှု၊ မကောင်းသော အမှုတွေ သူလုပ်နေတာပဲ၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းမှု၊ အဲဒါတွေလဲပဲ သူကပြုတာပဲ၊ သီလဆောက်တည်မှုတွေ ကျင့်သုံးမှု တွေ၊ ဘာဝနာ ပွါးများမှုတွေလဲ သူကပြုတာပဲ၊ ရှုမှတ်မှုတွေ သူကပြုတယ်၊ အခုလို တရားဟောမှု တွေ... |
1,324,110 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မကောင်းသော အမှုကတော့ ပါဏာတိပါတာ၊ သူများ အသက်ကို သတ်လို့ရှိယင် အဲဒါလဲပဲ သတ်လိုက်လို့ မပြောသော်လဲ ပြောသလိုပဲ၊ ခိုင်းနေတယ်၊ သူများဥစ္စာခိုးလို့ မပြောသော်လဲ ပြောသလို ခိုင်းနေတယ်၊ စေ့ဆော်တိုက်တွန်း နေတာတွေက သင်္ခါရက္ခန္ဓာတွေ ခေါ်တယ်၊ အဲဒါ တွေဟာ စေတနာ ပြဋ္ဌာန်းတာပဲ၊ ဒါကြောင့်မို့ သူက အကျိုးပေးတာ။ |
1,324,111 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တော်တော်ကြာတော့ အဲဒါတွေဟာ အကွေးအဆန့် အတွင်းမှာကို၊ ခန္ဓာငါးပါး သိပုံ နားလည် အောင်လို့ ကွေးဆဲခဏ၌ တောင့်တင်း လှုပ်ရှားတာက ရူပက္ခန္ဓာတဲ့၊ တောင့်တာ တင်းတာ၊ တွန်းကန်တာ၊ ရွှေ့လျားတာ၊ အဲဒါတွေကို သိလို့ရှိယင် ဒါ ရူပက္ခန္ဓာသိနေတာပဲ၊ မကွေးခင် ကတည်းက ကွေးမယ်လို့ ကြံစည်တဲ့ စိတ်ကလေးကို သိတာ၊ စိတ်ကလေးသိတာက ဝိညာဏက္ခန္ဓာ၊ အဲဒီလို ကွေး... |
1,324,112 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရေးကြီးတဲ့ကိစ္စများမှာ အခွင့်မသာလို့ မပြုနိုင်တဲ့အခါ၊ အရေးကလဲကြီးနေတော့ စိတ်ထဲကလဲ တိုက်တွန်းနေတယ်၊ သူက အင်မတန် ထင်ရှားတယ်၊ တခါတရံ ညကလဲဖြစ်လို့ စာတို့ကလဲ ရေးစရာရှိတယ်၊ အဲဒါစိတ်ထဲကသွားပြီး စာရေးနေတယ်၊ ညဖြစ်လို့ မရေးလဲ မရေးနိုင်ဘူး၊ စာက ရေးနေတယ်၊ လူတယောက်နဲ့ သွားတွေ့ဖို့ရာ လဲပဲ ဟိုမှာမသွားနိုင်တဲ့ အချိန်ကာလကြီး ဟိုလူနဲ့သ... |
1,324,113 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ တကွေးတဆန့် အတွင်းမှာ ခန္ဓာငါးပါးလုံး သိနိုင်ပုံဟာ သူက ထင်ရှား နေတယ်၊ ကွေးတယ်၊ ဆန့်တယ်၊ မှတ်နေယင် အဲဒီထဲမှာ ရုပ်ခန္ဓာလဲသိတယ်၊ နာမ်ခန္ဓာလဲသိတယ်၊ ခြေတလှမ်းအတွင်းမှာလဲ ဒီအတိုင်းပဲ၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်မှတ်ယင် အဲဒီမှာ တောင့်တင်းတာ၊ လှုပ်ရှားတာကလေးက ရုပ်ခန္ဓာကလေး၊ အဲဒီကြွဖို့လှမ်းဖို့ရာ အားထုတ်တဲ့ စိတ်တွေက နာမ်ခန... |
1,324,114 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ကိုယ်အမူအရာတွေ မှတ်တိုင်း မှတ်တိုင်းမှာ ရုပ်နာမ်ခန္ဓာ ငါးပါးလုံးကို သိတယ်တဲ့၊ အဲဒီ ရုပ်နာမ်ခန္ဓာ ငါးပါးလုံးကို သိအောင်လို့ ရှုမှတ်နေရတယ်၊ အဲဒီ ရုပ်နာမ်ခန္ဓာ ငါးပါးတွေက ဘာတွေ တုံးလို့ ဆိုလို့ရှိယင် ဒီရုပ်နာမ်ခန္ဓာ ငါးပါးတွေက သူသတ်ယောကျာ်းတွေပဲတဲ့၊ အဲဒီ သူသတ် ယောက်ျား တွေကို အခုသိအောင်လို့ ဝိပဿနာ ရှုရတာ။ |
1,324,115 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူသတ်ယောက်ျားတွေနဲ့တူတဲ့ ဒီရုပ်နာမ်ခန္ဓာတွေ ရှုလို့ရှိယင် ဝိပဿနာဉာဏ်တွေ အစဉ်အတိုင်း တက်ပြီးတော့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေရောက်၊ အရဟတ္တ မဂ်ဖိုလ်ရောက်တဲ့ အခါကာလ ကျတော့ ဒီသူသတ်ယောက်ျားတွေက လွတ်မြောက်ပြီး တော့ သွားနိုင်တယ်၊ ဒါကြောင့် အချိန်ကလဲ ကုန်ပါပြီ၊ သိမ်းမှ၊ တရားက မပြီး တတ်သေးဘူး၊ ခန္ဓာငါးပါးတရားတွေ ဆက်ပြီးတော့ ဟောရ အု... |
1,324,116 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေလေးကောင်ကား(လ) ဘုရားမြတ်ပေတည်း။ |
1,324,117 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာသီဝိသောပမသုတ္တန် တရားတော်ကြီးကို ရိုသေစွာ နာခံမှတ်သားရသော ဓမ္မသဝန ကုသိုလ်ကံ စေတနာ၏ အစွမ်း အာနုဘော်ကြောင့်၊ ဘေးရန်အန္တရာယ် ဟူသမျှတို့မှ အခါခပ်သိမ်း ကင်းလွတ်ကြ၍ ဤသုတ္တန်တရားတော်၌ လာသော ဥပါဒါနက္ခန္ဓာ ငါးပါး တည်းဟူသော သူသတ်ယောက်ျား တို့ကို သူသတ်ယောက်ျား အနေအားဖြင့် ထင်မြင်နိုင်ကြ၍၊ ဤဥပါဒါနက္ခန္ဓာ ငါးပါးတရားတို့ကို အမှန်အ... |
1,324,118 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ၁၃၂၈-ခု၊ ပထမဝါဆိုလကွယ်နေ့ ဟောကြားတော်မူသည်။ |
1,324,119 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါး၌ ဝိပဿနာရှုပုံ |
1,324,120 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ အာသီဝိသောပမသုတ် တရားတော် တနေ့က မဟာဘုတ် ၄-ပါးအကြောင်း ရောက်လာပြီ၊ “မြွေ ၄-ကောင်ကား၊ ၄-ပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်”၊ မြွေ ၄-ကောင်ကား ဆိုတာက မဟာဘုတ် ၄-ပါး၊ သူသတ်ငါးဖြာဆိုတာက ခန္ဓာငါးပါး ရောက်လာပြီ၊ အဲဒီ ခန္ဓာငါးပါး ဟောခဲ့တာ တော်တော်တောင် စုံသွားပါပြီ၊ အခု အဲဒီခန္ဓာငါးပါးနဲ့ စပ်ပြီးတော့ ဝိပဿနာဉာဏ် ဖြစ... |
1,324,121 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဉ္စ ဝဓကာ ပစ္စတ္ထိကာ တိ ခေါ ဘိက္ခဝေ ပဉ္စန္နေတံ ဥပါဒါ နက္ခန္ဓာနံ အဓိဝစနံ၊ သေယျထိဒံ ရူပုပါဒါနက္ခန္ဓဿ ဝေဒနုပါဒါနက္ခန္ဓဿ သညုပါဒါနက္ခန္ဓဿ သင်္ခါရုပါဒါ-နက္ခန္ဓဿ ဝိညာဏုပါဒါနက္ခန္ဓဿ။ |
1,324,122 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (သဠာယတနဝဂ္ဂသံယုတ်၊ စာမျက်နှာ- ၃၈၃) |
1,324,123 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပဉ္စဝဓကာ ပစ္စတ္ထိကာတိ ခေါ ဧတံ၊ ငါးဦးသော ရန်သူကြီး ဖြစ်ကုန်သော သူသတ် ယောက်ျားတို့ ဟူသည်။ |
1,324,124 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥပါဒါနက္ခန္ဓာနံ၊ ဥပါဒါနက္ခန္ဓာ တရားတို့၏။ |
1,324,125 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြွေထိန်းယောက်ျားနဲ့ ရှေးကတည်းက ရန်ညှိုးရှိခဲ့တဲ့ ရန်သူကြီး ငါးဦးတဲ့၊ အဲဒါ ဘုရင်မင်းမြတ်က တွေ့ရာမှာသတ်ဖို့ရာ အမိန့်ချလိုက်လို့ လက်နက်ကိုယ်စီ ဆွဲကိုင်ပြီး တော့ မြွေထိန်းယောက်ျား ပြေးရာ လိုက်ရှာပြီးတော့ သတ်ဖို့ရာ နောက်ကလိုက်ကြ တယ်၊ အဲဒီလိုလိုက်ပြီးတော့ တွေ့ရာ သတ်ဖို့ရာ လိုက်နေတဲ့ ရန်သူကြီး ငါးဦး ဆိုတာဟာ ဘယ်သူလဲ ဆိုယင် ဥပ... |
1,324,126 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရား အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်တွေ၊ ခန္ဓာငါးပါးတို့၊ ဥပါဒါနခန္ဓာ ငါးပါး တို့ဆိုတာ အရေးကြီးတာ၊ မှတ်ရအောင်လို့ လျှောက်ပြီးတော့ ဟောနေတာ၊ တိုတို ပြောလို့ ရှိယင်လဲပဲ တိုတိုနဲ့ ပြီးတာပဲ၊ ဒါပေမယ်လို့ တရားအားထုတ်နေတဲ့ ယောဂီ ပုဂ္ဂိုလ်တွေ များသောအားဖြင့်တော့ အားထုတ်ပြီးသား ပုဂ္ဂိုလ်တွေပဲ တရားနာတာ၊ ဒီတော့ မိမိတို့ အားထုတ်ထားတဲ့ ... |
1,324,127 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သတ္တဝါတွေက တဘဝတဘဝ ဖြစ်လို့ရှိယင် တခါတခါ ကတော့ သေကြရတာပဲ၊ မသေအောင် လို့တော့ မတတ်နိုင်ဘူး၊ သေကြရမှာပဲ၊ လူ့လောကဖြစ်ယင် လူအဖြစ်နဲ့ သေရမှာပဲ၊ ပထမက ပဋိသန္ဓေက နေပြီးတော့ ကလေးကလေး ဖြစ်ပြီးတော့ မွေးတော့လဲ ကလေး ကလေးဖြစ်ပြီး ကြီးလာတယ်၊ ပျိုပျိုရွယ်ရွယ် ဖြစ်လာတယ်၊ တနေ့ကျလို့ရှိယင်ဖြင့် လူအိုကြီးဖြစ်ပြီး အအိုကြီးအို၊ အဖွားကြီးအို ဖ... |
1,324,128 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါးဟာ မိမိတို့သန္တာန်မှာ ရနေတယ်၊ ခန္ဓာငါးပါးကလဲ တခြားမှာ ရှိတာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်မှာ ရှိတာပဲ၊ နတ်ဖြစ်လို့ ရှိယင်လဲ နတ်ဘဝမှာ သေရမှာပဲ၊ ဗြဟ္မာဖြစ်လို့ ရှိယင်လဲ ဗြဟ္မာ ဘဝမှာ သေရမှာပဲ၊ အပါယ်ဘုံ တွေမှာတော့ အထူး ပြောနေစရာမလိုဘူး၊ ခန္ဓာငါးပါး ရှိနေသမျှ ကာလပတ်လုံး တနေ့ကျလို့ ရှိယင်တော့ အဲဒီဖြစ်ရာ ဘဝမှာ သေရတယ်၊ ဒီသေတ... |
1,324,129 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေ အနေအားဖြင့် ဆိုယင် ဒီခန္ဓာငါးပါးကပဲ သာယာစရာ ဖြစ်နေတယ်၊ ရုပ်ခန္ဓာဆိုယင် မိမိရထားတဲ့ ရုပ်ကိုယ်အကြောင်း ပြုပြီး တော့ သာယာနေရတယ်၊ မျက်စိရှိလို့လဲ သာယာရတယ်၊ မြင်ရတဲ့အဆင်းတွေရှိလို့လဲ သာယာရတယ်၊ နားရှိလို့လဲ သာယာ ရတယ်၊ အသံကလေးတွေက ရှိလို့လဲ သာယာရတယ်၊ နှာခေါင်းရှိလို့လဲ သာယာရတယ်၊ အနံ့ ကလေးတွေကလဲ... |
1,324,130 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမှန်စင်စစ် အားဖြင့်တော့ ဒီရုပ်တရားတွေဟာ ရူပက္ခန္ဓာ တရားတွေပဲ၊ လူသတ် သမားတွေ ရုပ်ခန္ဓာတွေ ပျက်စီးပြီး တနေ့ကျတော့ သေရတာပဲ၊ နာမ်ခန္ဓာတွေကလဲ သာယာစရာတွေ ဖြစ်နေ တယ်၊ စိတ်ရှိလို့လဲပဲ အာရုံကလေးတွေ တွေ့သိပြီးတော့ ခံစားရတယ်၊ ဒီစိတ်ကိုလဲ သာယာ ရတယ်၊ ဝေဒနာခံစားမှုကို သူမရှိယင်လဲပဲ အရသာပေါ်မှာ မဟုတ်ဘူး၊ ဝေဒနာကလဲ သာယာ ရတယ်၊ သညာ မှတ်... |
1,324,131 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါကြောင့် ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုယင် ဒီခန္ဓာငါးပါးကို သာယာပြီးတော့ နေကြတယ်၊ အဲဒီခန္ဓာငါးပါးဟာ သူသတ်ယောက်ျားကြီးတွေပဲ၊ သူသတ်သမားကြီးတွေပဲ၊ ဘဝ တိုင်း ဘဝတိုင်း လိုက်ပြီးတော့ သတ်နေတယ်တဲ့၊ သေသေချာချာ သိတယ် ဆိုယင်တော့ ကြောက်စရာပေါ့လေ၊ ဒီလိုက မထင်သေး တော့လဲ မကြောက်ကြသေးဘူး၊ သာယာမှုက ရှိနေသမျှ ကာလပတ်လုံး ကြောက... |
1,324,132 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေယျထိဒံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် အဘယ်နည်းဟူမူကား။ |
1,324,133 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပုပါဒါနက္ခန္ဓဿ၊ ရုပ်ဟုဆိုအပ်သော ဥပဒါနက္ခန္ဓာ၏ လည်းကောင်း။ |
1,324,134 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝေဒနုပါဒါနက္ခန္ဓဿ၊ ဝေဒနာဟုဆိုအပ်သော ဥပါဒါနက္ခန္ဓာ၏ လည်းကောင်း။ |
1,324,135 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သညုပါဒါနက္ခန္ဓဿ၊ သညာဟုဆိုအပ်သော ဥပါဒါနက္ခန္ဓာ၏ လည်းကောင်း။ |
1,324,136 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သင်္ခါရုပါဒါနက္ခန္ဓဿ၊ သင်္ခါရဟုဆိုအပ်သော ဥပါဒါနက္ခန္ဓာ၏ လည်းကောင်း။ |
1,324,137 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိညာဏုပါဒါနက္ခန္ဓဿ၊ ဝိညာဉ်ဟုဆိုအပ်သော ဥပါဒါနက္ခန္ဓာ၏ လည်းကောင်း။ |
1,324,138 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါး “ထင်လွဲသာယာ၊ စွဲနိုင်တာ၊ နှစ်ဖြာဥပါဒါန်” တနေ့က အကျယ်ပြောခဲ့ပြီ၊ ဥပါဒါနက္ခန္ဓာ ၂-ခုတွဲထားတာကိုး၊ ဥပါဒါနက္ခန္ဓာဆိုတာ ဥပါဒါနနဲ့ ခန္ဓာနဲ့ တွဲထားတာ၊ ဥပါဒါန် ဆိုတာက စွဲလမ်း နိုင်တဲ့ တရားတွေတဲ့၊ အကျဉ်း ချုပ်လိုက်လို့ရှိယင် ဥပါဒါန် ၄-ပါးထဲက ၂-ပါးထဲ ရတယ်၊ တဏှာဒိဋ္ဌိ နှစ်ပါးပဲ ရှိတယ်၊ တဏှာက သာယာပြီးတော့ စွဲလမ်းတယ်၊ ဒ... |
1,324,139 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထင်လွဲပြီး စွဲလမ်းတာက ဒိဋ္ဌိ၊ သာယာပြီး စွဲလမ်းတာက တဏှာ၊ မြဲတယ်၊ ချမ်းသာတယ်၊ ကောင်းတယ်ထင်ပြီးတော့ သာယာပြီးတော့ စွဲလမ်းတယ်၊ တဏှာနဲ့ စွဲလမ်းတာ၊ ရုပ်ကိုလဲ စွဲလမ်း တယ်၊ နာမ်ကိုလဲ စွဲလမ်းတယ်၊ ကိုယ့်ကိုယ်ကရုပ်ကို သာယာနေတာပဲ၊ ကိုယ့်ရုပ်ကလေးနဲ့ ကိုယ် ကတော့ သာယာနေတာပဲ၊ မသာယာပဲ မရှိဘူး၊ မသာယာလို့တော့ မဖြစ်ဘူး၊ ဒီဥစ္စာကို ကယ်ရ ထာ... |
1,324,140 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧတံ မမ၊ ဧတံ - ဤသည်ကား၊ မမ - ငါ့ဥစ္စာတည်း။ |
1,324,141 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါက တဏှာစွဲလမ်းတာ၊ ဒိဋ္ဌိကတော့ - |
1,324,142 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧသော မေ အတ္တာ၊ ဧသော - ဤသည်ကား။ |
1,324,143 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မေ - ငါ၏၊ အတ္တာ - အတ္တကိုယ်ထည်တည်း။ |
1,324,144 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါက ငါပဲ၊ ငါ့ကိုယ်ပဲ၊ ငါပဲလို့ စွဲလမ်းတာ၊ အဲဒါကတော့ ဒိဋ္ဌိနဲ့ စွဲလမ်းတာတဲ့၊ အဲဒီ အထင်လွဲပြီး စွဲလမ်းတာ၊ ငါ ငါ့ကိုယ်ပဲ၊ အသက်ရှင်နေတဲ့ အကောင်ပဲ၊ ဒီလို အထင်လွဲပြီးတော့ စွဲလမ်းတာဟာ ဒိဋ္ဌိနဲ့ စွဲလမ်းတာ၊ ငါ့ဥစ္စာပဲအနေနဲ့ ကိုယ့်ကိုယ်ထဲမှာ ဆိုယင်တော့ ငါ့ဥစ္စာပဲ ဆိုတဲ့ အနေနဲ့ စွဲလမ်း မှာပဲ၊ ငါ့မျက်စိ၊ ငါ့နား၊ ငါ့လက်၊ ငါ့ကိုယ်၊ ... |
1,324,145 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬ အဲဒီလို ငါဟူ၍ လည်းကောင်း၊ ငါ၏ဥစ္စာအနေနဲ့ လည်းကောင်း စွဲလမ်းနိုင်တဲ့ တရားတွေကို ဥပါဒါနက္ခန္ဓာလို့ ခေါ်သည်၊ ဥပါဒါန်ရဲ့ အာရုံဖြစ်တဲ့ တရားတွေ၊ စွဲလမ်းမှု၏ အာရုံဖြစ်တဲ့ တရားတွေ၊ ဥပါဒါနက္ခန္ဓာလို့ ခေါ်သည်၊ ဒါလေး မှတ်ထား၊ တဏှာနဲ့ စွဲလမ်းမှု၏ အာရုံဒိဋ္ဌိနဲ့ စွဲလမ်းမှု၏အာရုံ၊ တဏှာနဲ့ စွဲလမ်းမှု၏ အာရုံဆိုတာ သာယာအပ်တဲ့ တရား... |
1,324,146 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါမြင်တဲ့ အခါကာလမှာ မျက်စိကို ပုဂ္ဂိုလ် သတ္တဝါ အနေအားဖြင့် မျက်စိနဲ့တကွ တကိုယ်လုံးဟာ ငါပဲလို့ ထင်လို့ရှိယင်ဖြင့် သူဟာ ဒိဋ္ဌိနဲ့ စွဲလမ်းတာပဲ၊ မျက်စိနဲ့တကွ တကိုယ်လုံးကို နှစ်သက်သာယာမှု ဖြစ်လို့ရှိယင် တဏှာနဲ့ စွဲလမ်းတာ၊ မြင်သိမှု ဆိုပါတော့၊ မြင်သိမှုကို ငါပဲလို့ အသက်ရှင်နေတဲ့ အကောင်ပဲလို့ တကယ် ထင်ယင်ပေါ့၊ အဲဒါဟာ ဒိဋ္ဌိန... |
1,324,147 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “ငါ- ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်”။ |
1,324,148 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာ မရှုရတဲ့တရား |
1,324,149 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ အခု ဝိပဿနာ ရှုနေတာဟာ အဲဒီ ဥပါဒါနက္ခန္ဓာတွေ ရှုရတာပဲ၊ စွဲလမ်းတဲ့ တရားတွေ ရှုရတာ၊ တဏှာနဲ့ ဒိဋ္ဌိနဲ့ စွဲနိုင်တဲ့ တရားတွေကို ဝိပဿနာ ရှုရတယ်၊ တဏှာဒိဋ္ဌိနဲ့ မစွဲနိုင်တဲ့ တရား တွေတော့ ဝိပဿနာရှုဖို့ရာ မလိုဘူး၊ တဏှာဒိဋ္ဌိနဲ့ မစွဲနိုင်တာတွေက ဘာတွေတုံးဆိုတော့ လောကုတ္တရာ တရားတွေပဲ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရား၊ အဲဒါတ... |
1,324,150 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရိယာမှာ သက္ကာယဒိဋ္ဌိ ကင်းပုံ |
1,324,151 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမှုမဲ့ အမှတ်မဲ့ နေလို့ရှိယင်တော့ သူများလိုပဲ သွားလိုက် လာလိုက်၊ စားလိုက် သောက်လိုက်၊ စကားပြောလိုက်ဆိုတော့ အတူတူလို ဖြစ်နေတယ်၊ ငါလို့ အစွဲအလမ်း ရှိသေးသလိုပဲ၊ စဉ်းစား လိုက်တိုင်း စဉ်းစားလိုက်တိုင်း ငါကလေးက ပျောက်နေတယ်၊ အရိယာ ပုဂ္ဂိုလ်က ဒိဋ္ဌိအစွဲအလမ်း မရှိဘူး၊ “ရုပ်နာမ်အစု၊ ငါကောင်ဟုထင်မှု မရှိပါ”၊ အရိယာ မဂ်ဖိုလ် ရသွားပ... |
1,324,152 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကိုပဲ ငါလို့၊ သူလို့၊ ယောက်ျားလို့၊ မိန်းမလို့၊ ပုဂ္ဂိုလ်လို့၊ သတ္တဝါလို့ ခေါ်နေကြ တယ်တဲ့၊ အမှန် စင်စစ်တော့ ဒီထဲမှာ ငါကောင်၊ သတ္တဝါကောင်၊ ပုဂ္ဂိုလ်ကောင် မရှိဘူးဆိုတာ အသိဉာဏ်က ရှင်းနေတယ်၊ စဉ်းစားတိုင်း စဉ်းစားတိုင်း ရှင်းနေတယ်၊ မစဉ်းစားပဲနဲ့ အမှတ်တမဲ့ နေတဲ့အခါတော့ သူများလိုပဲ သွားလိုက်လာလိုက်၊ စားလိုက် သောက်လိုက်၊ စကာ... |
1,324,153 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါပေမယ်လို့ သူ့စိတ်ထဲ သူ့ဉာဏ်ထဲမှာတော့ကို စဉ်းစားတိုင်း စဉ်းစားတိုင်း ပုဂ္ဂိုလ် သတ္တဝါ အစွဲအလမ်း ပျောက်နေတယ်၊ ဝိပဿနာရှုမယ် ဆိုယင်တော့ အထူးပြောစရာ မလိုဘူး၊ ရှုလိုက်မှတ်လိုက် လို့ရှိယင် အဖြစ်အပျက်ကလေးတွေ တပိုင်းစီ တပိုင်းစီ ကကလေးတွေ ပိုင်းခြား ပြီးတော့ သိတယ်၊ ဒီတော့ ဒိဋ္ဌိအစွဲအလမ်း သူ့မှာ မရှိဘူးတဲ့၊ “ရုပ်နာမ်အစု ငါကောင်... |
1,324,154 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့်မို့ အရိယာဖြစ်တဲ့ အချိန်မှာ ဒိဋ္ဌိက မရှိဘူး၊ အရိယာဖြစ်ပြီးမှ သိရတဲ့ မဂ်တရား၊ ဖိုလ် တရားတွေ ဒိဋ္ဌိက မရှိတော့ ဘယ်မှာ စွဲလမ်းတော့မှာတုံး၊ မစွဲလမ်း နိုင်ဘူး၊ မဂ်တရား ဖိုလ် တရားသာ မဟုတ်ဘူး၊ အရိယာပုဂ္ဂိုလ်က ရုပ်နာမ်တရားတွေ သာမန်တရားတွေလဲ သူက မစွဲလမ်းတာ၊ အရိယာ ဖြစ်ပြီးတဲ့ နောက်တော့ ရုပ်နာမ် တရားတွေ မြင်မှုတို့၊ ကြားမ... |
1,324,155 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါ အရိယာပုဂ္ဂိုလ်မှာ သက္ကာယဒိဋ္ဌိ ကင်းနေပုံ၊ ဆိုစမ်းပါအုံး။ |
1,324,156 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရိယာဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်က ရုပ်နာမ်တရားမျှကို ငါကောင်ပဲလို့ အသက်ရှင်နေတဲ့ အကောင် ဟုတ်တယ်လို့ စွဲလမ်းတဲ့ အစွဲအလမ်း မရှိဘူးတဲ့၊ သာမည အားဖြင့်တော့ ဒီလိုပါပဲ၊ ငါပဲ၊ သူပဲ၊ သာမညတော့ ဒီလိုအထင် ကကလေးတွေ ရှိနေတာပါပဲ၊ စဉ်းစား ဆင်ခြင် လိုက်ယင်တော့ ငါမဟုတ် ဘူး၊ ရုပ်နာမ်မျှပဲ ဖြစ်ပျက်နေတဲ့ တရားမျှပဲဆိုတာ သူ့ဉာဏ်နဲ့သူရှင်းပြီးတော့သ... |
1,324,157 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာမရှုတဲ့ ပုဂ္ဂိုလ်တွေကတော့ အဲဒီလို မရှင်းဘူး၊ သူက အသက်ကလေး အကောင် ကကလေးက တကယ်ရှိသလိုလို ဘာလိုလို ရှိတယ်လို့လဲ ထင်နေတာပါပဲ၊ စာပေကျမ်းဂန် အရနဲ့ တော့ ရုပ်မျှပဲ၊ နာမ်မျှပဲ၊ ဒါလောက်တော့ သိတာပဲ၊ သိပေမယ်လို့ စဉ်းစားဆင်ခြင် လိုက်လို့ ရှိယင်ဖြင့် စဉ်းစားဆင်ခြင် နေတာကိုက ငါဟုတ်နေတာ လိုလို ဖြစ်နေတယ်။ |
1,324,158 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်ပျက်သိယင် မစွဲလမ်း |
1,324,159 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ ဝိပဿနာ ရှုထားတဲ့ ပုဂ္ဂိုလ်ကတော့ အဲဒီ စဉ်းစားဆင်ခြင်တဲ့ စိတ်ကလေးကလဲပဲ (တစိတ်ချင်း တစိတ်ချင်း၊ တခုချင်းတခုချင်း ဖြစ်နေတယ်ဆိုတာ ဝိပဿနာ ရှုခဲ့တုန်းကတည်းက သိခဲ့ပြီးသား ဖြစ်နေတယ်၊ ဒါကြောင့် သူ့ဥစ္စာ ဖြစ်ပျက်နေတဲ့ တရားမျှပဲလို့ ပိုင်ပိုင်နိုင်နိုင် ရှင်းနေပါတယ်။ |
1,324,160 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အကောင်ကလေး မရှိဘူး၊ အဲဒီတော့ လောကီတရား မြင်ကြားနေတဲ့ တွေ့ထိသိနေတဲ့ လောကီ ရုပ်နာမ်တရားတွေ အပေါ်မှာတောင်မှ သူကစွဲလမ်းခြင်း မရှိပဲ အရိယာဖြစ်ပြီးမှ သိရတဲ့မဂ် တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတွေ ဘယ်မှာစွဲလမ်းခြင်း ရှိတော့မှာလဲ၊ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန် တရားဆိုတာကတော့ ဒိဋ္ဌိနဲ့က လုံးလုံးကို မစွဲလမ်းနိုင်ဘူး၊ တဏှာကတော့ တချို့ ... |
1,324,161 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စွဲလမ်းနိုင်တာကတော့ လောကီတရားတွေသာ စွဲလမ်းတာ၊ ပကတိ မြင်နေတာတွေ ကြားနေ တာတွေ အရိယာဖြစ်ပြီး ပေမယ့်လဲ တဏှာနဲ့ကတော့ သာယာပြီး စွဲလမ်း သေးတာပဲ၊ ဒိဋ္ဌိနဲ့ကတော့ မစွဲလမ်းဘူး၊ မြင်မှု၊ ကြားမှုတွေ၊ သာယာနေသေးတာပဲ၊ ကိလေသာ မကင်းသေးသမျှ ကာလ ပတ်လုံး သာယာနေတယ်၊ သာယာလို့ အဲဒီ သောတာပန်တို့၊ သကဒါဂါမ်တို့ဆိုတာ ကာမဂုဏ် တွေက ကင်းမှ မကင်းသေးပ... |
1,324,162 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စွဲလမ်းမှု မဖြစ်အောင် ဝိပဿနာရှု |
1,324,163 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာရှုတယ်ဆိုတာ မြင်တိုင်း၊ ကြားတိုင်း၊ ဒွါရ ၆-ပါးက ပေါ်တိုင်း ပေါ်တိုင်းတွေ ရှုနေရတာ၊ တနေ့က ခွဲခဲ့ပြီ၊ မြင်တာလဲပဲ ရုပ်နဲ့ နာမ်ပဲ၊ ကြားတာလဲပဲ ရုပ်နဲ့နာမ်ပဲ၊ တနေ့က ခွဲပြီးပါပြီ၊ အဲဒီရုပ်နာမ်တွေကို “ငါ ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန်” ဆိုတာ ဘာတွေတုံး ဆိုလို့ရှိယင် “ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန်” ဥပါဒါနက္ခန္ဓာ... |
1,324,164 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဆောင်ပုဒ်ကလေး ရသောအားဖြင့် ဥပါဒါန်ဆိုတာ ဘာလဲဆိုတာ အဓိပ္ပါယ် နားလည် ရမှာကိုး၊ ဥပါဒါန်ဆိုတာ စွဲလမ်းတာ၊ ဘယ်လို စွဲလမ်းတာလဲ “ထင်လွဲသာယာ၊ စွဲလမ်းတာ၊ နှစ်ဖြာဥပါဒါန်” ထင်လွဲပြီး စွဲလမ်းတာ ဒိဋ္ဌိ၊ သာယာပြီး စွဲလမ်းတာက တဏှာ၊ အဲဒါ ဥပါဒါန်တွေပဲတဲ့၊ နှစ်ဖြာဥပါဒါန် စွဲလမ်းတော့ ဘယ်လိုလုပ် စွဲသတုံးဆိုတော့ ငါ- ငါ့ဥစ္စာတဲ့၊ ငါ ဟူ၍လည်း... |
1,324,165 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ဥပါဒါနက္ခန္ဓာတွေ သရုပ်အားဖြင့် ဘယ်နှစ်ပါးရှိတုံး ဆိုယင် ငါးပါးရှိတယ်၊ အဲဒါဘာတွေတုံး ဆိုလို့ရှိယင် ရုပ်, ဝေ, သညာ၊ သင်္ခါရာ၊ ဝိညာ ဤငါးတန် “ရုပ်က ရုပ်တမျိုး၊ ဝေက ဝေဒနာက တမျိုး၊ သညာက သညာပါပဲ၊ သူကတော့၊ သင်္ခါရာ, ဝိညာဉ် အဲဒီ ငါးပါးပဲတဲ့၊ အဲဒါ တနေ့က ဟောပြီးသားပါပဲ၊ ခေါင်းစဉ်ကလေး ပြန်ပြီး တော့ ဖော်ရတယ်၊ တရားတပတ်နဲ့ တပတ်က ... |
1,324,166 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ဥပါဒါနက္ခန္ဓာ ငါးပါးသော တရားတွေဟာ သူသတ်ယောက်ျားကြီး တွေပါပဲ၊ သတ္တဝါတွေ လိုက်ပြီးတော့ သတ်နေတာ သူတို့ပဲ၊ ခန္ဓာငါးပါးရှိတဲ့ ဘုံဘဝတွေမှာ ခန္ဓာငါးပါးက သူသတ် ယောက်ျား ငါးဦးပဲ၊ ခန္ဓာ ၄-ပါးရှိတဲ့ ဘဝရှိတယ်၊ အရူပဘဝတွေ၊ စိတ်နာမ်တရား ချည်းထဲပဲ၊ ရုပ်မရှိဘူး၊ အဲဒီမှာတော့ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ ၄-... |
1,324,167 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာ ၅-ပါးမှ လွတ်အောင် တရားအားထုတ် |
1,324,168 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ သူသတ်သမားတွေက လွတ်မြောက်အောင်လို့ တရားအားထုတ်ရတယ်၊ အဲဒီ သူသတ် သမားတွေက လွတ်အောင်လို့ ပြေးရတယ်၊ ခုနက ဥပမာမှာ ပေးထားတဲ့ မြွေထိန်းယောက်ျား၊ သူသတ်သမားကြီး ၅-ယောက်က နောက်က တွေ့ရာသတ်ဖို့ လိုက်နေတယ်ဆိုတာမြင်ပြီးတော့ ကြောက်လို့ ပြေးရသလို၊ ဒီမှာလဲပဲ ဒီခန္ဓာ ၅-ပါး တရားတွေက လွတ်မြောက်အောင်လို့ တရား အားထုတ်ရတယ်၊ မြင်တိုင်းမြင... |
1,324,169 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာဉာဏ်ဖြင့် မှတ်လို့ ရုပ်တရား, နာမ်တရား အဖြစ်အပျက် အနိစ္စ, ဒုက္ခ, အနတ္တ အမှန်အတိုင်း သိရတဲ့အာရုံမှာ ကိလေသာ မဖြစ်ဘူး၊ ကိလေသာ မဖြစ်တော့ အဲဒီအာရုံနဲ့ စပ်ပြီးတော့ ကုသိုလ်ကံ အကုသိုလ်ကံတွေ မဖြစ်ရဘူး၊ကံကနေပြီး အကျိုးပေးတဲ့ ဘဝတွေလဲ မဖြစ်ရဘူး၊ မနာရဘူး၊ မသေရဘူး၊ ခန္ဓာငါးပါးက မသတ်ရတော့ ခန္ဓာငါးပါး အသတ်မခံရတော့ဘူး၊ ခန္ဓာငါးပါး... |
1,324,170 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ ဘယ်လောက်က စပြီးတော့ လွတ်တုံး ဆိုယင် သေသေချာချာ ဆိုယင်တော့ ဘင်္ဂဉာဏ် လောက်ကမှ စပြီးတော့ လွတ်တယ်၊ အောက်နားပိုင်းတွေက သိပ်ပြီးတော့ မလွတ်သေးဘူး၊ ဘင်္ဂဉာဏ်ကနေပြီးတော့ အပျက် ကကလေးတွေ ထင်လာမှ၊ အဲဒါ ဒီကနေ့ ဝိပဿနာ ဉာဏ်ကလေး နည်းနည်း ဟောရမယ်၊ ရုပ်ခန္ဓာ နာမ်ခန္ဓာ ကွဲပုံကအစ တနေ့ ကတည်းကပြောတော့ ပြောပြီးပါပြီ၊ ရုပ်ခန္ဓာ နာမ်ခန္ဓ... |
1,324,171 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်ဆဲခဏမှာ မျက်စိကရုပ်၊ မြင်ရတာကရုပ်၊ ရုပ်ခန္ဓာ ၂-ခု မြင်သိတာကနာမ်၊ နာမ်ခန္ဓာက ပေါင်းစုလိုက်ယင် တမျိုးပေါ့လေ၊ မြင်သိတာလေး တခုတည်းမှာပဲ ခွဲလိုက်လို့ရှိယင် သိကာမျှ ဝိညာဏက္ခန္ဓာ ရှိတယ်၊ မြင်လို့ ကောင်းတာ မကောင်းတာ ဝေဒနက္ခန္ဓာ ရှိတယ်၊ မြင်ရတာလေး မှတ်သားတဲ့သဘော သညာက္ခန္ဓာ ရှိတယ်၊ မြင်မှုဖြစ်အောင်လို့ ကြောင့်ကြစိုက် အားထုတ်... |
1,324,172 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုယင် အကုန်လုံး စွဲလမ်းနေတာပဲ၊ အားထုတ်တဲ့ ပုဂ္ဂိုလ်တောင် မရှုမိ မမှတ်မိတဲ့ အာရုံနဲ့စပ်ပြီးတော့ စွဲလမ်းတုန်းပဲ၊ ဘယ်ကျမှ အစွဲ အလမ်း ကင်းသွားတုံး ဆိုတော့ ခုနကပြောတဲ့ ဘင်္ဂဉာဏ်ဆီကနေပြီး အဲဒီကနေပြီး ရှုတိုင်းမှတ်တိုင်း အာရုံကလေးမှာ ကင်းသွား တယ်၊ ဒါလဲပဲ အမြဲတမ်း ကင်းတာ မဟုတ်ဘူး၊ ရှုမိတဲ့ အာရုံကလ... |
1,324,173 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ မြင်ဆဲခဏမှာ မျက်စိနဲ့အဆင်းက ရုပ်ခန္ဓာ၊ မြင်သိမှုက နာမ်ခန္ဓာ၊ ရုပ်နဲ့နာမ်နဲ့ ၂-ခုပဲ ခွဲတော့မယ်၊ ဒါက လွယ်လွယ်ပဲ၊ အဲဒီကစပြီး ကွဲရမှာ၊ ရုပ်တရား, နာမ်တရား ခွဲရလို့ရှိယင် ဒီလိုကွဲရမှာ၊ မြင်ဆဲခဏ၌ မျက်စိနဲ့အဆင်း တကိုယ်လုံးက၊ ကိုယ့်သန္တာန်က ဆိုယင်တော့ တကိုယ် လုံး မြင်ရတဲ့ အဆင်းနဲ့တကွ တကိုယ်လုံး၊ သူများသန္တာန်က ဆိုယင်တေ... |
1,324,174 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်သိသွားတာကလေးက နာမ်ခန္ဓာ၊ မြင်ရတဲ့အာရုံကလေး မြင်သိသွားတယ်၊ ပြီးတော့ ရှုမှတ်ပြီး သိသွားတာ ကကလေးကလဲ နာမ်ခန္ဓာ။ |
1,324,175 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့်မို့ မြင်တာ၊ သိတာက နာမ်၊ မြင်ဆဲခဏ၌ မျက်စိနဲ့ အဆင်းကရုပ်၊ မျက်စိ ဆိုယင် မျက်စိနဲ့တကွ တကိုယ်လုံးပဲ၊ အဆင်း ဆိုယင်လဲပဲ အဆင်း တည်ရာဌာန တကိုယ်လုံးပဲ၊ ကိုယ့်သန္တာန်က ဖြစ်ဖြစ်၊ သူများသန္တာန်က ဖြစ်ဖြစ်၊တကိုယ်လုံးပဲ၊ အဲဒါ ရုပ်တရားပဲ၊ အသက်ရှင် နေတဲ့ သဘောမျိုး မဟုတ်ဘူး၊ သိတတ်တဲ့သဘောမျိုး မဟုတ်ဘူး၊ မသိတတ်တဲ့ သဘောမျိုး၊ ဆန့... |
1,324,176 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်ဆဲခဏ၌ မျက်စိနဲ့အဆင်းက ရုပ်၊ မြင်တာ သိတာကနာမ်။ |
1,324,177 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မျက်စိဆိုတာက မြင်မှု၏ တည်ရာလေးကို၊ ဒီကနေပြီးတော့ မြင်တယ်လို့ ထင်ရတယ်၊ မျက်လုံးကြီး ပုံသဏ္ဌာန်ကြီးရယ်လို့ မဟုတ်ပါဘူး၊ မြင်ရာဌာန ကလေးပေါ့၊ အဆင်း ဆိုတာကလဲ မြင်ရတဲ့အရာပဲ၊ ဒါပါပဲ၊ မျက်စိနဲ့ အဆင်းကရုပ်၊ ဒီအဆင်းကလေးက အမှုန့်ကလေး သေးသေး ကကလေးပဲလို့ ဒီလိုထင်ရမယ်လို့ မဟုတ်ပါဘူး၊ သေးသေး ရယ်လို့ မဟုတ်ပါဘူး၊ မြင်ရတာ၊ မြင်ရတာ ဆိုယင်... |
1,324,178 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မျက်စိဆိုတာဟာ မြင်မှု၏ တည်ရာပဲ၊ မျက်စိအနေအားဖြင့် မျက်လုံးကြီးနဲ့ ထင်ရမှ မဟုတ်ဘူး၊ မြင်မှု တည်ရာအနေအားဖြင့် မြင်မှုကလေး၊ ဒီကနေ ဖြစ်သွားတယ် ဆိုပြီးတော့ မြင်တယ်လို့ ရှုမှတ်တဲ့အခါမှာ ဒီလိုသိရတယ်၊ အဲဒီလို သိတဲ့ဥစ္စာ မျက်စိကိုသိတာ၊ မျက်စိသိလိုက်လို့ရှိယင် မျက်စိနဲ့တကွ မျက်စိ၏ တည်ရာဖြစ်တဲ့ တကိုယ်လုံးရုပ်တွေ အကုန်လုံးပါသွားတယ... |
1,324,179 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နားက ကြားဆဲခဏမှာ အတူတူပဲ၊ နားနဲ့ အသံက ရုပ်၊ နားဆိုယင် ကြားရာဌာနပဲ၊ နားရွက်ကြီး ဘာကြီးနဲ့ ထင်ရမှာ မဟုတ်ဘူး၊ ဒီကနေ ကြားတယ်လို့ ကြားရာဌာန ကလေး၊ ကြားရာဌာန ရုပ်ကလေးက တခု၊ အဲဒီ ကြားတဲ့နား ရုပ်နဲ့တကွ တကိုယ်လုံး ပဲ၊ သူက ရုပ်ခန္ဓာ ထင်သွားတာကိုး၊ ကြားရတဲ့အသံ၊ အသံနဲ့တကွ အသံ၏တည်ရာ ကိုယ်ကြီး တကိုယ်လုံးပေါ့လေ၊ ကိုယ့်အသံ ဖြစ်ယင်လဲ ကိ... |
1,324,180 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကြားဆဲခဏ၌၊ နားနဲ့ အသံကရုပ်၊ ကြားတာ သိတာက နာမ်။ |
1,324,181 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နှာခေါင်းက နံတာတို့၊ စားတာတို့ ကတော့ တခါတရံပဲ တွေ့ရပါတယ်။ |
1,324,182 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နံဆဲခဏ၌၊ နှာခေါင်းနဲ့ အနံ့က ရုပ်၊ နံတာသိတာက နာမ်။ |
1,324,183 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စားဆဲခဏ၌၊ လျှာနဲ့ အရသာကရုပ်၊ အရသာသိတာက နာမ်။ |
1,324,184 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီမှာတော့ကို စားတာသိတာက လောကဝေါဟာရ မရှိဘူး၊ ၂-လုံးလုပ်ဖို့ရာ တယ်ဆိုလို့ မကောင်းဘူး၊ အရသာသိတာ ဆိုယင် စားတော့ကို အရသာပေါ်ပြီးသိတာ၊ ရှုမှတ်ပြီး သိတာ၊ ဒါလဲ ပေါင်းလိုက်မှဖြစ်မှာ။ |
1,324,185 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တွေ့ထိဆဲ ခဏ ရောက်ပြီး တွေ့ထိဆဲခဏ အတွေ့ကတော့ အများဆုံးမှတ်ရတယ်။ |
1,324,186 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထိဆဲခဏ၌ ကိုယ်နဲ့ အတွေ့ကရုပ်၊ ထိတာသိတာနာမ်။ |
1,324,187 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထိတယ် ဆိုတာကတော့ တကိုယ်လုံး နေရာတကာမှာ ရှိတယ်၊ အသွေးအသား စိုနေတဲ့ နေရာဆိုယင် အကုန်လုံးပဲ သူကထိပြီး သိတာပဲ၊ ကာယပသာဒ ပျံ့နှံ့ပြီး တည်နေတာ တဲ့၊ ကိုယ်ဆိုတာ ကာယပသာဒကို ဆိုတယ်၊ ဒီကိုယ် အကောင်အထည်ကြီး ပြောတာ မဟုတ်ဘူး၊ ကာယပသာဒရုပ် ဆိုတာ တကိုယ်လုံးမှာ စိုနေတဲ့နေရာ ဆိုယင် အကုန်လုံး ရှိတယ်၊ အပ်ဖျားလေး တနေရာလောက်မှာလဲ ရှိတာပဲ၊ အပ်... |
1,324,188 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ နေရာတကာမှာ ရှိတယ်၊ အတွင်းကရော အပြင်ကရော၊ အဲဒီအတွေ့အထိ တွေဟာ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်ဟာ သမာဓိဉာဏ် တော်တော် အားကောင်းလာတဲ့ အခါကျတော့ အတွေ့ အထိသာ မှတ်မယ် ဆိုယင် အတွေ့အထိတွေ ပြည့်လို့ တကိုယ် လုံး နေရာတကာမှာ ရှိတယ်၊ တကိုယ်လုံး ရှုနိုင်မှတ်နိုင်တာပဲ၊ ခြေထောက်ကနေပြီး ခေါင်းအထိ၊ ခေါင်းကနေပြီး ခြေထောက် အထိ၊ လက်တွေရော၊ အကုန်လ... |
1,324,189 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီထိတဲ့ အခါကာလမှာ ထိရာဌာနက ကိုယ်ဆိုတာ အဲဒီ ထိရာဌာနကလေးမှာ ရှိတဲ့ ကာယ ပသာဒရုပ်ကို ကိုယ်လို့ခေါ်တာပါပဲ၊ ခုနက နားဆိုတဲ့ နေရာမှာ နားရွက်ကြီး တွေ ဘာတွေ ရည်ရွယ် တာ မဟုတ်သလိုပဲ၊ ကိုယ်ကြီးကလဲပဲ လက်နဲ့ ခြေနဲ့ခေါင်းနဲ့ အကောင်အထည် အထည်ဒြပ်ကြီးကို ပြောတာ မဟုတ်ဘူး၊ ထိရာဌာန အထိ သဘောကလေးကို ဖမ်းပြီးတော့ သိရာ ဌာနကလေး၊ ဒါလေးကို ကာယပသ... |
1,324,190 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု ထိုင်နေယင်းလဲပဲ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်ပဲ ထားပါတော့၊ အားထုတ် ပြီးသား ပုဂ္ဂိုလ် တွေမှာတော့ အင်မတန် ထင်ရှားနေတယ်၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ်တောင်မှ စိုက်ပြီးတော့ ကြည့်လိုက်ယင် ညာဘက် ခြေထောက်က နေပြီးတော့ ထိနေတာ၊ စိုက်ကြည့်လိုက်ယင် အဲဒီ နေရာက ထင်ရှားတာပဲ၊ ဘယ်ဘက် ခြေထောက်က ထိတာ စိုက်ကြည့်လိုက်ယင် ထိရာက ထင်ရှားသားပဲ၊ ခြ... |
1,324,191 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ထိရာဌာန ရုပ်ကလေးက ကိုယ်ရုပ်တဲ့၊ ကိုယ်ရုပ်ဆိုတာ ဒါကလေးပဲ၊ ကိုယ်ရုပ်တွေ ပျက်နေတာရှိတယ်၊ ပသာဒရုပ် ပျက်နေတဲ့အခါမှာ ထိမှန်း မသိဘူး၊ အသားတွေ ထုံနေသလို ဖြစ်ပြီးတော့ ထိလို့ထိမှန်း မသိတာတွေ ရှိတယ်၊ ဒါက ပသာဒ ရုပ်ပျက်နေတာ၊ ဒီမှာတော့ ကိုယ်ရုပ် မရှိဘူး၊ ကိုယ်ရုပ် ကောင်းနေတဲ့ နေရာတွေမှာ အကုန်လုံးထိတိုင်း ထိတိုင်းဟာ ထိတာကလေး... |
1,324,192 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတွေ့ဆိုတာ ဖဿ သဘောရှိတယ်၊ ဒါပေမယ်လို့ တွေ့ရတဲ့ အာရုံကို ခေါ်စရာ စကား မရှိလို့ အတွေ့ဆိုပြီးတော့ သုံးထားရတာ၊ ဝေါဟာရက တွေ့ရတဲ့ သဘောကလေး၊ တွေ့ထိရတဲ့ သဘော ကကလေးပဲ၊ အတွေ့ဆိုတာ အဲဒီ တွေ့ထိရတဲ့ သဘောဟာ ဘယ်လိုဟာတွေတုန်း ဆိုလို့ရှိယင် ကျမ်းဂန်နာမည်နဲ့ ပြောမယ်လို့ ဆိုယင်ဖြင့်ယင် ပထဝီ၊ တေဇော၊ ဝါယောတဲ့၊ ဓာတ် ၃-ပါးတဲ့၊ ပါဠိလိုကတော့ ဖ... |
1,324,193 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတွေ့ဆိုတာ တွေ့ထိရတဲ့ သဘောကလေးကိုး၊ အဲဒီတွေ့ထိရတဲ့ သဘောဟာ ၃-မျိုး ရှိတယ်၊ ပထဝီအတွေ့အထိ ရှိတယ်၊ တေဇောအတွေ့အထိ ရှိတယ်၊ ဝါယောအတွေ့ အထိ ရှိတယ်၊ ဓာတ် ၄-ပါးထဲမှာ အာပေါဆိုတဲ့သဘောက မတွေ့ထိနိုင်ဘူးတဲ့၊ သူက သူ့ကို နုတ်ထားရတယ်၊ အာပေါ ဆိုတာ အရေသဘောကိုး၊ သူက တွေ့လို့ထိလို့ မရဘူး၊ အခုရေတွက် စမ်းသပ်လို့ တွေ့ထိပြန်လဲပဲ အာပေါတွေ့တာ မဟု... |
1,324,194 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိုယ်ထဲမှာလဲ ဒီအတိုင်းပဲ၊ တွေ့တာ ဟူသမျှတွေမှာ မာမာ ကြမ်းကြမ်း နူးနူးညံ့ညံ့ တွေ့ယင် ပထဝီတဲ့၊ တနေ့ကဓာတ် ၄-ပါးတုန်းက ဒါတွေ ဟောခဲ့ပါပြီ၊ မာတာ, ကြမ်းတာ, နူးညံ့တာ ပထဝီဓာတ်တဲ့၊ မာတာ၊ ကြမ်းတာ နူးညံ့တာ တိုက်ခံ ပြီးတော့နေတာ ပထဝီဓာတ်လို့ တနေ့က ဟောလို့ လဲပြီးခဲ့ပြီ၊ တေဇောဓာတ်က ပူတာ, နွေးတာ, အေးတာ, ပေါ့တက်တာ၊ ဒါက တေဇောဓာတ်တဲ့၊ ဝါယေ... |
1,324,195 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီအတွေ့ ၃-မျိုးဟာ ရုပ်တရားတွေပဲ၊ ဒါကြောင့် “ထိဆဲခဏမှာ ကိုယ်နဲ့အတွေ့က ရုပ်”၊ ကိုယ်နဲ့ အတွေ့ကတော့ မာတာ, ကြမ်းတာ တွေ့ချင်လဲ တွေ့မယ်၊ ပူတာ, အေးတာ, နွေးတာ တွေ့ချင်လဲ တွေ့မယ်၊ တောင့်တဲ့သဘော၊ လှုပ်ရှားတဲ့သဘော၊ တွန်းကန်တဲ့သဘော၊ ဒါတွေ့ချင်လဲတွေ့မယ်၊ ဒီ ၃-မျိုးထဲက တမျိုးမျိုး တွေ့တယ်၊ ဘယ်ဟာတွေ့တွေ့ပဲ၊ တမျိုးထဲပဲ၊ ၂-မျိုး ၃-မျိ... |
1,324,196 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ အတွေ့က ကွေးလိုက်၊ ဆန့်လိုက်၊ ထိုင်လိုက်၊ ထလိုက်၊ လှုပ်ရှားလိုက် လုပ်တဲ့ အခါကာလမှာ များသောအားဖြင့် ဝါယောဓာတ်ကို တွေ့တယ်၊ တောင့်တာ တင်းတာ တွန်းကန်တာ၊ လှုပ်ရှားတာတွေ တွေ့တယ်၊ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်တွေမှာ လမ်းလျှောက်တဲ့ အခါတွေမှာ ကြွတယ်၊ လှမ်းတယ်၊ ချတယ် စသည်ဖြင့် မှတ်နေတာ၊ အဲဒီလိုအခါ ကာလတွေမှာ တောင့်တာကလေးတွေ့၊ တင်... |
1,324,197 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါလဲ ကိုယ်နဲ့အတွေ့က ရုပ်တဲ့၊ ပကတိ ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ အဲဒီလိုပဲ၊ ပုဂ္ဂိုလ် သတ္တဝါ ထင်နေတာပဲ၊ ကွေးလိုက်ဆန့်လိုက်လို့ ရှိယင် ငါပဲ၊ တောင့်တင်း လှုပ်ရှားတာတွေ ငါပဲလို့ ပုဂ္ဂိုလ်သတ္တဝါ ထင်တယ်၊ ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ဘူး၊ တွေ့ရတဲ့ သဘောလေးပဲ၊ တောင့်ယင်လဲ တောင့်တာ၊ တင်းယင်လဲ တင်းတဲ့သဘော လေးပဲ၊ ကိုယ်နဲ့အတွေ့ကရုပ်၊ ထိတာ... |
1,324,198 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ ကြမ်းတမ်း နူးညံ့တဲ့ ပထဝီဓာတ်ကို တွေ့ထိယင်လဲ တွေ့ထိမယ်၊ ပူနွေးအေးတဲ့ တေဇော တွေ့ထိတာ ဖြစ်ယင်လဲ ဖြစ်မယ်၊ တောင့်တင်းတဲ့၊ လှုပ်ရှားတဲ့၊ တွန်းကန်တဲ့ ဝါယော ဓာတ်၊ တွေ့ထိတာယင်လဲ ဖြစ်မယ်၊ အဲဒီအတွေ့ရုပ် ၃-ပါးထဲက တမျိုးမျိုး ဖြစ်မှာပဲ၊ အဲဒါရုပ်တရား၊ အဲဒီတွေ့ထိတဲ့ အတိုင်းပဲ၊ နူးညံ့တယ်၊ ကြမ်းတမ်းတယ်၊ ပူတယ်၊ အေးတယ်စသည်ဖြင့် သိသိ... |
1,324,199 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ထိဆဲခဏမှာ ယောဂီပုဂ္ဂိုလ် မှတ်တိုင်း မှတ်တိုင်းဟာ ရုပ်နဲ့နာမ်ကလေးတွေ၊ ဒီလို တွဲပြီးတော့ ထင်ရှားနေတယ်၊ ကိုယ်ရုပ်နဲ့ ကိုယ်ရုပ်ကိုထိရာ ဌာနမှာ ကိုယ်ရုပ်နဲ့အတွေ့နဲ့ ကိုယ်နဲ့ အတွေ့ကရုပ်၊ သူက အသေ သဘောပဲ၊ ထိသိသွား တာရယ်၊ မှတ်လို့ထိသိသွားတာရယ်၊ ထိတာ သိတာ ဒီ ၂-ခုက နာမ်သဘောပဲ၊ ဒါလေး ၂-ခု ရှိတယ်ဆိုတာ သိတယ်။ |
1,324,200 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒိပြင် တနည်းအားဖြင့်လဲ ကွေးတဲ့ဆန့်တဲ့ လှုပ်ရှားတဲ့အခါ ကာလတွေ မှာတော့ ရုပ်နဲ့နာမ် ၂-မျိုး ကွဲလွဲတာရှိတယ်၊ ဘယ်လိုတုန်း ဆိုတော့ ကွေးမယ်၊ ဆန့်မယ်၊ လှုပ်မယ် ကြံတဲ့ နာမ်ကလေးကလဲ ထင်ရှားတယ်၊ ကွေးလိုက်၊ ဆန့်လိုက်၊ လှုပ်ရှား လိုက်တဲ့ လှုပ်ရှားလိုက်တဲ့ရုပ်ကလဲ ထင်ရှားပြီးတော့ မှတ်တဲ့ အသိကလေးကလဲ တခု ထင်ရှားတယ်၊ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.