id int64 1 1.35M | categories stringclasses 292
values | title stringlengths 4 90 | context stringlengths 1 8.39k |
|---|---|---|---|
1,327,001 | Uncategorized | အားပေးစကား | ကိုယ့်ရဲ့ရင်ထဲ နှလုံးထဲ မှာ ဖြစ်ပေါ်တဲ့၊ ဘုရားပေါ်မှာ နှစ်နှစ်ကာကာကြည်ညို တဲ့ သဒ္ဓါတရား, ပညာနဲ့ကြည်ညိုတဲ့ သဒ္ဓါတရားသည် သာလျှင် ကိုယ့်အတွက် အားကိုးရာအစစ်ဖြစ်တယ်၊ အားကိုးလိုက်ပါတဲ့။ |
1,327,002 | Uncategorized | အားပေးစကား | အဲဒါ အားကိုးထားပြီး “မင်းမှာ ဘုရားကို ကြည်ညိုတဲ့ သဒ္ဓါစိတ်တွေ၊ ပညာနဲ့သိတဲ့သဒ္ဓါစိတ်တွေ ရှိနေတယ်၊ ဒါကြောင့် စိတ်အေးလက်အေးနေ, ဘာမှ မပူနဲ့၊ သေသွားရင် ဒီ့ထက်ကောင်းတဲ့ဘဝရောက်မယ်” လို့၊ ဒီလိုအားမပေးထိုက်ဘူးလား၊ တကယ်အားကိုးတဲ့ အတိုင်းရော မဖြစ်ဘူးလားဆို ဖြစ်တယ်။ |
1,327,003 | Uncategorized | အားပေးစကား | တကယ် အားကိုးတဲ့အတိုင်း ဖြစ်တယ်။ |
1,327,004 | Uncategorized | အားပေးစကား | သံဝေဂ ယူတတ်ပါစေ |
1,327,005 | Uncategorized | အားပေးစကား | ဒီဘဝ ဒီခန္ဓာကိုယ်ကြီးက အသက်အရွယ်ကြီးလာ လို့ ကောင်းတော့တာမှ မဟုတ်တာ၊ လောကလူတွေ ကြည့်လေ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်း တွေက များလာပြီး ကိုယ့်ဘာသာကိုယ်တွက်ကြည့်။ |
1,327,006 | Uncategorized | အားပေးစကား | အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။ |
1,327,007 | Uncategorized | အားပေးစကား | နားကလည်း မကောင်းဘူးတဲ့။ |
1,327,008 | Uncategorized | အားပေးစကား | မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊ မျက်စိလည်း မကောင်းဘူးတဲ့၊ နားကလည်း မကောင်း ဘူးတဲ့၊ ဒူးလည်း မကောင်းဘူးတဲ့၊ မကောင်းတာတွေ များမလာဘူးလား၊ ဒီ့ထက် ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့၊ ကျောက်ကပ်က မကောင်းဘူးတဲ့၊ အသည်းက မကောင်းဘူးတဲ့၊ ကောင်းတာတွေ တစ်ခု မှကို မရှိတော့ဘူး၊ အကောင်းတွေကုန်သွားရင် ဘာဖြစ် မလဲ၊ သေရတော့တာပေါ... |
1,327,009 | Uncategorized | အားပေးစကား | ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်း များလာ တယ်၊ အသက်ကြီးလာရင် အစဆုံး ဝက်သားမတည့် ဘူးတဲ့၊ ဘာဖြစ်လို့လဲ၊ သွေးတိုးရှိလို့၊ သကြား မတည့် ဘူးတဲ့၊ ဘာဖြစ်လို့တုန်း၊ ဆီးချိုရောဂါရှိလို့၊ မတည့်တာ တွေကော များမလာဘူးလား။ |
1,327,010 | Uncategorized | အားပေးစကား | နောက်ဆုံးကျတော့ ဘာနဲ့မှကို မတည့်တော့ဘူးဆိုတဲ့အခါ သုသာန်ရောက် သွားတော့တာပဲ။ |
1,327,011 | Uncategorized | အားပေးစကား | သေချာစဉ်းစားကြည့် - မကောင်းတာတွေကလည်း များလာတယ်၊ မတည့်တာတွေကလည်း များလာတယ်၊ ဒါ သံဝေဂဖြစ်စရာ မကောင်းဘူးလား၊ ငယ်ငယ်တုန်းကတော့ မတည့်တာဆိုတာ မရှိဘူး၊ အကုန်စား၊ မကောင်းတာဆိုလည်း မရှိဘူး အကုန် ကောင်းတယ်၊ ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေ မျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပေါ့။ |
1,327,012 | Uncategorized | အားပေးစကား | တရားဓမ္မနဲ့ တည့်အောင်နေ |
1,327,013 | Uncategorized | အားပေးစကား | ကျန်တာတွေက မကောင်းဘူး၊ ကျန်တာတွေက မတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုန်းဆို တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်။ |
1,327,014 | Uncategorized | အားပေးစကား | မျက်စိ မကောင်းချင်နေ၊ ခါးမကောင်းချင်နေ၊ နားမကောင်း ချင်နေ၊ ကျောက်ကပ် မကောင်းချင်နေ၊ နှလုံးမကောင်း ချင်နေ၊ အသည်း မကောင်းချင်နေ၊ ဘာကောင်းရ မတုန်း? စိတ်ကလေးကောင်းနေဖို့ လိုတယ်၊ ဒီ စိတ် ကလေးကောင်းနေအောင် ဘုရားအပေါ်မှာ နှစ်နှစ် ကာကာ ယုံကြည်တဲ့သဒ္ဓါတရားလေး ကောင်းနေဖို့ လိုတယ်။ |
1,327,015 | Uncategorized | အားပေးစကား | အဲဒီ သဒ္ဓါတရားလေး ကောင်းနေလို့ရှိရင် ... ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။ |
1,327,016 | Uncategorized | အားပေးစကား | ကောင်းလည်း ပစ် ရတာပဲ၊ မကောင်းလည်း ပစ်ရတာပဲ၊ ခန္ဓာကိုယ်ကြီး ဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့သူလည်း ကောင်းတုန်း ပစ်ခဲ့ရတာပဲ၊ အသက်ကြီးမှ သေသွားတဲ့ သူက မကောင်းလို့ ပစ်ခဲ့တယ်ဆိုပေမယ့် အသက် ငယ်တဲ့သူလည်း ကောင်းတုန်း ပစ်ထားခဲ့ရတာပဲ။ |
1,327,017 | Uncategorized | အားပေးစကား | ဒီတော့ ကိုယ်သတိထားရမှာက အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ဆိုတာ ဘာတုန်းဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်ပဲ၊ မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီး နေထားတဲ့စိတ်ဟာ ဘယ်တော့မှ အောက်ကို မရောက် စေဘူး။ |
1,327,018 | Uncategorized | အားပေးစကား | ထောပတ်အိုးခွဲရင် |
1,327,019 | Uncategorized | အားပေးစကား | မဟာနာမ်မင်းကြီးကို မြတ်စွာဘုရားဟောထားတဲ့ သုတ္တန်တစ်ခုမှာ “မဟာနာမ် မပူနဲ့၊ သီလနဲ့ ထုံမွှမ်းထား တဲ့စိတ်၊ သမာဓိစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်၊ ပညာစွမ်းအားတွေနဲ့ ထုံမွှမ်းထားတဲ့စိတ်ဟာ ဘယ် တော့မှ အောက်ကိုမကျစေဘူး၊ ဥပမာ - ထောပတ် အိုးကြီးကို ရေထဲမှာ ခွဲလိုက်မယ်ဆိုရင် အိုးကွဲတွေက အောက်ကျသွားတယ်၊ ထောပတ်တွေကတော့ အပေါ် တက်လာမ... |
1,327,020 | Uncategorized | အားပေးစကား | ဆီအိုးကြီးကို ခွဲလိုက်မယ်ဆိုရင်လည်း အိုးကွဲတွေက အောက်ကို ရောက်သွားပေမယ့် ဆီ ကတော့ ရေပေါ်တက်လာမှာပဲ”။ |
1,327,021 | Uncategorized | အားပေးစကား | ဒီအတိုင်းပဲ ဘုရား ကြည်ညိုစိတ်ကလေးက အပေါ်တက်လာမှာပဲ၊ ဘာမှပူစရာ မရှိဘူး၊ ဒါကြောင့် အားပေးရမယ်။ |
1,327,022 | Uncategorized | အားပေးစကား | “လူ့ပြည်က မကောင်းတဲ့ခန္ဓာကိုယ်ကြီး ကို စွန့်ပြီးတော့ နတ်ပြည်ကိုသွား” လို့ အားပေးတယ် ဆိုတာ မြေအိုးကို ခွဲပြီးတော့ ရွှေအိုးကြီးကို ရယူတာ ပဲတဲ့။ |
1,327,023 | Uncategorized | အားပေးစကား | စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်ကျတော့ မြေအိုးခွဲပြီး တော့ ရွှေအိုးကြီး ရယူသူလိုပဲတဲ့၊ လူတိုင်း မြေအိုးခွဲပစ် ကြမှာချည်းပဲ၊ ရွှေအိုးတော့ ရချင်ကြမှာပေါ့။ |
1,327,024 | Uncategorized | အားပေးစကား | ဒီတော့ လူ့ဘဝကနေ နတ်ဘဝ ရတယ်ဆိုတာ မြေအိုးကွဲကို ပစ်ထားခဲ့ပြီးတော့ ရွှေအိုးကို ရယူတာနဲ့အတူတူပါပဲတဲ့၊ ဒါကြောင့် မိမိနဲ့ ရင်းနှီးတဲ့မိတ်ဆွေသင်္ဂဟတွေ ဆွေမျိုး သားချင်းတွေကို ဒီလိုအားပေးစကားပြောပါတဲ့။ |
1,327,025 | Uncategorized | အားပေးစကား | အားပေးစကား(၂) |
1,327,026 | Uncategorized | အားပေးစကား | နောက်တစ်ခုက “ဓမ္မေ အဝေစ္စပသာဒေန သမန္နာဂတော” တဲ့၊ “ဘာမှအားမငယ်နဲ့၊ မင်းမှာ ဓမ္မ အပေါ်မှာယုံကြည်တဲ့ အသိဉာဏ်သက်ဝင်တဲ့ သဒ္ဓါ တရားတွေ ရှိတယ်၊ ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည် တယ်“၊ မြတ်စွာဘုရားဟောတဲ့တရားသည် ဘယ် တော့မှ လွဲမှားတာ မရှိဘူး၊ ဒါ ဓမ္မရဲ့ဂုဏ်တစ်ခုပဲ။ |
1,327,027 | Uncategorized | အားပေးစကား | သွာက္ခာတော - မြတ်စွာဘုရားဟာ အကျိုးနဲ့ အကြောင်းနဲ့ ဆီလျော်အောင် ဟောထားသည့်အတွက် လွဲလွဲချော်ချော် တစ်ခုမှ မရှိဘူး။ |
1,327,028 | Uncategorized | အားပေးစကား | သန္ဒိဋ္ဌိကော - ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိနိုင်တဲ့တရား ဖြစ်တယ်။ |
1,327,029 | Uncategorized | အားပေးစကား | အကာလိကော - အခုကျင့် အခုရတဲ့တရား ဖြစ်တယ်၊ ဧဟိပဿိကော - ကိုယ့်ရဲ့မိတ်ဆွေသင်္ဂဟတွေကို လာပြီး လုပ်ကြည့်စမ်းပါလို့ ဖိတ်ခေါ်ထိုက်တဲ့ တရားမျိုး ဖြစ်တယ်။ |
1,327,030 | Uncategorized | အားပေးစကား | ဩပနေယျိကော - အခုပဲ စိတ်ထဲမှာ နှလုံးသွင်း အခုပဲ စိတ်ချမ်းသာ သွားစေနိုင်တယ်။ |
1,327,031 | Uncategorized | အားပေးစကား | ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ - ပညာရှိတွေဟာ အသီးသီး ကိုယ်ကျင့်လျှင် ကိုယ်ခံစားရတယ်တဲ့။ |
1,327,032 | Uncategorized | အားပေးစကား | ဘုရား တရားတော်တွေရဲ့ဂုဏ်ရည်တွေကို ဒီလို နှစ်နှစ်ကာကာသိပြီး ယုံကြည်တဲ့ သဒ္ဓါတရားဟာ စိတ်ဓာတ်လေးကို ဖြူစင်စေတယ်တဲ့။ |
1,327,033 | Uncategorized | အားပေးစကား | အဲဒီ ဖြူစင်တဲ့ စိတ်ဓာတ်ကလေးဟာ ခန္ဓာကိုယ်ကြီးက ဘယ်နေရာက မကောင်း ကောင်းကောင်း သူက ကောင်းတဲ့ဘုံကို ယူဆောင်သွားမှာပဲ၊ ဒါကြောင့် အားငယ်စရာ ဘာရှိလဲ၊ ဘာမှမရှိဘူး။ |
1,327,034 | Uncategorized | အားပေးစကား | တစ်ချို့ဆိုရင် ဥပမာ - ခရီးသွားတယ်၊ ဟိုမှာ ဆွေမျိုးအရင်းအချာတွေ ရှိတယ်၊ ဒီအိမ်ကို ပိတ်ထားခဲ့ ပြီးတော့ ဟိုကိုသွားတယ်၊ ဟိုမှာလည်း ကိုယ့်ဆွေမျိုး တွေက ကိုယ့်ကို ကြိုနေမယ်လို့ သိလို့ရှိရင် အားငယ်မှု ဖြစ်ရဲ့လား? မဖြစ်ဘူး၊ ထို့အတူပဲ ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတာ အားငယ်စရာဘာတစ်ခုမှမရှိဘူး။ |
1,327,035 | Uncategorized | အားပေးစကား | မြတ်စွာဘုရားက “ပုညာနိ ပဋိဂ္ဂဏှန္တိ”- “ကုသိုလ် တွေက ကြိုနေကြမှာ” တဲ့။ |
1,327,036 | Uncategorized | အားပေးစကား | ဘယ်ဘုံကိုသွားသွား ကိုယ် လုပ်ထားတဲ့ကုသိုလ်တွေ ကိုယ့်ရင်ထဲနှလုံးထဲ စိတ်ဓာတ် ထဲမှာ ဖြူစင်ပြီးတော့နေတဲ့ ကုသိုလ်တွေက ကိုယ့်ကို ကြိုနေကြမှာတဲ့။ |
1,327,037 | Uncategorized | အားပေးစကား | အဲဒါကြောင့် ဒီလို အားပေးစကား ပြောရမယ်တဲ့။ |
1,327,038 | Uncategorized | အားပေးစကား | “စိန်နားကပ်ကြီး ဘယ်ထားလဲ” လို့တော့ သွား မမေးနဲ့၊ ဒါမျိုးတွေက အခုခေတ်တော့ မေးနေကြတာ ပဲလေ။ |
1,327,039 | Uncategorized | အားပေးစကား | ဘုန်းကြီးတွေ ပျံလွန်တော်မူတာတောင် အေးအေးဆေးဆေး ပျံတော်မမူရဘူး၊ “ကျောင်း ဘယ်သူ့အပ်ခဲ့မှာတုန်း” ဆိုတာက လာသေးတာ၊ ဒီတော့ ဘယ်လိုလုပ် ကောင်းရာသုဂတိရောက်နိုင်မှာ တုန်း။ |
1,327,040 | Uncategorized | အားပေးစကား | စိတ်တွေကို ညစ်နွမ်းသွားအောင် လှုပ်ခြောက် လိုက်သလို မဖြစ်ပေဘူးလား။ |
1,327,041 | Uncategorized | အားပေးစကား | အားပေးစကားပြောရမှာက “ကိုယ့်မှာ အားကိုး စရာတွေ အများကြီးရှိတယ်၊ ဘာမှမပူနဲ့၊ ဓမ္မဟာ တကယ် အားကိုးစရာအစစ် ဖြစ်တယ်”။ |
1,327,042 | Uncategorized | အားပေးစကား | အားပေးစကား(၃) |
1,327,043 | Uncategorized | အားပေးစကား | သံဃေ အဝေစ္စပသာဒ၊ ထို့အတူပဲ အရိယာ သံဃာတွေကို ကြည့်လိုက်၊ သုပ္ပဋိပန္နော - ဘုရား ဟောတဲ့အတိုင်း မှန်မှန်ကန်ကန် ကျင့်နေကြတယ်၊ ဥဇုပ္ပဋိပန္န - ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြတယ်၊ ဉာယပ္ပဋိပန္န - လမ်းစဉ်မှန်မှန်ကျင့်တယ်၊ သာမိစိပ္ပဋိပန္န - ဘယ်တော့မှ လွဲလွဲမှားမှား မကျင့်ဘဲနဲ့ သင့်လျော် အောင်ကျင့်တယ်။ |
1,327,044 | Uncategorized | အားပေးစကား | အကျင့်မှန်ကန်တွေကို ကျင့်ထားသည့်အတွက် ကြောင့်၊ အာဟုနေယျ - အဝေးကပစ္စည်းတွေ ယူလာ ပြီးတော့ ပူဇော်ထိုက်တယ်၊ ပါဟုနေယျ - ဧည့်သည် တွေအတွက် သီးသန့်ထားတဲ့ ပစ္စည်းဥစ္စာတွေနဲ့ ပူဇော် ထိုက်တယ်၊ ဒက္ခိဏေယျ - နောင်ဘဝအကျိုးရဖို့ ရည်စူးလှူထိုက်တယ်၊ အဉ္ဇလိကရဏီယော - လက်အုပ် ချီထိုက်တယ်၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ - လောကရဲ့ ကုသိုလ်ကောင်းမ... |
1,327,045 | Uncategorized | အားပေးစကား | ကုသိုလ်ပင် ပျိုးချင်ရင် သံဃာမှာပဲ ပျိုးရတယ်လို့ ပြောတာနော်။ |
1,327,046 | Uncategorized | အားပေးစကား | အဲဒီလို အားကိုးစရာ သံဃာပေါ်မှာ နှစ်နှစ် ကာကာ ယုံကြည်တဲ့သဒ္ဓါတရား ဖြစ်နေတဲ့အတွက် ပူစရာ မလိုဘူး၊ နှစ်စဉ်နှစ်တိုင်း ဒီမှာ ဝိနည်းစာပြန်ပွဲ ကြီးတွေ ကျင်းပနေတယ်၊ ဝိနည်းပြန်ဆိုနေကြတဲ့ သံဃာတွေကို လှူမယ်တန်းမယ်၊ လက်အုပ်လေး တစ်ကြိမ် ချီလိုက်မယ်၊ ဖျော်ရည်လေးတစ်ခွက် တိုက်မယ်၊ ရေလေးတစ်ခွက် တိုက်မယ်ဆိုရင် ကုသိုလ်တွေ မရဘူးလား၊ အများက... |
1,327,047 | Uncategorized | အားပေးစကား | ဒီလို သံဃာကိုကြည်ညိုတဲ့ သံဃအဝေစ္စပသာဒ ဆိုတဲ့ ပညာနဲ့သဒ္ဓါတရားတွေ၊ ပညာနဲ့အသိရှိရှိယုံကြည် တဲ့ သဒ္ဓါတရားတွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ ရှိနေလို့ ဘာမှမပူနဲ့လို့ အားပေးစကားပြောပါတဲ့။ |
1,327,048 | Uncategorized | အားပေးစကား | မရှိသေးရင် ရှိအောင်လုပ်ပေးရမယ်၊ ပိုက်ဆံလို အကြာကြီးစုဆောင်းပြီး လုပ်နေရတာ မဟုတ်ဘူး၊ ကုသိုလ်စိတ်ဆိုတာ အခုဖြစ် အခုရတာ မဟုတ်ဘူး လား၊ အခုနှလုံးသွင်းလိုက်ရင် အခုစိတ်ထဲမှာ ကုသိုလ် ဖြစ်တာပဲလေ။ |
1,327,049 | Uncategorized | အားပေးစကား | မဋ္ဌကုဏ္ဍလီဆိုတာ ဘုရားကို မြင်မြင်ချင်းပဲ ကြည်ညိုတဲ့သဒ္ဓါလေး ဖြစ်လိုက်တာပဲလေ၊ ဖြစ်တာနဲ့ပဲ အဲဒီစိတ်လေးက နတ်ပြည်ပို့လိုက်တာ၊ ဖားသတ္တဝါလေး ကလည်း မြတ်စွာဘုရားရဲ့အသံတော် ကြားလိုက်တာနဲ့ ကြည်နူးတာ၊ ကြည်နူးတဲ့စိတ်ကလေးက နတ်ပြည်ကို ပို့လိုက်တာ၊ အဲဒီလို အားကိုးစရာတွေ တကယ်လည်း အားကိုးထိုက်တဲ့အရာတွေ ကိုယ့်သန္တာန်မှာ ရှိနေတယ် ဆိုတာ ... |
1,327,050 | Uncategorized | အားပေးစကား | အားပေးစကား(၄) |
1,327,051 | Uncategorized | အားပေးစကား | နောက်တစ်ခု အားပေးစကားက “ဘာမှမပူနဲ့၊ စိတ်ထဲမှာ အားတင်းထား၊ မင်းမှာ ကိုယ်ကျင့်တရား တွေရှိတယ်၊ မင်းဘယ်တော့မှ ငါးပါးသီလ မဖောက် ဖျက်ဘူး၊ လုံခြုံတယ်၊ ဟိုတုန်းက မလုံခြုံလျှင်လည်း အခု ဆောက်တည်လိုက်၊ အခု လုံခြုံသွားပြီ၊ ဟိုတုန်းက မလုံခဲ့ပေမယ့် အခုအိပ်ယာထဲ လဲနေတဲ့အချိန်မှာ ငါးပါး သီလ ဖောက်ဖျက်တာ ရှိသေးလား၊ ကိုယ့်မှာ သေငယ် ဇောနဲ့... |
1,327,052 | Uncategorized | အားပေးစကား | ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ ဆိုတဲ့ ဒီကံငါးပါးက လုံခြုံပြီး တော့ သီလဖြူစင်နေတယ်၊ အခုဆောက်တည် အခု ဖြူစင်နေတာ၊ မကောင်းတာတွေ ဘယ်လိုပဲလုပ်ခဲ့ လုပ်ခဲ့ ကောင်းတာတွေလုပ်တဲ့အချိန်ကစပြီး နှလုံးသွင်း လိုက်မယ်ဆိုရင် စိတ်ဟာကြည်နူးဖွယ်ဖြစ်တယ်။ |
1,327,053 | Uncategorized | အားပေးစကား | ကိုယ့်သီလလေးကို ကိုယ်အာရုံပြု၊ တစ်ကြိမ် တစ်ခါတုန်းက ငါးပါးသီလကို ချိုးဖောက်ခဲ့ပေမယ့် ဒီအချိန်မှာ မချိုးဖောက်ဘူးလို့ နှလုံးသွင်းလိုက်မယ် ဆိုရင် နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း ကုသိုလ်က ဖြစ်လာတာ။ |
1,327,054 | Uncategorized | အားပေးစကား | ရှင်အင်္ဂုလိမာလကြီးကို မြတ်စွာဘုရားက အင်္ဂုလိမာလပရိတ်ကို ဟောတဲ့အခါမှာ “ယတော'ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ” အရိယာဇာတ် ဖြစ်တဲ့ ရဟန်းဘဝရလာတဲ့အချိန်ကစပြီး သေစေလိုတဲ့ စိတ်နဲ့ ဘယ်သတ္တဝါမှ မသတ်ပါဘူးလို့ပြောတာ။ |
1,327,055 | Uncategorized | အားပေးစကား | အရင်တုန်းက သတ်လိုက်တာ တကယ့်လူသတ် သမားကြီးပဲ၊ ပြီးခဲ့တာတွေကို ပြန်မတွေးနဲ့၊ ရဟန်း ဖြစ်တဲ့နေ့ကစပြီး ဘယ်သူ့မှ မသတ်တော့ဘူးဆိုတာမျိုး လိုပဲ။ |
1,327,056 | Uncategorized | အားပေးစကား | သီလဟာအခုဆောက်တည်ရင် ဆောက်တည်တဲ့ အချိန်ကစပြီး “ငါ ငါးပါးသီလုံတယ်“လို့ စိတ်ထဲမှာ ထား၊ အားတင်း၊ အရိယာတွေ မြတ်မြတ်နိုးနိုး စောင့်ထိန်းတဲ့ ဒီ ငါးပါးသီလ ပြည့်ပြည့်စုံစုံ ကျင့်ကြံ ကြိုးကုတ် အားထုတ်ပါ၊ သီလရှိနေသည့်အတွက် ကြောင့် ဘာမှမပူနဲ့ အားတင်းထား၊ အဲဒီလို အားပေး စကား ပြောရမယ်။ |
1,327,057 | Uncategorized | အားပေးစကား | ဒါဆိုရင် နေမကောင်းသူတစ်ယောက် စိတ် ကလေး ကြည်နူးမသွားဘူးလား၊ သူ့မှာ အားကိုးစရာ တွေ ရှိတယ်ပေါ့၊ ဘုရားပေါ်မှာ ကြည်ညိုတဲ့ သဒ္ဓါ တရားရှိတယ်၊ တရားပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရား ရှိတယ်၊ သံဃာပေါ်မှာ ကြည်ညိုတဲ့သဒ္ဓါတရားရှိတယ်၊ ငါးပါးသီလကို မြတ်မြတ်နိုးနိုး စောင့်ထိန်းထားတာ ရှိတယ်၊ တကယ်အားကိုးစရာတွေ မဟုတ်လား၊ ဒါက အားပေးစကားပြောတာ၊ ဒ... |
1,327,058 | Uncategorized | အားပေးစကား | တွယ်တာမှုကင်းစေရန် |
1,327,059 | Uncategorized | အားပေးစကား | ဆက်ပြီး သူ့ကိုပြော၊ လူတွေဆိုတာ အတွယ် အတာလေးတွေ ရှိတတ်တယ်၊ ဥပမာ - မိဘတွေဆိုရင် သားသမီးအပေါ်မှာ တွယ်တာတယ်၊ အိမ်ထောင်ဦးစီး တွေဆိုရင် သားမယားတွေပေါ်မှာ တွယ်တာမယ်။ |
1,327,060 | Uncategorized | အားပေးစကား | ဒီတော့ (၁) မိဘတွေပေါ်မှာ တွယ်တာတဲ့စိတ် ရှိသေးလား မရှိဘူးလား၊ မေး၊ ရှိနေသေးရင် အဲဒီ တွယ်တာတဲ့စိတ် မထားပါနဲ့၊ သတ္တဝါဆိုတာ ကိုယ့် ကံနဲ့ကိုယ်လာတာ၊ တွယ်တာပြီးနေလည်း သေမှာပဲ၊ မတွယ်တာဘဲနေလည်း သေမှာပဲ၊ သေမှာ အတူတူ တော့ တွယ်မနေပါနဲ့လို့ ပြောရမယ်။ |
1,327,061 | Uncategorized | အားပေးစကား | ဒါပေမယ့် ခုခေတ် အဲဒီလိုပြောရင် ရန်လုပ်နေ မလား မသိဘူးနော်၊ မိဘပေါ်မှာ တွယ်တာတဲ့စိတ် ရှိလည်း သေမှာပဲ၊ မိဘပေါ်မှာ တွယ်တာတဲ့စိတ် မရှိ လည်း သေမှာပဲ၊ သေမယ့်အတူတူတော့ ဘယ်သူ့ပေါ်မှာမှ မတွယ်တာပါနဲ့လို့ ပြောပါတဲ့။ |
1,327,062 | Uncategorized | အားပေးစကား | ဒါ ဆက်ပြီးတော့ ပြောရမယ့် စကားတစ်ခုနော်။ |
1,327,063 | Uncategorized | အားပေးစကား | နောက်တစ်ခုက (၂) သားမယားတွေပေါ်မှာ တွယ်တာတဲ့စိတ် ရှိသလားလို့မေး၊ မေးတဲ့အခါ ရှိတယ် ဆိုရင်လည်းပြော၊ တွယ်တာတဲ့စိတ်ရှိလည်း သေမှာပဲ၊ တွယ်တာတဲ့စိတ်မရှိလည်း သေမှာပဲ၊ သေမည့်အတူတူ တော့ ဘယ်သူ့အပေါ်မှ မတွယ်နဲ့၊ အားလုံး လွတ်လွတ် ကျွတ်ကျွတ် စိတ်ကိုလွှတ်လိုက်ပါလို့ပြော။ |
1,327,064 | Uncategorized | အားပေးစကား | စိတ်ရဲ့ အတွယ်အတာက တော်တော်ဆိုးတယ်၊ စိတ်တွယ်တာမှုကြောင့် ဒုက္ခရောက်တယ်၊ မြန်မာတွေ ကလည်း ပြောတတ်တယ်လေ၊ ခုနစ်ရက်တိတိ အိမ် ပေါ်ကမဆင်းဘူးလို့ ပြောကြတယ်။ |
1,327,065 | Uncategorized | အားပေးစကား | သေသူက မဆင်း ဘူးလို့၊ မကျွတ်ဘူးလို့ ဘာလို့ လျှောက်ပြောကြတာပဲ၊ ဒါ အတွယ်အတာရှိရင်တော့ ဖြစ်တတ်တယ်။ |
1,327,066 | Uncategorized | အားပေးစကား | လူတိုင်း မဆင်းတာတော့ မဟုတ်ဘူး၊ မကောင်း တဲ့ အကုသိုလ်တွေ သိပ်များတဲ့သူကျ တစ်ခါတည်း ဆင်းသွားတာပဲ၊ ဒကာကြီးတစ်ယောက် ပြောတာလိုပဲ၊ သူက အမြဲတမ်း မုဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေ၊ သူက ဘာပြောတုန်းဆိုရင် သူသေလို့ရှိရင် တွင်းတူးပြီး မမြှုပ်နဲ့၊ မြေကြီးပေါ် ဒီတိုင်း မှောက်ချထားလိုက်၊ သူ့ဘာသူ ယက်ဝင်သွားပါ့မယ်လို့ ပြောတယ်။ |
1,327,067 | Uncategorized | အားပေးစကား | သူက အကုသိုလ်တွေလုပ်နေတော့ သူသေရင် အောက်ပဲ သွားမှာပဲလို့ ပြောတဲ့သဘောပဲ။ |
1,327,068 | Uncategorized | အားပေးစကား | မိုက်တဲ့သူကလည်း အဲဒီလောက်ထိအောင် မိုက်သွားတာနော်၊ ပြင်ဖို့ မစဉ်းစားဘူး၊ မြေကြီးထဲ ယက်ဝင်သွားမယ်တဲ့။ |
1,327,069 | Uncategorized | အားပေးစကား | ဒီတော့ တွယ်တာမှုတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းပြီးတော့ သွားရမယ်။ |
1,327,070 | Uncategorized | အားပေးစကား | မိဘပေါ် တွယ်တာ သလား၊ မိဘအပေါ် အတွယ်အတာကို ဖြုတ်ရမယ်။ |
1,327,071 | Uncategorized | အားပေးစကား | သားမယားအပေါ် တွယ်တာရင်လည်း တွယ်တာမှု မရှိအောင် ဖြုတ်ရမယ်။ |
1,327,072 | Uncategorized | အားပေးစကား | (၃) ပစ္စည်းဥစ္စာတွေ တွယ်တာသလား၊ တွယ်တာ မှုကို ဖြုတ်ရမယ်၊ တစ်ခုချင်း တစ်ခုချင်း ဖြုတ်သွား ရမယ်၊ ဖြုတ်ကို ဖြုတ်ရမယ်၊ တွယ်တာမှုဆိုတာ အလွန် ဆိုးတယ်နော်။ |
1,327,073 | Uncategorized | အားပေးစကား | တိဿရဟန်း တိဿဆိုတဲ့ရဟန်းတစ်ပါးအကြောင်း အားလုံး ကြားဖူးနေကြတာပဲ။ |
1,327,074 | Uncategorized | အားပေးစကား | သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်ပြီးတော့ ပေးလိုက်တဲ့သင်္ကန်းလေး မဝတ်ရက်သေးလို့ မနက်ကျတော့မှ ဝတ်မယ်ဆိုပြီး အားတင်းထားတာ ညကျတော့ အစာမကြေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ |
1,327,075 | Uncategorized | အားပေးစကား | ဒီ သင်္ကန်းလေးအပေါ်မှာ တွယ်တာပြီးတော့ သန်းဖြစ်နေတယ်။ |
1,327,076 | Uncategorized | အားပေးစကား | တွယ်တာမှုဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကြည့်၊ သီလရှိတဲ့ ရဟန်းနော်၊ တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေတဲ့ရဟန်း၊ သို့သော် သင်္ကန်း လေးပေါ်မှာ သွားပြီး တွယ်တာမိသည့်အတွက် သန်း သွားဖြစ်တယ်။ |
1,327,077 | Uncategorized | အားပေးစကား | ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူလို့ရှိရင် အဲဒီ ဘုန်းကြီးပိုင်တဲ့ပစ္စည်းကို မတသန္တက လို့ခေါ်တယ်၊ သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းသည် သံဃိကဖြစ်တယ်၊ သံဃာ တွေအားလုံး ပိုင်ဆိုင်တယ်၊ သံဃာတွေက တိဿ ရဟန်းတော့ ပျံလွန်တော်မူသွားပြီ၊ သူ့သင်္ကန်းလေး ကျန်ရစ်တယ်၊ အဲဒီသင်္ကန်းကို ဝေဘန္တိက ပြုမယ် ဆိုတော့ အဲဒီသန်းက စိတ်ဆိုးလိုက်တာ၊ “ငါ့သင်္ကန်း ဘ... |
1,327,078 | Uncategorized | အားပေးစကား | ကြည့်- တွယ်တာတာကို အကြောင်းပြုပြီး ဒေါသပါ ဖြစ်လာတာ။ |
1,327,079 | Uncategorized | အားပေးစကား | အဲဒါကို မြတ်စွာဘုရားကကြားလို့ “အဲဒီသင်္ကန်းကို မခွဲဝေကြနဲ့ဦး၊ ခုနစ်ရက်ထားလိုက်ဦး“လို့ မိန့်တယ်။ |
1,327,080 | Uncategorized | အားပေးစကား | သူက ခုနစ်ရက်ပဲ အသက်ရှည်မှာကို ဘုရားကသိတယ်၊ ခုနစ်ရက်ဆိုတော့ သူ့သင်္ကန်းလေးပေါ်မှာ သူ အေးအေးဆေးဆေး နေရပြီး ခုနစ်ရက်ပြည့်တဲ့အခါ သက်တမ်းစေ့တော့ သေပြီး အေးအေးဆေးဆေး အတွယ်အတာလွတ်တဲ့ တာဝတိံသာနတ်ပြည် ရောက် သွားတယ်၊ သူ့ရဲ့ သီလစွမ်းအားကြောင့် တာဝတိံသာ ရောက်သွားတယ်။ |
1,327,081 | Uncategorized | အားပေးစကား | တွယ်တာမှုက သီလထက် အရင်လက်ဦးသွားပြီး သန်းဘဝ ရောက်သွားတာ ကြောက်စရာ အလွန် ကောင်းတယ်၊ ဒါကြောင့် အတွယ်အတာ မထားပါနဲ့လို့ ပြောပေးရမယ်၊ မတွယ်စေနဲ့နော်၊ တွယ်ရင် အိမ်ပေါ် က မဆင်းဘူးဆိုတာ ဟုတ်မယ်။ |
1,327,082 | Uncategorized | အားပေးစကား | ပစ္စည်းလည်း မတွယ် စေနဲ့၊ ဘာမှမတွယ်ရဘူး၊ ကိုယ့်ကိုယ်ကိုလည်း မတွယ် အောင် သတိထားရမယ်။ |
1,327,083 | Uncategorized | အားပေးစကား | တွယ်တာမှုဆိုတဲ့ နိကန္တိ ဆိုတာ အလွန်ဆိုးတယ်၊ အတွယ်ရှိရင် သောတာပန် ပုဂ္ဂိုလ် ဖြစ်ဦးတော့ ဟိုအထက် မရောက်နိုင်ဘူး၊ တွယ်တယ်ဆိုတာ ဆွဲထားတာပဲလေ၊ ဆွဲထားရင် ဒီနေရာပဲ ပြန်လာမှာပေါ့။ |
1,327,084 | Uncategorized | အားပေးစကား | (၄) ဖြစ်ရာ(ဘဝ) ကိုလည်း မတွယ်ပါနဲ့တဲ့၊ ဗိမ္ဗိသာရမင်းကြီးဆိုတာ လူတွေ ကြားဖူးနေတာပဲ၊ ဗိမ္ဗိသာရမင်းကြီးဟာ ပထမဆုံးအကြိမ် ဘုရားကြွလာတဲ့ အချိန် တွေ့တွေ့ချင်း တရားဓမ္မနာပြီး သောတာပန် ဖြစ်သွားတယ်၊ ဝေဠုဝန်ဥယျာဉ်ကြီးနဲ့ ကျောင်းတော်ကြီး ကို လှူဒါန်းသူဖြစ်တယ်၊ မြတ်စွာဘုရားကို ရာသက်ပန် ကိုးကွယ် ဆည်းကပ်သွားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ |
1,327,085 | Uncategorized | အားပေးစကား | ကံ မကောင်း အကြောင်းမလှလို့ နောက်ဆုံးမှာ ထောင် သွင်း အကျဉ်းချခံပြီး ထောင်အတွင်းမှာ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတယ်။ |
1,327,086 | Uncategorized | အားပေးစကား | သောတာပန်ဖြစ်နေသည့် အတွက် လုပ်ကြံသတ်ဖြတ်မှုကြောင့် သူ့မှာသောကတွေ ဒုက္ခတွေဖြစ်ပေမယ့် အပါယ်ကျလောက်အောင် မဖြစ် ဘူး။ |
1,327,087 | Uncategorized | အားပေးစကား | သူသေတော့ စာတုမဟာရာဇ် နတ်ပြည်က ဝေသာဝဏ်နတ်မင်းကြီးရဲ့ အခြံအရံ နတ်ဘီလူးကြီး ထဲမှာ သွားဖြစ်တယ်၊ အောက်တန်းကျတယ်ပေါ့။ |
1,327,088 | Uncategorized | အားပေးစကား | စာတုမဟာရာဇ်နတ်ဘုံဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အောက်ဆုံး နတ်ဘုံ။ |
1,327,089 | Uncategorized | အားပေးစကား | အဲဒီနတ်ဘုံတောင်မှ လူတုန်းက လူမင်းဖြစ်ပါလျက်သားနဲ့ နတ်ပြည်မှာကျတော့ နတ်မင်း မဖြစ်ဘဲ နတ်မင်းရဲ့အစေအပါး သွားဖြစ်တယ်လေ။ |
1,327,090 | Uncategorized | အားပေးစကား | သူ့နာမည် ဇနဝသဘ လို့ ခေါ်တယ်။ |
1,327,091 | Uncategorized | အားပေးစကား | အာဠဝကတို့ ပုဏ္ဏကတို့နဲ့ တစ်တန်းတည်း နတ်ဘီလူးစစ်သူကြီး သွားဖြစ်တယ်။ |
1,327,092 | Uncategorized | အားပေးစကား | ဘာဖြစ်လို့ ဒီလိုဖြစ်ရတာတုန်းဆိုရင် အဲဒီဘဝကို သူက တွယ်တာလို့၊ အရင်တုန်းကလည်း အဲဒီဘဝမှာ ခုနစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။ |
1,327,093 | Uncategorized | အားပေးစကား | အဲဒီ ဖြစ်ခဲ့ဖူးတဲ့နေရာကို စိတ်ကပြန်ညွှတ်တာ၊ သူက အထက်နတ်ပြည်တွေမှာ ဖြစ်နိုင်လျက်နဲ့ သေခါနီးဖြစ်တဲ့ တွယ်တာမှုကြောင့် အထက်နတ်ပြည်တွေမှာ မဖြစ်ဘဲနဲ့ အောက်နတ်ပြည် မှာပဲ ပြန်ဖြစ်ရတယ်။ |
1,327,094 | Uncategorized | အားပေးစကား | လူဆိုတာက အတွယ်အတာရှိတဲ့နေရာ ပြန်ပြန် ပြီးတော့ မွေးတတ်တယ်နော် သတိထား။ |
1,327,095 | Uncategorized | အားပေးစကား | ဥက္ကံနေတဲ့ သူကလည်း ကြည့်ရတာ ဥက္ကံပဲ တွယ်မယ်ထင်တယ်၊ တွယ်ရင်တော့ ဒီပဲပြန်ဖြစ်ဖို့ များတာပေါ့၊ အတွယ် အတာ ရှိနေရင် အဲဒီမှာပဲ ပြန်ဖြစ်တတ်တယ်နော်။ |
1,327,096 | Uncategorized | အားပေးစကား | အကုသိုလ်ကြီးကြီး မရှိဘူးဆိုရင်, ကုသိုလ်ကလည်း ကြီးကြီးမရှိဘူးဆိုရင် အဲဒီမှာပဲ ပြန်ဖြစ်တတ်တယ်၊ ဒါ အတွယ်အတာရဲ့သဘော။ |
1,327,097 | Uncategorized | အားပေးစကား | ဒါကြောင့် အတွယ်အတာကို တစ်ခုချင်း တစ်ခုချင်း ဖြုတ်ပါတဲ့။ |
1,327,098 | Uncategorized | အားပေးစကား | မိဘပေါ် တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ |
1,327,099 | Uncategorized | အားပေးစကား | သားသမီးတွေပေါ် တွယ်တာ တဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ |
1,327,100 | Uncategorized | အားပေးစကား | ပစ္စည်းဥစ္စာတွေအပေါ် မှာ တွယ်တာတဲ့စိတ်၊ ငဲ့တဲ့စိတ် မထားပါနဲ့။ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.