id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1,327,101
Uncategorized
အားပေးစကား
တဖြည်း ဖြည်းချင်း တစ်စချင်း ဖြုတ်သွားလိုက်။
1,327,102
Uncategorized
အားပေးစကား
လူ့ဘုံလူ့ဘဝ လည်း တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။
1,327,103
Uncategorized
အားပေးစကား
ဒီ့ထက် ကောင်းတဲ့အပေါ်မှာ ရွှေ့လိုက်စမ်းပါ။
1,327,104
Uncategorized
အားပေးစကား
တွယ်တာမှု တစ်ခုချင်းဖြုတ်
1,327,105
Uncategorized
အားပေးစကား
လူဆိုတာ ပစ္စည်းတွေဝယ်တဲ့အခါ ရွေးတတ်ကြ တယ် မဟုတ်လား၊ ပစ္စည်းသုံးလေးမျိုးတွေ့ရင် ရွေး တယ်။
1,327,106
Uncategorized
အားပေးစကား
ဒါလေးကတော့ ကောင်းသားပဲလို့ ပထမ ရွေးလိုက်တယ်၊ နောက် ဟိုဟာလေးမြင်တော့ ဟိုဟာ လေးက ဒါ့ထက်ကောင်းတယ်လို့ ရွေးလိုက်ပြန်ရော။
1,327,107
Uncategorized
အားပေးစကား
ဒီလိုပြောင်းပြီးတော့ မယူဘူးလား၊ ပစ္စည်းတွေ ပြောင်းပြောင်းပြီးတော့ ယူသလိုပဲ အခုလည်း စိတ် ကလေးကို ပြောင်းပြောင်းပေးတာပေါ့။
1,327,108
Uncategorized
အားပေးစကား
လူ့ဘုံထက် စာတုမဟာရာဇ်နတ်ဘုံက ကောင်း တယ်၊ လူ့ဘုံက အတွယ်အတာတွေကို ဖြုတ်လိုက်ပါ၊ လူပြန်မဖြစ်ချင်စမ်းပါနဲ့၊ နတ်ဖြစ်အောင် ကြိုးစားပါ၊ ဟော- အတွယ်အတာက နတ်ပြည်ဘက် ရောက်သွား ပြီ။
1,327,109
Uncategorized
အားပေးစကား
တစ်ခါ နတ်ပြည်မှာလည်း စာတုမဟာရာဇ်နတ် ထက် တာဝတိံသာက ပိုချမ်းသာတယ်၊ တာဝတိံသာ ပေါ်မှာ အတွယ်လေးကို ရွှေ့လိုက်တယ်၊ တာဝတိံသာ ပေါ်တွယ်တဲ့ အတွယ်လေးကို တာဝတိံသာထက် ပိုကောင်းတဲ့နတ်ဘုံ ယာမာနတ်ဘုံ ရှိတယ်လို့ ယာမာ နတ်ဘုံပေါ် တွယ်တာမှုက ပြောင်းမသွားဘူးလား။
1,327,110
Uncategorized
အားပေးစကား
ပစ္စည်းတွေ ချထားတဲ့အခါမှာ တစ်ခုထက်တစ်ခု ပိုကောင်းတဲ့အပေါ်မှာ စိတ်က ရောက်သွားသလိုပဲ ယာမာကနေ တုသိတာ၊ တုသိတာကနေ နိမ္မာနရတိ၊ နိမ္မာနရတိကနေ ပရနိမ္မိတဝသဝတ္တိ။
1,327,111
Uncategorized
အားပေးစကား
ဟော - နတ်ပြည်ခြောက်ထပ် တစ်ခုချင်း တစ်ခုချင်း ပြောင်းပြောင်းပြီး ကောင်းသည်ထက် ကောင်းတာတွေ ရွေးရွေးသွားလိုက်တာ နောက်ဆုံး ဗြဟ္မာ့ပြည်၊ ဗြဟ္မာ့ပြည်က ပိုကောင်းတာပေါ့၊ ကမ္ဘာ ချီပြီးတော့ အသက်ရှည်တယ်။
1,327,112
Uncategorized
အားပေးစကား
ဗြဟ္မာ့ပြည်က ပိုကောင်း တယ်၊ ဗြဟ္မာ့ပြည်ကိုတွယ်တဲ့ စိတ်ကလေး ပေါ်လာတဲ့ အခါကျတော့ သူ့ကိုလည်း ပြန်ဖြုတ်တယ်၊ ဗြဟ္မာ့ဘုံ ဆိုတာလည်း အသက်ရှည်ပေမယ့်လို့ မခိုင်မြဲဘူး၊ တစ်နေ့ကျရင် ပြောင်းလဲသွားဦးမှာပဲ၊ အပြောင်းအလဲ မရှိတာက သက္ကာယနိရောဓ ခန္ဓာကိုယ်ကြီး လုံးဝ ချုပ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ပဲ။
1,327,113
Uncategorized
အားပေးစကား
အတွယ်အတာတွေ ဖြုတ်ဖြုတ်သွားပြီး နိဗ္ဗာန်ထိအောင် ပို့ပေးလိုက်တယ်။
1,327,114
Uncategorized
အားပေးစကား
အတွယ်လွတ်ရင်
1,327,115
Uncategorized
အားပေးစကား
အဲဒီပုဂ္ဂိုလ်ဟာ တဒင်္ဂ တစ်ခဏအားဖြင့်တော့ နတ်ပြည်ရော ဗြဟ္မာ့ပြည်တွေရော ပထမ လိုချင်လာ တယ်။
1,327,116
Uncategorized
အားပေးစကား
နောက်ဆုံး အဲဒီ လိုချင်မှု တွယ်တာမှုတွေ အားလုံးဖြုတ်ပြီးတော့ ခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ပို့မပစ်လိုက်ဘူးလား။
1,327,117
Uncategorized
အားပေးစကား
ဒီတော့ သူ့စိတ် ကလေးဟာ အတွယ်အတာတွေအားလုံးက လွတ်သွား တယ်၊ အတွယ်အတာလွတ်သွားတဲ့အခါ ရဟန္တာပုဂ္ဂိုလ် ရဲ့ စိတ်ဓာတ်မျိုးလို ဖြစ်သွားပါတယ်လို့ မြတ်စွာ ဘုရားက ဟောတယ်။
1,327,118
Uncategorized
အားပေးစကား
အတွယ်အတာတွေ တဖြည်းဖြည်း ဖြုတ်သွား လိုက်တာ နောက်ဆုံး နိဗ္ဗာန်ထိအောင် ရည်မှန်းချက် ရောက်သွားပြီးတော့ နိဗ္ဗာန်ရောက်ရှိသွားတယ်။
1,327,119
Uncategorized
အားပေးစကား
အဲဒီ တွယ်တာမှုတွေက လွတ်သွားတဲ့ အခုအခြေအနေမျိုးနဲ့ ရဟန္တာပုဂ္ဂိုလ်ရဲ့ ကိလေသာအာသဝေါတွေက လွတ် သွားတဲ့ အခြေအနေမျိုးနဲ့ သွားမတူဘူးလား၊ တူတယ် နော်။
1,327,120
Uncategorized
အားပေးစကား
ရှစ်ပါးသီလဆောက်တည်တဲ့အခါတောင် မြတ်စွာ ဘုရားက “ရဟန္တာပုဂ္ဂိုလ်များသည် သူ့အသက်ကို သတ်ခြင်းမှ ရာသက်ပန် ရှောင်တော်မူကြသည်၊ ငါလည်းပဲ ဒီကနေ့ သူများအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပုဒ်ကို ဆောက်တည်ထားတယ်၊ ဒီကနေ့ ငါလည်း ရဟန္တာလို ကျင့်ရလေပြီ” လို့ ကိုယ့်စိတ်ထဲမှာ နှလုံးသွင်း ဖို့ ဥပေါသထသုတ်မှာ ဟ...
1,327,121
Uncategorized
အားပေးစကား
“အဲဒါလိုပဲ အတွယ်အတာတွေကို တဖြည်းဖြည်း ဖြုတ်သွားလိုက်တာ နောက်ဆုံး နိဗ္ဗာန်ရောက်သွား တယ်။
1,327,122
Uncategorized
အားပေးစကား
အဲဒီနိဗ္ဗာန်ရောက်သည်ထိအောင် တွယ်တာမှု တွေက လွတ်ကင်းသွားတဲ့ စိတ်ဓာတ်လေးရဲ့ အနေ အထားမျိုးလေးဟာ ရဟန္တာပုဂ္ဂိုလ်တွေ ကိလေသာ အာသဝေါတွေက လွတ်သွားတဲ့ အခြေအနေမျိုးလေးနဲ့ သွားတူပါတယ်တဲ့။
1,327,123
Uncategorized
အားပေးစကား
ဒီလိုထိအောင် အားပေးစကား ပြောပြီးတော့ မိတ်ဆွေသင်္ဂဟတွေကို အချင်းချင်း ကူညီ ပေးပါ” လို့ မြတ်စွာဘုရားက သုတ္တန်မှာ ဟောလိုရင်း ဖြစ်တယ်။
1,327,124
Uncategorized
အားပေးစကား
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အင်မတန်အားငယ်နေတဲ့ အချိန်မျိုးမှာ “အားပေး စကား” ပြောရမယ်၊ နောက်ဆုံးနေ့အတွက် အားပေး စကား ပြောသလိုပဲ နေ့စဉ်လည်းပဲ အားပေးစကား ပြောရမှာပဲ၊ နေ့စဉ်နဲ့အမျှလည်း “အိုနေတာ မပူနဲ့၊ နာနေတာလည်း မပူနဲ့၊ သေရမှာလည်း မပူနဲ့၊ ငါ့မှာ ဘာရှိတုန်း၊ ဘုရားကိ...
1,327,125
Uncategorized
အားပေးစကား
အတွယ်အတာတွေကိုလည်း တစ်ခုပြီးတစ်ခု ဖြုတ်နိုင်အောင် ဘယ်ပေါ်မှာ ငါသိပ်တွယ်တာနေ သလဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစား၊ အဘိုးကြီးတွေ အဘွားကြီးတွေဆို မြေးပေါ်တွယ်တာလား၊ မေးကြည့် ပေါ့နော်၊ တွယ်လို့ရှိရင် မတွယ်ဖို့၊ မတွယ်မိအောင် ကိုယ့်ကိုယ်ကို အတွယ်အတာတွေကို တဖြည်းဖြည်း ဖြုတ်ပြီးတော့ နောက်ဆုံး အတွယ်အတာတွေကင်းရာ နိဗ္ဗာန်ချမ်းသာထိအောင် ဦ...
1,327,126
Uncategorized
အားပေးစကား
ဒါကြောင့် တရားချစ်ခင် သူတော်စင် ပရိသတ် တို့သည် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူအပ်တဲ့ ဒီ မဟာနာမသုတ်ထဲမှာလာတဲ့ “အားပေးစကား” ဆိုတဲ့ တရားကို လိုက်နာကျင့်သုံးပြီး အတွယ်အတာတွေ လုံးဝလွတ်မြောက်ကာ နိဗ္ဗာန်ချမ်းသာကို ကိုယ်စီ ကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ နနန
1,327,127
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
မင်းမင်းလေးရဲ့ အားလပ်ချိန် မြို့တစ်မြို့တွင် မင်းမင်းဟုခေါ်သော ကျောင်းသားလေးတစ်ယောက် ရှိသည်။
1,327,128
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
သူသည် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်သူ ဖြစ်၏။
1,327,129
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
သူသည် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ် တက်ပါသည်။
1,327,130
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
နံနက်ခင်းတိုင်း ဘုရားရှိခိုးသည်။
1,327,131
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
မိဘများကို အိမ်မှု ကိစ္စများ ကူညီလုပ်ကိုင်ပေးသည်။
1,327,132
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
နေ့လယ်ပိုင်းတွင် မိသားစုနှင့်အတူ ထမင်းစားပြီး ခဏအနားယူ သည်။
1,327,133
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
အနားယူပြီးသောအခါ မင်းမင်းလေးသည် ခြံထဲတွင် သူ၏အဖေနှင့်အတူ ပန်းပင်ရေလောင်းသည်။
1,327,134
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားသည်။
1,327,135
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
ကစားပြီးသောအခါ မင်းမင်းလေးသည် ရေချိုးပြီး ညနေစာ စားရန်အတွက် မေမေ့အား ကူညီပြင်ဆင်ပေးသည်။
1,327,136
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
ညနေစာ စားပြီးနောက် ကျောင်းသင်ခန်းစာ များကို လေ့လာဖတ်ရှုပြီး မိဘများအား နင်းနှိပ်ပေးသည်။
1,327,137
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
ထို့နောက် မိဘများနှင့်အတူ တီဗွီကြည့်သည်။
1,327,138
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
မင်းမင်းလေးသည် အိပ်ရာမဝင်မီ ဘုရားခန်းသို့ ဝင်ကာ ဘုရားရှိခိုးပြီး မေတ္တာပို့ အမျှဝေသည်။
1,327,139
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
ထို့နောက် မိဘများအား ရှိခိုးကန်တော့ပြီး အိပ်ရာဝင်ပါသည်။
1,327,140
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
မင်းမင်းလေးသည် အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးပြုတတ်သူဖြစ်ရာ ကျောင်းပိတ်ရက်တိုင်း ဗဟုသုတဖြစ်ဖွယ် ပုံပြင်စာအုပ်များ၊ ကာတွန်းစာအုပ်များကို ဖတ်ရှုသည်။
1,327,141
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
နွေရာသီကျောင်းပိတ်ရက်တွင် ပန်းချီသင်တန်းများလည်း တက်ရောက်သည်။
1,327,142
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
ယခုကဲ့သို့ အားလပ်ချိန်တိုင်းကို အကျိုးရှိရှိ အသုံးပြုတတ် သော မင်းမင်းလေးကို မိဘများနှင့် ဆရာများသာမက ပတ်ဝန်းကျင်မှ လူများကပါ ချစ်ခင်ကြလေသည်။
1,327,143
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း
1,327,144
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
။ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်။
1,327,145
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
စာရေးရန် ဆော့ပင်များ။
1,327,146
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍ဒုတိယတန်း၊ သင်ခန်းစာ (၂၉) တွင်သင်ခဲ့ရသော “မောင်လူအေးရဲ့ တစ်နေ့တာ” ဇာတ်လမ်းကို ပြန်လည်ချိတ်ဆက်ပြောပြပါ။
1,327,147
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-မောင်လူအေးလေးက တစ်နေ့တာ ဘာတွေလုပ်သလဲ။
1,327,148
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-သားတို့၊ သမီးတို့ရော တစ်နေ့လုံး ဘာတွေလုပ်သလဲ။
1,327,149
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-သားတို့၊ သမီးတို့ အားတဲ့အချိန်မှာရော ဘာတွေလုပ်သလဲ။
1,327,150
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့၍ စာရွက်ကြီးတစ်ရွက်စီ ဝေပေးပါ။
1,327,151
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍ပြီးနောက် “အားလပ်ချိန်မှာ ဘာတွေလုပ်ကြသလဲ”ဟု မေးပြီး ပေးထားတဲ့စာရွက်ပေါ်တွင် ချရေးကြပါစေ။
1,327,152
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍အုပ်စုအတွင်းက ကလေးများအားလုံး ပါဝင်အောင် ဆရာက တိုက်တွန်းပြောဆိုပါ။
1,327,153
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍ရေးပြီးပါက အုပ်စုကိုယ်စားလှယ်တစ်ဦးမှ အတန်းရှေ့ထွက်၍ မိမိတို့တစ်အုပ်စုလုံး အားလပ်ချိန်တွင် လုပ်သောအလုပ်များကို တစ်ခန်းလုံးကြားအောင် ပြောပါစေ။
1,327,154
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍အုပ်စုတိုင်း ပြောပြီးလျှင် “ကဲ ဟုတ်ပြီ၊ ဒါတွေအားလုံးက သားတို့၊ သမီးတို့အားလပ်ချိန်မှာ လုပ်တဲ့အလုပ်တွေပေါ့။
1,327,155
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ဆရာက နောက်တစ်ချိန်မှာ အားလပ်ချိန်ကို အကျိုးရှိအောင်သုံး တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပြောပြမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံး သတ်ပါ။
1,327,156
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
။ မင်းမင်းလေးရဲ့ အားလပ်ချိန် ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။
1,327,157
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍“ပထမစာသင်ချိန်တုန်းက နောက်တစ်ချိန်မှာ ဘာပြောမယ်လို့ ပြောခဲ့သလဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။
1,327,158
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ထို့နောက် အောက်ပါ မင်းမင်းလေးရဲ့ အားလပ်ချိန် ဇာတ်လမ်းကို ပြောပြပေးပါ။
1,327,159
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မင်းမင်းလေးရဲ့ အားလပ်ချိန်
1,327,160
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ မင်းမင်းဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ရှိတယ်။
1,327,161
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အဲဒီကျောင်းသားလေးက စာအလွန်တော်ပြီး လိမ္မာရေးခြားလည်းရှိတယ်။
1,327,162
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မင်းမင်း ဟာ သူ့ရဲ့ အားလပ်ချိန်တိုင်းကို အကျိုးရှိအောင်သုံးတယ်။
1,327,163
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
တနင်္ဂနွေနေ့ဆိုရင်လည်း ဓမ္မ စကူးလ်ကို အမြဲတက်တယ်။
1,327,164
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မနက်အိပ်ရာထတာနဲ့ ဘုရားခန်းသွားပြီး ဓမ္မစကူးလ်က သင်ပေး တဲ့ဘုရားစာအတိုင်း ဘုရားရှိခိုးတယ်။
1,327,165
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ဖေဖေနဲ့အတူ ခြံထဲကအမှိုက်တွေရှင်းတယ်။
1,327,166
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မေမေနဲ့ အတူ ဈေးလိုက်သွားပြီး ခြင်းတောင်းကူဆွဲပေးတယ်။
1,327,167
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ဈေးကနေ အိမ်ပြန်ရောက်ရင်လည်း မေမေ့ကိုဝိုင်းကူပြီး ကြက်သွန်ခွာပေးတယ်၊ ဟင်းသီးဟင်းရွက်တွေ ရေဆေးပေးတယ်။
1,327,168
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ဟင်း ချက်တော့လည်း မေမေလိုအပ်တာတွေကို ဘေးကနေ ကူညီပေးတယ်။
1,327,169
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ထမင်းဟင်းချက်ပြီးတာနဲ့ ရေချိုးပြီး မိသားစု စုံစုံညီညီနဲ့ ထမင်းဝိုင်းဖွဲ့ စားကြတယ်။
1,327,170
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ထမင်းစားပြီး နေ့လယ်ခင်းမှာတော့ မင်းမင်းလေးဟာ အားရှိအောင် တစ်ရေးတမော အိပ် တယ်။
1,327,171
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အိပ်ရာနိုးတဲ့အချိန်မှာ ဖေဖေနဲ့အတူ ခြံထဲမှာ ပန်းပင်ရေလောင်းတယ်။
1,327,172
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ကျန်းမာရေး အတွက်လည်း သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကစားကြတယ်။
1,327,173
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ကစားပြီးတဲ့အခါ ရေချိုးပြီး တော့ ညစာအတွက် ပြင်ဆင်နေတဲ့မေမေ့ကို ဝိုင်းကူပေးတယ်။
1,327,174
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ညစာထမင်းစားပြီးတာနဲ့ မင်းမင်းလေးက စာတွေဖတ်တယ်။
1,327,175
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အိမ်စာတွေပြီးသွားတာနဲ့ ဖေဖေနဲ့ မေမေကို နင်းပေး၊ နှိပ်ပေးတယ်။
1,327,176
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ပြီးတော့ ဖေဖေ၊ မေမေနဲ့အတူ တီဗွီကြည့်တယ်။
1,327,177
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
ပြီးရင် ဘုရားခန်းဝင်ပြီး ဓမ္မစကူးလ်က သင်ပေးတဲ့အတိုင်း ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတယ်။
1,327,178
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အိပ်ရာဝင်ခါနီးရင် ဖေဖေနဲ့ မေမေ့ကို ရှိခိုးကန်တော့တယ်။
1,327,179
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မင်းမင်းလေးက ညတိုင်း အဲဒါတွေအားလုံး လုပ်ပြီးမှ အိပ်ရာဝင်တယ်။
1,327,180
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
မင်းမင်းလေးဟာ အားလပ်ချိန်တိုင်းကို အကျိုးရှိ အောင် အသုံးချတဲ့ကလေးဆိုတော့ ကျောင်းပိတ်ရက်ဆိုရင် ဗဟုသုတဖြစ်စေတဲ့ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ် စတဲ့ စာတွေလည်း ဖတ်တယ်။
1,327,181
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
နွေရာသီ ကျောင်းရက်ရှည်ပိတ်ရင်လည်း ပန်းချီသင်တန်း တက်တယ်။
1,327,182
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အဲဒီလို အားလပ်ချိန်တိုင်းကို အကျိုးရှိအောင် သုံးတဲ့အတွက် မင်းမင်းလေးကို ဖေဖေ၊ မေမေတို့အပြင် ဆရာ၊ ဆရာမတွေသာမက ပတ်ဝန်းကျင်က လူတွေ ကပါ ချစ်ခင်ကြပါတယ်။
1,327,183
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-ဇာတ်လမ်းထဲက ကျောင်းသားလေးရဲ့ နာမည်က ဘယ်သူလဲ။
1,327,184
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-မင်းမင်းလေးက မနက်အိပ်ရာထရင် ဘာလုပ်လဲ။
1,327,185
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-တနင်္ဂနွေနေ့မှာ ဘယ်ကျောင်းကို သွားတက်သလဲ။
1,327,186
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-မင်းမင်းလေးက မေမေ့ကို ဘာတွေကူညီပေးသလဲ။
1,327,187
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-ဖေဖေ့ကိုရော ဘာတွေကူညီပေးသလဲ။
1,327,188
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-ညအိပ်ရာမဝင်ခင် ဘာတွေလုပ်သလဲ။
1,327,189
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-ကျောင်းပိတ်ရက်တွေမှာ ဘာလုပ်သလဲ။
1,327,190
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-နွေရာသီ ကျောင်းပိတ်ရက်ရှည်ဆိုရင်ရော ဘာသင်တန်း တက်သလဲ။
1,327,191
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-မင်းမင်းလေးကို အားလုံးက ဘာလို့ချစ်ကြတာလဲ။
1,327,192
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
-ကလေးတို့ရော လူကြီးတွေချစ်အောင် ဘယ်လိုနေကြရမလဲ။
1,327,193
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
။ မဲလိပ် (၄) လိပ်။
1,327,194
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍“ကဲ အခုအားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချတဲ့ဇာတ်လမ်းလေးကိုလည်း နားထောင် ပြီးပြီဆိုတော့ ဆရာတို့ တကယ်လက်တွေ့ သရုပ်ဆောင်ကြည့်ကြရအောင်ဟု ပြော၍ ကလေးများကို အုပ်စု (၄) စုဖွဲ့ပါ။
1,327,195
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍“သစ်ပင်စိုက်နေပုံ၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်နေပုံ၊ စာဖတ်နေသောပုံ၊ မေမေ့ ကို ကူညီနေပုံ” စသည့် မဲလိပ် (၄) လိပ်ကို ပြင်ဆင်ထားပါ။
1,327,196
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍အုပ်စုတစ်စုလျှင် မဲလိပ်တစ်လိပ်စီ နှိုက်ပါစေ။
1,327,197
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍မိမိရထားသော မဲလိပ်ခေါင်းစဉ်အတိုင်း သရုပ်ဆောင်ကြရန် အုပ်စုတွင်းဆွေးနွေးချိန် အနည်းငယ်ပေးပါ။
1,327,198
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍ပြီးလျှင် တစ်အုပ်စုစီ ကိုယ်ရထားသောခေါင်းစဉ်အတိုင်း သရုပ်ဆောင်ကြပါစေ။
1,327,199
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
အုပ်စု တစ်စု သရုပ်ဆောင်ပြီးတိုင်း လက်ခုပ်တီး၍ ဂုဏ်ပြုပေးပါ။
1,327,200
ဓမ္မစကူးလ်, ယဉ်ကျေးလိမ္မာ, မြန်မာဘာသာ
အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချခြင်း (ဆရာ)
֍သရုပ်ဆောင်ပြီးသွားပါက ကလေးများကို အုပ်စုအတိုင်းပြန်၍ တန်းစီခိုင်းပြီး “တိုးတိုး ပြောတမ်း ကစားကြမယ်”ဟု ပြောပါ။