id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,401 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဇော ၇-ကြိမ် ဖြစ်ပြီးတဲ့အခါ ဘာတွေဖြစ်တုံး ဆိုတော့ တဒါရုံဆိုတာ၊ ဇောပြီးတော့ကို ဇောလောက်တော့ အရှိန် မကောင်းတော့ဘူး၊ ဒါပေမယ့် ခုနကဟာတွေ စားမြှုံ့ ခတ်သလိုပဲ ပြန်ပြီး အာရုံပြုတာလေး တဒါရုံက ၂-ကြိမ်ဖြစ်တယ်တဲ့၊ စိတ်ကလေးတွေ၊ သရက်သီး စားပြီးတဲ့ ပုဂ္ဂိုလ် ကလဲ စားပြီးတဲ့ သရက်သီး ရတာကလေး ပြန်ပြီး စဉ်းစားတာကလေး၊ နောက်က ဖြစ်သလိုကို၊ ပ... |
1,324,402 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကြားယင်လဲ ဒီအတိုင်းပဲ၊ နံယင်, စားယင်, တွေ့ထိယင်, ဒီအတိုင်းပဲ၊ စိတ်အစဉ် တွေကဖြစ်တယ်၊ အဲဒီလိုဖြစ်ရမှာတဲ့၊ ဝုဋ္ဌောက ဆုံးဖြတ်လိုက်လို့ ချစ်စရာ ကောင်းတယ်, လှတယ်, တင့်တယ်တယ်, ချစ်စရာ ကောင်းတယ် ဆုံးဖြတ်လိုက်လို့ ရှိယင် နောက်က နှစ်သက် သာယာတဲ့ လောဘဇောဖြစ်တယ်တဲ့၊ အခု နန္ဒီရာဂခေါ်တဲ့၊ တရားဖြစ်လာပြီတဲ့၊ ဖြစ်ယင် ဘယ့်နှယ်နေတုံး ဆိုတ... |
1,324,403 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာရှုနေတဲ့ ပုဂ္ဂိုလ်ကတော့ မြင်ယင်ရှု, ကြားယင်ရှု, မြင်ယင် မြင်တာမှတ်, ကြားယင် ကြားတာမှတ်၊ နံတာ, စားတာ, တွေ့ထိတာတွေမှတ် ဖြစ်တိုင်း ဖြစ်တိုင်း ရှုနေရတာကိုး၊ ရှုတိုင်း ရှုတိုင်းဟာ ဝိပဿနာ ပညာတွေ ဖြစ်နေတာ၊ မြင်ယင် မြင်မြင်ချင်း ရှုလိုက်၊ ဝိပဿနာ ပညာဖြစ်တယ်၊ ကြား ကြားချင်း ရှုလိုက်၊ ဝိပဿနာပညာ ဖြစ်တယ်၊ ဖောင်းတယ် ပိန်တယ် ရှ... |
1,324,404 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါ အခု ဝုဋ္ဌောကနေပြီး ချစ်စရာ ကောင်းတယ်၊ ဆုံးဖြတ်လိုက်လို့ မြင်ရတဲ့ ဟာလေးကို ချစ်ခင်နှစ်သက်တဲ့ သာယာတဲ့စိတ်ကလေး ဖြစ်သွားလို့ရှိယင်တဲ့ နန္ဒီရာဂ ဖြစ်ယင် ခုနကပညာက မဖြစ်တော့ဘူး၊ ပညာခေါင်းပြုတ်သွားပြီတဲ့၊ အဲဒါဟာ ခုနက ငယ်ပေါင်းကြီးဖော် ဖြစ်တဲ့ မိတ်ဆွေကနေပြီးတော့ ဓားနဲ့ ခုတ်ချလိုက်တာနဲ့ တူပါတယ်တဲ့၊ မိတ်ဆွေအရင်းပဲဆိုပြီးတော့ ... |
1,324,405 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်တနည်း အားဖြင့်တော့ကို ဘဝတွေမှာ ဖြစ်စေပြီးတော့လဲ သတ်တတ်တဲ့ နန္ဒီရာဂက နှစ်သက် သာယာပြီးတော့ ဘဝတွေမှာ ဖြစ်ရတယ်၊ ဖြစ်ရာဘဝမှာ ဘဝတိုင်း ဘဝတိုင်း သေနေရတာပေါ့လေ၊ လူတွေ သေနေတာ ဒါတွေပဲ၊ ဘယ်သူဖြင့် ရေနစ်လို့သေတယ်၊ ဘယ်သူဖြင့် မီးလောင်လို့သေတယ်၊ အိမ်ပိလို့သေတယ်၊ ရောဂါဝေဒနာဖြစ်လို့ သေတယ်၊ လိမ့်ကျလို့ သေတယ်စသည်ဖြင့် ပြောကြတယ်၊ ဘယ... |
1,324,406 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြို့ထဲက ဘိုင်စကုတ်ရုံတွေကျတော့ သိပ်သဘောကျတာပေါ့၊ နန္ဒီရာဂတွေက များတာကိုး၊ ဟိုမှာတော့ လူတွေများ တန်းစီနေလိုက်တာ ဘုန်းကြီးများ သွားယင်း လာယင်း ကြည့်တော့ လူတွေ တော်တော် ဒုက္ခရောက်ကြ ရှာတယ်၊ လက်မှတ်ရဖို့ရာ စီတန်းပြီးတော့များ နေရတယ်၊ ဒါ နန္ဒီရာဂက ခိုင်းတာ၊ ဒုက္ခတွေ ရောက်အောင်လို့ တရားပွဲတွေ မကြိုက်ဘူး၊ လူတွေက နန္ဒီရာဂမှ သဘ... |
1,324,407 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့် ကမ္မဋ္ဌာန်း ဆရာတွေက ပြောရတာ၊ နှစ်သက် သဘောကျ နေလို့ရှိယင် တရား အားထုတ်တဲ့ ပုဂ္ဂိုလ်ကတော့ အားရဝမ်းသာနဲ့ ကမ္မဋ္ဌာန်း ဆရာကိုပြောတယ်၊ ကမ္မဋ္ဌာန်းဆရာက အဲဒါလေးမှတ်လိုက်အုံး ဆိုယင် သဘောမကျဘူး၊ သူက ဒါလေး ကောင်းနေတာ ဘယ့်နှယ် ဒါလေး မှတ်လိုက်အုံး ဆိုတော့ ဒါလေးရှိလို့ ကောင်းလာတဲ့ ဥစ္စာ၊ ကမ္မဋ္ဌာန်းဆရာက မှတ်ပစ်ရမယ်လို့ ဘယ့... |
1,324,408 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အထူးအားဖြင့်တော့ ဥဒယဗ္ဗယဉာဏ်ထဲ ရောက်တဲ့အခါကျယင် တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သိပ်သဘောကျတယ်၊ ဥဒယဗ္ဗယ ဉာဏ်ကျတော့ တရား အားထုတ်ပြီးသား ယောဂီတွေလဲ ဒီမှာတော့ များပါတယ်၊ အားမထုတ်ရသေးတဲ့ ပုဂ္ဂိုလ် တွေလဲပဲ ပါတန်သလောက်တော့ ပါလိမ့်မယ်၊ အဲဒါတွေလဲပဲ မှန်းဆပြီးတော့ ကြည့်ကြပေါ့လေ၊ ဥဒယဗ္ဗယ ဉာဏ်ရောက်တဲ့ အခါကျတော့ ဘယ်လောက် ကောင်းသတုံး ဆ... |
1,324,409 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တချို့ ဘေးကပုဂ္ဂိုလ်တွေက အရမ်းကာရော ပြောနေကြတယ်၊ ဟာ-ဒီဖောင်းတယ် ပိန်တယ် ဆိုတာ လွယ်လွယ်ကူကူကလေး သိနေတာလို့ ပြောတယ်၊ သူမှအားထုတ် မကြည့်ပဲ၊ တကယ်ဆိုတော့ မလွယ်ဘူး၊ အခက်ကြီး၊ ဒီထက်ခက်တာ ဘယ်ရှိ လိမ့်မှာတုံး၊ တစ်ခါနှစ်ခါ သိရုံနဲ့ ပြီးတာမှမဟုတ်ပဲ၊ စိတ်တိုင်းစိတ်တိုင်း သိနေရတာ အနားမရှိဘူး၊ တောက်လျှောက် သိနေရတာ၊ အနည်းဆုံး တစက္ကန့... |
1,324,410 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မသွားတတ်သေးသူ |
1,324,411 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ အမှန်ကတော့ သေသေချာချာ အားမနာတမ်း ပြောမယ်ဆိုယင် မသွားတတ်သေးဘူး ဆိုယင် ဘယ်သူတွေတုံး ဆိုယင် အဲဒီတရား အားမထုတ်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ သွားကို မသွားတတ်သေးဘူး၊ ဘာပြုလို့တုံးဆိုတော့ သွားယင်း သူတို့ သူသွားတာ သိမှမသိပဲ၊ တချို့က ကိုယ်သွားတာ ကိုယ်သိပါတယ်လို့ တချို့က ပြောတယ်၊ ဘယ်ဟုတ်လိမ့်မှာတုံး၊ ကိုယ်သွားတာ ကိုယ်မသိဘူး၊ သွာ... |
1,324,412 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယခု ယောဂီပုဂ္ဂိုလ်တွေမှာတော့ သွားမယ်ဆိုလို့ရှိယင် ခြေထောက် ကြွတိုင်း၊ လှမ်းတိုင်း၊ ချတိုင်း၊ အကုန်လုံး သိနေကြတာ၊ ခြေထောက်ကြွတာကစပြီး ခြေထောက်ချသည့် တိုင်အောင်ဟာ ကြွတယ်, လှမ်းတယ်, ချတယ်, ရွေ့တိုင်း ရွေ့တိုင်း အကုန်သိရတယ်၊ အဲဒီလို အကုန်လုံး သိပြီးတော့ သွားနေယင်တော့ သွားတတ်ပြီ၊ လက်ကလေး ကွေးလိုက်ပြန်လို့ ရှိယင်လဲ ကွေးတယ်, ... |
1,324,413 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီလို မရှုမမှတ်ပဲနဲ့ အလွတ်နေ နေလို့ရှိယင်တော့ ခုနကပြောတဲ့ နန္ဒီရာဂတွေ ဝင်နေတာ၊ အဲဒါတွေက မသွားတတ် မစားတတ်၊ မနေတတ်၊ မထိုင်တတ်တဲ့ ကလေးများနဲ့တူတယ်တဲ့။ |
1,324,414 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဥဒယဗ္ဗယဉာဏ် ရောက်တဲ့ အခါကာလကျတော့ ကြောင့်ကြ ဗျာပါရမစိုက်ရပဲနဲ့ အမှတ် ကလေးတွေက သူ့ဟာသူ သွားနေတယ်၊ အရောင်အလင်းတွေလဲ ပေါ်တတ်တယ်၊ အံ့ဩစရာ အင်မတန် ကောင်းတယ်၊ အရောင်အလင်းတွေများ သိပ်လင်းတာ၊ တချို့များ သိပ်လင်းတာ၊ အရောင်အလင်းတွေ မီးမထွန်းပဲနဲ့ လင်းတယ်၊ သိပ်နေရာကျတာ၊ ပီတိတွေတဲ့ ကိုယ်ထဲမှာ ဖြိုးဖြိုး ဖျဉ်းဖျဉ်း တစိမ့်စိမ့် တင... |
1,324,415 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သဘောကျမနေနဲ့ မှတ်လိုက်ဦး |
1,324,416 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေ တွေ့နေတော့ ယောဂီပုဂ္ဂိုလ်က သဘောကျတယ်၊ သဘောကျတာ ဘာလဲ ဆိုတော့ နန္ဒီရာဂကလေး ဝင်လာတာ သာယာလာပြီ၊ အဲဒါ အားရပါးရနဲ့ ပြောတယ်၊ အချင်းချင်းလဲ ပြောတာပဲ၊ ကမ္မဋ္ဌာန်း ဆရာတွေကိုလဲ ပြောတာပဲ၊ ပြောတော့ ပြောရမယ့်ဥစ္စာပါပဲ၊ ပြောတဲ့အခါ ကျတော့ ကမ္မဋ္ဌာန်းဆရာက ဘာပြောတုံးဆိုတော့ ကမ္မဋ္ဌာန်းဆရာလဲ သဘောကျပါတယ်၊ ဒီလိုဟာတွေတွေ့တာ တွေ့ဖို့... |
1,324,417 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တချို့များ ဖွင့်လဲ လျှောက်တယ်၊ ဘယ့်နှယ်လျှောက်သလဲ ဆိုတော့ တနေ့လောက် ဘုရား၊ ဒါလေးနဲ့ နေစမ်းပါရစေအုံး၊ ဒီတိုင်းပဲ နေချင်ပါသေးတယ်၊ မမှတ်ပဲနဲ့ ဒီလိုကို၊ သူ့ဥစ္စာ ကောင်းပါတယ်၊ နေလဲ ကောင်းပါတယ်လို့ အလိုက်သင့်ပဲပြောရတယ်၊ ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ်လို့ မှတ်တော့လဲ မှတ်ပါအုံး၊ ဒါလေးကို ကောင်းတော့ ကောင်းတာပဲ၊ မှတ်လဲ မှတ်ပါအု... |
1,324,418 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂေါတြဘူထိအောင် သာယာတဲ့ နန္ဒီရာဂ |
1,324,419 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ အဲဒီလို ရှုမှတ်သွားတော့ အစဉ်အတိုင်း တက်သွားတော့ ဘယ်ရောက်သွားတုံးဆိုတော့ နောက်ဆုံး သင်္ခါရုပေက္ခာ ဆိုတာ ရောက်သွားတယ်၊ သင်္ခါရုပေက္ခာဆိုတာ အင်မတန် ကောင်းပါတယ်၊ အရိယာမဂ်နား ရောက်တော့မှာ၊ မဂ်ဖိုလ် ရောက်တော့မှာ၊ အင်မတန်ကိုကောင်းတယ်၊ ခုနကဥဒယဗ္ဗယ ဉာဏ်မှာ ကောင်းတာတွေထက် အဆပေါင်း များစွာကောင်းတယ်၊ သူ့ဟာ သိမ်မွေ့ပြီးတော့... |
1,324,420 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလို သာယာတတ်တဲ့ နန္ဒီရာဂဟာ ဝိပဿနာ မရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အကုန်လုံး လက်ခံတယ်၊ ရှုမှတ်တဲ့ ပုဂ္ဂိုလ်တွေက ဝိပဿနာထဲမှာ ထူးထူးခြားခြား ဖြစ်လာလို့ရှိယင် နှစ်သက်သာယာပြီးတော့ လက်ခံတတ်တယ်တဲ့၊ ဒါဟာ ငယ်ငယ်က ပေါင်းလာတဲ့ မိတ်ဆွေနဲ့ တူတယ်တဲ့၊ သူက သတ်တာတဲ့၊ ဒီတိုင်း နှစ်သက် သာယာနေလို့ တရားက ရှေ့မတက်လို့ အရိယာ မဂ်ဖိုလ်ဉာဏ် မရ... |
1,324,421 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆဋ္ဌော၊ ခြောက်ယောက်မြောက်ဖြစ်သော။ |
1,324,422 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဥက္ခိတသိကော၊ ချီမိုးအပ်သော ဓားသန်လျက်ရှိသော။ |
1,324,423 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နန္ဒီရာဂဿ၊ နှစ်သက် တပ်စွဲတတ်သော နန္ဒီရာဂ၏။ |
1,324,424 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလို မြတ်စွာဘုရားက ဟောထားတယ်၊ ခုနက ဆောင်ပုဒ်ကလေးကို ဆိုကြအုံးစို့။ |
1,324,425 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရွာပျက်ပမာ ခြောက်ဒွါရာ |
1,324,426 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬▬▬ “မြွေလေးကောင်ကား (လ) ခြောက်ဒွါရသို့၊ ရောက်ကတဖုံ” ခုနကမြွေ ၄-ကောင် ကလိုက်၊ ရန်သူကြီးငါးဦးကလိုက်၊ ကိုယ့်မိတ်ဆွေအရင်းဖြစ်တဲ့ မိတ်ညာရန်ဘက် ကလိုက်၊ အဲဒီ ရန်သူတွေကြောင့်ပြေးရတာ ဘယ်ရောက်တုံး ဆိုတော့ “ရွာပျက်သုည၊ ခြောက်ဒွါရသို့၊ ရောက်ကတဖုံ” ရွာပျက်သုည - လူတွေမနေနိုင်တဲ့ ရွာပျက်ကုန်း၊ အိမ်တော့ရှိတယ်၊ အိမ်စုတ်အိမ်ပဲ့ က... |
1,324,427 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒွါရ ၆-ပါးပဲတဲ့၊ မျက်စိတို့, နားတို့, နှာခေါင်းတို့, လျှာတို့, ကိုယ်တို့, ပကတိပုဂ္ဂိုလ်တွေမှာတော့ ဒါက ရွာပျက်မဟုတ်ဘူး၊ အင်မတန်စည်ကားတဲ့ ရွာကြီး၊ မြို့ကြီး၊ သိပ်သာယာနေတာ၊ မျက်စိကလဲ သာယာစရာ၊ နားကလဲ သာယာ စရာ၊ ဒါပေမယ့် ယောဂီပုဂ္ဂိုလ်မှာတော့ ရွာပျက်သုည၊ သုညလိုပဲ ဘာမှအသုံးမကျဘူး ဆိုတာထင်လာအောင် “ရွာပျက်သုည၊ ခြောက်ဒွါသို့၊ ရေ... |
1,324,428 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရွာပျက်သုည၊ ခြောက်ဒွါရသို့၊ ရောက်ကတဖုံ၊ ခြောက်အာရုံဟု၊ သုံးစုံဒမြ၊ ဝင်လာကြ၍။ |
1,324,429 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒမြပမာ ၆-ဖြာအာရုံ |
1,324,430 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ ရွာပျက်က စားစရာ မရှိပေမယ့် သစ်ပင်ရိပ်မှာ ခဏတဖြုတ် မောမောပန်းပန်းနဲ့ နားလိုက်အုံးမှပဲ ဆိုပြီးတော့ နားနေတုန်း အကျိုးစီးပွားကို လိုလားတဲ့မိတ်ဆွေက လာပြောပြန်တယ်တဲ့၊ ခုနက ကိုယ်စောင့်နတ်လို့ ဆိုရမှာပေါ့ “ဟေ့ မင်း ဒီလိုနေလို့ မဖြစ်သေးဘူး၊ ဒီရွာကို ဒမြကြီး ၆-ယောက်ဝင်လာပြန်ပြီ၊ ရွာထဲလူတွေ့ယင် သတ်မယ်လို့၊ ပစ္စည်းရှိယင်လဲ... |
1,324,431 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပကတိပုဂ္ဂိုလ် တွေအနေတော့ ဒမြတွေ မဟုတ်ပါဘူး၊ ဒီဥစ္စာ, ကလဲ မိတ်ဆွေတွေပဲ၊ ဒီဥစ္စာ သူတို့ရှိလို့ပဲ၊ ဒီကာမအာရုံတွေ မရှိလို့ရှိယင် နေလို့မကောင်းဘူး၊ သူက သာယာစရာတွေ၊ မိတ်ဆွေကြီးတွေ၊ တရားဘက်ကနေ ကြည့်ယင် ဒမြကြီးတွေတဲ့၊ ဒီရူပါရုံ ဝင်လာယင်လဲ ကုသိုလ်တရားတွေ ပျက်တယ်၊ ဝိပဿနာ ဘာဝနာတွေ အကုန်လုံး ပျက်တယ်၊ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖေ... |
1,324,432 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩဃလေးသွယ်၊ မြစ်ပင်လယ်၏ (လ) ဟိုကမ်းဌာန်သို့။ |
1,324,433 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩဃလေးသွယ် မြစ်ပင်လယ် |
1,324,434 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩဃလေးသွယ်၊ မြစ်ပင်လယ်၊ ရေပြင်ကျယ်ကြီး ရောက်သွားတယ်တဲ့၊ ရေပြင်ကျယ်ကြီး ရောက်သွားတော့ ကူးစရာပဲ ရှိတော့တယ်။ |
1,324,435 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဘက်ကမ်းပမာ သက္ကာယာ |
1,324,436 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီမှာ ဒီဘက်ကမ်းက ဟိုဘက်ကမ်း ရောက်အောင် ကူးရမှာ၊ နောက်က ရန်သူတွေ မလိုက်နိုင်အောင် နောက်က မြွေကြီး ၄-ကောင်လဲ လိုက်လာတယ်၊ ရန်သူကြီး ငါးယောက်ကလဲ လိုက်လာတယ်၊ ကိုယ့်မိတ်ဆွေ ရန်သူလဲ လိုက်လာတယ်၊ ပြီးတော့ ဒမြကြီး ၆-ယောက်ကလဲ လိုက်လာတယ်၊ အဲဒါတွေက လွတ်မြောက်အောင် ဟိုဘက် ကမ်းရောက်မှ လွတ်မြောက်မယ် ဆိုတာကိုး၊ ဟိုဘက်ရောက်အောင် ကူးရမ... |
1,324,437 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မဂ္ဂင် ဖောင်ဖွဲ့ကူး |
1,324,438 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ “ဤဝယ်ကမ်းစ၊ သက္ကာယမှ၊ ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့” ဟိုကမ်းဆိုတာ နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ရောက်မှ အေးမှာကိုး၊ ဘာနဲ့ကူးရမလဲ ဆိုတော့ “ခေမနိဗ္ဗာန်၊ ဟိုကမ်းဌာန်သို့၊ ရှစ်တန်မဂ္ဂင်၊ ဖောင်ဖွဲ့ဆင်၍” အဲဒီမှာပြေးတဲ့ ပုဂ္ဂိုလ်က ရှိသမျှ အမှိုက်တို့, သစ်ခက်တို့, မြက်တို့, နွယ်တို့နဲ့ ရသမျှကလေး စုပြီးတော့ လူတကိုယ် ခံရုံပေါ့လေ၊ ဖ... |
1,324,439 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟိုဘက်ကမ်းရောက်တော့ နောက်က မြွေ ၄-ကောင်ရန်သူလဲ မလိုက်နိုင်ဘူး၊ ရန်သူကြီး ငါးယောက်လဲ မလိုက်နိုင်ဘူး၊ ကိုယ့်မိတ်ဆွေ ရန်သူလဲ မလိုက်နိုင်ဘူး၊ ဟိုဘက်ကမ်းက ပိုင်နက် မဟုတ်ပဲဟာကိုး၊ ဟိုဘက်ထိအောင် မလိုက်နိုင်ဘူး၊ ဒမြကြီးတွေလဲ မလိုက်နိုင်ဘူးတဲ့၊ ဘေးရန် အန္တရာယ်တွေ အကုန်လုံး ကင်းပြီး လွတ်မြောက် သွားတယ်တဲ့၊ အဲဒါ ဘယ်သူတုံး ဆိုတော့ ... |
1,324,440 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဩဃလေးသွယ်၊ မြစ်ပင်လယ်၏၊ (လ) ဘုရားမြတ်ပေတည်း။ |
1,324,441 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီရောက်အောင် အားထုတ်ရမယ်တဲ့၊ ကနေ့ နန္ဒီရာဂ အကြောင်းနဲ့ စပ်ပြီးတော့ ပြောရမယ်၊ နန္ဒီရာဂဆိုတာ ခုနက ပြောတဲ့အတိုင်း ကောင်းတဲ့ အာရုံတွေ တွေ့တိုင်း တွေ့တိုင်း နှစ်သက်သာယာ နေတာတဲ့၊ သူရှိတဲ့ အတွက်ကြောင့် ဘဝ သံသရာထဲမှာ ဒုက္ခရောက်ရတယ်တဲ့၊ ဘဝသံသရာထဲမှာ ဒီတွယ်တာမှု ကကလေးကြောင့် တွယ်တာတဲ့ နေရာလေးမှာ ဒုက္ခရောက်ရတယ်။ |
1,324,442 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောဏကုဋိကဏ္ဏ မထေရ် အကြောင်း |
1,324,443 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬▬ သောဏကုဋိကဏ္ဏ မထေရ်ဆိုတာ မြတ်စွာဘုရားလက်ထက်က အင်မတန် ထင်ရှားတဲ့ ရဟန္တာ မထေရ်ကြီး တပါးပါပဲ၊ သောဏမထေရ်ပါပဲ၊ သောဏမထေရ်က ၂-ပါးရှိတယ်၊ သောဏမထေရ် ကောဠိဝိသဆိုတဲ့ သောဏမထေရ်ကတော့ အင်မတန် နူးညံ့ သိမ်မွေ့တယ်၊ ငယ်ငယ်ကလဲ အင်မတန် ချမ်းသာတဲ့ နေရာက နေပြီးတော့ အင်မတန် နူးညံ့သိမ်မွေ့ပြီး အင်မတန် ချမ်းချမ်း သာသာနဲ့ ကြီးပွါးလာရတယ်၊... |
1,324,444 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီကုဋိကဏ္ဏ ဆိုတာကလဲ သူကလဲ ချမ်းသာတဲ့ သဌေးသား တယောက်ပါပဲ၊ ကုဋေ တန်တဲ့ နားအဆင် တန်ဆာရှိလို့ ကုဋိကဏ္ဏသောဏ မထေရ်၊ ဒီသောဏမထေရ်ရဲ့ အတ္ထုပ္ပတ္တိထဲမှာ တွေ့ခဲ့ရတဲ့ အကြောင်းအရာ ကကလေးက တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်၊ သူ့မိဘတွေက သဌေးမျိုးတွေ ဆိုတော့ ငယ်ငယ်ကတည်းက ကြီးပွါး ချမ်းသာ ပြီးတော့ အရွယ်ရောက်တဲ့ အခါကာလမှာ ဘာမှ မလုပ်ရမကိုင်ရ... |
1,324,445 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလိုနေရာက သူ့အဖေကတော့ စီးပွါးရေးတွေ လုပ်ရတယ်ဆိုတာကိုး၊ စီးပွါးရေး တွေ၊ လယ်ထွန်ဖို့ စိုက်ပျိုးဖို့၊ စိုက်ပျိုးရေးတွေ ဘာတွေ အမြဲတမ်း စီမံခန့်ခွဲနေတော့ မေးကြည့်တယ်တဲ့၊ အဖေစိုက်ပျိုးရေးတွေ တယ်လုပ်ရပါကလား၊ ဘယ့်နှယ်ကြောင့် လုပ်ရသလဲ၊ ဟာဒီလိုလုပ်ရတယ် လူ့လောကဆိုတာ၊ မင်းလိုချည်းပဲ ဘာမှမလုပ်ပဲနဲ့ နေယင် ဘယ်တို့အိမ်မှာ စားစရာရှိ... |
1,324,446 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှေးတုန်းက ကုန်ကူးသန်း ရောင်းဝယ်မှုတွေ လုပ်ကြတာကိုး၊ တခါတည်း လှည်းကုန်သည်တွေနဲ့ လှည်းပေါင်းငါးရာနဲ့ ကူးသန်းရောင်းဝယ်ရေးတွေ သူက ထွက်လုပ်တာကိုး၊ ကူးသန်းရောင်းဝယ်ရေး ထွက်တော့ ပင်လယ်ထိအောင် ခရီး တောင်မှ သွားလိုက်သေးတယ် ဆိုတာကိုး၊ ထားပါတော့၊ အဲဒါကတော့ သိပ်မရေး မကြီးပါဘူး၊ ကူးသန်းရောင်းဝယ်ရေးက အဲဒီမှာ အဖိုးတန်တဲ့ ပစ္စည်းတွေ ... |
1,324,447 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီကနေပြီး ပြန်လာတဲ့အခါ တနေ့သော အခါကာလကျတော့ သူက မောမော ပန်းပန်းနဲ့ တနေရာမှာ အိပ်နေတယ်၊ လှည်းကုန်သည်တွေနဲ့ ရောနှောပြီးတော့ အိပ်လို့ရှိယင် ဆူဆူညံညံ ရှိမယ်ဆိုပြီးတော့ သူက ဆိတ်ငြိမ်တဲ့ နေရာလေး တနေရာ သွားပြီးတော့ အိပ်နေတယ်၊ အိပ်မောကျသွားတယ်။ |
1,324,448 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီနေ့မှာ လှည်းကုန်သည်တွေကလဲပဲ သူတို့ အချိန်အခါကာလ အားလျော်စွာ ကုန်ပစ္စည်းတွေ တင်ပြုပြီးသကာလ ခရီးတထောက် ထွက်တာကိုး၊ ထွက်တော့ အမှတ်တမဲ့နဲ့ သူတို့ ခေါင်းဆောင်ဖြစ်တဲ့ သောဏက လှည်းကုန်သည် ခေါင်းဆောင် ကြီးပါပဲ၊ ဆရာကြီး မေ့နေတယ်၊ ခေါင်းဆောင်ကြီး မေ့နေတယ်၊ ငယ်သားတွေက သူ့အချိန်နဲ့သူ ထွက်သွားကြတယ်၊ ထွက်သွားလို့ အင်မတန် ခရီးတွေ ... |
1,324,449 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သွားကြတော့ သောဏက သူ့မြည်းရထားလေးနဲ့ ဆိုတာကိုး၊ သူ့အဖေက မြင်းတို့ ဆိုတာ ကြမ်းတယ်ဆိုပြီး မြည်းရထားကလေးကို သူစီးဖို့ရာ ပေးထားတယ်၊ အဲဒီ မြည်းရထားလေး တခုပဲ ကျန်တယ်၊ အဲဒါလေးနဲ့ စီးပြီးတော့ တယောက်တည်း ဘယ်ကဘယ် သွားရမှန်းလဲ မသိဘူး၊ လမ်းလဲ သိမှာမဟုတ်ဘူး၊ အဲဒါနဲ့ သူက နောက်က လိုက်လာတယ်၊ နောက်က လိုက်ဆို လှည်းကြောင်းတွေရှိယင်တော့ လိ... |
1,324,450 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ သူက နောက်ကလိုက်ရတယ် ဆိုပေမယ်လို့ သူ့မှာ လမ်းမှန်ချင်မှမှန်မှာ၊ ဘယ်က ဘယ်ရောက်နေမှန်း မသိပါဘူး၊ အဲဒါနဲ့ သူမြည်းရထားကလေးနဲ့ လိုက်ပြီး တော့ လာတော့ မြည်းတွေက အနံ့ခံခံပြီးတော့ သွားနေတယ်ဆိုတာကိုး၊ ရှေ့က သွားတဲ့လမ်း အနံ့ ခံခံပြီးတော့ သွားနေတော့ သူကလဲပဲ ရထားတွေလဲ မောင်းဖူးတာ ဟုတ်ပုံ မရပါဘူး၊ သူ အခုမှ စွန့်စားပြီး ထွက်လ... |
1,324,451 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့ သနားစိတ်ဖြစ်တယ်ကွာ၊ ငါလဲ ရိုက်မိတယ်၊ ငါလဲပဲ မင်းတို့ကို မညှဉ်းဆဲ တော့ပါဘူး၊ ကဲ-မင်းတို့လဲ မင်းတို့အလိုရှိရာ သွားကြတော့ကွာ၊ မင်းတို့ စားချင်ရာ စား၊ သွားချင်ရာ သွားကြတော့၊ ငါလဲ မင်းတို့ကို မခိုင်းတော့ပါဘူး၊ ငါလဲ ငါ့ခြေထောက်နဲ့ ငါပဲ လမ်းလျှောက်တော့မယ် ဆိုပြီး မြည်းတွေလွှတ်ပြီး သူက ခြေလျင်လျှောက်တာကိုး။ |
1,324,452 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပြိတ္တာမြို့ရောက် |
1,324,453 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ▬▬▬▬▬▬ ခြေလျင်လျှောက်တော့ ရှေးဦးစွာ ဘယ်ရောက်သွားတုန်းဆိုတော့ ပြိတ္တာ မြို့ကြီး တမြို့ကို ရောက်သွားတယ်တဲ့၊ ပြိတ္တာမြို့ ဆိုတာ ရှိတယ်၊ ရှေးက ဗမာပြည်လဲပဲ ဒီလိုပဲ လူတွေပြောတယ်၊ ကျတ်သရဲတို့ ရွာကြီးတွေ ရှိနေတာပဲ၊ ပြိတ္တာ မြို့ကြီးတမြို့ ရောက်သွားတယ်၊ ရေကလဲ မသောက်ရလို့ ရေကလဲငတ်တော့ မြို့ကြီးတမြို့ ရောက်သွားတော့ သူက ရေပေးကြပါ၊... |
1,324,454 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လမ်းပေါက်ရာ ရောက်တော့ ခုနကစောင့်တဲ့လူ တွေ့တော့ ပြောတယ်၊ ခင်ဗျားဗျာ နေရာ မကျလိုက်တာ၊ ပြိတ္တာမြို့လို့ ပြောယင် ကျုပ်မသွားဘူး၊ ရှင်သောဏတော့ ကုသိုလ် ကောင်းမှုတွေ ပြည့်စုံပါတယ်၊ ဘုန်းကံ ရှိပါတယ်၊ ဘာမှ မဖြစ်နိုင်ပါဘူး၊ ခင်ဗျားလွတ်ရာသာ သွားပေတော့ ဆိုတော့၊ နောက်တော့ သူတို့လဲပဲ နောက်ဆုံး ပစ္ဆိမဘဝိက ဖြစ်တော့ သံဝေဂ ရအောင်လို့ သံသ... |
1,324,455 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်တခါ ဗိမာန်ကြီးတခုနဲ့ တွေ့ပြန်တယ်၊ နတ်သမီး ၄-ယောက်နဲ့၊ အင်မတန် လှပပြီး တင့်တင့်တယ်တယ် ဆင်ယင် ဝတ်စားပြီးတော့နေတဲ့ လူတယောက်နဲ့ တွေ့တယ်၊ ဒါတော့ နတ်လားမသိဘူး နဂါးလား၊ ဂဠုန်လား၊ ဘာလဲမသိဘူး ဆိုပြီးတော့ သူကသွားတော့ ဟိုကဆီးပြီးတော့ နှုတ်ဆက်တယ်တဲ့၊ သောဏ လာခဲ့ ပေတော့ မင်းလာတာ အချိန်ကောင်းပဲ၊ ကောင်းသောလာခြင်းပဲ၊ လာပါလာပါလို့ ... |
1,324,456 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧည့်ခံပြီးတော့ ဒီနေ့ညတညလုံး သူကနတ်စည်းစိမ်တွေ ခံစားနေတာကိုး၊ နတ်လို ဝေမာတိကပြိတ္တာပါပဲ၊ သူကလဲ ခံစားနေတဲ့အခါ မနက်လဲ နေထွက်ချိန်လဲ ရောက်လာရောတဲ့၊ ပြောတယ်တဲ့၊ ဟေ့သောဏ မင်းဒီမှာနေလို့ မဖြစ်ဘူး၊ ဘေးရန် အန္တရာယ်တွေ ရောက်တော့မယ်လို့ ပြောတယ်၊ ဒါနဲ့သူလဲ ဖယ်နေတယ်၊ ဖယ်နေယင်း အဝေးက ကြည့်နေတော့ ဘုံဗိမာန်ကြီး ပျောက်သွားတယ်၊ ခုနက နတ်... |
1,324,457 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နေ့ခံ ညစံ ပြိတ္တာရဲ့ အတိတ် ဇာတ်ကြောင်း ▬▬▬▬▬▬▬▬▬ |
1,324,458 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခင်ဗျားတို့ နေစမ်းပါအုံး ဘာတွေတုံး၊ ဘာတွေဖြစ်နေကြတာလဲ၊ ကျုပ်တို့ ပြိတ္တာတွေပဲ၊ ဘာပြုလို့ ဒီလိုဖြစ်ရတာလဲ၊ သူဖြစ်ခဲ့တာပြောတယ်၊ ကျုပ်က ရှေးက သိုးတွေ သတ်ပြီးတော့လာခဲ့တယ်၊ သိုးသတ်ယောက်ျား ဖြစ်ခဲ့တယ်၊ သိုးသတ်ယောက်ျား ဖြစ်လာတော့ ရှင်မဟာကစ္စည်းက သနားလို့ သူလာပြီး ဆုံးမတယ်တဲ့၊ မင်းမကောင်းမှု အကုသိုလ်တွေ သိပ်မပြုနဲ့ ကြဉ်ရှောင်ရမ... |
1,324,459 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေ ပြောပြီးတော့ အဲဒီပြိတ္တာက မှာလိုက်သေးတယ် ဆိုတာကိုး၊ မင်းလဲ ဝါသဝရွာကပဲ၊ ငါလဲဝါသဝရွာကပဲ၊ အဲဒီမှာ ရောက်တဲ့အခါကျယင် ဟိုမှာ ငါ့သား ရှိတယ်၊ သူလဲငါ့လိုပဲ မကောင်းမှုတွေ လုပ်နေတယ်၊ အဲဒါတွေ ပြောလိုက်စမ်းပါကွာ၊ မင်းအဖေဟာ မကောင်းမှုတွေ လုပ်လို့ မကောင်းကျိုးတွေပေးနေတယ်လို့ ငါ့သား ပြောလိုက်စမ်းပါအုံးလို့ သူကမှာလိုက်တာကိုး၊ သ... |
1,324,460 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မှာတော့ သောဏလုလင်ကပြောတယ်၊ ခုနက ခင်ဗျားပဲပြောတယ်၊ ဇမ္ဗူဒိပ်က လူတွေဟာ မယုံတတ်ဘူး၊ သူများပြောယင် မယုံတတ်ဘူးပြောတာ၊ ကျုပ်ပြောယင်လဲ ဘယ်ယုံလိမ့်မှာတုံး၊ ယုံမှာမဟုတ်ဘူး၊ ယုံအောင်လို့ ငါသက်သေ သာဓက ပေးလိုက် ပါ့မယ် မင်းကို၊ ငါသိုးတွေသတ်တဲ့ နေရာမှာ စဉ်းတုံးရှိတယ်၊ စဉ်းတုံးအောက်မှာ ရွှေအိုးမြှုပ်ထားတာ ရှိတယ်၊ အဲဒါပြောပေါ့ကွ၊ အဲဒါ... |
1,324,461 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကင်းခြေများကြီး စားခံရတဲ့ ပြိတ္တာ ▬▬▬▬▬▬ |
1,324,462 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီကနေပြီးတော့ ထွက်လာပြန်တော့ နောက်လဲ ဒိပြင်ပြိတ္တာ တွေလဲ ဒီလိုပဲ၊ ဗိမာန်နဲ့ လူတယောက် နတ်သမီး တယောက် တွေ့တယ်၊ အဲဒီမှာလဲပဲ ကောင်းကောင်း မွန်မွန် ကျွေးမွေးလို့ ဒီလူကတော့ကို ရှေးဘဝက သူကလူဖြစ်စဉ်တုန်းက ဗြဟ္မဏ ပုဏ္ဏားမျိုး ဖြစ်ပြီး ရုပ်ရေရူပက သာယာလှပတော့ သူက ကာမေသုမိစ္ဆာစာရ ကံတွေ ကျူးလွန် ထားတယ်ဆိုတာကိုး၊ ရုပ်ရေ ရူပကာယ လှတ... |
1,324,463 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတော့နေ့အခါကာလမှာ နတ်စည်းစိမ်တွေရတယ်၊ ညကျတော့ သူ့မှာ ဘုံဗိမာန် တွေရော နတ်စည်းစိမ်တွေရော အကုန်လုံးကွယ်ပျောက်ပြီး ဘာဖြစ်လာတုန်းဆိုတော့ ကင်းခြေများကြီး၊ အကြီးကြီး ဆိုတာကိုး၊ ကြောက်စရာ တော်တော် ကောင်းတယ်၊ ဘုန်းကြီးတောင် စာဖတ်ယင်း တော်တော်ကြောက်တယ်၊ ကင်းခြေများကြီးက နေဝင်လို့ ရှိယင်လဲ သူ့နတ်ဘုံ ဗိမာန်တွေက အကုန်လုံးပျောက်သွ... |
1,324,464 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီပုဂ္ဂိုလ်ကလဲ မှာလိုက်သေးတယ်တဲ့၊ သူ့သားရှိပါတယ်၊ သူလဲမကောင်းမှုတွေ ပြုနေတယ်၊ အဲဒါလဲပဲ ကြဉ်ရှောင်ပါ ဆိုပြီးတော့ မှာလိုက်တယ်၊ အဲဒါလဲ သူ သက်သေခံနဲ့ပါပဲ၊ သူသိမ်းဆည်း ထားခဲ့တဲ့ ရွှေအိုးနဲ့ သူကလဲ မှာလိုက်တယ်။ |
1,324,465 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နောက်တခါ ထပ်ပြီးသွားတော့ အမျိုးသမီး တယောက်တဲ့၊ အင်မတန် တင့်တင့် တယ်တယ် ဝတ်စားဆင်ယင်လို့၊ ဘုံဗိမာန်နဲ့ ပလ္လင်ပေါ်မှာ၊ ပလ္လင်ဆိုတာကလဲ ဗမာတွေ နားလည်တာကတော့ ပလ္လင်ကြီး၊ ဘုရားထိုင်တဲ့ ပလ္လင်လို၊ ဒီလိုမဟုတ်ဘူး၊ လေးထောင့်အိပ်ရာ တမျိုးပါပဲ၊ လေးထောင့်ဖြစ်လို့ သူ့ပလ္လင်လို့ ခေါ်တယ်၊ အဲဒီမှာ ခြေထောက် ၄-ချောင်းပါတယ်၊ ခြေထောက်က ၄-ခ... |
1,324,466 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလိုခေါ်တော့ သူကပြောတယ်၊ အမကြီး ကျွန်တော်ဖြင့်ယင် အင်မတန် ရေငတ် နေပါတယ်၊ ဆာလဲ အင်မတန် ဆာနေပါတယ်၊ လာလာ မဆာရဘူး၊ မဆာရဘူးဆိုပြီး ဘုံဗိမာန်ပေါ်တင်ပြီး ရေမိုးချိုးပေး၊ အစာတွေလဲ ကျွေး၊ ကျွေးပြီးတဲ့အခါ ကာလ ကျတော့ သူက အဲဒီအောက်က ပြိတ္တာ ၄-ကောင်ရဲ့ အကြောင်းကို သိစေချင်လို့၊ သူကလက်တွေ့ သိစေချင်တာနဲ့ အဲဒီ နတ်သမီးက သူကပြိတ္တာမ ... |
1,324,467 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခန်းထဲဝင်သွားတော့ ဟိုကပြိတ္တာတွေက တောင်းကြတယ်၊ သောဏမင်းကတော့ အင်မတန် ဘုန်းကံကောင်းတယ်၊ ခင်ဗျားက အင်မတန် ဘုန်းကံရှိတယ်၊ ခင်ဗျားက သနားလဲ သနားတတ်ပါတယ်၊ ကျုပ်တို့ကို ကျွေးစမ်းပါအုံးဗျာ၊ ကျုပ်တို့ဆာ လိုက်တာ၊ မစားရဘူးဆိုတော့၊ အဲဒီမှာသူက ပထမဆုံး လူတယောက်ကို စားစရာ ပစ်ပြီးတော့ ပေးလိုက်တာနဲ့ ဘာဖြစ်တုံးဆိုတော့ ဖွဲတွေ ရွက်မှော်တ... |
1,324,468 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခုနက အခန်းထဲကနတ်သမီးက ပြန်ထွက်လာတယ်၊ ပြန်ထွက်လာတဲ့အခါ သောဏကို သူက ပြောတယ်၊ သောဏ ငါပြောသားပဲ၊ မင်းဒီကောင်တွေ မကျွေးနဲ့၊ သူတို့ ဒုက္ခရောက်ကုန်မယ်၊ မကျွေးနဲ့လို့ ပြောတာ မင်းကျွေးတာကိုး၊ ဟုတ်တယ်ဗျာ သနားတာကို၊ သနားတော့ မကျွေးပဲ မနေနိုင်ဘူးဗျ၊ သနားတော့ ကျွေးမိတာပဲ၊ မင်းကသနားတာ ဟုတ်သားပေါ့၊ ငါကမင်းထက် ပိုပြီးတော့ သနားမိတာပဲ၊ ... |
1,324,469 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နတ်သမီးနှင့် ပြိတ္တာ ၄-ယောက်တို့၏ အတိတ်ဇာတ်ကြောင်း ▬▬▬▬▬▬▬▬▬ |
1,324,470 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခင်ဗျားက ဒီဟာတွေနဲ့ ဘယ့်နှယ်လုပ် ဆွေမျိုးတော်စပ်လို့တုံး၊ ဘယ်လိုစပ်တုံး ဆိုတော့ ပြောတာကိုး၊ ဒီဟာ တယောက်က သူ့ရှေးဘဝတုန်းက ခင်ပွန်းသည် ယောက်ျားပဲတဲ့၊ တယောက်က သားပဲတဲ့၊ တယောက်က ချွေးမ၊ တယောက်က သူ့အိမ်မှာ ခိုင်းစေနေတဲ့ ကျွန်မ၊ ဒီဥစ္စာတွေ ဆွေမကင်း မျိုးမကင်းတွေပဲတဲ့။ |
1,324,471 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါတွေ ဘာ့ကြောင့်ဒီလိုဖြစ်ရတာတုံး ဆိုတဲ့အခါကျတော့ နက္ခတ်ပွဲသဘင် ရှေးကတော့ကို နက္ခတ်ပွဲသဘင်တွေ ဆိုတာရှိတယ်၊ ကောင်းကင်နက္ခတ်တွေ, နတ်တွေကိုရည်ရွယ်ပြီးတော့ လုပ်တဲ့ပွဲတွေပဲ ဖြစ်ပါလိမ့်မယ်၊ အိန္ဒိယ၊ အဲဒီပူဇော်ပွဲ လုပ်တဲ့ အခါကာလကျတော့ စားကောင်း သောက်ဖွယ် မုန့်တွေဆိုတာ လုပ်ကြတာ ပေါ့လေ၊ သူ့အရပ်အလိုက် ဗမာပြည်လဲ ဗမာပြည်အလိုက်၊ မ... |
1,324,472 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလိုလုပ်တဲ့အခါ စားကောင်း သောက်ဖွယ်တွေ သူက ပြင်ဆင်ထားပြီးတော့ အသင့် ရှိနေတဲ့ အခါမှာ ရှင်မဟာကစ္စည်းမထေရ်က သူ့အိမ် ဆွမ်းခံကြွလာတယ်တဲ့၊ ဆွမ်းခံကြွလာတော့ ရှင်မဟာကစ္စည်းရဲ့ ကာယိန္ဒြေငြိမ်သက်ပုံ၊ သန့်ရှင်းပုံ စသည် တွေကို မြင်ရတယ်တဲ့၊ စိတ်အားဖြင့် လဲပဲ မှန်းဆပြီးတော့ စိတ်လဲ ကြည်ကြည် လင်လင် ရှိတယ်၊ စိတ်တွေ အင်မတန် သန့်ရှင်း ... |
1,324,473 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ဒီအမျိုးသမီးက ဗြဟ္မဏ အမျိုးပဲတဲ့၊ ပုဏ္ဏေးမ ခေါ်တာပေါ့လေ၊ ဗမာကပုဏ္ဏေးမ လို့ခေါ်တယ်၊ ဗြဟ္မဏကို ပုဏ္ဏားဆိုပြီး ဗမာကပြန်တယ်၊ ဘာဖြစ်လို့ ပုဏ္ဏားလို့ ပြန်သလဲဆိုတော့ တဖြည်းဖြည်း ပြောင်းလာတာ တဲ့၊ ဗြဟ္မဏက နေပြီးတော့၊ ဗဟ္မဏဆိုပြီးတော့ ဗဟ္မဏဆိုတာ အသောက ကျောက်စာတွေမှာလဲ ရှိတယ်၊ ဗဟ္မဏက နေပြီး တဖြည်းဖြည်း ဗမာပြည် ရောက်တော့ ... |
1,324,474 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီလိုပြောင်းလာတာ၊ ပုဏ္ဏားက ပြည့်စုံတဲ့ အနက်တော့မဟုတ်ဘူး၊ သူ့ဟာ အသံ ပြောင်းလာတာ၊ ဗြဟ္မဏကနေပြီး ပုဏ္ဏားဖြစ်လာတာ၊ ဗြဟ္မဏကပုဏ္ဏား၊ ပုဏ္ဏားအမျိုးသမီး ဆိုတော့ “ဗြဟ္မဏီ” ပါဠိလို ဒီလိုခေါ်တယ်၊ ဗမာလိုကျတော့ ပုဏ္ဏေးမလို့ခေါ်တယ်၊ ပုဏ္ဏေးမ၊ သူက ရှေးက ပုဏ္ဏေးမ ဖြစ်ခဲ့တယ်တဲ့၊ သူ့ယောက်ျား က ဗြဟ္မဏ ပုဏ္ဏားမျိုးတွေ ဗြဟ္မဏမျိုးတွေ ဗြဟ္မ... |
1,324,475 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ ဗုဒ္ဓမြတ်စွာဘုရား ပေါ်လာတဲ့အခါ ဗုဒ္ဓမြတ်စွာဘုရားက ဗြဟ္မဏ ဝါဒတွေကို အမြဲတမ်း မဟုတ်မမှန်တာတွေကို ထုတ်ဖော်ပြီး ဟောနေတာ၊ သူတို့ ဟောတဲ့အတိုင်း မဟုတ်ဘူး၊ ဒီဟာတွေမဟုတ်ဘူး၊ ဒီဟာတွေ မဟုတ်ဘူး စသည်ဖြင့် ဟောနေတော့ သူတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ သူတို့ဝါဒနဲ့ မတူဘူး၊ မတူတော့ သူတို့က ဗုဒ္ဓဘာသာနဲ့ တော်တော်ကို မတည့်ဘူး၊ ဒါပေ... |
1,324,476 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တနေ့ကဟောခဲ့တဲ့အတိုင်း (သုပ္ပဋိပန္နော၊ လောဘ, ဒေါသ, မောဟကင်းကြောင်း ကောင်းသော အကျင့်ကို ကျင့်တော် မူတတ်ပါပေ၏၊) သံဃာတော်ကို အာရုံပြုတဲ့အခါ ဒီလို အာရုံပြုရတယ်၊ သံဃာအာရုံပြုတယ် ဆိုတာ ငါနဲ့ ရင်းနှီးလို့ ဒီဘုန်းကြီး ငါ့ကို ကျွေးဖူးတယ်၊ မွေးဖူးတယ်၊ ဝေယျာဝစ္စ ဆောင်ရွက်ဖူးတယ်၊ ငါ့အကျိုး ဆောင်ဖူး တယ်ဆိုပြီး ဒီလိုကြည်ညိုရတာ မဟုတ်ဘ... |
1,324,477 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုပ္ပဋိပန္နော၊ လောက, ဒေါသ, မောဟကင်းကြောင်း ကောင်းမွန်စွာ ကျင့်ကြံ တတ်သော သံဃာတော်မြတ် ပါပေတကား။ |
1,324,478 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ ဂုဏ်နဲ့ အာရုံပြုရတယ်တဲ့၊ မထေရ်ကြီးပဲဖြစ်ဖြစ်၊ ရဟန်းငယ်ပဲဖြစ်ဖြစ်၊ ကိုရင် ကလေးပဲဖြစ်ဖြစ်၊ လောဘ, ဒေါသ, မောဟ, ကင်းအောင် ကျင့်တဲ့ သံဃာတော်ပဲလို့ သံဃာတော်ကို အာရုံပြုပြီး တော့ အရိုအသေ ပေးရတယ်၊ ရှိခိုးရတယ်၊ ဆည်းကပ် ရတယ်။ |
1,324,479 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘာလို့တုံး ဆိုလို့ရှိယင် အခု မြတ်စွာဘုရားရဲ့ ဆင်းတုတော်, ရုပ်ပွားတော်တွေ, စေတီတော်တွေ, တွေ့တဲ့အခါ ရှိခိုးရတယ်၊ အရိုအသေ ပြုရတယ်၊ အမှန်စင်စစ်တော့ ဒါက ဘုရားအစစ်တော့ မဟုတ်ဘူး၊ နှစ်ပေါင်း ၂၅၀ဝ-ကျော် ကာလက ထင်ရှား ရှိခဲ့တဲ့ ပရိနိဗ္ဗာန် စံသွားပြီးဖြစ်တဲ့ ကိုယ်တော်, ဆင်းတုတော်တွေ လုပ်ထားတယ်၊ စေတီတော်တွေ တည်ထားတယ်၊ အဲဒီ ဆင်းတုတေ... |
1,324,480 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘေးက ဗုဒ္ဓဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဗမာတွေဟာ ဗုဒ္ဓဘာသာ တွေဟာ အုတ်ပုံကြီးတွေ ရှိခိုးတယ်လို့ ပြောကြတယ်၊ အုတ်ပုံကြီး ရှိခိုးတာမဟုတ်ဘူး၊ ဘုရားအစစ်ကို ရှိခိုးတာ၊ ဒါကမှတ်တိုင် ဒီဟာက အထိမ်းအမှတ် သဘောပဲ၊ စေတီကြီး ရှေ့တို့၊ ဆင်းတုတော် ရှေ့တို့သွားပြီး ရှိခိုးလို့ ရှိယင်ဖြင့် ဘုရားအစစ်ကို ပိုပြီးတော့ သတိရတယ်၊ အဲဒါကြောင့် ဒ... |
1,324,481 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါလိုပဲ သုပ္ပဋိပန္န အစရှိသော သံဃဂုဏ်တွေ အာရုံ ပြုပြီး သံဃာကို ရှိခိုးလိုက်လို့ရှိယင် သံဃာ အစစ်ကို ရှိခိုးရာရောက်တယ်၊ ကိုယ့်ရှေ့ ရောက်နေတဲ့ ပုဂ္ဂိုလ်ကတော့ မထေရ်ကြီးလဲ ဖြစ်ချင်ဖြစ်မယ်၊ မထေရ်ငယ်လဲ ဖြစ်ချင်ဖြစ်မယ်၊ ကိုရင်ကလေးလဲ ဖြစ်ချင်ဖြစ်မယ်၊ တပါးတည်းလဲ ဖြစ်ချင်ဖြစ်မယ်၊ အများလဲ ဖြစ်ချင်ဖြစ်မယ်၊ ဘာပဲဖြစ်နေ ကိုယ့်စိတ်ထဲ ကတ... |
1,324,482 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုပ္ပဋိပန္နော၊ လောဘ ဒေါသ (လ) သံဃာတော်မြတ် ပါပေတကား။ |
1,324,483 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီသံဃာဂုဏ်တွေကို အာရုံပြုပြီး ရှင်မဟာကစ္စည်းကို ဆွမ်းကပ်လိုက်ရတာ၊ ဒီ အမျိုးသမီး ကတော့ အင်မတန်ကို ပီတိ ပါမောဇ္ဇတွေ ဖြစ်သွားတယ်၊ ဝမ်းမြောက် ဝမ်းသာနဲ့ အခုလဲ ပဲဒီလိုပဲ၊ သံဃာ့ဂုဏ်တွေကို အာရုံ ပြုပြီးတော့ လှူဒါန်းရတဲ့အခါမှာ အမျိုးသမီးတွေရော အမျိုးသားတွေရော ဝမ်းမြောက် ဝမ်းသာတွေ သိပ်ဖြစ်စရာ ကောင်းတာပဲ၊ အခုဝါဆိုဦးအခါ ကာလမှာ ဝ... |
1,324,484 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခင်ပွန်း ပြိတ္တာ၏ အတိတ် ဇာတ်ကြောင်း ▬▬▬▬▬▬▬▬ ဒီအမျိုးသမီးက သူ့ခင်ပွန်းကို ကုသိုလ် ရစေချင်တယ်၊ အစားကောင်းလေး စားရလို့ရှိယင် ချစ်တဲ့သူကို သတိရတယ်၊ လောက ပြောလေ့ရှိတယ်၊ ဟုတ်တယ် ကုသိုလ် ကောင်းမှုကလေး ကိုယ့်သန္တာန်မှာ ဖြစ်တော့ သူ့ခင်ပွန်းဖြစ်တဲ့ ပုဂ္ဂိုလ်ကိုလဲ ကုသိုလ်ကောင်းမှု ဖြစ်စေချင်တယ်၊ သူက ငါပြုတဲ့ ကုသိုလ်ကောင်းမှုကို ... |
1,324,485 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရှင်ပုဏ္ဏား၊ ယနေ့လေ ကျုပ်တို့ ကံကောင်းတယ်၊ ရှင်မဟာကစ္စည်း မထေရ် အိမ်ကြွလာလို့ မွန်မြတ်တဲ့ စားဖွယ် သောက်ဖွယ်တွေ လှူဒါန်း လိုက်ရတယ်၊ အင်မတန် ဝမ်းမြောက် ဝမ်းသာစရာ ကောင်းတယ်၊ ဒါတွေကို ဝမ်းမြောက်ပါလို့ ပြောတော့ အမျိုးသမီးကသာ သဒ္ဓါတရားရှိလို့ စိတ်ကောင်း နှလုံးကောင်း ဝင်နေတာကိုး။ |
1,324,486 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမျိုးသား ပုဏ္ဏားကတော့ စိတ်ကောင်း နှလုံးကောင်း မဝင်ဘူး၊ မဝင်တော့ သူက ဘယ့်နှယ် ပြောသလဲ ဆိုတော့၊ နင်ဟာတဲ့ တို့ဗြာဟ္မဏတွေ အမြင့်အမြတ် တွေကိုလဲ ရှေးဦးစွာ မလှူသေးပဲနဲ့ ဆွေမျိုး ဉာတိတွေလဲ ရှေးဦးစွာ မပေးရ မကမ်းရ မကျွေး ရသေးပဲနဲ့ ဘာမဟုတ်တဲ့ ဒီရဟန်းယုတ်ကို သွားပြီးတော့လှူတာ နေရာမကျဘူး၊ သူက အစကတည်းက ရဟန်းနဲ့မှ မတည့်ပဲ ဟာကို၊ အယူ... |
1,324,487 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အင်မတန် ကြောက်စရာကောင်းတယ်၊ အယူက လွဲနေပြီ ဆိုမှတော့ တော်တော်ကို ကြောက်စရာ ကောင်းတယ်၊ ကြည်ညိုရမယ့် ပုဂ္ဂိုလ်ကို မုန်းစရာ သွားဖြစ်နေတာကိုး၊ ကြည်ညိုရမယ့် ပုဂ္ဂိုလ် ကြည်ညိုယင် ကုသိုလ်ဖြစ်ရမှာ၊ ကုသိုလ် မဖြစ်ပဲနဲ့ အကုသိုလ် တွေ ပြောင်းပြန်ဖြစ်နေတယ်၊ အင်မတန် ကြောက်စရာ ကောင်းတယ်၊ အဲဒါနဲ့သူက ကျိန်ဆဲတဲ့ သဘောပေါ့လေ၊ သူက ပြောတယ်တဲ့... |
1,324,488 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကသ္မာ သော မုဏ္ဍကော သမဏော၊ ဘူသပလာလံ နဘက္ခာယတီတိ။ |
1,324,489 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မုဏ္ဍကော၊ ဦးပြည်းယုတ်ဖြစ်သော။ |
1,324,490 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သမဏော၊ ထိုရဟန်းယုတ်သည်။ |
1,324,491 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘူသပလာလံ၊ ဖွဲအဖျင်းကို။ |
1,324,492 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နဘက္ခယတိ၊ မစားလေသနည်း။ |
1,324,493 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖွဲအဖျင်းနဲ့ တန်တာပဲ၊ ဖွဲတွေအဖျင်းတွေ စားပါလား၊ သူဘာမှ အသုံးမကျဘူးပေါ့လေ၊ ဘာမှ သူအလုပ် လုပ်ဖော်မရဘူး၊ သူအပိုပဲ၊ ဒီလို ယူဆတာကိုး၊ ဒီလိုလဲ ယူဆကြတာရှိတယ်၊ ဘာပြုလို့လဲဆိုတော့အပိုပဲ သူတို့လောကမှာ ဘာမှကြီးပွားရေး မရှိဘူး၊ ဖွဲအဖျင်းတွေနဲ့ တန်တယ်၊ တချို့ကလဲ စိတ်ကူးတယ်၊ အလုပ်သမားတွေ ကျွေးလိုက်ရယင်လေ ငါ့အလုပ်သမား တယောက် ကျွေးလို... |
1,324,494 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့်မို့တဲ့ သူ့မှာ နောက်ဘဝကျတော့ အဲဒီအမျိုးသမီးက နတ်သမီး ဖြစ်ပြီးတော့ သူအမျိုးသားက တိုင်မှာချည်ပြီးတော့ ပြိတ္တာဖြစ်နေရတာကိုး၊ စားစရာတွေ သူ့ကိုကျွေးတိုင်း ကျွေးတိုင်း သူ့မှာ ဖွဲတွေဖြစ်ပြီးတော့ စားနေရတာတဲ့၊ ကြောက်စရာ တော်တော် ကောင်းတယ်၊ ဘာမှကြီးကြီး ကျယ်ကျယ် မဟုတ်ဘူး၊ သေးသေး ကလေးနဲ့ပေမယ့် သူကအကုသိုလ် သိပ်ပြီးတော့ အက... |
1,324,495 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သားပြိတ္တာ၏ အတိတ် ဇာတ်ကြောင်း ▬▬▬▬▬▬▬▬▬ နောက်ပြီးတော့ အမျိုးသမီးက သူ့ယောက်ျားတော့ဖြင့် ပြောလို့ပြုလို့မရဘူး၊ ငါ့သားလေး တော့ဖြင့် ကုသိုလ် ဖြစ်ပါစေတော့ ဆိုပြီး သူ့သားကလေးကို သူသတိရ လာတာကိုး၊ သူ့သားလေးကို ကုသိုလ်ပေးချင်ပြန်တာ၊ သူ့သားကလေးကိုလဲ ပေးတယ်၊ ရှင်မဟာကစ္စည်းကို ဆွမ်းကျွေးတဲ့ အလှူအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဖို့ရ... |
1,324,496 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကသ္မာ သော မုဏ္ဍကော သမဏတော အယောဂုဠံ န ဘက္ခယတီတိ။ |
1,324,497 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မုဏ္ဍကော၊ ကတုံးဦးပြည်းဖြစ်သော။ |
1,324,498 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောသမဏကော၊ ထိုရဟန်းယုတ်သည်။ |
1,324,499 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အယောဂုဠံ၊ သံတွေ သံခဲတုံးတွေကို။ |
1,324,500 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | န ဘက္ခယတိ၊ မစားလေဘိသနည်း။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.