id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,201 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ အဲဒါကွေးဆဲခဏ၌ ဒါလေးခွဲကြအုံးစို့၊ ဒါ ဝိပဿနာ အမြဲမှတ်နေတာ၊ ဆိုရမယ်။ |
1,324,202 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးဆဲခဏ၌ ကွေးချင်တာနဲ့ မှတ်သိတာက နာမ်၊ ကွေးတာ လှုပ်ရှားတာက ရုပ်။ |
1,324,203 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါက နာမ်နဲ့ရုပ်၊ နာမရူပပရိစ္ဆေဒဉာဏ်၊ နာမ်ကစတာလဲရှိတယ်၊ နာမရူပနာမ်နဲ့ ရုပ်ပဲတဲ့၊ ဆန့်မယ်၊ ထိုင်မယ်၊ ထမယ်၊ သွားမယ်၊ လာမယ်၊ အကုန်လုံးပေါ့၊ ဒီတခု သိယင် အကုန်လုံးသိရတယ်၊ အဲဒီလို တစုံတခု အမူအရာကလေး ပြုမယ်လို့ ကြံတာ ကကလေးကနာမ်၊ အဲဒါလေးလဲ မှတ်လိုက်သေးတာပဲ၊ ကွေးချင်ယင် ကွေးချင်တယ်၊ ဆန့်ချင်ယင် ဆန့်ချင်တယ်၊ထိုင်ချင်ယင် ထိုင်ချင်... |
1,324,204 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးတဲ့အခါမှာ ကွေးချင်တယ် ဆိုတာလဲပဲ နာမ်တရားပဲ၊ မှတ်သိလိုက်တာလဲ နာမ်တရားပဲ၊ ကွေးတယ် - ကွေးတယ်လို့ မှတ်သိတာလဲ နာမ်တရားပဲ၊ ကွေးတယ် ကွေးတယ် မှတ်သိတော့ အဲဒီမှာ လှုပ်ရှားတဲ့သဘော၊ တောင့်တဲ့သဘော၊ တင်းတဲ့ သဘော၊ အဲဒီ သဘောကလေးတွေက ရုပ်တရား၊ ဒါရှိတာပဲ၊ ရုပ်နဲ့နာမ်၊ နာမ်နဲ့ရုပ်၊ ဒါ ၂-ခု ရှိတာပဲလို့ ယောဂီပုဂ္ဂိုလ်ဟာ မှတ်ယင်း မှတ်ယင... |
1,324,205 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိုယ်ပိုင်ဉာဏ်ကတော့ ရုပ်နာမ် ထင်ရှားရာသာရှု၊ အဲဒီထင်ရှားတဲ့ ရုပ်နာမ်လောက်ပဲ ပိုင်းခြားပြီး သိတယ်၊ အဲဒီကနေပြီး ရုပ်နဲ့နာမ် ၂-ခုထဲလို့ ရုပ်ကတခြား၊ နာမ်က တခြားပဲ၊ ဒီထဲမှာ ပုဂ္ဂိုလ် သတ္တဝါအကောင် အထည် မရှိဘူးလို့ ရှုယင်း ရှုယင်း ကွဲပြားပြီးတော့ သိတာ၊ အဲဒါ နာမရူပပရိစ္ဆေဒ ဉာဏ် ခေါ်တယ်၊ သူက အရေး ကြီးပါတယ်၊ ဝိပဿနာ ရှုတယ် ရှုတယ်... |
1,324,206 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီက သတိပဋ္ဌာန်နည်းနဲ့ ကျကျနန ရှုလို့ရှိယင် နာမရူပပရိစ္ဆေဒဉာဏ်က မကွဲလို့ကို မဖြစ် မကွဲတတ်ယင်သာ ရှိရမယ်၊ သူ့ဥစ္စာ မှတ်လိုက်ယင် ကွဲနေတာပဲ၊ ကွေးတယ် - ကွေးတယ်ဆိုယင် ကွေးတဲ့သဘောကတခု၊ မှတ်သိတာက တခု၊ သူ့ဟာသူ ကွဲနေတာပဲ၊ ဒါ ရောလို့ကိုမဖြစ်ဘူး၊ ကွေး တဲ့ တောင့်တင်း လှုပ်ရှားတဲ့ သဘောကတခုပဲ၊ မှတ်သိ တာကတခုပဲ၊ မှတ်သိတာက တောင့်တင်း လှု... |
1,324,207 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပကတိ ပုဂ္ဂိုလ်တွေအနေကတော့ ကြွတယ်ဆိုတာ သူများလိုပဲ ခြေထောက်ကြီး ကြွသွားတာ၊ ဒီလိုပဲသိမှာပါပဲ၊ ဒီလို မဟုတ်ဘူး၊ ဟိုမှာတော့ အမူအရာကလေးတွေ သဘောကလေးတွေ ဟိုမှာ ရှုယင်း မှတ်ယင်း ထင်ရှားပြီးတော့ သိတယ်၊ အဲဒီဥစ္စာ မှတ်တိုင်း မှတ်တိုင်းဟာ မှတ်ရတဲ့ အာရုံက ရုပ်၊ မှတ်သိတာကနာမ်၊ ရုပ်အမူအရာကို မှတ်တိုင်းမှတ်တိုင်း မှတ်ရတဲ့အာရုံကရုပ်၊ မှ... |
1,324,208 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်အမူအရာကို မှတ်တိုင်း မှတ်တိုင်း မှတ်ရတဲ့ အာရုံကရုပ်၊ မှတ်သိတာက နာမ်။ |
1,324,209 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်အမူအရာတွေဆိုတာ ဘာတွေတုံးဆိုယင် ကွေးတာဆန့်တာ, ထိုင်တာ ထတာ, အကုန်လုံးပေါ့၊ ဖောင်းတာပိန်တာလဲပါတယ်၊ ဖောင်းတယ်မှတ်ယင် ဖောင်းတာက ရုပ်အမူအရာပဲ၊ ကိုယ်အမူအရာ ပဲ၊ ဖောင်းတက်လာတာကရုပ်၊ မှတ်သိတာကနာမ် ကွဲနေတယ်၊ ၂-ခု မခွဲလို့ကိုမဖြစ်ဘူး၊ သမာဓိ ဉာဏ် အားကောင်းလာလို့ရှိယင် မှတ်လိုက်ယင် ခဲကလေးနဲ့ ပစ်လိုက်တာလိုပဲ၊ မှတ်သိစရာ လေးက ဟိုကပ... |
1,324,210 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘယ်ဟာမှတ်မှတ် ရုပ်မှတ်လို့ရှိယင် ရုပ်အာရုံကလေးက တခြား၊ မှတ်သိတာ ကကလေး က တခြား ဒီလိုကွဲတာပဲ၊ ဒီလို ကွဲပြားနေလို့ရှိယင် ဒါ နာမရူပပရိစ္ဆေဒဉာဏ်ပဲ၊ ဒီလိုမှ မကွဲပြားသေးပဲနဲ့ ဝိပဿနာဉာဏ်တွေက ဟိုတက် ဒီတက်တက်နေတာ၊ ဒီဥစ္စာတွေက သဘာဝမကျဘူး၊ မပြော တတ်ယင်သာ ရှိရမယ်၊ ဉာဏ်ထဲမှာတော့ ကွဲရမယ်၊ မှတ်တိုင်း မှတ်တိုင်း မှတ်သိရတဲ့ အာရုံ ကကလေးက... |
1,324,211 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီက နာမ်နဲ့ရုပ် ကွဲပြားပြီးတော့ အစဉ်အတိုင်း ရှုမှတ်လာလို့ရှိယင် အကြောင်း အကျိုးတွေလဲ ထိုက်သည့် အားလျော်စွာ သိပါတယ်၊ ဒါကတော့ ကိုယ့်ဉာဏ် မြင်သလောက်ပဲ သိတယ်၊ အကျယ် ချည်း ရယ်လို့တော့ မဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုး တော်တော်တန်တန် သိတာလဲရှိတယ်၊ တချို့လဲ တော်တော် ကျယ်ကျယ် ပြန့်ပြန့် သိတယ်၊ အနည်းဆုံး ကိုယ့်အမူအရာ တစုံတခု ပြုလိ... |
1,324,212 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာရုံကလေးတွေရှိလို့ အသိကလေးတွေ ရှိရတယ်၊ ဖောင်းတာရှိလို့ ဖောင်းတာ မှတ်သိတာ ဖြစ်ရတယ်၊ ပိန်တာရှိလို့ ပိန်တယ် မှတ်သိတာ ဖြစ်ရတယ်၊ ကွေးတာရှိလို့ ကွေးတယ် မှတ်သိတာ ဖြစ်ရတယ်၊ စင်္ကြံသွားနေတဲ့အခါ ကြွတာလေးရှိလို့ ကြွတာ မှတ်သိတာလေးဖြစ်ရတယ်၊ လှမ်းတာ ရှိလို့ လှမ်းတယ် မှတ်သိတာလေး ဖြစ်ရတယ် စသည်ဖြင့်ပေါ့လေ၊ အာရုံရှိလို့ အသိလေးတွေ ဖြစ်တ... |
1,324,213 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာရုံမရှိယင် အသိဆိုတာ မဖြစ်နိုင်ဘူး၊ အာရုံမရှိပဲနဲ့ စိတ်ဟာ မဖြစ်နိုင်ဘူး၊ အာရုံဖြစ်ပြီးမှ ဘာနဲ့ တူသလဲဆိုယင် စိတ်နာမ်တရားများဟာ အားမရှိတဲ့ လူမမာများ အိပ်ရာက ထတော့မယ်ဆိုယင် အားပြုစရာလေးရှိရတယ်၊ ထိုင်ယင်လဲပဲ ဆွဲကိုင်ပြီး တော့ ထရမယ်၊ နံရံယင်လဲပဲ အားပြုပြီးတော့ ထရမယ်၊ ဒီတိုင်း မထနိုင်ဘူး၊ သို့မဟုတ် တောင်ဝှေးနဲ့ဘာနဲ့လဲ ထောက်... |
1,324,214 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်က အာရုံလေး ပေါ်လာတာနဲ့ အသိစိတ်ကလေး ဖြစ်လာတာကို၊ ခဏခဏ မှတ်နေရတော့ အာရုံရှိလို့ မှတ်သိစိတ် ဖြစ်ရတာပဲ၊ အာရုံကြောင့် အသိစိတ် ဖြစ်ရသည် ဆိုတာ ပေါ်လာတယ်၊ ပထမက စိတ်ကူး ထားတယ်၊ ဘာလုပ်အုံးမယ်၊ ဘယ်သွားအုံးမယ် စိတ်ကူးထားတယ်၊ တော်တော်ကြာ အဲဒီစိတ်ကူး ပြန်ပေါ်လာတယ်၊ ဒီတော့ ရှေ့စိတ်ကူးလေးရှိလို့ နောက်စိတ... |
1,324,215 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှုရမှတ်ရတဲ့ အာရုံကလေးတွေ အစပေါ်လာတယ်၊ ပထမပေါ်လာကတည်းက မှတ်ရတယ်၊ တော်တော်ကြာတော့ မှတ်ယင်းမှတ်ယင်းနဲ့ ပျောက်သွားတယ် မရှိ တော့ဘူး၊ ပေါ်ပြီးပျောက် သွားလို့ မမြဲတဲ့တရားပဲလို့ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ ထင်ရှားပါတယ်၊ အဲဒါ သမ္မသနဉာဏ် ခေါ်တယ်၊ မမြဲဘူးဆိုတာ သုံးသပ်တယ်၊ အာရုံနိမိတ်တွေမှာ ပိုပြီးတော့ ထင်ရှားပါတယ်၊ အာရုံနိမိတ်ကလ... |
1,324,216 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝေဒနာကလေးတွေ ပေါ်လာတယ်၊ ကိုယ်ထဲ ညောင်းတာပူတာကလေးတွေ စိုက်ပြီး တော့ မှတ်မိတယ်၊ ညောင်းတယ်၊ ပူတယ်ပူတယ် မှတ်တော့ တော်တော်ကြာတော့ မမြဲတဲ့တရားပဲ၊ ရှေးတုန်းကတော့ ဒီလို ပျောက်သွားတာ ဘယ်မှာသိလိမ့်မှာတုန်း၊ မရှုခင်မမှတ်ခင်ကမသိဘူး၊ ဒီဥစ္စာတွေဟာ ကိုယ်ထဲမှာ ညောင်းတာ, ပူတာ, နာကျင် ကိုက်ခဲတာတွေ ပျောက်သွားတာရယ်လို့ မသိဘူး၊ အခုတော့ ရှု... |
1,324,217 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနိစ္စ - မမြဲတာ သုံးသပ်တယ်၊ ဒုက္ခ-ဆင်းရဲတာ သုံးသပ်တယ်၊ အနတ္တ ပုဂ္ဂိုလ်သတ္တဝါမဟုတ်လို့ သုံးသပ်တယ်၊ အဲဒီကနေ အစဉ်အတိုင်းရှုမှတ်ပြီး တက်လာ လို့ရှိယင် ခဏချင်းခဏချင်းဖြစ်ပြီး ပျောက်သွားတာ တွေ့ရတယ်၊ သမ္မသနဉာဏ်က ဖြစ်ပြီးပျောက်သွားလို့ မမြဲဘူးဆိုပေမယ့်လို့ ချက်ချင်း မဟုတ်သေးဘူး၊ တော်တော် လေးကြာမှ ပျောက်တယ်၊ သူက ချက်ချင်း ပျောက်... |
1,324,218 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥဒယဗ္ဗယ အဖြစ် အပျက်ကလေးတွေ သိတယ်ဆိုတဲ့အခါကျတော့ကို ဖြစ်ပြီး ပျောက်, ဖြစ်ပြီး ပျောက် ချက်ချင်း ချက်ချင်း ပျောက်ပျောက်သွားတာလေးတွေ တွေ့ရတယ်။ |
1,324,219 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘင်္ဂဉာဏ် အဲဒီကနေပြီး တက်လာတဲ့အခါကျတော့ အပျက်တွေ ထင်လာတယ်၊ အပျက်ဆိုတာ ပျောက်တာပါပဲ၊ တချို့ အပျက်ဆိုယင် အိမ်ကြီး ပြိုသွားသလို မီးလောင်သွားတာကို ပြာကျသွားတာကို အဲဒီလို အောက်မေ့တာ၊ ဒီလို မဟုတ်ဘူး၊ သူ့ဥစ္စာ ရုပ်တရား နာမ်တရားတွေ မရှိသေးတဲ့တရားတွေ အသစ်ပေါ်လာတာကို ဖြစ်တယ်လို့ ခေါ်တယ်၊ ပေါ်ပြီးသားတရားတွေ မရှိပဲ ပျောက်သွားတာကို... |
1,324,220 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှိပြီးသား တရားလေး မရှိပဲနဲ့ ဖြစ်သွားတာကို ပျောက်တယ်လို့ ခေါ်တယ်၊ အစက မရှိသေးပဲနဲ့ သဘောတခု ပေါ်လာတာကို ဖြစ်တယ်လို့ ခေါ်တယ်။ |
1,324,221 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီမှာ ပကတိပုဂ္ဂိုလ်တွေ ဆိုယင်တော့ အဲဒီလို ကိုယ်ထဲက ရုပ်နာမ်တွေ အစ ပေါ်လာတာလဲ မတွေ့ပါဘူး၊ အလယ်ပိုင်း လောက်ပဲ တွေ့တယ်၊ အလယ်ပိုင်းလောက် တွေ့တော့လဲ ပျောက်သွားတယ်လို့မတွေ့ဘူး၊ အကြာချည်းနေမှပဲ တည်နေတယ်လို့ ထင်တယ်၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်မှာတော့ ပေါ်ပေါ်ချင်း ပေါ်စကလေးလဲပဲ သိတယ်၊ ကိုယ်ထဲ အမြဲစိုက်ပြီးတော့ ရှုနေတော့ တစုံတခုဖြစ်... |
1,324,222 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီဉာဏ်က လွန်သွားတဲ့အခါကျတော့ ပေါ်လာတာ မထင်ရှားပဲနဲ့ ပျောက်တာချည်းပဲ ထင်ရှားတယ်၊ မှတ်လိုက်ယင်း ပျောက်သွား၊ မှတ်လိုက်ယင်း ပျောက်သွား၊ အာရုံရော အသိရော ပျောက်ပျောက်သွားတာချည်း တွေ့မြင်ရတယ်တဲ့၊ ဒီဉာဏ်က မြင်ဆဲခဏမှာ ရုပ်နဲ့နာမ် ခန္ဓာငါးပါး၊ ကြားဆဲခဏမှာ ရုပ်နဲ့နာမ်၊ ဘယ်ဟာဖြစ်ဖြစ် မှတ်တိုင်း မှတ်တိုင်းဟာ ပေါ်ပြီးယင် ပျောက်သွာ... |
1,324,223 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကွေးတယ် မှတ်ယင် ရွေ့ကနဲ တရွေ့ရွေ့ ပျောက်လိုက်၊ ကွေးတယ်လို့ မှတ်သိတာလေး ပျောက်သွားလိုက်၊ နောက်တခါ တရွေ့ရွေ့လိုက်၊ ကွေးတယ်လို့ မှတ်လိုက်၊ အဲဒီ အသိကလေးလဲ ပျောက်သွားလိုက်၊ ဒီလိုပဲ တကွေးတကွေးမှာ အရွေ့ပေါင်းလဲ အများကြီး၊ အသိပေါင်းလဲ အများကြီးပဲ၊ ကွေးတယ်-ကွေးတယ် ရွေ့တယ် ရွေ့တယ်ဆို၊ ရွေ့တိုင်း ရွေ့တိုင်း ရွေ့လိုက် ပျောက်လိုက် ... |
1,324,224 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပကတိအတိုင်း စဉ်းစားဆင်ခြင်ပြီး သိတဲ့ ဝိပဿနာတွေဆိုယင် ဒီလိုချည်းထဲပဲ၊ အာရုံသာ ပျက်တယ်လို့ သူ့ဟာ ဖန်တီးနေတာကိုး၊ ကိုယ်ထဲမှာ တရွရွ တမွမွနဲ့ ပျက်နေတယ်ဆိုပြီးတော့ ဆင်ခြင်တော့ ဆင်ခြင်ပါများတော့လဲ နှလုံးသွင်းတဲ့ အတိုင်း ရွရွ မွမွတွေ ပျက်နေတယ်လို့ ထင်မှာပေါ့၊ ဒါပေမယ်လို့ အဲဒီလို နှလုံးသွင်းတဲ့ ရှုတဲ့စိတ်ကလေး ပျက်တာ တွေ့ရဲ့လားဆ... |
1,324,225 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ နှလုံးသွင်းတဲ့ စိတ်ကလေး မရှုဘူး၊ မရှုတော့ နှလုံးသွင်းတဲ့ စိတ်ကလေးရဲ့ အပျက်အပျက်ကလေးတွေ သူက မသိဘူး၊ နှလုံးသွင်းတဲ့ စိတ်ကတော့ တသမတ် တည်းပဲ၊ နှလုံးသွင်းနေတယ်လို့ ဒီလို ထင်နေတယ်၊ အဲဒီလိုဆိုယင် ဝိပဿနာဟာ မစင်ကြယ်ဘူး၊ ရှုရတဲ့ ပေါ်လာတဲ့ အာရုံကလေး ပျောက်နေတာကို သိပေမယ့် ရှုတဲ့စိတ်ကလေး၊ နှလုံးသွင်းနေတဲ့ စိတ် ကလေးက အမြဲတည်နေ... |
1,324,226 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ မြဲတဲ့တရား ဘယ်ရှာလို့ ရတော့မှာလဲ၊ ပေါ်လာတဲ့ အာရုံတွေကလဲ ပေါ်ပြီး ပျောက်၊ ရှုတဲ့စိတ်ကလေးကလဲ ရှုပြီးပျောက်၊ ဘယ်မှာ မြဲတာရှိမှာလဲ၊ အပြင်ကလဲ မမြဲဘူး၊ အတွင်းကလဲ မမြဲဘူး၊ မမြဲတော့ အတ္တပဲ၊ အသက်ရှင်နေတဲ့ အကောင်ကလေး ပဲလို့လဲ ဒီအထဲမှာ စွဲလမ်းစရာ ဘာမှမရှိဘူး၊ အဲဒါ အစွဲအလမ်းတွေ ကင်းနေတာတဲ့၊ ခုနက “ထင်လွဲသာယာ၊ စွဲလမ်းတာ၊ နှစ်... |
1,324,227 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု ဘင်္ဂဉာဏ်ရောက်ပြီး မြင်တိုင်း ကြားတိုင်းတွေဟာ တရိပ်ရိပ်နဲ့ မြင်ရကြားရတာ တွေကလဲ ပေါ်ပြီးပျောက်၊ မှတ်သိတဲ့ စိတ်ကလေးကိုလဲ သိပြီးပျောက်၊ တရိပ်ရိပ်နဲ့ ပျောက်ပြီးတော့ နေတာချည်းပဲ တွေ့ရတဲ့အခါ ဘယ်မှာ စွဲလမ်းစရာရှိမှာလဲ၊ သာယာစရာလဲ ဘယ်ကမှ ရှာလို့မရဘူး၊ မရှိတော့ဘူး၊ ငါပဲလို့ တသက်လုံး တဘဝလုံး တည်နေတဲ့ ငါကောင်ပဲလို့ စွဲလမ်းစရာလ... |
1,324,228 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလိုသိတော့ တဏှာနဲ့ စွဲလမ်းမှု ဥပါဒါန် မဖြစ်နိုင်ဘူးတဲ့၊ ဒိဋ္ဌိနဲ့ ငါကောင်ပဲလို့ စွဲလမ်းတဲ့ ဥပါဒါန် မဖြစ်နိုင်ဘူးတဲ့၊ အဲဒီဥပါဒါန်တွေ ကင်းအောင်လို့ ဒါတွေရှုရတာ၊ ဒါက ဥပါဒါနက္ခန္ဓာနဲ့ စပ်ပြီးတော့ ပြောတာ၊ အမှန်ကတော့ ကိလေသာတွေ အကုန် ကင်းတယ်။ |
1,324,229 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီရောက်လို့ရှိယင် တခါမှတ်လိုက် အဲဒီမှတ်ရတဲ့ အာရုံနဲ့စပ်ပြီးတော့ မှတ်သိရတဲ့ အာရုံနဲ့ စပ်ပြီးတော့ ဖြစ်မယ့် ကိလေသာတွေမဖြစ်ဘူး၊ သာယာမယ့် ကိလေသာတွေ မဖြစ်ဘူး၊ ငါပဲလို့ အထင်မှားမယ့် ဒိဋ္ဌိတွေ မဖြစ်ဘူး၊ အဲဒီကိလေသာတွေက ဆက်ပြီးဖြစ်မယ့် ကုသိုလ်ကံ အကုသိုလ်ကံတွေလဲ အားမထုတ်နိုင်ဘူး၊ ဒီကံက အကျိုးပေးမယ့် ဥစ္စာတွေလဲ ကံမှမရှိပဲ၊ ဘယ်မှ... |
1,324,230 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေမင်းလွတ်အောင် တရားအားထုတ် |
1,324,231 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုတ္တနိပါတပါဠိ ၄၄၈-မှာ သုညတော လောကံ အဝေက္ခဿု၊ မောဇရာဇ သဒါ သတော။ |
1,324,232 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မောဃရာဇ၊ မောဃရာဇရသေ့။ |
1,324,233 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညတော၊ အတ္တမှဆိပ်သည်ဟု။ |
1,324,234 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဝေက္ခဿု၊ သိလေလော။ |
1,324,235 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရိပ်ရိပ်နဲ့ ပျောက်ပြီးတော့ နေတာချည်းပဲ၊ မြင်ရာကလဲပျောက်၊ ကြားရာကလဲ ပျောက်၊ နံရာ၊ စားရာ၊ တွေ့ထိရာကလဲပျောက်၊ မှတ်သိတဲ့စိတ်ကလေး ကလဲပျောက်၊ ဘယ်ဟာမှ မြဲမနေဘူး၊ အကုန်လုံး တရိပ်ရိပ်နဲ့ ပျောက်နေတာချည်းပဲ ဆိုတော့ ဒီအထဲမှာ အတ္တကို ရှာလို့မရဘူး၊ အသက်ရှင်နေတဲ့ အကောင်မရှိဘူး၊ မြဲတဲ့သဘောလဲ ဒီအထဲမှာမရှိဘူး၊ ချမ်းသာတဲ့သဘောလဲ ဒီအထဲမှာ... |
1,324,236 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှုတိုင်း ရှုတိုင်းဟာ တရိပ်ရိပ်နဲ့ ပျောက်နေတာ ကလေးတွေက တသိတည်း သိနေရတာ၊ တသိတည်းသိတော့ သိပြီးယင်ပျောက် သိပြီးယင်ပျောက်နေတော့ မပျောက်တဲ့ မြဲတည်နေတဲ့တရားတခုမှမရှိဘူး၊ ဒီတော့ မြဲတဲ့တရားလဲပဲ အဲဒီအထဲမှာ မရှိဘူး၊ မမြဲတော့ ချမ်းသာတဲ့ တရားလဲပဲ မရှိဘူး၊ အားကိုးစရာ မရှိဘူး၊ အသက်ရှင်နေတဲ့ အကောင်ပဲ၊ ပုဂ္ဂိုလ်သတ္တဝါပဲလို့ ထင်မှတ် စွ... |
1,324,237 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နိစ္စသဘော, သုခသဘော, အတ္တသဘောမှ ဆိတ်သောအားဖြင့်။ |
1,324,238 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဝေက္ခန္တံ၊ ရှုမြင်နိုင်သော ပုဂ္ဂိုလ်ကို။ |
1,324,239 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နပဿတိ၊ မမြင်တွေ့တော့ပြီ။ |
1,324,240 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေမင်းကြီး မတွေ့နိုင်တော့ဘူးတဲ့၊ သေမင်းက ပုန်းနိုင်ပြီ ဆိုတာကိုး၊ လောကမှာ တူတူပုန်းတယ် ဆိုတာလို တူတူ ပုန်းတယ်ဆိုတာ အဖော်တွေ မမြင်ရအောင် ကွယ်နေတဲ့နေရာ ပုန်းရတာကိုး၊ အပုန်းကောင်းလို့ရှိယင် မတွေ့ဘူး၊ အပုန်း မကောင်းလို့ရှိယင်တော့ တွေ့သွားတယ်၊ အခု သေမင်းကြီးက မမြင်နိုင်အောင်လို့ အခု တရားအားထုတ်ရတာကိုး။ |
1,324,241 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခန္ဓာငါးပါး သေမင်း |
1,324,242 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေမင်းဆိုတာ ဘယ်သူတွေတုံး ဆိုတော့ အရင်းစစ်တော့ ခန္ဓာငါးပါးပါပဲ၊ ဒီခန္ဓာ ငါးပါးက လိုက်သတ်နေတာ၊ အဲဒီ ခန္ဓာငါးပါးက မသတ်နိုင်အောင်လို့ တရား အားထုတ်တယ်တဲ့၊ တရားအားထုတ်တော့ ဘင်္ဂဉာဏ်က စပြီးတော့ အဲဒီအထက်ပိုင်း ဟာ ရှုတိုင်း ရှုတိုင်းဟာ တရိပ်ရိပ်နဲ့ ပျောက်ပြီးတော့ နေတာတွေ တွေ့ရတယ်၊ ငါးမိနစ်လောက် မှတ်နေယင် ငါးမိနစ်လောက် တရိပ်ရိပ်... |
1,324,243 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နိစ္စ သုခ အတ္တမှဆိတ်သောအားဖြင့်။ |
1,324,244 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လောကံ၊ လောကကို၊ ခန္ဓာငါးပါးတည်းဟူသော လောကကို။ |
1,324,245 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လောကဆိုတာ လောကဆိုတာ ခန္ဓာငါးပါးပဲ၊ မြင်မှု၊ ကြားမှုတွေပဲ၊ ဒါတွေပဲ၊ ဝိပဿနာ ရှုနေလို့ လောကဆိုလို့ မြေပြင်ကြီးနဲ့ ကောင်းကင်ကြီးနဲ့ ဂြိုဟ်တွေတာရာတွေ၊ ဒါတွေပြောတာ မဟုတ်ဘူး၊ မိမိသန္တာန်မှာ ရှိတဲ့ ရုပ်နာမ်တရားတွေ၊ ခန္ဓာငါးပါးတွေကို ဆိုတာ။ |
1,324,246 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လောကီခန္ဓာငါးပါး တည်းဟူသော လောကကို၊ ခန္ဓာငါးပါးဆိုတာ ဘာလဲဆိုတော့ မြင်မှု၊ ကြားမှုတွေပဲ၊ ခန္ဓာငါးပါး ဆိုတာ အလုံး-အလုံးတွေ မဟုတ်ဘူး၊ မြင်တာ ခန္ဓာငါးပါးပဲ၊ ကြားတာ ခန္ဓာငါးပါးပဲ၊ နံတာ၊ စားတာ၊ တွေ့ထိတာ ခန္ဓာငါးပါးပဲ၊ စိတ်ကူးစဉ်းစား ကြံစည်တာလဲ ခန္ဓာငါးပါးပဲ၊ ရှုမှတ်တာလဲ ခန္ဓာငါးပါးပဲ၊ ခန္ဓာငါးပါး တွေ ခုနကခွဲခဲ့ပြီ။ |
1,324,247 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှုမှတ်တော့ ဘယ့်နှယ်လုပ် ခန္ဓာငါးပါး ဖြစ်တုံးဆိုတော့ ရှုမှတ်တဲ့အခါ ကာလမှာ ရှုမှတ်တဲ့စိတ်က နာမ်ခန္ဓာလေးပါးပေါ့၊ ရှုမှတ်တယ်ဆိုတာ မှတ်တိုင်းမှတ်တိုင်း မှတ်သိတာက ခန္ဓာလေးပါး၊ သိရုံမျှလေးက ဝိညာဏက္ခန္ဓာ၊ မှတ်သိတဲ့သဘောထဲမှာ ဝမ်းမြောက်ဝမ်းသာနဲ့ မှတ်သိနေတာလဲ ရှိတယ်၊ ဥဒယဗ္ဗယဉာဏ်တွေမှာ ဝမ်းသာလို့ ကောင်းတယ်၊ ဥပေက္ခာနဲ့လဲ ရှုတယ်၊ အ... |
1,324,248 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လောကံ - ခန္ဓာငါးပါး တည်းဟူသော လောကဆိုတာ ဘာတွေလဲ၊ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ တွေ့တာ၊ သိတာ၊ မှတ်သိတာ၊ ရှုတာ၊ အကုန်လုံး ခန္ဓာငါးပါး ချည်းထဲပဲ၊ အဲဒီ ခန္ဓာငါးပါးတရားကို နိစ္စ၊ သုခ၊ အတ္တ၊ မြဲတဲ့သဘောလဲ မရှိဘူး၊ ချမ်းသာတဲ့ သဘောလဲမရှိဘူး၊ ပုဂ္ဂိုလ် သတ္တဝါသဘောလဲ မရှိဘူး၊ ဆိတ်နေတယ် ဆိုတာကို မြင်အောင် ရှုရမယ်တဲ့၊ ဒါက မြဲတဲ့သဘော ... |
1,324,249 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်တိုင်းဖြစ်တိုင်း ရုပ်နာမ်တွေကို ရှုမယ်ဆိုယင်တော့ တရိပ်ရိပ်နဲ့ ဘင်္ဂဉာဏ် ရောက်တဲ့ အချိန်ကစပြီးတော့ ဒီအတိုင်း ထင်တယ်၊ တရိပ်ရိပ်နဲ့ ပျောက်နေတာ ချည်းပဲ၊ မှတ်ရတဲ့အာရုံလဲ ရိပ်ခနဲပျောက် မှတ်သိတဲ့စိတ်ကလေးကလဲ သိပြီးပျောက် သိပြီးပျောက်၊ ဒီထဲမှာ မြဲတဲ့သဘော ချမ်းသာတဲ့သဘော ရှာလို့မရဘူး၊ အစိုးရတဲ့ သဘော ရှာလို့မရဘူး၊ ရှာလဲမရှာပါဘ... |
1,324,250 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ နိစ္စ၊ သုခ၊ အတ္တမှ ဆိတ်တဲ့ သဘောကို ရှုရမယ်ဆိုတာ အလိုလို ပြီးနေပါတယ်၊ မှတ်နေရုံနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်တဲ့ သဘောတွေဟာ တွေ့တယ်၊ တွေ့တိုင်း တွေ့တိုင်း အဲဒီ တွေ့တဲ့ အာရုံနဲ့ စပ်ပြီးတော့ ဘာမှ စွဲလမ်းမှု မရှိဘူး၊ တဏှာနဲ့ သာယာပြီး စွဲလမ်းမှုတွေ မလာဘူး၊ မစွဲလမ်းဘူး၊ ဒိဋ္ဌိနဲ့ ထင်မှတ်ပြီး စွဲလမ်းအုံးမလား၊ မစွဲလမ်းဘူ... |
1,324,251 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်ပြီး အစဉ်အတိုင်းသွားလို့ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ရောက်သွားလို့ နောက်ဆုံး အရဟတ္တမဂ်ဉာဏ် ရောက်တဲ့အခါကျတော့ အဲဒီမှာ ကိလေသာတွေ အကုန်ကုန်တယ်၊ အဲဒီ ဘဝရုပ်နာမ်ခန္ဓာ ဆုံးတဲ့အခါ ပရိနိဗ္ဗာန် စုတိဆိုပြီးတော့ ဘဝသစ် လုံးလုံးမဖြစ်ရတော့ဘူး၊ အဲဒီမှာတော့ အိုခြင်း, နာခြင်း, သေခြင်းဆိုတာ လုံးလုံးမရှိတော့ဘူး၊ အဲဒီကျတော့ လုံးဝ ကင်းတယ်... |
1,324,252 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညတော (လ) မစ္စုရာဇာ န ပဿတိ။ |
1,324,253 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မောဃရာဇ၊ မောဃရာဇ ရသေ့။ |
1,324,254 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လောကံ၊ မြင်မှု ကြားမှု အစရှိသော ခန္ဓာငါးပါးတည်း ဟူသော လောကကို။ |
1,324,255 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညတော၊ မြဲတဲ့သဘောမှ ဆိတ်သည်ဟု ချမ်းသာတဲ့သဘောမှ ဆိတ်သည်ဟု အတ္တသဘောမှ ဆိတ်သည်ဟု။ |
1,324,256 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဝေက္ခဿု၊ ရှုလိုက်ပါလော့။ |
1,324,257 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံ၊ ဤသို့မြဲတဲ့သဘော ချမ်းသာတဲ့သဘော အတ္တကောင်သဘောမှ ဆိတ်သည်ဟု။ |
1,324,258 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ- လောကံ၊ မြင်မှုကြားမှု အစရှိသော ခန္ဓာငါးပါးတည်းဟူသော လောကကို။ |
1,324,259 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဝေက္ခန္တံ၊ ရှု၍နေသော ပုဂ္ဂိုလ်ကို။ |
1,324,260 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မစ္စုရာဇာ၊ သေမင်းကြီးသည်။ |
1,324,261 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နပဿတိ၊ မမြင်တော့ပြီ။ |
1,324,262 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သေမင်း မမြင်နိုင်ဘူး၊ သေခြင်းတရား ကင်းရာ လွတ်ရာကို ရောက်အောင် ဒီလို အားထုတ် ရမယ်တဲ့၊ ခန္ဓာငါးပါးတည်း ဟူသော သူသတ်သမားကြီး မမြင်အောင်လို့ကို အားထုတ်ရတာကိုး၊ အဲဒါပါပဲ၊ အဲဒီက ဝိပဿနာဉာဏ် အစဉ်အတိုင်း တက်သွားလို့ နောက်ဆုံး အရိယမဂ်ဉာဏ်တွေ အစဉ်အတိုင်းတက်လို့ အရဟတ္တမဂ်ဉာဏ် ရောက်တဲ့ အခါကျတော့ လုံးလုံးသေမင်းကြီးက မမြင်တော့ဘူးတဲ့၊ ... |
1,324,263 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီခန္ဓာငါးပါးနဲ့ စပ်ပြီးတော့လဲ နိဗ္ဗာန်ရောက်အောင် အားထုတ်တဲ့ နည်းတခုပဲ၊ အခု ဘုန်းကြီးပြောတာလဲ အဲဒီရောက်သွားပြီ စုံနေပြီ၊ အဲဒီတော့ မြတ်စွာဘုရား လက်ထက်က သာဓကကလေး တခုတော့ ထည့်ရအုံးမယ်။ |
1,324,264 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝဇီရာသုတ် မြတ်စွာဘုရား လက်ထက်တော်က ဝဇီရာဆိုတဲ့ ရဟန်းမိန်းမ၊ ဘိက္ခုနီမ ဝဇီရာ ဆိုတာက စိန်ဟောတာပဲ၊ နားကပ်တို့ ဘာတို့ ဝတ်တဲ့ စိန်မျိုးပဲ၊ ဒီတော့ ဗမာနာမည်နဲ့ ခေါ်မယ်ဆိုယင်ဖြင့် မစိန်လို့ ခေါ်ရမှာပေါ့လေ၊ ဒေါ်စိန်လို့ ခေါ်ချင်လဲ ခေါ်နိုင်တာပဲ၊ ပါဠိလိုကတော့ ဝဇိရာလို့ ဆိုတယ်၊ ရဟန်းမိန်းမတဲ့။ |
1,324,265 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ သူက ရဟန္တာမပါပဲ၊ အန္ဓတောမှာ ဝိဝေက ဆိတ်ငြိမ်ရာ ရအောင်လို့ နေ့သန့်စင်တယ်တဲ့၊ ရဟန္တာတွေလဲ အဲဒီ အန္ဓတောမှာ နေတယ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ် ဖြစ်အောင်လို့၊ ဇေတဝန် ကျောင်းတော်ကတော့ သံဃာတွေက များတာကိုး၊ သံဃာတွေ များတော့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေမှာပေါ့၊ တရားနှလုံးသွင်းလို့ သိပ် မဖြစ်ဘူး၊ ဒီတော့ အန္ဓတောဆိုတာ ဇေတဝန် ကျောင်းတော်ရဲ့ ... |
1,324,266 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတောကြီးမှာ လူတွေဘာတွေ အသွားအလာ မရှိဘူး၊ တိတ်ဆိတ်နေတယ် ဆိုတာကိုး၊ အဲဒီမှာ ရဟန္တာ ရှင်သာရိပုတ္တရာတို့ အစရှိတဲ့ မထေရ်တွေလဲ အဲဒီတောကို သွားတော့ နေ့လယ်နေ့ခင်း သမာပတ်တွေ ဝင်စားပြီး ချမ်းသာစွာနေကြပါတယ်၊ ဘိက္ခုနီမတွေကလဲ သူတို့လဲ သွားပြီးတော့ နေကြတယ်၊ အမျိုးသမီးတွေ ရဟန္တာလဲ ရဟန္တာမတွေကို၊ ကြောက်စရာတော့ မရှိပါဘူး၊ တန်ခိုးဣဒ္... |
1,324,267 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မာရ်နတ်နှင့် ဝဇီရာ ရဟန်းမ |
1,324,268 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မာရ်နတ်က နည်းနည်း ထိုင်းထိုင်းမှိုင်းမှိုင်း ထင်ရတဲ့ ပုဂ္ဂိုလ်ဆီ လာပြီးတော့ သူက ဇဝေဇဝါ ဖြစ်အောင် လုပ်တတ်တယ်၊ အခုကာလမှာ နောက်တောက်တောက် လူတွေနဲ့ တူပါတယ်၊ အခုကာလ နောက်တောက်တောက် လူတွေကလဲ ဒီလိုပဲ၊ တယ်မဟုတ် သေးဘူး ထင်တဲ့ သူတွေကို သူတို့ သွားပြီး ဇဝေဇဝါဖြစ်အောင် တောင်ပြော မြောက်ပြောတွေ ပြောတတ်တယ်၊ အဲဒါ မာရ်နတ်က လာပြီးတော့ တ... |
1,324,269 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဂါထာဝဂ္ဂသံယုတ်၊ ဝဇိရာသုတ်၊ စာမျက်နှာ ၁၃၆-မှာ-- ကေနာယံ ပကတော သတ္တော၊ ကုဝံ သတ္တဿ ကာရကော။ |
1,324,270 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကုဝံ သတ္တော သမုပ္ပန္နော၊ ကုဝံ သတ္တော နိရုဇ္ဈတိ။ |
1,324,271 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘိက္ခုနီမကို သူက မေးခွန်းလာထုတ်တယ်၊ လူတယောက်အနေနဲ့ပေါ့လေ၊ လူအနေနဲ့ သူက လာပြီးတော့ မေးခွန်းထုတ်တယ်။ |
1,324,272 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အယျေ၊ အရှင်မဝဇိရာ။ |
1,324,273 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အယံ သတ္တော၊ ဤသတ္တဝါကို။ |
1,324,274 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကေန၊ အဘယ်ပုဂ္ဂိုလ်က။ |
1,324,275 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပကတော၊ ပြုအပ် ဖန်ဆင်းအပ်ပါသနည်း။ |
1,324,276 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီသတ္တဝါ ဖြစ်လာအောင် ဘယ်သူက ဖန်ဆင်းတုံးတဲ့ |
1,324,277 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘယ်သူက ဖန်ဆင်းလို့ ဒီသတ္တဝါ ဖြစ်လာသလဲတဲ့၊ ဖန်ဆင်းတဲ့ ဝါဒအရဆိုယင်ဖြင့် ဘုရားသခင် ဖန်ဆင်းလို့ ဖြေလိုက်ရမှာပေါ့လေ၊ ဒီလို ဖြေမှာပဲ၊ ဒီလို ဝါဒရှိတဲ့ပုဂ္ဂိုလ်တွေက များတယ်၊ ဟိုတုန်းကတော့ ဗြဟ္မာကြီး ဖန်ဆင်းတယ်လို့ ယူဆကြပါတယ်၊ ဗြဟ္မာကြီးလဲ ဘုရားသခင်ပါပဲ၊ ဗြဟ္မာကြီး ဖန်ဆင်းတယ်လို့ ယူဆကြတယ်။ |
1,324,278 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပကတော၊ ဖန်ဆင်းအပ်ပါသနည်း။ |
1,324,279 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကာရကော၊ ပြုသောပုဂ္ဂိုလ် ဖန်ဆင်းသောပုဂ္ဂိုလ်သည်။ |
1,324,280 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကုဝံ၊ အဘယ်မှာရှိနေပါသနည်း။ |
1,324,281 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီသတ္တဝါကို ဖန်ဆင်းလိုက်တာ ဘုရားသခင်က ဖန်ဆင်းတယ်ဆိုယင် အဲဒီ ဘုရားသခင်ဟာ ဘယ်နားမှာရှိနေသလဲ၊ ဘယ်မှာရှိတုံး။ |
1,324,282 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကုဝံ၊ အဘယ်အရပ်၌။ |
1,324,283 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သမုပ္ပန္နော၊ စ၍ဖြစ်ပေါ်ခဲ့ပါသနည်း။ |
1,324,284 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သတ္တဝါဟာ ဘယ်က စဖြစ်လာတုံး အရှင်မ-တဲ့။ |
1,324,285 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ၊ အဘယ်ဌာန၌။ |
1,324,286 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နိရုဇ္ဈတိ၊ လုံးဝချုပ်ငြိမ်း ပျောက်ပျက်သွားပါသနည်း။ |
1,324,287 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မေးခွန်းမေးတယ်၊ တရားနှလုံးသွင်းတာ ပျက်အောင်လို့ အနှောင့်အယှက် လုပ်တာ၊ သူက ရဟန္တာမမှန်းလဲ သိမယ် မထင်ပါဘူး၊ တရားအားထုတ်ယင် တရားတွေ တိုးတက်သွားမှာ သူက စိုးရိမ်တယ်၊ သူက လောကကြီးပွားရေးဘက်ကကိုး၊ လူထဲမှာ သတ္တဝါနည်းသွားမှာ စိုးရိမ်ဟန် တူပါတယ်၊ ပရိနိဗ္ဗာန်စံကုန်ယင် နည်းကုန်မှာကိုး၊ အဲဒါ မနည်းရအောင် အလုပ် ပျက်အောင်လို့ လာပြီးတေ... |
1,324,288 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီသတ္တဝါကို ဘယ်သူကဖန်ဆင်းသလဲ၊ အဲဒီတန်ခိုးရှင်ကြီးဟာ ဘယ်မှာရှိတာတုံး၊ ဒါလဲဖြေဖို့ရာ တော်တော် ခဲယဉ်းတယ်၊ အခုဖန်ဆင်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေလဲပဲ ဖန်ဆင်းတယ်လို့သာ ပြောတာ၊ သူတို့ဖန်ဆင်းတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်အနားနေသလဲ၊ ကောင်းကင်ဘုံမှာနေတယ်၊ ကောင်းကင်ဘုံက ဘယ်အနားမှာလဲဆိုယင် ခက်ထာပဲ၊ ဒီကနေ ဘယ်နှစ်မိုင်လောက် ဝေးသတုံး ဆိုလို့ ရှိယင... |
1,324,289 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဂါထာဝဂ္ဂသံယုတ်၊ ဝဇိရာသုတ်၊ စာမျက်နှာ ၁၃၇-မှာ-- ကိံ နုသတ္တောတိ ပစ္စေသိ၊ မာရဒိဋ္ဌိဂတံ၊ နု တေ။ |
1,324,290 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုဒ္ဓသင်္ခါရပုဉ္ဇောယံ၊ နယိဓ သတ္တုပလဗ္ဘတိ။ |
1,324,291 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မာရ၊ အသင် မာရ်နတ်။ |
1,324,292 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိံ နု၊ အဘယ်အရာကို၊ သတ္တောတိ၊ သတ္တဝါဟူ၍။ |
1,324,293 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မညသိ၊ အောက်မေ့ မှတ်ထင်ပါသနည်း။ |
1,324,294 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မာရ်နတ်တဲ့၊ ဒီကိုယ်ထဲမှာ ဘယ်အရာများ သင်က သတ္တဝါလို့ ထင်တုံးတဲ့၊ သတ္တဝါလေး အတ္တကလေး အကောင်ကလေး ဆိုတာ သင်က ဘယ်ဟာများ မှတ်ထင် နေပါသလဲ။ |
1,324,295 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧတံ၊ ဤသတ္တဝါရှိသည်ဟု ထင်ခြင်း ယူဆခြင်းသည်။ |
1,324,296 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တေ၊ သင်၏။ ဒိဋ္ဌိဂတံနု၊ မှားသော အယူပါပေတည်း။ |
1,324,297 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သင်က ဒီကိုယ်ထဲမှာ သတ္တဝါလေး အတ္တကောင်လေးရှိတယ်လို့ ထင်နေတာဟာ မိစ္ဆာဒိဋ္ဌိ - မှားသောအယူမျှပဲတဲ့၊ အထင်မှား ယုံမှားမှုပဲတဲ့၊ သင်ယူတာ။ |
1,324,298 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အယံ၊ ဤတလံမျှလောက်သော ခန္ဓာကိုယ်၌ရှိသော တရားအပေါင်းသည်။ |
1,324,299 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုဒ္ဓသင်္ခါရပုဉ္ဇော၊ သက်သက်သော သင်္ခါရ အစုအဝေး မျှသာလျှင်တည်း။ |
1,324,300 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ- အယံ၊ ဤပုဂ္ဂိုလ်သတ္တဝါ စသည်ဖြင့် ခေါ်အပ်သော တလံမျှလောက်သော ခန္ဓာကိုယ် အတွင်း၌ ပါဝင်သောတရားအပေါင်းသည်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.