id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,324,901 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဒီနဝဉာဏ် ဖြစ်ပုံ |
1,324,902 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဒီနဝ၊ အပြစ် မြင်လာတယ်တဲ့။ |
1,324,903 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာဒီနဝ အပြစ်မြင်တယ်ဆိုတာ အခုဉာဏ်ပဲ။ |
1,324,904 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | “သုညောဂါမော” - သုညော၊ လူဆိတ်သော။ |
1,324,905 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဂါမော၊ ရွာကြီးနဲ့ တူတယ်တဲ့၊ ရွာပျက်ကြီး၊ ရွာပျက်ကုန်းနဲ့ တူတယ်လို့ ဘယ်နေရာက မှတ်မှတ်၊ မျက်စိကမြင်တယ်၊ မှတ်လိုက်လဲ မူလက ထင်တဲ့အတိုင်း မြဲတဲ့သဘောလဲ မရှိ၊ ချမ်းသာတဲ့ သဘော လှပတဲ့ သဘောလဲမရှိ၊ ပုဂ္ဂိုလ် သတ္တဝါလဲ မရှိ၊ ဆိတ်သုဉ်းနေတာ တွေ့ရတယ်၊ နားကကြားတာ မှတ်တော့လဲ ဒီလိုပဲ၊ ဆိတ်သုဉ်းနေတာ တွေ့ရတယ်၊ နှာခေါင်းကလဲ ဆိတ်သုဉ်းနေတာ တွ... |
1,324,906 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ပြီးတော့ စိတ်ကူးစဉ်းစား ကြံစည်တာ မှတ်လိုက်လဲပဲ ဒီမှာမူလတုန်းကတော့ စိတ်ကူးစဉ်းစား ကြံစည်နေတာဟာ တကတည်း မြဲနေတဲ့ ငါကောင်ကြီးလိုပဲ တင့်တယ်နေတယ်လို့ ထင်ရတယ်၊ ကောင်းနေတယ်လို့ ထင်ရတယ်၊ စိတ်ကူးစဉ်းစား နေရတာကို ချမ်းသာနေတယ်လို့ ထင်ရတယ်၊ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ် သတ္တဝါပဲလို့ ထင်ရတယ်၊ အဲဒါတွေဟာ အခုစိတ်ကူးတယ်၊ စဉ်းစားတယ်၊ ကြံစည်တယ်... |
1,324,907 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညောဂါမော၊ ရွာပျက်ကုန်းကြီးနဲ့ တူတာတဲ့၊ အဲဒါ အာဒီနဝဉာဏ်မှာ ဒီလို ထင်တတ်တယ်လို့ ဝိသုဒ္ဓိမဂ်က ပြထားတယ်၊ အာဒီနဝဉာဏ် ဖြစ်ပုံကို ပြတာတဲ့၊ ယောဂီပုဂ္ဂိုလ်တွေ ဉာဏ်ထူးတဲ့ ပုဂ္ဂိုလ်တွေ ဆိုယင် အဲဒီအတိုင်းပဲ တိတိကျကျလေး ထင်တတ်ပါတယ်၊ ဒီအတိုင်း တိတိကျကျ မဟုတ်တောင် ခပ်ဆင်ဆင်တော့ ထင်တတ်တယ်၊ ယောဂီပုဂ္ဂိုလ်က ဒီရောက်လာလို့ရှိယင် တချို့က... |
1,324,908 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တချို့ ဥပမာက ဥပမေယျထက် ခက် |
1,324,909 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တချို့ ဥပမာတွေက ဥပမေယျထက် ခက်နေတယ်၊ မြတ်စွာဘုရား ချီးမွမ်းထားတာတွေ ရှိတယ်၊ မြတ်စွာဘုရား၏ အသံတော်ဟာတဲ့ ကရဝိတ်ငှက်သံ လိုပဲတဲ့၊ သာယာ တယ်လို့ ချီးကျူးထားတယ်၊ ကရဝိတ်ငှက်ကို မကြားဖူးတော့ ခက်နေတာ၊ မကြားဘူး မတွေ့ဖူးတော့ ကရဝိတ်ငှက်က ဘယ့်နှယ်နေမှန်း မသိတော့ ခက်တယ်၊ ပြီးတော့ မြတ်စွာဘုရားရဲ့ ခြေတော်ဟာ ဧဏိဇင်္ဂတဲ့၊ ဧဏီ သားကောင်ရဲ့ ... |
1,324,910 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အခု ရွာပျက်ကုန်းဆိုတာ ရွာပျက်ကုန်းကို ကြားဖူးသိဖူးမှဖြစ်မှာ၊ မတွေ့ဖူးလို့ ရှိယင်တော့ ယောဂီပုဂ္ဂိုလ်က ထင်တတ်မှာ မဟုတ်ဘူး၊ သိဖူးတဲ့ပုဂ္ဂိုလ်ဆိုယင် ထင်မှာပါပဲ၊ မြင်တိုင်း ကြားတိုင်းတွေ မှတ်တော့ ဘယ်ကမှ အနှစ်သာရမရှိပဲနဲ့ မူလတုန်းက ထင်တဲ့အတိုင်း မြဲနေတဲ့ သဘောလဲ ဒီမှာမရှိဘူး၊ အစတုန်းကတော့ မျက်စိရော၊ နားရော၊ နှာခေါင်းရော၊ လှပတ... |
1,324,911 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီလိုထင်ရမှာ အာဒီနဝဉာဏ်၊ အာဒီနဝဉာဏ် ထင်လို့ ပြီးပလား ဆိုတော့ မပြီးသေးပါဘူး၊ နိဗ္ဗိန္ဒ ငြီးငွေ့တာ ရောက်အုံးမယ်၊ ငြီးငွေ့ပြီးယင် လွတ်မြောက်လိုတဲ့ အသိဉာဏ် ဖြစ်ရအုံးမယ်၊ မုဉ္စိတုကမျတာ၊ လွတ်မြောက်လို့ပြီးတော့ အားထုတ် တော့ကို ပဋိသင်္ခါတဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တတွေ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိတဲ့ဉာဏ်တွေ ဖြစ်ရအုံးမယ်၊ ပဋိသ... |
1,324,912 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာရုံ ချုပ်ဆုံးရုံဟာ နိဗ္ဗာန် မဟုတ် |
1,324,913 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာရုံကလေးတခု ချုပ်ဆုံးသွားရုံနဲ့ နိဗ္ဗာန်မြင်တာ မဟုတ်ဘူး၊ ဒါ နိဗ္ဗာန်မှ မဟုတ်ပဲ၊ အာရုံ ချုပ်ဆုံးတာ၊ ချုပ်ဆုံးတာပေါ့၊ ပကတိ အတိုင်းလဲ ချုပ်ဆုံးတာပဲ၊ ခုနက ပြောခဲ့တဲ့အတိုင်း အခု နာနေပေမယ်လို့ တော် တော်ကြာတော့ နာတာ မရှိဘူး၊ တရားအားမထုတ်တဲ့ ပုဂ္ဂိုလ်လဲ ဒါတွေကတော့ ပျောက်နေတာပေါ့၊ ခြင်ကိုက်လို့ ဖြစ်ဖြစ်၊ ဘာကြောင့်ဖြစ်ဖြစ်၊ တနေ... |
1,324,914 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တိုင်း ဝေဒနာလေးတွေ တွေ့လို့ မှတ်ယင်း မှတ်ယင်းနဲ့ အဲဒီ ဝေဒနာ ပျောက်သွားတာနဲ့ နိဗ္ဗာန်ပဲ၊ တရားဆုံးသွားတယ်၊ သောတာပတ္တိမဂ် ရောက်သွားတယ်လို့ တချို့က ဗဟုသုတ မရှိ ဘာမရှိနဲ့ပေါ့လေ၊ အဲဒါတွေကို ပြောဟောနေကြတယ်၊ တချို့ကလဲပဲ အဲဒါတွေကို သဘောကျတယ်၊ ဒါပြတ်ပြတ် သားသား ရှိတယ်လို့ တချို့က ထင်ကြတယ်။ |
1,324,915 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သောတာပန် စသည် ဖြစ်တယ်လို့ မပြော |
1,324,916 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဘုန်းကြီးများ ဒီက ဒီလိုမပြောပဲကိုး၊ ဘယ်သူ သောတာပန် ဖြစ်တယ်လို့ မပြောဘူး၊ သကဒါဂါမ် ဖြစ်တယ်လို့ မပြောဘူး၊ ဘယ်သူအနာဂါမ် ဖြစ်တယ်လို့ မပြောဘူး၊ ဘယ်သူ ရဟန္တာ ဖြစ်မယ်လို့မပြောဘူး၊ ဘာပြုလို့ မပြောသလဲဆိုတော့ မပြော ကောင်းလို့ မပြောတာ၊ မြတ်စွာဘုရား မှတပါး ဘယ်သူမှ ပြောတာမရှိဘူး၊ မြတ်စွာ ဘုရား၏ သာသနာတော်မှာ ရှင်သာရိပုတ္တရာ တောင်မှ ... |
1,324,917 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီသာသနာ့ရိပ်သာက တရားအားထုတ် တာကတော့ တရားအားထုတ် ခိုင်းတာပဲ၊ ရှုမှတ်ခိုင်းတာပဲ၊ ဘာမှမပြောဘူး၊ မပြောကောင်းလို့ မပြောရတဲ့ ဥစ္စာတွေ၊ ပြောကောင်းလို့ ပြောယင်လဲပဲ အဲဒီ ပုဂ္ဂိုလ်တွေကလဲ အဲဒီ ပုဂ္ဂိုလ်တွေဟာ တရားလဲပဲ ဘာမှ ဟုတ်မှာ မဟုတ်သေးပါဘူး၊ အင်မတန် စိတ်ပျက်မယ်၊ အဲဒီ ပုဂ္ဂိုလ်တွေက ဒီမှာ အားထုတ်သွားလို့ နာမ်ရုပ်တောင် ကွဲပြားချင... |
1,324,918 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒီပြင် နေရာကတော့ကို ဒီဥစ္စာတွေက ပြောတာကိုး၊ ဒီဥစ္စာ ဝေဒနာကလေး အခု ချုပ်သွားတာနဲ့ ထဲပဲ သောတာပန် ဖြစ်ပြီလို့ပြော၊ အသုဘကောင် ထင်နေတာနဲ့လဲပဲ သကဒါဂါမ်ဖြစ်ပြီပြော၊ ပြောတာက ကိစ္စမရှိဘူး၊ ကိလေသာ ကင်းမှ၊ ကိလေသာ ကင်းဖို့ရာက အရေးကြီးပါတယ်။ |
1,324,919 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ကိလေသာကင်းမှ အရိယာ |
1,324,920 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အရိယာ ဖြစ်တယ်ဆိုတာ ကိလေသာကင်းမှ၊ ဒီမှာ ကိလေသာတွေက စစ်ဆေးတယ်၊ သောတာပန် ဆိုလို့ရှိယင် သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ ကင်းရမယ်၊ အပါယ်လားကြောင်း ဖြစ်တဲ့ အပါယဂမနီယ ဒုစရိုက် အကုသိုလ် ကံကြီးတွေ ကင်းရမယ်၊ မကင်းဘူးလား ကင်းသလား ဆင်ခြင်ရမယ် မကင်းသေးယင် မဟုတ်သေးဘူးလို့ ဘုန်းကြီးများက ရှင်းရှင်းလင်းလင်း ဒီလိုပဲ ပြောပါတယ်၊ အနာဂါမ်ဖြစ်လို... |
1,324,921 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဉာဏ်စဉ်ဖြစ်ရန် အရေးကြီး |
1,324,922 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒါကြောင့် ဝိပဿနာဉာဏ်တွေဟာ အစဉ်အတိုင်း ဖြစ်ဖို့ အရေးကြီးပါတယ်၊ အောက်ထစ်ဆုံး အားဖြင့် နာမ်ရုပ်ကို ပိုင်းခြား သိဖို့ရာ အရေးကြီးတယ်၊ နောက် ဥဒယဗ္ဗယဉာဏ်နဲ့ အဖြစ်အပျက်သိဖို့ရာ အရေးကြီးတယ်၊ အခုတော့ တချို့က ဖြစ်ပျက် ဆိုပြီးတော့ ရှုနေတယ်၊ အဖြစ်အပျက်လဲ တွေ့တာ မဟုတ်ဘူး၊ သူ့ဟာ ဖြစ်ပျက်ဖြစ်တယ် ဆိုပြီးတော့ ရှုနေတယ်၊ ဖြစ်ပျက် ဖြစ်ပျ... |
1,324,923 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဉာဏ်ထဲဖြစ်ပျက် မြင်အောင်ရှု |
1,324,924 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဖြစ်ပျက် ဆိုရုံနဲ့ကတော့ ပရမတ် မဟုတ်ဘူး၊ ဒီလိုဆိုတဲ့အတိုင်း ပရမတ်ဖြစ်ယင် သူ့ဥစ္စာ လွယ်လွယ်လေးပေါ့၊ ကိုယ်ကဆိုနေယင်း လွယ်လွယ်ကလေး ဖြစ်မှာပေါ့၊ ဆိုရုံနဲ့ မဟုတ်ဘူး၊ ဉာဏ်ထဲမှာကို ပရမတ် သဘောလေး၊ ဝေဒနာဆိုယင် ခံစားတဲ့ သဘောလေး ထင်မှ၊ ဥပမာ နာယင်လဲ နာတဲ့ ဝေဒနာလေး၊ အခိုက်အတန့်အားဖြင့် နာတဲ့ သဘောလေး၊ နာတဲ့ သဘောလေး ကိုယ်ထဲတိုးပြီးတော... |
1,324,925 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဲဒီလိုမဟုတ်ပဲနဲ့ နာတာကို ဖြစ်ပျက်ဖြစ်ပျက် ဆိုနေ၊ နာတာကလဲ ပေါ်တာလဲ မတွေ့ဘူး၊ ပျောက်တာလဲ မတွေ့ဘူး၊ ဒါကတော့ ပါးစပ်က ဖြစ်ပျက်ပဲ၊ ဒီဥစ္စာပညတ် ခေါ်တယ်၊ ဒီဥစ္စာ ပရမတ် မဟုတ်ဘူး၊ အဲဒါ ဒိပြင်ဟာတွေလဲ ဒီလိုချည်းထဲပဲ၊ ရှုယင်းရှုယင်းနဲ့ တခါတည်း ပေါ်လာလိုက် ပျောက်သွားလိုက်၊ ပေါ်လာလိုက် ပျောက်သွားလိုက်၊ ဒါလေးတွေသိမှ အဖြစ် အပျက်ကို တက... |
1,324,926 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အနိစ္စဝိပဿနာ စသည် |
1,324,927 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါတချို့ အနိစ္စ အနိစ္စ ဆိုနေပြန်တယ်၊ ဒါလဲ ပါးစပ် အနိစ္စပဲ၊ တကယ်ဖြစ်ပြီး ပျောက်သွားတာ လေးတွေ့မှ အနိစ္စ တကယ်သိတာ၊ တချို့ ဒုက္ခ, ဒုက္ခ၊ နှုတ်ကတက်နေတယ်၊ နေရာတိုင်း ဒုက္ခ, ဒုက္ခဆိုနေတယ်၊ ဒါက ညည်းနေတာပဲ၊ ဒီဥစ္စာ တကယ်ဒုက္ခ ထင်နေတာ မဟုတ်ဘူး၊ ဒုက္ခ, ဒုက္ခလို့ ညည်းနေတာပဲ ဖြစ်တယ်၊ ဖြစ်ပြီး ပျောက်သွားတဲ့ သဘောကလေးကို သိမှ အဲဒါမှ ဝိ... |
1,324,928 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့် အခု သုညောဂါမော ရွာပျက်ကုန်း ကဲ့သို့ ထင်တာဟာ ဒါက အာဒီနဝ ဉာဏ်မှာ ထင်တယ်တဲ့၊ အဲဒီ အာဒီနဝဉာဏ်နဲ့လဲ မပြီးသေးဘူး၊ အာဒီနဝက အပြစ် မြင်ပြီးတော့ နိဗ္ဗိန္ဒ ငြီးငွေ့တာ၊ ဒီမှာ အပြစ်မြင်မှတော့ ငြီးငွေ့လာတာပါပဲ၊ ငြီးငွေ့ လို့ရှိယင်လဲ လွတ်မြောက်ချင်တဲ့ မုဉ္စိစိတုကမျတာ ဖြစ်တော့တာပါပဲ၊ လွတ်မြောက် ချင်ယင်လဲပဲ လွတ်မြောက်အောင် အာ... |
1,324,929 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒွါရ ၆-ပါး နိဗ္ဗာန် ရောက်ကြောင်းတရား |
1,324,930 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဒါကြောင့် အခု သုညောဂါမောဆိုတဲ့ အပိုဒ်ကလေးတခု သည်ပင်လျှင် နိဗ္ဗာန် ရောက်ကြောင်း တရားပဲလို့ အဋ္ဌကထာက ဖော်ပြထားပါတယ်။ |
1,324,931 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညောဂါမောတိ ဘိက္ခဝေ ဆန္နေတံ အဇ္ဈတ္တိကာနံ အာယတနာနံ အဓိဝစနံ။ |
1,324,932 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညောဂါမောတိဧတံ၊ ဆိတ်သောရွာ, လူဆိတ်သောရွာ,၊ ရွာပျက်ကုန်း ဟူသော ဤ အမည်သည်။ |
1,324,933 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဇ္ဈတ္တိကာနံ၊ ကိုယ်တွင်းသန္တာန်၌ ဖြစ်ကုန်သော။ |
1,324,934 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အာယတနာနံ၊ အာယတနတရားတို့၏။ |
1,324,935 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဝါ၊ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်, စိတ်ဟူသော အာယတန တရားတို့၏။ |
1,324,936 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | သုညဂါမ ရွာပျက်ကုန်း ဆိုတာ အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ကိုယ်တွင်း သန္တာန်က ဖြစ်ပြီးနေတဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ဆိုတဲ့ အာယတန ခြောက်ပါး၊ ဒွါရခြောက်ပါးရဲ့ အမည်ပဲ၊ ရှုတိုင်းရှုတိုင်း မျက်စိကလဲပဲ နိစ္စ, သုခ, အတ္တ, သဘောမရှိ ဆိတ်သုဉ်းနေတာ တွေ့ရမယ်၊ နားကလဲပဲ ဒီလိုစိတ်သုဉ်းနေတာ တွေ့ရမယ်၊ နှာခေါင်းက နံတဲ့အခါ၊ လျှာက အရသာ... |
1,324,937 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | အဇ္ဈတ္တိကာယတန ၆-ပါးနဲ့ ဗာဟိရာယတန ၆-ပါး တွဲဟောဖို့ရာ အဇ္ဈတ္တိကာယတနတွေ ပြောနေရတာနဲ့ပဲ အချိန်က ကုန်သွားပြီ၊ ထပ်ခါထပ်ခါလဲ ဘုန်းကြီးက ပြောရတယ်၊ ဘာပြုလို့တုံးဆို ဗဟုသုတ မရှိတဲ့ ပုဂ္ဂိုလ်တွေ နားလည် အောင်လို့၊ ဗဟုသုတရှိတဲ့ ပုဂ္ဂိုလ်တွေ အတွက်ကတော့ ဘုန်းကြီးပြောနေတာ တော်တော် ပိုလိမ့်မယ်၊ ထပ်ခါထပ်ခါ ပြောနေတာပဲလို့ အောက်မေ့လိမ့်မယ... |
1,324,938 | Uncategorized | အာသီဝိသောပမသုတ် တရားတော် | ဤ အာသီဝိသောပမ သုတ္တန်တရားတော်ကို ရိုသေစွာ နာခံမှတ်သားကြရသော ဓမ္မသဝန ကုသိုလ်ကံစေတနာ၏ အစွမ်း အာနုဘော်တို့ကြောင့် တရားနာ ပရိသတ် အပေါင်း သူတော်ကောင်း တို့သည်၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြ၍ ဤဒေသနာတော်၌ လာသည့် အတိုင်း မြွေကြီး လေးကောင်နှင့်တူသော ဓာတ်ကြီး ၄-ပါးတို့ကိုလည်းကောင်း၊ သူသတ်ကြီး ငါးယောက်နှင့... |
1,324,939 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ၁၃၂၈-ခု၊ ဝါခေါင်လပြည့်နေ့ ဟောကြားတော်မူသည်။ |
1,324,940 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဤဘက်ကမ်းစ သက္ကာယ |
1,324,941 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြွေလေးကောင်ကား(လ) ဤဝယ်ကမ်းစ၊ သက္ကာယမှ။ |
1,324,942 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘေးရန်ထူပြွမ်း ဒီဘက်ကမ်း |
1,324,943 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | မြွေထိန်းယောက်ျား အကျိုးစီးပွါးကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေကပြောကြလို့ ထွက်ပြီး တော့ ပြေးတဲ့အခါမှာ မြွေကြီး ၄-ကောင်က လိုက်တယ်၊ နောက်က ရန်သူကြီး ငါးဦးကလဲ လိုက်တယ်၊ ငယ်ငယ်က အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း ဖြစ်တဲ့ ပုဂ္ဂိုလ်ကလဲပဲ တွေ့ရာသတ်ဖို့ရာ လိုက်တယ်၊ ပြေးနေရာက ရွာပျက်ကုန်း ရောက်တော့ လဲ ဒမြကြီး ၆-ယောက်က ဝင်လာလို့ တခါ... |
1,324,944 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဩရိမံ တီရံ၊ ဤမှာဘက်ကမ်းသည်။ |
1,324,945 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သာသင်္ကံ၊ ရွံရှာဖွယ် ရှိ၏။ |
1,324,946 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သပ္ပဋိဘယံ၊ ကြောက်ဖွယ် ဘေးဘျမ်းနဲ့တကွ ရှိ၏။ |
1,324,947 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီဘက်မှာနေမယ်ဆိုယင် စိုးရိမ်ရတယ်၊ နောက်ကလိုက်လာတဲ့ မြွေကြီးတွေ အနံ့ခံပြီး လိုက်လာ ခဲ့ယင် မီလာလိမ့်မယ်၊ ကိုက်သတ်လိမ့်မယ်၊ ရန်သူကြီးငါးဦးကလဲပဲ ရောက်လာမှာပဲတဲ့၊ ပြီးတော့ ငယ်ပေါင်းကြီးဖော် မိတ်ဆွေရင်းဖြစ်တဲ့သူကလဲပဲ ရောက်လာမှာပဲ၊ ဒမြကြီး ၆-ယောက်ကလဲ လိုက်လာတာ၊ သူတို့လဲ ရောက်လာမှာပဲ၊ ရွာထဲကထွက်ပြေးတော့ ထွက်ပြေးတဲ့ နေရာကို ဦးတ... |
1,324,948 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘေးရန်မသန်း ဟိုဘက်ကမ်း |
1,324,949 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါရိမံ တီရံ၊ ဟိုမှာဘက်ကမ်းသည်။ |
1,324,950 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အပ္ပဋိဘယံ၊ ကြောက်ဖွယ်ဘေးမရှိ၊ ဟိုဘက်ကမ်းမှာတော့ဖြင့်ယင် မူလက သူ့ကို အုပ်စိုးပြီးတော့နေတဲ့ ဘုရင်မင်းမြတ် နယ်ပယ် မဟုတ်ဘူး၊ ဟိုဘက်ကမ်းကတော့ နိုင်ငံတခုလို့ ဆိုရမှာပေါ့လေ၊ လောကအနေနဲ့ပြောလို့ရှိယင် ဥပမာ ဒီဘက်ကမ်းက နိုင်ငံတခု၊ ဟိုဘက်ကမ်းက နိုင်ငံတခု၊ ဒီဘက်ကမ်းက အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ဟိုဘက်ကမ်း ရောက်သွားလို့ရှိယင် နိုင်ငံတခ... |
1,324,951 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကြောင့် အခုနေကာလလဲ တနိုင်ငံနဲ့ တနိုင်ငံနဲ့ဟာ ဒီလိုပဲ အရေးအကြောင်း ရှိတဲ့အခါကျယင် တခြားနိုင်ငံထွက်ပြီး ပြေးတာတွေ ရှိတယ်၊ အဲဒါ ဟိုဘက်ကမ်း ကတော့ ဘေးမရှိတော့ဘူးတဲ့၊ ပထမ အာဏာရှင်မင်းရဲ့ တိုင်းပြည်မဟုတ်လို့တဲ့၊ မြွေကြီးတွေကလဲ သူတို့ မလိုက်နိုင်ဘူးတဲ့၊ ရန်သူကြီး ငါးဦးကလဲ သူတို့ ဟိုဘက်နိုင်ငံကို မဝင်နိုင်ဘူး၊ သူရဲ့ ငယ်ပေါင်း... |
1,324,952 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတော့ ရေပြင်ကျယ်ကြီး ကူးပြီးတော့ ဟိုဘက်သွားဖို့ရာက အရေးကြီးတယ်၊ ကူးပုံကလဲ နောက်မှပြောရမယ်၊ တရား အားထုတ်နေတာဟာလဲ ကူးနေတာပါပဲ၊ အမှန်ကတော့ နောက်မှ အသေးစိတ်ခွဲပြီးတော့ ဟောရမယ်၊ တနေ့ကတော့ ဤမှာဘက်ကမ်းပဲ ဟောရမယ်။ |
1,324,953 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဩရိမံ တီရံ သာသင်္ကံ သပ္ပဋိဘယန္တိ ခေါ ဘိက္ခဝေ၊ သက္ကာယဿေဝံ အဓိဝစနံ။ |
1,324,954 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သာသင်္ကံ၊ ရွံရှာဖွယ်ရှိသော။ |
1,324,955 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သပ္ပဋိဘယံ၊ ကြောက်ဖွယ်ဘေးနှင့် တကွဖြစ်သော။ |
1,324,956 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဩရိမံ တီရံ တိ ခေါ ဧတံ၊ ဤမှာဘက်ကမ်းဟူသော ဤအမည်သည်။ |
1,324,957 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဿ၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်း၏။ |
1,324,958 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယ ဒီဘက်ကမ်းဟာ ဘေးရှိတယ်၊ စိတ်မချရဘူးဆိုတာ တခြားမဟုတ်ဘူး၊ သက္ကာယ၏ အမည်ပဲတဲ့၊ ဒီဘက်ကမ်းမှာ နေတယ်ဆိုတာ သက္ကာယ ရှိနေတာကို ခေါ်တယ်၊ သက္ကာယဆိုတာ ဘာတုံး ဆိုလို့ရှိယင် ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းပါပဲ၊ သက္ကာယ ဆိုတာ။ |
1,324,959 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သန္တော ကာယော သက္ကာယော။ |
1,324,960 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာယော၊ အပေါင်း။ |
1,324,961 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာယဆိုတာ ပါဠိလိုက အပေါင်း ခေါ်တယ်၊ ထင်ရှားရှိတဲ့အပေါင်း၊ အပေါင်းပေမယ်လို့ အခြားတပါးအပေါင်းတွေ မဟုတ်ဘူး၊ ရုပ်အပေါင်း နာမ်အပေါင်း။ |
1,324,962 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | တိရစ္ဆာန်အပေါင်း၊ ဒီလိုအပေါင်းတွေ မဟုတ်ဘူး၊ သစ်ပင်အပေါင်း ဒီလိုဟာတွေ မဟုတ်ဘူး၊ သူက ဒီမှာတော့ ရုပ်နာမ် အပေါင်းတွေတဲ့၊ သဘောတရား အပေါင်းတွေပဲတဲ့၊ သဘောတရား အပေါင်းအစု။ |
1,324,963 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကာယော၊ ရုပ်နာမ်အပေါင်း။ |
1,324,964 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယော၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်း။ |
1,324,965 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယဆိုတာ ထင်ရှားရှိတဲ့ ရုပ်နာမ် အပေါင်းအစုကို ခေါ်သည်တဲ့၊ တကယ်ကို ရှိနေတာ၊ ဒါတွေကတော့ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်း၊ ဒါကြောင့် သံယုတ်ပါဠိတော် စသည်မှာ သက္ကာယလို့ သရုပ်ဖော်ပြီး မြတ်စွာဘုရား ဟောထားတယ်၊ သက္ကာယ တရားက တမျိုး၊ သက္ကာယ ဖြစ်ကြောင်း တရားက တမျိုး၊ သက္ကာယချုပ်ငြိမ်းရာ တရားကတမျိုး၊ သက္ကာယချုပ်ငြိမ်းရာသို့ ရောက်ကြ... |
1,324,966 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယော၊ သက္ကာယဟူသည်။ |
1,324,967 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယော၊ ထင်ရှားရှိသော ရုပ်နာမ်အပေါင်းဟူသည်။ |
1,324,968 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကတမောစ၊ အဘယ်ပါနည်း။ |
1,324,969 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယ သက္ကာယနိရောဓ စသည်ဖြင့် ၄-ချက်ခွဲတဲ့ နေရာမှာ သက္ကာယ ဆိုတာ ဘယ်ဟာလဲ မေးခွန်းထုတ်ပါတယ်။ |
1,324,970 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပဉ္စုပါဒါနက္ခန္ဓာတိ၊ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့ဟူ၍။ |
1,324,971 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပါဒါနက္ခန္ဓာငါးပါးပဲ ဖြစ်ရမယ်၊ သက္ကာယဆိုတာ ဘာလဲ၊ ဥပါဒါနက္ခန္ဓာငါးပါးပဲ၊ ထင်ရှားရှိတဲ့ ရုပ်နာမ် အပေါင်းဆိုတာ ဘယ်ဟာလဲ၊ ဥပါဒါနက္ခန္ဓာငါးပါးပဲလို့ ဖြေရမယ်။ |
1,324,972 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ရူပုပါဒါနက္ခန္ဓဿ၊ ရူပုပါဒါနက္ခန္ဓာ၏။ |
1,324,973 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝေဒနုပါဒါနက္ခန္ဓဿ၊ ဝေဒနုပါဒါနက္ခန္ဓာ၏။ |
1,324,974 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သညုပါဒါနက္ခန္ဓဿ၊ သညုပါဒါနက္ခန္ဓာ၏။ |
1,324,975 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သင်္ခါရုပါဒါနက္ခန္ဓဿ၊ သင်္ခါရုပါဒါနက္ခန္ဓာ၏။ |
1,324,976 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဝိညာဏုပါဒါနက္ခန္ဓဿ၊ ဝိညာဏုပါဒါနက္ခန္ဓာ၏။ |
1,324,977 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပါဒါနက္ခန္ဓာ ငါးပါးဆိုတာ တနေ့က ဟောခဲ့ပြီးသားပါပဲ၊ ရန်သူကြီးငါးဦး ဆိုတာနဲ့ အတူတူပဲ၊ ဘာမှမထူးဘူး၊ အတူတူပဲ၊ ဒီမှာ ပထမတုန်းက “မြွေလေးကောင်ကား၊ လေးပါးဘုတ်ဓာတ်၊ သူသတ်ငါးဖြာ၊ ငါးခန္ဓာနှင့်” ဆိုပြီး တနေ့က ဟောခဲ့ပြီးပြီ၊ အဲဒီခန္ဓာငါးပါးနဲ့ အခုသက္ကာယဆိုတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး အတူတူပါပဲ၊ အရာအားလျော်စွာ မြတ်စွာဘုရားက အမည် အမျိုး... |
1,324,978 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒီတရားတပုဒ်ထဲ ဟိုနေရာတုန်းကတော့ သူသတ်ကြီး ငါးယောက်နဲ့ တူတယ်လို့ ဆိုပြီးတော့ ဥပါဒါနက္ခန္ဓာငါးပါးကို ဟောတယ်၊ ဥပါဒါနက္ခန္ဓာ ငါးပါးဟာ သူသတ်သမားကြီးတွေတဲ့။ |
1,324,979 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခုဒီနေရာရောက်တော့ ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်းနဲ့ ပြောတော့မယ်ဆိုတော့ ဒီဘက်ကမ်းပဲတဲ့၊ သက္ကာယဆိုတာ ဒီဘက်ကမ်း၊ ဥပါဒါနက္ခန္ဓာငါးပါးတဲ့၊ ဥပါဒါနက္ခန္ဓာငါးပါးတွေ ရှိသမျှ ကာလ ပတ်လုံး နိဗ္ဗာန် မဟုတ်သေးဘူး၊ နိဗ္ဗာန်မှာ ဆိုယင် ဥပါဒါနက္ခန္ဓာငါးပါး တရားမရှိဘူး၊ အဲဒီလို ဟိုဘက်နဲ့ ဒီဘက် အလင်းနဲ့ အမှောင်နဲ့ တူတယ်၊ အမှောင်ထဲမှာ အလင်းမရှိဘူ... |
1,324,980 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘေးရန်မသန်း နိဗ္ဗာန် ဟိုဘက်ကမ်း |
1,324,981 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒါကြောင့် ဒီဘက်ကမ်းနဲ့ ဟိုဘက်ကမ်းလေး ၂-ခုစလုံး ပေါင်းပြောမှဖြစ်မယ်။ |
1,324,982 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါရိမံ တီရံ ခေမံ အပ္ပဋိဘယန္တိ ခေါ ဘိက္ခဝေ နိဗ္ဗနဿေတံ အဓိဝစနံ။ |
1,324,983 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | (နှာ-၃၈၃။ ) ဘိက္ခဝေ၊ ရဟန်းတို့။ |
1,324,984 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ခေမံ၊ ဘေးငြိမ်းရာဖြစ်သော။ |
1,324,985 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အပ္ပဋိဘယံ၊ ကြောက်မက်ဖွယ် ဘေးမရှိသော။ |
1,324,986 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ပါရိမံတိရံတိခေါ ဧတံ၊ ဟိုမှာဘက်ကမ်းဟူသော ဤအမည်သည်။ |
1,324,987 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဘေးမရှိတဲ့ ဘေးရန်တွေ ငြိမ်းပြီးတော့နေတဲ့ ဟိုဘက်ကမ်းဆိုတာ တခြားမဟုတ်ဘူး နိဗ္ဗာန်ပဲ၊ နိဗ္ဗာန်ကို ဟိုဘက်ကမ်းလို့ ဒီမှာ ဆိုလိုတယ်တဲ့၊ ဒီတော့ ဒီဘက်ကမ်း ဆိုတာကတော့ ဥပါဒနက္ခန္ဓာငါးပါး သက္ကာယ၊ ဒါဒုက္ခသစ္စာတရားပဲ၊ ဟိုဘက်ကမ်း ဆိုတာက နိဗ္ဗာန်၊ နိရောဓ သစ္စာတရား၊ ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာ ဒီ ၂-ခုပဲ၊ တော်တော် ကြာတော့ မဂ္ဂင်ရှစ်ပါးနဲ... |
1,324,988 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သက္ကာယ - ဥပါဒါနက္ခန္ဓာ |
1,324,989 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းက သက္ကာယ၊ ရုပ်နာမ်အပေါင်း ဆိုတာလဲ ဘာလဲဆိုယင် ဥပါဒါ နက္ခန္ဓာငါးပါး၊ ရှေ့က ပြောခဲ့ပြီ၊ ရုပ် ဥပါဒါနက္ခန္ဓာ, ဝေဒနာဥပါဒါနက္ခန္ဓာ, သညာဥပါဒါနက္ခန္ဓာ, သင်္ခါရဥပါဒါနက္ခန္ဓာ, ဝိညာဉ် ဥပါဒါနက္ခန္ဓာ၊ တနေ့ကပြောခဲ့ပြီ၊ ငါ ငါ့ဥစ္စာစွဲနိုင်တာ ဥပါဒါနက္ခန္ဓာလို့ တနေ့ကပြောခဲ့ပြီ၊ ငါပဲ ငါ့ဥစ္စာပဲလို့ ထင်မြင်စွဲ... |
1,324,990 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | သူတို့ဘယ်မှာ ရှိတာတုံး ဆိုတော့ တကိုယ်လုံးမှာ ရှိနေတယ်၊ မျက်စိက မြင်တဲ့ အခါကာလ မြင်ရာကနေပြီးတော့ ထင်ရှားပေါ်တယ်တဲ့၊ တကိုယ်လုံး ရှိနေပေမယ်လို့ အခါခပ်သိမ်းတော့ ပေါ်နေတာမဟုတ်ဘူး၊ မြင်တဲ့အခါကာလ မြင်ရာကနေ ပေါ်တယ်၊ မြင်မှု၏ တည်ရာဖြစ်တဲ့ မျက်စိ၊ မြင်ရတဲ့အဆင်းက ရုပ်ခန္ဓာပဲ၊ အဲဒီရုပ်ခန္ဓာကိုလဲ ငါလို့လဲ ထင်တယ်၊ ငါ၏ဥစ္စာ လို့လဲ ထင... |
1,324,991 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ကြားရာကလဲ ဒီအတိုင်းပဲ၊ ကြားမှု၏ တည်ရာဖြစ်တဲ့ နားရုပ်နဲ့ ကြားရတဲ့ အသံရုပ်၊ နားနှင့်တကွ တကိုယ်လုံး ငါပဲ၊ နှာခေါင်းနှင့်တကွ တကိုယ်လုံးငါပဲ၊ လျှာနဲ့တကွ တကိုယ်လုံး ငါပဲ၊ တွေ့ထိရာ ဌာနက တွေ့ထိမှုကို ခံယူတဲ့ ကာယပသာဒ ကိုယ်အကြည်ရုပ် ခေါ်တယ်၊ အဲဒီကိုယ်အကြည်နဲ့ တကွ တကိုယ်လုံးဟာ ငါပဲ၊ ဒီလို ထင်နေတာကိုး၊ စိတ်နှလုံးကလဲ ငါပဲ၊ မြင်ရ, က... |
1,324,992 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကြောင့် “ငါ ငါ့ဥစ္စာ၊ စွဲနိုင်တာ၊ ဥပါဒါနက္ခန္ဓာ” ဥပါဒါနက္ခန္ဓာဆိုတာ ငါ ငါ့ဥစ္စာစွဲနိုင်တာ၊ ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာဆိုတာ ငါ ငါ့ဥစ္စာလို့ စွဲနိုင်တဲ့ တရား တွေတဲ့၊ နိစ္စ မြဲတယ်လို့လဲ စွဲတယ်၊ သုခချမ်းသာတယ်၊ ကောင်းတယ်၊ လှပတယ်၊ တင့်တယ် တယ်လို့လဲ စွဲတယ်၊ အတ္တ အသက် ရှင်နေတဲ့ ငါပဲလို့လဲ စွဲတယ်၊ အဲဒီလို စွဲတတ်တဲ့ တရားတွေက... |
1,324,993 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အခု ဝိပဿနာ ရှုနေရတာဟာ ဒါတွေ ရှုနေတာပါပဲ၊ ဒါက ရုပ်ဥပါဒါနက္ခန္ဓာ ကိုပြောတာ၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ နာမ်ခန္ဓာတွေ၊ ဒါတွေလဲပဲ မြင်ရာကြားရာကနေ ထင်ရှားနေတာပဲ၊ မြင်သိမှုထဲမှာ နာမက္ခန္ဓာ ၄-ပါးပါတယ်၊ ဟိုတုန်းက အကျယ်ပြောပြီးပါပြီ၊ မြင်ခါမျှသဘောက ဝိညာဏက္ခန္ဓာ၊ မြင်ရတဲ့အာရုံ အကောင်းအဆိုး လေးတွေ ကောင်းသွားတယ်၊ မကောင်းသွား... |
1,324,994 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီ ဥပါဒါနက္ခန္ဓာ ၅-ပါးတရားတွေဟာ ဒါဟာသက္ကာယပဲ၊ ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းတွေ၊ ဒါတွေကတော့ တကယ်ရှိနေတာ ဟုတ်တယ်၊ တကယ်မရှိတာ မဟုတ်၊ မြင်တဲ့အခါမှာ မျက်စိဟာ တကယ်ကို ရှိတယ်၊ မြင်မှု၏ တည်ရာအနေနဲ့ တကယ်ရှိတယ်၊ မရှိယင် မမြင်နိုင်ဘူး၊ မြင်မှု၏တည်ရာ မျက်စိရုပ် ပျက်နေတဲ့ ပုဂ္ဂိုလ်တွေ မမြင်နိုင်တော့ဘူး၊ မြင်စရာ အဆင်းတွေကလဲ တကယ်ကိ... |
1,324,995 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဒါကြောင့် မျက်စိအဆင်းမြင်သိမှု ဒီ ၃-ခု အတိုချုပ်အားဖြင့် ဒါက ထင်ရှားရှိတဲ့ ရုပ်နာမ်အပေါင်းပဲ၊ အဲဒီရုပ်နာမ်အပေါင်းကို သက္ကာယခေါ်တယ်၊ သက္ကာယကတခြား၊ ဒိဋ္ဌိကတခြား၊ သက္ကာယနဲ့ ဒိဋ္ဌိနဲ့ မတူသေးဘူး၊ သက္ကာယအရပြောရမယ်။ |
1,324,996 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဆောင်ပုဒ်ကလေးဆိုအုံးမယ်။ |
1,324,997 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထင်ရှားရှိနေ၊ ရုပ်နာမ်တွေ၊ မှတ်လေသက္ကာယ။ |
1,324,998 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ထင်ရှားရှိတဲ့ရုပ်တရား နာမ်တရားတွေဟာ သက္ကာယလို့ခေါ်သည်၊ ပါဠိ သ, နဲ့ ကာယနဲ့ ၂-ခု တွဲထားတယ်၊ သ,က ထင်ရှားရှိသည်၊ သန္တ-က သ, ဖြစ်လာတယ်၊ သန္တ-ထင်ရှားရှိသည်၊ သန္တ-က သ,ဖြစ်လာတယ်၊ ကာယနဲ့ပေါင်းလိုက်တော့ သက္ကာယ၊ အိန္ဒိယသီဟိုဠ် အဖတ်နဲ့ ဆိုယင် သထာကာယ လို့ဖတ်ရတယ်၊ ဗမာကတော့ ဗမာအသံနဲ့လိုက်ပြီးတော့ သက်ဖြစ်နေတယ်၊ သန္တာက သတ်ဖြစ်လာတယ်၊ တဝမ... |
1,324,999 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | ဥပါဒါနက္ခန္ဓာကို ဝိပဿနာရှု |
1,325,000 | Uncategorized | အာသီဝိသောပမသုတ် တရားတော်-ဒု | အဲဒီတိုင်းထင်ရှားရှိနေတဲ့ တရားတွေမြင်တာကို ရှုရတယ်၊ ကြားတိုင်း ရှုရတယ်၊ နံတိုင်း, စားတိုင်း, တွေ့ထိတိုင်း, ကွေးဆန့်တိုင်း, လှုပ်ရှားတိုင်း, စိတ်ကူးယဉ် စဉ်းစား ကြံစည်တိုင်း သက္ကာယ တွေချည်းပဲ၊ ဥပါဒါ နက္ခန္ဓာ ငါးပါးတရားတွေပဲ၊ ဒါ ဒုက္ခသစ္စာ တရားတွေချည်းပဲထဲ။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.