id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,324,801
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို အသုဘအနေအား ဖြင့် ထင်လို့ ရှိယင် ဒါက သကဒါဂါမ် ဖြစ်ပြီး သူ့ဟာသူ ဆုံးဖြတ်လိုက်တာကိုး၊ ဒါလဲ သူ့ဥစ္စာ သဘောကျတယ်၊ ဆုံးဖြတ် ခံရတဲ့ ပုဂ္ဂိုလ်က သူက တရားက ရချင်နေတာကိုး၊ သဘောကျတယ်။
1,324,802
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သမာဓိ အာရုံနိမိတ်
1,324,803
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါတွေက အမှန်စင်စစ် အားဖြင့်တော့ အခု ဘင်္ဂဉာဏ် မရောက်သေးဘူး၊ အဝေးကြီး ရှိသေးတယ်၊ ဟိုမှာအစနားက သမာဓိ အာရုံနိမိတ် ပဲ ထင်တတ်ပါတယ်၊ ဘုန်းကြီးများ ရွှေဘိုမှာ ကမ္မဋ္ဌာန်း ပထမပြခါစက လူကလေး တယောက် ကမ္မဋ္ဌာန်းကျောင်း ရောက်ခါရှိပါသေးတယ်၊ သူတရားအားထုတ်တော့ တရားအားထုတ်နေယင်း သူ့ဘေးနားမှာ လူသေကောင်ကြီးက ပေါ်လာတယ်၊ ဗယ်ဘက်ကလဲ လူသေကေ...
1,324,804
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါဘာမှမဟုတ်သေးဘူး၊ နာမရူပ ပရိစ္ဆေဒဉာဏ် တောင် မရောက်သေးဘူး၊ နာမ်ရုပ် တောင် သူ ပိုင်းခြား မသိသေးဘူး၊ ကမ္မဋ္ဌာန်းကျောင်း ရောက်ခါစ ရှိသေးတယ်၊ ဒီလိုပုဂ္ဂိုလ်တွေက ဘယ်လိုဟာ ထင်တတ်သတုံး ဆိုတော့ ဘဝါဘဝက သူတို့ပါရမီ ဖြည့်လာတဲ့ ပုဂ္ဂိုလ်တွေပါပဲ၊ သူတို့ အသုဘကမ္မဋ္ဌာန်းတွေ နှလုံးသွင်းလာတယ်၊ တရားအားထုတ်ဖူးတဲ့ ပါရမီမျိုးစေ့တွေကြောင့် ...
1,324,805
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု ဘင်္ဂဉာဏ်ဆိုတာကတော့ အင်မတန်ကို ကောင်းနေပါပြီ၊ အာရုံနိမိတ်တွေ ကျော်လွန်လို့ အာရုံနိမိတ်တွေ ကျော်လွန် သွားပါပြီ၊ ဒီအာရုံနိမိတ်တွေက အစနားမှာ မြင်တတ်ပါတယ်၊ သမ္မသန, ဥဒယဗ္ဗယ ကျော်သွားပါပြီ၊ ဘင်္ဂ ဆိုတော့ အင်မတန် ကျော်နေပါပြီ၊ အဲဒါ အခုဒီမှာ တရား အားထုတ်တော့ ဘင်္ဂဉာဏ် ရောက်တဲ့အခါမှာ ရှုတိုင်းရှုတိုင်း အာရုံကလေးတွေ ရှုပြီးယ...
1,324,806
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘင်္ဂဉာဏ် ရောက်ယင် ပုံသဏ္ဌာန် တည်နေမှု မရှိ
1,324,807
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလို ဘင်္ဂဉာဏ်ရောက်တဲ့အခါမှာ ဘယ်ဟာမှ ပုံသဏ္ဌာန် နိမိတ်နဲ့ တည်နေတာ မရှိဘူး၊ သူ့ဟာ ပုံသဏ္ဌာန် အထည်ဒြပ်နဲ့ တည်နေတာတော့ မရှိဘူး၊ ကွေးတယ် ကွေးတယ်လို့မှတ်၊ ပကတိ ပုဂ္ဂိုလ်တွေ အနေအားဖြင့်တော့ ကွေးတယ် ဆိုယင် လက်ကြီးနဲ့ ဒီနားကနေ ဟိုနားရွေ့ လာတယ်လို့ ဒီလို သိလိမ့်မယ်လို့ အောက်မေ့ ကြတာ၊
1,324,808
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒီလိုမဟုတ်ဘူး၊ ယောဂီပုဂ္ဂိုလ်မှာ ဘင်္ဂဉာဏ်ရောက်လာတော့ လက်ပုံသဏ္ဌာန် မထင်ဘူး၊ ကွေးတယ် ဆိုယင် တောင့်တဲ့သဘော၊ တင်းတဲ့သဘော၊ တွန်းကန်တဲ့ သဘော၊ ရွှေ့တဲ့သဘော လေးဟာ တနေရာက တနေရာတွန်းလိုက်, ရွေ့လိုက်, ပျောက်လိုက်၊ ရွေ့လိုက်တွန်းလိုက် ပျောက်လိုက်၊ ကွေးတယ်လို့ မှတ်တဲ့စိတ်ကလေး ကလဲပဲ၊ မှတ်လိုက်ပျောက်လိုက်၊ ဟိုက ကွေးလိုက်ပျောက်လိုက်...
1,324,809
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အဲဒီဘင်္ဂဉာဏ်ကျတော့ ခုနက ပြောလိုရင်းက ပထမဆုံး တရား အားထုတ်တဲ့ ပုဂ္ဂိုလ်အကြောင်း ပြောမယ်လို့၊ အဲဒီပုဂ္ဂိုလ်က သူ့မှာ မြင်တိုင်း မြင်တိုင်း ရိုးရိုးရွရွတွေ ပျောက်နေတာ တွေ့တာကိုး၊ မြင်တိုင်း မြင်တိုင်း အထူးကို ကြောင့်ကြစိုက် ရှုမှတ်နေရတာ မမဟုတ်ဘူး၊ အသိတွေဟာ အလိုလို လိုက်နေလို့ မြင်တိုင်း မြင်တိုင်းဟာ တရိပ်ရိပ်နဲ့ ...
1,324,810
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရှင်းပြီးတော့ ပြောရတယ်၊ ဒီအတိုင်းပဲ အသာကလေး ရှုနေလို့ သဗ္ဗေ သင်္ခါရာအနိစ္စာ - ဆိုတာ သင်္ခါရတရားဆိုတာ အနိစ္စချည်းထဲပဲ၊ အဇ္ဈတ္တရယ်လို့ အကွဲအပြားမရှိဘူး၊ ဉာဏ်မမီယင် မထင်ဘူး၊ ဉာဏ်မှီယင် ထင်ရတယ်၊ အလုံးစုံ အကုန်လုံး သင်္ခါရ တရားတွေဟာ ခဏမစဲ ဖြစ်ပျက်နေတာ ချည်းထဲပဲ လို့ ပြောရတယ်။
1,324,811
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ ခုနကပြောခဲ့တဲ့ မေဓာဝီ - ထက်မြက်တဲ့ ထိုးထွင်းဉာဏ်၊ ဆင်ခြင်ဉာဏ်နဲ့ သိတဲ့ ပုဂ္ဂိုလ်ဆိုယင် အဲဒီလို ထင်တတ်ပါတယ်၊ မြင်တိုင်း မြင်တိုင်းဟာ တရိပ်ရိပ်နဲ့မြင်ရတဲ့ အာရုံ တွေရော မြင်သိတာတွေရော, ထိသိတာတွေရော မြင်မှုရဲ့ တည်ရာတွေရော တရိပ်ရိပ်နဲ့ ပျောက်ပြီးတော့ နေတာတွေ ထင်တတ်တယ်၊ အဲဒီလိုထင်တဲ့အခါကျတော့-
1,324,812
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရိတ္တကညေဝ၊ အနှစ်သာရမှ ဆိတ်သည်ဖြစ်၍သာလျှင်။
1,324,813
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သုညကညေဝ၊ ဆိတ်သည်ဖြစ်၍သာလျှင်။
1,324,814
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပထမက မြဲတဲ့အနေအားဖြင့် အနှစ်သာရကြီး ထင်တာတဲ့၊ သာယာစရာ ဖြစ်နေတယ်၊ ချမ်းသာတယ်၊ လှပတယ်၊ တင့်တယ်တဲ့ အနေအားဖြင့် အနှစ်သာရကြီးဖြစ်ပြီး ထင်နေတယ်၊ ငါပဲ ပုဂ္ဂိုလ်သတ္တဝါပဲ၊ ယောက်ျားဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲ ငါ ယောက်ျားပဲ၊ မိန်းမဖြစ်တဲ့ပုဂ္ဂိုလ်ကလဲ ငါမိန်းမပဲ လို့ အကောင်အထည်ကြီး လိုက်ထင်ပြီးတော့ အနှစ်သာရနဲ့တကွ အောက်မေ့တယ်၊ အဲဒါတွေကို ...
1,324,815
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားရုပ်၌ ရှုမှတ်သိ
1,324,816
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ထို့အတူ ကြားရာကလဲ စက္ခာယတန၊ ပြီးတော့ သောတအာတယန၊ နားအာယတန၊ နားက နားဆိုတာလဲ ခုနက မျက်စိနဲ့ အတူတူပါပဲ၊ “အဆင်းမြင်ကြောင်း၊ ကောင်းကောင်းသူကြည်”၊ ဆိုတာကို၊ အသံထင်ကြောင်း၊ ကောင်းကောင်း သူကြည် ဆိုပြီး အတူတူပါပဲ၊ အဆင်းထင်ဖို့ရာ ကြည့်သလိုပါပဲ၊ အသံထင်လောက်အောင် ကြည်တာပဲ၊ နားထဲမှာ၊ မျက်စိ ရုပ်ကတော့ကို မျက်နက်ဝန်း အလယ်ခေါင် အရိပ်ထင...
1,324,817
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် “အသံထင်ကြောင်း ကောင်းကောင်းသူကြည်၊ အသံဆီသို့၊ ဆောင်ပို့ ပေးသည်” ဆိုတော့ အသံဆိုလို့ စိတ်ကရောက်တယ်၊ ဒါကတော့ တော်တော်ကို ထင်ရှားတယ်၊ လူတယောက်ဟာ ရှေ့ဘက်လှည့်နေ ပေမယ်လို့ နောက်ဘက်က အသံကြားယင် နောက်ဘက်ကို လှည့်လာတယ်၊ နောက်ဘက်ကို လှည့်ကြည့် လိုက်တယ်၊ ဘာပါလိမ့်မလဲ၊ ဘေးဘက်ကကြားယင် ဘေးဘက်ကို လှည့်ကြည့်တယ်၊ လူကို ဆွဲပို...
1,324,818
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယောဂီပုဂ္ဂိုလ်တွေ ခုနကထက်မြက်တဲ့ ဉာဏ်မျိုးနဲ့ ပြည့်စုံတဲ့ယောဂီ ပုဂ္ဂိုလ် တွေကျတော့ ခွဲခြားပြီးသိတယ်၊ ညာဘက်က ကြားတာနဲ့ ဗယ်ဘက်က ကြားတာတွေ၊ ရှေးကယောဂီတဦးက သေသေချာချာ ပြောဖူးတယ်၊ ညာဘက်က ကြားတာကလေးက တမျိုးတဲ့၊ ဗယ်ဘက်က ကြားတာကတမျိုးတဲ့၊ ညာဘက်က ကြားတာက ဗယ်ဘက်က မကြားဘူးတဲ့၊ ဗယ်ဘက်က ကြားတဲ့အခါ ညာဘက်က မကြားဘူးတဲ့၊ တခုချင်း ကြားန...
1,324,819
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အသံထင်ကြောင်း၊ ကောင်းကောင်းသူကြည်။
1,324,820
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အသံဆီသို့၊ ဆောင်ပို့ပေးသည်။
1,324,821
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားကိုမှီပြု၊ ကြားမှုဖြစ်သည်။
1,324,822
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားရုပ်၌၊ သိထိုက် ဤသုံးမည်။
1,324,823
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားကိုသိယင် အသံထင်ကြောင်း ကောင်းကောင်းကြည်တဲ့ လက္ခဏာနဲ့ သိရမယ်၊ ဒါမှမဟုတ်ယင် အသံဆီသို့ ဆောင်ပို့ပေးသည်၊ ကြားအောင် ကျေးဇူးပြုတဲ့ သဘော တရား တမျိုးပဲ၊ ဒီလိုသိတာက ရသနဲ့သိတာ၊ ဒါမှမဟုတ်ယင်လဲ ပစ္စုပဋ္ဌာန်နဲ့ နားရုပ်ကိုမှီပြီးတော့ ဒီနေရာကနေပြီး ကြားနေတာပဲ၊ ကြားမှုဟာ ဒီကနေ ဖြစ်တာပဲ၊ ကြားတယ်ဆို နားထဲက လက်ကနေ ကြားတယ်လို့ မထင်ဘူး၊...
1,324,824
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နားရုပ်ကလေးဟာ ပသာဒရုပ် က ရှည်ရှည်လေးပဲ၊ လုံးလုံးကလေးပဲ၊ ဝိုင်းဝိုင်း ကလေးပဲ၊ ပြားပြား ကလေးပဲ စသည်ဖြင့် ဒီလိုပုံသဏ္ဌာန်နဲ့ ဖြစ်ရမှာ မဟုတ်ဘူး၊ တချို့က အမှုန့်အမှုန့် ကလာပ်တွေနဲ့ လုပ်ပြတော့ အမှုန့်အမှုန့်ကလေးတွေ ဖြစ်ရ မယ်ပေါ့၊ အမှုန့်အမှုန့်လဲ မဟုတ်ဘူး၊ အမှုန့်ရယ်လို့လဲ ဒီမှာမရှိဘူး၊ ကြားမှု၏တည်ရာ အနေအားဖြင့် ယောဂီပုဂ္ဂို...
1,324,825
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နှာခေါင်းရုပ်ကို ရှုမှတ်သိ
1,324,826
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နှာခေါင်းရုပ်၊ ဃာနပသာဒ နှာခေါင်းရုပ်၊ ဒါကတော့ နှာခေါင်းထဲမှာ နှာခေါင်းခွမှာ ဆိတ်ခွာ သဏ္ဌာန်ရှိတဲ့အရပ်မှာ ပသာဒရုပ် ကြည်လင်တဲ့ ရုပ်ကလေး ရှိတယ်တဲ့၊ “အနံ့ ထင်ကြောင်း ကောင်းကောင်း သူကြည်” မျက်စိထဲမှာ အရိပ်ထင်သလိုပဲ၊ နှာခေါင်း ထဲမှာ အနံ့ရုပ်ကလေး ကွဲလောက် ထင်လောက်အောင် သူကလဲ ကြည်တာတမျိုးပဲ၊
1,324,827
Uncategorized
အာသီဝိသောပမသုတ် တရားတော်
“အနံ့ထင်ကြောင်း၊ ကောင်းကောင်း သူကြည်၊ အနံ့ဆီသို့၊ ဆောင်ပို့ပေးသည်၊” ဒီနှာခေါင်းရုပ် ကလေး ရှိလို့ပဲ၊ အနံ့ဆီ စိတ်ရောက် သွားတာ၊ နှာခေါင်း မရှိတဲ့ ပုဂ္ဂိုလ်က အနံ့ဆီ စိတ် မရောက်ဘူး၊ အနံ့ကိုမသိဘူး၊ “နှာခေါင်းမှီပြု၊ နံမှု ဖြစ်သည်”ဆိုတော့ နှာခေါင်းကို အမှီပြုပြီး ဒီကနေပြီးတော့ အနံ့ရတယ်၊ နံတယ်ဆို ဘယ်ကလဲ၊ နှာခေါင်းထဲက၊ နံတယ်ဆို...
1,324,828
Uncategorized
အာသီဝိသောပမသုတ် တရားတော်
လျှာ၌ ရှုမှတ်သိ
1,324,829
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ပြီးတော့ လျှာရောက်လာပြီ၊ လျှာကတော့ “အရသာထင်ကြောင်း၊ ကောင်းကောင်း သူကြည်” အရသာ ထင်လောက်အောင်လို့ လျှာကလဲကြည်တာပဲ၊ လျှာပျက်နေတဲ့ အခါကျတော့ အရသာ ကောင်းကောင်း မပေါ်ဘူး၊ “အရသာ ထင်ကြောင်း၊ ကောင်းကောင်း သူကြည်၊ အရသာဆီသို့၊ ဆောင်ပို့ပေးသည်”တဲ့၊ ချိုတဲ့ချဉ်တဲ့ အရသာလေးဆီ စိတ်ကို ဆောင်ပို့ပေးသလိုပဲ၊ အရသာ သိအောင်လို့ ကျေးဇူးပြု ပေ...
1,324,830
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ရုပ်၌ ရှုမှတ်သိ
1,324,831
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ကိုသွားရမယ်၊ “အတွေ့ထင်ကြောင်း၊ ကောင်းကောင်း သူကြည်” တဲ့၊ အတွေ့အထိတွေ ကောင်းကောင်း တွေ့တွေ့၊ ဆိုးဆိုးတွေ့တွေ့၊ တကိုယ်လုံးမှာ မှန်ထဲအရိပ် ထင်သလိုပဲ၊ သူကလဲပဲ အတွေ့အထိတွေ ထင်တာ၊ အတွေ့အထိတွေ တိုက်ခိုက်ပြီးတော့ ထင်တာ၊ တကိုယ်လုံးမှာ ရှိပါတယ်၊ အနှံ့အပြားပဲ၊ အသွေးအသား တွေ စိုနေတဲ့နေရာတွေ ဟူသမျှ အကုန်လုံး ရှိတယ်၊ အတွင်းရော ...
1,324,832
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါလေးကတော့ အရေးကြီးတယ်၊ တော်တော် ကြာတော့ ဆိုရမယ်၊ “အတွေ့ဆီသို့၊ ဆောင်ပို့ပေးသည်” အတွေ့အထိဆီ သူက ဆောင်ပို့ပေးတယ်၊ ခြေထောက်က ယားနေတယ် ဆိုယင် စိတ်က အဲဒီကို ရောက်သွားတာပဲ၊ လက်က ယားနေတယ် ဆိုယင် ရောက်တယ်၊ ခြေထောက်ထဲက ပူနေတယ်ဆိုလဲ ရောက်တယ်၊ လက်ထဲက ပူနေတယ်ဆိုလဲ ရောက်တယ်၊ ခေါင်းထဲကနေပြီး နာနေတယ်ဆိုယင် ရောက်တယ်၊ ရွရွရွရွ ဆိုယင်လ...
1,324,833
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ရုပ်မထိတဲ့ နေရာကတော့ ထိမှုမဖြစ်ဘူး၊ ကိုယ်ရုပ် ခြောက်သွေ့နေတဲ့ အစိတ် အပိုင်းဆိုယင် ထိမှုမဖြစ်ဘူး၊ ဆံပင်ဆိုပါတော့၊ ဆံပင်ရှည်ရှည်မှာ ဆိုယင် ဆံပင်ရဲ့ အဖျားပိုင်း အလယ်ပိုင်းတွေမှာ အဲဒီ ကိုယ်အကြည်ရုပ် မရှိဘူး၊ အဲဒီမှာ ထိလို့ဘာမှ မဖြစ်ဘူး၊ မီးနဲ့ရှို့လို့လဲ မပူဘူး၊ သူက ကာယပသာဒ မရှိလို့ ဆံပင်ရဲ့ အရင်းပိုင်း ကျတော့တယ်၊ နာယ...
1,324,834
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတွေ့ထင်ကြောင်း၊ ကောင်းကောင်းသူကြည်။
1,324,835
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတွေ့ဆီသို့၊ ဆောင်ပို့ပေးသည်။
1,324,836
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ရုပ်မှီပြု၊ ထိမှုဖြစ်သည်။
1,324,837
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ရုပ်၌၊ သိထိုက် ဤသုံးမည်။
1,324,838
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အတွေ့ထင်ကြောင်း၊ အတွေ့အထိရုပ်တွေ ထင်လောက်အောင် ကြည်လင်တဲ့ သဘော တမျိုးပဲ၊ ကိုယ်ထဲမှာ “အတွေ့ဆီသို့၊ ဆောင်ပို့ပေးသည်” တဲ့၊ အတွေ့အထိကလေး သိအောင်လို့ သူက ကျေးဇူးပြုပေးတယ်တဲ့၊ အတွေ့အထိဆီကို စိတ်ကလေးကို ဆောင်ပို့တယ်တဲ့၊ အတွေ့ဆီသို့ ဆောင်ပို့ပေးသည်၊ ကိုယ်ရုပ်မှီပြု၊ ထိမှုဖြစ်သည်” တဲ့ ကိုယ်ရုပ်ကလေး မှီပြီးတော့ အဲဒီ ကြည်တဲ့ကိုယ်...
1,324,839
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ။
1,324,840
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကာယဝိညာဏဿ၊ ကာယဝိညာဉ်စိတ်၏။
1,324,841
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကာယဝိညာဉ်ဆိုတာ ထိသိမှုကလေးပဲ၊ ထိသိမှုစိတ်၏ အာဓာရဘာဝပစ္စုပဋ္ဌာနာ၊ တည်ရာအဖြစ်ဖြင့် ယောဂီ၏ဉာဏ်အား ရှေ့ရှုထင်၏။
1,324,842
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ယောဂီပုဂ္ဂိုလ်မှာ ထိတယ်မှတ်လိုက်ယင် ထိသိမှုကလေးရဲ့ တည်ရာ အနေအားဖြင့် ခြေထောက်က နေပြီး ထိတာကလေးကို ထိတယ်လို့ စိုက်ပြီးမှတ်လိုက်ယင် ခြေထောက်ထဲက ထိမှု၏တည်ရာ ကိုယ်အကြည်ရုပ် ထင်ရှားတယ်၊ ကိုယ်ရုပ်ဆိုတာ အကောင်ကြီး မဟုတ်ဘူး၊ ကိုယ်အကြည် သဘောကလေး၊ သူကတမျိုးပဲ၊ အဆင်းထင်အောင် ကြည်တာလိုပဲ၊ အတွေ့အထိ ထင်လောက် စွဲငြိလောက်အောင် ကြည်တဲ့...
1,324,843
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ရမ်းသန်းပြီး ဟောကြ
1,324,844
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒါလဲပဲ စာပေကျမ်းဂန် ဗဟုသုတမရှိ၊ ဘာမှမရှိ၊ ရမ်းသန်းပြီးတော့ ဟောတဲ့ ပုဂ္ဂိုလ်တွေက မဟုတ် တရုတ်တွေ လျှောက်ဟောတယ်လို့ ကြားတယ်၊ အဲဒါတွေ ဘုန်းကြီးများက မပြောချင်ပဲနဲ့ အခုတော့ ပြောနေရတယ်၊ ကိုယ့် တရားလေး ကိုယ်ဟော နေယင်တော့ ပြီးတော့ပြီးတယ်၊ ဒါပေမယ့် မဟုတ်တရုတ် ဟောတာ တွေကလဲ ရှိနေတော့ ဘုန်းကြီးများကလဲ ထည့်ပြီးတော့ ဟောနေရတယ်။
1,324,845
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နာတဲ့ဝေဒနာများ၊ နာတယ် နာတယ်လို့ မှတ်လို့ရှိယင် တချို့က ဒုက္ခဝေဒနာ မမှတ်ကောင်းဘူးလို့ တချို့ကဟောတယ်၊ စာနဲ့ပေနဲ့ ရေးထားတာလဲ တွေ့ဖူးပါတယ်၊ အဲဒါကတော့ ဒီပုဂ္ဂိုလ် တွေကတော့ တော်တော်ကို ညံ့သေးတာပါပဲ၊ ဘုရားဟောနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ရေးတာ ဟောတာပဲ။
1,324,846
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုက္ခဝေဒနာလဲ ရှုရမယ်
1,324,847
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘုရားက ဝေဒနာနုပဿနာမှာ ဝေဒနာ ၃-မျိုးလုံး ရှုဖို့ ဟောထားတာပဲ၊ သုခဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ ဥပေက္ခာဝေဒနာ၊ ဝေဒနာသုံးမျိုးလုံး၊ ဒီဝေဒနာသုံးမျိုးမှာ သာမိသဝေဒနာတဲ့၊ နိရာမိသဝေဒနာတဲ့၊ ခွဲထားလိုက်သေးတယ်၊ ကာမဂုဏ်နဲ့စပ်တဲ့ ဝေဒနာ သာမိသဝေဒနာ ခေါ်တယ်၊ ဝေဒနာ သုံးမျိုး ရှိတယ်၊ အဲဒါလဲ ရှုရမယ်တဲ့၊ ကာမဂုဏ်နဲ့ မစပ်တဲ့ နိရာမိသဝေဒနာ သုံးမျိုးလဲ အဲ...
1,324,848
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော၊ ဒုက္ခံ ဝေဒနံ၊ ဝေဒယာမီတိ ပဇာနာတိ။
1,324,849
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုက္ခံ ဝါ ဝေဒနံ၊ ဆင်းရဲသော ခံစားမှုကိုလည်း။
1,324,850
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒယမာနော၊ ခံစားမှုသည်ရှိသော်။
1,324,851
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုက္ခံ ဝေဒနံ၊ ဆင်းရဲသော ခံစားမှုကို။
1,324,852
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒယာမီတိ၊ ခံစားသည်ဟူ၍။
1,324,853
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆင်းရဲတဲ့ ခံစားမှုဆိုတာ အခုကိုယ်ထဲက နာတာကျင်တာ ကိုက်ခဲတာတွေဟာ ဆင်းရဲတဲ့ ခံစားမှုပဲ၊ စိတ်ထဲကနေပြီး စိတ်မချမ်းသာ တာတွေလဲ ဆင်းရဲတဲ့ ခံစားမှုပဲ၊ ၂-မျိုးပဲရှိတယ်၊ ဒုက္ခဝေဒနာ ကိုယ်ထဲက ဆင်းရဲတာ၊ စိတ်ထဲက ဆင်းရဲတာ၊ ကိုယ်ထဲက ဆင်းရဲတာပဲ ဖြစ်ဖြစ် စိတ်ထဲက ဆင်းရဲတာပဲဖြစ်ဖြစ် ဆင်းရဲတွေ ချည်းထဲပဲ၊ ဆင်းရဲတွေ ရှုတာဟာ ဒုက္ခဝေဒနာတွေ ရှုနေ...
1,324,854
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဝေဒယမာနော၊ ခံစားသည်ရှိသော်။
1,324,855
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ခံစားသည်ဟု သိသည်၊ ခံစားသည်ဟု သိတယ်ဆိုတာ ဆင်းရဲသော ခံစားမှု ခံစားသည်ဟု ဆိုတာ၊ ဆင်းရဲသော ဝေဒနာ ခံစားသည်ဟု ဆိုတာ၊ နာယင် နာသည်ဟု ဆိုတာနဲ့ အတူတူပဲ။
1,324,856
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘာမှ မထူးဘူး၊ နာယင် နာသည်ဟု သိ၏၊ နာယင် နာတယ်လို့သိတာ၊ နာတယ်လို့ သိတာပဲ၊ ပူယင် ပူတယ်လို့ သိတယ်၊ ကျင်ယင် ကျင်တယ်လို့ သိတယ်၊ ယားယင် ယားတယ်လို့ သိတယ်၊ ဒါက မြတ်စွာဘုရား ဟောတဲ့အတိုင်း ဘုန်းကြီးက တရားရှုဖို့ရာတွေ ညွှန်ကြားထားရပါတယ်။
1,324,857
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သတိပဋ္ဌာန် ၄-ပါးထဲမှာ သူဖြစ်တဲ့ အမူအရာအတိုင်း မြင်ယင် မြင်တာကိုရှု၊ ကြားယင် ကြားတာကိုရှု၊ နံယင် နံတာကိုရှု၊ စားသိယင် စားသိတာကိုရှု၊ တွေ့ထိယင် တွေ့ထိတာကိုရှု၊ တွေ့ထိတာတွေက အများကြီးရှိနေတယ်၊ တွေ့ထိတာထဲမှာ ကွေးတာလဲ တွေ့ထိတာပဲ၊ ကွေးယင် ကွေးတာရှု၊ ဆန့်ယင် ဆန့်တာရှု၊ ထိုင်ယင် ထိုင်တာရှု၊ သွားယင် သွားတာရှု၊ ရပ်ယင် ရပ်တာရှု၊ ...
1,324,858
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒုက္ခံ ဝါ ဝေဒယာမီတိ၊ ဆင်းရဲသော ခံစားသည်ဟူ၍။
1,324,859
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဘုရားကို ပုတ်ခတ်ရာ ရောက်ခြင်း
1,324,860
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဆင်းရဲသော ခံစားမှုကို ခံစားယင် ဆင်းရဲသော ခံစားမှုကို ခံစားတယ် ဆိုတာ သိရမယ်၊ ရှုရမယ်လို့ ဆိုပါတယ်၊ အဲဒါနဲ့ ဒီသတိပဋ္ဌာန်နဲ့ လျော်ညီစွာ နာယင် နာတယ်လို့ ရှုနေတာဟာ ဘုရား အလိုတော်ကျပဲ၊ အဲဒါကို ရှုတာ အပြစ်တင်တဲ့ ပုဂ္ဂိုလ်၊ မရှုကောင်းဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်၊ အပြစ်တင်တဲ့ ပုဂ္ဂိုလ်ဟာ ဒါ ဘုရား ဒေသနာ တော်တွေကို ပုတ်ခတ်တာပဲ၊ ဘုရား...
1,324,861
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါပေမယ့် ဘုရားဆီ ရောက်နေတယ်၊ ဇာတ်နိပါတ်ထဲက ပါတာလိုဖြစ်နေတယ်၊ ဇာတ်နိပါတ်ထဲမှာ အမေကြီးက ယင်ကောင်နားနေတော့၊ ယင်ကောင်နဖူးမှာ နားနေ တော့ သူ့သမီးကို ယင်ကောင် ခြောက်ပါဟဲ့လို့ ပြောတော့ သမီးက နေအုံး နေအုံး ငါခြောက်လိုက်မယ် ဆိုပြီးတော့ ကျည်ပွေ့နဲ့ ယင်ကောင် ရိုက်လိုက်တော့ ယင်ကောင် ဘယ်ရိုက်မိမတုန်း ယင်ကောင်က ပျံသွားတယ်၊ ရိုက်မိတာက...
1,324,862
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလိုပဲ ပြောတော့ လောလောဆယ်မှာ ပြောဟောနေတဲ့ ပုဂ္ဂိုလ်တွေ မလိုမုန်းထားလို့ ပြောတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ မသိလို့ ပြောတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ အဲဒီလိုပြောတဲ့ ပုဂ္ဂိုလ်ဟာ ဘုရားကို ပုတ်ခတ်ရာ ရောက်တယ်၊ ဘုရား ဒေသနာတော် ဒီအတိုင်း ရှိနေတာချည်း၊ ဝေဒနာဟာ ဒုက္ခဝေဒနာ မမှတ်ရဘူး၊ မရှုရဘူးလို့ ဒီလို ဟောနေတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လိ...
1,324,863
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကတော့ တချို့ပုဂ္ဂိုလ်တွေက ဗဟုသုတ နည်းတဲ့ ပုဂ္ဂိုလ်တွေက အကောင်း မှတ်ချင်လဲ မှတ်သွားမှာပေါ့လေ၊ ဗဟုသုတ များနေတဲ့ ပုဂ္ဂိုလ်တွေ အချို့ကတော့ ဘုန်းကြီးက ပြောနေဖို့ မလိုပါဘူး၊ သိပြီးသား၊ ဗဟုသုတနည်းတဲ့ ပုဂ္ဂိုလ်တွေ အဲဒီလိုဟာတွေ အကောင်းမှတ်ပြီးတော့ ဒါပြတ်ပြတ်သားသား ရှိတယ်၊ ဒီပုဂ္ဂိုလ် ဟောတာက နေရာကျတယ်လို့ တချို့က ဒီလို ချီးမွမ...
1,324,864
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တရားစစ်တဲ့ အခါကျတော့ သတိပေးတရားလေး ထည့်ထည့် ဟောရတယ်၊ အဲဒါ အတွေ့အထိကို မှတ်တဲ့ အခါကာလ ထိတယ်ထိတယ်လို့ ဘယ်ကမှတ်မှတ်၊ ထိရာဌာနကလေး၊ ဒီကနေ ထိတယ်၊ ဒီကနေ ထိတယ်၊ ထိရာဌာနအနေအားဖြင့် ကာယပသာဒ ကိုယ်အကြည်ရုပ်က ယောဂီပုဂ္ဂိုလ် ဉာဏ်မှာ ထင်ရှားတယ်။
1,324,865
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒါကြောင့် “အတွေ့ထင်ကြောင်း၊ ကောင်းကောင်းသုကြည်၊ အတွေ့ဆီသို့၊ ဆောင်ပို့ ပေးသည်၊ ကိုယ်ရုပ်မှီပြု၊ ထိမှုဖြစ်သည်၊ ကိုယ်ရုပ်၌၊ သိထိုက် ဤသုံးမည်”၊ ကိုယ်ရုပ်သိလို့ရှိယင် အဲဒီ ၃-ပါးနဲ့ သိရမယ်၊ သွားတဲ့အခါ သွားတယ်မှတ်၊ ထိုင်တဲ့အခါ ထိုင်တယ်မှတ်၊ ရပ်တဲ့အခါ ရပ်တယ်မှတ်၊ ကွေးတဲ့အခါ ကွေးတယ်မှတ်၊ ဆန့်တဲ့အခါ ဆန့်တယ်မှတ်၊ ကိုယ်အမူအရာတွေ ...
1,324,866
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနေ့က ဓာတ်ကြီး ၄-ပါးတုန်းကလဲ ဟောခဲ့ပါပြီ၊ ဒါတွေက ခြေတလှမ်းမှာ ကြွလိုက်တဲ့ အခါကာလ တေဇောဓာတ် လွန်ကဲနေလို့ တေဇောဓာတ် ထင်ရှားတယ်၊ ကျမ်းဂန်တွေအရ ယူရတာကိုး၊ အဋ္ဌကထာတွေ ပြတဲ့အတိုင်း ကြွတတ်လာတဲ့၊ ပေါ့တတ်လာတဲ့အခါ တေဇောက လွန်ကဲတာ၊ တေဇောဓာတ် ထင်ရှားတာတဲ့၊ လှမ်းလိုက်တဲ့ အခါကာလ ကျတော့ ဝါယောဓာတ်က ရှေ့ဆောင်သွားတယ်၊ တွန်းကန်သွားတဲ့သဘေ...
1,324,867
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခု ဒီမှာလဲပဲ အတွေ့အထိက အတူတူပဲ၊ အတွေ့အထိ ကတော့ ထင်ရှားနေတာပဲ၊ သွားတဲ့ အခါမှာ မှတ်တိုင်း မှတ်တိုင်းဟာ တွေ့ထိရာကနေပြီး ခြေထောက်ထဲက ပေါ့တဲ့အတွေ့အထိ၊ လေးတဲ့အတွေ့အထိ၊ တွန်းကန်တဲ့ အတွေ့အထိ၊ လှုပ်ရှားတဲ့ အတွေ့အထိတွေ ဒီမှာ ထင်ရှားတယ်၊ ကွေးတဲ့ဆန့်တဲ့ အခါလဲ ဒီအတိုင်းပဲ၊ လက်ထဲက နေပြီးတော့ မြှောက်လိုက်တဲ့ အခါမှာဆိုယင် ပေါ့တယ်ဆိုယ...
1,324,868
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဗိုက်ထဲက ဖောင်းတက်လာလိုက်၊ ပိန်ကျသွားလိုက်၊ ဒါလဲ အတူတူပဲ၊ ဒါလဲ တွေ့ထိတာပဲ၊ ဗိုက်ထဲကနေပြီးတော့ ဖောင်းတယ်၊ ပိန်တယ် ဆိုလို့ရှိယင် ဗိုက်ထဲမှာလဲ ကာယပသာဒရုပ်က ရှိတာပဲ၊ ဗိုက်ထဲအတွင်းကရော အပြင်ကရော၊ ဗိုက်တပြင်လုံး အကုန်လုံးမှာ ကာယပသာဒ အသွေးအသားတွေ စိုနေတာ၊ အကုန်လုံးလဲ စိုနေတာပဲ၊ နေရာတိုင်းမှာရှိတယ်၊ ဗိုက်က နေရာတိုင်းက အပ်ဖျားက...
1,324,869
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီဝါယောဓာတ်တွေဟာ ဗိုက်ထဲကနေပြီး တွေ့ထိနေတာ၊ အဲဒီလို တွေ့ထိနေတော့ တွေ့ထိရာ ဌာနက ကာယပသာဒ ကိုယ်အကြည် ရုပ်ကလေးဟာ “ကိုယ်ရုပ်မှီပြု၊ ထိမှုဖြစ်သည်” ဆိုတာ ဖောင်းတယ် မှတ်လိုက်ယင် တောင့်တဲ့သဘော၊ တင်းတဲ့ သဘော၊ လှုပ်ရှားတဲ့သဘော ထိသိမှု ကလေးဟာ ဒီဗိုက်ထဲကပဲ တည်ပြီးတော့ ဖြစ်တယ်၊ ဗိုက်ထဲမှာ ဖြစ်တဲ့ ကာယပသာဒရုပ်ဟာ သူ့ရဲ့တည်ရာဌာနပဲ၊ သူ...
1,324,870
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စိတ်ကို ရှုမှတ်သိ
1,324,871
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ အခု ၅-ဒွါရတော့ စုံသွားပါပြီ။
1,324,872
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒွါရတခုပဲ ကျန်တော့တယ်၊ မနောဒွါရ၊ မနောဒွါရကတော့ စိတ်ပဲ၊ သူကတော့ ရုပ်မဟုတ်ဘူး၊ သူကတော့ ဒါပေမယ်လို့ ဝိပဿနာ နေရာမှာတော့ ဟဒယဝတ္ထုကို အရင်းခံ ပြုပြီးတော့ ဝိသုဒ္ဓိမဂ်က ပြထားပါတယ်၊ မနောဝိညာဉ်သိတဲ့ အခါကာလကျလို့ရှိယင် ဟဒယဝတ္ထုကိုလဲ သိတယ်တဲ့၊ မှီရာတည်ရာ ရုပ်ကိုလဲသိတယ်၊ ဒီတော့ကို စိတ်ကူးတယ်, စဉ်းစားတယ်, ကြံစည်တယ်, ရှုတယ်, မှတ်တယ် ...
1,324,873
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဒွါရ ၆-ဖြာ အသုံးမကျ အချည်းနှီးသာ
1,324,874
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တနည်း အာယတန ၆-ခုဟာ မရှုခင်တုန်းကတော့ မျက်စိရော၊ နားရော၊ နှာခေါင်းရော၊ ကိုယ်ရော၊ သိနေတဲ့ စိတ်ရော၊ အဲဒါတွေဟာ မြဲတဲ့ အနေအားဖြင့်လဲ အနှစ်သာရ ရှိတယ်လို့ ထင်ရတယ်တဲ့၊ လှပတင့်တယ်တဲ့ အနေနဲ့လဲ အနှစ်သာရ ရှိတယ် ထင်ရတယ်၊ ချမ်းသာတယ်၊ ကောင်းတဲ့ အနေအားဖြင့်လဲ အနှစ်သာရ ထင်ရတယ်၊ ပုဂ္ဂိုလ်သတ္တဝါကောင်ပဲလို့လဲ အနှစ်သာရ အနေ အားဖြင့် ထင်ရတယ်...
1,324,875
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မေဓာဝီ၊ ထိုးထွင်း၍ သိနိုင်သောဆင်ခြင်ဉာဏ်ရှိသော။
1,324,876
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇိဝှာတောပိ၊ လျှာမှလည်း။
1,324,877
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မနတောပိ၊ စိတ်နှလုံးမှလည်း။
1,324,878
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံ၊ ထိုသဘောကို။
1,324,879
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စေဥပပရိက္ခတိ၊ အကယ်၍ ရှုဆင်ခြင်သည်ဖြစ်အံ့။
1,324,880
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီ ရွာပျက်ကုန်းကို တွေ့တာနဲ့ တူတယ်တဲ့၊ ယောဂီပုဂ္ဂိုလ်တွေဟာ ဘင်္ဂဉာဏ်က အထက် ရောက်လို့ရှိယင် ဒီအတိုင်း ဖြစ်တတ်ပါတယ်၊ အထူးအားဖြင့်တော့ အာဒီနဝဉာဏ်မှာ တွေ့တတ် တယ်တဲ့၊ ရှုတိုင်းရှုတိုင်းဟာ ဘာမှ အသုံးမကျပါကလား၊ တရိပ်ရိပ်နဲ့ ပျောက်နေတာချည်း ပါကလား၊ ဘာမှ အသုံးမကျဘူး၊ အဲဒီလို ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ ရှင်းပြီးတော့သိတတ် ပါတယ...
1,324,881
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ဆဲစသည်၌ ဝိပဿနာရှု
1,324,882
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ဆဲခဏ၌ မျက်စိနဲ့ အဆင်းက ရုပ်၊ ဒီမှာတော့ မျက်စိပဲ၊ အဆင်း မပါသေးဘူး၊ အခုပြောနေတာ၊ မျက်စိကရုပ်ဆို၊ မျက်စိတွင်မကဘူး၊ မျက်စိနဲ့တကွ တကိုယ်လုံးပဲ မြင်မှု၏ တည်ရာဖြစ်တဲ့ မျက်စိနဲ့ တကွ တကိုယ်လုံးက ရုပ်၊ မြင်သိသွားတာက နာမ်၊ မှတ်သိတာက နာမ်၊ ရုပ်နဲ့ နာမ် ၂-ပါးပဲ၊ ဒီကစပြီးတော့ ပိုင်းခြားသိရတာ။
1,324,883
Uncategorized
အာသီဝိသောပမသုတ် တရားတော်
မြင်ဆဲခဏ၌၊ မျက်စိနဲ့ တကိုယ်လုံးက ရုပ်၊ မြင်တာသိတာက နာမ်။
1,324,884
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အခုဟာ ရုပ်နဲ့နာမ် ကွဲပုံကလေး၊ မြင်တယ် မှတ်လိုက်ယင် မြင်မှု၏ တည်ရာကလေး၊ ဒီကနေ မြင်တာပဲ၊ တည်နေရာ ဌာနရုပ်ကလေးတခု၊ ပြီးတော့ မြင်သိသွားတာ ကလေးက တခု၊ မြင်တယ်လို့ ရှုလိုက် သိလိုက်တာလေးက တခု၊ အဲဒီသုံးခုမှာ မျက်စိနဲ့ တကိုယ်လုံးက ရုပ်၊ သူက အာရုံ မသိတတ်ဘူး၊ တည်ရာဌာနပဲ၊ မြင်တာနဲ့ ရှုပြီးတော့ သိတာ၊ ဒီ ၂-ခုကတော့ အာရုံကို သိတတ်တဲ့ နာ...
1,324,885
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားဆဲခဏ၌ နားနဲ့ တကိုယ်လုံးက ရုပ်၊ ကြားတာ သိတာက နာမ်။
1,324,886
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြားတဲ့အခါမှာ ကြားတယ် ကြားတယ်မှတ်၊ ကြားမှု၏ တည်ရာဖြစ်တဲ့ နားရုပ် နှင့်တကွ တကိုယ်လုံးဟာ ရုပ်ပဲတဲ့၊ အာရုံကို မသိတတ်ဘူး၊ ကြားသွားတာ ကလေး သိသွားတာကလေး၊ ရှုသိတာကလေးက နာမ်တရားပဲ၊ ဒီရုပ် ဒီနာမ် ဒါ ၂-ခုပဲ ရှိတယ် ဆိုတာ သိရမယ်။
1,324,887
Uncategorized
အာသီဝိသောပမသုတ် တရားတော်
နံဆဲခဏ၌ နှာခေါင်းနဲ့ တကိုယ်လုံးက ရုပ်၊ နံသိတာက နာမ်။
1,324,888
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စားသိဆဲခဏ၌ လျှာနဲ့ တကိုယ်လုံးကရုပ်၊ အရသာ သိတာ မှတ်သိတာက နာမ်။
1,324,889
Uncategorized
အာသီဝိသောပမသုတ် တရားတော်
စားတဲ့အခါကာလမှာ ထမင်းလုပ် ပြင်တာတွေကတော့ တွေ့ထိတာတွေနဲ့ ဆိုင်တယ်၊ ထမင်းလုပ် ပြင်တာတို့၊ ခွံ့တာတို့၊ ဝါးတာတို့၊ အဲဒါတွေကတော့ တွေ့ထိတာတွေနဲ့ ဆိုင်တယ်၊ ကိုယ်ထဲက အတွေ့အထိက နေပြီးတော့ သိတယ်၊ ဒါပေမယ်လို့ ရှုတော့ စားတဲ့အနေအားဖြင့် ပြောတာပါပဲ၊ ထမင်းလုပ်ပြင်တာ၊ ယူတာ မျိုချတဲ့အခါ လည်ချောင်းမှာ လျှောက်ထိသွားတာတို့၊ ပူတာတို့၊ အေးတ...
1,324,890
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီတော့ စားဆဲခဏ၌ အရသာ သိတာကလေး ဒါက ပဓာန၊ အရသာသိဆဲခဏ၊ စားသိဆဲ ခဏမှာ လျှာနဲ့ တကိုယ်လုံးက အရသာကလေး သိတယ်၊ ချိုတယ်၊ ချဉ်တယ်၊ အဲဒါလို အသိကလေးတွေကို မှတ်တဲ့အခါ ဒီအသိကလေးက အရသာ သိတာလေးက လျှာပေါ်ကပဲ ထင်ရှားတယ်၊ ဒီကနေပြီး ဖြစ်နေတာပဲ၊ အရသာသိမှု၏ တည်ရာအဖြစ်နဲ့ ဇိဝှာပသာဒရုပ် ထင်ရှားတယ်။
1,324,891
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ဇိဝှာပသာဒ ထင်ရှားပြီးယင် ဇိဝှာပသာဒရုပ်၏ တည်ရာဖြစ်တဲ့ လျှာရုပ်တော့ တကိုယ်လုံး ရုပ်ကြီးတော့ ရုပ်အနေအားဖြင့် အာရုံမသိတတ်တဲ့ ရုပ်တရားကြီး အနေအားဖြင့် ထင်ရှားတယ်၊ သူက ရုပ်ပဲတဲ့၊ နောက်ပြီးတော့ အရသာ သိတာဆိုတာ အချိုအချဉ်ကလေးကို သိသွားတာ၊ နောက် မှတ်သိပြီးတော့ သိတာကတော့ ချိုတယ်၊ ချဉ်တယ် စသည်ဖြင့် နောက်ကနေ မှတ်တော့ အဲဒီသဘောလေး ဖြ...
1,324,892
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တွေ့ထိဆဲခဏ၌ တွေ့ထိရာဌာန ကိုယ်ရုပ်နှင့် တကိုယ်လုံးက ရုပ်၊ ထိတာသိတာက နာမ်။
1,324,893
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကိုယ်ရုပ်ကတော့ ကာယပသာဒ၊ ရုပ်က ကိုယ်ရုပ်ကိုး၊ ထိရာ ဌာနကလေးက အထိ၏ တည်ရာ ဌာနကလေး၊ နေရာကလေး ထင်ရှားတယ်၊ အဲဒီကိုယ်အကြည် ရုပ်ကလေး၏ တည်ရာဖြစ်တဲ့ တကိုယ်လုံး ရုပ်ကြီးရောပဲထင်ရှားတာ၊ ထိတယ်ဆိုယင် ထိရာဌာနက ထိသိမှုကလေး၏ တည်ရာ အနေအားဖြင့် ရုပ်ထင်ရှားတယ်၊ အဲဒီရုပ်ထင်ရှားတော့ တကိုယ်လုံးက ရုပ်တွေလဲပဲ အာရုံ မပြုတတ်တဲ့ ရုပ်တရား အနေအားဖြင...
1,324,894
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကွေးဆဲခဏ၌။
1,324,895
Uncategorized
အာသီဝိသောပမသုတ် တရားတော်
တောင့်တင်း လှုပ်ရှားတာက ရုပ်၊ ထိသိတာက နာမ်။
1,324,896
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သွားဆဲစသည်မှာလဲ ဒီအတိုင်းပဲ အကုန်လုံး။
1,324,897
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြံသိဆဲခဏ၌ ကြံသိမှု၏တည်ရာ နှလုံးနှင့် တကိုယ်လုံးက ရုပ်၊ ကြံသိတာ မှတ်သိတာက နာမ်။
1,324,898
Uncategorized
အာသီဝိသောပမသုတ် တရားတော်
ကြံသိတာ စိတ်ကူးတာတွေကို စိတ်ကူးတယ်၊ ကြံတယ်၊ သိတယ်၊ နှလုံးသွင်းတဲ့ အခါကာလ ရှုမှတ်တဲ့ အခါကာလတွေမှာ ကြံသိမှု၏ တည်ရာဖြစ်တဲ့ နှလုံးရုပ်ပေါ့၊ စာပေကျမ်းဂန်အရ နှလုံးကို ဟဒယဝတ္ထုလို့ ခေါ်တယ်၊ အဲဒီ ဟဒယဝတ္ထုနဲ့ တကိုယ်လုံးက တည်ရာမှီရာဖြစ်တဲ့ ရုပ်ကြီးအနေ အားဖြင့် ထင်ရှားတယ်၊ နောက်ပြီးတော့ ကြံသိတဲ့ စိတ်ကလေး၊ အဲဒီကြံသိတာ ကလေးကို ရှုမ...
1,324,899
Uncategorized
အာသီဝိသောပမသုတ် တရားတော်
သမ္မသနဉာဏ် စသည်ဖြစ်
1,324,900
Uncategorized
အာသီဝိသောပမသုတ် တရားတော်
အဲဒီလိုရုပ်နာမ်သိပြီးတော့ သူ့ဆိုင်ရာအကြောင်း တရားတွေလဲသိ၊ ဒီအတိုင်း ရှုယင်း ရှုယင်းနဲ့ ဖြစ်ပျက်သွားတာ သိတော့ အနိစ္စမမြဲဘူး၊ ဒုက္ခဆင်းရဲတယ်၊ အနတ္တ အတ္တ မဟုတ်ဘူးလို့ သုံးသပ် ဆင်ခြင်ပြီးတော့ သမ္မသန ဉာဏ်ဖြစ်တယ်၊ သမ္မသနဉာဏ် ဖြစ်ပြီးတော့ အဖြစ်အပျက်ကလေးတွေ ပိုင်းခြားပြီး သိတာက ဥဒယဗ္ဗယဉာဏ်၊ အရောင်အလင်း၊ ပီတိပါမောဇ္ဇ တွေနဲ့ ဝမ်...