id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,324,601
Uncategorized
အာသီဝိသောပမသုတ် တရားတော်
၃။ ပစ္စန္တရစ်တို့၌ လူတို့သည် အလေးပြု၍ ရေချိုးလေ့ ရှိသောကြောင့် အမြဲ ရေချိုး နိုင်ခြင်း။
1,324,602
Uncategorized
အာသီဝိသောပမသုတ် တရားတော်
၄။ ပစ္စန္တရစ်တို့၌ ဖျာအလား သားရေခင်းလေ့ ရှိကြသောကြောင့် ဆိတ်သားရေ, သမင်သားရေ တို့ကို ခင်းသုံးနိုင်ခြင်း။
1,324,603
Uncategorized
အာသီဝိသောပမသုတ် တရားတော်
၅။ အရပ်တပါး သွားဆဲရဟန်းအား လှူသောသင်္ကန်းကို လက်သို့ရောက်မှ ရက် ရေတွက်၍ ဆယ်ရက်အတွင်း ဝိနည်းကံပြုရခြင်း။
1,324,604
Uncategorized
အာသီဝိသောပမသုတ် တရားတော်
၁၃၂၈-ခု၊ ဒုတိယဝါဆို လပြည့်ကျော် (၈) ရက်နေ့ ဟောကြားတော်မူသည်။
1,324,605
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရွာပျက်ပမာ ၆-ဖြာ ဒွါရ ရှုမြင်ကြ
1,324,606
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာသီဝိသောပမသုတ္တန် တရားတော်၊ ပထမမြွေ ၄-ကောင်အကြောင်း ဟောပြီးပြီ၊ မဟာဘုတ်ကြီး ၄-ပါးဟာ မြွေလေးကောင်နဲ့ တူတယ်ဆိုတာ ဟောပြီးသွားပါပြီ၊ “သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်” သူသတ်သမားကြီး ငါးဦးက ခန္ဓာငါးပါးနဲ့ တူတယ် ဆိုတာလဲ ဟောပြီးသွားပါပြီ၊ “မိတ်ညာရန်ဘက် တပ်စွဲချက်ကြောင့်” ဆဋ္ဌ ၆-ခု မြောက် အန္တရဆိုတာ အတွင်းသားပုဂ္ဂိုလ်၊ အတွင်းသားဖြစ...
1,324,607
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရွာပျက်ကုန်းပမာ ၆-ဖြာ ဒွါရ
1,324,608
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီကနေ့ အလှည့် ကျတာကတော့ “မိတ်ညာရန်ဘက်၊ တပ်စွဲချက်ကြောင့်၊ ရောက်က တဖုံ၊ ရွာပျက်သုည” ရွာပျက်ကုန်း ဒွါရ ၆-ပါး၊ ရွာပျက်ကုန်း ရောက်တယ်၊ အဲဒါ ဒီကနေ့ ဟောရတယ်။
1,324,609
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြွေ ၄-ကောင်ကို ဘုရင်မင်းရဲ့ အမိန့်အရ ထိန်းကျောင်းနေရတဲ့ မြွေထိန်းသမားဟာ မြွေတွေ အိပ်ပျော်နေတဲ့အခါ မြွေကြီးတွေ အသာချပြီးတော့ ထွက်ပြေးတယ်၊ အာဏာ ဖီဆန်မှုနဲ့ ဘုရင်မင်းမြတ်က သူ့ကို သတ်နိုင်တဲ့ ပုဂ္ဂိုလ် တွေ့ရာသတ်ဖို့ ကြေငြာတဲ့ အခါကျတော့ သူ့ရဲ့ ရန်သူကြီးငါးဦး ပေါ်ထွက်လာတယ်၊ ရန်သူကြီးငါးဦးလဲ တွေ့ရာသတ်ဖို့ရာ အမိန့်ပေးလို့ ရန်...
1,324,610
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ထွက်ပြေးနေရတာ နောက်က မြွေ ၄-ကောင်ကလဲ တွေ့ရာ ကိုက်မယ် ဆိုပြီးတော့ လိုက်နေတယ်၊ သူသတ်သမားကြီး ငါးယောက်ကလဲ တွေ့ရာ သတ်ဖို့ရာ လိုက်နေတယ်၊ သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ အင်မတန် ရင်းနှီးတဲ့ ပုဂ္ဂိုလ်ကလဲပဲ ရာထူး ဌာနန္တရတွေ မက်မောပြီးတော့ တွေ့ရာသတ်ဖို့ရာ သူကလဲ ပူးပေါင်းပြီးတော့ သတ်ဖို့ရာ ချော့ပြီး ပူးပေါင်းသတ်ဖို့ရာ သူကလဲ နောက်က ...
1,324,611
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါတွေ သတင်းကြားရတာနဲ့ မြွေထိန်းယောက်ျားက အင်မတန် ကြောက်ပြီးတော့ ထွက်ပြေး နေရတယ်၊ ဘယ်ရောက်သွားတုံး ဆိုတော့ ရွာပျက်ကုန်း ရောက်သွား တယ်တဲ့၊ အိမ် ၆-အိမ်ရှိတဲ့ ရွာပျက်ကုန်းရောက်သွားတယ်၊ ရှေးက လူနေအိမ်ခြေ လူတွေနေတဲ့ရွာ၊ အခုတော့ အကြောင်း တခုခုကြောင့် မနေနိုင်လို့ ရွာစွန့်ပစ်ပြီးတော့ တခြားကို လူတွေ ထွက်ပြေးသွားတဲ့ လူမရှိတဲ့ရ...
1,324,612
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရောက်သွားတော့ မောမောပန်းပန်းနဲ့ ဒီရွာဖြင့်ယင် စားစရာတွေ သောက်စရာတွေ ရကောင်းပါရဲ့ ဆိုပြီး ရွာထဲဝင်သွားတော့ လူတယောက်မှ မတွေ့ဘူး၊ အိမ်တွေမှာ တက်ကြည့်တော့လဲ လူတယောက်မှ မတွေ့၊ အသုံးအဆောင်လဲ ဘာမှမတွေ့၊ အိုးတွေ ခွက်တွေ ဖွင့်ပြီး နှိုက်ပြု ကြည့်တော့လဲ အိုးတွေခွက်တွေ ထဲမှာလဲ ဘာမှမရှိဘူး၊ ရေတောင် သောက်စရာ မရှိဘူး၊ ရွာက လူမရှိတဲ့...
1,324,613
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့ မူလက ဒီရွာဖြင့်ယင် အားကိုးရာ ဖြစ်မှာပဲ၊ စားဖို့ သောက်ဖို့ရာတွေ တစတစ ရမှာပဲလို့ အားကိုးကြီးနဲ့ ဝင်လာတာ၊ ဘာမှ အားမကိုးရတဲ့ ရွာပျက်ကုန်းကြီး ဖြစ်နေတာကို သိရတယ်တဲ့၊ အဲဒါက ဘာတုံးဆိုလို့ရှိယင် ဒွါရ ၆-ပါး ပါပဲတဲ့။
1,324,614
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဓာတ်ကြီး ၄-ပါးကြောက်လို့ တရားအားထုတ်ခြင်း
1,324,615
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြတ်စွာဘုရား၏ ညွှန်ကြားချက်အရနဲ့ မြွေ ၄-ကောင်နဲ့တူတဲ့ မဟာဘုတ် ၄-ပါးကိုလဲ လွန်မြောက် နိုင်အောင် တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ယောဂီပုဂ္ဂိုလ်တွေပါပဲ၊ မိမိတို့သန္တာန် မှာရှိတဲ့ ပထဝီ, တေဇော, အာပေါ, ဝါယောဆိုတဲ့ ဓာတ်ကြီး ၄-ပါးကို ကြောက်ပြီးတော့ ဒီဓာတ်ကြီး ၄-ပါး ဖောက်ပြန်ပြီးတော့ ဘဝတိုင်း ဘဝတိုင်းလဲ သေခဲ့လှပြီ၊ ယခုဘဝလဲ တနေ့...
1,324,616
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီမှာ ယောဂီပုဂ္ဂိုလ်တွေ တရားအားထုတ်တယ် ဆိုတာ ဒါပဲ၊ တခြား မဟုတ်ဘူး၊ မိမိတို့သန္တာန်မှာ ရှိတဲ့ ဓာတ်ကြီး ၄-ပါးကို ကြောက်ပြီးတော့ အားထုတ်နေရတာ၊ မကြောက်ယင်တော့ အားထုတ် စရာ မလိုဘူး၊ မကြောက်တဲ့ပုဂ္ဂိုလ်တွေက သေချင် လဲသေ ကိစ္စမရှိဘူးဆိုယင် သူကတော့ အားထုတ်စရာ မလိုဘူး၊ အခုတော့ ဒီဓာတ်ကြီး ၄-ပါး ဘဝတိုင်း ဘဝတိုင်း လိုက်ပြီးတော့ ဖောက...
1,324,617
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခန္ဓာ ၅-ပါး သူသတ်သမား
1,324,618
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြတ်စွာဘုရား ဟောကြားတဲ့ ခန္ဓာငါးပါးဟာ သူသတ်သမားကြီးတွေ၊ ခန္ဓာငါးပါးဟာ ကောင်း နေတဲ့အခါလဲပဲ သတ်တတ်တဲ့ သဘောရှိတာပဲ၊ နောက်ဆုံးတနေ့ကျယင် ဖောက်ပြန်ပြီးတော့ ခန္ဓာငါးပါးထဲက တပါးဖြစ်စေ၊ ၂-ပါးဖြစ်စေ၊ ၃-ပါး၊ ၄-ပါး၊ ၅-ပါးလုံးဖြစ်စေ ဖောက်ပြန် ပျက်စီးပြီးတော့ သတ္တဝါဟာ သေရတယ်တဲ့၊ ခန္ဓာငါးပါး မဖောက် ပြန်ယင်တော့ သူမသေဘူး၊ ဖောက်ပြန်လို့...
1,324,619
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လူ့ခန္ဓာ ဘယ်လို ကျန်းမာရေးတွေ ဂရုစိုက် ဘယ်လောက်ပဲ ဂရုစိုက်နေ စေကာမူ အသက် ရှည်အောင်လို့ အသက်ရှည်ဆေးတွေနဲ့ ဆေးတွေဝါးတွေနဲ့ ဘယ်လိုပြုပြင်နေ စေကာမူ တနေ့ကျယင် ဒီခန္ဓာငါးပါးဟာ ဖောက်ပြန် ပျက်စီးရတာ၊ မဖောက်ပြန် မပျက်စီးပဲနဲ့ မနေဘူး၊ သူကတော့ အိုမင်းပြီးတော့လဲ ဖောက်ပြန် ပျက်စီးတတ်တယ်၊ တနေ့ကျယင် ပျက်စီးရတာပဲ၊ တည်မနေနိုင်ဘူး။
1,324,620
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လူ့ခန္ဓာသာ မဟုတ်ဘူး၊ နတ်ခန္ဓာ တွေလဲပဲ တနေ့ကျယင် ဒီလိုပဲ ပျက်စီးရတာပဲ၊ ဗြဟ္မာခန္ဓာတွေလဲ တနေ့ကျယင် ပျက်စီးရတာပဲ၊ ရုပ်ခန္ဓာသာ မဟုတ်ဘူး၊ နာမ်ခန္ဓာ သက်သက် အရူပဘုံတွေ၊ စိတ်ချည်းထဲ စေတသိက် နာမ်တရားတွေချည်းထဲ ဖြစ်နေတဲ့ အရူပဘုံက ရှိသေးတယ်၊ အဲဒီခန္ဓာတွေလဲ တနေ့ နောက်ဆုံးကျယင် ပျက်ရတာပဲ၊ ဒီတော့ ခန္ဓာငါးပါးဟာ သူသတ်သမားကြီး ငါးယောက်...
1,324,621
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့ကျယင် ဒီခန္ဓာငါးပါး ဖောက်ပြန်ပြီးတော့ သေကြမှာ၊ သေခဲ့လှပြီ၊ ရှေးရှေးသော ဘဝတွေလဲ သေခဲ့ပြီ၊ ယခုဘဝလဲ တနေ့ကျတော့ ဒီလိုပဲ သေကြမှာတွေ၊ အခု အသက်ရှည်ပြီးတော့ နေကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီခန္ဓာငါးပါး ဖောက်ပြန်ပြီး တော့ သေကြမှာတွေ၊ သေလဲ သေသွားပြီ၊ အဲဒီ ခန္ဓာငါးပါး ဖောက်ပြန်တာပဲ၊ ဆေးရုံတွေမှာ အစကတည်းက မကျန်းမာလို့ ဆေးရုံတက်န...
1,324,622
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သူသတ်သမား ခန္ဓာက လွတ်အောင် တရားအားထုတ် ▬▬▬▬▬▬▬▬▬▬▬
1,324,623
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီခန္ဓာငါးပါး ဖောက်ပြန်ပြီး သေတာတွေ မီးလောင်လို့ သေသည် ဖြစ်စေ၊ ရေနစ်လို့ သေသည်ဖြစ်စေ၊ ဘာကြောင့်ပဲ သေသေ ခန္ဓာငါးပါး ဖောက်ပြန် ပျက်စီးလို့ သေရ တာပဲ၊ အဲဒီခန္ဓာငါးပါးဟာ ရှေးရှေးသော ဘဝတွေ ကတည်းက ဖောက်ပြန် ပျက်စီးပြီး သတ်ခဲ့လှပြီ၊ ယခုဘဝလဲ တနေ့ကျတော့ သတ်အုံးမယ်၊ နောက်နောက်သော ဘဝတွေမှာလဲ ကိလေသာ မကင်းသေးယင် ဘဝအသစ်တွေ ဖြစ်ရတယ်၊ ...
1,324,624
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါတွေမြင်ပြီး ခန္ဓာငါးပါး သူသတ်သမားတွေကို ကြောက်သောအားဖြင့် ဒီခန္ဓာ ငါးပါးက လွတ်မြောက်အောင် အခု တရား အားထုတ်ရတယ်၊ တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ခန္ဓာငါးပါး တည်းဟူသော သူသတ်သမားကြီးတွေ ကြောက်လို့ အားထုတ်နေကြတာ။
1,324,625
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နန္ဒီရာဂမှ လွတ်အောင် တရားအားထုတ်
1,324,626
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬ ဒီထဲမှာ နန္ဒီရာဂခေါ်တဲ့ နှစ်သက်တပ်စွဲမှုတဲ့၊ သူကတော့ ငယ်ငယ်ကတည်းက အင်မတန် ရင်းရင်းနှီးနှီး ပေါင်းလာတဲ့ မိတ်ဆွေတွေနဲ့ တူတယ်၊ သူက ပေါင်းပြီးတော့ သတ်တတ်တယ်၊ နေရာတကာမှာ သူက နှစ်သက် သာယာမှုတွေ ရှိနေတော့ ဘဝ အသစ်တွေ ထပ်ခါထပ်ခါ ဖြစ်ရတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်း ဘဝတွေမှာ သေရတာဟာ သူ့ကြောင့်ပဲ၊ ဘဝအသစ် ဖြစ်ရတယ် ဆိုယင် နန္ဒီရာ...
1,324,627
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရွာပျက်ပမာ ၆-ဖြာဒွါရ
1,324,628
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬▬ နောက်ဆုံး ဘယ်ရောက်လာတုံးဆိုတော့ အခုပြောတဲ့ ရွာပျက်ကုန်း ရောက်လာတယ်။
1,324,629
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညော ဂါမော တိ ခေါ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။
1,324,630
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညော ဂါမောတိ၊ လူသူ ဆိတ်သုဉ်းသော ရွာပျက်ကုန်းဟူသော ဤအမည်သည်။
1,324,631
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဇ္ဈတ္တိကာနံ၊ ကိုယ်တွင်းသန္တာန်၌ဖြစ်ကုန်သော။
1,324,632
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အာယတနာနံ၊ အာယတန တရားတို့၏။
1,324,633
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရွာပျက်ကုန်းဆိုတာ တခြားမဟုတ်ဘူးတဲ့၊ မိမိတို့သန္တာန်မှာ ရှိပြီးတော့နေတဲ့ အာယတန ၆-ပါးတဲ့၊ အတွင်း အာယတန ၆-ပါး၊ အဲဒီ အတွင်း အာယတန ၆-ပါးရဲ့ အမည်ပဲတဲ့၊ အတွင်းအာယတန ၆-ပါးဆိုတာ အာယတန ဆိုတာလဲ ပါဠိ စကားပဲ၊ ဗမာစကားနဲ့ သူ့ကို အမည်တခု ပြောလိုက်ယင် အဓိပ္ပါယ်က ဒိပြင်နေရာတွေလဲ လွဲသွားနိုင်တယ်၊ အာယတနဟာ အာယတနလို့ပဲ ပြောရတယ်၊ အာယတနဟာ သူ့...
1,324,634
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စိတ်, စေတသိက် ဖြစ်ဖို့ရာတွေ ဘာတွေတုံး ဆိုတော့ ပါဠိလိုတော့ စက္ခု၊ သောတ, ဃာန, ဇိဝှာ, ကာယ, မန-တဲ့၊ ၆-ခု ရှိပါတယ်၊ ဗမာလိုဆိုယင် မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, နှလုံး, ၆-ခု၊ အဲဒါ မှတ်ဖို့ရာ ခေါင်းကနေပြီးတော့ အထက်ဆုံးက မျက်စိ၊ မျက်စိရဲ့ အောက်နားက နည်းနည်းလေး ကျတော့ နား၊ နားရဲ့အောက်နား နည်းနည်း ကျတော့ နှာခေါင်း၊ နှာခေါင...
1,324,635
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်မှုဖြစ်ကြောင်း
1,324,636
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬ မျက်စိဆိုတာက မြင်မှုစိတ် စေတသိက်တို့က ဖြစ်ကြောင်း တရားပဲ၊ မျက်စိမရှိယင် မမြင်နိုင်ဘူး၊ ဒါက ထင်ရှားတယ်၊ မျက်စိမရှိတဲ့ ပုဂ္ဂိုလ် မြင်လို့မရဘူး၊ မမြင်နိုင်ဘူး၊ မျက်စိရှိမှပဲ မြင်နိုင်တယ်၊ ဒီတော့ မြင်မှု စိတ်စေတသိက်တွေ မြင်မှုနာမ်တရားတွေ ဖြစ်ဖို့ရာ အကြောင်းတရားပဲတဲ့၊ အဲဒါဟာ မျက်စိ၊ တနည်းအားဖြင့် မြင်တဲ့ စိတ် စေတသိက်...
1,324,637
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိဆိုတဲ့ ဖြစ်ကြောင်းတရား ဆိုတော့ မြင်မှုဖြစ်ကြောင်းပေါ့၊ မြင်မှုတရားတွေ ဖြစ်ကြောင်း၊ မျက်စိ၏ ဖြစ်ရာဌာန၊ မြင်မှု၏ တည်ရာဌာန၊ မျက်စိအလုပ်ရုံ၊ မြင်မှုအလုပ်ရုံပေါ့၊ မျက်စိမှာတော့ မြင်မှုတွေက ဒီမှာ အလုပ်လုပ်တာကိုး၊ အဲဒါ မျက်စိအာယတန။
1,324,638
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားအာယတန၊ စက္ခုအာယတန၊ သောတာအာယတန၊ ပါဠိလိုလဲဟောမှ၊ ပါဠိလို မပါလို့ရှိယင် အချို့က တရားမှန်း တယ်မသိဘူး၊ ပါဠိထဲက အသံကလေးနဲ့မှ တချို့က တရားမှတ်တယ်၊ ဒီတိုင်း ဗမာလိုရိုးရိုး အဓိပ္ပါယ် နားလည်တာလေးတွေ ဆိုယင် သူက တရားမမှတ်ဘူး၊ အရပ်ထဲက စကားနဲ့ဆိုယင် အရပ်စကားပဲ ထင်နေတယ်၊ တရားမှန်း မသိဘူး၊ တချို့က ပါဠိထဲက ပါဠိ အမည်လေးနဲ့ ဆိုလို့ရှိ...
1,324,639
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စက္ခုအာယတန၊ သောတအာယတန၊ ဃာနအာယတန၊ ဇိဝှာအာယတန၊ ကာယအာယတန၊ မနအာယတန၊ ၆-ခုရှိတယ်။
1,324,640
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အများအားဖြင့် ရလဲ ရနေကြပါတယ်၊ ဒါပေမယ့် ဘုန်းကြီးက အာသီဝိသောပမ သုတ်ထဲမှာ ဒီလိုပဲ ဖြည်းဖြည်းဟောနေတယ်၊ မှတ်လဲမှတ်မိအောင်လို့ အကုန်လုံး မှတ်မိအောင်လို့ ဒီမှာရုပ်တွေ၊ နာမ်တွေ၊ ဖြည်းဖြည်းချင်းပဲ ဟောနေတာ၊ မမှတ်မိ တာကတော့ မတတ်နိုင်ဘူး၊ ဘုန်းကြီး ဟောတာ တော့ မှတ်မိအောင်လို့ပဲ ဟောနေ တာပဲ၊ မှတ်မိအောင် နားလည်အောင်၊ မေးလို့ရှိယင် ပြ...
1,324,641
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သိပ်မခက်ပါဘူး၊ ဒီဥစ္စာ၊ ဒါကိုတရားတွေ ခဏခဏ နာနေတော့လဲ တချို့ အလွတ် ရနေကြမှာပါ။
1,324,642
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စက္ခုအာယတနဆိုတာ မျက်စိပဲ၊ သောတက နားပဲ၊ ဃာနဆိုတာ နှာခေါင်းပဲ၊ ဇိဝှာ ဆိုတာ လျှာပဲ၊ ကာယဆိုတာကတော့ ဗမာလို ကိုယ်ဆိုပြီး ပြန်ထားတယ်၊ မနဆိုတာက ဗမာလို စိတ်နှလုံး ဆိုတော့ နည်းနည်းပိုပြီး နားလည်လာတာပေါ့၊ ဗမာလိုလဲ တခါဆိုရအုံးမယ်။
1,324,643
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိအာယတန၊ နားအာယတန၊ နှာခေါင်းအာယတန၊ လျှာအာယတန၊ ကိုယ်အာယတန၊ စိတ်နှလုံးအာယတန။
1,324,644
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဇ္ဈတ္တိက အာယတန ၆-ပါးဆိုတာ ဒီဥစ္စာကိုခေါ်တာပဲ၊ အဲဒီအဇ္ဈတ္တိက အာယတန ၆-ပါးဟာ ရွာပျက်ကုန်းနဲ့တူတယ်တဲ့၊ ရွာပျက်ကုန်းဟာ ပထမကြည့်လိုက်တော့ ရွာပဲ၊ လူတွေရှိမှာပဲလို့ ထင်ရတယ်၊ အားကိုးရမလိုပဲ၊ ဒါပေမယ်လို့ တကယ်တန်း ဝင်ကြည့်လိုက်တဲ့ အခါကျတော့ ဒီရွာထဲမှာ အိမ်တိုင်း အိမ်တိုင်း တက်ပြီးတော့ ကြည့်တော့ ဘယ်အိမ်မှလူမရှိဘူး၊ စားစရာ သုံးစရာ...
1,324,645
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါလိုပဲ၊ ဒီအာယတန ၆-ပါးဟာလဲ ပကတိအတိုင်းဆိုယင်တော့ မြဲတဲ့အနေလိုလို ချမ်းသာတဲ့ အနေလိုလို ငါကောင် သူကောင် သတ္တဝါကောင် ဟုတ်နေသလိုလို ထင်ရပါတယ်၊ ဒီလိုပဲ ထင်ရတယ်၊ ပကတိဆိုယင် မျက်စိဆိုလို့ရှိယင် ပကတိအတိုင်း ကတော့ ပသာဒရုပ်ကလေး တခုတည်း ကွက်ပြီးတော့ နှလုံးသွင်းတာ မဟုတ်ဘူး၊ သူကတော့ သသမ္ဘာရစက္ခုတဲ့၊ အကြောင်း အဆောက်အအုံတွေနှင့် တက...
1,324,646
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပကတိပုဂ္ဂိုလ်တွေ အနေကတော့ ပကတိ အနေအားဖြင့်တော့ မျက်လုံးဟာလဲပဲ မျက်နက်ဝန်းလဲ ရှိတယ်၊ မျက်ဖြူဝန်းလဲ ရှိတယ်၊ မျက်လုံးနှစ်ဘက်မှာ အတွင်းက ဘေးပတ်ဝန်းကျင်က နေပြီးတော့ ဖြူနေတဲ့ဥစ္စာကို မျက်ဖြူဝန်း၊ အလယ်က မဲနေ တာက မျက်နက်ဝန်းလို့ ခေါ်ကြတာကိုး၊ မျက်နက်ဝန်း မျက်ဖြူဝန်းလို့၊ နောက်ပြီး တော့ မျက်ခုံး၊ မျက်ခွံလဲ ရှိတယ်၊ မျက်ခုံး မျက်...
1,324,647
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ မျက်လုံးဟာ ပကတိအတိုင်း ဆိုလို့ရှိယင် သာယာစရာ နှစ်သက်စရာ ဖြစ်နေ တယ်၊ ကိုယ့်မျက်စိ မျက်လုံးတခုလုံးလဲပဲ သာယာ နှစ်သက်ဖွယ်ဖြစ်နေတယ်၊ သူများ မျက်စိတခုလုံးလဲပဲ သာယာနှစ်သက်ဖွယ် ဖြစ်နေတယ်၊ တကယ့်ကို အမြဲတည်ရှိနေတဲ့ မျက်လုံးပဲလို့ ထင်ရတယ်၊ လှပတင့်တယ် နေတာပဲလို့ ထင်ရတယ်၊ ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါလို့ ခေါ်ရတဲ့...
1,324,648
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပကတိအတိုင်းဆိုလို့ရှိယင် ခုနက ရွာပျက်ကုန်း ရောက်သွားတဲ့ ပုဂ္ဂိုလ်က ရွာထဲမှာ စားစရာ သောက်စရာ သုံးစရာတွေ ရှိလိမ့်မယ်၊ လူတွေ ရှိလိမ့်မယ်လို့ မျှော်လင့်သလိုပဲ၊ ပကတိပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ ဒီမျက်လုံးကြီးဟာ သာယာစရာ ဖြစ်နေတယ်။
1,324,649
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်လုံး အသုံးမကျ အနှစ်မရှိ
1,324,650
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြတ်စွာဘုရား လက်ထက်တော်က သုဘာဆိုတဲ့ အမျိုးသမီး တယောက်ရှိတယ်၊ သုဘာ - ဆိုတာက ပါဠိလိုတော့ တင့်တယ်တယ်လို့ အဓိပ္ပါယ်ရှိပါတယ်၊ တင့်တယ် တယ် လို့လဲ ပြန်နိုင်တယ်၊ လှတယ်လို့လဲ ပြန်နိုင်တယ်၊ ဗမာလိုဆိုတော့ တင့်တယ် ဆိုတာကတော့ တယ်မသုံးဘူး၊ လှတာကတော့ သုံးတယ်၊ မတင့်တယ်လို့တော့ ဒီလိုတော့ ခေါ်လေ့မရှိဘူး၊ အမည်ပေးတာ မကြားဖူးဘူး၊ တယ်, မပါပ...
1,324,651
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အဲဒီသုဘာက ရုပ်ရေရူပကာယ လှပတင့်တယ်လို့ သူ့ကို သုဘာလို့ နာမည် ပေးထားတယ်၊ မိခင် ဘခင်တွေက ငယ်ငယ်ကတည်းက သုဘာလို့ နာမည် ပေးထားတယ်၊ လှပတင့်တယ်တယ်၊ အရွယ်ရောက်လို့ ကြီးမြင့်လာတဲ့ အခါကာလ ကျတော့ သံသရာ ဝဋ်ဆင်းရဲတွေလဲ ငြီးငွေ့ပြီးတော့ သံသရာ ဝဋ်ဆင်းရဲက လွတ်မြောက်ရအောင်လို့ သာသနာတော် ဝင်ပြီးတော့ ရဟန်းမိန်းမပြုတယ်၊ သုဘာထေရီဆိ...
1,324,652
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့သော အခါကာလကျတော့ လမ်းသွားယင်း လာယင်းနဲ့ လူတယောက်က လမ်းကနေပြီး ဆီးတားတယ်၊ အရက်တွေသောက်၊ မူးရူးပြီးတော့ လမ်းကနေ ဆီးတားထားတယ်၊ ခွင့်တောင်းလို့ မရဘူး၊ ဆီးမတားပါနဲ့ သွားပါရစေလို့ ခွင့်တောင်း လို့ မရဘူး၊ ဘာဖြစ်လို့ တားတာတုံးဆိုတော့ မျက်လုံးလေးက လှလွန်းလို့တဲ့၊ မျက်လုံးကလေး လိုချင်လို့တဲ့ သူကပြောတယ်၊ ဒီလိုဆိုလို့ရှိယင် မျ...
1,324,653
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီတော့မှ မျက်လုံးသက်သက်ဆိုတော့ ဘာမှလှတာ မဟုတ်ပဲဟာကိုး၊ ဒိပြင် မျက်နှာနဲ့ အကုန်လုံး ပေါင်းစပ်ပြီးတော့မှ သူဟာ လှတယ်လို့ ထင်ရတာ၊ မျက်လုံးကလေး တလုံးထဲဆိုတော့ အသားဆိုင် အလုံးကလေး ဖြစ်နေတာ၊ ဘာမှ သုံးလို့လဲမရဘူး၊ သူဟာ အဲဒီမှာ အရက်မူးတဲ့ လူကလဲ အရက်မူးတွေ ပြေပြီးတော့သွားတယ်တဲ့။
1,324,654
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ မျက်လုံးဟာ ဒီအတိုင်း ဆိုလို့ရှိယင်တော့ သူအကုန်လုံး အစိတ်အပိုင်းတွေ ပေါင်းစပ်ပြီးတော့ ကြည့်လိုက်တော့ ဒီမျက်လုံးဟာ လှတယ်လို့ ထင်ရတယ်၊ လူတိုင်း လူတိုင်းလဲ ကိုယ့်မျက်လုံးနဲ့ ကိုယ်ကတော့ လှပတင့်တယ်တယ်လို့ ထင်နေတာပါပဲ၊ အလွန်ကြီး မလှပေမယ် လို့လဲ အတော်အတန်တော့ ကြည့်လို့ ရှုလို့ ကောင်းသေး တယ်လို့ ဒီလိုထင်တာပဲ၊ ကိုယ့်မျက...
1,324,655
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ ပကတိ မျက်လုံးအပေါ်မှာ လူတွေက အမြဲတည်နေတဲ့ အနေမျိုးနဲ့ သာယာ နေကြတယ်၊ လှပတင့်တယ်တဲ့ အနေနဲ့လဲ သာယာပြီးတော့ နေကြတယ်၊ ပုဂ္ဂိုလ်သတ္တဝါကောင်ရဲ့ အစိတ်အပိုင်း ပုဂ္ဂိုလ်သတ္တဝါပဲ လို့လဲပဲ ဒီလို ထင်မှတ်ပြီးတော့ သာယာနှစ်သက်ပြီးတော့ နေကြတယ်၊ ဒါပေမယ့်လို့ ဒီမျက်လုံးဟာဖြင့်ယင် ဘာမှမြဲတဲ့ အနှစ်သာရလဲ မရှိပါဘူးတဲ့၊ လှပတင့်တယ်တဲ့...
1,324,656
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စက္ခုတော စေပိနံ ဘိက္ခဝေ ပဏ္ဍိတော ဗျတ္တော မေဓာဝီ ဥပပရိက္ခတိ၊ ရိတ္တကညေဝ ခါယတိ၊ တုစ္ဆကညေဝ ခါယတိ၊ သုည ကညေဝ ခါယတိ။
1,324,657
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(နှာ-၃၈၃) ဘိက္ခဝေ၊ ရဟန်းတို့။
1,324,658
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗျတ္တော၊ တတ်သိလိမ္မာသော။
1,324,659
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မေဓာဝီ၊ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသော။
1,324,660
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဏ္ဍိတော၊ ပညာရှိ ပုဂ္ဂိုလ်သည်။
1,324,661
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံ၊ ထိုသဘောတရားကို။
1,324,662
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စေ ဥပပရိက္ခတိ၊ အကယ်၍ ရှုဆင်ခြင်ငြားအံ့။
1,324,663
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရိတ္တကညေဝ၊ အနှစ်သာရ မရှိသည်ဖြစ်၍သာလျှင်။
1,324,664
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တုစ္ဆကညေဝ၊ အချည်းနှီးဖြစ်၍သာလျှင်။
1,324,665
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညကညေဝ၊ အနှစ်သာရမှ ကင်းဆိတ်သည် ဖြစ်၍သာလျှင်။
1,324,666
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခါယတိ၊ ထင်လေတော့၏။
1,324,667
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိကလဲပဲ ပညာရှိပုဂ္ဂိုလ်တဲ့၊ ပဏ္ဍိတော-ပညာရှိပုဂ္ဂိုလ်ဆိုပေမယ့် ဒီမှာတော့ ယောဂီပုဂ္ဂိုလ်ပဲ ယူရမှာပါပဲ၊ စာတွေပေတွေ အများကြီး တတ်နေတဲ့ ပုဂ္ဂိုလ်ရယ် လို့တော့ မဟုတ်ပါဘူး၊ တတ်တဲ့ ပုဂ္ဂိုလ်လဲ ရှိမယ်၊ မတတ်တဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်၊
1,324,668
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗျတ္တော၊ တတ်သိလိမ္မာသော ပုဂ္ဂိုလ်လို့ ဆိုပြန်တယ်၊ ဒါလဲပဲ တရားအားထုတ်မှု၌ ကျွမ်းကျင် တတ်သိပြီးတော့ နေတဲ့ပုဂ္ဂိုလ်ပဲ ယူရမယ်၊
1,324,669
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မေဓာဝီ - ဆိုတာ ဓမ္မောဇပညာဆိုတာ ဆင်ခြင်တတ်တဲ့၊ ထိုးထွင်းပြီးတော့ သိတတ်တဲ့ ပညာရှိ ပုဂ္ဂိုလ်တဲ့၊ ဒါကလဲပဲ တရားအားထုတ်ရာမှာ သိသင့်သိထိုက်တဲ့ တရားလေး တွေကို သိနိုင်တဲ့ ပင်ကိုယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်။
1,324,670
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တချို့ပုဂ္ဂိုလ်တွေက စာသာ မသင်ရတာ ပင်ကိုယ်ဉာဏ် ရှိတယ်၊ တရားအားထုတ်တဲ့ အခါ ကာလကျ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိတယ်၊ တချို့ ပုဂ္ဂိုလ် တွေက စာတွေ အများကြီး သင်ထားပေမယ့် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိပ်မသိဘူး၊ အဲဒါ မေဓာဝီလို့ ခေါ်တဲ့ ထိုးထွင်းပြီးတော့သိတဲ့ အသိဉာဏ်ချင်း ကွာခြားနေတဲ့ လက္ခဏာဟာ ရှိတယ်၊ ကွာခြား နေတဲ့...
1,324,671
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါ အခုဟာကတော့ အဲဒီတရားအားထုတ်မှုနဲ့ စပ်ပြီးတော့ သိသင့်သိထိုက် တာလေးတွေ တတ်သိနားလည်တယ်၊ တရားအားထုတ်တဲ့ အခါကာလမှာ ထိုးထွင်းပြီးတော့ သဘာဝ ကလေးတွေကို ပိုင်ပိုင်နိုင်နိုင် သိသွားတယ်တဲ့၊ အဲဒီလို သိတဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ ပဏ္ဍိတော ပါပဲ။
1,324,672
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဟို ပိဋကတ်သုံးပုံတွေ တတ်နေတာနဲ့ ပဏ္ဍိတ ဒီလို မဟုတ်ဘူး၊ လောကမှာ ခေတ်ပညာတွေ အများကြီးတတ်နေတဲ့ ပဏ္ဍိတ ဒီလိုမဟုတ်ပါဘူး၊ တရား အားထုတ် လို့ သိတဲ့ပုဂ္ဂိုလ်ပဲ၊ စာတွေ တတ်ချင်လဲတတ် မတတ်ချင်လဲနေ၊ ဒီမှာတော့ဖြင့် ရှုတဲ့အခါ ကာလကျယင် ရှုပုံရှုနည်း သဘာဝ ကျပြီးတော့ ရုပ်တရား နာမ်တရား တွေကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိသွားတဲ့ အသ...
1,324,673
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗျတ္တော၊ တတ်သိ လိမ္မာသော။
1,324,674
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မေဓာဝီ၊ ဆင်ခြင်နိုင်သော ဉာဏ်ပညာ ရှိသော။
1,324,675
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မေဓာဝီ၊ ထိုးထွင်း၍သိနိုင် ဆင်ခြင်နိုင်သော ဉာဏ်ပညာ ရှိသော။
1,324,676
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပဏ္ဍိတော၊ ပညာရှိပုဂ္ဂိုလ်သည်။
1,324,677
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံ၊ ထိုတရားသဘောကို။
1,324,678
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စေဥပပရိက္ခတိ၊ အကယ်၍ ရှုဆင်ခြင်ငြားအံ့။
1,324,679
Uncategorized
အာသီဝိသောပမသုတ် တရားတော်
(ဥပပရိက္ခတိတဲ့၊ ဥပဆိုတာ သဒ္ဒါအနက်ဆိုယင် ဥပဆိုတော့ ကပ်၍တဲ့၊ စူးစူးစိုက်စိုက် စိုက်ပြီးတော့၊ ပရိ-ကတော့ ထက်ဝန်းကျင်တဲ့၊ ပတ်ဝန်းကျင် အကြွင်းမရှိ အကုန်လုံးလို့ ဆိုတယ်၊ ပူးကပ်ပြီးတော့ စူးစူးစိုက်စိုက်နဲ့ သိသင့်သိထိုက်တာတွေ အကုန်လုံး၊ ဣက္ခတိ-က ရှုတယ်တဲ့။
1,324,680
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကို ဗမာလို ရှုဆင်ခြင်တယ် ဆိုပြီး ပြန်ထားပါတယ်၊ အဲဒါစူးစိုက်ပြီးတော့ အကြွင်းမဲ့ ရှုခဲ့လို့ ရှိယင်တဲ့။
1,324,681
Uncategorized
အာသီဝိသောပမသုတ် တရားတော်
) ဥပပရိက္ခတိ၊ အကယ်၍ ဆင်ခြင်ငြားအံ့။
1,324,682
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရိတ္တကညေဝ၊ အနှစ်သာရ ကင်းသည်ဖြစ်၍သာလျှင်။
1,324,683
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခါယတိ။ ထင်၏။
1,324,684
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တုစ္ဆကညေဝ၊ အချည်းနှီး ဖြစ်၍သာလျှင်။
1,324,685
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညကညေဝ၊ အနှစ်သာရမှ ဆိတ်သည် ဖြစ်၍သာလျှင်။
1,324,686
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိကို ရှုမှတ်သိ
1,324,687
Uncategorized
အာသီဝိသောပမသုတ် တရားတော်
▬▬▬▬▬▬▬ မျက်စိကို ဝိပဿနာဉာဏ်နဲ့ ရှုတဲ့အခါကာလ ကျတော့တဲ့၊ ဒီမျက်စိကလေးဟာ ဘာမှအနှစ်သာရ မရှိတာ တွေ့ပါလိမ့်မယ်တဲ့၊ ပကတိအတိုင်း ဆိုတော့ ဒီမျက်စိဟာ လှပတင့်တယ် နေတာပဲ၊ လှတယ်လို့ သဘောကျနေ ကြတာပဲ၊ ကိုယ့်မျက်စိနဲ့ ကိုယ်တော့ မျက်စိတွေ သာယာနေကြတယ်၊ အဲဒီမြင်တဲ့ အခိုက်အတန့်မှာ ရှုလိုက်တဲ့ အခါကျတော့ အရင်းခံ မျက်စိဆိုတာကလေးက ပသာဒ ရုပ်က...
1,324,688
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒိပြင်ဟာတွေကတော့ သမ္ဘာရတွေ ခေါ်တယ်၊ စက္ခုရဲ့ တည်ရာမှီရာ အဆောက်အဦး တွေ အစိတ်အပိုင်းတွေ၊ စက္ခုပသာဒခေါ်တဲ့ မျက်စိအကြည်ရုပ်ကလေးရဲ့ တည်ရာ မှီရာတွေကိုး၊ မျက်ခုံးရယ်, မျက်လုံးရယ်, မျက်နက်ဝန်း, မျက်ဖြူဝန်း, ဒီဥစ္စာတွေက တည်ရာမှီရာတွေ၊ ဒီထဲမှာ မျက်နက်ဝန်းကလေး အလယ်ခေါင်မှာ အရိပ်ထင်ရာ အရပ်မှာ ရှိတာတဲ့။
1,324,689
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိအကြည်ကလေး ဆိုတာ ဘာနဲ့တူသလဲ ဆိုယင် ဂွမ်းလွှာထဲမှာ ဆီတွေ ထည့်လိုက်တဲ့အခါ ဂွမ်းက ၇-လွှာဆင့် ပြီးတော့ထား၊ ဆီပေါက်ကလေး ထည့်လိုက် လို့ရှိယင် ဆီပေါက်ကလေး စိမ့်ပြီးတော့ တခါတည်း ဂွမ်းလွှာ ၇-လွှာလုံး ပျံ့နှံ့ပြီးတော့ သွားသလိုပဲတဲ့၊ ဒီမျက်လွှာ ၇-ခုမှာ မျက်စိအကြည်ကလေးက ပြန့်ပြီးတော့ တည်နေတယ်တဲ့။
1,324,690
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မျက်စိအကြည် ရုပ်ဟာ ရုပ်တခုတည်းတော့ ဘယ်ဟုတ်မှာလဲ၊ ရုပ်တွေ အများကြီးပေါ့၊ မျက်စိအကြည်ရုပ်တွေ အများကြီး၊ တခါတည်း အဲဒီ မျက်လွှာ ၇-ခုမှာ ပျံ့နှံ့ပြီးတော့ တည်နေ တယ်တဲ့၊ နှမ်းဆီများ ကြည်နေသလိုပဲ၊ ရေများ ကြည်နေသလိုပဲ၊ မျက်လုံးထဲမှာ အကြည်ဓာတ် ကကလေး ကြည်နေတာကလေး ရှိတယ်။
1,324,691
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ အကြည်ဓာတ်ကလေးရှိလို့ ဒီအကြည်ဓာတ်မှာ အရိပ်ကလေးတွေ ထင်တာကိုး၊ ရှေ့ကလူလာရပ်လို့ရှိယင် လူရိပ် ထင်တယ်၊ ရှေ့ကရထားတို့၊ မော်တော်ကားတို့ ရှေ့နားရောက်လာယင် ရထား မော်တော်ကား အရိပ်ထင်တာပဲ၊ နွားရောက်လာလို့ ရှိယင် နွားအရိပ် ထင်တာပဲ၊ လှည်းရောက်လာယင် လှည်းအရိပ် ထင်တာပဲ၊ ခွေး ရောက်လာယင်လဲ ခွေးအရိပ် ထင်တာပဲ၊ သစ်ပင်ရှေ့ တည့်တည့်ကို...
1,324,692
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စက္ခုံစ၊ မျက်စိကိုလည်း။
1,324,693
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စက္ခုဝိညာဏံ၊ မြင်သိမှု စက္ခုဝိညာဉ်သည်။
1,324,694
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်သိမှုကလေးဖြစ်တာ၊ ဘယ်ကနေဖြစ်တုံး၊ မျက်စိကိုလဲ စွဲပြီး ဖြစ်တယ်၊ အဆင်း ကိုလဲ စွဲမှီပြီး ဖြစ်တယ်၊ မျက်စိကတော့ တည်ရာအဖြစ်နဲ့ စွဲမှီပြီးတော့ဖြစ်တာ၊ အဆင်းကတော့ကို သူကတော့ အာရုံပြုပြီးတော့ အာရုံအဖြစ်နဲ့ စွဲမှီပြီးတော့ဖြစ်တယ်၊ အဲဒီတော့ မြင်တဲ့အခါ ကာလမှာ ရှုမှတ်လိုက်လို့ ရှိယင် မျက်စိရုပ်က ဘယ့်နှယ်လုပ် ထင်ရှားလာတုံး ဆိုယင် မ...
1,324,695
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရူပါဘိဃာတာရဟ ဘူတပ္ပသာဒ လက္ခဏံ, ဒဋ္ဌုကာမတာ နိဒါန ကမ္မသမုဋ္ဌာန ဘူတပသာဒလက္ခဏံ ဝါ စက္ခု။
1,324,696
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လိုရင်းကတော့ ရူပါဘိဃာတာရဟ ဘူတပ္ပသာဒလက္ခဏံ။
1,324,697
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရူပါဘိဃာတာရဟ၊ အဆင်းထိခိုက်ခြင်းငှာ ထိုက်သော။
1,324,698
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သဒ္ဓါနည်းက အဆင်းထိခိုက်ခြင်းငှာ ထိုက်သော အဆင်း ထင်လောက်သော ဘူတပ္ပသာဒ၊ ဘူတရုပ်တို့ကို ကြည်လင်စေခြင်းဟာ အဲဒါ စက္ခုပသာဒရုပ်ပဲ၊ ဒါကြောင့် ဘုန်းကြီးက ဆောင်ပုဒ် ကလေး ပေးထားတယ်၊
1,324,699
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“အဆင်းထင်ကြောင်း၊ ကောင်းကောင်းသူကြည်”၊ အဆင်း ထင်လောက်အောင်လို့ ကြည်တဲ့ ဥစ္စာကလေးဟာ စက္ခုပသာဒရုပ်ပဲ၊ အဆင်းအရိပ်ကလေးတွေ ထင်လောက် အောင်လို့ ကြည်လင်တဲ့ သဘောကလေး မျက်လုံးထဲမှာရှိတယ်၊ အဲဒါမြင်တယ်လို့ ရှုတဲ့အခါ ကာလမှာ မြင်မှု ကကလေး အဲဒီကနေ ဖြစ်နေတာကိုး၊ အဆင်း ထင်လောက် အောင် ကြည်လင်တဲ့ အကြည်ဓာတ် ကလေးရှိလို့ ဒီအကြည်ဓာတ်မှာ အဆင်...
1,324,700
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“အဆင်းထင်ကြောင်း၊ ကောင်းကောင်းသူကြည်”၊ စက္ခုဝိညာဉ်၏ တည်ရာမှီရာ သဘောပဲ၊ ပြီးတော့ အဆင်းအာရုံဆီကို စိတ်ဓာတ်ကို ဆွဲဆောင်ပြီး ပို့သွားတာနဲ့ တူတယ်တဲ့။