id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,701 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပေသု အာဝိဉ္ဆနရသံ။ |
1,324,702 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပေသု၊ အဆင်း ရုပ်တို့၌။ |
1,324,703 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ၊ အဆင်း အာရုံတို့၌။ |
1,324,704 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဝိဉ္ဆနရသံ၊ ဆွဲဆောင်ခြင်းကိစ္စရှိသည်။ |
1,324,705 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လူတယောက်ကိုဆွဲပြီးတော့ ပြလိုက်သလို၊ ဥပမာ လူတယောက်က ပြတင်းပေါက် ကနေပြီးတော့ လမ်းမက သွားတဲ့ လာတဲ့လူတွေကို ရပ်ပြီးတော့ ကြည့်နေတယ် ဆိုပါတော့၊ ဒိပြင်လူတွေက ကြမ်းပြင်ပေါ်မှာ အသာလေး ထိုင်နေကြတော့ လမ်းက သွားတဲ့လူတွေကို မမြင်ရဘူး၊ အဲဒီတော့ ပြတင်းပေါက်ကနေပြီး ကြည့်တဲ့ ပုဂ္ဂိုလ်ကပြောတယ်၊ ဟေ့-အခု ဟိုက မော်တော်ကားတစင်း လာတယ်၊ လူတယေ... |
1,324,706 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါလို သူမြင်တာတွေ လျှောက်ပြီးတော့ ပြောတယ်၊ ပြောလို့ရှိယင် ထိုင်နေတဲ့ လူတွေက သူတို့မမြင်ပါဘူး၊ မမြင်ပေမယ်လို့ အဲဒီ ကြားပြီးတော့ကို မော်တော်ကား လာတယ် ဆိုယင် မော်တော်ကား လာတယ်လို့ သူ့စိတ်ထဲ ထင်သွားရော၊ လူတယောက် ဟိုက လမ်းလျှောက်လာတယ် ဆိုယင် လမ်းလျှောက်လာတဲ့အနေ ဟိုကထင်သွားတယ်၊ ဒီကလူ ၂-ယောက် ဟိုသွားပြန်ပြီဆိုယင်၊ လူ ၂-ယောက... |
1,324,707 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီတော့ အဲဒီ ပြတင်းပေါက်က နေပြီးတော့ မြင်တာတွေကိုပဲ ပြောကြားနေတဲ့ ပုဂ္ဂိုလ်က ဘာနဲ့ တူသလဲဆိုယင် အခု စက္ခုပသာဒ ကလေးကနေ ဆွဲဆောင်ပို့သလို၊ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ကို ဆွဲပို့သလို ဟိုမှာ လမ်းပေါ်ကသွားနေတဲ့ မော်တော်ကား သွားနေပုံ၊ လူလမ်းလျှောက်နေပုံ၊ အဲဒါတွေကို အဲဒီအာရုံတွေဆီ စိတ်ရောက်သွားအောင်လို့ ဆွဲပို့တဲ့ သဘော... |
1,324,708 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါလိုပဲ၊ မျက်စိအကြည်ရုပ်ကလေးက အဲဒီ မျက်စိအကြည်ရုပ်ကလေး ရှိတဲ့အတွက် ဒီအကြည်ထဲမှာ အဆင်းရိပ် လာထင်တယ်၊ ဒီအဆင်းရိပ် လာထင်တော့ကို နှလုံးသွင်း ဆင်ခြင် လိုက်တဲ့ အခါ မြင်သွားတယ်၊ အဆင်းရုပ်ကလေးက မြင်တတ်တဲ့ စက္ခုဝိညာဉ်စိတ်နဲ့ မြင်ရတဲ့အဆင်းရုပ်နဲ့ ဒီ ၂-ခုကို သူကဆက်စပ်ပေးတာလို၊ ပွဲစားများ အရောင်းအဝယ် ပြုတဲ့လူ ၂-ယောက်ကို ဆက်စပ်ပေ... |
1,324,709 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပေသု၊ အဆင်းအာရုံတို့၌။ |
1,324,710 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဝိဉ္ဆနရသံ၊ ဆောင်ပို့ခြင်းကိစ္စ ရှိ၏။ |
1,324,711 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဆင်းအာရုံဆီကို ရောက်အောင်လို့ အဆင်းအာရုံကို မြင်သွားအောင်လို့ မျက်စိဟာ ဆွဲဆောင်ပို့ခြင်းကိစ္စ ရှိပါတယ်၊ မြင်အောင်လို့ ကျေးဇူးပြုတာကို ဆိုလိုပါတယ်၊ အတိုချုပ်တော့ ဒါပါပဲ၊ မြင်အောင်လို့ သူက ကျေးဇူးပြုတယ်တဲ့၊ မျက်စိက “အဆင်းဆီသို့၊ ဆောင်ပို့ပေးသည်” လို့၊ ဘုန်းကြီးက ဆောင်ပုဒ်ပေးထားတယ်၊ နောက်ပြီးတော့ - |
1,324,712 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ။ |
1,324,713 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဓာရဘာဝပစ္စုပဋ္ဌာနံ၊ တည်ရာ၏အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ်၏ ဉာဏ်၌ ရှေ့ရှု ထင်သည်။ |
1,324,714 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပစ္စုပဋ္ဌာန်ဆိုတာ ယောဂီပုဂ္ဂိုလ် ရှုတဲ့အခါမှာ ဉာဏ်ထဲမှာ ပေါ်လာတဲ့ အခြင်းအရာလေး၊ ဒီတရား လေးဟာ ဘာကလေးနဲ့တူတယ်၊ ဒီလိုသဘောကလေးပဲလို့ ဉာဏ်ထဲ ရှုယင်းရှုယင်း ထင်လာတဲ့ဥစ္စာဟာ ပစ္စုပဋ္ဌာန်ခေါ်တယ်၊ မြင်တယ်လို့ မှတ်လိုက်တဲ့ အခါကာလမှာ မျက်စိကို ပေါ်လာတာ ဘယ်လိုပေါ်လာတုံး ဆိုတော့ မြင်မှုကလေးရဲ့ တည်ရာအနေနဲ့ ပေါ်လာတယ်၊ မြင်တာကလေးဟာ ဒီ... |
1,324,715 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိညာဉ် ၆-ပါးကို မှတ်တဲ့အခါ ကာလ ဝိညာဉ် ၆-ပါး၏တည်ရာဟာ သူ့အလိုလို ပေါ်လာတာကိုး၊ စာထဲပေထဲ တွေးကြည့်နေရတာ မဟုတ်ဘူး၊ စာနဲ့ပေနဲ့ ကျက်ပြီး မှတ်ရတာ မဟုတ်ဘူး။ |
1,324,716 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရှုယင်း ရှုယင်းနဲ့ကို သူ့ဟာသူ ပေါ်လာတာ၊ ဒီမှာ မြင်တယ် မှတ်လိုက်ယင် မြင်မှုလေး၏ တည်ရာအနေနဲ့- |
1,324,717 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဓာရဘာဝပစ္စုပဋ္ဌာနံ၊ တည်ရာ၏အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ်၏ဉာဏ်၌ ရှေ့ရှုထင်၏၊ |
1,324,718 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်သိမှုကလေးရဲ့ တည်ရာအနေအားဖြင့် ယောဂီပုဂ္ဂိုလ်၏ ဉာဏ်မှာ ထင်တယ်တဲ့၊ “သူ့ဌာနက မြင်ရပေသည်” တဲ့၊ အဲဒီဌာနကပဲ မြင်ရတယ်၊ မျက်စိဆိုတဲ့ သည်ဌာနက မြင်ရတယ်။ |
1,324,719 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “မျက်စိ၌၊ သိထိုက် ဤသုံးမည်”၊ မျက်စိကို အဲဒီသုံးပါးနဲ့ သိရမယ်၊ ပထမက လက္ခဏာ၊ ဒုတိယက ရသ၊ တတိယက ပစ္စုပဋ္ဌာန်၊ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်နဲ့ သိပုံ၊ ပဒဋ္ဌာန်သိပုံကတော့ သိပ်အရေးမကြီးလို့ လင်္ကာက ၃-ပိုဒ်ပဲ ထည့်ထားပါတယ်၊ ဝိပဿနာရှုတယ်ဆိုတာ လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန်၊ တမျိုးမျိုးနဲ့ သိရတယ်၊ ဒီလိုသိမှ သူက သဘာဝကျတယ်၊ ဒါက လိုရင်းပဲ၊ ဒါက... |
1,324,720 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဆင်း ထင်ကြောင်း၊ ကောင်းကောင်း သူကြည်။ |
1,324,721 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဆင်းဆီသို့၊ ဆောင်ပို့ပေးသည်။ |
1,324,722 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူ့ဌာနက၊ မြင်ရပေသည်။ |
1,324,723 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မျက်စိ၌၊ သိထိုက် ဤသုံးမည်။ |
1,324,724 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်တယ်လို့ မှတ်တဲ့အခါကာလမှာ စက္ခုပသာဒ ခေါ်တဲ့ မျက်စိရုပ်ကလေး ဒီရုပ်ကလေး ထင်ယင် တနည်းနည်း ထင်ရမှာ၊ ယောဂီပုဂ္ဂိုလ်က ဒါက တွေးယူ နေရတာ မဟုတ်ဘူး၊ မှတ်ယင်း မှတ်ယင်းနဲ့ သူ့ဟာသူ ပေါ်လာတာ၊ မြင်တယ်ဆိုတာနဲ့ အဆင်းထင်လောက်အောင် ကြည်လင်တဲ့မျက်စိ၊ ဒီမှာရှိနေတာပဲ၊ မျက်စိကောင်းနေ တာပဲ၊ ဒါ သူပေါ်လာတယ်။ |
1,324,725 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပြီးတော့ မြင်အောင်လို့ ဒီမျက်စိက ကျေးဇူးပြုတာပဲ၊ မြင်အောင်လို့ ကျေးဇူးပြုတယ်၊ အဆင်းဆီကို ဆောင်ပို့ပေးတယ်။ |
1,324,726 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူက သူ့ဌာနက မြင်ရပေသည်တဲ့၊ မြင်ဆိုတာ ဒီဌာနက မြင်တာပဲ၊ တနည်းအားဖြင့် “မျက်စိမှီပြု၊ မြင်မှုဖြစ်သည်”၊ ဒီလိုလဲပဲ အစားထိုးနိုင်ပါတယ်၊ မျက်စိအမှီ ပြုပြီးတော့၊ မျက်စိကို အမှီပြုပြီးတော့ မြင်မှုကလေး ဖြစ်ရသည်၊ “မျက်စိမှီပြု၊ မြင်မှု ဖြစ်သည်။ |
1,324,727 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သူ့ဌာနက၊ မြင်ရပေသည်” ဆိုတာ အကုန်လုံး ဒါလဲ ပြီးတော့ ဆိုနိုင်ပါတယ်၊ အဲဒါ စက္ခုပသာဒရုပ်။ |
1,324,728 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | စက္ခုပသာဒရုပ်၊ မျက်စိအကြည်ရုပ်ဟာ လက္ခဏာအားဖြင့် အဆင်း ထင်လောက် အောင် ကြည်လင်တဲ့ သဘောကလေးပဲ၊ ရသအားဖြင့် အဆင်းဆီကို ဆောင်ပို့ပေးတဲ့ သဘောပဲ၊ အဆင်းမြင်အောင်လို့ ကျေးဇူးပြုတဲ့ ထောက်ပံ့နေတဲ့ သဘောကလေးပဲ၊ ပစ္စုပဋ္ဌာန် အားဖြင့် မြင်မှုကလေးရဲ့ တည်ရာပဲ၊ မြင်မှုကလေးက ဒီကနေပြီး မြင်နေတာပဲ၊ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ထဲမှာ ထင်ရမယ်တဲ့၊ အထ... |
1,324,729 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်တယ်မှတ်လိုက်ယင် ခြေထောက်ကနေ မြင်တယ်လို့ ဒီလို မထင်ဘူး၊ သူက လက်ကနေ မြင်တယ်လို့ မထင်ဘူး၊ ကျောကနေ မြင်တယ်လို့ မထင်ဘူး၊ ခေါင်းကလဲ နောက်ဘက်ကနေ မြင်တယ်လို့ မထင်ဘူး၊ မျက်စိက ဒီကနေပြီး မြင်တယ်ဆိုတာ သူ့ဟာ မှတ်ယင်း မှတ်ယင်းနဲ့ ဒီကပဲ မြင်မှုကလေး ထွက်သွားသလိုပဲ၊ အဲဒီလို ထင်ရတယ်၊ အဲဒီလို ထင်လို့ရှိယင် ဒါက စက္ခုပသာဒကို ပစ္စုပဋ္ဌ... |
1,324,730 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီ စက္ခုပသာဒ ရုပ်ကလေးကို ပုံပန်းသဏ္ဌာန်နဲ့ ပြားပြားကလေးပဲ၊ ရှည်ရှည်ကလေးပဲ၊ ဝိုင်းဝိုင်းကလေးပဲ၊ ဒီလို သိရမှာ မဟုတ်ဘူး၊ အခုပြောခဲ့တဲ့အတိုင်း အဆင်းထင်လောက်အောင်လို့ ကြည်လင်တဲ့ သဘောကလေး ရှိတယ်၊ အဆင်းကို မြင်ရအောင် ကျေးဇူးပြုတဲ့ သဘောကလေးပဲ၊ ပြီးတော့ မြင်မှု၏တည်ရာ ဌာနပဲ၊ ဒီကနေပြီး မြင်နေတာပဲလို့ ဒီလို ထင်လို့ရှိယင် ဒါ သူ့ဟ... |
1,324,731 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီမျက်စိအာယတနဟာ ဝိပဿနာ မရှုခင်တုန်းကတော့ မျက်လုံးကြီး တလုံးလုံးဟာ လှပတင့်တယ်တဲ့ အနေအားဖြင့် ထင်တယ်၊ ဝိပဿနာရှုတဲ့အခါ ကာလကျတော့ မြင်တယ်လို့ မှတ်လိုက်ယင် မြင်မှု၏ တည်ရာရော၊ မြင်မှုကလေးရော တခါတည်း ဒီတိုင်း ပျောက်သွားတယ်၊ ဖြစ်ပြီး ပျောက်သွား၊ ဖြစ်ပြီး ပျောက်သွား၊ မြင်တိုင်း မြင်တိုင်းဟာ ပျောက်သွားတာပဲ၊ ပကတိပုဂ္ဂိုလ်တွေ အနေအ... |
1,324,732 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝိပဿနာဉာဏ် ကောင်းလို့ စင်စင်ကြယ်ကြယ် ဖြစ်လာပြီဆိုလို့ရှိယင် မြင်တာ ကလေးဟာ မြင်လိုက်ပျောက်လိုက်၊ မြင်လိုက်ပျောက်လိုက်နဲ့ ဒီလိုအပိုင်းအခြား ကကလေးနဲ့ ထင်လာတဲ့ အခါကျတော့ကို ဖြစ်ပြီး ပျောက်သွားလို့မမြဲတဲ့ သဘောတရား ပဲ၊ အနိစ္စပဲ၊ နိစ္စမြဲတဲ့ အနှစ်သာရ ဒီမှာ မရှိဘူး၊ ဖြစ်ပြီးပျောက်သွားလို့ ကြောက်စရာ သဘောပဲ၊ လှပတင့်တယ်တဲ့သဘော၊ န... |
1,324,733 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနတ္တာ၊ အစိုးရသော အတွင်းသား အတ္တကောင် မဟုတ်။ |
1,324,734 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်ဟာ အစိုးရတဲ့ အတွင်းသား အတ္တကောင် မဟုတ်ဘူး၊ ပကတိ လူတွေကတော့ ရုပ်ကိုယ်ကြီး တခုလုံးဟာ ငါပဲ ငါ့အလိုအတိုင်း သွားချင်သွား၊ စားချင်စား၊ ထိုင်ချင် ထိုင်၊ ကွေးချင်ကွေး၊ ဆန့်ချင်ဆန့်၊ လုပ်ချင်တာတွေလုပ်၊ ကိုယ့်အလိုအတိုင်း ကိုယ့် ကိုယ်ကြီးပဲ ကိုယ့်ကိုယ်ကို အစိုးရ နေတဲ့ ငါပဲဆိုပြီးတော့ အောက်မေ့နေကြတယ်၊ အဲဒါ အမှန်အားဖြင့်တော့ အစ... |
1,324,735 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပြင်ဘက်မှာ လေ တဟူးဟူးနဲ့ တိုက်သွားနေတယ်၊ အဲဒါတွေဟာ ငါပဲ၊ အစိုးရတဲ့ ငါပဲလို့ ဘယ်သူမှ အစိုးမရဘူး၊ လေအလွတ်က ဟာတွေပဲ၊ သူတို့ သဘောတရားတွေ သူ့ဟာသူ ဖြစ်နေတာပဲ အဲဒါတွေနဲ့ အတူတူပဲတဲ့၊ ဒီကိုယ်ထဲက ရုပ်တွေဟာလဲ အတူတူပါပဲ။ |
1,324,736 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီတိုင်း စဉ်းစားကြည့်လို့တော့ မထင်နိုင်ဘူး၊ သူ့ဟာ ဝိပဿနာဉာဏ်နဲ့ ရှုမှ၊ ဝိပဿနာဉာဏ်နဲ့ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတွေ ပေါ်လာတဲ့အခါမှ ထင်တာ၊ ဒီတိုင်းဆိုတော့ ခဲယဉ်းပါတယ်၊ ဒီကိုယ်က ရုပ်နဲ့ အပြင်ဘက်က ဟာတွေနဲ့ အတူတူပဲ၊ မှတ်ဖို့ ခဲယဉ်းပါတယ်။ |
1,324,737 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြတ်စွာဘုရားကတော့ ဒါတွေ အတူတူပဲ၊ အဇ္ဈတ္တိက ရုပ်ဖြစ်စေတဲ့ ဗဟိဒ္ဓက ရုပ်ဖြစ်စေတဲ့ အတူတူပါပဲတဲ့၊ ပထဝီ ဖြစ်ယင်လဲ ပထဝီချင်း အတူတူပဲတဲ့၊ တေဇောဖြစ်ယင်လဲ တေဇောချင်း အတူတူပဲ၊ ဝါယောဖြစ်ယင်လဲ ဝါယောချင်း အတူတူပဲ၊ အပြင်ဘက်က လေတွေနဲ့ ကိုယ်ထဲက လေတွေ၊ ကွေးလိုက် ဆန့်လိုက် ထိုင်လိုက် ထလိုက် လှုပ်ရှားလိုက် တွန်းကန် လှုပ်ရှားနေတဲ့ ဝါယောဓာတ... |
1,324,738 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယောဂီပုဂ္ဂိုလ်ဉာဏ် ဖြစ်လာတဲ့အခါလဲ အတူတူပဲ ထင်ရတာပဲ၊ သဘောအားဖြင့် အတူတူပဲ၊ ဘာမှထူးတာမဟုတ်ဘူး၊ အဲဒီတော့ ပကတိပုဂ္ဂိုလ် အနေအားဖြင့် ရုပ်ကြီးကို ငါကောင် အသက်ရှင်နေတဲ့ အကောင်လို့ ထင်နေပေမယ်လို့ မြတ်စွာဘုရားက - |
1,324,739 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပံ ဘိက္ခဝေ အနတ္တံ။ |
1,324,740 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနတ္တံ၊ အတ္တမဟုတ်။ |
1,324,741 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီအထဲမှာ စက္ခုလဲပါသွားတယ်၊ မျက်စိရုပ်ဟာ အတ္တမဟုတ်၊ အဲဒါလေးပါတယ်။ |
1,324,742 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘိဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ |
1,324,743 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | (အနတ္တလက္ခဏသုတ်မှ) |
1,324,744 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဟိ၊ အကြောင်းပြ၍ ရှင်းရလျှင်။ |
1,324,745 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အတ္တာ၊ အစိုးရသော အတွင်းသား အတ္တကိုယ် အတွင်းသား အတ္တကောင်သည်။ |
1,324,746 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဘဝိဿ၊ အကယ်၍ဖြစ်ငြားအံ့။ |
1,324,747 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဗာဓာယ၊ နှိပ်စက်ခြင်းငှါ။ |
1,324,748 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နသံဝတ္ေယျ၊ မဖြစ်တန်လေရာ။ |
1,324,749 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်က နှိပ်စက်ပုံ |
1,324,750 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီရုပ်ဟာ အတ္တကောင် ဟုတ်ခဲ့လို့ရှိယင် အတွင်းသား အတ္တကောင် ဟုတ်ခဲ့လို့ရှိယင် နှိပ်စက်မှာ မဟုတ်ပါဘူးတဲ့၊ ရုပ်ကဘယ်လို နှိပ်စက်တုန်း ဆိုလို့ရှိယင် ရုပ်က မမြဲပြီးတော့လဲ နှိပ်စက်တယ်၊ အနာရောဂါ ဝေဒနာတွေ ဖြစ်ပြီးတော့လဲ နှိပ်စက်တယ်၊ အိုမင်းပြီးတော့လဲ နှိပ်စက်တယ်၊ အဲဒီလို နှိပ်စက်တာတွေရှိတယ်၊ ကိုယ့်အလိုအတိုင်း မဖြစ် ပြီးတော့လဲ နှိ... |
1,324,751 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်က နှိပ်စက်တာ အင်မတန် ထင်ရှားတယ်၊ မကျန်းမာတဲ့အခါ ဖျားနာနေပြီ ဆိုယင် အပူချိန်တွေများ တက်လို့ ပျောက်ပါတော့ ပျောက်ပါတော့ဆိုပေမယ့် မပျောက်ဘူး၊ ရုပ်က အင်မတန် ဒုက္ခပေးတာလဲ၊ ဒီရုပ်ကြီးရှိနေလို့ ရုပ်မရှိယင် မဖျားဘူး၊ ရုပ်မရှိယင် ဘယ်ကလာပြီး အပူတက်မလဲ၊ မတက်ဘူး၊ |
1,324,752 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနာကြီးတလုံး ပေါက်လာတယ် ဆိုပါတော့ ဒီအနာကြီး ပျောက်ပါစေဆိုလို့ မပျောက်ဘူး၊ ရုပ်မရှိယင် ဒီအနာကြီးဖြစ်ပါ့မလား မဖြစ်ဘူး၊ ရုပ်ရှိလို့အနာဖြစ်တာ၊ ဘာအနာပဲဖြစ်ဖြစ်ပေါ့လေ၊ မျက်စိနာပဲ ဖြစ်ဖြစ်။ |
1,324,753 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နားနာပဲဖြစ်ဖြစ်၊ ကိုယ်အရေပေါ်မှာ ဖြစ်တဲ့ အရေပြားနာပဲဖြစ်ဖြစ်၊ ဘယ်အနာပဲ ဖြစ်ဖြစ်၊ အတွင်းကိုယ်ထဲကဖြစ်တဲ့ ကင်ဆာလို အနာတွေပဲဖြစ်ဖြစ်၊ အဲဒါတွေဟာ ရုပ်ရှိလို့ဖြစ်တာ၊ ရုပ်မရှိယင် မဖြစ်ဘူး၊ ရုပ်ကိုမှီပြီးတော့ဖြစ်တယ်၊ မဖြစ်ပါစေနဲ့လို့ တောင့်တလို့လဲ မရဘူး၊ ဒါကြောင့် ရုပ်ဟာ နှိပ်စက်တယ်။ |
1,324,754 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်ကကိုယ့်အတ္တကောင်၊ ကိုယ့်ဟာကိုယ် ဆိုလို့ရှိယင် ဘယ်ဖြစ်လိမ့်မှာလဲ၊ ဒါကြောင့် စက္ခုမျက်စိ ကလဲ နှိပ်စက်သည်တဲ့၊ မျက်စိမှာ ပသာဒလေး သက်သက်နဲ့ကတော့ သူကတော့ သိပ်ပြီးတော့ မထင်ရှားဘူး၊ သမ္ဘာရ အဆောက်အဦ နဲ့တကွ ပြောမှ၊ အဲဒီကနေပြီး မျက်စိနာတယ်၊ မျက်စိ ကျိန်းတယ် စသည်ဖြင့်ပေါ့လေ၊ မျက်စိရောဂါ တွေဖြစ်တယ်၊ မျက်စိမှုန်နေပြီ၊ မျက်စိဟာ က... |
1,324,755 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရုပ်၌ အစိုးမရခြင်း |
1,324,756 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လဗ္ဘေထ စ ရူပေ “ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ”တိ။ |
1,324,757 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မေရူပံ၊ ငါ၏ရုပ်သည်။ |
1,324,758 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံဟောတု၊ ဤသို့ကောင်းကောင်းမွန်မွန်ချည်း ဖြစ်ပါစေ။ |
1,324,759 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံမာအဟောသိ၊ ဤသို့ ဆိုးဆိုး သွမ်းသွမ်း မကောင်းတာ မဖြစ်ပါစေနှင့်။ |
1,324,760 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣတိ၊ ဤသို့ စီမံတောင့်တခြင်း ခန့်ခွဲခြင်းကို။ |
1,324,761 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | လဗ္ဘေထ၊ ရလဲ ရလေရာ၏။ |
1,324,762 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိုယ်ပိုင်အတ္တ ဟုတ်ခဲ့လို့ ရှိယင် ရုပ်ဟာ ကိုယ့်အလိုအတိုင်း ဖြစ်မှာတဲ့၊ ဒီရုပ်ကြီးဟာ လူတွေကဘယ်လို အလိုရှိတုန်းဆိုယင် နုနုပျိုပျိုကလေး လှလှပပ တင့်တင့်တယ်တယ် ကလေး အလိုရှိကြတယ်၊ နုနုပျိုပျို ကလေးပဲ နေပါစေ၊ မအိုပါစေနဲ့၊ ဆံပင်တွေ ဆိုလို့ရှိယင်လဲ မဖြူပါစေနဲ့၊ အရေတွေ ဆိုယင်လဲ မတွန့်ပါစေနဲ့၊ သွားတွေဆိုယင် မကျိုးပါစေနဲ့၊ မျက်စိတ... |
1,324,763 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီထဲမှာ အဆင်မပြေလို့ အနာကလေးများ ပေါက်ယင် ခက်တာပဲ၊ မျက်နှာမှာ လှချင်တုန်းမှာ မျက်နှာမှာ အနာပေါက်လို့ရှိယင် စဉ်းစားတိုင်း စဉ်းစားတိုင်း စိတ်ညစ်စရာ ဖြစ်နေတယ်၊ အဲဒီလို ကိုယ့်ရုပ်ကို အလိုရှိတိုင်း တောင့်တလို့ အတ္တဟုတ်ယင် ကိုယ်တောင့်တတဲ့ အတိုင်း ကိုယ့်အလိုအတိုင်း ဖြစ်မှာတဲ့၊ အဲဒီထဲမှာ စက္ခု လဲ ပါသွားတယ်၊ မျက်စိဟာ ကိုယ့်အလို... |
1,324,764 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ။ |
1,324,765 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ |
1,324,766 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနတ္တာ၊ အစိုးရသော အတ္တကောင်မဟုတ်ချေ။ |
1,324,767 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အမှန်အားဖြင့်တော့ ရုပ်ဟာ အစိုးရတဲ့ အတ္တကောင်မဟုတ်ဘူး။ |
1,324,768 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သံဝတ္တတိ၊ ဖြစ်လေတော့၏။ |
1,324,769 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | နစ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု ဧဝံ မေ ရူပံ မာ အဟောသီတိ။ |
1,324,770 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံဟောတု၊ ဤသို့ ကောင်းကောင်းမွန်မွန်ချည်းဖြစ်ပါစေ။ |
1,324,771 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဧဝံမာအဟောသိ၊ ဤသို့ ဆိုးဆိုးသွမ်းသွမ်း မဖြစ်ပါစေလင့်။ |
1,324,772 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဣတိ၊ ဤသို့ စီမံခန့်ခွဲခြင်းငှါ၊ နစလဗ္ဘတိ၊ ရလဲ မရအပ်သည်သာတည်း။ |
1,324,773 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါရုပ်ခန္ဓာနဲ့ စပ်ပြီးတော့ စက္ခု လဲပါတယ်၊ မျက်စိဟာ အတ္တ ဟုတ်ခဲ့လို့ ရှိယင် ကိုယ့်အလိုအတိုင်း ဖြစ်မှာတဲ့၊ အခုတော့ ကိုယ့်အလိုအတိုင်းလဲ မဖြစ်ဘူးလို့ ဆိုလိုပါတယ်၊ အတိုချုပ်ကတော့ မျက်စိဟာ ကိုယ့်အလိုအတိုင်း မဖြစ်ဘူး၊ ယောဂီ ပုဂ္ဂိုလ်က ဘယ့်နှယ်လုပ် သိတုန်းဆိုတော့ ရှုတိုင်းရှုတိုင်း ပျက်နေတာလေးပဲ တွေ့ရတယ်၊ ရှုတိုင်းရှုတိုင်းဟ... |
1,324,774 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါပေမယ့် “ပဏ္ဍိတော၊ ဗျတ္တော မေဓာဝီ” ကို။ |
1,324,775 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဗျတ္တော၊ တတ်သိလိမ္မာတဲ့ ပုဂ္ဂိုလ် သည်။ |
1,324,776 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကတော့ ဝိပဿနာရှုနည်းနဲ့ နားလည်ပြီးတော့ ရှုတဲ့ပုဂ္ဂိုလ်။ |
1,324,777 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မေဓာဝီ၊ ဓမ္မောဇ ပညာနဲ့ ပြည့်စုံတယ်ဆိုပြီး။ |
1,324,778 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဓမ္မောဇ ဓမ္မတွေကို သဘောတရားတွေကို ထိုးထွင်း ပြီးတော့ သိတတ်တဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တဲ့၊ သဘောတရားတွေ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိနိုင်တဲ့ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်၊ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ ပြတ်ပြတ်သားသား သိတတ်ပါတယ်၊ အဲဒါက မျက်စိနဲ့ စပ်ပြီးတော့ သိပုံ၊ မြင်တိုင်း မြင်တိုင်း မှတ်ပြီးတော့ တရိပ်ရိပ်... |
1,324,779 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရိတ္တကညေဝ၊ ခါယတိ။ |
1,324,780 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ရိတ္တကညေဝ၊ အနှစ်သာရမှ ကင်းသည်ဖြစ်၍သာလျှင်။ |
1,324,781 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အစတုန်းကတော့ မျက်စိဟာ ဟန်ဟန်ပန်ပန် တင့်တင့် တယ်တယ်ကြီး လှလှပပကြီး၊ ငါပဲငါယောက်ျားပဲ၊ ငါမိန်းမပဲ၊ ငါ့မျက်စိက လှတယ် စသည်ဖြင့် ဟန်ဟန်ပန်ပန်ကြီး ဖြစ်နေတယ်၊ အခု မှတ်တိုင်းမှတ်တိုင်း တရိပ်ရိပ်နဲ့ ပျောက်နေတာ ကလေးတွေချည်း တွေ့ရတော့ ဒီထဲမှာ မြဲတဲ့သဘောလဲ မရှိဘူး၊ ချမ်းသာတဲ့ သဘော၊ တင့်တယ်တဲ့ သဘော၊ လှတဲ့သဘောလဲ မရှိဘူး၊ ငါပဲလို့ ငါ... |
1,324,782 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနှစ်သာရကင်းမဲ့တာနဲ့ အချည်းနှီးဖြစ်တာနဲ့ အတူတူပါပဲ၊ ပါဠိကလဲ ၃-ပုဒ်ရှိလို့ ဘုန်းကြီးကလဲ အနက်ကွဲအောင်လို့ ပေးရတယ်၊ ပါဠိနဲ့က ရိတ္တ နဲ့ တုစ္ဆ ဆိုတာ တပုဒ်ထဲဆိုယင် ရိတ္တ လဲ အချည်းနှီးပဲ၊ တုစ္ဆ လဲ အချည်းနှီးပဲ၊ ဗလာအချည်းနှီး ဘာမှမရှိဘူးလို့ အဓိပ္ပါယ်ရှိပါတယ်၊ ဒီမှာတော့ ကွဲအောင်လို့ ရိတ္တ ဆိုတာကတော့ ဟိုဘက် ဒီဘက် လှီးလိုက် ဖြတ်... |
1,324,783 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညကညေဝ၊ ဆိတ်သည် ဖြစ်၍သာလျှင်။ |
1,324,784 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဆိတ်-ဆိုတာလဲ ခုနက အနှစ်သာရတွေ ဆိတ်နေတာ၊ မြဲတဲ့ အနှစ်သာရလဲ ဒီမှာ ရှာလို့မတွေ့ဘူး၊ ညအခါကာလ လူခြေတွေတိတ် အိပ်နေတဲ့ အခါကာလများမှာ လူသံ သူသံတွေ တိတ်ဆိတ် နေသလိုပဲ၊ ဒီမှာ နှစ်သက်သာယာဖွယ်ဖြစ်တဲ့ မြဲတဲ့ သဘောလဲ အနှစ်သာရ မရှိဘူး၊ တင့်တယ်လှပတဲ့ အနှစ်သာရလဲ မရှိဘူး၊ ပုဂ္ဂိုလ်သတ္တဝါလို့ ခေါ်ရမယ့် အနှစ်သာရလဲ ဒီမှာ မရှိဘူး၊ အတ္တအနှစ်သာ... |
1,324,785 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ခုနက ရွာပျက်ကုန်းကြီး တွေ့တာနဲ့ တူတယ်တဲ့၊ အစကတော့ ရွာကြီးဆိုတော့ ဟန်ကျလိမ့်မလား အောက်မေ့တယ်၊ အတွင်းဝင်ကြည့်တဲ့အခါ လူလဲမရှိ သုံးဆောင် စရာလဲ ဘာမှမရှိ၊ ယူစရာ ကောက်စရာ ဘာမှမရှိလို့ ဘာမှအသုံးမကျတဲ့ ရွာပျက်ကုန်း ပဲလို့ သိရသလိုပဲ၊ မြင်မှုက ရှုတိုင်း ရှုတိုင်းဟာ အဲဒါတွေ့ရပါတယ်။ |
1,324,786 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ထို့အတူ ကြားမှုကလဲ ဒီအတိုင်းပါပဲ၊ မြင်မှုတခုက သဘောပေါက်သွားယင် ဟိုဟာ တွေလဲ သဘောပေါက်ပါတယ်၊ ဒေသနာအစဉ်က မြင်မှုက စပြီးတော့ ဟောထားတော့ ဘုန်းကြီးများကလဲ မြင်မှုက ဟောနေရတယ်၊ ဆရာကြီး တယောက်က ဘုန်းကြီးကို လျှောက်ထား တောင်းပန် ဖူးပါတယ်၊ ဒေသနာ အစဉ်အတိုင်း ဟောယင် လူတွေ သိပ်နားမလည်ဘူးဘုရား တဲ့၊ သိလွယ်တဲ့ နေရာကစပြီး ဟောပါတဲ့၊ ဘုန်... |
1,324,787 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | မြင်မှုက သိနိုင်ခဲ |
1,324,788 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အများအားဖြင့်တော့ မြင်မှုက အခု ဘုန်းကြီးပြောသလို ရှင်းရှင်းလင်းလင်း သိတဲ့ ပုဂ္ဂိုလ်ကတော့ နည်းတယ်၊ ယောဂီပုဂ္ဂိုလ် ရာခိုင်းနှုန်းနဲ့ ဆိုယင် တရာမှာ ငါးဆယ်လောက်၊ တဝက်လောက်ပဲ၊ နည်းနည်းပါးပါး သိပုံပေါ်တယ်၊ များများတော့ သိပုံမပေါ်ဘူး၊ မြင်မှုဟာ ပိုင်ပိုင်နိုင်နိုင် သိခဲတယ်၊ ဘုန်းကြီးများ ပထမစပြီးတော့ ကမ္မဋ္ဌာန်း ပြစဉ်တုန်းက မ... |
1,324,789 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘင်္ဂဉာဏ် ရောက်ခဲ |
1,324,790 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒကာတယောက် ဘုန်းကြီးရဲ့ ဆွေမျိုးထဲကပါပဲ၊ သူတရားအားထုတ်တော့ အစဉ် အတိုင်း ရှုလာတော့ ဘင်္ဂဉာဏ် ရောက်တယ်၊ မြင်တာလေးဆိုယင် မြင်တာလေး လဲပျောက်၊ မှတ်သိတာ လေးလဲပျောက်၊ ကြားတယ်ဆိုယင် ကြားတဲ့ အသံကလေးလဲ ပျောက်၊ ကြားတယ်လို့ မှတ်သိတာကလေးလဲ ပျောက်နေတယ်၊ ကိုယ်ထဲက နာကျင်ကိုက်ခဲတဲ့ ဝေဒနာကလေးတွေ ဖြစ်လာခဲ့လို့ရှိယင် အဲဒီ ဥစ္စာလဲပဲ နာကျင်တ... |
1,324,791 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အပြင်ဘက်က ပေါ်လာတဲ့ အာရုံတွေလဲပဲ နိစ္စ, သုခ, အတ္တ စွဲလမ်းစရာ မရှိဘူး၊ အတွင်းက ရှုနေတဲ့ စိတ်ကလေးလဲပဲ ရှုသိပြီးနေတာလေးလဲ နိစ္စ, သုခ, အတ္တ စွဲလမ်းစရာ မရှိဘူး၊ သူ့အခိုက်အတန့်နဲ့သူ ပျောက်ပြီး တရိပ်ရိပ် ပျောက်နေတာချည်းပဲ တွေ့ရတယ်၊ အဲဒါ ဘင်္ဂဉာဏ် ခေါ်တယ်၊ အင်မတန် အရေးကြီးပါတယ်၊ ဒီဘင်္ဂဉာဏ် ဟာလဲ တော်တော် ရောက်ခဲတယ်။ |
1,324,792 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု ကမ္မဋ္ဌာန်းတွေဆိုတာ အမျိုးမျိုး ဟောနေကြတာ၊ ဟိုက ဟော ဒီကဟောနဲ့ အများကြီးပါပဲ၊ ဟောနေကြတယ်၊ ဒီဉာဏ်က တော်တော် ရောက်ခဲတယ်၊ တချို့ ပုဂ္ဂိုလ်တွေက သူတို့ အကြီးအကျယ် လုပ်ပြီးတော့ စာတွေ ပေတွေနဲ့ ခန့်ခန့်ငြားငြား ကြီး လုပ်ပြီးတော့ ဟောနေကြတယ်၊ ဟောသာ ဟောတာ၊ အဟောသာ ရှိတာ၊ တရားကတော့ ဒီကို ရောက်ဖို့ရာ တော်တော် မလွယ်ဘူး၊ အပြောနဲ့ မ... |
1,324,793 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီဥစ္စာ တချို့ စာတွေပေတွေနဲ့ ထုတ်ပြီးတော့ အကြီးအကျယ်ပါပဲ၊ သူတို့မှ သဘာဝ ကျတယ်၊ ဒိပြင် ပုဂ္ဂိုလ်တွေက နေရာမကျတဲ့ အနေမျိုး တချို့က ရေးလို့သားလို့ ဟောပြောနေတာတွေ တွေ့ရတယ်၊ အော် ဒီပုဂ္ဂိုလ်တွေလဲပဲ သူ့ဟာတွေနဲ့သူ မာန်မာန ကကလေးနဲ့ လုပ်နေတာပဲလို့ ဘုန်းကြီးကတော့ အောက်မေ့တယ်၊ သူတို့ကိုယ်တိုင်လဲ ဒီလို ဖြစ်ပျက်နေတာတွေလဲ တကယ်လဲ တွေ့... |
1,324,794 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရားထူး ရပြီလို့ ထင်နေကြ |
1,324,795 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တချို့ ပုဂ္ဂိုလ်တွေကလဲ အဲဒီနေရာတော့ အဝေးကြီးပါပဲ၊ အာရုံနိမိတ် ကလေးတွေ အမျိုးမျိုး ထင်တာနဲ့ပဲ တရားထူးတွေ ရသွားပြီလို့ ဒီလိုထင်တာလဲ ရှိတယ်၊ အခုနေအခါကာလ တရားပေါ်ရောက်နေတဲ့အနေမျိုး၊ တချို့ကလဲ ရဟန္တာ ဖြစ်နေတဲ့ အနေမျိုးပေါ့လေ၊ သတင်းကြီး ပြီးတော့ ဟောပြော နေတာတွေ ရှိတယ်၊ ဘာမှ သူ့ဥစ္စာ တရားလဲပဲ ထိထိ ရောက်ရောက် ရှိတာ မဟုတ်ဘူး။ |
1,324,796 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝေဒနာ ပျောက်ယင် သောတာပန်လို့ ဟောကြ |
1,324,797 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာရုံကလေးတခု ပျောက်သွားတာနဲ့ ဝေဒနာကလေးတခု ရှုနေယင် ဖြစ်ပေါ်လာတာ ပျောက်သွားတာနဲ့ သောတာပန် ဖြစ်တယ်၊ ဒီလိုလဲ သူတို့ကဟောတာပဲ၊ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေက သဘောကျတယ်၊ ဘာဖြစ်လုံ့တုံးဆိုတော့ သောတာပန်က ဖြစ်လွယ်တာကိုး၊ သူ့ဥစ္စာ ဒါက ဝေဒနာကလေးက၊ ဝေဒနာဆိုတာ မြဲတာမှ မဟုတ်ပဲ၊ ရှုပြီးယင် ပျောက်ရမှာပေါ့၊ ဝေဒနာပျောက်တာက သူ့ဖာသာသူ ပျော... |
1,324,798 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါတွေကလဲ သက်သေခံတွေက ရှိတယ်၊ ကြိုးတွေနဲ့ ဖမ်းထားတာ ရှိတယ်၊ သူတို့ဟောတဲ့ တရားတွေက ပျံ့လို့ သိနေရတယ်၊ အဲဒါ သူ့ဆရာနဲ့ သူ့တပည့်ကတော့ သိပ်သဘောကျနေတယ်၊ တပည့်ကလဲ သောတာပန် ဖြစ်တယ်လို့ ဆုံးဖြတ်ပေးလိုက် ယင် သောတာပန်က တယ်ဖြစ်ချင် ကြတာကိုး။ |
1,324,799 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အသုဘ ထင်လျှင် သကဒါဂါမ်လို့ ဟောကြ |
1,324,800 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တခါ အာရုံနိမိတ်တွေနဲ့ အသုဘနိမိတ် တွေ ထင်ပြန်ပြီ ဆိုလို့ရှိယင် အရိုးစုကြီးတွေ ထင်လိုထင်၊ သူသေကောင်ကြီးတွေ ထင်လိုထင်၊ အပုပ်အပွကြီးတွေ ထင်လိုထင်။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.